← Chapters

မစ်ရှင်မှတ်တမ်း

Vol. 5 Ch. 47

မစ်ရှင်မှတ်တမ်း

Vol. 5 Ch. 47

နောက်တစ်နေ့ နံနက်

ရှန်းချန်ကောသည် ပုံမှန်အတိုင်း အပြင်ထွက်လာခဲ့သည်။

ချက်အင်လုပ်ရန်အတွက်ဖြစ်လေ၏။

"ချက်အင်ဝင်ခြင်းအောင်မြင်သည် +၁"

"ရရှိသောဆုလာဘ်- ကောင်းကင်ဘုံဓားကျမ်း - ဓားထိန်းချုပ်ခြင်းကဏ္ဍ ကျင့်ကြံခြင်းအခြေခံ ၅၀၀ နှစ်"

ရှန်းချန်ကောသည် ဓားသခင်ရုပ်တုအောက်၌ ရပ်နေရင်း ချက်အင်လုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်သည်။

ဒီတစ်ကြိမ်တွင်...

ချွမ်...

ရှန်းချန်ကောသည် သူ၏ထိန်းချုပ်ခြင်းဓား ကို ဆွဲထုတ်လိုက်သည်။

ကောင်းကင်ဘုံဓားကျမ်း - ဓားထိန်းချုပ်ခြင်းကဏ္ဍ ကို လည်ပတ်လိုက်သောအခါ သူ့ဓားပေါ်တွင် မိုးကြိုးများ ရုတ်တရက်လှုပ်ရှားလာသည်။

မိုးကြိုးများသည် အေးစက်ပြီး မှောင်မိုက်သော 'ယင်' အခြေအနေတွင် ရှိနေသည်။

သို့သော် ထိုအချိန်တွင် ရှန်းချန်ကော၏ဓားသည် တုန်ခါမြည်ဟည်းလာပြီး ဓားကိုယ်ထည်သည် ပူနွေးလာသည်။

၎င်းပေါ်ရှိ မှောင်မိုက်၍ အေးစက်သော မိုးကြိုးများသည် ရုတ်တရက် ဆူပွက်လာသကဲ့သို့ ဖြစ်လာပြီး အေးစက်ခြင်းမှ တဖြည်းဖြည်း ပူပြင်းလာသည်။

ထိုအချိန်တွင် မှောင်မိုက်သော မိုးကြိုးများသည် ရုတ်တရက်ပေါက်ကွဲထွက်လာပြီး ဖြူဖွေးသွားသည်။

မိုးကြိုးများအတွင်း၌ အလွန် ပြင်းထန်ပြီး အင်အားကြီးသော စွမ်းအားများ ပြေးလွှားနေသည်။

ဓားထိန်းချုပ်ခြင်း - နတ်ဘုရားတစ်ပိုင်းအဆင့်

ယန်ဒြပ်စင်ငါးမျိုး

ယန်မိုးကြိုးဓားထိန်းချုပ်ခြင်း သည် နတ်ဘုရားနယ်ပယ် အောက်တွင် တိုက်ခိုက်ခြင်းစွမ်းအား၏အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုသည်။

ရှန်းချန်ကော ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဆက်လက်၍ ချက်အင်လုပ်လိုက်သည်။

"ချက်အင်အောင်မြင်သည် +၁"

"ရရှိသောဆုလာဘ်- ကောင်းကင်ဘုံဓားကျမ်း - ဓားအသွင်သဏ္ဍာန် ကျင့်ကြံခြင်းအ‌ခြေခံ ၁၀၀ နှစ်"

ဓားအသွင်သဏ္ဍာန် သည်လည်း အဆင့်များ ခွဲခြားထားသည်။

ဓားရွှေ့လျားခြင်း

မြွေရည်ရွယ်ချက်

နဂါးဆန္ဒ

ဤသည်တို့မှာ နတ်ဘုရားနယ်ပယ်အောက်ရှိ အဓိက အခြေအနေ သုံးခုဖြစ်သည်။

ယခုအချိန်တွင် ရှန်းချန်ကောသည် ဓားရွှေ့လျားခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဓားအသွင်သဏ္ဍန်၏တစ်ကွက်ချင်းစီသည် ချောမွေ့စွာ စီးဆင်းနေသည်။

