ကွန်ယက်ချိတ်ဆက်မှု
Vol. 15 Ch. 213
“ကောင်းတယ် ခုန်ကျန်းဟုန်.. မင်းအလုပ်
ကောင်းကောင်းလုပ်ခဲ့တာပဲ”
"ကျေးဇူးတင်ပါတယ် သခင်လေး”
ခုန်ကျန်းဟုန်သည် ဦးညွှတ်လိုက်သည်။
"ငါ မင်းကို အထူးအဆင့် ရှေးဟောင်းပစ္စည်းတစ်ခု ပေးမယ်လို့ ကတိပေးထားပေမဲ့ မင်းလုပ်ခဲ့တာနဲ့ ယှဉ်ရင် သေးငယ်နေပုံရတယ်။ ဒါကိုယူလိုက်”
ထိုသို့ပြောပြီး ပိုင်ကျီဟန်သည် ဓားတစ်ချောင်းကိုထုတ်ယူကာ ခုန်ကျန်းဟုန်ဆီ ပစ်
ပေးလိုက်သည်။
ခုန်ကျန်းဟုန်သည် စိတ်ရှုပ်ထွေးနေသည့်တိုင် လေးစားမှုအပြည့်နှင့် ဓားကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။
ထိုရုတ်တရက်အမူအရာ နောက်ကွယ်မှာတော့ နက်နဲသောအဓိပ္ပာယ်ကို သူသေချာမသိဘဲ ပိုင်ကျီဟန်ကို ကြည့်လိုက်မိလေ၏
"သခင်လေး... ဒါက..."
သူစပြောပေမဲ့ ပိုင်ကျီဟန်သည် လက်ဟန်ပြလိုက်သည်။
ခတ္တငြိမ်သက်မှုနဲ့အတူ ခုန်ကျန်းဟုန်သည်
ဓားအိမ်ကို ဂရုတစိုက်ဖွင့်လိုက်ပေ၏
လေထဲတွင် ညှင်သာသော ရှိုက်သံတစ်ခု ပဲ့တင်ထပ်သွားပြီး အေးစက်သောအလင်းရောင်တစ်ခု တောက်ပလာချေသည်။
အခန်းထဲက အပူချိန်သည် အနည်းငယ်ကျဆင်းသွားပြီး ဓားပေါ်ကနေ ဓားရည်ရွယ်ချက်တစ်ခု ထွက်ပေါ်လာချေ၏
ခုန်ကျန်းဟုန် မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားပေသည်။
"ဒါ... ဒါက”
သူ့စကားတောင် မဆုံးလိုက်မိခင်မှာပဲ ဓား
ကျောရိုးပေါ်တစ်လျှောက် စာတန်း ပြေးလွှားနေ၏
"မြေကမ္ဘာအဆင့်ဓား”
သူ့အသံသည် တုန်ခါနေပြီး တည်ငြိမ်အောင် မနည်းထိန်းထားရလေသည်။
"သခင်လေး၊ ကျွန်တော်... ဒီလိုအဖိုးတန်ရတနာမျိုးကို လက်မခံနိုင်ပါဘူး။ ဒီဓားက ကျွန်တော်ထက် အများကြီးပိုတန်ဖိုးရှိပါတယ်။ ကျွန်တော်ဘယ်လိုလုပ်”
ပိုင်ကျီဟန်သည် လက်ပြပြီး အပြုံးလေးနဲ့ ဖြတ်ပြောလိုက်ပေသည်။
"ငါ့အတွက် အသုံးမဝင်ဘူး။"
(ဒီလောက်အစွမ်းထက်တဲ့ အရာတစ်ခုက ဘယ်လိုလုပ် အသုံးမဝင်နိုင်မှာလဲ။)
ခုန်ကျန်းဟုန် တွေးလိုက်မိသည်။
သူ့အတွက် ထိုရှေးဟောင်းပစ္စည်းသည် မည်သည့်အရာထက်မဆို ပိုတန်ဖိုးရှိနိုင်ပေမဲ့ ပိုင်ကျီဟန်လို လူတစ်ယောက်အတွက်တော့ ဘာမှမဟုတ်နိုင်ဘူးဆိုတာ သူသိ၏
သို့တိုင် မြေကမ္ဘာအဆင့် လက်နက်ကို အသုံးမဝင်ဘူးဟု ပြောမည့် တခြားတစ်ယောက်ယောက် ရှိပါမည်လော
ပိုင်ကျီဟန်တစ်ယောက်တည်းပဲ ဖြစ်ကောင်းဖြစ်နိုင်၏
ပိုင်ကျီဟန်သည် ခုန်ကျန်းဟုန်ကို တည့်တည့်ကြည့်လိုက်သည်။
"ငါ မင်းအပေါ် မျှော်လင့်ချက်တွေ အများကြီးထားတယ် ခုန်ကျန်းဟုန် “
ပိုင်ကျီဟန်သည် ခုန်ကျန်းဟုန် အပေါ် မျှော်လင့်ချက်တွေ အများကြီးထားပေ၏
