ချင်အင်အောင်မြင်သည်- ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ် အစီအရင်
Vol. 5 Ch. 48
ရှန်းချန်ကောသည် ထိုအစီအရင်အားလုံး ပြီးဆုံးသွားသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
ဝတ်ရုံနက်လေးယောက်က ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးပြီးနောက် အန္တရာယ်မရှိဟု ယူဆလိုက်ကြသည်။
"ဒီပတ်ဝန်းကျင်ကို စစ်ဆေးပြီးပြီ။ ဒီဂိုဏ်းထဲမှာ ငါတို့ကို ရှာဖွေတွေ့ရှိနိုင်မယ့်သူ လုံးဝမရှိနိုင်ဘူး။ ပြီးတော့ ဒီ ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ် အစီအရင် လည်းပြောစရာမရှိဘူး။ သူ့အလိုလို စွမ်းအင် စုဆောင်းသွားမှာ ဖြစ်ပြီး အစီအရင်ပုံစံတွေက အရမ်းလျှို့ဝှက်လုံခြုံတာမို့ ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး"
"ကောင်းပြီ၊ အားလုံး အသင့်ဖြစ်ပြီ"
ဝတ်ရုံနက်လေးဦးတို့ ခေါင်းညိတ်လိုက်ကြသည်။
ယခုအချိန်တွင် အရာရာ အဆင်သင့်ဖြစ်နေပြီဟု ဆိုနိုင်သော်လည်း အချိန်အခါကိုတော့ စောင့်ဆိုင်းရဦးမည်။
မြူခိုးနေထိုင်သူများဟူသော လူရိုင်းများသည် မစ်ရှင်မှအရာကို ကိုယ်တိုင် သွားရောက်ရှာဖွေချင်ကြသည်။
ထိုကျယ်ပြန့်သော အမှောင်မြူခိုးထဲတွင် ထိုအရာကို ရှာဖွေရန်မှာ ပင်လယ်ထဲ အပ်ရှာသကဲ့သို့ ဖြစ်မည်ကို သူတို့ မသိကြဘူးလော။
ထို့အပြင် ထိုအရာသည် တကယ်တမ်း ရှိ၊ မရှိ မသေချာဘဲ၊ သူတို့ထင်မြင်ယူဆချက်အရ မသေချာသလောက်ပင်ဖြစ်နေသည်။
ထို့ကြောင့် သူတို့သည် ဤဓားဂိုဏ်းကို သွေးပူဇော်ခြင်းပြုလုပ်ပြီး သွေးစွမ်းအင်ဖြင့် ဆွဲဆောင်ရုံသာ လိုသည်။
အကယ်၍ တစ်စုံတစ်ရာထွက်ပေါ်လာခဲ့လျှင် သူတို့ မစ်ရှင်ပြီးမြောက်မည်။
မထွက်ပေါ်လာခဲ့လျှင်လည်း ဤကိစ္စကို မှတ်တမ်းတင်ထားပါက မစ်ရှင်မပြီးမြောက်သော်လည်း အဖွဲ့အစည်းမှ သူတို့ကို အပြစ်ပေးမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ လုပ်သင့်သမျှ အားလုံး လုပ်ခဲ့ကြသောကြောင့်တည်း။
ဤသည်မှာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် နည်းလမ်းပင်။
သူတို့ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းပြီးနောက်...