ထို့နောက် ရှန်းချန်ကော ဆက်လက် ချက်အင်လုပ်သည်။

စိတ်ဝိညာဉ်လမ်းညွှန်ခြင်းကျမ်း ခုနှစ်ပုံသုံးပုံခန့် အောင်မြင်မှုရောက်ခဲ့သည်။

သူ၏အာရုံခံနိုင်စွမ်းသည် ချက်ချင်း ပိုမိုအားကောင်းလာသည်ကို သူတိကျစွာ ခံစားနိုင်သည်။

ထိုခံစားချက်သည် အမြင်အာရုံ ပိုမို ယရှင်းလင်းလာသကဲ့သို့ ဖြစ်ပြီး မြင်တွေ့ရသော အရာများအားလုံးသည် ပိုမို ထင်ရှားလာကာ အရောင်များ ပိုမို တောက်ပလာသည်။

သို့သော် ရှန်းချန်ကော သိထားသည်မှာ သူ မျက်စိမှိတ်ထားသော်လည်း ထိုရှင်းလင်းသော ခံစားချက်သည် ဆက်လက်တည်ရှိနေခြင်းမှာ ဝိညာဉ် ၏အာရုံခံနိုင်စွမ်းကြောင့် ဖြစ်သည်။

ထို့နောက် ရှန်းချန်ကောသည် ထပ်မံ၍ ချက်အင် ဝင်ခဲ့သည်။

သူသည် တိုက်ခိုက်ခြင်းဓားစံအိမ် တွင် ဓားနည်းစနစ်အသစ်တစ်ခုကိုရရှိခဲ့သည်။

"တိုက်ခိုက်ခြင်းဓားနည်းစနစ် - နတ္ထိ"

ဤသည်မှာ နေမင်းကြွေဆင်းခြင်း၏ နောက်တစ်ဆင့်သော တိုက်ခိုက်ခြင်းဓားနည်းစနစ်ဖြစ်ပြီး 'အမှန်တရားသို့ပြန်လည်ခြင်း' အဆင့် ဖြစ်သည်။

၎င်း၏စွမ်းအားသည် နေမင်းကြွေဆင်းခြင်း ထက်ပင် သာလွန်ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းသည်။

ယနေ့ ချက်အင်ခြင်းဖြင့် ရှန်းချန်ကော၏အင်အားသည် တစ်ဆင့်တက်၍ မြင့်တက်လာခဲ့သည်။

သူ၏ 'လွတ်မြောက်ခြင်းအဆင့် ကျင့်ကြံခြင်း' သည် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ဒုန်း

သူသည် အမှောင်မြူခိုးထဲသို့ ဝင်ရောက်လိုက်သည်။

ဤသို့ဖြင့် သူ၏အရှိန်အဝါများ ထွက်ပေါ်လာလျှင်ပင် ဓားဂိုဏ်းထဲရှိ လူများက ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

သူ့အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ သူ၏ကျောဘက်တွင် ဝန်းရံနေသော အနက်ရောင်ဝဲဂယက်တစ်ခု ပေါ်ထွက်လာပြီး အမှောင်စွမ်းအင်များ အဆက်မပြတ် လည်ပတ်စုစည်းနေသည်။

'လွတ်မြောက်ခြင်းအဆင့်' တွင် ဒီလို ပုံစံမျိုး ရှိသေးတာလား

ကျောဘက်တွင် ဝဲဂယက် ဖြစ်ပေါ်ခြင်း...

