အမှောင်မြူခိုးထဲမှ လျှို့ဝှက်ဆန်းကြယ်သောသူ
Vol. 5 Ch. 45
ရှန်းချန်ကော နတ်ဓားဂိုဏ်းတွင် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ဘာမှမသိလိုက်ပေ။
ထိုနေ့...
ကောင်းကင်ဘုံဓားဂိုဏ်း ကျူးကျော်ခံရပြီးနောက် ကင်းလှည့်အဖွဲ့များဟာ ပို၍ခပ်စိပ်စိပ်ဖြစ်လာလေသည်။
ကောင်းကင်ဘုံဓားဂိုဏ်း၏တည်နေရာအား ထိုလူများသိသွားပြီဖြစ်ကြောင်း နားလည်ထားတာကြောင့် နေ့စဉ်ကင်းလှည့်အဖွဲ့ထဲတွင် ဂိုဏ်းသား (၃) ဦး ထပ်ထည့်ထားပြီး အနည်းဆုံး ဂိုဏ်းအကြီးအကဲတစ်ဦး ပါဝင်ရလေ၏။
လွတ်မြောက်ခြင်းအဆင့် နှောင်းပိုင်း ကျင့်ကြံသူများသည် ဂိုဏ်းအတွင်း အင်အားအကောင်းဆုံးအုပ်စုပင်ဖြစ်သည်။
လက်ရှိတွင် ဂိုဏ်းအကြီးအကဲ ခြောက်ဦး ရှိပြီး ကျန်းစန်းကျန့် နှင့်ဆိုလျှင် တစ်ပတ်ကိုတစ်ယောက်အလှည့်ကျစနစ်ဖြင့် အံဝင်ခွင်ကျ ဖြစ်နေလေပြီ။
အမှန်မှာ ကျန်းစန်းကျန့်၏ရည်ရွယ်ချက်က ရှန်းချန်ကောအား ကင်းလှည့်အဖွဲ့ထဲသို့ ပါဝင်စေချင်ခဲ့ခြင်းပင်။
သူ့၏အကြီးဆုံးတပည့်သည် လျှို့ဝှက်ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်းဆိုတာကို ကျန်းစန်းကျန့် က လုံးဝယုံကြည်နေခဲ့တာ ဖြစ်သည်။
သို့သော် သူ ရှန်းချန်ကော၏တံခါးကို ခေါက်လိုက်တဲ့အခါ ရှန်းချန်ကော က ချက်ချင်းငြင်းပယ်လိုက်သည်။
"တစ်ပတ်ကို ၇ ရက်၊ ဂိုဏ်းအကြီးအကဲ ၆ ယောက်နဲ့ ခင်ဗျား... အဆင်ပြေနေပြီ မဟုတ်ဘူးလား"
"ဒါပေမဲ့ ငါ့အခြေအနေကို မင်းသိပါတယ်ကွာ။"
"အသက်ကြီးပေမဲ့ သန်မာနေဆဲပဲ၊ စွမ်းအင်တွေ ပြည့်ဝနေတာ။ မနက်ခင်း ကင်းလှည့်တာကလည်း ခင်ဗျားအတွက် မခက်ပါဘူး။"
"ထွက်သွား"
ရှန်းချန်ကော က လှောင်ပြောင်လိုက်ပြီး တံခါးကို ဆောင့်ပိတ်ပစ်လိုက်သည်။
ဘာစကားအစခံနေတာလဲ၊ ငါ နေ့တိုင်း မနက် ချက်အင်လုပ်ရဦးမှာ၊ ဘယ်လိုလုပ် ကင်းလှည့်နိုင်မှာလဲ။
ယနေ့မှာတော့ ကျန်းစန်းကျန့်သည် ဂိုဏ်းချုပ်ဆိုသည့်အတိုင်းပင် စံနမူနာပြရတော့လေ၏။
အမှန်တော့ ဤရက်များအတွင်း အနားယူကာအခြေအနေပြန်လည်ကောင်းမွန်လာပြီးနောက် သူ့၏အင်အားက အတော်အတန်ပြန်ကောင်းလာခဲ့ပြီဖြစ်လေသည်။
သူ ယခု လွတ်မြောက်ခြင်းအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်လေပြီ။
ဘယ်လောက် ခွန်အားပြင်းထန်ခြင်းထုတ်ဖော်နိုင်မည်ကိုမှု သူမည်မျှထိသွေးအန်နိုင်မလဲဆိုသည့်အရာပေါ် မူတည်နေသည်။
ထိုအကြောင်းကို တွေးမိသောအခါ ကျန်းစန်းကျန့် သက်ပြင်းချလိုက်မိသည်။
