← Chapters

ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှု၊ နောက်ထပ် အဆင့် ၈ အခွင့်အရေးတစ်ခု။

Vol. 1 Ch. 11

ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှု၊ နောက်ထပ် အဆင့် ၈ အခွင့်အရေးတစ်ခု။

Vol. 1 Ch. 11

"ဒီလောက်တောင် များပါလား... ဒီကောင်တွေဆီမှာ ပိုက်ဆံတွေ အများကြီး ပါလာတာပဲ"

"စုစုပေါင်း ငွေ ၃၅ တောတောင် ရှိတယ်"

ကျန်းဖန်သည် ရှေ့သို့တိုးပြီး ကျန့်ဝမ်ပင်းနှင့် သူ့နောက်လိုက်များ၏ ကိုယ်ပေါ်ရှိ ပစ္စည်းများကို ရှာဖွေစစ်ဆေးလိုက်ရာ စုစုပေါင်း ငွေ ၃၅ တောကို တွေ့ရှိလိုက်ရသည်။ ဤသည်မှာ ငွေပမာဏ အတော်များပြားသော ရတနာသိုက်လေး တစ်ခုပင်။

သူတို့သည် နဂါးမင်းဂိုဏ်းသားများ ဖြစ်ကြသော်လည်း၊ ပုံမှန်အားဖြင့် ဒီလောက်ငွေပမာဏမျိုး ရှိနေစရာ အကြောင်းမရှိပေ။

သေချာသည်မှာ ကျန့်ဝမ်ပင်းနှင့် သူ့လူစုသည် တံငါသည်များကို ခြိမ်းခြောက်ငွေညှစ်ပြီး လုယက်ထားခြင်းကြောင့်သာ ဒီလောက်ငွေပမာဏ စုမိနေခြင်း ဖြစ်သည်။

ထို့ပြင် သူတို့ လုယက်ပြီးနောက် သိပ်မကြာခင်မှာပင် ကျန်းဖန်နှင့် တွေ့လိုက်ရခြင်းကြောင့် ငွေ ၃၅ တော ကျန်ရှိနေသေးခြင်း ဖြစ်သည်။

အကယ်၍သာ အချိန်ကြာသွားခဲ့ပါက သူတို့၏ လက်ဖွာသော အကျင့်ကြောင့် ရှိသမျှ ငွေများ ကုန်သွားလောက်ပြီ ဖြစ်သည်။

"ငါတော့ ချမ်းသာပြီဟေ့"

ကျန်းဖန်သည် အလွန် ကျေနပ်သွားမိသည်။ အကယ်၍ ဤငွေများကို ဆန်ဝယ်ရာတွင် သုံးလိုက်ပါက သူနှင့် သူ့ဇနီးသည်တို့အတွက် နှစ်ပေါင်းများစွာ စားသောက်ရန် ဖူလုံရုံသာမက ဇိမ်ကျကျပင် နေနိုင်မည် ဖြစ်သည်။

ငါးမဖမ်းတော့ဘဲ စုထားတာလေး ထိုင်စားလျှင်တောင် အကြာကြီး ခံလိမ့်မည်။

ကျန့်ဝမ်ပင်းတို့ လူစုသည် သူ့အတွက် ကြီးမားသော အကျိုးအမြတ်တစ်ခုကို ဆောင်ကြဉ်းပေးခဲ့သည်ဟု ဆိုရမည်။

ဒီကမ္ဘာကြီးမှာ ဓားပြတွေ ဘာလို့ ဒီလောက်များနေရသလဲ ဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

အောင်မြင်သွားလျှင် ရလာမည့် အကျိုးအမြတ်က တကယ် ကြီးမားလွန်းသည့်ကိုး။

ဒါကြောင့် "သုံးနှစ်လောက် ဘာမှမလုပ်ဘဲ နေနိုင်ဖို့ တစ်ခါလောက်တော့ စွန့်စားရမယ်" လို့ ပြောကြတာ ဖြစ်မည်။

သို့သော် အန္တရာယ်ကလည်း ကြီးမားလှသည်။ သန်မာစသော ပြိုင်ဘက်နှင့် တွေ့ပါက သေလမ်းသာ ရှိတော့သည်။

ဒုန်း။

ထိုအချိန်တွင် သူ၏ အသိစိတ်အာရုံ နက်ရှိုင်းရာမှ သတင်းစကားတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

"သင်သည် ကြီးမားသော အားထုတ်မှုကို ပြုလုပ်ခဲ့ပြီး၊ အသေအကျေ တိုက်ပွဲကို ဆင်နွှဲကာ အခက်အခဲအားလုံးကို ကျော်ဖြတ်၍ နဂါးမင်းဂိုဏ်းသား ၄ ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သင်သည် သေစေနိုင်သော ကပ်ဘေးဆိုးကြီးကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သဖြင့် အဆင့် (၈) အခွင့်အရေး တစ်ခုနှင့် ကံကောင်းခြင်းအမှတ် ၁၅၀ကို ရရှိသည်"