ဤသည်မှာ နယ်ပယ်၏အမြင့်ဆုံးအဆင့်လော။

ယခုအချိန်တွင် ရှန်းချန်ကောသည် ပျက်သုဉ်းခြင်းချီကို အသုံးမပြုဘဲ နတ်တံတားအဆင့်အထွတ်အထိပ်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ပြီဟု ခံစားရသည်။

ဤအင်အားမြင့်တက်လာမှုမှာ အနည်းငယ်တော့ လွန်ကဲနေလေသည်။

ဒီအဆင့်က ဘာဖြစ်နေတာလဲ။

နေ့စဉ် နှစ် (၅၀၀) ကျင့်ကြံခြင်းအခြေခံ တိုးလာခဲ့သော်လည်း သူ နတ်တံတားအဆင့် သို့ မည်သည့်အချိန်ကမှမရောက်နိုင်ခဲ့ပေ။

သူသည် သူဖန်တီးခဲ့သော အနက်ရောင်ကျောက်တိုင်ဖြင့် ပိတ်လှောင်ခံထားရသကဲ့သို့ ခံစားရသည်။

တစ်စုံတစ်ရာမဖြစ်မချင်း သူ အဆင့်တက်နိုင်မည် မဟုတ်ဟု ထင်ရသည်။

ရှန်းချန်ကော သက်ပြင်းချလိုက်သည်။

ထို့နောက် သူအမှောင်မြူခိုးထဲတွင် ချက်အင်ဝင်လိုက်သည်။

မဟာပျက်သုဉ်းခြင်းကျမ်း ကျင့်ကြံခြင်းအခြေခံ ၁၀၀ နှစ်။

ရှန်းချန်ကော၏ ဒျန်တန် အတွင်းရှိ နှလုံးခုန်သံသည် ပို၍ ပို၍ ရှင်းလင်းလာပုံရသည်။

သူ၏ပျက်သုဉ်းခြင်းချီသည်လည်း ပိုပြီးထူထပ်လာသည်။

ယရင်က သူ့ခန္ဓာကိုယ်အားပါးလွှာစွာသာ ဖုံးအုပ်နိုင်ခဲ့သော်လည်း ယခုအခါ ပျက်သုဉ်းခြင်းချီဖြင့် စုစည်းထားသော သံချပ်ကာ ဖြစ်ပေါ်လာတော့မည့်အလား ရှိသည်။

ထိုအချိန်တွင် ရှန်းချန်ကော ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

အမ်

ဒီလူအုပ်စုလား။

ရှန်းချန်ကောသည် အရိပ်တံလျှပ်ကို အလျင်အမြန် အသုံးပြုပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

ခဏချင်းတွင် ရှန်းချန်ကောသည် မှောင်ရိပ်ထဲ၌ ပေါ်လာသည်။

လူအုပ်စုတစ်စုသည် ဓားဂိုဏ်းမှ ခိုးထွက်ပြီး အမှောင်မြူခိုးထဲသို့ ဝင်ရောက်သွားသည်ကို သူ တွေ့လိုက်ရသည်။

ဟမ်

သူတို့သည် မြူခိုးနေထိုင်သူများ ဖြစ်ကြသည်။

မြူခိုးနေထိုင်သူ အဖွဲ့အစည်းတွင် စုစုပေါင်း လူလေးယောက် ရှိသည်။

မိုးမလင်းခင်မှာပင် သူတို့ ဓားဂိုဏ်းကနေ ထွက်ခွာသွားကြသည်။

"စိတ်ဝင်စားစရာပဲ။ ဒီအဖွဲ့အစည်း နှစ်ခုက တကယ်ပဲ ဆန့်ကျင်ဘက်ဖြစ်နေကြတာပဲ။ သူတို့မှာ တူညီတဲ့ ရည်မှန်းချက် ရှိကြတာ သေချာတယ်။ ဒါပေမဲ့ သူတို့ရဲ့မစ်ရှင်အကောင်အထည်ဖော်မှု အစီအစဉ်တွေက လုံးဝ ကွဲပြားခြားနားကြတယ်"

ရှန်းချန်ကော သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။

ထို့နောက် သူ့မျက်လုံးများ မှေးမှိန်သွားသည်။

"သူတို့ ကောင်းကင်ဘုံဓားဂိုဏ်း ကနေ ထွက်သွားမှတော့ အချိန်တိုးအတွင်းတော့ အန္တရာယ်ရှိတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ ဝတ်ရုံနက်တွေ ရဲ့ အစီအစဉ်က ဘာလဲ"

