← Chapters

ငှက်ကျောင်းထွက်နေတာလား ဆရာ

Vol. 5 Ch. 41

ငှက်ကျောင်းထွက်နေတာလား ဆရာ

Vol. 5 Ch. 41

"ချန်ကောက တကယ်ပဲ ဖုံးကွယ်ထားတဲ့ ကျွမ်းကျင်သူများလား..."

သစ်တောထဲတွင် ကျန်းစန်းကျန့် ၏ မျက်လုံးများ၌ သူ့၏အသုံးမကျသော တပည့်သည် ကျွမ်းကျင်သူဟုတ်မဟုတ် သိချင်စိတ်များ ပြည့်နှက်နေသည်။

တကယ်တော့ တစ်ခါတစ်ရံ သူကိုယ်တိုင်လည်း အနည်းငယ် ရူးသွပ်နေပြီဟု ခံစားရသည်။

ဘာပဲဖြစ်ဖြစ် ရှန်းချန်ကောသည် သူ့လက်အောက်တွင် ကြီးပြင်းလာသူ ဖြစ်သောကြောင့် သူ့မျက်လုံးထဲတွင် မျက်ချေးနှင့် မခြားနားပေ။

သို့သော် သူ ပိုတွေးလေလေ ရှန်းချန်ကောနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရလေလေ ဖြစ်သည်။

ဤအရာကို သူ၏ပုံမှန် အပြုအမူများတစ်ဆင့် မြင်တွေ့နိုင်လေ၏။

အထင်ရှားဆုံး အချက်ကတော့ အမှောင်မြူခိုးတွေ စတင်ကျရောက်လာတုန်းက ရှန်းချန်ကောဟာ မိုချင်းချန်ကို ရိုက်နှက်ပြီးကတည်းက စိတ်ဓာတ်ကျနေခဲ့ခြင်းပင်။

သို့သော် မကြာသေးခင်ကမှ သူဟာ နေ့တိုင်း ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ငိုကြွေးခြင်း မရှိတော့ဘဲ ကောင်းကင်တောင်ထွတ် ပေါ်တွင် ရပ်ကာဝင့်ကြွားလာခဲ့လေသည်။

ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော လူ ပေါ်လာချိန်တိုင်း ရှန်းချန်ကော ရှိမနေခဲ့ပေ။

လွန်ခဲ့သော သုံးရက်က ကျိလင် ကိစ္စဖြစ်ပွားခဲ့စဉ်။

အမှန်တကယ်တော့ ကျန်းစန်းကျန့်သည် ထိုအချိန်က ရှန်းချန်ကောကို အနည်းငယ် စိုးရိမ်ခဲ့သဖြင့် ရှန်းချန်ကော နေထိုင်ရာ နေရာသို့ တမင်သွားရောက်ရှာဖွေခဲ့သည်။

သို့သော် သူ မမျှော်လင့်ထားသည်မှာ ထိုအချိန်က ရှန်းချန်ကော အိမ်တွင် မရှိနေခြင်းပင်။

နေ့ဘက်တွင် မိုချင်းချန်၏ တုံ့ပြန်မှုအပြင် ကျန်းစန်းကျန့်သည် သူ့၏အကြီးဆုံးတပည့်ကို အမှန်တကယ် သံသယဝင်နေသည်။

တကယ်ပဲ သူ ဖြစ်နေမလား။

သူ့အကြီးဆုံးတပည့်၏ ပုံမှန် အသွင်အပြင်၊ ရိုက်နှက်ချင်စရာကောင်းလောက်အောင် သူနှင့် တူညီနေပုံတို့ကို တွေးမိသောအခါ ကျန်းစန်းကျန့် ဒေါသထွက်သွားသည်။

သူ့တပည့်၏ သရုပ်ဆောင်စွမ်းရည်က သူ့လောက် မကောင်းမွန်နိုင်သော်လည်း သူက အလွန် ချောမောနေဆဲပင်။

ရုပ်ရည်အဆင့်အတန်းက မြင့်မားလွန်းတယ်...

