← Chapters

စွမ်းအားတည်ရှိရာနေရာ

Vol. 15 Ch. 224

စွမ်းအားတည်ရှိရာနေရာ

Vol. 15 Ch. 224

အားကစားကွင်းအထက်တွင် ပရိသတ်များကို အဆင့်များခွဲထားသည်။

အမြင့်ဆုံးအဆင့်တွင် ရွှေရောင်ကုလားကာများနှင့် ဖီးနစ်ရုပ်များဖြင့် အလှဆင်ထားသော ဧကရာဇ်ခန်းမရှိသည်။

ထိုနေရာတွင် အရာရှိကြီးများနှင့် အစွမ်းထက်သော အစောင့်များသည် အနီရောင် ဧကရာဇ်ဝတ်စုံများ ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်တစ်ဦးနှင့်အတူ စုဝေးနေကြသည်။

ကွင်းတစ်ခုလုံးတွင် တိတ်ဆိတ်ငြိမ်သက်မှု ပျံ့နှံ့သွားသည်။

"အဲဒါက ပထမမင်းသားပဲ”

"သူက ဧကရာဇ်မိသားစုရဲ့ ကိုယ်စားလှယ်လား?"

"မင်းသား ယုကျီတီ... ကောင်းကင်အင်ပါယာမှာ ပထမမင်းသားဖြစ်ရုံနဲ့ ဘုရင်ဖြစ်လာဖို့ မလုံလောက်တာက နှမြောစရာပဲ။"

တကယ်တော့ အိမ်နီးချင်းအင်ပါယာအများစုနှင့်မတူတာက ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာတွင် ပထမဆုံးမွေးဖွားခြင်းသည် အဓိပ္ပာယ်မရှိပေ

ဘုရင် သို့မဟုတ် ဘုရင်မဖြစ်လာရန် ထိုဘွဲ့ကို ခံယူနိုင်ကြောင်း သက်သေပြရမည်။

မင်းသား သို့မဟုတ် မင်းသမီးတစ်ဦးသည် မသေမျိုး ဧကရာဇ်၏ အမွေအနှစ်ကို သိမ်းပိုက်ခဲ့ပါက ၎င်းတို့သည် နောက်ဆက်ခံသူနှင့် နောက်ဆုံးတွင် ဧကရာဇ်ဖြစ်လာမည်ဖြစ်သည်။

ထိုသို့ မဖြစ်ခဲ့ပေ။ ဧကရာဇ်၏ ကျန်းမာရေး ယိုယွင်းနေသည့် ကောလာဟလတွေ ရှိနေပေမဲ့လည်း အိမ်ရှေ့စံ၏ ထိုင်ခုံကတော့ ဗလာဖြစ်နေဆဲသာ

ပထမမင်းသား၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှု၊ တွက်ချက်မှုများနဲ့ အတူ ကွင်းကို စူးစမ်းကြည့်ရှုနေသည်။

၎င်းသည် ကောင်းကင် အင်ပါယာ၏ အနာဂတ်အတွက်သာမကဘဲ အနာဂတ်၏ အစွမ်းထက်သူ ဖြစ်လာနိုင်သည့် ကျယ်ပြန့်သော ဆက်သွယ်မှုရှိရာ လူတွေ၏ စုဝေးမှုတစ်ခုပင်

သူတို့ကို ဆွဲဆောင်ဖို့ သင့်တော်သော အခွင့်အရေးကို ရှာမတွေ့နိုင်ပါက ဧကရာဇ်ဖြစ်လာဖို့သည် ပိုပိုပြီး ဝေးကွာသွားမည့်ဖြစ်နိုင်ခြေတစ်ခုသာ

သူ့ညာဘက်မှာတော့ တော်ဝင်မိသားစုအမျိုးမျိုးမှ ကိုယ်စားလှယ်တွေ ထိုင်နေ၏

သူ့ဘယ်ဘက်မှာတော့ အမတ်အတော်များများ သူနဲ့အတူ လိုက်ပါလာကြသည်။

အကြီးဆုံးသားဖြစ်ပြီး အိမ်ရှေ့စံ မဖြစ်ခဲ့ပေမဲ့ သူ့တွင် အားသာချက်များ ချို့တဲ့နေတာမျိုးတော့ မဟုတ်ပေ

ပညာရေး၊ ကျင့်ကြံမှုနဲ့ ကွန်ရက်ချိတ်ဆက်မှုလိုမျိုး နယ်ပယ်တွေ၌ သူသည် သူ့မောင်နှမတွေထက် သိသိသာသာ ဦးဆောင်နိုင်ခဲ့သည်။