တစ်ချိန်တုန်းက ဂိုဏ်းခေါင်းဆောင်တစ်ဦး၊ နတ်တံတားအဆင့် ကျွမ်းကျင်သူတစ်ဦးအဖြစ် သူ မည်မျှအထိ ဂုဏ်သရေ ရှိခဲ့ပါသလဲ၊ နောက်ဆုံးတွင်တော့ သူမာန်တက်ပြီး ကျမ်းစာတိုက်ကို သွားခဲ့ရာမှာ ထိုမဟာနတ်ဆိုးကြီး၏လက်ချက်ဖြင့် လမ်းလျှောက်နေသော သွေးအိတ်တစ်လုံးအဖြစ်သို့ အရိုက်ခံခဲ့ရလေသည်။
သို့သော် ထိုအချိန်၌
သူ ချက်ချင်းလေးနက်သွားပြီး အမှောင်မြူများ ပျံ့နှံ့နေသည့် နေရာကို စူးစိုက်ကာကြည့်လိုက်သည်။
"သတိထားကြ လူတစ်ယောက် ရှိနေတယ်"
ချက်ချင်းဆိုသလို လူတိုင်းဓားတွေကို အလျင်အမြန် ဆွဲထုတ်လိုက်ကြသည်။
သူတို့သည် အမှောင်မြူများရှုပ်ထွေးနေသည့် နေရာကို စူးစိုက်ကြည့်နေကြသည်။
ရှပ်...
ရှပ်...
စည်းချက်ညီသောခြေသံများသည် ပဲ့တင်ထပ်လာသဖြင့် လူတိုင်း၏နှလုံးသားများ တင်းကျပ်လာသည်။
ချက်ချင်းဆိုသလို ကောင်းကင်ဘုံဓားဂိုဏ်း တည်ရှိရာ တစ်နေရာလုံးမှောင်မိုက်သွားပြီး အလွန်ထူးဆန်းသော စွမ်းအင်အရှိန်အဝါသည် တဖြည်းဖြည်းတိုးဝင်လာသဖြင့် ကျန်းစန်းကျန့် မျက်ခုံးများ ပြင်းထန်စွာ တွန့်လိမ်သွားသည်။
နတ်ဆိုး လား
အမှောင်မြူနက်များ အပြင်ဘက်မှဖြည်းဖြည်းချင်း ဖုံးလွှမ်းလာသည့် ထိုစွမ်းအင်သည် သူယခင်က တွေ့ကြုံခဲ့ရသော နတ်တံတားအဆင့် မဟာနတ်ဆိုးကြီးထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။
မြူနက်များကြားမှ ရှည်လျားသော အရိပ်ကြီးတစ်ခု တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကို မြင်နိုင်သည်။
အပြင်ဘက်ရှိ မြူနက်များသည် ထိုအရာ နီးကပ်လာသည်နှင့်အမျှ ဆူပွက်လာပြီး ပွက်လောရိုက်လာသည်။
ရုတ်တရက်
ဓားဆွဲကိုင်ထားသော လူတိုင်း၏မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
အဘယ်ကြောင့်ဆိုသော် အလွန်အမင်း ပြင်းထန်သော စွမ်းအား၊ ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျဆင်းလာသည်ကို သူတို့ ခံစားရပြီး ထိုဖိအားကြောင့် သူတို့၏ဓားများပင် တုန်ယင်လာခဲ့သည်။
ဂိုဏ်းသားအချို့၏တစ်ဝက်ဆွဲထားသော ဓားများသည်ပင် ထိုစွမ်းအင်အရှိန်အဝါ ကြောင့် အတင်းပြန်ဖိတွန်းထည့်ခြင်း ခံလိုက်ရသည်။
ကျန်းစန်းကျန့် ၏မျက်နှာသည် အလွန်တင်းမာနေသည်။
ထိုသူသည် မြူနက်များဖြင့် ဖုံးအုပ်ထားသော ပိန်ပိန်ပါးပါး လူတစ်ယောက် ဖြစ်သည်။
သူကောင်းကင်ဘုံဓားဂိုဏ်း ထဲသို့ ခြေချလိုက်သည်နှင့် လူတိုင်း၏ဓားများ အားလုံး မြေပေါ်သို့ ပြုတ်ကျကုန်သည်။
သူ၏ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် သံလိုက်စက်ကွင်းကြီးတစ်ခု ဝန်းရံနေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သက်ရောက်နေသကဲ့သို့ပင်။
