ခေါင်းလောင်းမြည်သည်။ ကံကြမ္မာ စတင်ပြီ
Vol. 15 Ch. 221
နဂါးနှင့် ဖီးနစ်ပြိုင်ပွဲအတွက် အများပြည်သူရွေးချယ်ပွဲသည် ဆက်လက်ကျင်းပခဲ့ပြီး နီဖန်းကျိုးသည် အဓိကပွဲသို့ ဝင်ရောက်ခွင့်ရသော ပါဝင်သူဆယ်ဦးအနက် တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။
အနိုင်ရရှိသူများအကြောင်း ဆွေးနွေးမှုများ ပျံ့နှံ့လာခဲ့သော်လည်း ထိုထက်ပို၍ပင် ပိုင်ကျီဟန်နှင့် နီဖန်းကျိုးတို့အကြား မမျှော်လင့်ဘဲ အပြန်အလှန်ပြောဆိုမှုများသည် အာရုံစိုက်မှုဗဟိုချက်ဖြစ်လာခဲ့သည်။
၎င်းကြောင့် နီဖနိးကျိုး၏ ဂုဏ်သတင်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
မျိုးနွယ်စုနှစ်ခုကြား ဆက်ဆံရေးသည် စေ့စပ်ပွဲဖျက်သိမ်းခြင်းမပြုမီကကဲ့သို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု လူအများက ထင်ကြေးပေးခဲ့ကြသည်။
ထို့နောက် ပိုမိုကြီးမားသောသတင်းတစ်ခု ထွက်ပေါ်လာခဲ့သည် - ယှဉ်နိုင်စရာမရှိသော ကျော်ကြားမှုရရှိခဲ့ပြီး သူ၏မျိုးဆက်တွင် အင်အားအကြီးဆုံးဟု ဆိုကြသော ပိုင်ကျီဟန်သည် နဂါးနှင့် ဖီးနစ်ပြိုင်ပွဲတွင် ပါဝင်မည်မဟုတ်တာပင်။
"ပိုင်ကျီဟန်က နီဖန်းကျိုးကို လက်ထပ်
ပွဲအတွက် ကမ်းလှမ်းခဲ့တယ်လား?"
"သူက သူ့ကို ဆေးပြားတွေနဲ့တောင် လာဘ်ထိုးဖို့ ကြိုးစားခဲ့တယ်လား?"
"သူ ပြိုင်ပွဲမှာ မပါဝင်ဘူးလား?"
"ကြောက်စရာပဲ ။ သူပြိုင်ပွဲဝင်ရင် သူ့ရဲ့ အတုအယောင်ဂုဏ်သတင်း ပေါ်လာလိမ့်မယ်။"
ပိုင်ကျီဟန်ကို ကိုယ်တိုင်မမြင်ဖူးသူများစွာက သူ့ဂုဏ်သတင်းကို အလွန်အကျွံဖော်ပြနေသည်ဟု ခံစားခဲ့ရသည်။
နဂါးနဲ့ဖီးနစ်ပြိုင်ပွဲတွင် ပါဝင်ဖို့ ငြင်းဆိုလိုက်တာကြောင့် ဖော်ထုတ်ခံရမည်ကို ရှောင်ရှားဖို့ လုပ်နေသည်ဟု ယုံကြည်ခဲ့ကြသည်။ တခြားအကြောင်းပြချက်ကို သူတို့မစဉ်းစားနိုင်ကြပေ
ပိုင်ကျီဟန်အဖို့ ပိုင်မျိုးနွယ်စုကနေ သူလိုချင်သော အရင်းအမြစ်အားလုံးရှိပြီးသားဖြစ်တာကြောင့် ပါဝင်ဖို့ အကြောင်းပြချက်မရှိဘူးဟု ယူဆတဲ့သူများလည်း ရှိ၏။ ဒါတောင် သူ့၏ကျော်ကြားမှုနဲ့ ဂုဏ်သတင်းကို ထည့်မတွက်ထားပေ
ပြိုင်ပွဲတွင် အနိုင်ရရင်တောင် သူ့ဂုဏ်သတင်းသည် အတော်လေး မြင့်မားနေပြီဖြစ်တာကြောင့် သိပ်မြင့်တက်မှာ မဟုတ်ပေ။
နောက်ဆုံးတော့ ထိုသတင်းသည် ကောင်းကင်ဓားဂိုဏ်းကို ရောက်ရှိသွားခဲ့သည်။
ပိုင်ရွှယ်ချင်းဆီလည်း ရောက်ရှိသွားခဲ့သည်။
ပိုင်ကျီဟန်သည် နီဖန်းကျိုးကို ပိုင်မျိုးနွယ်စုထဲ ဆွဲဆောင်ဖို့ ကြိုးစားခဲ့သည်ကို ကြားတော့ သူမ လန့်သွားသည်။
"ဒါ... သူဘာတွေတွေးနေတာလဲ?"