လမ်းလျှောက်နေတဲ့ ကြွားဝါစက်ကြီး တစ်လုံးလိုပဲ။

ထိုအချိန်တွင် သူသည် ကောင်းကင်ဘုံဓားဂိုဏ်း ကို ဖြတ်သန်းလျှောက်လှမ်းနေသည်။

"အဲဒီကောင်လေး အိမ်မှာ မရှိဘူး..."

ကျန်းစန်းကျန့်၏မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။

ထို့နောက် သူသည် ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးကို လိုက်ရှာသော်လည်း ရှန်းချန်ကောကို ရှာမတွေ့ပေ။

ဒီကောင်လေး ဂိုဏ်းထဲမှာလည်း မရှိဘူး။ဘယ်ရောက်သွားတာလဲ...

မနက်စောစောစီးစီး အိမ်မှာ မရှိဘူး။ ဘယ်သွားနေတာလဲ။

ကျန်းစန်းကျန့် သံသယဝင်လာသည်။

သူ အမှောင်မြူခိုးထဲ ဝင်သွားတာများလား။

ဤအတွေးဖြင့် ကျန်းစန်းကျန့်သည် ကောင်းကင်တောင်ထွတ်အောက်ခြေအတိုင်း လျှောက်သွားပြီး အပြင်ဘက်သို့ ဦးတည်သွားသည်။

သူ့ရင်ထဲတွင် ကြိုတင်ခံစားနေရသောအရာတစ်ခု ရရှိထားပြီး ဖြစ်သည်။

အကယ်၍ သူသာ ရှန်းချန်ကောကို အမှောင်မြူခိုးထဲတွင် တကယ် တွေ့လိုက်ရလျှင် သူ့အကြီးဆုံးတပည့်နှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ရှန်းချန်ကောက သူ့တပည့်ဖြစ်ပြီး သူက ရှန်းချန်ကောအကြောင်း အသိဆုံးပဲ။

ဒါပေမဲ့ ဒီကောင်က လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်မလား။

သူ့ရဲ့ ပါရမီ...

ပြီးတော့ သူ့ရဲ့ ရယ်စရာကောင်းလောက်အောင် စွမ်းအားကြီးတဲ့ ကောင်းကင်ဘုံဓားကျမ်း၊ ဓားစီးနင်းခြင်းကဏ္ဍ... မဖြစ်နိုင်ဘူး။

သို့သော် ထိုအခိုက်အတန့်တွင်...

သူ အမှောင်မြူခိုးထဲသို့ ခြေမချမီ အမှောင်မြူခိုးများ ပျံ့နှံ့နေသော တောအုပ်ထဲမှ လူပုံသဏ္ဌာန်တစ်ခု ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။

သူ အမှောင်မြူခိုးထဲကနေ ထွက်လာခြင်း မဟုတ်ဘဲ တစ်နေရာမှလမ်းလျှောက်ထွက်တာလည်း ဖြစ်နိုင်လေ၏။

ဒါမှမဟုတ် သူ အမှောင်မြူခိုးထဲက ထွက်လာပြီး တစ်ခုခု လုပ်ခဲ့တာလည်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် သူ့မျက်ဝန်းများ ကျုံ့သွားသည်။

ဤကောင်လေး...

ထိုအခိုက်အတန့်တွင် သူ လူငယ်လေးကို ကြည့်လိုက်သည်။

လူငယ်လေးသည် ယခင်ကနှင့် မတူညီသော အငြွေအသက်မျိုး ရှိနေပုံရသည်။

သူသည် အလွန်လျင်မြန်သော အရှိန်ဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းနေသည်။

အနောက်မှ လိုက်ပါလာသော ကျန်းစန်းကျန့်သည် သူ့ခြေလှမ်းများကြောင့် စိတ်ရှုပ်ထွေးလုနီးပါးဖြစ်ပြီး နောက်ကျကျန်ရစ်ခဲ့သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