ထိုသတင်းစကားကို အာရုံခံမိသည်နှင့် ကျန်းဖန်သည် ဒါ သူ့ ဇာတာခွင်၏ စွမ်းဆောင်ရည်မှန်း ချက်ချင်း သိလိုက်သည်။

ကပ်ဘေးတစ်ခုကို ကျော်ဖြတ်နိုင်လိုက်သည်နှင့် သူ့ကံကြမ္မာသည် မိုးထိအောင် မြင့်တက်သွားခဲ့လေပြီ။

"အဆင့် ၈ အခွင့်အရေး ဟုတ်လား"

ကျန်းဖန်သည် စိတ်ကို စုစည်းလိုက်ပြီး အသိစိတ်ထဲရှိ အခွင့်အရေး အမှတ်အသားကို နှိပ်လိုက်ရာ သတင်းအချက်အလက်များ စီးဝင်လာတော့သည်။

"၃ ရက်အကြာတွင် နေ့လယ်ပိုင်း၌ ယွင်မန်ရေကန်ရှိ ကျူပင်တောသို့ သွားရောက်ပါက အဆင့် (၈) အခွင့်အရေးကို ရရှိနိုင်မည် ဖြစ်သည်"

ထိုသတင်းကို သိလိုက်ရသည်နှင့် ကျန်းဖန်သည် ထိုနေရာ ဘယ်နားမှာ ရှိမည်ကို တန်းသိလိုက်သည်။

သော်ကရွာ အနီးရှိ ရေကန်ဧရိယာတွင် ဖြစ်ပြီး ကျူပင်များ ထူထပ်စွာ ပေါက်ရောက်နေသဖြင့် လူသွားလူလာလည်း နည်းပါးသော နေရာဖြစ်သည်။

ထိုနေရာတွင် ငါးသိပ်မရသောကြောင့် ဖြစ်သည်။

တံငါသည်များအနေဖြင့် ဝမ်းရေးအတွက် ရုန်းကန်နေရချိန်တွင် ငါးမရသော ထိုနေရာမျိုးသို့ သွားလိုကြမည် မဟုတ်ပေ။

သို့သော် ၃ ရက်အကြာတွင် နေ့လယ်ပိုင်း၌ ထိုနေရာသို့ သွားရောက်ပါက အဆင့် ၈ အခွင့်အရေး တစ်ခု ရရှိနိုင်မည်ဆိုသည်မှာ သူ့အတွက် မျှော်လင့်ချက် ကြီးမားစေသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က ရရှိခဲ့သော အဆင့် ၈ အခွင့်အရေးသည် သူ့ကို အများကြီး အကျိုးပြုခဲ့သည် မဟုတ်ပါလော။ ယခုတစ်ခါ၌ မည်ကဲ့သို့သော အခွင့်အရေးမျိုး ရမည်ဆိုသည်ကို မသိရသေးသော်လည်း။

"ဒုက္ခပဲ... ဝံပုလွေတွေ လာနေကြပြီ"

ထိုခဏ၌ ကျန်းဖန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ အဝေးရှိ သစ်တောအုပ်ဆီမှ ဝံပုလွေ အူသံများကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။

သူ၏ ထက်မြက်သော အာရုံခံစားမှု ၅ ပါးက အန္တရာယ် နီးကပ်လာပြီ ဖြစ်ကြောင်း သတိပေးနေသည်။ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်း ပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤအနီးအနားရှိ တောအုပ်ထဲတွင် တောရိုင်းဝံပုလွေတွေ အများကြီး ကျက်စားနေကြသည်ကို သူ ကောင်းကောင်း သိထားသည်။

တချို့တံငါသည်များဆိုလျှင် လမ်းကြုံသွားရင်း ဝံပုလွေအုပ်နှင့်တွေ့ပြီး အရှင်လတ်လတ် အစားခံလိုက်ရသည်များ ရှိဖူးသည်။

ဝံပုလွေအုပ်သာ သူ့ကို ဝိုင်းထားလိုက်လျှင် သူလည်း လွတ်လမ်းမရှိ ဖြစ်သွားနိုင်သည်။

ရွှစ်။

အခြေအနေ မဟန်မှန်း သိသည်နှင့် ကျန်းဖန်သည် တွေဝေမနေတော့ပေ။ ကျန့်ဝမ်ပင်း၏ အလောင်းမှ ငွေ ၃၅ တောကို ယူ၊ ဆန်အိတ်ကို ကောက်လွယ်ပြီး သော်ကရွာဘက်သို့ ချက်ချင်း ပြေးထွက်လာခဲ့သည်။