ပိုင်ရွှယ်ချင်း၏ မျက်ခုံးများသည် စိတ်ပျက်လက်ပျက်နဲ့ တွန့်ကွေးသွားချေသည် ။ ပိုင်ကျီဟန် ဘာလုပ်လုပ် သူမ ဂရုမစိုက်ပေမဲ့ ဒါက သူမ ပါဝင်နေ၏
ပိုင်ကျီဟန် တံခါးပိတ် ကျင့်ကြံမှုကနေ ထွက်လာကြောင်း သူမ သိလိုက်ရသည့် အချိန်၌ သူ ပထမဆုံး ဘာလုပ်ခဲ့သနည်း။
သူမ အရင်စေ့စပ်သူဆီ သွားပြီး ပိုင်မျိုးနွယ်သို့ သူ့အား စုဆောင်းဖို့ ကြိုးစားခဲ့သည်။
သူမ အရင်စေ့စပ်သူ နီဖန်းကျိုးသည် အရည်အချင်းမပြည့်မီသည့်တိုင် သူမကို စိန်ခေါ်ရဲတဲ့သူတစ်ယောက်သာ။
သူမသည် သူ့ကို ကြီးကြီးကျယ်ကျယ်ပြောတတ်တဲ့သူဟု အမြဲထင်ခဲ့ပေမဲ့
သက်သေမပြနိုင်ခဲ့ပေ
သူသည် ယခင်ကလို အမှိုက်မဟုတ်တော့ကြောင်း သူမသိပေ၏ အခုတော့ နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့တောင် အရည်အချင်းပြည့်မီသွားချေပြီ။
သို့တိုင် ၎င်းက အရေးမကြီးပေ။ သူမ ရှုံးမှာမဟုတ်ပေ ။ နီဖန်းကျိုး ဒါမှမဟုတ် မည်သူ့ကိုမှ ရှုံးမှာမဟုတ်ပေ
"သူက ပုံမှန်အတိုင်း သူကြိုက်တာ လုပ်နေတာ။"
ချူကျီယန်က ရယ်ရင်း ထပ်ပြောလိုက်၏
"လူတိုင်းထဲက နီဖန်ကျိုးကို လက်ထပ်ပေးဖို့ ကမ်းလှမ်းတာ... သူဘာတွေတွေးနေတာလဲ။"
"သူ့မှာ အကြောင်းပြချက်တွေရှိကောင်းရှိနိုင်တယ်"
ချူကျီယန်က ပြောလိုက်သည်။
"အကြောင်းပြချက်လား?" ပိုင်ရွှယ်ချင်းလေသံက ထက်မြက်သွားပေသည်။
"သူ့မှာ အကြောင်းပြချက်တွေရှိရင်တောင် ဒီလိုလုပ်တာထက် ပိုကောင်းတာကို သိသင့်တယ် ။ အထူးသဖြင့် နီဖန်ကျိုးနဲ့ ငါ့ရဲ့ ဇာတ်လမ်းပေါ့။"
"ဟားဟား... ပိုင်ကျီဟန်က အဲဒါကို ဂရုမစိုက်ဘူးဆိုတာ နင် သိပါတယ်။"
ချူကျီယန်က ပြောလိုက်သည်။ ပိုင်ကျီဟန် လုပ်သည်အခါ
တခြားသူတွေကို ထည့်တွက်လိမ့်မည်ဟု မျှော်လင့်တာက မိုက်မဲရာကျပေ၏
ပိုင်ရွှယ်ချင်းသည် သူမကို အေးစက်စက် စိုက်ကြည့်နေ၏
"မရယ်နဲ့။ မင်းက အခု သူ့ရဲ့ စေ့စပ်ထားသူဖြစ်နေပြီ - အဲ့လိုလုပ်တော့။"
ချူကျီယန် အပြုံးက ရပ်တန့်သွားသည်။
"ငါ..."
