← Chapters

နဂါးနဲ့ဖီးနစ်ပြိုင်ပွဲ စတင်သည်

Vol. 15 Ch. 225

နဂါးနဲ့ဖီးနစ်ပြိုင်ပွဲ စတင်သည်

Vol. 15 Ch. 225

ဝိညာဉ်ရေးရာ ဆက်သွယ်ရေး

နည်းစနစ်များဖြင့် ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံတစ်ခုသည် ရုတ်တရက် ကွင်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားချေသည်။

၎င်းသည် လေထဲ၌ မိုးကြိုးပစ်သကဲ့သို့ လိမ့်ထွက်သွားပြီး နောက်ဆုံးစကားဝိုင်းများနှင့် ရယ်မောသံများကို တိတ်ဆိတ်စေသည်။

"ကျင့်ကြံသူများ၊ မင်းမျိုးမင်းနွယ်များနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များ ၁၃၇ ကြိမ်မြောက် နဂါးနှင့် ဖီးနစ်ပြိုင်ပွဲကနေ ကြိုဆိုပါတယ် ”

လူအုပ်ကြီးသည် ဝမ်းသာအားရ လက်ခုပ်တီးကြသည်။

ထိုအသံသည် ဟိန်းဟောက်နေသော နဂါးတစ်ကောင်ကို လှည့်ပတ်နေသော မီးလျှံများနှင့် တောက်လောင်နေသည့် ဖီးနစ်ငှက်တစ်ကောင်ဖြစ်သည့် ဧကရာဇ်ပြိုင်ပွဲရုံး၏ အမှတ်

တံဆိပ်ဖြင့် ပန်းထိုးထားသော ငွေပြာရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် အမျိုးသားတစ်ဦး၏ အသံဖြစ်သည်။

သူသည် ကွင်း၏အလယ်ဗဟို၌ ဝဲပျံနေသော ကျောက်စိမ်းစင်မြင့်တစ်ခုပေါ်ရပ်နေပြီး သူရှိနေမှုသည် အမိန့်ပေးမှုနှင့် အာဏာရှိမှုတို့ ပါရှိနေသည်။

"ကျွန်တော်က ခုနှစ်ပြိုင်ပွဲအတွက် ဒိုင်လူကြီးတစ်ဖြစ်လဲ ကြီးကြပ်သူ ယန်မင်လန်ပါ။"

သူ၏ ကျင့်ကြံမှုသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်တွင် တည်ရှိပြီး ၎င်းသည် ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ရှိ ပါရမီရှင်များအကြား ပြိုင်ပွဲကို ကြီးကြပ်ရန် သင့်လျော်သည်။

အားနည်းသူတစ်ဦးဦးက ပြိုင်ပွဲများကို ကြီးကြပ်ပါက လိုအပ်သည့်အခါတွင် ၎င်းတို့ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ

ပြင်ပလူများ၏ ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ရန် အစောင့်အများအပြားလည်း ချထားခဲ့သည်။

ထို့အပြင် ပါဝင်သူများ၏ လှည့်စားတိုက်ခိုက်မှုများကြောင့် ပရိသတ်များ ထိခိုက်မှုမရှိစေရန် အကာအကွယ်ဖွဲ့စည်းမှု အတားအဆီးတစ်ခုကို စိုက်ထူထားသည်။

ဒိုင်လူကြီးသည် လက်တစ်ဖက်မြှောက်လိုက်သောအခါ ရွှေရောင်အလင်းတန်းများသည် သူ၏အင်္ကျီလက်မှ ဖြာထွက်လာပြီး ကောင်းကင်တွင် တောက်ပသော မျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာသည် ။ မှတ်ပုံတင်ထားသော ပါဝင်သူများ၏ အမည်အားလုံးကို ပြသထားသော အစုအဝေးတစ်ခုဖြစ်သည်။

ရာပေါင်းများစွာသော အစုအဝေးများ။ တစ်ခုချင်းစီသည် ချီဖြင့် မှိန်ဖျော့ဖျော့ တောက်ပနေသည်။

"မင်းတို့အားလုံးသိကြတဲ့အတိုင်း ဒီပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပတာ။ ငါတို့ အင်ပါယာနဲ့ အခြားနေရာက လူငယ်တွေက ဘုန်းအသရေ၊ အခွင့်အလမ်းနဲ့ အမွေအနှစ်အတွက် ယှဉ်ပြိုင်ကြတာ။ ဂိုဏ်းများစွာထက် ရှေးကျသော အစဉ်အလာတစ်ခုလေ”

"အခု... စည်းမျဉ်းများကို ရှင်းပြပါရစေ။"