မြူနက်များ ပွက်လောရိုက်ကာ သူ့နောက်ကွယ်တွင် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားသည်။
သူသည် မျက်နှာကိုငုံ့ကွယ်ထားရာမှ လမ်းလျှောက်ဝင်လာပြီး အနည်းငယ်ခေါင်းမော့လိုက်သည်။
လူတိုင်းက ထိုသူသည် သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။
ဘာကြောင့်… ဒီလောက်
ကြောက်မက်ဖွယ်ကောင်းနေရတာလဲ
ဤအခိုက်အတန့်တွင် သူတို့သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသောခံစားချက်ကို ခံစားလိုက်ရသည်။
ထိုပုဂ္ဂိုလ်၏အရပ်သည် သိပ်မမြင့်သော်လည်း အဆုံးထိမမြင်ရသော မြင့်မားသည့် တောင်ကြီးတစ်လုံးနှင့်တူနေလေသည်။
သူတို့သည် တောင်ခြေမှာ ရပ်ပြီး အပေါ်ကို မော့ကြည့်နေသကဲ့သို့ အေးစက်မှုကိုသာ ခံစားရသည်။
"ဧည့်သည်တော်..."
"အခန်းလွတ်တွေများ ရှိလား။ ခဏလောက် တည်းခိုချင်လို့ပါ။"
ထိုသူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အာ"
ကျန်းစန်းကျန့် သည် ချက်ချင်းဆိုသလို ထိတ်လန့်သွားသည်။
ရုတ်တရက် ပေါ်လာသော ဤလျှို့ဝှက်ဆန်းကြယ်သူသည် ခဏတာ တည်းခိုရန် သာ လိုချင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ရှိပါတယ်၊ ရှိပါတယ်ခင်ဗျာ။"
ထိုသူက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"လိုက်ပို့ပေးပါ။"
လူတိုင်းသည် ထိုလူကို ကြည့်ရင်း လေးစားကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း စိတ်ထဲတွင်တော့ မကျေမနပ် ဖြစ်နေကြသည်။
ဤသူ၏လေသံက သူတို့အား ပုရွက်ဆိတ်များအား အမိန့်ပေးနေသကဲ့သို့ ရှိနေသည်။
သို့သော် ထိုအချိန်၌ ရုတ်တရက် မြူမည်းများ ထပ်မံ ပွက်လောရိုက်လာသည်။
အဝေးမှနေ၍ ကြောက်မက်ဖွယ်တစ်ခုခု ချဉ်းကပ်လာနေပုံရပြီး၊ တဟုန်းဟုန်းခြေသံများက နတ်ဗုံသံများကဲ့သို့ ထွက်ပေါ်လာသဖြင့် လူတိုင်းကို တုန်ယင်စေပြီး နှလုံးသားများအတွင်း အလွန်အမင်း မသက်မသာ ခံစားရစေသည်။
ကျန်းစန်းကျန့်၏မျက်လုံးများ ကျုံ့ဝင်သွားသည်။
ဝှီး
မြူနက်များကွဲထွက်သွားပြီး တောင်ငယ်တစ်လုံးအရွယ်ရှိ ဧရာမနတ်ဆိုးကြီးတစ်ကောင် ပေါ်လာသည်။
၎င်း၏ပုပ်ဆွေးနေသော အသားများမှ စက်ဆုပ်ဖွယ် အနံ့ဆိုးများ ထွက်နေသည်။
၎င်းသည် ကြီးမားသော ခြင်္သေ့ကြီးဖြစ်ပြီး ပိန်ပိန်ပါးပါး၊ ကြောက်မက်ဖွယ်ကောင်းသော ဖြူဖျော့သည့် လူမျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။
၎င်း၏စွမ်းအင်အရှိန်အဝါက ချက်ချင်း ပေါက်ကွဲထွက်လာသဖြင့် ထိုနေရာရှိ ကျန်းစန်းကျန့် အပါအဝင် လူတိုင်း မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ချက်ချင်း ဖိနှိပ်ခံရကာ ခေါင်းပင်မဖော်နိုင်တော့ပေ။
