← Chapters

နီဖန်းကျိုးဆီမှ စိန်ခေါ်မှူ

Vol. 15 Ch. 219

နီဖန်းကျိုးဆီမှ စိန်ခေါ်မှူ

Vol. 15 Ch. 219

“နီဖန်းကျိုး၊ ဘာလို့ ထုတ်ပြနေတာလဲ။ အင်အားကို မဖော်ပြဘဲ တိတ်တိတ်လေးနေဖို့ လိုတာမဟုတ်ဘူးလား?

တူချန်ရှန့်က ဆဲဆိုလိုက်သည်။

အခုလို အင်အားပြသခြင်းသည် ကောင်းသည့်အရာ မဟုတ်ပေ ။ သူ့အပေါ် ပစ်မှတ်ဖြစ်လာနိုင်တာကြောင့်သာ အထူးသဖြင့် ပိုင်ကျီဟန် လေ့လာကြည့်နေသည့်အချိန်မှာတော့ ပိုပြီးတော့ မကောင်းနိုင်ပေ

တကယ်တော့ နီဖန်းကျိုးအမှန်တကယ် အင်အား၏ တစ်ဝက်တောင် မရှိသော်လည်း

အခြားသူများအမြင်အရ နီဖန်းကျိုးသည် အရည်အသွေးမြင့် ပါရမီရှင်တစ်ယောက်လို ပေါ်ထွက်လာသည်။

ထို့ကြောင့် မိမိအင်အား အနည်းငယ်လောက်ကိုပဲ ပြသပါက လူတွေသည်လည်း “အဲဒီလောက်တင်ပဲ” ဟု ထင်ကြမည်သာ

အင်အားကြီးသူတစ်ဦးနှင့် ရင်ဆိုင်ရသည့် အခါမှာသာ မိမိအမှန်တကယ်အင်အားကို အနည်းငယ် ထုတ်ဖော်ပြသသင့်သည်။

ဒါပေမဲ့ မဟုတ်ပေ

သူပြသမိသွားချေပြီ။၎င်းကိုလည်း တူချန်ရှန့် နားလည်ပေသည်။

ပိုင်ကျီဟန် ကြည့်နေတာကြောင့် နီဖန်းကျိုးသည် ပိုင်မျိုးနွယ်စုကို သတိပေးသလို အနည်းငယ် အင်အားပြလိုက်တာလည်း ဖြစ်ပေသည်။

နီဖန်းကျိုးသည် တိုက်ပွဲ ပြီးသွားပေမဲ့ နေရာမှာတင် ရပ်နေပြီး

ပိုင်ကျီဟန်ကို ကြည့်နေဆဲသာ

ပိုင်ကျီဟန်သည်လည်း အပြုံးလေးနဲ့ စောင့်ကြည့်ပြန်နေသည်။

(နီဖန်းကျိုး၊ ဘာလုပ်နေတာလဲ? မော့မကြည့်ပဲ သွားတော့)

တူချန်ရှန့်သည် တိုးတိုးလေး အကြံပေးလိုက်သည်။

“ဆရာကြီး၊ များပြားတဲ့ ရန်သူတွေကြောင့် ပိုအားကောင်းလာမယ်လို့ မပြောခဲ့ဘူးဘူးလား? ဒါကတော့ အခွင့်အရေးမဟုတ်ဘူးလား?”

နီဖန်းကျိုးက ပြန်ပြောလိုက်သည်။

တူချန်ရှန့်ကတော့ မကောင်းသည့် ခံစားချက်မျိုး ရနေသည်။

(နီဖန်းကျိုး၊ ရူးကြောင်ကြောင်အရာတွေ မလုပ်နဲ့.. အန္တရာကို စွန့်စားတဲ့အထိ မလုပ်

သင့်ဘူး။ မင်း ရည်မှန်းချက်ကို သတိထားပါ။ ပိုင်ရွှယ်ချင်းကို ပြန်တုံ့ပြန်ချင်တာမဟုတ်ဘူးလား?)