ဧကရာဇ်၏ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခံရခြင်းသည် တခြားမောင်နှမတွေထက် ဧကရာဇ်ဘွဲ့နဲ့ ပိုနီးစပ်သည်ကိုလည်း သက်သေပြခဲ့သည်။

ထို့အပြင် ပိုင်၊ လီနဲ့ ကျောက်မျိုးနွယ်စုများလို အဓိကဂိုဏ်းများနဲ့ မျိုးနွယ်စုများအတွက် သီးသန့်ထားသော တခြား VIP အပိုင်းတစ်ခုရှိပြီး ကောင်းကင်ဓားဂိုဏ်း ၊နီညိုရောင်မိုးကြိုး နန်းတော် ၊ မြစိမ်းရောင်နေဝန်းဂိုဏ်းနဲ့ ကောင်းကင် ကျောက်စိမ်းခန်းမတို့ရော အပါပင်။

မျက်လုံးများစွာသည် အပေါ်ကို မော့ကြည့်နေကြသည်။ တခြားအချိန်တွေမှာတော့ ထိုပုဂ္ဂိုလ်တွေကို ကိုယ်တိုင်မြင်ရဖို့ ရှားပေ၏

အကြီးအကဲတချို့သည် တစ်ချိန်က ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေဖြစ်ပြီး လေထုထဲ၌ တီးတိုးပြောဆိုသံတွေနဲ့ လွမ်းဆွတ်မှုတွေ ပြည့်နှက်နေ၏

ဒီအကြီးအကဲအများစုသည် ငယ်ရွယ်စဉ်က နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လေထုကို ပိုပြီး လေးလံစေခဲ့သည်။

"ဒီစင်မြင့်ပေါ်မှာ ပွဲဦးထွက်ခဲ့တာကို ငါ မှတ်မိနေတုန်းပဲ။"

"ဟားဟား... တစ်ခါတည်းနဲ့ ထွက်သွားတာကို ဆိုလိုတာလား။"

"အဲဒါ... ငါ့ပြိုင်ဘက်က ပိုင်ထျန်းဟမ် ဖြစ်နေလို့ပဲ”

အရက်တစ်ငုံသောက်ပြီး တီးတိုးပြောဆိုသံတွေကြား၌ ရယ်မောသံတွေ ပဲ့တင်ထပ်သွား၏

ထိုအချိန်မှာပဲ

လေပြေတစ်ချက် တိုက်ခတ်သွားသည်။

သို့တိုင် ဓားတစ်ချောင်း မဆွဲထုတ်ခင် တိတ်ဆိတ်ငြိမ်သက်သွားသလိုမျိုး ကွင်းတစ်ခုလုံး ပြောင်းလဲသွား၏

အနက်ရောင်နဲ့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ပိုင်မျိုးနွယ်စု၏ သီးသန့်နေရာကို ပေါ့ပေါ့ပါးပါး လျှောက်ဝင်လာခဲ့၏

ကြီးကျယ်ခမ်းနားသော ဝင်ပေါက် မရှိပေ

ဂုဏ်ပြုပွဲ မရှိပေ

တိတ်ဆိတ်စွာ ရောက်ရှိလာခြင်းသာ။

သို့တိုင် တစ်ယောက်ပြီးတစ်ယောက် ခေါင်းတွေ လှည့်သွားကြသည်။

အောက်ထပ်က မှူးမတ်တွေကနေ အပေါ်ထပ်က အကြီးအကဲတွေအထိ - ပထမမင်းသားဘေး၌ ထိုင်နေသော အမတ်တွေတောင် သိမ်မွေ့စွာ ရှေ့ကို ကိုင်းညွှတ်သွားကြ၏

ပိုင်ကျီဟန် ရောက်လာချေပြီ။

သူ့ခြေလှမ်းများသည် ပြေလျော့နေပြီး ပျင်းရိငြီးငွေ့ဖွယ်ကောင်းပေ၏

သို့တိုင် သူ့ပတ်ဝန်းကျင် လေထုကတော့ ဓားတစ်ချောင်းကို ဓားအိမ်ထဲ၌ ထည့်ထားသလို ထက်မြက်မှုမျိုး သယ်ဆောင်လာချေသည်။