ကောင်းကင်ရှိ အစုအဝေးသည် ပြောင်းလဲသွားသည်။

တိုက်ပွဲအတွဲကို ကိုယ်စားပြုသည့် စက်ဝိုင်းပုံသဏ္ဍာန် ကွင်းများစွာ ပေါ်ထွက်လာသည်။

"ယခုနှစ်ပြိုင်ပွဲက အလဲထိုးပုံစံပဲ။ ပါဝင်သူတွေကို အချီတစ်ခုစီ အစမှာ ပြိုင်ဘက်တစ်ဦးကို ကျပန်းသတ်မှတ်ပေးမယ်”

စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးတစ်ခုသည် လူအုပ်ကြားတွင် ဖြတ်သန်းသွားသည်။

"အောင်ပွဲဆိုတာ တိုးတက်မှုကို ဆိုလိုတယ်။ ရှုံးနိမ့်မှုက ဖယ်ရှားပစ်ခြင်းပဲ။ မျိုးဆက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့သူတွေသာ နောက်ဆုံးအဆင့်ကို ရောက်လိမ့်မယ်။"

လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည့်အခါ အလင်းတန်းများသည် အစုအဝေးကနေ အလျင်အမြန် လည်ပတ်လာ၏

"ပထမအဆင့် ယှဉ်ပြိုင်မှုတွေကို အခု ဆုံးဖြတ်တော့မှာပါ”

အရှိန်အဟုန်နဲ့ လည်ပတ်သွားပြီးနောက်... နာမည်တွေက နေရာတကျ ဖြစ်လာ၏

တစ်တွဲချင်းစီ ပေါ်ပေါက်လာသည့်အခါ စိတ်လှုပ်ရှားစွာနဲ့ တီးတိုးပြောဆိုသံများသည် လူအုပ်ကြားထဲ၌ ပျံ့နှံ့သွားချေသည်။

သူတို့ထဲ၌

"ဘာ..ငါ့ပြိုင်ဘက်က ပိုင်ရွှယ်ချင်းလား။ ငါ့ကံက ဘာလို့ ဒီလောက်ဆိုးနေတာလဲ”

"ဟီးဟီး... ငါ့ပြိုင်ဘက်က အခြေတည် ဝိညာဉ် အစောပိုင်း ဝိညာဉ်နယ်အဆင့်မှာပဲ ရှိတယ်။ ဒါက လွယ်တော့မှာပဲ”

"ချီးပဲ ငါ့ပြိုင်ဘက်အဖြစ် လေ့ကျန်းရှန်ကို ရခဲ့တာ။"

"ကျင်းယွမ်ကျန်း နှင့် လင်းရွှမ်? လင်းရွှမ်က တကယ်ကို ကံမကောင်းခဲ့ဘူး။"

ပထမအဆင့် ပွဲစဉ်အများစုအတွက် မည်သူအနိုင်ရမည်ကို ခန့်မှန်းရတာ လွယ်ပေ၏ - လင်းရွှမ်ပွဲစဉ် အပါအဝင်ပင်။ ထိုပွဲစဉ်ကို မြစိမ်းရောင်နေဝန်းဂိုဏ်းက ကျင်းယွမ်ကျန်း အနိုင်ရလိမ့်မည်ဟု အများစုက ယုံကြည်ကြသည်

နီဖန်းကျိုးသည် မဲနှိုက်ပွဲကိုကြည့်ပြီး သူ၏ပြိုင်ဘက်သည် ပိုင်ရွှယ်ချင်းမဟုတ်ကြောင်း တွေ့ရှိသောအခါ စိတ်ပျက်သွားသည်။

ထို့အပြင် ပိုင်ရွှယ်ချင်းနှင့် တိုက်ခိုက်ရန်အတွက် သူသည် ပွဲစဉ်ခုနစ်ပွဲစလုံးကို အနိုင်ရရန် လိုအပ်ပုံရပြီး သူမသည် အုပ်စု၏ တစ်ဖက်တွင် ရှိနေသောကြောင့် ဗိုလ်လုပွဲသို့ ရောက်ရှိရန် လိုအပ်ပုံရသည်။

ပိုင်ရွှယ်ချင်းသည်လည်း သူမ၏ ယခင် စေ့စပ်ထားသူ အမည်ကို သတိပြုမိသည်။ သို့သော် သူသည် ဗိုလ်လုပွဲသို့ ဘယ်တော့မှ မရောက်နိုင်ကြောင်း သေချာပေါက် ခံစားမိသည်။

ယင်းအစား သူမသည် အာရုံစိုက်မှုကို ပိုမိုထိုက်တန်သည်ဟု ထင်မြင်သော အခြားပြိုင်ဘက်များ ဖြစ်သည့် အထူးသဖြင့် ကောင်းကင်ကျောက်စိမ်းခန်းမမှ ရွှေလျန်အာကို ကြည့်လိုက်သည်။