ရှန်းချန်ကော ထိုနေရာ၌ပေါ်လာလေသည်။
"ငါ အမြဲတမ်း စိတ်ထဲမှာတွေးတောနေခဲ့တာကို... မမျှော်လင့်ဘဲ ဒီနေ့ လက်တွေ့ အကောင်အထည်ဖော်ကြည့်လို့ရပြီ"
"ချက်အင်"
"ချက်အင်အောင်မြင်သည်- အစီအရင်တွင် ချက်အင်ခြင်းအောင်မြင်"
"ရရှိသောဆုလာဘ်-ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ် အစီအရင် ၁ "
မြေပြင်ပေါ်ရှိ ထိုဖုံးကွယ်ထားသော အစီအရင်မှ တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသော ပုံစံများသည် ရုတ်တရက် ထွက်ပေါ်လာပြီး အလွန် တောက်ပနေသည်။
တည်ဆောက်ပုံသည် တိကျသော စည်းမျဉ်းအတိုင်းဖြစ်ပြီး ညီမျှခြင်း၏လှပမှုများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် ထိုအစီအရင်သည် ကျုံ့ဝင်သွားသကဲ့သို့ အလျင်အမြန် သေးငယ်သွားပြီး နောက်ဆုံးတွင် မြေပြင်ပေါ်၌ ကြီးမားသော ပန်းကန်ပြားတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။
"အစီအရင်တွေပေါ်မှာလည်း ချက်အင်လုပ်လို့ ရတာပဲ။ ချက်အင်လုပ်ပြီးတာနဲ့ မြေပြင်ပေါ်မှာ တည်ဆောက်ထားတဲ့အစီအရင်ကို တိုက်ရိုက် သုံးစွဲနိုင်တဲ့ပစ္စည်းအဖြစ် ပြောင်းလဲပစ်နိုင်တာပဲ။ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ် အစီအရင် ကတော့ စွမ်းအင် စုဆောင်းပြီးသား ဖြစ်မှာ။ ချက်ချင်းပူဇော်ခြင်းစတင်လို့ ရပြီ"
ရှန်းချန်ကော မထိန်းချုပ်နိုင်ဘဲ ပြုံးလိုက်မိသည်။
သူ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်။
လမ်းတွင်၊ဝတ်ရုံနက်သည် သူ၏နေထိုင်ရာသို့ ပြန်ရောက်သောအခါ မနေ့က အဖြူရောင်ဝတ်စုံဝတ် လူငယ်လေး ရှိနေခဲ့သော နေရာကို မသိစိတ်ဖြင့် ကြည့်လိုက်မိသည်။
သူ၏မျက်ဝန်းအနက်ဆုံးနေရာ၌ သူကိုယ်တိုင်ပင် မသိလိုက်သော ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
အဲ့လူငယ် အခန်းထဲမှာ မရှိဘူးလား။
သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
အမည်မသိသော မကောင်းသည့်စိတ်ခံစားမှု တစ်ခုထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ရှန်းချန်ကော ပြန်ရောက်လာခဲ့ဆလသည်။
သူဟာခါးကိုမတ်စွာရပ်ထားပြီး မျက်လုံးအစုံသည်လည်း မောက်မာထောင်လွှားသောအငွေ့အသက်များပြည့်နေသည်။
ထို့နောက် သူတို့ဟာမရည်ရွယ်မိဘဲ အကြည့်ချင်းဆုံမိသွားကြသည်။
ထိုဝတ်ရုံနက်၏မျက်ဝန်းများ အနည်းငယ် ကျုံ့သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူ၏ပျက်သုဉ်းခြင်းချီ သည် ပို၍ပင် ပြင်းထန်စွာတုန်ယင်နေလေ၏။
မဖြစ်နိုင်ဘူး
ဘယ်လိုလုပ် ခံစားမိတာလဲ...
ဒီကောင်က မနေ့ကထက် ပိုကြောက်စရာကောင်းနေသလိုပဲ။
ရှန်းချန်ကောသည် ထိုနေရာတွင် ရပ်နေသည်။
သူ့တွင် တောက်ပသော မျက်လုံး၊ ဖြူစင်သော သွား၊ ဓားသွားကဲ့သို့ထက်ရှသော မျက်ခုံးများ ရှိသည်။
သူ့အဖြူရောင်ဝတ်စုံသည် ဖုန်မှုန့်ကင်းစင်နေပြီး၊ သူ့မျက်လုံးများကတော့ လွန်စွာနက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးကြီးတစ်ပါးနှင့် တူနေသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒီလို ခံစားချက်မျိုးကို အဖွဲ့အစည်းထဲက အရမ်း ထိတ်လန့်စရာကောင်းတဲ့ တည်ရှိမှုတွေဆီကပဲ ခံစားခဲ့ဖူးတယ်လေ...
