ပျက်သုဉ်းခြင်းချီ၊ ဝတ်ရုံနက် နှင့် မြူခိုးနေထိုင်သူများစုဝေးခြင်း
Vol. 5 Ch. 46
ထိုလျှို့ဝှက်ဆန်းကြယ်သောလူသည် မိမိအခန်းသို့ ပြန်ရောက်သောအခါ ပိန်ချုံးပြီး ဖြူဖျော့နေသော မျက်နှာကို ဖြည်းညှင်းစွာ ဖော်ပြလိုက်သည်။
ထိုအချိန်တွင် သူ့မျက်နှာအမူအရာသည် ကြည့်ရဆိုးနေသော်လည်း တံခါးပိတ်လိုက်ပြီးနောက် ဖိအားတစ်ခုခုကို ကာကွယ်လိုက်နိုင်သည့်အလား သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
သူ မျက်မှောင်ကြုတ်ပြီး လက်ညှိုးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
ဝီ...
သွေးကြောကဲ့သို့ နက်မှောင်သော မီးခိုးရောင်မျဉ်းတစ်ကြောင်းသည် လက်ချောင်းထိပ်သို့ ဖြောင့်စင်းစွာစီးဆင်းသွားသည်။
ဤမီးခိုးရောင်မျဉ်းပေါ်လာသည်နှင့် တပြိုင်နက် သူ့တစ်ကိုယ်လုံးရှိ အရှိန်အဝါသည် ပြောင်းလဲသွားသည်။
ခြောက်သွေ့ခြင်း၊ ပျက်သုဉ်းခြင်းနှင့် အပြင်ဘက်ရှိ အမှောင်မြူခိုးများထဲတွင် ဖုံးကွယ်နေသော နတ်ဆိုးများကဲ့သို့ အေးစက်သော အငွေ့အသက်များ ပါဝင်နေသည်။
"ငါ့ရဲ့ ပျက်သုဉ်းခြင်းချီ ဖိနှိပ်ခံလိုက်ရတယ်..."
အစောက ထိုလူငယ်လေး သူ့ကို ပြုံးပြလိုက်သည့် အခိုက်အတန့်တွင် သူ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူ (၁၀) နှစ်လုံးလုံး လေ့ကျင့်ပြီးမှ ရရှိခဲ့သော ပျက်သုဉ်းခြင်းချီ တစ်မျှင်သည် ချက်ချင်းဆိုသလို ဘာမှ ပြန်မလုပ်နိုင်ဘဲ ဖိနှိပ်ခံလိုက်ရသည်။
ပျက်သုဉ်းခြင်းချီ...
၎င်းသည် သူတို့ကဲ့သို့သော 'ဝတ်ရုံနက်' များနှင့် 'မြူခိုးနေထိုင်သူများ' ၏ သင်္ကေတဖြစ်သည်။
ပျက်သုဉ်းခြင်းချီကို ကျင့်ကြံအောင်မြင်ခြင်းသည် တိုက်ခိုက်ရေးစွမ်းရည် အဆမတန် မြင့်တက်လာခြင်းကို ကိုယ်စားပြုသည်။
၎င်းသည် အမှောင်မြူခိုးထဲမှ ထုတ်ယူထားသော ကြောက်မက်ဖွယ် စွမ်းအင်တစ်မျိုးဖြစ်ပြီး၊ ဝိညာဉ်စွမ်းအင် နည်းစနစ်အပေါ်တွင် အခြေခံထားသော်လည်း လုံးဝ ကွဲပြားခြားနားသော အလွန်အစွမ်းထက်သည့် နည်းစနစ်တစ်ခု ဖြစ်သည်။
ပျက်သုဉ်းခြင်းချီကို 'ပျက်သုဉ်းခြင်းစွမ်းအင်' ဟုလည်း ခေါ်ဆိုကြပြီး ငြိမ်သက်ခြင်း၊ ခြောက်သွေ့ခြင်းနှင့် ပျက်သုဉ်းခြင်းတို့ကို ကိုယ်စားပြုသည်။