ကျန်းစန်းကျန့်၏ မျက်လုံးများတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

ဒါ ဘယ်လို လှုပ်ရှားခြင်းနည်းစနစ် မျိုးလဲ

ရှန်းချန်ကောက လှုပ်ရှားခြင်းနည်းစနစ်တွေကိုပါ ကျွမ်းကျင်နေတာလား။

သူ့အကြည့်များတွင် သံသယများ တဖြည်းဖြည်း ပါဝင်လာသည်။

ဒါ သူ့ရဲ့ အကြီးဆုံးတပည့် ဟုတ်သေးရဲ့လား။

နတ်ဆိုးတစ်ကောင်က ထိန်းချုပ်ထားတာများလား။

သို့သော် ရှန်းချန်ကော ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ပိုပိုမြန်လာသည်။

ကျန်းစန်းကျန့် ရင်ထဲ တင်းကျပ်သွားပြီး အလျင်အမြန် လိုက်သွားသည်။

ရှန်းချန်ကော၏အရှိန်သည် ပိုပိုမြန်လာပြီး ကျန်းစန်းကျန့် မယုံနိုင်လောက်အောင် မြန်ဆန်လာသည်။

"ဒီကောင်စုတ်လေးက ဘယ်လို လှုပ်ရှားခြင်းနည်းစနစ်မျိုးကို ကျွမ်းကျင်ထားတာလဲ"

ကျန်းစန်းကျန့် တုန်လှုပ်သွားသည်။

ဒါ သူ့ရဲ့ပထမဆုံးတပည့် ရှန်းချန်ကော ဟုတ်သေးရဲ့လား။

ဒါက အံ့ဩစရာကောင်းလိုက်တဲ့ အမြန်နှုန်းပဲ။

သူ့ခန့်မှန်းချက်အရ သာမန် 'နတ်တံတားအဆင့်' ကျင့်ကြံသူတစ်ယောက်ပင် သူ့ကိုယှဉ်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့...

ငါနဲ့ ယှဉ်ရင်တော့ မင်းက နုပါသေးတယ်။

သူ့စိတ်ထဲတွင် ကျေနပ်အားရစွာ တွေးနေစဉ် ရှန်းချန်ကော၏အရှိန် ရုတ်တရက် နောက်တစ်ဆင့်သို့ မြင့်တက်သွားသည်။

သူ လျင်မြန်စွာ ပြေးထွက်သွားသည်။

ကျန်းစန်းကျန့် ကြောင်အသွားလေ၏။

ထို့နောက် သူသည် သူ့လှုပ်ရှားခြင်းနည်းစနစ်ကို ရူးသွပ်စွာ တွန်းအားပေးလိုက်သည်။

သူသည် ထိုပုံရိပ်နောက်သို့ အသည်းအသန် လိုက်နေစဉ် သူ့လှုပ်ရှားခြင်းနည်းစနစ်၏ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီ။

ကျန်းစန်းကျန့် ပြေးရလွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်နေသည်။

ဤအမြန်နှုန်းအောက်တွင် သူ့လည်ချောင်းထဲ၌ သွေးများအားဖိအားပေးနေသကဲ့သို့ ခံစားရသည်။

သို့သော်လည်း နောက်ဆုံးတွင် သူမျက်ခြည်ပြတ်သွားခဲ့ပြီ။

သူ့မျက်ဝန်းများ ကျုံ့သွားသည်။

ဒါ ဘယ်လို လှုပ်ရှားခြင်းနည်းစနစ်မျိုးလဲ

'အမှန်တရားပြန်လည်ခြင်းအဆင့်' အဆင့်များ ဖြစ်နေမလား။

ရှန်းချန်ကောက ဒီလို အဆင့်မြင့် လှုပ်ရှားခြင်းနည်းစနစ်ကို ဘယ်လို ကျွမ်းကျင်သွားတာလဲ။