သာမာန် ဓားဂိုဏ်းက တပည့်တစ်ယောက်က ဘယ်လိုလုပ် ဒီလိုဖြစ်နေတာလဲ။
အပြင်စည်းမှအမှောင်မြူခိုး၏အဆင့်မှာ မည်သို့အရာမှ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှအမှောင်မြူခိုးဟာ အလွန်ပါးလွှာလွန်းသောကြောင့်ဖြစ်လေသည်။
ဒီလူကို အမှောင်မြူခိုး အဖွဲ့အစည်းနှစ်ခုစလုံးက မှတ်တမ်းတင်ထားတာလည်း မရှိဘူး... သူ ဘယ်သူလဲ
ထိုဝတ်ရုံနက်သည် တင်းမာနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခုထုတ်ဖော်လိုက်သည်။
အနည်းငယ်ရင်းနီးလိုသော သဘောရှိပုံရသည်။
ရှန်းချန်ကောက သူ့ကို အလွန်ကြောက်မက်ဖွယ်ကောင်းသော ခံစားချက် ပေးနေသောကြောင့် သူကိုယ်တိုင်ပင် သတိမထားမိဘဲ သူ့အပြုံးထဲတွင် သူ့အဆင့်အတန်းသည် အလွန် နိမ့်ကျသွားသည်။
ယခု သူ့စိတ်ထဲတွင် တွေးနေသည်မှာ-ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ် အစီအရင် ပေါက်ကွဲတာနဲ့ မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ လွတ်မြောက်ခြင်းအဆင့်ကို မကျော်မချင်း သေဆုံးရမှာပဲ။
ရှန်းချန်ကောက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ့အခန်းထဲသို့ လှည့်ဝင်သွားသည်။
ဟင်း
သေရတော့မဲ့ကောင်က
ထိုဝတ်ရုံနက်၏မျက်နှာသည် မကောင်းလှတော့ပေ။
ဒီလူက အရမ်းကို မောက်မာတာပဲ။
...
နေလယ်ခင်းအချိန်။
ကျန်းစန်းကျန့်သည် သစ်တောထဲတွင် ရူးသွပ်စွာ ထွက်ပြေးနေသည်။
ကံဆိုးလိုက်တာ..
သူ့မျက်နှာသည် လွန်စွာကြည့်ရဆိုးနေပြီး ယခု သွေးများအန်ရင်း ရူးသွပ်စွာ ထွက်ပြေးနေသည်။
သူ့နောက်တွင် ဘယ်သူမှ မရှိသော်လည်း အမှောင်မြူခိုးများတအိအိဖြင့် အလွန်လျင်မြန်စွာ ကျန်းစန်းကျန့်၏နောက်သို့ ပြင်းထန်စွာလိုက်နေသည်ကို မြင်နိုင်သည်။
မူလက သူသည် ထို မြူခိုးနေထိုင်သူများ ၏ ရည်ရွယ်ချက်ကို လျှို့ဝှက် စုံစမ်းချင်ခဲ့ပြီး ကောင်းကင်ဘုံဓားဂိုဏ်း ကို အန္တရာယ်ပြုမလားဆိုတာ သိချင်ခဲ့သည်။
ထိုလူများ ထက်ဝက်ခန့် ထွက်သွားသည်ကို တွေ့ရသဖြင့် သူ အနည်းငယ် အံ့အားသင့်ခဲ့သော်လည်း သက်ပြင်းချနိုင်ခဲ့သည်။
သို့သော် ဝတ်ရုံနက်များ ထွက်မသွားသည်ကို သူ တွေ့လိုက်ရသည်။
ထို့အပြင်...