အမှန်အတိုင်းပြောရလျှင် သူမသည် ပိုင်ကျီဟန်နဲ့ သူမဆက်ဆံရေးကို မည်သို့မှန်းပင် မသိတော့ပေ
သူငယ်ချင်းလား။ အသိမိတ်ဆွေလား။ သူမအကောင်းဆုံးသူငယ်ချင်း၏ မောင်လား။
လက်ထပ်မဲ့သူအတုလား။ ဒါမှမဟုတ် တကယ့်လက်ထပ်မဲ့သူလား။
အစပိုင်းမှာတော့ သူမမိသားစုအတွက် အကျိုးရှိအောင် စေ့စပ်ပွဲကို သဘောတူခဲ့တာပင်။ တခြားသူတွေ သူမကို လက်ထပ်ဖို့ ဖိအားပေးသည့်အပေါ် တားဆီးဖို့သာ
ဒါပေမယ့် အခုတော့လား။
ပိုင်ကျီဟန် နာမည်ဆိုးကြောင့် မိန်းကလေးအများစုသည် သူ့ လက်ထပ်ခွင့်တောင်းတာကို ရှောင်ခဲ့ကြသည့် အခြေအနေကနေ လုံးဝပြောင်းလဲသွားခဲ့သည်။
ထိပ်တန်းမိသားစုများတောင် သူတို့သမီးများကို ပိုင်ကျီဟန်နဲ့ လက်ထပ်ပေးဖို့ ကြိုးစားနေကြသည့် ကောလာဟလတွေကို သူမကြားခဲ့ရသည်။
လူတိုင်းက သူမသည် ပိုင်ကျီဟန်နဲ့ စေ့စပ်ထားကြောင်း သိကြသည်။ သို့တိုင် သူတို့အမြင်မှာတော့ သူ့လိုလူမျိုးသည် "စေ့စပ်" ထားသည်ဟူ သော အကြောင်းပြချက်ကြောင့် လက်လွှတ်လိုက်ဖို့ မဖြစ်နိုင်ပေ။
ထို့အပြင် သူတို့ဆက်ဆံရေးသည် အတုအယောင်ဖြစ်ပြီး သူတို့လက်ထပ်
ရင်တောင် အငယ်အနှောင်းထားနိုင်သည်ဟု သူမ ပြောခဲ့ဖူးသည်။
အဲဒီတုန်းကတော့ တခြားတစ်ယောက်တွေ့တောင် ဂရုမစိုက်ဘူးဟု သူမ ခံစားခဲ့ရသည်။ သူမသည် ပိုင်ကျီဟန်ကို ဂရုစိုက်ရန် မလိုအပ်ဘဲ သူမလိုချင်သောအရာများကို အာရုံစိုက်နိုင်သည်ဟု ထင်ခဲ့သည်။
သို့သော် ယခုအခါ သူမ သေချာမသိတော့ပေ
စတုတ္ထမင်းသမီးသည် ပိုင်ကျီဟန်ကို ပွင့်ပွင့်လင်းလင်း လက်ထပ်ခွင့်တောင်းခဲ့စဉ်က သူမ၏တည်ရှိမှုကို လုံးဝလျစ်လျူရှုခဲ့တာကြောင့် သူမသည် အမှန်တကယ်ဒေါသထွက်နေခဲ့သည်။
၎င်းသည် သူမအား အံ့အားသင့်စေခဲ့သည်။
ထိုအချိန်က သူမ၏ဒေါသသည် မလေးမစားပြုခံရခြင်းမှ ပေါက်ဖွားလာသည်ဟု သူမထင်ခဲ့သည်။
သို့သော် ယခု...
ချူကျီယန် ဆက်လက်စဉ်းစားနေစဉ် ကောင်းကင်ဓားဂိုဏ်း၏ အတွင်းပိုင်းတောင်တန်းတစ်လျှောက်တွင် ကြည်လင်ပြတ်သားသော ခေါင်းလောင်းသံတစ်ခု ပဲ့တင်ထပ်ခဲ့သည် ။ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသော ခေါင်းလောင်းသံသုံးချက်
ပိုင်ရွှယ်ချင်းသည် အသံ၏ ဦးတည်ရာသို့ လှည့်ကြည့်လိုက်သည်။
"အချိန်တန်ပြီ" ဟု သူမပြောလိုက်သည်။
ချူကျီယန်သည် လျင်မြန်စွာထရပ်ကာ သူမ၏နားရွက်နောက်တွင် လွင့်နေသောဆံပင်အချို့ကို သပ်တင်လိုက်သည်။
“ နင်ရဲ့ မကျေနပ်ချက်တွေကို နောက်မှ ပိုင်ကျီဟန်ဆီ ဆက်ပြော ။ မကြာခင်မှာ သူနဲ့ တွေ့တော့မယ်လို့ ထင်တယ်။ ပြီးတော့... မင်းရဲ့ အရင်စေ့စပ်ထားသူရော”
"..."
