← Chapters

နဂါးနဲ့ဖီးနစ်ပြိုင်ပွဲ မြင့်တက်လာသည်။

Vol. 15 Ch. 223

နဂါးနဲ့ဖီးနစ်ပြိုင်ပွဲ မြင့်တက်လာသည်။

Vol. 15 Ch. 223

အခမ်းအနားခေါင်းလောင်းသံသည် ဆိတ်ငြိမ်ရာ ကောင်းကင်ဘုံ မြို့တော် တစ်လျှောက် ကိုးကြိမ် ပဲ့တင်ထပ်သွားသည်။

၎င်းသည် နဂါးနှင့် ဖီးနစ်ပြိုင်ပွဲ၏ တရားဝင် ဖွင့်လှစ်မှုကို အချက်ပြတာပင်။

အင်ပါယာ တိုက်ပွဲကွင်း – အပြင်စက်ဝိုင်း

ကြီးမားသော အင်ပါယာကွင်းသည် အရပ်မျက်နှာအသီးသီးတွင် လိုင်းများစွာ ဖြန့်ကျက်ထားသည်။

အဆင့်မြင့်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အစွမ်းထက်သော အစီအစဥ်များဖြင့် အားဖြည့်ထားသောကြောင့် ဝိညာဉ် ဖွဲ့စည်းပုံအဆင့် တိုက်ပွဲများကိုပင် ခံနိုင်ရည်ရှိသည်။

ပါဝင်သူများကို ရုံဂိတ်များ၏ အပြင်ဘက်ရှိ ကျယ်ပြန့်သော ခြံဝင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

အဓိကဂိုဏ်းနှင့် မျိုးနွယ်စုတစ်ခုစီတွင် ၎င်းတို့၏ သတ်မှတ်ထားသော စောင့်ဆိုင်းနေရာကို ဝိညာဉ်အတားအဆီးများဖြင့် ပိုင်းခြားထားသည်။

လူထုရွေးချယ်မှု ပါဝင်သူစောင့်ဆိုင်းနေရာ

နဂါးနှင့် ဖီးနစ်ပြိုင်ပွဲတွင် အနိုင်ရပြီး ရွေးချယ်ခံခဲ့ရသော ပါဝင်သူ ၁၀ ဦးခန့်ရှိသည်။

နီဖန်းကျိုးမှလွဲ၍ ၎င်းတို့ထဲ၌ အားအကောင်းဆုံးသည် အခြေတည်ဝိညာဉ် အလယ်အလတ်အဆင့်တွင်ဖြစ်သောကြောင့် အများအပြားသည် ကျေနပ်နေပြီး နောက်ထပ်တစ်ချီပင် တက်လှမ်းနိုင်လိမ့်မည်ဟု မထင်ကြပေ

၎င်းတို့၏ ရည်မှန်းချက်သည် အနိုင်ရပြီး နဂါးနှင့် ဖီးနစ်ပြိုင်ပွဲတွင် ပါဝင်သူများအဖြစ် ရွေးချယ်ခံရရန်ဖြစ်သည်။

တစ်ဖက်တွင်မူ နီဖန်းကျိုးအတွက်လည်း ပို၍ထူးခြားမည် မဟုတ်ပေ

နောက်ဆုံးတွင် သူ့အား အနိမ့်ဆုံးအခြေအနေတွင် အရှက်ခွဲခဲ့သူ ပိုင်ရွှယ်ချင်းနှင့် တွေ့ဆုံရတော့မည်ဖြစ်ပြီး သူမနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ပိုင်ကျီဟန် မည်သို့ပင်ပြောပါစေ၊ သူ့ရည်မှန်းချက်သည် မပြောင်းလဲပေ။

ပိုင်ရွှယ်ချင်းကို စိန်ခေါ်ပြီး အနိုင်ရရန် သူကြိုးစားနေဆဲဖြစ်သည်။

ကောင်းကင်ဓားဂိုဏ်း စောင့်ဆိုင်းရာနေရာ

လင်းရွှမ်သည် သူ၏ဆံပင်ရှည်များကို ခေါင်းနောက်တွင် တည်ငြိမ်စွာစည်းထားပြီး လက်ချောင်းများကို စနစ်တကျ လှုပ်ရှားနေ၏

