← Chapters

လင်းရွှမ်အလှည့်

Vol. 15 Ch. 226

လင်းရွှမ်အလှည့်

Vol. 15 Ch. 226

ပိုင်ရွှယ်ချင်း၏ အားစိုက်ထုတ်မှုမရှိဘဲ အောင်ပွဲခံပြီးသည့်နောက်မှာတော့ ပြိုင်ပွဲဂုဏ်သိက္ခာရှိပေမဲ့ စိတ်လှုပ်ရှားမှုအနည်းငယ်သာ ပေးစွမ်းနိုင်သော ပွဲစဉ်တွေသာ ထပ်ရောက်လာ၏

အများစုကတော့ ဆယ်ဂဏန်းအောက်နဲ့ အဆုံးသတ်ခဲ့ကြသည်။

တချို့ကတော့ သုံးချက်တောင် မကြာပေ။

သံသစ်သား တောင်ကြားက လူငယ်တစ်ယောက်သည် သူ့လက်နက်ကို မထုတ်ခင်မှာ မေ့မြောသွားခဲ့သည်။

ရွှေအေမွှးတောင်ခန်းမမှနောက်ထပ်မိန်းကလေးတစ်ယောက်ကတော့ လက်ဖဝါးတစ်ချက်တည်းနဲ့ လွင့်စင်သွားခဲ့သည်။

ဒိုင်လူကြီး၏ အသံကတောင် ရလဒ်တွေကို ကြေညာသည့်အခါ စက်အသံတွေ ထွက်ပေါ်လာခဲ့၏

"အနိုင်ရသူ - မြစိမ်းရောင်မိုးကြိုးနန်းတော်က လေ့ကျန်းရှန်။"

"အနိုင်ရသူ -လီမျိုးနွယ်က လီမိန်ယင်။"

"အနိုင်ရသူ - ကောင်းကင်ကျောက်စိန်းခန်းမက ရွှေလျန်အာ။"

အထူးသဖြင့် သူမပွဲစဉ်က ထူးဆန်းနေ၏

ပြိုင်ဘက်သည် တိုက်ခိုက်မှုအလယ်၌ အေးခဲနေပြီး မျက်လုံးများ မှုန်ဝါးကာ သူတစ်ယောက်တည်းသာ မြင်နိုင်သော အာကာသထဲကို စိုက်ကြည့်နေသလိုပင်

ပြီးတော့ သူသည် ဒူးတစ်ဖက်ထောက်ပြီး ရှုံးနိမ့်ခဲ့ပေမဲ့ ဘာတွေဖြစ်ပျက်ခဲ့သည်ကို နားမလည်ခဲ့ပေ။

အထူးသဖြင့် သုတေသနပြုလုပ်ခဲ့သော ဂိုဏ်းများမှ တီးတိုးသံအချို့သည် လူအုပ်ကို ဝိုင်းရံထားသည်။

"လက်တစ်ဖက်မှ မလှုပ်ဘဲ နောက်ထပ်အောင်ပွဲတစ်ခု..."

"ကောင်းကင်ကျောက်စိမ်းခန်းမရဲ့ ဝိညာဉ်ရေးရာပညာရပ်တွေက ကြောက်စရာကောင်းသား.."

"သူမက ယခု လူအုပ်ကို ကြည့်နေတယ် - သူမနဲ့ မျက်လုံးချင်းမဆုံမိပါစေနဲ့”

ပြီးတော့ -

တစ်ဖက်သတ်အောင်ပွဲများ ထပ်မံအောင်မြင်ပြီးနောက် ကောင်းကင်ရှိ တောက်ပသော ပုံရိပ်သည် ထပ်မံရွေ့လျားသွားသည်။

နောက်ပွဲစဉ်။

"ပွဲစဉ်လေးဆယ် - ကောင်းကင်ဓားဂိုဏ်းမှ လင်းရွှမ်နှင့် မြစိမ်းရောင် နေဝန်းဂိုဏ်းမှ ကျင်းယွမ်ကျန်း”

စိတ်ဝင်စားမှုလှိုင်းလုံးတစ်ခုသည် ကွင်းတစ်လျှောက် ပျံ့နှံ့သွားသည်။

သူတို့သည် ပြင်းထန်သောတိုက်ပွဲတစ်ခုကို မျှော်လင့်ထားခြင်းကြောင့်မဟုတ်ဘဲ - သူ၏ပြိုင်ဘက်သည် မည်သူမည်ဝါဖြစ်သည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။