နီဖန်းကျိုးသည် တုံ့ပြန်မှု မလုပ်သေးပဲ ပိုင်ကျီဟန်ဆီ ကြည့်နေဆဲသာ ဖြစ်သည်။

အခြားသူများသည်လည်း သူ့အမူအရာထူးခြားလာသည်ကို သတိထားမိလာကြသည်။

“ယှဉ်ပြိုင်သူ နီဖန်းကျိုးက ဘာလုပ်နေတာလဲ?”

ကြေငြာသူတောင် မနားလည်နိုင်စွာနဲ့ မေးလာသည်။

တစ်ချိန်တည်းမှာပဲ

နီဖန်းကျိုးသည် သူ့လက်ချောင်းကို ပိုင်ကျီဟန်ဆီ ညွှန်ပြလိုက်သည်။

“နီဖန်းကျိုးက ဘာလုပ်နေတာလဲ.. ပိုင်ကျီဟန်ဆီ ထိုးပြနေတာ…သူက

သေချင်နေတာလား?”

“သူ ဘာတွေ ခံခဲ့ရတယ်ဆိုတာ ကျွန်တော်တို့သိပါတယ် ။ ဒါပေမဲ့

အခုလို မိမိကိုယ်ကို အထင်ကြီးလွန်းနေတယ်လို့ မထင်ဘူးလား? ပိုင်မျိုးနွယ်

သခင်လေးက သူ့ကို တစ်ချက်တည်းနဲ့ တိုက်ခိုက်နိုင်တယ်”

“ဟီးဟီး.. နီဖန်းကျိုးက အမှားကြီးလုပ်နေပြီ။ အားနည်းတဲ့ လူအချို့ကို အနိုင်ယူလိုက်တာနဲ့ ယုံကြည်ချက် များလွန်သွားပြီထင်တယ်”

“ဒါပေမဲ့…စိတ်ဝင်စားစရာပဲ”

တင်းမာမှု မြင့်တက်လာပြီး လူတိုင်းသည် စိတ်ဝင်စားစရာကောင်းသော အဖြစ်အပျက်တစ်ခုကို မျှော်လင့်နေကြသည်။

"သခင်လေးပိုင် ၊ တစ်ခါလောက် တိုက်ကြည့်ကြမလား "

နီဖန်းကျိုးသည် စိန်ခေါ်မှုကို ထုတ်ပြန်လိုက်လေသည်။

တူချန်ရှန့်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိပေမဲ့ မျက်နှာကို လက်နဲ့အုပ်ပြီး ရှောင်နေလိုက်သည်။

အခြေအနေ တိုးတက်လာပြီဟု သူထင်သည့်အချိန်မှာပဲ သူ့၏မိုက်မဲသောတပည့်သည် အခြေအနေတွေကို ပိုဆိုးအောင် လုပ်လိုက်ပေသည်။

သူ ယခင်က ပြောခဲ့သလိုပင်။ ပိုင်ကျီဟန်ဆီမှ အတော်လေး ပြင်းထန်သော ခံစားချက်တစ်ခု ရနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ နီဖန်းကျိုးသာ ပိုင်ကျီဟန်ကို စိန်ခေါ်လျှင် ကောင်းသည့် ရလဒ်

မရနိုင်ကြောင်း သူသိပေသည်။

"မိုက်မဲတဲ့တပည့်၊ မင်းဘာလုပ်နေတာလဲ။ ငါ့စကားကို နားထောင်ပြီး နောက်ဆုတ်လိုက်

စမ်းပါ”

တူချန်ရှန့်သည် ပြောရင်း ရှားရှားပါးပါး ထိတ်လန့်တုန်လှုပ်သွားလေ၏

"သခင်၊ ပြောနေတာကို နားလည်ပါတယ်။ တကယ်နားလည်ပါတယ်”

နီဖန်းကျိုးသည် ခိုင်မာစွာ ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် ပိုင်မျိုးနွယ်စုကို စော်ကားမိမှာကြောက်လို့ နောက်ဆုတ်လိုက်ရင် ကျွန်တော့်ရဲ့ လက်စားချေခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ သူတို့က ပိုကြီးမားတဲ့မျိုးနွယ်စုဖြစ်လို့ ကြောက်လန့်နေရမှာလား"