ရှန်းချန်ကောသည် ကောင်းကင်ဘုံဓားဂိုဏ်း ထဲသို့ ပြန်ရောက်လာသည်။

"ဒီလူ တကယ်ပဲထွက်သွားပြီပဲ" ကျန်းစန်းကျန့်က သူအနီးအနားတွင် စီစဉ်ပေးထားသော ဝတ်ရုံနက်နှင့်လူရှိသည့် အခန်းကို သူသွားကြည့်တဲ့အခါ ထိုလူ မနက်စောစောကတည်းက ထွက်သွားပြီဆိုတာ တွေ့လိုက်ရလေသည်။

ဝတ်ရုံနက်များ နှင့် မြူခိုးနေထိုင်သူ နှစ်ဘက်လုံး လှုပ်ရှားမှု စတင်နေကြလေပြီ။

သို့သော် ထိုအချိန်တွင် ရှန်းချန်ကော၏မျက်လုံးတစ်စုံသည် ရုတ်တရက် အေးစက်သွားခဲ့သည်။

သူ ချက်ချင်း ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင်...

ကောင်းကင်ဘုံဓားဂိုဏ်း အတွင်း၌...

ပုံရိပ်အနည်းငယ်သည် အမှောင်ထဲတွင် လှည့်လည်သွားလာနေသည်။

"ကိုယ့်တည်နေရာကို သေချာမှတ်ထားဖို့ မမေ့နဲ့။ အဲဒီ ရိုင်းစိုင်းတဲ့လူရိုင်းတွေက တစ်ယောက်ချင်းသွားရှာကြတာ... တကယ်ကို မိုက်မဲလွန်းတယ်။ ငါတို့က ဒီဓားဂိုဏ်းကို သွေးပူဇော်ခြင်းလုပ်ပြီး အဲဒီအရာကို ထွက်ပေါ်လာအောင် သွေးနဲ့ ဆွဲဆောင်ရမယ်..."

ညအမှောင်အောက်တွင် ဝတ်ရုံနက်နှင့် ဓားသုံးချောင်းကိုကျောပိုးထားသော လူလေးယောက်၏ မျက်နှာများသည် အေးစက်သော အမူအရာများ ထွက်ပေါ်လာသည်။

သူတို့အတွက် ဤဓားဂိုဏ်းမှလူများဟာ ပုရွက်ဆိတ်နှင့် မခြားပေ။

သူတို့၏မစ်ရှင် ပြီးမြောက်နိုင်မည်ဆိုလျှင် ပိုရက်စက်သောနည်းလမ်းများအသုံးပြုဖို့ဝန်မလေးကြပါဘူး။

"ဒါနဲ့... အဲဒီအရာက မစ်ရှင်မှတ်တမ်း မှာ ပြောထားတဲ့အတိုင်း တကယ်ကြောက်စရာကောင်းတာပဲလား"

"ငါ အထင် မဟုတ်လောက်ဘူး။ အကယ်လို့ အဲဒီအရာက မှတ်တမ်းမှာမှတ်ထားသလို ကြောက်စရာကောင်းတဲ့နတ်ဆိုးအဆင့်မျိုးဆိုရင် ငါတို့ကို လွှတ်မှာ မဟုတ်ဘူး။ လုံးဝ ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုတွေ ဆင်းသက်လာလိမ့်မယ်။ ဒါကြောင့် အခုက မသေချာတဲ့ သတင်းအချက်အလက် နည်းနည်းလေးပဲ ရှိနေသေးတာ ဖြစ်နိုင်တယ်"

လူအနည်းငယ် စကားပြောဆိုနေကြသည်။

ရိုးသားစွာပြောရလျှင် မစ်ရှင်၏အကြောင်းအရာကို စစချင်းမြင်ချိန်က သူတို့ချွေးအေးများပင်စီးကျခဲ့ရလေ၏။

နတ်ဆိုး ...