ရွှေလျန်အာသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များရှိသည်ဟု ဆိုကြပြီး အလွယ်တကူ အနိုင်ရရန် အသုံးချနိုင်သည်။

သူမ၏ ယခင်ပြိုင်ဘက်အများစုသည် ဘာမှ ပြောစရာမရှိဘဲ မည်သို့ရှုံးနိမ့်ခဲ့သည်ကိုပင် မသိကြပေ။

ထို့ကြောင့် သူမသည် စောင့်ကြည့်ရမည့် ပြိုင်ဘက်များထဲမှ တစ်ဦးဖြစ်သည်။

ဒိုင်လူကြီး၏ အသံသည် တစ်ဖန် ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။

"ပွဲစဉ်တစ် ပိုင်မျိုးနွယ်က ပိုင်ရွှယ်ချင်းနဲ့ နီညိုရောင် မိုးကြိုးနန်းတော်က ရီမင်ယုတို့ ယှဉ်ပြိုင်ကြရမယ်။ ရှေ့သို့ချီတက်ကြပါ”

အားလုံး၏အကြည့်များ လှည့်ကြည့်လိုက်ကြသည်။

ထိပ်တန်းပြိုင်ဘက်တစ်ဦးသည် တိုက်ခိုက်တော့မည်ဖြစ်သည်။ ပွဲစဉ်သည် စိတ်လှုပ်ရှားဖွယ်ကောင်းမည်ဟု အနည်းငယ်သာ မျှော်လင့်ထားပြီး သူမ၏ပြိုင်ဘက်မှာ သိသိသာသာ ရှုံးနိမ့်မည် ဖြစ်သော်လည်း မျှော်လင့်ချက်ရှိနေသေးသည်။

နောက်ဆုံးတော့ သူတို့သည် ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာတစ်ခုလုံးတွင် အရည်အချင်းအရှိဆုံး ကျင့်ကြံသူတစ်

ယောက်၏ လှုပ်ရှားမှုကို မြင်တွေ့ရတော့မှာပင်။

သူမ၏ အစွမ်းအစထက် ကျော်လွန်သော သူမ၏ အလှတရားကိုလည်း ငြင်းမရပေ

ကောင်းကင်ဓားဂိုဏ်းဘက်ကနေ ပိုင်ရွှယ်ချင်းသည် တည်ငြိမ်စွာ ထရပ်လိုက်ပြီး သူမ၏ အဖြူရောင်နဲ့ ငွေရောင်ဝတ်ရုံများသည် လေထဲ၌ တဖျပ်ဖျပ် လွင့်မျောနေသည်။

တစ်ဖက်မှာတော့ နီညိုရောင် မိုးကြိုးနန်းတော်မှ လူငယ်တစ်ယောက်သည် သူ့၏ ရွှေရောင်ဝတ်စုံနဲ့ အတူ တင်းမာစွာ လျှောက်လှမ်းလာခဲ့သည်။

ရီမင်ယု။ အခြေတည်ဝိညာဉ် အလယ်အလတ်အဆင့်

သူသည် အရပ်ရှည်ပြီး ပခုံးကျယ်၏ သူ့၏ အရှိန်အဝါသည် အားနည်းသည်တော့ မဟုတ်ပေ။ သို့တိုင် အခုချိန်ထိတောင် ချွေးများက သူ့နားရွက်တစ်လျှောက် စီးကျလာနေချေပြီ။

သူ့ လှံကို ဆုပ်ကိုင်ထားတာက တင်းကျပ်လွန်းနေ၏

အရမ်းတင်းကျပ်လွန်း၏

"ပိုင်ရွှယ်ချင်း..."

သူ စိတ်လှုပ်ရှားစွာနဲ့ တိုးတိုးလေးပြောလိုက်

သည်။

အစွမ်းအစတစ်ခုတည်းကို အခြေခံရလျှင် သူသည် ထိပ်ဆုံး ၂၀ ယောက်ထဲ၌ ပါဝင်နေတာ သေချာ၏ သို့တိုင် ပိုင်ရွှယ်ချင်းသည် သူ့၏ပြိုင်ဘက်ဖြစ်တာကြောင့် ပထမအဆင့်ကိုတောင် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ

(မဟုတ်ဘူး.. ငါလုပ်နိုင်တယ်။ အခွင့်အရေးကောင်းကို ရှာဖို့ပဲ လိုတယ်။)

ဒီအထိ ရောက်လာပြီဆိုတော့ သူသည် တိုက်ပွဲမစခင် လက်မလျှော့နိုင်ပေ

စိတ်ပိုင်းဖြတ်မှုကို ပြန်လည်ရယူပြီး လှံကိုကိုင်ကာ မတ်တပ်ရပ်လိုက်၏

ဒိုင်လူကြီးက အချက်ပြလိုက်လေသည်။

"စပြီ”

