ကမ်းလှမ်းမှုပယ်ဖျက်သည်။ စိန်ခေါ်မှုကို ငြင်းဆိုသည်
Vol. 15 Ch. 220
နီဖန်းကျိုးသည် ဖြစ်ပျက်နေသမျှ အရာကြောင့် အံ့အားသင့်သွားခဲ့သည်။
ပိုင်ကျီဟန်သည် သူ့စိန်ခေါ်မှုကို လက်ခံနိုင်အောင် သူ့အစွမ်းအစကိုတောင် ပြသခဲ့သေး၏
ပိုင်ကျီဟန်သည် ပိုင်ရွှယ်ချင်းကိုယ်စား သူ့ကို စောင့်ကြည့်ဖို့ ဒါမှမဟုတ် တိုက်ရိုက်
ကိုင်တွယ်ဖို့ လာခဲ့တာ သေချာနေသည်။
ပိုင်ကျီဟန်ကို စိန်ခေါ်ခဲ့ပါက သူ့ကို ဖယ်ရှားဖို့ ဒါမှမဟုတ် သူ့အစွမ်းအစကို ခန့်မှန်းဖို့ အခွင့်အရေးကောင်းတစ်ခုအဖြစ် တွန့်ဆုတ်ခြင်းမရှိဘဲ လက်ခံလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
သို့ပေမဲ့ သူဘာပြန်ရခဲ့သနည်း။
မင်္ဂလာဆောင်ဖို့ ကမ်းလှမ်းချက်လား။
စော်ကားတာမျိုးဖြစ်သလို ရယ်စရာလည်းကောင်းပေ၏ အထူးသဖြင့် စေ့စပ်ပွဲပျက်ပြီးနောက် သူခံစားခဲ့ရသော နာကျင်မှုနဲ့ အရှက်ရမှုကို ထည့်သွင်းစဉ်းစားရင်ပေါ့။
"ပိုင်ကျီဟန်၊ တကယ်ပြောတာလား"
နီဖန်းကျိုးသည် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏
"ဟုတ်တယ်၊ ငါ တကယ်ပြောတာ”
ပိုင်ကျီဟန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်ချေသည်။
သူ၏ အကြံပြုချက်သည် မည်မျှ ရယ်စရာကောင်းသည်ကို သူကောင်းကောင်းသိ၏ သို့တိုင် သူ့တွင် ဘာရွေးချယ်စရာရှိမည်နည်း
အင်မော်တယ်ဧကရာဇ်အဆင့် မဟာမိတ်သည် သူလက်လွတ်မခံသင့်သော အရာပင်
ပိုင်ရွှယ်ချင်းသည် စေ့စပ်ပွဲကို ဖျက်သိမ်းပြီး နီမျိုးနွယ်စုကို အရှက်ရစေခဲ့သည်ကို ထည့်သွင်းစဉ်းစားပါက နီဖန်းကျိုးအနေနဲ့ ထိုသဘောတူညီချက်ကို သဘောတူဖို့ မဖြစ်နိုင်ပေ
ပိုင်မျိုးနွယ်စုအပေါ် နီဖန်းကျိုးသည် မည်သို့ပင် အမုန်းတရားတွေ ထားပါစေ၊ အကျိုးကျေးဇူးများသည် အတိတ်က မကျေနပ်ချက်တွေထက် ပိုများနေသရွေ့ အခွင့်အရေးတော့ ရှိနေ၏
မည်သို့ပင်ဖြစ်စေ၊ အတိတ်က အတိတ်ပင်။ ပိုကောင်းသော အနာဂတ်အတွက် တချို့အရာတွေကို လွှတ်ချရမည်သာ
"ဟားဟား... ပိုင်ကျီဟန်၊ မင်းက ကောလာဟလတွေမှာပြောသလို အရှက်ကင်းမဲ့တာပဲ။"
ပိုင်ကျီဟန်သည် အေးစက်စက် ရယ်လိုက်ပြီး ယဉ်ကျေးသော ဟန်ဆောင်မှုကို စွန့်လွှတ်ကာ သူ့ကို တိုက်ရိုက်စော်ကားလိုက်ပေ၏
"ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါလက်ခံမှာ မဟုတ်ဘူး။ မင်း ဘာလို့လဲဆိုတာ သိတယ်မလား။"
ပိုင်ကျီဟန်ကို စိုက်ကြည့်ရင်း နီဖန်းကျိုးသည် မေးလိုက်သည်။
"ပိုင်ကျီဟန်၊ မင်း ဒီလောက် ဟန်ဆောင်ကောင်းတဲ့သူ ဖြစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။"
ပိုင်ကျီဟန် မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲသာ။
"ဟုတ်တယ်၊ ငါ့အစ်မက စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တယ်၊အဲ့တော့ မင်းမျိုးနွယ်စုက အရှက်ရသွားတယ်—ဒါပေမယ့် မင်းရဲ့တာဝန်ကို ရှောင်နေတယ်လို့ မင်းမထင်ဘူးလား။"
"မင်း ဘာကိုဆိုလိုတာလဲ။"
နီဖန်းကျိုးသည် မျက်မှောင်ကြုတ်သွားသည်။
တကယ်တော့ သူ့ဘက်က အရာအားလုံးကို ပြန်မစဉ်းစားမိပေ ။ သူ့မျိုးနွယ်စု ကျဆုံးရခြင်းအပေါ် ပိုင်ရွှယ်ချင်းကို အမြဲအပြစ်တင်ခဲ့သည်။ သူမသာ စေ့စပ်ပွဲကို မဖျက်သိမ်းခဲ့ပါက သူ့မျိုးနွယ်စုသည် ပစ်မှတ်ထားခံရမည်မဟုတ်ဘူးဟု ယုံကြည်ခဲ့သည်။
သို့တိုင် ၎င်းက အမှန်တရားတစ်ခုလုံး မဟုတ်ပေ
"ပထမဆုံးအနေနဲ့ ဘိုးဘွားတွေစီစဉ်ထားတဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းတာက ဒီနေ့ခေတ်မှာ ရှားပါးတဲ့အရာမဟုတ်ပါဘူး။ ဘာလဲ၊ ငါ့အစ်မက သူမ မချစ်တဲ့သူနဲ့ လက်ထပ်လိမ့်မယ်လို့ မင်းတကယ်မျှော်လင့်ထားတာလား။ မင်းဆိုရင်ရော လက်ခံနိုင်ပါ့မလား။ ဖြစ်နိုင်တာက မင်းရဲ့မျိုးနွယ်စုအတွက် အကျိုးရှိမှာမို့လို့လေ”
ပိုင်ကျီဟန်သည် တည်ငြိမ်ပြီး ပြတ်ပြတ်သားသား ဆက်ပြောလိုက်သည်။
"ပြီးတော့ မမေ့နဲ့—ငါတို့ပိုင်မျိုးနွယ်စုက နီမျိုးနွယ်စုကို ဘယ်တုန်းကမှ မရက်စက်ခဲ့ဘူး။ ငါတို့ရဲ့ အရင်ဆက်ဆံရေးကြောင့် မင်းမိသားစုကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တယ်။"
နီဖန်းကျိုးသည် တိတ်ဆိတ်သွားချေသည်။ ပိုင်ကျီဟန် ပြောခဲ့သောစကားတွင် လိမ်ညာမှုတစ်ခုမှ မပါပေ။
သူတို့မျိုးနွယ်စုများသည် အဆင့်အတန်းကွာခြားမှုကြောင့် အရင်လိုရင်းနှီးမှု
မရှိတော့သည့်တိုင် ပိုင်မျိုးနွယ်စုသည် သူတို့ကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်။ နီမျိုးနွယ်စု ကြိုးကြာတိမ်တိုက်မြို့ကို ပြောင်းရွှေ့လာသည့်