သူ ရှန်းချန်ကောကို မျက်ခြည်ပြတ်သွားပြီ။

ရှန်းချန်ကော၏အမြန်နှုန်းက ကြောက်မက်ဖွယ် ကောင်းလွန်းသည်။

သူသည် အမြင်အာရုံမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထိုအချိန်တွင် သူသည် ကုန်းကုန်းကွကွ ဖြစ်နေပြီး အသက်ရှူမဝ ဖြစ်နေလေ၏။

လှုပ်ရှားခြင်းနည်းစနစ်ကို အလွန်အကျွံ သုံးစွဲမှုကြောင့် ဆူပွက်နေသော ကိုယ်တွင်းသွေးကြောများကို ငြိမ်သက်စေရန် ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် အသုံးပြုနေရသည်။

သို့သော် ထိုအခိုက်အတန့်တွင်...

"အဘိုးကြီး... မနက်စောစောစီးစီးကြီး ဘာလို့မအိပ်တာလဲ။ဘာလို့ ငှက်ကျောင်း ထွက်လာတာလဲ" အနည်းငယ်လျစ်လျူရှုသော အသံက ကျန်းစန်းကျန့်၏ခန္ဓာကိုယ်ကို တင်းမာသွားစေသည်။

ကျန်းစန်းကျန့် တုန်လှုပ်စွာမော့ကြည့်လိုက်ရာ နဖူးပေါ်တွင် ချွေးစက်များ ဖုံးလွှမ်းနေသည်။

သူ မျက်ခြည်ပြတ်သွားပြီဟု ထင်ထားသော ရှန်းချန်ကောသည် သူ မသိလိုက်ဘဲ သူ့ရှေ့တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ရှန်းချန်ကောသည် သူ့ကို မေးစေ့အနည်းငယ်မော့ကာ ဂရုမစိုက်သလို ကြည့်နေသည်။

ကျန်းစန်းကျန့်၏ မျက်နှာအမူအရာ ရှုပ်ထွေးနေပြီး နှလုံးခုန် မြန်လာသည်။

သူ ဘယ်လို လုပ်လိုက်တာလဲ။

"ငါက မင်းရဲ့ ဆရာပဲ... ငါ့ကို လေးစားမှု နည်းနည်းလောက် ပြစမ်းပါ" ကျန်းစန်းကျန့် အံကြိတ်ပြီး ပြောလိုက်သည်။

"ဆရာ... ထပြီး ငှက်ကျောင်းထွက်လာတာလား"

ကျန်းစန်းကျန့် ဓားဆွဲထုတ်ချင်သော်လည်း ထိုသို့လုပ်ခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်မည်ဟု ခံစားရသဖြင့် ထိုအကြံကို လက်လျှော့လိုက်သည်။

"မင်း ဒီရက်ပိုင်း နည်းနည်း ထူးဆန်းနေတယ်"

"အမှောင်မြူခိုးခေတ်ကြီးထဲမှာ ဒါက ပုံမှန်ပါပဲ။ အဲဒါကမှ ထူးဆန်းသင့်တာ" ရှန်းချန်ကော ညင်သာစွာ ပြုံးလိုက်ရာ ကျက်သရေရှိပြီး တင့်တယ်နေသည်။

ရုတ်တရက် ကျန်းစန်းကျန့်သည် သူ့အိတ်ကပ်ထဲမှ အဆောင်စာရွက် တစ်ရွက်ကို ထုတ်ယူပြီး ရှန်းချန်ကော၏ချောမောသော မျက်နှာပေါ်သို့ ကပ်လိုက်သည်။

ရှန်းချန်ကော၏ မျက်နှာ မည်းမှောင်သွားပြီး ဓားဆွဲရန် ပြင်လိုက်သည်။

"ဆရာ... ကျွန်တော် ဆရာ့ကို ဓားထုတ်ပြလိုက်ရမလား"