သူက ဆက်ပြောလေ၏ "အဲဒီလိုစိတ်မျိုးက ကျွန်တော့်ရဲ့ ကျင့်ကြံမှုလမ်းကြောင်းကို ယိမ်းယိုင်စေရုံပဲ။ နောင်တမရှိဘဲ လုပ်ဆောင်မှသာ ကျွန်တော်လုပ်ရမဲ့ လမ်းကြောင်းကို တကယ်လျှောက်လှမ်းနိုင်မှာပါ။"

တကယ်တော့ သူမည်မျှပဲ မိုက်မဲနေပါစေ၊ တူချန်ရှန့်သည် ဘာမှ မပြောနိုင်ပေ

နီဖန်းကျိုးသာ နောက်ပြန်ဆုတ်ခဲ့ပါက အနာဂတ်တွင် သူသည် ထိုသို့လုပ်မည့် အကြိမ်ပေါင်းများစွာ ရှိလာမည်သာ

၎င်းကို ပညာရှိ ဆုံးဖြတ်ချက်တစ်ခုအဖြစ် ငြင်းခုံနိုင်၏ သို့တိုင် အခက်အခဲနှင့်အန္တရာယ်များ ပြည့်နှက်နေသည့် ကျင့်ကြံမှုလမ်းကြောင်းတွင် အဆက်မပြတ်ရှောင်တိမ်းနေခြင်းသည် သူ့ကို ကြောက်တတ်တဲ့သူအဖြစ် ပြောင်းလဲသွားစေမည်သာ။

တစ်ဖက်မှာတော့ ပိုင်ကျီဟန်သည် နီဖန်းကျိုးကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

သူသည် မမျှော်လင့်ထားသော စိန်ခေါ်မှုကို စဉ်းစားနေသည်။

သူလက်ခံသင့်လား။

ပိုင်ကျီဟန်သည် အနိုင်ရဖို့ အခွင့်အလမ်း အတော်လေးများသည်ကို သိပေ၏

သို့တိုင် နီဖန်းကျိုးတွင် တိုက်ပွဲကို ပြောင်းပြန်လှန်ပစ်နိုင်သည့် အခွင့်အလမ်းများ ရှိနေသည့် ဖြစ်နိုင်ခြေကို သူ လုံးဝငြင်းလို့မရပေ

သို့တိုင် သူ့ လက်နက်သည် အများကြီး ပိုကောင်းကြောင်း သူ ယုံကြည်သည်။

စိန်ခေါ်မှုကို လက်ခံမည်ဆိုပါက နီဖန်းကျိုး သေသွားအောင် သေချာလုပ်ရမည်သာ။

မဟုတ်ပါက ဇာတ်လိုက်တစ်ယောက် ပိုအားကောင်းလာပြီး လက်စားချေဖို့ ပြန်လာသည့်အခါ ဂန္ထဝင်ဇာတ်လမ်း တစ်ပုဒ် ဖြစ်လာနိုင်၏ ၎င်းသည် ပိုင်ကျီဟန် လုံးဝရှောင်ရှားချင်သည့် အရာပင်။

တခြား ကောင်းကင်ဘုံက ရွေးချယ်သူတစ်ယောက်ပါ ဘေးကနေ စောင့်ကြည့်နေသည့်အချိန်တွင် သူ့ကို သတ်ဖို့ဆိုတာ မလွယ်ကူပေ။

ပိုအရေးကြီးသည်က ပိုင်ကျီဟန်သည် နီဖန်းကျိုးကို သတ်ရမည်လား ဒါမှမဟုတ် အနာဂတ်တွင် မသေမျိုးဧက္ကရာဇ်အဆင့်အား မဟာမိတ်အဖြစ် အသက်ရှင်ခိုင်မည်လား စသည်ဖြင့် ပိုကောင်းသည့် အခြေအနေကို မဆုံးဖြတ်ရသေးပေ။

"ဒီလူ... သူ ကျော်ကြားမှုတစ်ခု ရလာရုံနဲ့ သူ့ကိုယ်သူ မထိခိုက်နိုင်ဘူးလို့ ထင်နေတာ။ သခင်လေး၊ သူ့ကို ကိုင်တွယ်ခွင့်ပေးပါ”