မဟာနတ်ဆိုးကြီး
ဤသည်မှာ နတ်တံတားအဆင့် အလယ်အလတ်ရှိ မဟာနတ်ဆိုးကြီး ဖြစ်ပြီး၊ ၎င်းထုတ်လွှတ်သည့် စွမ်းအင်အရှိန်အဝါကိုကြည့်လျှင် နတ်တံတားအဆင့်နှောင်းပိုင်းနှင့် အလွန်နီးစပ်နေပြီ ဖြစ်သည်။
ဤအဆင့် မဟာနတ်ဆိုးကြီး
ကျန်းစန်းကျန့် ရုတ်တရက် စိတ်ပျက်အားငယ်မှု ခံစားလိုက်ရသည်။
သို့သော် ထိုအချိန်၌
သူတို့နောက်မှ အေးစက်သော ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သူ
သူသည် ဖြည်းညှင်းစွာ လျှောက်လာပြီး သူ၏ ဝတ်ရုံနက်အောက်မှ ဖျော့တော့သော မျက်နှာကို ဖော်ပြလာသည်။
ထိုမျက်နှာတွင် ယခုအခါ မထီမဲ့မြင် ပြည့်နှက်နေသည်။
"အမြဲတမ်း ငါ့နောက်က လိုက်နေတာ မင်းကိုး။"
"ဝေါင်း.."
ထိုပုပ်ဆွေးနေသော ခြင်္သေ့ကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ပတ်ဝန်းကျင်ကို မြူနက်များ ဖြည်းဖြည်းချင်း ဝန်းရံလာသည်။
မြူနက်များ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အသက်စွမ်းအင်များပျက်စီးဆုံးရှုံးသွားပြီး အရာခပ်သိမ်း ခြောက်သွေ့သွားခဲ့သည်။
သို့သော် ထိုအချိန်၌
ထိုသူက အေးစက်စွာ ပြုံးလိုက်ပြီး နောက်ကျောမှ ဓားတစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
ဓားသည် လေထဲသို့ လွင့်ထွက်သွားသည်။
ဓားထွက်သွားသည့် ချက်ချင်းတွင် ဓားသွားပေါ်၌ မီးခိုးရောင်၊မှိန်ဖျော့သော အမျှင်လေးတစ်ခု ရှိနေပြီး ၎င်းသည် ပျက်စီးခြင်းစွမ်းအင် ၏ အရှိန်အဝါကို သယ်ဆောင်ထားသည်ကို ကျန်းစန်းကျန့် က ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ဘုန်း
လူတိုင်း မျက်လုံးပြူးကာ ကြောက်လန့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထို နတ်တံတားအဆင့် မဟာနဝ်ဆိုးကြီး၏ ကြီးမားသော ဦးခေါင်းသည် ချက်ချင်း ထိုးဖောက်ခံလိုက်ရသောကြောင့် ဖြစ်သည်။
ကြောက်မက်ဖွယ် ဓားအလင်းရောင်သည် ကြီးမားသောပျက်စီးခြင်းနှင့် ခြောက်သွေ့ခြင်း စွမ်းအားလှိုင်းများဖြင့် ပေါက်ကွဲထွက်ကာ လေထဲတွင် မီးခိုးရောင် မီးတောက်များအဖြစ် ပေါက်ကွဲသွားသည်။
သူတို့သည် အလွန်နီးကပ်သောကြောင့် ထိုမဟာနတ်ဆိုးကြီး မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိကြသည်။
သို့သော် ချက်ချင်းပင် ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ဓားတစ်ချက်ဖြင့် ထိုးဖောက်ခံလိုက်ရသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သူသည် မည်မျှ အစွမ်းထက်မည်နည်း။
နတ်တံတားအဆင့် အစောပိုင်း...