၎င်းသည် ဝိညာဉ်စွမ်းအင်ထက် သာလွန်သော အကြွင်းမဲ့ စွမ်းအားတစ်မျိုး ဖြစ်သည်။
ပျက်သုဉ်းခြင်းချီ တစ်မျှင်တည်းဖြင့် သူသည် အဆင့်ကျော် တိုက်ခိုက်နိုင်သည်။
သူသည် အမှောင်မြူခိုးထဲတွင် 'မြူခိုးသမုဒ္ဒရာ ကျမ်း' ကို ငါးနှစ်ကြာ နားလည်သဘောပေါက်အောင်ကြိုးစားခဲ့ပြီးမှ ပျက်သုဉ်းခြင်းချီ တစ်မျှင်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဤအချက်ကပင် သူ့ကို ရွယ်တူများကြားတွင် ထူးချွန်သူတစ်ယောက် ဖြစ်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မြူခိုးသမုဒ္ဒရာထဲတွင် ကျမ်းတစ်ခုလုံးကို နားလည်သဘောပေါက်ရန်မှာ အလွန် ရှားပါးသောကြောင့် ဖြစ်သည်။
လူအများစုသည် စကားလုံးအနည်းငယ်ကိုသာ နားလည်နိုင်ကြပြီး တစ်ဘဝလုံး ပျက်သုဉ်းခြင်းချီကို မကျင့်ကြံနိုင်ကြပေ။
သေချာသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ဝတ်ရုံနက်များ သို့မဟုတ် မြူခိုးနေထိုင်သူများလည်း ရှိကြသည်။
သူတို့သည် အမှောင်မြူခိုးထဲမှ ကျမ်းများကို နှလုံးသားမန္တန်အဖြစ် ဖွဲ့စည်းနိုင်ပြီး၊ ပိုမိုစွမ်းအားကြီးသူများသည် နည်းစနစ်တစ်ခုလုံးကို တိုက်ရိုက် နားလည်သဘောပေါက်နိုင်ကြသည်။
သို့သော် ထိုကဲ့သို့သော လူများသည် ရှားပါးလှပြီး သူတို့၏ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရာများ ရှိနေတတ်သည်။
ထိုအချိန်တွင် သူ့မျက်နှာထား မကောင်းလှပေ။
"ဝတ်ရုံနက်တွေနဲ့ မြူခိုးနေထိုင်သူတွေက လူတွေကို ဒီနေရာကို တစ်ပြိုင်နက် စေလွှတ်လိုက်ကြတယ်။ ဒီနေရာမှာ အရမ်းအရေးပါတဲ့ သတ္တဝါတစ်ကောင် မွေးဖွားလာမယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဒီနေရာမှာ အရမ်းထူးဆန်းပြီး ဆန်းကြယ်တဲ့ လူငယ်တစ်ယောက် ရှိနေတယ်..."
သူ စိုးရိမ်ပူပန်နေမိသည်။
ဤတစ်ခါ မစ်ရှင်သည် ထင်သလောက် မရိုးရှင်းကြောင်း သူခံစားနေရသည်။
...
ထိုနေ့တွင်...
ကျန်းစန်းကျန့် သည်လည်း တစ်နေကုန် စိတ်လှုပ်ရှားနေခဲ့သည်။
အစပိုင်းတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော လူ ဝင်လာသောအခါ မြူခိုးနေထိုင်သူ တစ်ယောက်က သူတို့၏ဓားဂိုဏ်းကို မတော်တဆ တွေ့ရှိပြီး ခေတ္တ တည်းခိုချင်ရုံသာ ဖြစ်မည်ဟု ထင်ခဲ့သည်။
သို့သော် ယခုတော့...
တစ်ရက်အတွင်းမှာပင်...