ခုန်ကျန်းဟုန်သည် ချက်ချင်းပဲ ဒူးထောက်ပြီး ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းငုံ့လိုက်ပေသည်။
"ကျွန်တော်.. ကျွန်တော်က ဒီလိုယုံကြည်မှုနဲ့ မထိုက်တန်ပါဘူး သခင်လေး။ ဒါပေမယ့် သခင်လေး ဒါကိုပေးခဲ့တဲ့အတွက် ကျွန်တော်ဘက်က မပျက်ကွက်စေရဘူးလို့ ကျိန်ဆိုပါတယ်။"
သူ့လက်များသည် ဓားကို ပြန်ထည့်ရင်း အဖိုးမဖြတ်နိုင်သော အမွေအနှစ်တစ်ခုလို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ အနည်းငယ်တုန်ရီနေ၏
"ကျွန်တော် ပိုကြိုးစားပါ့မယ် သခင်လေး။ ကျွန်တော်အပေါ် သခင်လေးရဲ့ ယုံကြည်မှုကို သစ္စာရှိမှုတွေ၊ ရလဒ်တွေနဲ့ ပြန်ပေးဆပ်မယ်လို့ ကျိန်ဆိုပါတယ်”
ပိုင်ကျီဟန်သည် အနည်းငယ်ခေါင်းညိတ်ပြီး ထောက်ခံလိုက်၏
သူ့ဘေးမှာတော့ ဖန်ကျင်းယန်သည် အရာအားလုံးကို မနာလိုစိတ်နဲ့ ကြည့်နေ၏
အရည်အသွေးမြင့်ဆေးပြားတွေအတွက် သူပျော်နေသည့်တိုင် ခုန်ကျန်းဟုန် ရခဲ့စော ဆေးပြားတွေနဲ့ ယှဉ်ပါက ပင်လယ်ထဲက ရေစက်တစ်စက်လိုသာ
မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းလား?
အထူးအဆင့် လက်နက်တောင် သူ့ကို အတော်လေး မနာလိုဖြစ်စေပေမည်။ သို့တိုင် မြေကမ္ဘာအဆင့်လား?
၎င်းသည် လုံးဝကွဲပြားသော အဆင့်တစ်ခုသာ။
ဂိုဏ်း၏ ရာထူးမြင့်မားသော အကြီးအကဲများပင် မပိုင်ဆိုင်ကြပေ။
ထိပ်တန်းမျိုးနွယ်စုများနှင့် ဂိုဏ်းများအတွက်ပင် ထိုကဲ့သို့သော ရတနာများကို အလွန်လုံခြုံစွာထားပြီး အရည်အချင်းအရှိဆုံးသူများ သို့မဟုတ် ကြီးမားသော ပံ့ပိုးကူညီမှုပြုလုပ်သူတစ်ဦးဦးကိုသာ ပေးအပ်လေ့ရှိသည်။
သို့သော် ပိုင်ကျီဟန်သည် ၎င်းကို ခုကျန်းဟုန်အား ပေးခဲ့၏ထိုသို့ အလွယ်တကူပင်
သူ၏ မနာလိုမှုကို ဖိနှိပ်ထားရင်း ၎င်းကို အခြားရှုထောင့်မှ ကြည့်လိုက်သည်။
ပိုင်ကျီဟန်သည် ထိုကဲ့သို့သော ရတနာကို အမှိုက်ဟု ယူဆသည်ကို ကြည့်ပါက ပိုင်ကျီဟန်တွင် ရတနာများစွာ ရှိရမည်ဟု သူသိပေသည်။
ထို့ပြင် တစ်စုံတစ်ဦးသည် သူ၏တာဝန်ကို ပြီးမြောက်အောင်မြင်ပါက ၎င်းကို အလွယ်တကူ ပေးမည်သာ။ ထို့ကြောင့် နောက်တစ်ကြိမ်တွင် သူလည်း တစ်ခုရနိုင်၏
(နောက်တစ်ကြိမ်က ငါ့အလှည့်ဖြစ်ရမယ်)
ဖန်ကျင်းယန်က ကတိပြုလိုက်သည်။
"ဒါကိုလည်း ယူလိုက်”
ပိုင်ကျီဟန်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ခုန်ကျန်းဟုန်ထံ ပစ်ပေးလိုက်သည်။
ခုန်ကျန်းဟုန်သည် ၎င်းကို လျင်မြန်စွာ ဖမ်းယူပြီး သူ၏ဝိညာဉ်ရေးရာအာရုံကို လက်စွပ်ထဲသို့ ထိုးထွင်းလိုက်သည်။ ခဏအကြာတွင် သူ၏မျက်လုံးများ ထပ်မံပြူးကျယ်သွားချေသည်။
"ရွှေဒင်္ဂါးတစ်သိန်း..."