ခုန်ကျန်းဟုန်သည် ဒေါသတကြီးနဲ့ ရှေ့ကို တိုးလာရင်း ပြောလိုက်၏

သူသည် အခြေတည်ဝိညာဉ်အဆင့်တွင် ရှိနေတာကြောင့် နီဖန်းကျိုးနဲ့ အတူတူပင်

ကောင်းကင်ဓားဂိုဏ်း၏ သာလွန်ကောင်းမွန်သော နည်းစနစ်နှင့် ပိုင်ကျီဟန်လက်ဆောင်ပေးထားသော မြေကမ္ဘာအဆင့်ဓားဖြင့် သူ့အခွင့်အရေးများသည်ဟု ယုံကြည်မှုရှိနေသည်။

သို့တိုင် ပိုင်ကျီဟန်က ပိုသိ၏

ခုန်ကျန်းဟုန်သည် နီဖန်းကျိုးကို ထွန်းတောက်စေဖို့ ခြေလှမ်းတစ်ခု ဖြစ်လာလိမ့်မည်သာ

"မလိုဘူး" ပိုင်ကျီဟန်သည် ပြန်ဖြေလိုက်သည်။

ဝှစ်!

သူသည် ရှေ့ကို ခုန်တက်ပြီး နီဖန်းကျိုးရှေ့ကို ချက်ချင်းရောက်လာ၏

ရုတ်တရက်လှုပ်ရှားမှုကြောင့် ပိုင်ကျီဟန်ကို အနည်းငယ်လျှော့တွက်ထားသည့် နီဖန်းကျိုး အံ့အားသင့်သွားသည့်တိုင် သူ့၏တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည်။

"သခင်လေးပိုင်က စိန်ခေါ်မှုကို လက်ခံနေတာလား?"

"ဟုတ်တယ်..ဒီလူကို သင်ခန်းစာပေးလိုက်။ ပိုင်ကျီဟန်ကို အနိုင်ယူနိုင်မဲ့အထိ နီဖန်းကျိုးက မာနကြီးနေမယ်လို့ ဘယ်သူကထင်မှာလဲ။"

"အင်ပါယာရဲ့ အရည်အချင်းအရှိဆုံး ကျင့်ကြံသူရဲ့ စွမ်းအားကို နောက်ဆုံးတော့ မြင်တွေ့နိုင်ပြီလား?"

ပရိသတ်သည် စိတ်လှုပ်ရှားစွာနဲ့ ယှဉ်ပြိုင်မှု အလားအလာကို အော်ဟစ်နေကြသည်။

ပိုင်ကျီဟန်သည် နီဖန်းကျိုးရှေ့တွင် မတ်တပ်ရပ်နေပြီး ခဏတာမျှ သူ့မျက်နှာအမူအရာကို ခန့်မှန်းမရပေ။ ထို့နောက် ဖြည်းဖြည်းချင်း နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ကွေးညွတ်သွားသည်။

သူ့မျက်လုံးများတွင် ပျော်ရွှင်မှု ဖြတ်ပြေးသွားသည်။

"စိတ်ဝင်စားစရာပဲ" သူက ပြောလိုက်သည်။ အသံတည်ငြိမ်သော်လည်း တစ်စုံတစ်ရာ ပိုမိုနက်ရှိုင်းစွာ ရှိနေသည်။

"မင်း ရဲရင့်နေတာလား၊ ဒါမှမဟုတ် မာနကြီးနေတာလား။"

သူ ခြေတစ်လှမ်း တိုးကပ်လာပြီး လက်များကို ကျောနောက်တွင် ဆုပ်ကိုင်ထားကာ လေထဲတွင် တင်းမာမှုရှိနေသော်လည်း လုံးဝ ပြေလျော့နေသော ကိုယ်ဟန်အနေအထားပင်

"ဒါပေမယ့် ငါ သိချင်တာက..." ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူ့အကြည့်သည် ထက်မြက်ပြီး တောက်ပနေ၏ "ဘာလို့ ငါ့ကို စိန်ခေါ်တာလဲ၊ နီဖန်းကျိုး။"