အ ချိန်ကစပြီးပင်
ထိုဆက်ဆံရေးသည်ပင် နီမျိုးနွယ်စု၏ရပ်တည်မှုကို မြှင့်တင်ပေးခဲ့သည်။
ပိုင်မျိုးနွယ်စုနဲ့ သူတို့ဆက်နွယ်မှုကြောင့် တခြားမျိုးနွယ်စုများသည် သူတို့ကိုထောက်ခံခဲ့ကြပြီး ကာကွယ်ပေးခဲ့ကြသည်။
ပြိုင်ဘက်မျိုးနွယ်စုများသည် ပိုင်မျိုးနွယ်စု၏ပါဝင်ပတ်သက်မှုကို ကြောက်ရွံ့ပြီး လုပ်ဆောင်ဖို့တွန့်ဆုတ်နေခဲ့ကြသည်။
သူတို့သည်လည်း ဘိုးဘွားများ၏ ကတိကို လိုက်နာခဲ့ကြပေသည်။
သို့တိုင် ပိုင်ရွှယ်ချင်းသည် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ပြီး ပိုင်ထျန်းဟမ်ကို ဒေါသထွက်စေခဲ့တာကြောင့် သူမကို လူသိရှင်ကြားဆူပူခဲ့သေးသည်။
ထို့အပြင် နီဖန်းကျိုး၏ ရဲရင့်သော ကြေငြာချက်သည် မျိုးနွယ်စုနှစ်ခုကြားက ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ခဲ့ချေသည်။
ထိုကြောင့် တကယ်တမ်းမှာတော့ နီမျိုးနွယ်စုအပေါ် နောက်ဆက်တွဲတိုက်ခိုက်ခံရမှုသည် ပိုင်မျိုးနွယ်စု၏ အမှားလုံးဝမဟုတ်ပေ။
နီဖန်းကျိုးသည် ထိုဖြစ်ပျက်ရသည့်အကြောင်းရင်းတွေထဲက တစ်ခုဖြစ်နေသည်ဟု ပြောနိုင်၏
ဖျက်သိမ်းလိုက်လို့ အခက်အခဲကြုံတွေ့ခဲ့ရရုံနဲ့ နီမျိုးနွယ်စုသည် သူတို့အတွက် ပိုင်မျိုးနွယ်စုလုပ်ပေးခဲ့သော အရာအားလုံးကို မေ့ပစ်တာတော့ မဖြစ်သင့်ပေ
နီဖန်းကျိုးအတွက်ကတော့ ဒါတွေအားလုံးက အရေးမကြီးပေ။ ဒါမှမဟုတ် သူ မသိခဲ့တာပင်။ ဒါမှမဟုတ် မသိဖို့ ရွေးချယ်ခဲ့တာလည်း ဖြစ်နိုင်၏ ပိုင်ရွှယ်ချင်းအပေါ် သူ့၏
မကျေနပ်မှုက သူ့ကို မျက်စိကွယ်စေခဲ့သည်။
"ဟုတ်တယ်၊ ငါ့အစ်မက စေ့စပ်ပွဲကို ဖျက်သိမ်းဖို့အတွက် မှားယွင်းတဲ့ အချိန်နဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တာတော့ သေချာပါတယ်။ သူမက ပိုကောင်းအောင် ကိုင်တွယ်သင့်တယ်။ အင်း... သူမကလည်း အခြေအနေကိုတော့ သိတတ်သူ မဟုတ်ဘူး။"
ပိုင်ကျီဟန်သည် ထပ်ပြောလိုက်ပြီး လူအုပ်သည်လည်း သူ့အမ အပေါ် ထိုးနှက်ချက်ကို အလွတ်မခံပေ။
"ဒါပေမယ့် ရိုးရိုးသားသားပြောရရင်—အဲဒီအချိန်မှာ သူ မင်းကို လက်ထပ်လိမ့်မယ်လို့ တကယ်ထင်ခဲ့တာလား။"
ထိုမေးခွန်းက အတော်လေး ထိမိသွားသည်။