ဝတ်ရုံနက်နှစ်ဦးတို့၏ စကားပြောဆိုမှုမှ သူ့ကို ဒေါသတကြီးဖြစ်စေသော သတင်းစကားကို သူ ကြားလိုက်ရသည်။
သူတို့ ဓားဂိုဏ်းကို သွေးပူဇော်ခြင်း လုပ်တော့မည်။
ဓားဂိုဏ်း၏ဂိုဏ်းချုပ်အနေဖြင့် ကျန်းစန်းကျန့် ဒေါသအား မထိန်းချုပ်နိုင်တော့ပေ။
သွေးများဆူပွက်လာပြီး သူတို့နှင့် တိုက်ခိုက်ကာ အတူတူ သေဆုံးရန် ကြိုးစားချင်ခဲ့သည်။
အမှန်တော့ အထက်ပါအရာသည် ကျန်းစန်းကျန့်၏စိတ်ကူးနှင့် ထိုခဏတာ စိတ်အားထက်သန်မှုတွင်သာ တည်ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိအခြေအနေသည် ကျန်းစန်းကျန့် ဓားဆွဲထုတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
သူမထူးခြားစွာဖြင့် သူ့အရှိန်အဝါကို ဖော်ထုတ်မိသောကြောင့် ဖြစ်သည်။
သူ့နောက်တွင် အမှောင်မြူခိုးများ ရူးသွပ်စွာ စုစည်းလာပြီး
ခလောင်း
ထက်မြက်သော ဓားတစ်ချောင်းအဖြစ် စုစည်းသွားသည်။
ထို့နောက်..အလွန်လျင်မြန်စွာ ပစ်လွှတ်လာသည်။
"ချန်ကော... ဆရာ့ကို ကယ်အုံး"
ကျန်းစန်းကျန့်သည် သူ၏အပြင်းထန်ဆုံး အရှိန်ကို ထုတ်ဖော်လိုက်ပြီး ပါးစပ်မှသွေးများကို ပိုက်ဆံမပေးရသောကြောင့်သကဲ့သို့ အဆက်မပြတ်အန်ထုတ်နေသည်။
သေတော့မှာလား။
သူ့နောက်မှ အေးစက်သောအရှိန်အဝါကို ခံစားလိုက်ရလျှင် လည်ပင်းကိုတွန့်လိုက်မိသည်။
ဓားပေါ်မှာ ဖုံးလွှမ်းနေတဲ့ အဲဒီစွမ်းအားက ဘာလဲ။
အမှောင်မြူခိုးလိုပဲ အရိုးမှာ ကပ်နေတဲ့ကပ်ပါးကောင်လို လုံးဝ ခွာလို့ မရဘူး။
ပြီးတော့ အဲဒီစွမ်းအားက ကြောက်မက်ဖွယ် ကောင်းလွန်းလို့ လူကို ကြက်သီးထစေတယ်။
သူ ရှန်းချန်ကောကို သွားရှာချင်ခဲ့သည်။
သို့သော် အလွန်ဝေးကွာနေလေသည်။
ကောင်စုတ်လေး...
မင်းဆရာ သေတော့မယ်...
ဒါ ဘာတွေ ဖြစ်နေတာလဲ။
ငါ နတ်တံတားအဆင့် ကျင့်ကြံသူတစ်ယောက်လေ ဘာလို့ ဒီလောက်တောင်အားမဲ့နေရတာလဲ။
သူတို့ရဲ့စွမ်းအားက ဘာမှားနေတာလဲ ဘာလို့ဓားချက်ဒီလောက်ပြင်းထန်တေတာလဲ'
ဒါကြီးကို ဘယ်သူကများ ကာကွယ်နိုင်မှာလဲ။
ကျန်းစန်းကျန့် တွေးလေလေ ဒေါသထွက်လေလေ ဖြစ်သည်။
ဘာလို့ ဒီလောက်တောင် မမျှတရတာလဲ။
ငါ ဒီလောက်ကြာအောင် ကျင့်ကြံခဲ့တာတောင် သူတို့ရဲ့ ဓားချက်တစ်ခုကို မကာကွယ်နိုင်ဘူး။
ပြီးတော့ ငါ့အဆင့်က သူတို့နဲ့ မတိမ်းမယိမ်းပဲကို
"ကောင်းကင်က မတရားဘူး ဘယ်သူက ဒီဓားချက်ကို တားဆီးနိုင်မှာလဲ"
သို့သော် ထိုအချိန်တွင်
ဘုန်း...
လူတစ်ယောက်သည် ကျန်းစန်းကျန့်၏ နောက်ကျောတွင် ဘယ်အချိန်ကရောက်နေမှန်းမသိပေါ်လာပြီး လက်တစ်ဖက်ကိုပျက်သုဉ်းခြင်းချီ ဖြင့်ဖုံးအုပ်ကာ ယင်ကောင်ရိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါးဖြင့်ထိုဓားရှည်ကို လေထဲတွင် တိုက်ရိုက် ချိုးပစ်လိုက်သည်။
ကျန်းစန်းကျန့် ကြောင်အသွားသည်။
သူ့အကြီးဆုံးတပည့်က သူ့ကို အသုံးမကျတဲ့သူလို အကြည့်မျိုးနဲ့ ကြည့်နေတာကို မြင်တော့ ကျန်းစန်းကျန့် မျက်နှာမနီဘဲ၊ နှလုံးသားမခုန်ဘဲ သူ့တင်ပါးက ဖုန်တွေကို ခါချပြီး ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
သူ တံတွေးမျိုချလိုက်သည်။
ဒါပေမဲ့ သူ စကားပြောခါနီးမှာ...