သူသည် ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ၏ အထင်ရှားဆုံး လူငယ်အထက်တန်းလွှာများကြားတွင် ရပ်တည်နေသော်လည်း အမူအရာမှာ ဂရုမစိုက်သလိုပင်

သူ၏မျက်လုံးများသည် အဖွဲ့အမျိုးမျိုးကို ဝေ့ကြည့်လိုက်သည်။ ကောင်းကင်ကျောက်စိမ်းခန်းမ၏ ရေခဲတမျှ ငြိမ်သက်မှု၊ ကြက်သွေးရောင်မိုးကြိုးနန်းတော်မှ မိုးကြိုးပစ်သံများ၊ လီနှင့်ကျောက်တပည့်များ၏ မာနထောင်လွှားသော မျက်လုံးများ။

သို့သော် သူသည် သူတို့ကို ဂရုမစိုက်ပေ

ဤနေရာတွင် မည်သူ့ကိုမျှ ဂရုမစိုက်ပေ

- လူနှစ်ဦးမှလွဲ၍သာ

ပိုင်ရွှယ်ချင်းသည် လက်ပိုက်ကာ သူမ၏ အရောင်အဝါသည် အေးစက်ပြီး မလှုပ်မယှက်ဖြင့် မလှမ်းမကမ်းတွင် ရပ်နေသည်။

သူမ၏ဘေးတွင်

ချူကျီယန်သည် သူမ၏ဆံပင်ရှိ ငွေရောင်ဆံထိုးကို ချိန်ညှိရင်း ကောင်းကင်ဓားတပည့်တစ်ဦးကို တစ်စုံတစ်ခု တိုးတိုးလေးပြောနေသည်။

လင်းရွှမ် လျှောက်သွားသောအခါ ပတ်ဝန်းကျင်ရှိ တပည့်များသည် အလိုလို ဘေးသို့ ဆုတ်သွားကြသည်။

"သခင်မ" သူက တည်ငြိမ်စွာပြောပြီး အနည်းငယ်ဦးညွှတ်လိုက်သည်။

“ သခင်လေး နောက်ကျမှ ရောက်လာမယ့်ပုံပဲ၊ ကျွန်တော်တို့က ပါဝင်သူကွင်းထဲ ရောက်နေပြီဆိုတော့ သူနဲ့ တွေ့ဆုံဖို့က ခက်ခဲလိမ့်မယ်။"

ချူကျီယန်သည် စကားတစ်ဝက်လောက်တွင် ကြောင်သွားပေ၏ မျက်လုံးတွေ တွန့်သွားချေသည်။

"ကျွန်မ ဘယ်နှစ်ခါ ထပ်ပြောရမလဲ။ ကျွန်မကို အဲဒီလို မခေါ်ပါနဲ့လို့”

သူမသည် အသက်ကိုမနည်းရှူရင်း ပြောလိုက်သည်။

လင်းရွှမ်သည် တည့်တည့်မတ်လိုက်သည်။

"သခင်လေးရဲ့ စေ့စပ်ထားသူပဲလေ။ ဒါကြောင့် ကျွန်တော်သင့်တော်တဲ့ အသုံးအနှုန်းနဲ့ ခေါ်ရမှာ”

"ကျွန်မတို့က ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တွေအဖြစ် ဒီမှာ ရှိနေတာ။ ကျွန်မကို စီနီယာအစ်မလို့ပဲ ခေါ်လိုက်ပါ။"

လင်းရွှမ် မျက်ခုံးတွေက အနည်းငယ် တွန့်သွား၏

"အဲဒါက မသင့်တော်ပါဘူး။"

ချူကျီယန်သည် သူမ နှာခေါင်းရိုးကို ညှစ်လိုက်သည်။

"သင့်တော်ပါတယ်။ ဒါက ပုံမှန်ပါပဲ။"

လင်းရွှမ်က တွန့်ဆုတ်ခြင်း မရှိပေ။

"ပြောသလိုပါပဲ..သခင်မ”

"မင်း”

ဘေးမှာရပ်နေသော ပိုင်ရွှယ်ချင်းသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"သူ နင့်ကို သူကြိုက်သလိုခေါ်ပါစေ၊ ကျီယန်အာ။ လူတွေ မသိသေးတာလည်း မဟုတ်ပါဘူး။"