ဂိုဏ်းထဲသို့ အမှောင်မြူခိုးထဲမှ လူ (၇) ယောက်၊ (၈) ယောက်ခန့် ဝင်ရောက်လာကြသည်။
သူတို့ တစ်ဦးစီသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်ကြသည်။
သို့သော် ကျန်းစန်းကျန့် ထူးဆန်းသည်ဟု ခံစားရသည်မှာ ဤလူများသည် အုပ်စုနှစ်စု ကွဲနေပုံရခြင်း ဖြစ်သည်။
အုပ်စုတစ်စုမှာ ဓားကိုအသုံးပြုကြပြီး အနက်ရောင် ဝတ်ရုံများ ဝတ်ဆင်ထားကာ အလွန် လျှို့ဝှက်ဆန်းကြယ်ကြသည်။ (ဝတ်ရုံနက်/အနက်ရောင်ဝတ်ရုံအဖွဲ့)
နောက်အုပ်စုတစ်စုမှာ ဝတ်စားဆင်ယင်မှု သတ်မှတ်ချက် မရှိသော်လည်း ဓားကျင့်ကြံသူ ရှားပါးသည်။
သူတို့အားလုံးသည် အရပ်ရှည်ပြီးကြမ်းတမ်းသော လက်များ ရှိကြသည်။
လမ်းလျှောက်လိုက်တိုင်း ကြီးမားသော ဖိအားကို ထွက်ပေါ်လာစေသည်။
ဤလူများသည် ကြောက်မက်ဖွယ် စွမ်းအားများ ရှိကြပြီး ကျန်းစန်းကျန့် ရှေ့သို့ ရောက်လာကာ...
"ခေတ္တတည်းခိုဖို့ နေရာရှိလား" ဟု မေးကြသည်။
ကျန်းစန်းကျန့်က "နေရာမရှိဘူး၊ အကုန် ထွက်သွားကြ" ဟု ပြောချင်သော်လည်း...
တစ်ဖက်လူက သူ့သဘောဆန္ဒကို မေးမြန်းနေခြင်း မဟုတ်ဘဲ အသိပေးနေခြင်းသာ ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် သူ့နေအိမ်ကို ဖယ်ပေးလိုက်ပြီး ထိုလူများကို ပေးလိုက်ရသည်။
ဤ မြူခိုးနေထိုင်သူများသည် နဂါးများကဲ့သို့ ခေါင်းသာပြပြီး အမြီးမပြတတ်ကြပေ။
သူတို့အားလုံးသည် ထူးခြားသော အဆင့်အတန်းနှင့် ကြောက်မက်ဖွယ် စွမ်းအားများ ရှိကြသည်။
ယခု သူတို့အားလုံး ဤနေရာတွင် စုဝေးနေကြသည်။
အကြီးအကဲများ ပြန်လာပြီး ပြောပြချက်အရဆိုလျှင် သူတို့၏ကောင်းကင်ဘုံဓားဂိုဏ်း တည်ရှိရာ နေရာသည် အမှောင်မြူခိုး၏အစွန်ဆုံးနေရာသာ ဖြစ်သည် မဟုတ်ပါလော။
ဤအရာက...
အနီးအနားတွင် ရတနာတစ်ခုခုထွက်ပေါ်လာသည်လော။
ဒါမှမဟုတ် မြူခိုးသမုဒ္ဒရာအား ခြိမ်းခြောက်နိုင်လောက်သည့် နတ်ဆိုးတစ်ကောင် ပေါ်လာသည်လော။
ကျန်းစန်းကျန့် တွေးတောရင်း သူ့အကြီးဆုံးတပည့်၏တံခါးရှေ့သို့ ရောက်လာသည်။
ဒေါက်... ဒေါက်... ဒေါက်...