ရှန်းချန်ကောက သူ့ပခုံးကို ဆုပ်ကိုင်လိုက်သည်။
ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဝှစ်...
မကြာခင်မှာပင် လူနှစ်ယောက် ထိုနေရာကို ရောက်လာပြီး မြေပြင်ပေါ်က ပျက်စီးနေသော ဓားကို ကြည့်လိုက်ကြသည်။
သူတို့မျက်နှာများပျက်သွားကာ အကြည့်များခက်ထန်လာသည်။
"ငါ့ရဲ့ ပျက်သုဉ်းခြင်းချီ နဲ့ ပေါင်းစပ်ထားတဲ့ ဓားကို အလွယ်တကူ ချိုးပစ်လိုက်တာ... ဘယ်သူလဲ"
...
အချိန်တိုလေးတွင် ကောင်းကင်နှင့်မြေပြင် ချာချာလည်ဖြစ်သွားသလို ခံစားလိုက်ရသည်။
ကျန်းစန်းကျန့်၏မျက်နှာပေါ်တွင် ကြီးမားသော တုန်လှုပ်မှုများ ပြည့်နှက်နေသည်။
ဒါ...
အဆုံးစွန်အရိပ်အဆင့်ရဲ့လှုပ်ရှားခြင်းနည်းစနစ်ဘဲ
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူသည် ရှန်းချန်ကောကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့အကြီးဆုံးတပည့်မှာ သူ မသိသေးသော လျှို့ဝှက်ချက်များ မည်မျှအထိ ရှိနေသေးသနည်း။
"ယင်ဒြပ်စင်ငါးမျိုးအဆင့် ဓားထိန်းချုပ်ခြင်း၊ အဆုံးစွန်အရိပ်အဆင့်ရဲ့လှုပ်ရှားခြင်းနည်းစနစ်... ချန်ကော... မင်း ဘာတွေ ဖုံးကွယ်ထားတာလဲ"
ချီးကျူးစကားဆိုသော်လည်း...
ရှန်းချန်ကောသည် စော်ကားခံရသကဲ့သို့ ခံစားရပြီး ရုတ်တရက် ဓားဆွဲထုတ်လိုက်သည်။
"အဘိုးကြီး ဘယ်သူ့ကို ယင်ဒြပ်စင်ငါးမျိုး လို့ ပြောလိုက်တာလဲ"
သူက ဓားကို ကျန်းစန်းကျန့်၏ပခုံးပေါ်တွင် တင်လိုက်သည်။
ဝှစ်
ပြင်းထန်သော အဖြူရောင်မိုးကြိုးများသည် တဟုန်ထိုးပြေးတက်လာပြီး အလွန်ကြမ်းတမ်းကာ အစွမ်းထက်သော စွမ်းအားသည် ကျန်းစန်းကျန့်၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေသည်။
ယန်ဒြပ်စင်ငါးမျိုး ဖြစ်နေပြီ
ဒါ...
နတ်ဘုရားတစ်ပိုင်းအဆင့်၏ ဓားထိန်းချုပ်ခြင်း...
သူ့စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း သူ့မျက်နှာသည် အလွန် ဆိုးရွားနေသည်။
အဘယ်ကြောင့်ဆိုသော် ရှန်းချန်ကော၏ ဟန်ဆောင်မှု နည်းစနစ်သည် သူ့ထက် သာလွန်သွားပြီဖြစ်ကြောင်း သူ တွေ့ရှိခဲ့ရသောကြောင့် ဖြစ်သည်။
ယခင်က ဒေါသတကြီး ဓားဆွဲထုတ်လိုက်ခြင်းသည် အမှန်တကယ်တော့ ယန်ဒြပ်စင်ငါးမျိုးအား ဟန်ထုတ်ပြသလိုက်ခြင်းသာ ဖြစ်သည်။
ကျန်းစန်းကျန့်ကဲ့သို့ ကျွမ်းကျင်သူပင် ထိုနည်းလမ်းသည် အလွန်မိမိုက်သည်ဟု ခံစားရသည်။
သုံးရက်ခွဲခွာပြီးရင် တစ်စုံတစ်ယောက်ကို အထင်ကြီးလေးစားရမယ်...(ဘာစကားပုံလဲမသိ)