ကျန်းစန်းကျန့်၏မျက်လုံးများ လင်းလက်သွားသည်။
ထိုသူ၏ကျင့်ကြံခြင်းအဆင့်သည် နတ်တံတားအဆင့် အစောပိုင်း ဖြစ်နိုင်သည်ဟု သူ ခံစားမိသည်။
သို့သော် နတ်တံတားအဆင့် နှောင်းပိုင်းနှင့် နီးစပ်နေသော မဟာနတ်ဆိုးကြီးကိုပင် သူ၏ဓားတစ်ချက်ဖြင့် ထိုးဖောက်နိုင်ခဲ့သည်။
ရုတ်တရက်
ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်၏ နောက်ကွယ်မှ မြူနက်များပွက်လောရိုက်ကာ ရုတ်ချည်း တိုးလာခဲ့သည်။
မှင်ကဲ့သို့ အနက်ရောင် အမှောင်မြူများသည် နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုကို ဆောင်ယူလာပြီး ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများကို မျက်နှာပျက်ကာ နောက်သို့ အဆင့်များစွာ ဆုတ်ခွာစေသည်။
ထိုမြူနက်များသည် မြေပြင်ပေါ်ရှိ ခြင်္သေ့ကို ဝန်းရံလိုက်သည်။
ခဏအကြာတွင် ခြင်္သေ့၏ အသားနှင့် သွေးများ လုံးဝပျောက်ကွယ်သွားပြီး အစိမ်းရောင် ပြည်များယိုစိမ့်နေသော အရိုးစုတစ်ခုသာ ကျန်ရစ်ခဲ့သည်။
လူတိုင်း ထိတ်လန့်ခြောက်ခြားသွားကြသည်
ကျန်းစန်းကျန့်၏မျက်နှာသည် တင်းမာသွားသည်။
မြူနက်ထဲမှ လူ
ဤသည်မှာ မြူနက်ထဲမှ လူ ပင်ဖြစ်သည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုပါတလကား။
"သွားကြစို့။"
ထိုသူ၏မျက်လုံးများ လင်းလက်သွားပြီးနောက် သူသည် ကျန်းစန်းကျန့် နောက်မှ အေးဆေးတည်ငြိမ်စွာ လိုက်ပါကာ ကောင်းကင်ဘုံဓားဂိုဏ်း အတွင်းသို့ ဝင်ရောက်လာသည်။
ခရီးတစ်လျှောက်လုံးတွင် ကျန်းစန်းကျန့် မှာ စကားတစ်ခွန်းမှ မပြောဘဲ လျှောက်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုသူသည် လူစိမ်းကို ရှောင်ရှားသောအေးစက်သည့် အမူအရာကို ထိန်းသိမ်းထားပြီးမျက်နှာသည် အမူအရာကင်းမဲ့နေသောကြောင့် ဖြစ်သည်။
"ဒီမှာပါ။"
ကျန်းစန်းကျန့်၏မျက်လုံးများ လင်းလက်သွားပြီး အနည်းငယ် အားတင်းကာ ပြုံးရင်း ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သူ ခေါင်းညိတ်လိုက်သည်။
ရုတ်တရက် သူ ခြေလှမ်းရပ်တန့်သွားသည်။
ဤအခန်းဘေးတွင် အခြားအခန်းတစ်ခန်း ရှိနေသည်။
သူ ခဏရပ်ပြီး တစ်ခုခုကို အာရုံခံမိသကဲ့သို့ ထိုအခန်းကို ကြည့်လိုက်သည်။
ထိုစဉ်မှာပင်
ထိုအခန်း၏ တံခါးပွင့်လာသည်။
ဝတ်ရုံဖြူဝတ်လူတစ်ယောက် အခန်းထဲမှ ထွက်လာသည်။
သူသည် ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။
ထိုလူငယ်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်သည်။
အိမ်တွင် ဆက်အိပ်ရမည်လား သို့မဟုတ် အပြင်ထွက် လေညင်းခံရမည်လားဟု စဉ်းစားနေပုံရသည်။
ရုတ်တရက် သူတို့၏အကြည့်ကို သတိပြုမိသဖြင့် ထိုလူငယ်လေးသည် လှည့်ကြည့်လာသည်။
ပထမတော့ အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သူ၏အေးစက်သော မျက်နှာအမူအရာသည် ရုတ်တရက် ခေတ္တခဏ အေးခဲသွားသည်။
သူသည် အေးစက်စွာနှာမှုတ်လိုက်ပြီး ခြေလှမ်းများ ပြင်းထန်စွာဖြင့် အခန်းထဲသို့ ဝင်သွားသည်။
သူ၏ နဖူးပေါ်တွင် ချွေးစေးများပင် ပေါ်လာသည်။
လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုလှိုင်း တစ်ခု ရုတ်တရက် ခံစားလိုက်ရသောကြောင့် ဖြစ်သည်။