"ဘယ်သူလဲ... ဘာကိစ္စလဲ"
"ငါပါ... မင်းရဲ့ ဆရာ"
ရှန်းချန်ကော စိတ်မရှည်စွာဖြင့် တံခါးဖွင့်လိုက်သည်။
"ဘာကိစ္စလဲ"
"ငါ့အခန်းကို သူများတွေကို ပေးလိုက်ရပြီ။ ဒါကြောင့် ဒီည မင်းဆီမှာ လာအိပ်ချင်လို့။ မင်း ဘယ်လိုသဘောရလဲ"
ကျန်းစန်းကျန့် ခံစားမိသည်မှာ ယခု ဂိုဏ်းသည် အလွန် အန္တရာယ်များနေပြီ ဖြစ်သည်။
သူ့အကြီးဆုံးတပည့် ရှိသောနေရာကသာ လုံခြုံသည်ဟု ယူဆရသည်။
ရှန်းချန်ကော ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ သူ မသိသေးပေမယ့် သူ ရှန်းချန်ကောကို လုံးဝ မယှဉ်နိုင်ဘူးဆိုတာတော့ သူ သေချာနေပြီ။
"လာအိပ်မလို့လား"
ကျန်းစန်းကျန့် ခေါင်းကို အမြန်ညိတ်ပြလိုက်သည်။
ခဏတာ သူ စိတ်လှုပ်ရှားသွားသည်။
'ငါ့တပည့်လေးက ကြီးပြင်းလာပြီပဲ'
သူ့မျက်လုံးများတွင် ကျေနပ်အားရမှုများ ပြည့်နှက်သွားနေသည်။
ယခု ရှန်းချန်ကောသည် ဆရာထက် တပည့်လက်စောင်းထက်နေပြီ ဖြစ်သည်။
ဆရာတစ်ယောက်အနေဖြင့် အကျေနပ်ဆုံးအရာမှာ ကိုယ့်တပည့်က ကိုယ့်ထက် သာလွန်သွားပြီး စွမ်းအားကြီးသူ ဖြစ်လာကာ ဆရာကို ပြန်လည်ကာကွယ်ပေးသည်ကို မြင်တွေ့ရခြင်း ဖြစ်သည်။
ဤအရာက မည်မျှထိပင် ချီးကျူးဖွယ်ရာကောင်းသော ဇာတ်လမ်းနည်း။
ဤအရာကို တွေးမိလျှင် သူမုတ်ဆိတ်မွေးကို သပ်ပြီး ရယ်မောချင်စိတ်ပေါက်လာသည်။
ဘုန်း...
တံခါးကို ရက်ရက်စက်စက်ဆောင့်ပိတ်လိုက်သည်။
ကျန်းစန်းကျန့် "..."
"ကောင်စုတ်လေး မင်း ဘာလုပ်တာလဲ ဆရာက မင်းကို အလကား ကျွေးမွေးထားတာ မဟုတ်ဘူးနော်"
"ကောင်စုတ်လေး တံခါးဖွင့်စမ်း ဆရာ့မှာ တကယ်ပဲ သွားစရာမရှိတော့ဘူးလို့ ထင်နေတာလား"
"တံခါးဖွင့်ပါဦး... ငါတို့ ကောင်းကောင်း စကားပြောရအောင်..." ကျန်းစန်းကျန့် ရုတ်တရက် ခံစားလိုက်ရသည်မှာ တစ်ခါတလေတပည့်က ဆရာနှင့်အလွန်တူနေခြင်းကလည်း ကောင်းမွန်မနေခြင်းပင်။
'ဂိုဏ်းထဲမှာ မြူခိုးနေထိုင်သူတွေနဲ့ ဝတ်ရုံနက်တွေ အများကြီးရောက်နေတာ... မင်းဆရာ ကြောက်တယ်ကွ...'