ကျင်းယွမ်ကျန်းသည်

မြစိမ်းရောင် နေဝန်းဂိုဏ်း၏ ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ဝိညာဉ်ဖွဲ့စည်းမှုအစောပိုင်းအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

သူသည် သူ၏အူတိုင်ကို နေတာအိုကျောက်တုံးတစ်တုံးနှင့် ပေါင်းစပ်ထားပြီး နည်းစနစ်အားလုံးကို ၎င်းတို့ ရှိပြီးသားထက် အဆင့်တစ်ဆင့်ပိုမိုအားကောင်းစေသည်။

တစ်ချိန်တည်းမှာပင် လင်းရွှမ်...

"ကောင်းကင်ဓားဂိုဏ်းက နောက်ဂိုဏ်းခေါင်းဆောင်ကို ရွေးဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်၊ သူက ကိုယ်စားလှယ်လောင်းဖြစ်ပုံရတယ်။"

"သူက လက်လုပ်လက်စားဘဝကနေ အဓိကတပည့်ဖြစ်လာတယ်။ သူ့ရဲ့ အရည်အချင်းက စီးဆင်းနေတဲ့ လမင်းဂိုဏ်းကို ခေါ်ဆောင်သွားခံရတဲ့ ပိုင်ရှင်းယွဲ့နဲ့ ယှဉ်နိုင်တယ်လို့ ပြောကြတယ်။"

"သူက အရည်အချင်းရှိပေမဲ့ နှစ်နှစ်အောက်ပဲ အလေးအနက်ထား လေ့ကျင့်ရသေးတယ်။ ပြီးတော့ သူက အခြေတည်ဝိညာဉ်နယ်ပယ်မှာပဲ ရှိသေးတာ။ ကျင်းယွမ်ကျန်းနဲ့ ယှဉ်လို့မရဘူး။"

"ဟားဟား..နောက်ထပ် စိတ်ပျက်စရာတိုက်ပွဲတစ်ခုပဲ ထင်တယ်”

ဂိုဏ်းခေါင်းဆောင်တချို့နဲ့ သံတမန်တချို့သည် မျက်လုံးကျဉ်းကျဉ်းနဲ့ ရှေ့ကို ကိုင်းညွှတ်သွားကြလေ၏

စပ်စုချင်စိတ်တော့ ရှိ၏ အဓိကအားဖြင့် လင်းရွှမ်ကို ကောင်းကင်ဓားဂိုဏ်းခေါင်းဆောင်က ကောင်းကောင်း လေ့ကျင့်ပေးထားလို့သာ

ရလဒ်အနေနဲ့ သူတို့သည်လည်း ကျင်းယွမ်ကျန်း အောင်ပွဲဖြစ်လိမ့်မည်ဟု ယုံကြည်ကြလေ၏

"တောက်..ဒီလူတွေ လင်းရွှမ်အကြောင်း ဘာသိကြလဲ။ သူတို့ အံ့အားသင့်စရာကြီး ကြုံရတော့မယ်”

ခုန်ကျန်းဟုန် ဒေါသထွက်သွားလေ၏

ပိုင်ကျီဟန်၏ အစေခံလုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ သူတို့ အဆင်ပြေပြေနေခဲ့ကြသည်။

အဓိကတပည့်တစ်ယောက်ဖြစ်ပေမဲ့ လင်းရွှမ်သည် သူ့ကို အမြဲတမ်းလေးစားစွာ ဆက်ဆံခဲ့တာကို ထည့်ပြောစရာမလိုပေ

ထိုကြောင့် တခြားသူတွေ သူ့အား အထင်သေးသည်ကို ကြားသောအခါ သူဒေါသထွက်တာ မဆန်းချေ

ပိုင်ကျီဟန်သည်လည်း ခုန်ကျန်းဟုန်စကားကို သဘောတူခဲ့သည်။

လင်းရွှမ် အနိုင်ရမည်လား သေချာမသိပေ။ အထူးသဖြင့် သူ့ပြိုင်ဘက်သည် သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာကို သိသည့်အခါတွင်ပင်

သို့တိုင် သူ့ကို လျှော့တွက်တာက ကြီးမားသောအမှားတစ်ခုသာ။ အထူးသဖြင့်ကောင်းကင်ရွေးချယ်ခံရသူတွေထဲက တစ်ယောက်ဖြစ်တာကြောင့်ပင်