နီဖန်းကျိုး မမျှော်လင့်ထားပေ ။ အချစ်ဆိုတာ မရှိခဲ့ပေ။ ပြီးတော့ နက်နက်ရှိုင်းရှိုင်းပြောရလျှင် ပိုင်ရွှယ်ချင်းအတွက် သူဟာ မသင့်တော်ဘူးဆိုတာ သူ သိခဲ့သည်။
သူ တစ်ခါမှ မမြင်ဖူးသော မိန်းကလေးတစ်ယောက်နဲ့ သူ့၏စေ့စပ်ပွဲအကြောင်း သိလိုက်ရသည့်အခါ သူကိုယ်တိုင်တောင် အဆက်မပြတ် ငြင်းပယ်နေခဲ့သည်။
"မင်းက လွန်ခဲ့တဲ့ နှစ်နှစ်က ထိုက်တန်တဲ့သူ မဟုတ်ခဲ့ပေမယ့် အခုတော့ ထိုက်တန်နေပါပြီ။"
ပိုင်ကျီဟန်က ပြောလိုက်လေသည်။
နီဖန်းကျိုးလည်း သက်ပြင်းချလိုက်သည်။
အစကတော့ ပိုင်ကျီဟန်သည် သူ့ကို လှောင်ပြောင်နေသည်ဟု ထင်ခဲ့ပေမဲ့ အရာအားလုံးကို ကြားပြီးတဲ့နောက် ပိုင်ကျီဟန် တကယ်ပြောနေသည်ကို သူ သဘောပေါက်သွားချေသည်။
သူ့အဖြေကို ပြောင်းလဲသွားစေတာတော့ မဟုတ်ပေ
"ဒါဆို ဘယ်လိုလဲ။ ငါတို့ ပိုင်မျိုးနွယ်စုမှာ ကောင်းကင်အင်ပါယာတစ်ဝန်း အလှဆုံး အမျိုးသမီးတွေ ရှိတယ်။ မင်း တစ်ယောက်ထက်ပိုပြီး ရွေးချယ်နိုင်ပါတယ်။"
ပိုင်ကျီဟန်သည် တစ်ဝက်ကနောက်ပြီး တစ်ဝက်အလေးအနက်ပြောကာ ကမ်းလှမ်းလိုက်၏
"မလိုပါဘူး”
နီဖန်းကျိုးသည် တွန့်ဆုတ်ခြင်းမရှိဘဲ ငြင်းဆန်လိုက်၏
"ပြန်စဉ်းစားကြည့်ပါ။ မင်းရဲ့ နီမျိုးနွယ်စုကို ထောက်ပံ့ဖို့ ငါအစွမ်းကုန်ကြိုးစားပြီး အရည်အသွေးမြင့်ဆေးတွေတောင် ပေးနိုင်မယ်လို့ ကတိပေးပါတယ်!"
ပိုင်ကျီဟန်သည် သူပေးနိုင်သော အကျိုးကျေးဇူးကို ပြောပြဖို့ ကြိုးစားနေ၏
"ဘာပဲဖြစ်ဖြစ် ငါ့အဖြေက မပြောင်းလဲဘူး”
နီဖန်းကျိုးက ပြန်ဖြေလိုက်သည်။
"သနားစရာပဲ! ဒါပေမယ့် ငါ့ရဲ့ကမ်းလှမ်းချက်က အခုထိရှိနေဦးမှာပါ။"
ပိုင်ကျီဟန်က ပြောလိုက်လေသည်။
(အလုပ်မဖြစ်ဘူးပဲ)
မည်သို့ပင်ဖြစ်စေ အောင်မြင်ဖို့ အခွင့်အလမ်းများသည်ဟု မဆိုလိုပေ။
သို့တိုင် အလျင်စလိုလုပ်ဖို့ မလိုပေ။ သူ့တွင် ထပ်ကြိုးစားဖို့ အချိန်အများကြီးရှိ၏
ထို့အပြင် တခြားအရာအားလုံး မအောင်မြင်တောင် နီဖန်းကျိုးသည် သူ့ကို အပြစ်တင်လို့မရပေ။ ဘာပဲဖြစ်ဖြစ် ပိုင်ကျီဟန်သည် သူ့ကို အခွင့်အရေးပေးပြီးသားပင်။
ပိုင်ကျီဟန် ထွက်သွားတော့မည့်အချိန်မှာပဲ
နီဖန်းကျိုးက သူ့ကို တားလိုက်သည်။
"ခဏနေဦး..ငါ လောဘကြီးတဲ့ ကောက်ချက်တွေ ချမိတယ်ဆိုတာ သဘောတူတယ်။ ဒါပေမယ့် ငါ မင်းကို စိန်ခေါ်ချင်တယ်။ မင်း လက်ခံလား?"