သက်ပြင်းချလိုက်ပေ၏

"ဘာလို့ သူမပါတာလဲ။"

"ဘယ်သူသိမှာလဲ။ သူလုပ်ချင်တာကို သူလုပ်တာပဲ။"

ပိုင်ရွှယ်ချင်းက ပြန်ဖြေသည်။

"ဘာပဲဖြစ်ဖြစ်၊ ယှဉ်ပြိုင်မှုက သူ့အောက်မှာ ရှိနေသလိုမျိုး ဖြစ်ရမယ်။"

ချူကျီယန်က ပြောလေသည်။ ပိုင်ကျီဟန်၏ စရိုက်လက္ခဏာဖြင့် သူမသည် ဤကဲ့သို့သော သို့မဟုတ် အလားတူအရာတစ်ခုခု ဖြစ်လိမ့်မည်ဟု သိသည်။

သူကြောက်နေသည်ဟူသော ကောလာဟလများနှင့် ပတ်သက်၍ ပိုင်ကျီဟန်ကိုယ်တိုင် ပြောလျှင်ပင် သူမ ယုံမည်မဟုတ်ပေ။

သူ့၏ ခွန်အားဖြင့် သူသည် အခြားသူများကို ကြောက်ရွံ့မည့်အစား အနိုင်ကျင့်မည်လားဆိုသည့် မေးခွန်းက ပို၍ဖြစ်နိုင်သည်။

အသက် ၂၅ အောက်များ မပြောနှင့် ။ အသက် ၃၀ အောက် ပါရမီရှင်များပင် သူ့ကို ကြောက်ရွံ့ကြသည် ။

တစ်ချိန်တည်းမှာပင် လင်းရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ ဆူညံသံများနှင့်ပင် လုံးဝ အနှောင့်အယှက်ကင်းစွာ မလှုပ်မယှက် အရိပ်ကဲ့သို့ သူတို့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေ၏

ပိုင်ကျီဟန်၏ အမည်တွင် အနည်းငယ်သော အပြစ်အနာအဆာကိုပင် သူ ကန့်ကွက်မည်ဖြစ်သော်လည်း ပိုင်ရွှယ်ချင်းနှင့် ချူကျီယန်တို့က ပြောနေသောကြောင့် သူ ဘာမှ မပြောပေ

နီညိုရောင် မိုးကြိုး နန်းတော် စောင့်ဆိုင်းနေရာ

လေ့ကျန်းရှန်သည် နံရံတစ်ခုကို မှီလိုက်သည်။ သူ့လက်နှစ်ဖက်ကို ပိုက်ထားလိုက်၏ လျှပ်စီးကြောင်းသည် သူ့ပခုံးပေါ်တွင် မြွေများကဲ့သို့ တဖျပ်ဖျပ်လက်နေသည်။

"ထွီး” သူညည်းတွားလိုက်သည်။ "ပိုင်မျိုးနွယ်စုက သူတို့ရဲ့ ဒုတိယတန်းစားတပည့်တွေကို စေလွှတ်လိုက်တာလား?"

သူ့နောက်မှ လူငယ်တစ်ယောက်သည် ရယ်လိုက်သည်။

"ပိုင်ကျီဟန်က တကယ်ကြောက်နေတာလား။ သူ့ကို အပြစ်တင်လို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းပါဝင်နေတာ။"

လေ့ကျန်းရှန်သည် လက်သီးကို ဆုပ်လိုက်သည်။

"ငါ လအနည်းငယ်လောက် တခါးပိတ်ကျင့်ကြံနေခဲ့ပြီး လူတိုင်းက သူ့ကို ပြိုင်ဘက်ကင်းသူတစ်ယောက်လို့ ထင်လာကြတယ်။ သူ့ကို သတ်ပစ်ဖို့ မျှော်လင့်နေတာ။"

လေ့ကျန်းရှန် အနည်းငယ် စိတ်ပျက်သွားပုံရသည်။

"နှမြောစရာပဲ။ ဘာပဲဖြစ်ဖြစ်။ ငါ့ပစ်မှတ်က ဒီမှာရှိနေသေးတယ်။"