လင်းရွှမ်သည် စင်မြင့်ပေါ်ကို တိတ်တဆိတ်တက်သွားချေ၏

သူ့ဝတ်ရုံများက အဖြူရောင်ဖြစ်ပြီး သူ့ဓားသည်လည်း ထူးခြားမှုမရှိပေ။ တည်ငြိမ်နေပုံရပေမဲ့ သူ့၏ချောမောသော မျက်နှာကလွဲလို့ ဘာမှမထူးခြားပေ

သူသည် ပိုင်ကျီဟန်ဘက်ကို လှည့်ကြည့်ပြီး သူဘယ်လောက်တိုးတက်နေပြီကို ကြည့်ဖို့ တိတ်တဆိတ်ပြောလိုက်၏

တစ်ဖက်မှာတော့ ကျင်းယွမ်ကျန်းသည် မီးတောက်တွေနဲ့အတူ ဆင်းသက်လာပြီး

ရွှေရောင်ဝတ်ရုံများသည် ဝိညာဉ်ချီများ စင်မြင့်ပေါ်ကို လျှံကျလာသလို သိသိသာသာ တောက်ပနေ၏

ကျင်းယွမ်ကျန်း၏ ဘွတ်ဖိနပ်များသည် စင်မြင့်ကို ထိလိုက်သည့်အခါ သူ့ခြေထောက်အောက်၌ မီးလှိုင်းတွေ ပေါက်ကွဲထွက်လာပေသည်။

သူ့ခေါင်းကို စောင်းလိုက်ကာ လင်းရွှမ်ကို ပျော်ရွှင်စွာ စိုက်ကြည့်နေ၏ လူအုပ်ပါ ကိုယ်ကိုင်းပြီး လိုက်ကြည့်ကြသည်။

သူဆီမှ ရယ်သံတစ်ခု ထွက်လာကာ ပေါ့ပါးပြီး လှောင်ပြောင်သော အသံသည် တိတ်ဆိတ်ငြိမ်

သက်နေသော ကွင်းပြင်တစ်ခုလုံးအား ပဲ့တင်ထပ်သွားစေသည်။

"ဒါက ငါတိုက်ခိုက်ရမဲ့သူလား"

သူ့အသံသည် သဘာဝကျကျ ထွက်ပေါ်လာပြီး မထီမဲ့မြင်ပြုမှုအပြည့်နဲ့အတူ သူ့စကားလုံးတိုင်းတွင် တောက်လောင်နေသော အရောင်အဝါ စီးမျောနေပေ၏

"မင်းလက်လျှော့သင့်တယ်။ မင်းမပြိုင်နိုင်တဲ့အခါ ဝန်ခံရတာက ရှက်စရာမဟုတ်ပါဘူး။ ငါ့အချိန်တွေကို မဖြုန်းတီးပါနဲ့"

လင်းရွှမ်က ဘာမှပြန်မပြောပေ။

သူသည် ဓားအိမ်ကို ကိုင်ရင်း တိတ်တိတ်ဆိတ်ဆိတ်ရပ်နေ၏

သူ့ကိုယ်ဟန်က ပြေလျော့နေ၏ သူ့မျက်လုံးများက တည်ငြိမ်နေပေ၏

သူ့အတွက် ထိုလှောင်ပြောင်မှုမျိုးသည်အသစ်အဆန်းတော့ မဟုတ်ပေ

ကျင့်ကြံမှုလမ်းကြောင်းပေါ် လျှောက်လှမ်းပြီးအစေခံနေရာကနေ အဓိကအဆင့်ကို တက်

လှမ်းပြီးကတည်းက လူများသည် သူ့ကို သံသယဝင်ခဲ့ကြသည်။

ကျင်းယွမ်ကျန်း အပြုံးက မှေးမှိန်သွားချေ၏။

"မင်းငါ့ကို လျစ်လျူရှုတာလား?"

သူ့မျက်လုံးများ ကျဉ်းမြောင်းသွားချေသည် ။

"မင်းအကြောင်း ငါကြားဖူးတယ်။ ကောင်းကင်ဓားဂိုဏ်းရဲ့ အံ့ဖွယ်လက်လုပ်လက်စားသမား ။ ရုတ်တရက် ထိပ်တန်းပါရမီရှင်တစ်ယောက်လို အရည်အချင်းကို ပြသပြီး ကောင်းကင်က ကောင်းချီးပေးခံရတယ်။"

သူက လှောင်ပြောင်လိုက်၏

"ဒါပေမယ့် မင်းဘယ်လိုဝတ်စားဆင်ယင်ပါစေ၊ အစေခံက အစေခံပါပဲ။"