ပိုင်မျိုးနွယ် တပည့်တွေကို ဖြတ်သွားသည့်အခါ သူ ဘာမှ မပြောပေ

အကြီးအကဲတွေကို ဦးမညွှတ်ပေ

သူသည် ပိုင်မျိုးနွယ်စု၏ ကြည့်ရှုရာနေရာ အလယ်ဗဟိုဖြစ်သော မျိုးနွယ်စုခေါင်းဆောင်အတွက် ရည်ရွယ်ထားသည့်နေရာကို လျှောက်သွားပြီး ထိုင်ချလိုက်သည်။

မည်သူမှ သူ့ကို မတားဆီးခဲ့ကြပေ

မည်သူမှ မေးခွန်းမထုတ်ခဲ့ကြပေ။

လုပ်ထုံးလုပ်နည်းကို တင်းကျပ်စွာ လိုက်နာသည်ဟု နာမည်ကြီးသော အကြီးအကဲတွေတောင်မှ အသိအမှတ်ပြုသည့်အနေနဲ့ ခေါင်းညိတ်ပြရုံသာ

ကြေငြာချက် ဘာမှ မရှိပေ

ထိုအချိန်မှာ လူတိုင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

ပိုင်ထျန်းဟမ် မရှိသည့်အခါ...

ပိုင်ကျီဟန်က အမိန့်ပေးသူသာ

အတင်းအကျပ် လုပ်ခိုင်းတာ မဟုတ်ပေ

စီစဉ်ထားတာ မဟုတ်ပေ။

သဘာဝကျပေ၏

ပိုင်မျိုးနွယ်စုသည် သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ သူ့ကို သူတို့၏ နောက်မျိုးဆက် အကြီးအကဲအဖြစ် လက်ခံပြီးသား ဖြစ်သလိုပင်

"ဟားဟား... ကျီဟန်အာ၊ မင်း ရောက်လာပြီ”

အကြီးအကဲတစ်ယောက်က ရယ်မောလိုက်ပြီး သူ့အသံသည် နွေးထွေးပေမဲ့ လေးစားမှု အပြည့်နဲ့ပင်

ပိုင်ကျီဟန်သည် ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်နှာက တည်ငြိမ်နေ၏

"အဖေက ပိုင်မျိုးနွယ်စုကို ကိုယ်စားပြုဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တယ်" သူက ပျင်းရိစွာ ပြောလိုက်၏ " ကျွန်တော် ဒီမှာ ရှိနေပြီးသားဆိုတော့ ကျွန်တော်လည်း လုပ်သင့်တယ်လို့ ထင်ပါတယ်။"

ထို့နောက် သူတို့ အကြည့်များက ပိုင်ကျီဟန်နောက်ကွယ်မှ တိတ်တဆိတ်ရပ်နေသည့် မရင်းနှီးသော လူငယ်ဆီကို ရောက်သွားခဲ့သည်။

"ဒီတစ်ယောက်ကရော”

အကြီးအကဲတစ်ဦးသည် စူးစမ်းလိုစိတ်ဖြင့် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းစွာ မေးမြန်းခဲ့သည်။

လူငယ်သည် တည်ငြိမ်နေပုံရသော်လည်း စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသော အမူအရာဖြင့် တည့်တည့်မတ်မတ် ရပ်လိုက်သည်။

သူ ရှေ့သို့တိုးလာပြီး လက်သီးများကို ရိုသေလေးစားစွာ ဆုပ်ကိုင်လိုက်သည်။

"အကြီးအကဲများ၊ ကျွန်တော်က ခုန်ကျန်းဟုန်ပါ ။ ကျွန်တော်က သခင်လေးကျီဟန်ကို အမှုထမ်းပါတယ်”

သူ့အသံသည် တည်ငြိမ်သော်လည်း သူ့ကျောတွင် ချွေးများဖြင့် စိုစွတ်နေသည်။

အကြီးအကဲများသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားမှု ပျောက်ကွယ်သွားသည်။

အချို့က ခေါင်းညိတ်ပြကြပြီး အချို့က သူ့ကို အသိအမှတ်ပြုရန် ဂရုမစိုက်ကြပေ

သူတို့အတွက် သူသည် အစေခံတစ်ဦးသာဖြစ်သည်။ သူဘယ်သူလဲဆိုတာ အရေးမကြီးပေ။ ပိုင်ကျီဟန် ခေါ်လာသရွေ့ လုံလောက်ပေသည်။ ။