"တကယ်ပဲ။ ပိုင်ရွှယ်ချင်းကို အနိုင်ယူနိုင်ရင် မင်းရဲ့ဂုဏ်သတင်းက အနှံ့ပျံ့နှံ့သွားလိမ့်မယ်။"

ပိုင်ကျီဟန် ဂုဏ်သတင်းက မြန်မြန်ဆန်ဆန် မြင့်တက်လာပေမဲ့ မကြာသေးခင်ကသာ။ သူ့ရှေ့မှာတော့ အရည်အချင်း အပြင်းထန်ဆုံးတွေထဲက တစ်ယောက်ဟု ဆိုကြသော ပိုင်ရွှယ်ချင်းပင်

ထို့ကြောင့် သူတို့မျိုးဆက်၏ အပြင်းထန်ဆုံးအဖြစ် သရဖူဆောင်းမည့် တစ်ယောက်အတွက် သူမဟာ ရှုံးနိမ့်ရမယ့်သူသာ

၎င်းက ငယ်ရွယ်သော မျိုးဆက်တွေသည်အသက်ကြီးတဲ့သူတွေထက် သာလွန်သည်ဟု ပြောဆိုနေသူတွေကိုလည်း တိတ်ဆိတ်သွားစေမည်သာ

"ငါ့ကို တိုက်ခိုက်တာ ဘာကိုဆိုလိုလဲဆိုတာ ငါပြမယ်”

လီကျန်းရှန်သည် စိတ်လှုပ်ရှားစွာ ပြောရင်း သူ့၏ မိုးကြိုးချီတွေ ထွက်ပေါ်လာသည်။

ကောင်းကင်ကျောက်စိမ်းခန်းမ စောင့်ဆိုင်းရာနေရာ

ရွှေလျနိအာသည် တိတ်ဆိတ်စွာ ထိုင်နေပြီး သူမ၏အောက်တွင် ကျောက်စိမ်းကြာပန်းတစ်ပွင့် ပွင့်နေ၏ သူမမျက်လုံးတွေကို မှိတ်ထားပြီး သူမပတ်ဝန်းကျင်လေထုကို နူးညံ့သော ရေခဲတွေ ကပ်ငြိနေသည်။

သူမ၏ ဂျူနီယာညီမတစ်ယောက်က တိုးတိုးလေးပြောလိုက်၏ " စီနီယာညီမ လျန်အာ... ပိုင်ကျီဟန်က တကယ်ပါဝင်မှာ မဟုတ်ဘူး”

"ဟုတ်လား?"

သူမက တိုးတိုးလေးပြောလိုက်၏

"မိုထျန်းကျီကို အနိုင်ယူခဲ့တယ်လို့ ပြောတဲ့သူကို ငါစိန်ခေါ်နိုင်မယ်လို့ ထင်ခဲ့တာ။ သနားစရာပဲ”

"ဟား? အဲဒါ လိမ်ညာမှုပဲ ဖြစ်ရမယ်။ အဲဒီနတ်ဆိုးက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ နင် သိပါတယ်။ ပိုင်ကျီဟန်လို ဂျူနီယာ တစ်ယောက်က သူ့ကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ။"

ရွှေလျနိအာ၏ စီနီယာအမက ဆက်ပြောသည်။

"ရှေးဟောင်းအပျက်အစီးကိုသွားတဲ့ စီနီယာအစ်မနဲ့ အစ်ကိုတောင်မှ သူတို့ဒါကိုမသိဘူးလို့ပြောတယ်။ အဲဒီပိုင်မျိုးနွယ်ဝင်တွေက အလိမ်အညာတွေကို ဖြန့်နေတာဖြစ်ရမယ်”

သူတို့ဝန်ခံမှာမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဝန်ခံလိုက်ခြင်းသည် ရှေးဟောင်းအပျက်အစီး၌ ပိုင်ကျီဟန်ကြောင့် အရှက်ရစေမှုနဲ့ ခြိမ်းခြောက်ခံရမှုကို ဝန်ခံရာရောက်ပေသည်။