သို့တိုင် လင်းရွှမ်ဆီက ဘာတုံ့ပြန်မှုမှ မရှိပေ

ကျင်းသည် နီးကပ်လာပြီး သူ့လက် အနားများက မီးတောက်လာ၏

"မင်းအရင်က ပိုင်ကျီဟန်ဆီ အမှုထမ်းဆောင်ခဲ့တာ မဟုတ်ဘူးလား။ ဒါမှမဟုတ် မင်း အခုထိ တာဝန်ထမ်းဆောင်နေတယ်လို့ ငါကြားတယ်။"

သူ့အပြုံးက ပိုကျယ်လာ၏

"အဲဒါက ကျိုးကြောင်းဆီလျော်တယ်လို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် သူက ကြောက်တတ်တဲ့သူပဲ။"

လင်းရွှမ် မျက်ခုံးများ ပထမဆုံးအကြိမ် တွန့်သွား၏

ကျင်းသည် သူ့အား စော်ကားနေသည်ကို ဂရုမစိုက်သည့်တိုင် ပိုင်ကျီဟန်ကို စော်ကားနေခြင်းက ဘောင်ကျော်နေတာပင်

သို့ပေမဲ့ ကျင်းက မပြီးသေးချေ

"ပိုင်ကျီဟန် - မကြာသေးခင်က သူက လှိုင်းလုံးတွေ ဖန်တီးနေပြီး ငါတို့မျိုးဆက်မှာ အရည်အချင်းအရှိဆုံးလို့တောင် ခေါ်ဝေါ်ခံရတယ်။ မျှော်လင့်ထားတဲ့အတိုင်း လိမ်ညာမှုတွေ ဖြန့်ဝေတာက သူ့ရဲ့ တတ်ကျွမ်းမှုတစ်ခုပဲ”

ကျင်းက ဆက်ပြောလေ၏

"ဒါပေမယ့် နောက်ဆုံးမှာတော့ ဘယ်သူမဆို သူက ကြောက်တတ်တဲ့သူပဲဆိုတာ သိနိုင်တယ်။ အခုချိန်ထိတောင် သူက ပါဝင်ဖို့ မရဲဘဲ ပုန်းဖို့ ကြိုးစားနေတယ်။ တစ်နေ့ကျရင် ငါကိုယ်တိုင် သူ့ကို မျက်နှာဖုံးချွတ်ပေးမယ်။"

ထိုသို့ ပြောခဲ့တာပင်

လင်းရွှမ် လက်က သူ့ဓားဆီ ရောက်သွား၏

ထို့နောက် သူမော့ကြည့်လိုက်၏ - ယခုအခါ မျက်လုံးများသည် ပိုမိုထက်မြက်လာပြီး တည်ငြိမ်မှုမရှိတော့ပေ။ ဒေါသကို သူ့မျက်နှာတွင် ရှင်းရှင်းလင်းလင်း မြင်နိုင်၏

"မင်းငါ့ကို စော်ကားလို့ရတယ်" လင်းရွှမ်က ပြောလိုက်သည်၊ "ဒါပေမယ့် သခင်လေးအကြောင်းတော့ မပြောနဲ့။ မင်း ပြောဖို့ မထိုက်တန်ဘူး”

သူ့အသံက ကျယ်လောင်ခြင်းမရှိပေ

ထို့နောက် လင်းရွှမ်သည် အေးစက်ပြီး ရှင်းလင်းစွာ ထပ်ပြော၏

"နောက်ထပ် တစ်ခွန်းပြောရင် ငါမင်းကို သတ်ပစ်မယ်"

ကျင်းယွမ်ကျန်း မျက်တောင်ခတ်လိုက်သည်။

ထို့နောက် ထပ်ရယ်ပြန်သည် ။ ယခုတစ်ကြိမ်တွင် ပိုကျယ်လောင်လာသည်။

"ငါ့ကို သတ်ပစ်မှာလား?"

သူ ထပ်ပြောလိုက်လေ၏

"မင်းက? အခြေတည်ဝိညာဉ်အဆင့် ကောင်စုတ်လေးကလား?"

သူ့အရောင်အဝါ တောက်ပလာပြီး သူ့စွမ်းအား၏ အပူဒဏ်အောက်၌ ပလက်ဖောင်းသည် တုန်ခါသွားချေသည်။

"မင်း စမ်းကြည့်လေ”

All Chapters