"မင်းရဲ့ဆရာ ကောင်းကင်တောင်ထွတ်အောက်မှာ အေးခဲပြီးသေသွားမှာကို ရက်ရက်စက်စက် ကြည့်ရက်တယ်လား"
"ဂျူနီယာညီလေးဆီ သွားလိုက်လေ။ သူက ရိုးသားပြီးသဘောကောင်းတယ်။ ခင်ဗျားကို ငြင်းမှာ မဟုတ်ဘူး"
"သူ့ကုတင်က သေးတယ်"
"ထွက်သွား"
ကျန်းစန်းကျန့် သက်ပြင်းချလိုက်သည်။
သို့သော် ခဏကြာသောအခါ သူသည် ရှန်းချန်ကော၏တံခါးကို ဖြည်းညှင်းစွာ ပြန်ခေါက်လိုက်ပြီး မျက်နှာထား လေးနက်သွားသည်။
"ချန်ကော... အပြင်က ရောက်လာတဲ့လူတွေကို မင်း သိပြီးပြီမလား။ သူတို့အားလုံးက အမှောင်မြူခိုးထဲက လူတွေပဲ။ သူတို့ရဲ့ တကယ့် တိုက်ခိုက်ရေးစွမ်းရည်က အပြင်ပန်းထက် အများကြီး သာလွန်တယ်။ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတယ်။ ဒီတစ်ခါ သူတို့ရဲ့ ရည်ရွယ်ချက်ကို မသိရဘူး။ ဂိုဏ်း ဆက်လက်ရှင်သန်ဖို့က မရေရာတော့ဘူး..."
တံခါးတစ်ဖက်မှ အချိန်အကြာကြီး တိတ်ဆိတ်နေသည်။
နောက်ဆုံးတွင်...
"အဘိုးကြီး... အချိန်တန်ရင် ကျွန်တော်လှုပ်ရှားလိုက်ပါ့မယ်"
ထိုစကားကို ကြားသောအခါ ကျန်းစန်းကျန့် ပြုံးလိုက်သည်။
ရှန်းချန်ကောကိုယ်တိုင် ယခုလိုပြောမှတော့ သူ့တွင် ယုံကြည်ချက်ရှိ၍ဖြစ်လိမ့်မည်။
"ချန်ကော... မင်းကိုပဲ အားကိုးရတော့မယ်။ ကောင်းကင်ဘုံဓားဂိုဏ်းက ငါ တည်ထောင်ခဲ့တဲ့ အင်ပါယာပဲ"
"ခင်ဗျားက ပြည့်တန်ဆာအိမ်ကို ခဏခဏ သွားလွန်းလို့ ပင်မဂိုဏ်းကနေအောက်ကို ပို့လိုက်တာ မဟုတ်ဘူးလား"
"သွားစမ်း အကြီးအကဲတွေ လျှောက်ပြောတာ နားမထောင်နဲ့။ ငါက သူတော်စင်သားတော်နေရာကို ငြင်းပယ်ပြီး နာမည်ဂုဏ်သတင်းကို ဖုံးကွယ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အောင်မြင်ချင်လို့ ထွက်လာခဲ့တာ"
"နောက်ထပ် ဗားရှင်းတစ်ခုကတော့ ခင်ဗျားက ကောင်းကင်ဘုံဓားဂိုဏ်းရဲ့အရင်မျိုးဆက်က သူတော်စင်သမီးတော်ကို စော်ကားခဲ့လို့တဲ့"
"တိတ်စမ်း"
ကျန်းစန်းကျန့်၏မျက်နှာ မကောင်းတော့ပေ။
ထိုအချိန်တွင် သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ချန်ကော... အခွင့်အရေးရရင် မင်း သူတို့နဲ့ ဆက်သွယ်ဖို့ ကြိုးစားသင့်တယ်လို့ ငါ ထင်တယ်။ သူတို့ရဲ့ အဖွဲ့အစည်းထဲ ဝင်မလားဆိုတာတော့ စဉ်းစားကြည့်ပေါ့။ မင်းရဲ့ စွမ်းအားနဲ့ ပါရမီအရဆိုရင် သူတို့ မင်းကို ငြင်းပယ်မှာ မဟုတ်ဘူး"
ရှန်းချန်ကော ဘာမှ ပြန်မပြောပေ။
"သူတို့နဲ့ ပူးပေါင်းမှသာ အမှောင်မြူခိုးရဲ့ လျှို့ဝှက်ချက်တွေကို အမှန်တကယ် နားလည်နိုင်မှာ။ အမှောင်မြူခိုးထဲမှာ များများသိလေ အသက်ရှည်ရှည် နေရလေပဲ။ အဆိုးရွားဆုံးကတော့ ဘာမှန်းမသိဘဲ သေသွားရတာပဲ..."