မြေကမ္ဘာအဆင့်ဓားတစ်ချောင်းလောက် အံ့သဩစရာမရှိပေမဲ့ အလွန်ကြီးမားသော ကံကြမ္မာတစ်ခုသာ။ ဂိုဏ်းငယ်လေးတစ်ခုကို ရန်ပုံငွေထောက်ပံ့ဖို့ ဒါမှမဟုတ် အင်ပါယာ၌ ရှိသော အရာရှိကြီးများကို လာဘ်ထိုးဖို့ လုံလောက်ပေ၏
သူ အံ့အားသင့်စွာ မော့ကြည့်လိုက်ချေသည်။
"သခင်လေး..."
"အဲဒါက မင်းရဲ့အလုပ်ကို ဆက်လုပ်ဖို့အတွက်ပဲ။"
ပိုင်ကျီဟန်သည် တည်ငြိမ်စွာပြောလိုက်သည်။
သူ့အကူအညီမပါဘဲ ခုန်ကျန်းဟုန်သည် ထိုကဲ့သို့များပြားသော အချက်အလက်များကို မည်သို့စုဆောင်းနိုင်ခဲ့သည်ကို သူစဉ်းစားမိပေ၏
ထိုရန်ပုံငွေအကူအညီနဲ့ဆို သူစုဆောင်းထားသော အချက်အလက်များသည် ပိုပြီးတန်ဖိုးရှိလိမ့်မည်ဟု သူယုံကြည်သည်။
"မင်းလက်အောက်မှာ အလုပ်လုပ်တဲ့သူတွေကို ဖြန့်ဝေပြီး မင်းရဲ့ကွန်ရက်ကို ချဲ့ထွင်ဖို့ အသုံးပြုပါ။"
ခုန်ကျန်းဟုန်သည် ခေါင်းညိတ်ပြီး ရန်ပုံငွေများကို မည်သို့ခွဲဝေရမည်ကို တွက်ချက်နေ၏
"လူတွေနဲ့ သတင်းတွေကို ပိုစုဆောင်းစေချင်တယ်။ မင်းငါ့အတွက် အလုပ်လုပ်နေတယ်ဆိုတာ သူတို့ မသိစေနဲ့။ ငါပြောထားတဲ့ ပစ်မှတ်တွေကို အထူးအာရုံစိုက်ပါ။"
ခုန်ကျန်းဟုန်သည် ဂရုတစိုက်နားထောင်နေ၏
"ပထမဆုံး နီဖန်းကျိုးကို အမြဲစောင့်ကြည့်။ သူ့အကြောင်း အရာအားလုံးကို လေ့လာ..သူ့ရဲ့အကျင့်စရိုက်တွေ၊ သူနဲ့ပေါင်းသင်းဆက်ဆံတဲ့သူတွေနဲ့ သူကြုံတွေ့ရတဲ့ ထူးဆန်းတဲ့အခွင့်အရေးတွေကိုရော။ အရိုးရှင်းဆုံးအရာတွေကိုတောင် အာရုံစိုက်ပါ။"
"ဟုတ်ကဲ့၊ သခင်လေး”
ခုန်ကျန်းဟုန်သည် ခိုင်မာစွာပြန်ဖြေသည်။
"ဒုတိယအနေနဲ့ လူတွေကို စိမ်းလန်းလမင်းလေလံခန်းမကို စောင့်ကြည့်ဖို့ တာဝန်ပေးပါ။ သူတို့ ပုံမှန်မဟုတ်တဲ့အရာတစ်ခုခုလုပ်ရင် တမ်းမှတ်သားထားပါ။"
ပိုင်ကျီဟန် မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
“ ပြီးတော့ နီမျိုးနွယ်စု - သူတို့ကို အနီးကပ်စောင့်ကြည့်ပါ။ ဖြစ်နိုင်ရင် သူတို့ရဲ့မျိုးနွယ်စုမှာ အရည်အချင်းဖြစ်ဖြစ်၊ ရုပ်ရည်မှာဖြစ်ဖြစ် ထင်ရှားတဲ့မိန်းကလေးတွေရှိမရှိ ရှာဖွေကြည့်ပေး။ နီဖန်းကျိုးနဲ့ ရင်းနှီးတဲ့သူမျိုးထဲကပေါ့”