ထိုအဆင့်သည် သူတို့ တစ်ရက်မှပင်မတွေးရဲသော ကြောက်မက်ဖွယ် နတ်ဆိုးကြီးတစ်ကောင် ဖြစ်သည်။

ထိုအဆင့် တည်ရှိမှုမျိုးသည် ဒဏ္ဍာရီများတွင်သာ ရှိသည်ဟုပင် သူတို့ ထင်ခဲ့ကြသည်။

သို့သော် သူတို့အထက်က အဖွဲ့အစည်းက သူတို့အား စေလွှတ်လိုက်သည်ဖြစ်ရာ အဖွဲ့အစည်းပင်လျှင် ထိုအဆင့် တည်ရှိမှုသည် အပြင်ဘက်စက်ဝိုင်းတွင် ပေါ်လာလိမ့်မည်ဟု မယုံကြည်နိုင်သောကြောင့် သတင်းတစ်ခု ရရှိရုံသာ ဖြစ်နိုင်သည်ဟု ထင်ရသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဘုံဓားဂိုဏ်း ကလူတွေကို သွေးပူဇော်ခြင်းလုပ်လိုက်ရင် အမှောင်ထဲက နတ်ဆိုးကိုဆွဲဆောင်နိုင်သည်ဖြစ်စေ၊ မဆွဲဆောင်နိုင်သည်ဖြစ်စေ ငါတို့ရဲ့ မစ်ရှင်မှတ်တမ်းကို ပြီးပြည့်စုံအောင် အစီရင်ခံနိုင်ပြီ"

သူတို့ ပြုံးလိုက်ကြသည်။

အားလုံးသည် အစီအစဉ်၏အဓိကနေရာသို့ ရောက်လာကြသည်။

"ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ် အစီအရင်"

"စတင်ပြင်ဆင်... စွမ်းအင်တွေကို တိတ်တဆိတ် စုဆောင်းထား။နေ့လယ် သုံးနာရီတိတိမှာ စတင် ဖောက်ခွဲမယ်"

ထိုလျှို့ဝှက်ဆန်းကြယ်သူသည် ရှုပ်ထွေးနက်နဲသောလက်ဟန်ကို ပုံဖော်လိုက်ပြီးနောက် လက်ဝါးဖြင့် မြေပြင်ကို တိုက်ရိုက်ရိုက်ချလိုက်သည်။

ထူထပ်သော သွေးရောင်အရေးအကြောင်းများ ပျံ့နှံ့လာပြီး ထိုနောက်တော့ မြူခိုးများသည်လည်း ဤနေရာအား လွှမ်းခြုံလာကာ နောက်ဆုံးတွင် မြေကြီးထဲသို့ ပျောက်ကွယ်သွားသည်။

အမှောင်ရိပ်ထဲတွင်...

ရှန်းချန်ကောသည် ဤနေရာတွင် ဖြစ်ပျက်နေသောအရာအားလုံးကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

သူတို့ပြောနေတဲ့ အရာက ဘာလဲ။

ဝတ်ရုံနက်များကို ကြောက်လန့်စေနိုင်သော အရာသည် အန္တရာယ်ရှိသော်လည်း အလွန်တန်ဖိုးကြီးလိမ့်မည်။

ရှန်းချန်ကောသည် သူတို့၏သွေးပူဇော်ရန် ကြိုးစားနေသော အစီအစဉ်ကို ကြည့်ရင်း အမည်မသိသောအပြုံးကိုထုတ်ဖော်လိုက်သည်။

"ဒီလိုဆိုတော့ ငါ့အတွေးတွေက ရုတ်တရက် ရှင်းသွားပြီပဲ..."

"အဲဒီအရာကို ငါ ယူမယ်"

ရှန်းချန်ကော၏မျက်လုံးများ လင်းလက်သွားသည်။

နေ့လယ် သုံးနာရီမှာ ဒီလူတွေရဲ့အစီအရင် စတင်လိမ့်မယ်။

ဒါပေမဲ့ ဒီအစီအရင်ကို ငါ အသုံးချလို့ မရဘူးလား။

ဒီလူလေးယောက်ကို ငါ သွေးပူဇော်ခြင်းလုပ်လိုက်ရင်...

တစ်စုံတစ်ရာကို ဆွဲဆောင်နိုင်မလား။

သူ၏အပြုံးသည် အမှောင်ထုထဲတွင် ရုတ်တရက် အနည်းငယ်ကြောက်စရာကောင်းလာခဲ့လေ၏။

All Chapters