"ငါ့ဆီမှာ အရောင်းအဝယ်လုပ်လို့ရတဲ့ ပစ္စည်းတချို့ ကျန်သေးတယ်။ မင်း သူတို့နဲ့ ပူးပေါင်းပြီး မြူခိုးနေထိုင်သူ ဖြစ်လာနိုင်မလားဆိုတာ ငါ ကူညီပြီး ဆက်သွယ်ပေးမယ်"
ကျန်းစန်းကျန့် ထွက်ခွာသွားသည်။
ရှန်းချန်ကောသည် သူ့အခန်းထဲတွင် ထိုင်နေရင်း ခေါင်းခါပြီး ရယ်မောလိုက်မိသည်။
"ဒီအဘိုးကြီးကတော့..."
ကျန်းစန်းကျန့်သည် အမှန်တကယ်ပင် ကိစ္စရပ်တိုင်းတွင် သူ့အတွက် စဉ်းစားပေးသည်။
သူသည် ပုံမှန်အချိန်များတွင် အနည်းငယ် ပေါတောတော နိုင်သော်လည်း ရှန်းချန်ကောအပေါ် စစ်မှန်သော စေတနာထားပြီး သားအရင်းကဲ့သို့ ဆက်ဆံသည်။
"ကောင်းကင်ဘုံဓားဂိုဏ်းနားမှာ တကယ်တမ်း ဘာတွေ ပေါ်လာလို့ ဒီလောက်များတဲ့ ဝတ်ရုံနက်တွေနဲ့ မြူခိုးနေထိုင်သူတွေ ရောက်လာကြတာလဲ"
ဝတ်ရုံနက် နှင့် မြူခိုးနေထိုင်သူ တို့သည် အဖွဲ့အစည်း နှစ်ခု ဖြစ်သည်။
ရှန်းချန်ကော၏လေ့လာချက်အရ သူတို့သည် အပြန်အလှန် ဆန့်ကျင်ဘက် ဖြစ်ပုံရသည်။
သူတို့နဲ့ ပူးပေါင်းမှာလား
မြူခိုးနေထိုင်သူ...
ရှန်းချန်ကော ရုတ်တရက် မဟာပျက်သုဉ်းခြင်းကျမ်းကို သတိရလိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ပျက်သုဉ်းခြင်းအရှိန်အဝါတစ်လွှာ ရုတ်တရက် လွှမ်းခြုံသွားသည်။
မီးခိုးရောင် စွမ်းအင်သည် ငြိမ်သက်ခြင်းနှင့် ခြောက်သွေ့ခြင်းကို ကိုယ်စားပြုသည်။
ပတ်ဝန်းကျင် လေထုသည် ချက်ချင်း ကစဉ့်ကလျား ဖြစ်သွားလေ၏။
"ခင်ဗျားတို့ ဧည့်သည်လို နေကြမယ်လို့ မျှော်လင့်တယ်..."
သူ့မျက်လုံးများ တဖြည်းဖြည်း အေးစက်လာသည်။
တစ်ခဏချင်းတွင် ကောင်းကင်ဘုံဓားဂိုဏ်းအတွင်းရှိ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်အားလုံးသည် မထိန်းချုပ်နိုင်ဘဲ ကြက်သီးထသွားကြလေ၏။