နောက်ဆက်တွဲက တိုက်ပွဲမဟုတ်ပေ

ရီမင်ယုသည် အားအင်အပြည့်နဲ့ ရှေ့ကို တိုးလာပြီး လှံပတ်ပတ်လည်၌ မိုးကြိုးချီတွေ တဖျပ်ဖျပ်မြည်နေ၏ ၎င်းကို ပိုင်ရွှယ်ချင်းဆီ တည့်တည့်ချိန်လိုက်လေသည်။

ထိုးထွက်နေသော လှံသည် မြန်ဆန်ကာ အစွမ်းထက်ပြီး ကောင်းစွာလေ့ကျင့်ထားသည်ပင်

သို့တိုင်

ချွမ်

သူမ၏ လက်ကောက်ဝတ်ကို လှုပ်လိုက်သည့် အခါ ပိုင်ရွှယ်ချင်းဓားက လှံနဲ့ ထိသွားချေသည်။

၎င်းက ဘေးကို တွန်းထုတ်လိုက်ပေသည်။

လှံသည် နတ်ဘုရားလက်နဲ့ ရိုက်ခံလိုက်ရသလို လမ်းကြောင်းကနေ လိမ်ထွက်သွားချေသည်။

ရီမင်ယု မတုံ့ပြန်နိုင်ခင်ပင်

သူမဓားက သူ့လည်ချောင်းကို ရောက်နေချေပြီ။

အေးစက်သော အစွန်းသည် သူ့မေးရိုးအောက်ရှိ ပါးလွှာသော အရေပြားကို ထိလိုက်သည်။

သူ့ခြေထောက်တွေ ကွေးသွားချေ၏ သူ့မျက်လုံးများ ပြူးကျယ်သွားပေသည်။

သူ့ လှံကို ပစ်ချလိုက်သည်။

"ငါ - ငါ အရှုံးပေးပါတယ်”

သူ့အသံက အက်ကွဲသွားချေ၏

ဒူးထောက်လဲကျသွားပြီး ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း အသက်ရှူဖို့တောင် မနည်းကြိုးစားနေရသည်။ နာကျင်မှုကြောင့် မဟုတ်ဘဲ အရှက်ရမှုကြောင့် မျက်လုံး၌ မျက်ရည်များ ဖုံးလွှမ်းသွားပေသည်။

သူ့တွင် အခွင့်အရေးရှိသည်ဟု တွေးနေမိတာကိုပင် မှားယွင်းသည်ဟု ခံစားလိုက်ရသည်။ သူ့နာမည်ကို ပိုင်ရွှယ်ချင်းနဲ့ တွဲလိုက်တာနဲ့ပင် သူ လက်လျှော့လိုက်သင့်၏

လူအုပ်ကြီးက အံ့ဩသွားကြပေသည်။

တချို့က လက်ခုပ်တီးကြ၏ တချို့ကတော့ တိတ်ဆိတ်သွားကြသည်။

အတော်လေး မြန်ပေ၏ သန့်ရှင်း၏ တစ်စက္ကန့်တောင် မကြာလိုက်ပေ

သူမ ခြေထောက်တောင် မလှုပ်ပေ

ပိုင်ရွှယ်ချင်းသည် သူမဓားကို ပြန်ရုပ်သိမ်းလိုက်သည်။

သူမသည် မာနကြီးသည့်ပုံ မပေါ်ပေ။ ဒါမှမဟုတ် ပျော်ရွှင်နေတဲ့ပုံ ၊အောင်ပွဲခံနေတဲ့ပုံလည်း မပေါ်ပေ။

သူမသည် လှည့်ပြီး စင်မြင့်ပေါ်ကနေ လျှောက်သွားလေ၏ ဓားကို ဓားအိမ်ထဲ ပြန်ထည့်ပြီး ခပ်ဖွဖွလေး ခေါက်လိုက်လေ၏

နောက်ထပ် တစ်ပွဲပင်

တစ်ခဏသာ

ပိုင်မျိုးနွယ်စုဘက်ကရော၊ သူမ အကြီးအကဲတွေရော ဘာမှ မပြောကြပေ။သူတို့ ဒါကို မျှော်လင့်ထားကြသည်။

ပိုင်ကျီဟန်အတွက်လည်း ထိုနည်း၎င်းပင် ။သူသည် မျက်လုံးများကို ပျင်းရိစွာ ပြန်မှိတ်လိုက်၏ ရလဒ်သည် မျှော်လင့်ထားသည့်အတိုင်းပင်

ဒိုင်လူကြီး အသံက ထပ်ပြီး ပဲ့တင်ထပ်လာချေ၏

"အနိုင်ရသူ- ပိုင်ရွှယ်ချင်း”

All Chapters