ပိုင်ကျီဟန်၏ မျက်နှာအမူအရာက မပြောင်းလဲပေ

"မင်း ဟန်ဆောင်စရာမလိုတော့ဘူး၊ ပိုင်ကျီဟန်" သူက အေးစက်စွာ ပြောလိုက်သည်။ "မင်း ဒီမှာ တိုက်ဆိုင်မှုကြောင့် မဟုတ်ဘူး။ ပိုင်ရွှယ်ချင်းကြောင့် မင်း ဒီမှာ ရှိနေတာမလား။ သူမကိုယ်စား ငါ့ကို စောင့်ကြည့်ဖို့လား... ဒါမှမဟုတ် ပိုဆိုးတဲ့ တစ်ခုခုအတွက်လား။"

ပိုင်ကျီဟန်သည် ခဏတာ ရပ်တန့်သွားပြီး ရယ်သံ ထွက်လာသည်။

အရူးတစ်ယောက်ကို ပယ်ချဖို့ နူးညံ့သော ရယ်သံမျိုး မဟုတ်ဘဲ လေထဲတွင် ပျံ့လွင့်သွားသည့် စိတ်လှုပ်ရှားဖွယ် ရယ်သံတစ်ခုကြောင့် ပရိသတ်တချို့ အံ့အားသင့်သွားကြ၏

"ဟားဟားဟား! ခဏလေး... ခဏလေး - ငါ့အစ်မကြောင့် ဒီမှာရှိနေတယ်လို့ မင်းထင်နေတာလား"

သူသည် နီဖန်းကျိုးအား ရာစုနှစ်၏ဟာသကို ပြောပြနေသကဲ့သို့ လှောင်ပြောင်ရင်း ထပ်ပြောလိုက်သည်။

သူသည် ခေါင်းခါပြီး မျက်လုံးထောင့်ကမျက်ရည်များကို သုတ်လိုက်သည်။

"မင်းတကယ်ကို အထင်မှားနေတာလား။"

"ငါက သူ့ကိစ္စတွေကို ဂရုစိုက်တယ်လို့ ထင်နေတာလား။"

ပိုင်ကျီဟန်အသံက ရုတ်တရက် အေးစက်သွားသည်။

"ပိုင်ရွှယ်ချင်း..သူ့ဘဝနဲ့ သူ ဘာပဲလုပ်လုပ် ငါစိတ်မဝင်စားဘူး။"

နီဖန်းကျိုး မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားချေ၏

ခဏတာ သူ့နှလုံးသားထဲ၌ ရှုပ်ထွေးမှု ဖြစ်ပေါ်သွားပေသည်။ ပိုင်ကျီဟန်နဲ့ ပိုင်ရွှယ်ချင်းတို့ အဆင်မပြေကြောင်း ကောလာဟလတွေကို သူကြားခဲ့ဖူးသည်။

ပိုင်ရွှယ်ချင်း ပိုင်မျိုးနွယ်စုကနေ မထွက်ခွာခင်ကတည်းက သူတို့ဆက်ဆံရေးသည် နှစ်ပေါင်းများစွာ တင်းမာနေခဲ့သည်။

ထို့အပြင် သူ့မျက်နှာအမူအရာကိုမြင်တော့ ကောလာဟလများသည် တစ်စုံတစ်ရာမှန်ကန်သည်ဟု ထင်ရသည်။

"ဒါဆို ဘာလို့ဒီမှာရှိနေတာလဲ။ လိမ်ညာပြီး တိုက်ဆိုင်မှုတစ်ခုလို့ မပြောနဲ့" နီဖန်းကျိုးက အေးစက်စက်ပြောလိုက်သည်။

"ကောင်းပြီ၊ မင်းပြောတာမှန်ပါတယ် - ဒါက တိုက်ဆိုင်မှုမဟုတ်ဘူး"

ပိုင်ကျီဟန် ပြန်ဖြေရင်း မျက်နှာအမူအရာသည် ခန့်မှန်းမရအောင်ပင်။

"မင်းကို လာတွေ့တာပါ …ငါ့အမရဲ့စေ့စပ်ထားသူဟောင်းကို ။ ဒါဆို ဘယ်လိုလုပ်မလဲ။ ငါကြည့်ချင်ရင် ကြည့်လို့မရဘူးလား။"

နီဖန်းကျိုး အံ့အားသင့်သွားပြန်သည်။

ပိုင်မျိုးနွယ်၏ သခင်လေးသည် ပြိုင်ပွဲကို ကြည့်ဖို့ မလာရဘူးဟု စည်းမျဉ်းမရှိပေ။

သို့တိုင် ခံစားချက်ကတော့ လွဲနေ၏

ကြီးကျယ်သော မျိုးနွယ်စုတွေအမြင်မှာတော့ ပိုင်ကျီဟန်လို မြင့်မြတ်သူတစ်ယောက်သည် "အရေးမပါတဲ့သူ" ကို ကြည့်ဖို့ တကယ်လာမည်လား

"..."