အကြီးအကဲများသည် နီဖန်းကျိုးအား ပိုင်မျိုးနွယ်သို့ ဖိတ်ခေါ်သည့်ကိစ္စကိုလည်း မပြောခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် သူ့အကြောင်းပြချက်ရှိသည်ဟု ယုံကြည်ကြလို့သာ။

နောက်ဆုံးတွင် လင်းရွှမ်ကို မျိုးနွယ်စုထဲသို့ ခေါ်ဆောင်ရန် သူ၏ဆုံးဖြတ်ချက်မှ ထိုအရာများစွာကို ထင်ရှားစွာ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ပိုင်ကျီဟန် လုပ်ခဲ့ဖူးသမျှတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခုဖြစ်သည်။

ခန်းမတစ်ဖက်တွင် မျက်နှာအမူအရာများ မှောင်မိုက်သွားသည်။

လီနှင့် ကျောက်မျိုးနွယ်စုများ၏ ဘေးမှ လေထုသည် ပိုင်ကျီဟန် ထိုင်ခုံနေရာယူလိုက်သည်နှင့် သိသိသာသာ အေးစက်သွားခဲ့သည်။

အကြီးအကဲများစွာသည် မျက်လုံးများကို ကျဉ်းမြောင်းစွာ စိုက်ကြည့်ကာ မျက်နှာများ တင်းမာသွားသည်။ တစ်ဦးသည် လှောင်ပြောင်နေပြီး အဆိပ်အတောက်များဖြင့် ပြည့်နှက်နေသော အသံဖြင့် ရယ်မောလိုက်သည်။

"သူက သူ့အကြီးအကဲတွေကို နှုတ်ဆက်ဖို့တောင် ဂရုမစိုက်ဘူး။ အရိုးထိအောင် မာနကြီးနေတယ်”

နောက်တစ်ဦးက နှုတ်ခမ်းများကို မထီမဲ့မြင်ပြုလိုက်၏

"သူ့ဂုဏ်သတင်းနောက်ကွယ်မှာ ပုန်းနေတာမလား။ ကြောက်နေတာမလား ။ မဟုတ်ရင် ဘာလို့ သူ မပါဝင်တာလဲ?"

ရယ်သံအနည်းငယ် ထွက်ပေါ်လာသည် ။ တိတ်ဆိတ်ပြီး ခါးသီးနေ၏။

"သူက အနိုင်ရပြီးသားလို ဟန်ဆောင်နေတယ်။ ပိုင်မျိုးနွယ်စုရဲ့ မာနကြီးတဲ့ လူတစ်ယောက်လိုပဲ။"

သူတို့တွင် ရဲရင့်မှုအားလုံးရှိနေပေမဲ့ မည်သူမှ ပွင့်ပွင့်လင်းလင်း ဝန်မခံရဲသော အမှန်တရားတစ်ခု ရှိနေ၏ မည်သူမှ သူကြောက်နေသည် ဒါမှမဟုတ် အားနည်းနေသည်ကို တကယ်မယုံကြပေ

မည်သို့ပင်ဖြစ်စေ ပိုင်ကျီဟန်ကတော့ ကြည့်ဖို့သက်သက် လာပြီး မပါဝင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေ၏ - ထိုပြိုင်ပွဲကို သူ့ထက် နိမ့်ကျသည်ဟု မြင်နေ၏

သူတို့ လှောင်ပြောင်နိုင်၏

သူတို့ စော်ကားနိုင်၏

ဒါပေမယ့် သူတို့ သူ့ကို လျစ်လျူရှုလို့ မရပေ

ဂိုဏ်းဘက်မှာတော့—

နီညိုရောင် မိုးကြိုးနန်းတော်၏ အကြီးအကဲများ မျက်မှောင်ကြုတ်သွားကြသည်။

တစ်ချိန်က ထိပ်တန်းပါရမီရှင်များထဲက တစ်ယောက်အဖြစ် ချီးကျူးခံရသော သူတို့တပည့်သည် ရှေးဟောင်း အပျက်အစီးတွေထဲ၌ ပိုင်ကျီဟန်လက်ချက်နဲ့ သေဆုံးသွားခဲ့ချေပြီ။

ပိုဆိုးတာက ပိုင်ကျီဟန်သည် သူတို့၏ ကျန်ရှိနေသော တပည့်များ၏ အသက်ကို ဆက်လက်ခြိမ်းခြောက်နေတာကြောင့် သူတို့ ဘာမှ မတတ်နိုင်ကြပေ