မည်သူမှ အရှက်ရစေမှုကို မမှတ်မိချင်ကြတာကြောင့် အားလုံးစုပေါင်းပြီး မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ထိုလူများ မျိုးနွယ်စုကို ပြန်သတင်းပို့ပြီးနောက် တံခါးပိတ် ကျင့်ကြံနေခဲ့ကြသည်။

သူတို့မသွားခင်တွင် သူတို့ထက်ငယ်သော သူတစ်ယောက်ကို ရှုံးနိမ့်ခဲ့သည် ဒါမှမဟုတ် ပိုင်ကျီဟန်၏ ခြိမ်းခြောက်မှုအောက်တွင်

သူတို့အသက်ကို ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ခံထားရသည်ကို ဝန်မခံခဲ့ကြပေ

သူတို့သည် မသိဟန်ဆောင်နေကြ၏

လီမျိုးနွယ်စုစောင့်ဆိုင်းရာနေရာ

တပည့်တိုင်းသည် ယုံကြည်မှုအပြည့်နဲ့ လူတစ်ယောက်ကို ကြည့်နေကြသည်။

သူကတော့ လီမျိုးနွယ်စုခေါင်းဆောင်၏ သမီး လီမိန်ယင်ကလွဲလို့ တခြားမဟုတ်ပေ

လီမိန်ယင်သည် လသာဆောင်အစွန်းမှာ ရပ်နေပြီး သူမ၏ ရှည်လျားသော အနက်ရောင်နဲ့ အနီရောင်ဝတ်ရုံသည် လေထဲမှာ အနည်းငယ်လွင့်နေပေသည်။

သူမနောက်မှာတော့ လီမျိုးနွယ်၏ ငယ်ရွယ်သော တပည့် အတော်များများ ထိုင်နေကြပြီး တိုးတိုးလေးပြောနေ၏ နောက်ဆုံးစစ်ပွဲက သူတို့၏ ဒေါသနဲ့ အရှက်ရမှုများသည် အခုထိ လတ်ဆတ်နေဆဲသာ

"အဲဒီတိုက်ပွဲကို ငါမှတ်မိနေတုန်းပဲ..."

လီမျိုးနွယ်၏ ငယ်ရွယ်သောတပည့်တစ်ယောက်သည် ဒေါသကို မျိုသိပ်ထားသော အသံနဲ့ တိုးတိုးလေးပြောလိုက်၏

"အဲဒီနေ့က ငါတို့ရဲ့အကောင်းဆုံးလူ အတော်များများ ဆုံးရှုံးခဲ့ရတယ်။"

"သူတို့က ငါတို့ကို အနိုင်ယူရုံတင်မကဘူး။ သူတို့က ငါတို့ကို အရှက်ခွဲခဲ့တယ်။ ငါတို့ရဲ့အလံတွေ နင်းခြေခံခဲ့ရတယ်... ငါတို့ရဲ့အကြီးအကဲတွေ နောက်ဆုတ်သွားခဲ့ရတယ်။ ငါတို့ဆွေမျိုးတချို့ ပြန်မလာတော့ဘူး။"

ခဏတာ တိတ်ဆိတ်သွားပြီး ရှက်ရွံ့မှုနဲ့ ဒေါသတွေ ပြည့်နှက်နေ၏

"ဒီတစ်ခါတော့ ငါတို့ ပြန်ယူမယ်။"

တခြားလူများသည် တည့်တည့်မတ်မတ်ရပ်လိုက်ကြသည်။

"ဒီတစ်ခါတော့ နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲက ငါတို့အတွက်ပဲ။"

"ပိုင်ကျီဟန် မပါဝင်တာက ဝမ်းနည်းစရာပဲ၊ အနည်းဆုံးတော့ ပိုင်မျိုးနွယ်ဝင်တွေကို ငါတို့ အနိုင်ယူနိုင်တယ်။"

"ဒါက ကံကောင်းခြင်းတစ်ခုပဲဆိုတာ သူတို့ကို ပြမယ်။ လီမျိုးနွယ်က နံပါတ်တစ်ပဲ ဆိုတာ”

"ငါတို့က အမြဲတမ်း ပိုအားကောင်းတယ်ဆိုတာ သူတို့ မှတ်မိကြပါစေ”