နီဖန်းကျိုးက မေးလိုက်၏
ပိုင်ကျီဟန်သည် သူ့ကို စိတ်မဝင်စားသလို ကြည့်လိုက်၏။
တစ်ခုခုရဖို့ရှိမှသာ လုပ်တတ်သူတစ်ယောက်အနေနဲ့ ဘာကြောင့် စိတ်ရှုပ်ခံနေရမည်နည်း။
"မေ့လိုက်တော့.. ငါ့ရဲ့ကမ်းလှမ်းချက်ကို မင်းငြင်းပယ်တော့ ငါဘာမှလုပ်ဖို့ စိတ်မပါဘူး"
ပိုင်ကျီဟန်အနေနဲ့ နီဖန်းကျိုးသာ အဆိုပြုချက်ကို လက်ခံခဲ့ပါက သူ့စိတ်ပြောင်းသွားနိုင်သည်ဟု ညွှန်ပြပြီး ပြောလိုက်သည်။
ဒါမှမဟုတ် ဝတ္ထုထဲကလိုပဲ မင်းနိုင်ရင် မင်းတောင်းဆိုတဲ့အတိုင်း ငါလုပ်ပေးမည်ဟူသော အလောင်းအစားတစ်ခု လုပ်နိုင်ပေမည်။
ဒါပေမယ့် ၎င်းက မျှော်လင့်ချက်တစ်ခုသာ
နီဖန်းကျိုးသည် ငြင်းဆန်မှုတစ်ခုအဖြစ်သာ ယူဆခဲ့သည်။
"အဲဒီလိုဆိုရင် ငါမင်းကို အတင်းအကျပ် မလုပ်ပါဘူး။ နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲမှာ ငါတို့တိုက်ခိုက်နိုင်တယ်။ ပြီးရင် ငါ့ရဲ့စွမ်းအားကို ပြမယ်။"
နီဖန်းကျိုးသည် ပိုင်ကျီဟန် ပါဝင်မည်ဟု ယူဆခဲ့၏ - တခြားသူတွေလိုပင်
ပိုင်ကျီဟန်သည် အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်တာကြောင့် သူယှဉ်ပြိုင်မည်ဟု ယုံကြည်တာက သဘာဝကျပေသည်။
သို့တိုင် ပိုင်ကျီဟန်၏ နောက်ထပ်စကားများက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
"စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲမှာ ငါ မပါဝင်ပါဘူး။"
သူက ပေါ့ပေါ့ပါးပါး ကြေငြာလိုက်၏
နီဖန်းကျိုးသည် ပြောခဲ့သော စကားကို အပြည့်အဝ နားမလည်သွားခင် မျက်တောင်
နှစ်ချက် ခတ်လိုက်လေ၏
“ဘာလဲ”
"သခင်လေးပိုင်က နဂါးနဲ့ ဖီးနစ် ပြိုင်ပွဲမှာ မယှဉ်ပြိုင်ဘူးလား?"
"ဘာလို့မပြိုင်တာလဲ? သူက အနိုင်ရဖို့ အခွင့်အရေးအများဆုံးရှိတာကို ! သူက ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူဖြစ်နေရင်တောင် ဒီတစ်ခါ ဆုလာဘ်တွေက အရမ်းကြီးတယ် - ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှုကို ထည့်မပြောပဲနဲ့တောင်”
လူအုပ်က နားမလည်နိုင်ပေ
သူတို့သာ ပိုင်ကျီဟန်နေရာမှာဆို ထိုအခွင့်အရေးဆီ ခုန်ချလိုက်ကြမှာပင်။
ကျော်ကြားမှု၊ ကံကြမ္မာ၊ ထိပ်တန်းဆုလာဘ်များ
ဘယ်သူက အဲဒါကို မလိုချင်ဘဲနေမှာလဲ။
"နောက်နေတာလား?"
"မဟုတ်ဘူး”
"ဘာလို့လဲ?"