(နီဖန်းကျိုးမှာ ချစ်သူတစ်ယောက် ရှိနေနိုင်တယ်။ သူရဲကောင်းတစ်ယောက်အနေနဲ့ မိနိးမတစ်ယောက်အတွက် သူရဲကောင်းဖြစ်ချင်တာမျိုးလည်း ဖြစ်နိုင်တယ် ။ချစ်သူမဟုတ်ရင်တောင် သူအရမ်းဂရုစိုက်တဲ့သူပေါ့။)
အခြေအနေများ ပေါ်ပေါက်လာပါက နီဖန်းကျိုးကို ခြိမ်းခြောက်ဖို့ အသုံးချနိုင်၏
"နောက်ဆုံးအနေနဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတွေကို ရှာဖွေကြည့်ပါ ။ အထူးသဖြင့် ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ဒါမှမဟုတ် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာရေး အဆင့် လူသတ်သမားတွေကိုတောင် စည်းရုံးနိုင်တဲ့ အဖွဲ့အစည်းတွေ။"
ပိုင်ကျီဟန်သည် သူ့ကိုသတ်ဖို့ စေလွှတ်လိုက်သူကို ရှာချင်နေတာ သိသာ၏
အသက်ရှင်ကျန်ရစ်ခဲ့သော လူသတ်သမားတစ်ယောက်တည်းက အသုံးမဝင်ပေ။
သူ့ဆီက အသုံးဝင်သော အချက်အလက်လည်း မရခဲ့ပေ
ထို့ကြောင့် သူသည် တရားခံတစ်ယောက်ချင်းကို ရှာချင်၏
ထိုလူတစ်ယောက်အနေနဲ့ သူ့ကိုသတ်ဖို့ ကြိုးစားသည်ကို မည်သို့ လွှတ်ပေးနိုင်မည်နည်း
"နားလည်ပါပြီ”
ခုန်ကျန်းဟုန်သည် ပြန်ဖြေလေ၏
ကျေနပ်စွာနဲ့ ပိုင်ကျီဟန်သည် ဖန်ကျင်းယန်ဘက် လှည့်လိုက်၏
"မင်းရောပဲ ဖန်ကျင်းယန်။"
ဖန်ကျင်းယန်သည် ချက်ချင်းပဲ ဖြောင့်တန်းလိုက်သည်။
"အရင်ကလိုပဲ ဆက်လုပ်။ ကောင်းကင်ဓားဂိုဏ်းနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို နားထောင်ပြီး မျက်လုံးဖွင့်ထားပါ။ အထူးသဖြင့် အကြီးအကဲဟန်ရဲ့ လှုပ်ရှားမှုတွေပေါ့။"
သူ ခဏရပ်လိုက်ပြီး "ဖြစ်နိုင်ရင် တခြားအဓိကဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေအကြောင်း သတင်းအချက်အလက်တွေကို စုဆောင်း။ ခုန်ကျန်းဟုန်ဆီက ရန်ပုံငွေတွေကို အသုံးပြုပါ။ လိုအပ်ရင် ပိုင်မျိုးနွယ်စုဆီကနေ ထပ်တောင်းနိုင်ပါတယ်။ အလောတကြီး ဒါမှမဟုတ် အရေးကြီးတာမျိုး မရှိရင် ငါ့ကို မနှောင့်ယှက်ပါနဲ့။"
ဖန်ကျင်းယန်သည် မျက်တောင်ခတ်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ မေးလိုက်၏ "သခင်လေး... ထပ်ထွက်သွားဦးဖို့လား"
ပိုင်ကျီဟန် ခေါင်းခါလိုက်သည်၊
"မဟုတ်ဘူး။ ငါ တံခါးပိတ်ကျင့်ကြံနေမှာ။ ငါ့ရဲ့ ကျင့်ကြံမှုကို အလေးအနက်ထားဖို့ အချိန်ရောက်ပြီ”