နီဖန်းကျိုးသည် ဘာမှ ပြောစရာ မရှိပေ

ထိုအခြေအနေမျိုး၌ အစွမ်းထက်သော သခင်လေးသည် စိန်ခေါ်မှုကို လက်ခံပြီး သူ့ပြိုင်ဘက်ကို ပါးစပ်ပိတ်ထားသင့်သည် မဟုတ်ပါလော။

ပိုင်ကျီဟန်သည် အဘယ်ကြောင့် ပုံမှန်အတိုင်း မလိုက်နာသနည်း။

ယခု သူသည် အရူးတစ်ယောက်လို ထင်ရ၏ ကျော်ကြားမှုလေးတစ်ခုကို ခေါင်းထဲထည့်လိုက်သူ၊ အကြောင်းပြချက်မရှိဘဲ သူ့လက်လှမ်းမမီတဲ့သူ တစ်ယောက်ကို စိန်ခေါ်လောက်အောင် မိုက်မဲသူ။

ပိုင်ကျီဟန် အကြည့်သည် ခဏလောက် သူ့ဆီမှာ ရပ်တန့်သွားသည်။

"မင်းက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။"

သူ့အသံသည် ပေါ့ပါးပေမဲ့ အောက်တွင် ပိုထက်မြက်သော တစ်ခုခုရှိသည်။

ပျော်စရာလား။ စိတ်ဝင်စားဖို့ကောင်းတာလား။

ထို့နောက် အထိတ်တလန့်ဖြစ်စရာတစ်ခု ထွက်ပေါ်လာ၏

"ဒါဆို ဘယ်လိုလဲ နီဖန်းကျိုး ။ ပိုင်မျိုးနွယ်စုထဲဝင်ရင်ရော"

သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏ မြေကြီးကို တုန်လှုပ်စေတာမျိုး

မဟုတ်သလိုပင်

(ကြိုးစားကြည့်တာ ဘာမှမဖြစ်ဘူး။)

ပိုင်ကျီဟန်သည် သူ့ဘာသာသူ တွေးလိုက်၏။

(မသေမျိုး ဧကရာဇ်အဆင့် မဟာမိတ်တစ်ယောက်... အဲဒါက ငါ လက်လွှတ်သင့်တဲ့ အရာမဟုတ်ဘူး။)

ခဏတာ တိတ်ဆိတ်သွား၏။

ပြီးတော့ - ရှုပ်ထွေးမှုများ။

"ဘာလဲ”

"ပိုင်မျိုးနွယ်စုထဲ ဝင်ပါလို့ သူပြောလိုက်တာလား။"

"သူ အိမ်ထောင်ရေးအကြောင်း ပြောနေတာလား။ ပိုင်ကျီဟန် ဘာတွေတွေးနေတာလဲ”

"ခဏနေဦး... နီဖန်းကျိုးက သူ့အစ်မနဲ့ စေ့စပ်ထားတာ မဟုတ်ဘူးလား။"

နီဖန်းကျိုး အံ့အားသင့်သွား၏ ခဏလောက်တော့ သူ ဘာမှ မတုံ့ပြန်နိုင်တော့ပေ

ပိုင်ကျီဟန်သည် တိုးတိုးလေးရယ်လိုက်ပေသည်။

"ဟုတ်တယ်၊ အရင်က အရာအားလုံး အဆင်မပြေခဲ့ဘူးဆိုတာ ငါသိတယ်။ အဲဒီစေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပြီ။ ဒါပေမယ့် ငါတို့ ထပ်ကြိုးစားလို့ မရဘူးလို့ တားမြစ်ထားတဲ့ စည်းမျဉ်း မရှိဘူး။"

All Chapters