နီဖန်းကျိုးသည် စိတ်ရင်းမှန်နဲ့ မေးလိုက်
သည်။
သူတကယ်နားမလည်ပေ ။ ၎င်းသည် ပိုင်မျိုးနွယ်အတွက် အခုရော အနာဂတ်မှာပါ မည်သူနဲ့မှ မယှဉ်နိုင်ကြောင်း အင်ပါယာတစ်ခုလုံးကို ပြသဖို့ ရွှေရောင်အခွင့်အရေးသာ
သူကိုယ်တိုင် ပါဝင်နေတာကြောင့် ကိုယ်ရေးကိုယ်တာ လက်စားချေဖို့အတွက်သာမက သူ့မျိုးနွယ်တွက် ဂုဏ်သိက္ခာနဲ့ အသိအမှတ်ပြုမှုကိုပါ ယူဆောင်ပေးနိုင်၏
အနိုင်ရသူသည် အဆင့် ၇ ဆေးပြားတစ်ပြား ရရှိမည်ဟု ကောလာဟလတွေပါ ထွက်နေသည်။
မည်သူက ထိုဆုလာဘ်ကို မလိုချင်ဘဲနေမည်နည်း။
"ဘာလို့လဲဆိုတော့..အကြောင်းပြချက် မရှိပါဘူး။ ငါအတွက် စိတ်ဝင်စားစရာမကောင်းလို့” ဟု ပိုင်ကျီဟန်က ပြတ်ပြတ်သားသားပြောသည်။ "ဘာပဲဖြစ်ဖြစ်၊ ငါ သွားပြီ။"
သူလှည့်ထွက်သွားပြီး ခုန်ကျန်းဟုန်သည် တိတ်တိတ်ဆိတ်ဆိတ်နောက်ကနေ လိုက်လာကာ အစောင့်များပါ လိုက်လာကြသည်။
နီဖန်းကျိုးသည် ကြောင်အမ်းအမ်းနှင့် ရပ်နေသည်။
သူ့ဘဝတစ်လျှောက်လုံးတွင် သူ့ကိုယ်ပိုင်အရှိန်အဟုန်ဖြင့် လုပ်ဆောင်တတ်သော ပိုင်ကျီဟန်ကဲ့သို့ ခန့်မှန်းရခက်သူနှင့် တစ်ခါမှ မတွေ့ဖူးပေ။
ပိုင်ကျီဟန် ထွက်သွားသောအခါ ကြည့်ရှုသူများ စိတ်ပျက်သွားကြသည်။
သူတို့အနေနဲ့ တစ်သက်မှာတစ်ခါပဲ
ကြုံတွေ့ရမည့် ရန်ပွဲမျိုးကို မျှော်လင့်နေကြပြီး ခါးသီးသော စိတ်ပျက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
(ဖွီး..ဖန်းကျိုး၊ မင်းတကယ်ရှောင်လွှဲနိုင်ခဲ့တာ ကံကောင်းတာပဲ။ ပိုင်ကျီဟန်က မင်းကို စိတ်မဝင်စားပုံပဲ - မဟုတ်ရင်...)
တူချန်ရှန့်သည် ညည်းညူလိုက်သည်။
သူ စိတ်သက်သာရာရသွား၏ ပိုင်ကျီဟန်ကို ပိုလေ့လာကြည့်လေ၊ ပိုသေချာလေဖြစ်သည် - ဤလူငယ်သည် အလွန်အန္တရာယ်များလွန်းသည်။
ကံကောင်းထောက်မစွာပင် ပိုင်ကျီဟန်သည် သူ့တပည့်၏ ပေါ့ဆသောစိန်ခေါ်မှုကို သိပ်မစဉ်းစားဘဲ ပယ်ချလိုက်သည်။
သူလက်ခံပါက တူချန်ရှန့်အဖို့ စိုးရိမ်မိသည် ။ နီဖန်းကျိုး၏ တာအိုနှလုံးသား၌ ပြန်ပြင်လို့မရသော အမာရွတ်တစ်ခု ချန်ထားရစ်ခဲ့နိုင်၏
ထိုပျက်စီးမှုသည် သူ့ကျင့်ကြံမှုကို အလွယ်တကူ အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နှလုံးသားနတ်ဆိုးတစ်ကောင်ကိုတောင် မွေးဖွားစေနိုင်သည်။
နောက်ပိုင်းမှာတော့ တူချန်ရှန့်သည် နီဖန်းကျိုးအား သူ့၏ထပ်ခါတလဲလဲသတိပေးချက်တွေကို လျစ်လျူရှုခဲ့သည့်အတွက် ပြင်းထန်သောဆုံးမစကား ပြောခဲ့သည်။
နီဖန်းကျိုးသည်လည်း စိတ်ရင်းမှန်နဲ့ တောင်းပန်ခဲ့ပြီး နောက်ဆုံးမှာတော့ တူချန်ရှန်သည် ခွင့်လွှတ်ပေးဖို့ ရွေးချယ်ခဲ့သည်။
ပြီးသွားသော အရာတစ်ခုကို တွေးတောနေဖို့ အဓိပ္ပာယ်မရှိပေ။
"ပိုင်ကျီဟန်ကို သတိထားပါ”
နီဖန်းကျိုးကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ ဒါမှသာ နောက်တစ်ခါ အမှားမလုပ်မိမှာပင်