တစ်ယောက် သေဆုံးသွားတာကြောင့် နောက်ထပ်တစ်ယောက်အတွက် အန္တရာယ် မစွန့်စားရဲတော့ပေ

၎င်းသည် အပျက်အစီးတွေထဲ၌ ရှိနေခဲ့သော အဖွဲ့ဝင်တွေ၏ ဂိုဏ်းနဲ့ မျိုးနွယ်စုတိုင်းလိုလိုအတွက် အတူတူပင်။

မြစိမ်းရောင်နေဝန်းဂိုဏ်း၏ ခန်းမထဲ၌ ငယ်ရွယ်သော တပည့်အတော်များများက မသက်မသာ လှုပ်ရှားသွားကြသည်။

ထိုခရီးစဉ်ကနေ အသက်ရှင်ကျန်ရစ်ခဲ့သူများ၏

အိပ်မက်ဆိုးတွေထဲ၌ ပိုင်ကျီဟန်နာမည်က ပဲ့တင်ထပ်နေဆဲသာ

တစ်ခုကတော့ မိုထျန်းကျီအား အရှက်ခွဲပြီး ကစားနေသည့် သူ့ပုံရိပ်ဖြစ်ပြီး နောက်တစ်ခုက နီညိုရောင်မိုးကြိုးနန်းတော်က ပါရမီရှင်တစ်ယောက်ကို ရုတ်တရက် သတ်ပစ်လိုက်သည့် ပုံရိပ်ပင်

လူတိုင်းက ပွင့်ပွင့်လင်းလင်း မပြောရင်တောင် ပိုင်ကျီဟန်သည် သူ့မျိုးဆက်ရှိ ပါရမီရှင်များထက် ပိုပြီး လိမ္မာပါးနပ်ကာ အန္တရာယ်များကြောင်း နားလည်ကြသည်

သူက သူတို့ထက် မြင့်၏

ပထမမင်းသား ယုကျီတီတောင် မျက်ခုံးပင့်

လိုက်သည်။

"ဒါဆို သူပေါ့” သူ တိုးတိုးလေးပြောလိုက်သည် ။ သူ့အသံက စိတ်ဝင်စားမှုနဲ့ သတိထားမှု ရောနှောနေ၏

"သိပ်လည်း မဟုတ်တဲ့ပုံပါပဲ..."

ဒါပေမယ့် သူ ပိုသိ၏

သူ့ညီမငယ်သည် လွန်ခဲ့သောနှစ်က ပိုင်ကျီဟန်၏ မွေးနေ့ပွဲကို တက်ရောက်ခဲ့ပြီး သူ့ကို သူတို့ဘက် ဆွဲဆောင်ခဲ့သည်။

ယောက်ျားမုန်းတီးသော နာမည်ဆိုးနဲ့ ကျော်ကြားသည့် ညီမတောင်မှ သူ့ကို ဆွဲဆောင်ဖို့ လက်ထပ်ခွင့် ကမ်းလှမ်းခဲ့သည်ကိုလည်း သူ သိပေသည်။

ဒါတစ်ခုတည်းနဲ့တင် အရာအားလုံးကို ပြောပြနိုင်သည်။

ထိုကြောင့် ယုကျီတီသည်လည်း သူ့ကိုလည်း လိုချင်ခဲ့တာပင် - သူ့မောင်နှမတွေပင် ပိုင်ကျီဟန်ကို အတော်လေးတန်ဖိုးထားသည်ကို သူ ဘယ်လိုလုပ် မလိုချင်ဘဲနေမည်နည်း။

သူ့၏ ပုံပန်းသဏ္ဌာန်ကလွဲပြီး ထင်ရှားမှုမရှိသည့်တိုင် သူ့ပတ်ဝန်းကျင်ကမျက်နှာတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ တခြားဟာတွေကို သတိထားမိလိုက်သည်။

သူသည် ကြောက်ရွံ့မှု၊ မုန်းတီးမှု ဒါမှမဟုတ် လေးစားမှု—တစ်ခါတစ်ရံမှာ သုံးခုစလုံးကို တစ်ပြိုင်နက်တည်း လှုံ့ဆော်ပေးခဲ့သည်

ယူကျီတီအဖို့ ပိုင်ကျီဟန် မပါဝင်တာကြောင့် လူငယ်၏အစွမ်းသတ္တိကို ကောင်းကောင်းမခန့်မှန်းနိုင်သည့်အပေါ် နှမြောမိနေ၏