တကယ်တော့ သူမသည် နှစ်နှစ်ပြည့်ပြီးနောက်မှာ သူမ၏ အရင်စေ့စပ်သူနဲ့ တွေ့ဆုံရတော့မှာပင်။ ထိုအချိန်အတွင်း၌ သူ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သို့တိုင် သူမလည်း ပြောင်းလဲသွားပြီဟု ယုံကြည်ခဲ့သည်။
တစ်ဖက်မှာတော့ ချောမောသော လူငယ်တစ်ယောက်သည်လည်း ခေါင်းလောင်းသံကြားရာဘက်သို့ ဦးတည်ပြီး ထွက်လာသည်။
သူကတော့ လင်းရွှမ်ပင်
"သခင်လေးက သူ တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာတာနဲ့ ငါ့ကို ခေါ်သင့်တယ်" သူ ညည်းညူလိုက်ပြီး အနည်းငယ် မကျေမနပ်
ဖြစ်နေတဲ့ပုံ ပေါက်နေ၏
သူသည် အနည်းငယ်တော့ခံစားရသည်။ သုံးယောက်ထဲတွင် သူသည် ပိုင်ကျီဟန်
တံခါးပိတ်ကျင့်ကြံမှုမှ ထွက်လာသည်ကို နောက်ဆုံးကြားရသူပင်
သို့တိုင် မျက်နှာအမူအရာ ပြောင်းလဲသွား၏ သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ့ခြေလှမ်းတွေ ပေါ့ပါးသွားသည်။
"သခင်လေးက ငါဘယ်လောက်ပြောင်းလဲသွားလဲဆိုတာ အံ့သြသွားမလားလို့ တွေးမိတယ်"
သူသည် ကျယ်လောင်စွာ ပြောလိုက်ပြီး ယခင် လင်းရွှမ်တွင် မရှိသော ယုံကြည်မှုကို ထုတ်ဖော်ပြသလိုက်သည်။
အနီးအနားက အမျိုးသမီးတပည့်တစ်စုသည် သူ့ကို မြင်ပြီး အော်ဟစ်လိုက်၏
"လင်းရွှမ်..ငါ့ကိုလက်ထပ်ပါ”
"အာ..သူက အရမ်းချောတာပဲ။ ဘာလို့ ငါအရင်က သူ့ကို မမြင်တာလဲ?"
"မင်းရဲ့ကလေးကို ငါမွေးပါရစေ”
သူ့၏ ထူးခြားသောအရည်အချင်းနဲ့ ထင်ရှားသည့် ရုပ်ရည်ကြောင့် သူသည် ကောင်းကင်ဓားဂိုဏ်း၏ အထင်ရှားဆုံးတပည့်တွေထဲက တစ်ယောက်ဖြစ်လာခဲ့ကာ လူအများက လေးစားအားကျကြသည်။
သူသည် ချီးကျူးသူတွေကို ဂရုမစိုက်ခဲ့ပေ။
သူ့၏ အာရုံစိုက်မှုက ကျင့်ကြံမှုနဲ့ ပိုင်ကျီဟန်ကို အလုပ်အကျွေးပြုဖို့သာ
တပည့်များ မရေမတွက်နိုင်အောင် စုဝေးနေသော ကောင်းကင်ဓားဂိုဏ်း၏ အဓိကတံခါးကို ဖြတ်လျှောက်သွားသည့်အခါ အော်ဟစ်သံများနဲ့ စိတ်လှုပ်ရှားနေသည့်အသံများက ပိုကျယ်လောင်လာသည်။
သို့တိုင် လင်းရွှမ်က ဘာမှမတုံ့ပြန်ပေ။ သူသည် သူတို့ကိုကျော်ပြီး ပျံသန်းနေသော သင်္ဘောဆီကို ဖြည်းဖြည်းချင်း ဦးတည်သွားကြသည်။
အဲဒီမှာတော့ ပါဝင်သူအားလုံး စုဝေးပြီးသွားပြီ - ပိုင်ရွှယ်ချင်း၊ ချူကျီယန်နဲ့ သိသိသာသာ မကျေမနပ်ဖြစ်နေသော ဟန်ကျန်းဝူတို့ အပါအဝင်ပင်။
"လူတိုင်းဒီမှာရှိနေကြပြီပဲ။ ဒါဆို ထွက်ကြရအောင်”
အကြီးအကဲ ချင်းလန်သည် ကြေငြာလိုက်ပြီး သူမ၏အသံသည် ဆင်းသက်စင်မြင့်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ဓားဂိုဏ်း၏ ပါဝင်သူများသည် နဂါးနှင့် ဖီးနစ်ပြိုင်ပွဲအတွက် ထွက်ခွာရန် အသင့်ဖြစ်နေကြချေသည်။