"ငါ မင်းကို ပြုစုပျိုးထောင်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ငါ့မှာ ဂုဏ်ရည်မရှိရင်တောင် ကြိုးစားအားထုတ်မှုတော့ ရှိပါတယ်။ မင်း ဆရာ့ကို ဓားနဲ့ ဆက်ဆံချင်တာလား"

ရှန်းချန်ကော ကျန်းစန်းကျန့်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

အဘိုးကြီး၏ လေသံ ပြောင်းလဲသွားသည်ဟု သူ ခံစားရသည်။

ဘာလို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ပြီး သနားစရာကောင်းအောင် ဟန်ဆောင်တဲ့ လှည့်ကွက်ကို သုံးနေရတာလဲ။

ရှန်းချန်ကော မထီမဲ့မြင် ပြုလိုက်ပြီး လှည့်ထွက်သွားသည်။

ရှန်းချန်ကော ထွက်သွားပြီးနောက်...

ကျန်းစန်းကျန့်၏ မျက်နှာအမူအရာ အလွန်ဆိုးရွားနေသည်။

သူ့လက်ထဲမှ အဆောင်စာရွက်ကို ကြည့်ရင်း ချွေးအေးများ စိုရွှဲနေသည်။

ဒါက နတ်ဆိုးစစ်ဆေးခြင်း အဆောင်စာရွက်ဖြစ်ပြီး နတ်ဆိုးများ ရှိမရှိ စစ်ဆေးနိုင်သည်။

ရှန်းချန်ကော နတ်ဆိုးပူးကပ်ခံရမည်ကို စိုးရိမ်သောကြောင့် သူ ကပ်ကြည့်လိုက်ခြင်း ဖြစ်သည်။

ရှန်းချန်ကောထံတွင် နတ်ဆိုးအရှိန်အဝါ လုံးဝ မရှိပေ။

သူသည် သန့်စင်သော လူသားတစ်ဦး ဖြစ်သည်။

ဒါပေမဲ့ သူ့စွမ်းအားက ဘာလဲ

ထိုထူးဆန်းပြီး ခန့်မှန်းရခက်သော လှုပ်ရှားခြင်းနည်းစနစ် ပြီးတော့ ရှန်းချန်ကော ဓားဆွဲရန် ပြင်လိုက်စဉ်က ထုတ်ဖော်ပြသခဲ့သော အရှိန်အဝါတို့သည် ကျန်းစန်းကျန့်ကို တုန်လှုပ်သွားစေသည်။

"ဘာပဲဖြစ်ဖြစ် ချန်ကောသာ နတ်ဆိုးပူးတာ မဟုတ်ရင် သူ့စွမ်းအားက ဓားဂိုဏ်းအတွက် အကျိုးရှိမှာပါ။ ဖုံးကွယ်ထားတဲ့ ပါရမီပဲဖြစ်ဖြစ်၊ အခွင့်အလမ်းပဲဖြစ်ဖြစ် ငါ သူ့ကို ယုံတယ်"

သို့သော် ထိုကောင်စုတ်လေး၏စရိုက်က သူ့စရိုက်နှင့် တူနေသည်ကို တွေးမိသောအခါ ကျန်းစန်းကျန့်၏ ပါးစပ်ထောင့် တုန်ယင်သွားသည်။

"..."

ငါ အဲဒီကောင်ကို တကယ် ယုံလို့ရမလား။

တစ်နေ့ကျရင် အဲဒီကောင်စုတ်လေး စိတ်ကူးပေါက်ပြီး ငါ့ကို ဓားနဲ့သတ်၊ ပြီးတော့ သူ့ကိုယ်သူ ဘိုးဘေးလို့ ခေါ်ချင်လာရင် ဘယ်လိုလုပ်မလဲ...

ဒါကို တွေးမိလိုက်တာနဲ့ ကျန်းစန်းကျန့်၏မျက်နှာအမူအရာ အလွန်အရုပ်ဆိုးသွားလေသည်။

All Chapters