သူတို့ စကားများသည် ယုံကြည်ချက်အပြည့်နဲ့ တောက်လောင်နေပြီး သူတို့၏ အရောင်အဝါများသည် တုံ့ပြန်မှုအနေနဲ့ သိမ်မွေ့စွာ တောက်ပနေကြသည်။ ယုံကြည်မှုများသည် သူတို့နှလုံးသားထဲ၌ မြင့်တက်လာပေမဲ့ အားလုံးက ပုံရိပ်တစ်ခုတည်းဆီကို ဦးတည်နေ၏

လီမိန်ယင်

ရှေ့ဆုံးတွင် ရပ်နေချိန်၌ သူမ မျက်နှာအမူအရာသည် တည်ငြိမ်ပေမဲ့ မျက်လုံးအားလုံးက သူမဆီကို လှည့်ကြည့်နေကြသည်။ မျှော်လင့်ချက်၊ ယုံကြည်မှုနဲ့ တခြားအရာတွေ ပြည့်နှက်နေ၏

မျှော်လင့်ချက်

သူမသည် သူတို့၏ ဦးဆောင်သူသာ။ သူတို့၏ ကယ်တင်ခြင်းသာ။

လီမျိုးနွယ်၏ နာမည်ကို ဘုန်းအသရေအဖြစ် ပြန်လည်ထွင်းထုမည့်သူ

လီမိန်ယင်သည် ဘာမှ မပြောဘဲ ယုံကြည်မှုအပြည့်နဲ့ မတ်တပ်ရပ်နေ၏

( ချီးပဲ ငါ ဘယ်လိုတောင် အနိုင်ရမယ်လို့ မင်းထင်တာလဲ?)

အပြင်ပန်းမှာတော့ သူမသည် တည်ငြိမ်မှုနဲ့ ယုံကြည်မှုအပြည့် ရှိနေ၏ ။ သို့တိုင် အတွင်းစိတ်မှာတော့ ပိုပြီး ကွာခြားမှု မရှိပေ

ထိတ်လန့်တုန်လှုပ်ခြင်း! ကြောက်ရွံ့ခြင်း!

သူမသည် အပျက်သဘောဆောင်သည့် ခံစားချက်တိုင်းကို ခံစားနေရသည်။

(ဘယ်လို လက်စားချေမှုလဲ။ ငါက လီမင်ထက်

ပိုအားကောင်းတယ်လို့ ထင်တာလား?)

လီမင်သည် သူမထက် ပိုအားကောင်းသူသာ ။ ပြီးတော့ သူ့ ဘာတွေဖြစ်ပျက်ခဲ့သည်ကို ကြည့်ရရင် ။

လီမင်းတောင် အနိုင်မယူနိုင်သူတစ်ယောက်ကို သူမ ဘယ်လိုမှ အနိုင်ယူနိုင်မည် မဟုတ်ပေ

ပိုင်မျိုးနွယ်စုနှင့် စစ်ပွဲအတွင်း၌ သူမသည် တံခါးပိတ်ကျင့်ကြံနေသည်ကို သူမ အတော်လေး ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ မဟုတ်ပါက လီမင်းအစား ဘီးတပ်

ကုလားထိုင်ပေါ်ထိုင်ရမည့်သူက သူဖြစ်နိုင်

သည်ဟု တွေးခဲ့သည်။

(ကံကောင်းထောက်မစွာပဲ၊ အဲဒီနတ်ဆိုးက မပါဝင်ဘူး။)

ပိုင်ကျီဟန်ကို ရည်ညွှန်းတာ ထင်ရှား၏

တခြားသူတွေက သူ မပါဝင်တာကို နှမြောစရာဟု ပြောကြပေမဲ့ သူမကတော့ ကံကောင်းခြင်းဟု ယူဆခဲ့သည်။

မဟုတ်ရင်... ဘယ်သူသိနိုင်မလဲ။

သူမသည် လီမင်လိုပဲ အဆုံးသတ်သွားနိုင်၏။

သူမ မျိုးနွယ်စုဝင်တွေအတွက် မျှော်လင့်ချက်နဲ့ ယုံကြည်မှု၏ မီးပြတိုက်ဖြစ်တာကြောင့် တခြားသူတွေကို သူမ၏ စစ်မှန်သော ပုံစံအား မပြသနိုင်ခဲ့ပေ

"စိတ်မပူပါနဲ့။ အောင်ပွဲက ငါ့အတွက်ပဲ”

တခြားတပည့်များ အားပေးနေချိန်၌ သူမသည် ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်ပေသည်။

ကျောက်မျိုးနွယ်စု စောင့်ဆိုင်းရာ ခန်းမ!