သူ့ကိုခေါ်လာနိုင်ရန် အရာအားလုံးကို စုံစမ်းစစ်ဆေးခဲ့ပေမဲ့ သူဘာမှမလုပ်နိုင်ခဲ့ပေ

ပိုင်ကျီဟန် ဂရုစိုက်တတ်သူ၊ ချစ်တဲ့သူတွေကို ရှာဖွေဖို့ ကြိုးစားခဲ့ပြီး သူတို့အား အသုံးချရန် မျှော်လင့်ခဲ့သည်။ ဒါပေမဲ့ ရလဒ်တွေက စိတ်ပျက်စရာပင်

သူ့မိဘတွေလား။

ဖြစ်ကောင်းဖြစ်နိုင်တာက ပုံမှန်ပင်။ သို့တိုင် ပိုင်ကျီဟန်အဖို့ မသေချာပေ ။ သို့တိုင် ထိုအချက်အလက်တွေနဲ့ ဘာလုပ်လို့ရမည်နည်း။

ဆိတ်ငြိမ်ရာ ကောင်းကင်ဘုံ အင်ပါယာ၏ အင်အားအကြီးဆုံးမျိုးနွယ်စုခေါင်းဆောင်ကို ခြိမ်းခြောက်တာ ဒါမှမဟုတ် ခြယ်လှယ်တာလား။

သူ့တွင် ထိုစွမ်းအားမျိုးရှိပါက ပိုင်ကျီဟန်ကို အဘယ်ကြောင့် လိုအပ်မည်နည်း။

သူ့အမေလား။

ပျော့ညံသူမျိုး မဟုတ်ပေ ။ အင်ပါယာတွင် အကောင်းဆုံးတစ်ယောက်ဖြစ်သော အဆင့် ၆ အဂ္ဂိရတ်ပညာရှင်။

သူ့ညီမလား။

အထူးသဖြင့် သူမအရင်စေ့စပ်ထားသူကို ပြန်ခေါ်ပြီးသည့်နောက်မှာပေါ့။ တစ်ခုခုဆိုပါက သူသည် မည်မျှဂရုမစိုက်ဘူးဆိုတာကို သက်သေပြနေတာပင်။

သူ့ချစ်သူလား။

ရာထူးတစ်ခုသာ။ အချစ်ဇာတ်လမ်းမရှိပေ။ နိုင်ငံရေးအရ စီစဉ်ထားသော စေ့စပ်ပွဲတစ်ခု။

သူ့ရန်သူတွေလား။

မရေမတွက်နိုင်အောင်ပင်

သို့တိုင် တခြားသူတွေနဲ့မတူတာက သူသည် ပိုင်ကျီဟန်ကို သစ္စာခံမှုနဲ့ လဲလှယ်ပြီး သူတို့ဆီကနေ ကာကွယ်မှုမပေးနိုင်ပေ။

ထိုသို့လုပ်ခြင်းအားဖြင့် လီနဲ့ကျောက်မျိုးနွယ်စုများကို ဆန့်ကျင်မိမည်ဖြစ်ပြီး တစ်နေ့၌ သူ့ဘက်တွင် လိုအပ်လာနိုင်၏

ရတနာလား။

ပိုင်ကျီဟန်လိုလူတစ်ယောက်အဖို့ ရတနာတွေ ချို့တဲ့နေမည်လား။

ကောလာဟလတွေအရ သူသည် ကောင်းကင်အဆင့်ဓားကို ကိုင်ဆောင်ထားပြီး သူ့အစေခံကို မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းနဲ့ ဆုချီးမြှင့်ခဲ့သည်ဟု ပြောကြ၏

၎င်းက မယုံနိုင်စရာဟု ထင်ရပေမဲ့ တစ်ဝက်ပဲမှန်ရင်တောင် ဒါက ပြောနိုင်၏

သူ့၏စုံစမ်းစစ်ဆေးမှု အားလုံးအပြီးတွင် သူ့အနေနဲ့ တစ်ခုတည်းသော ကောက်ချက်ချနိုင်ခဲ့သည်။

ပိုင်ကျီဟန်ကို ဘယ်တော့မှ ရန်သူမဖြစ်စေနဲ့။

ဘယ်လောက်ပဲ တန်ခိုးကြီးပါစေ—သူ့ကို ဆန့်ကျင်ပြီးတဲ့နောက် ဘယ်သူမှ ကောင်းမွန်တဲ့ အခြေအနေမှာ မရှိပေ

All Chapters