စကားဝိုင်းတွေ ဆူညံပြီး မျှော်လင့်ချက်တွေ ပြည့်နေသည့် အိမ်နီးချင်း စောင့်ဆိုင်းခန်းမတွေနဲ့ မတူတာက ထိုအခန်းသည် ထူးဆန်းစွာ တိတ်ဆိတ်နေ၏

ရယ်မောသံတွေ၊ ပေါ့ပေါ့ပါးပါး လှောင်ပြောင်သံတွေ မရှိပေ ။ မကျေနပ်ချက်တွေနဲ့ ကြာရှည်စွာ ပြုစုပျိုးထောင်ထားသည့် အငြိုးအတေးတွေသာ ရှိ၏

ကျောက်ချန် နောက်ကွယ်၌ ထိုင်နေသော ကျောက်မျိုးနွယ် တပည့်တိုင်း၏ မျက်လုံးများ၌ တူညီသော အကြည့်တွေ ရှိ၏ အေးစက်သော အာရုံစူးစိုက်မှုနဲ့ တိတ်ဆိတ်သည့် ဒေါသတွေသာ

သူတို့သည် နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲကို ပျော်ရွှင်ဖို့ ရောက်နေတာ မဟုတ်ပေ။ အနိုင်ရဖို့တောင် ရောက်နေတာ မဟုတ်ပေ

သူတို့ကိုယ်သူတို့ ပြန်လည်ကယ်တင်ဖို့ ဒီမှာ ရှိနေတာပင်

သူတို့၏ ရှုံးနိမ့်မှု ဖြစ်သော ပိုင်မျိုးနွယ်စုသည် သူတို့၏ မဟာမိတ်ကို နင်းချေခဲ့သည့် အကြောင်း၊ အကြီးအကဲများ ဒဏ်ရာရခဲ့သည့်အကြောင်းနဲ့ တပည့်တွေ အသတ်ခံရသည့်အကြောင်း - အမှတ်ရစရာတွေသည် လတ်ဆတ်သော ဒဏ်ရာတစ်ခုလို စွဲထင်နေဆဲပင်

ကျောက်မျိုးနွယ်စု၏ သမိုင်း၌ အမှောင်ဆုံးနှစ်များထဲက တစ်နှစ်ဖြစ်ခဲ့ချေသည်။

ဖိအားများသည် မွန်းကြပ်စေခဲ့၏ မည်သူမှ အသံထွက်ပြောဖို့ မလိုအပ်ပေ - လူတိုင်း နားလည်ပြီးသားပင်

အမှားအယွင်းအတွက် နေရာမရှိပေ။

သနားညှာတာမှု မရှိပေ။

ကျရှုံးမှုအတွက် သည်းခံမှု မရှိပေ

လက်စားချေမှုသည် သူတို့ သွေးထဲ၌ လောင်ကျွမ်းနေ၏

ပိုင်မျိုးနွယ်စုသည် သူတို့အား အရှက်ရစေခဲ့သည်။

ယခုအခါ အင်ပါယာ၏ ကြီးကျယ်သူများကြားတွင် ရပ်တည်ရန် ထိုက်တန်ကြောင်း သက်သေပြရမည့် အလှည့်ဖြစ်သည်။

ကျောက်ချန်၏ အကြည့်သည် အောက်ဘက်ရှိ ကွင်းကို စိုက်ကြည့်နေပြီး ၎င်းတို့၏ အောင်ပွဲကို စစ်မှန်သောဆန္ဒဖြင့် ထွင်းထုရန် ကြိုးစားနေသကဲ့သို့ပင်။

ဤသည်မှာ သူတို့အတွက် ပြိုင်ပွဲတစ်ခု မဟုတ်ပေ

စစ်ပွဲတစ်ခုသာ

All Chapters