အလောင်းများကို ရှင်းလင်းဖို့ပင် အချိန်မရတော့။

သို့သော် ရုတ်တရက် ရောက်လာသော ဝံပုလွေအုပ်ကြီးသည် သူ့အတွက် ကောင်းချီးတစ်ခုလည်း ဖြစ်သွားနိုင်သည်။

ထိုအလောင်း ၄ လောင်းကို သူတို့ကပဲ ရှင်းလင်းပေးသွားကြမည် မဟုတ်ပါလား။

ဤနည်းနှင့် အလောင်းဖျောက်ရမည့် သူ့ဒုက္ခများကို အများကြီး သက်သာသွားစေသည်။

တစ်နာရီတိတိ မနားတမ်း ပြေးလာပြီးနောက်၊ နောက်ဆုံးတွင် ကျန်းဖန်သည် ရင်းနှီးကျွမ်းဝင်နေသော သော်ကရွာရှိ အိမ်များကို လှမ်းမြင်လိုက်ရပြီ ဖြစ်သည်။ သူ သက်ပြင်းချလိုက်မိသည်။ အနည်းဆုံးတော့ ဤနေရာကို ပြန်ရောက်လျှင် အန္တရာယ်ကင်းပြီ ဖြစ်သည်။

ဝုန်း…

ထိုအချိန်တွင် ကောင်းကင်ကြီး အုံ့မှိုင်းသွားပြီး မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။

မိုးရေများသည် ရေပုံးနှင့် လောင်းချလိုက်သကဲ့သို့ သည်းထန်စွာ ကျဆင်းလာပြီး ကမ္ဘာမြေကြီးကို ဆေးကြောနေတော့သည်။

ကျန်းဖန် ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် တောရိုင်းဝံပုလွေ ဒါဇင်နှင့်ချီပြီး တောအုပ်ထဲမှ ထွက်ပေါ်လာကြသည်။ သွေးနံ့ရသဖြင့် မြေပြင်ပေါ်ရှိ လူသေအလောင်း ၄ လောင်းကို ရှာဖွေတွေ့ရှိသွားကြသည်။

သူတို့၏ မျက်လုံးများသည် အစိမ်းရောင် တောက်လာပြီး အလောင်းများပေါ်သို့ စိတ်လှုပ်ရှားစွာ ခုန်အုပ်လိုက်ကြသည်။ အငမ်းမရ ကိုက်ဖြတ် ဝါးမြိုကြရာ သွေးသံရဲရဲ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ထိုလူသားအလောင်းများသည် သူတို့အတွက် ညစာ ဖြစ်သွားခဲ့ကြလေပြီ။

ထိုအချိန်၌ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများသည် ကမ္ဘာမြေပေါ်ရှိ ခြေရာလက်ရာ အားလုံးကို ဆေးကြောသန့်စင်ပေးနေသည်။

ခြေရာများ၊ သွေးစက်များသည် မိုးရေအောက်တွင် လုံးဝ ပျောက်ကွယ်သွားကြသည်။

ထူးဆန်းသော စွမ်းအင်တစ်ခုက သဲလွန်စ အားလုံးကို ဖျောက်ဖျက်ပေးလိုက်သကဲ့သို့ပင်။

သို့သော် ဤကိစ္စများ ဖြစ်ပျက်နေသည်ကို ကျန်းဖန် မသိလိုက်ပေ။

သူကတော့ ကံကောင်းသည်ဟုသာ မှတ်ယူနေမိသည်။ မိုးမရွာခင်လေးမှာတင် သော်ကရွာကို အချိန်မီ ပြန်ရောက်လာခဲ့လို့ပင်။

နည်းနည်းလောက်သာ နောက်ကျခဲ့လျှင် ကြွက်စုတ်လိုမျိုး ရေစိုရွှဲသွားမည်မှာ သေချာသည်။

…

သော်ကရွာရှိ ကျန်းမိသားစု၏ အုတ်တိုက်အိမ်လေးတွင်…

ယခုအခါ ညနေစောင်းနေပြီဖြစ်ပြီး နေမင်းကြီးလည်း အနောက်ဘက်သို့ ဝင်ရောက်သွားပြီ ဖြစ်သည်။

စုဝေဝေသည် ညစာ ပြင်ဆင်ထားပြီး ဖြစ်သည်။ စားပွဲပေါ်တွင် ပူပူနွေးနွေး ဟင်းပွဲများ ရှိနေသော်လည်း သူမသည် တစ်လုပ်မျှ မစားသေးဘဲ ပြတင်းပေါက်မှ အပြင်သို့ ခဏခဏ မျှော်ကြည့်နေရှာသည်။

သေချာသည်မှာ သူမသည် ကျန်းဖန် ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။

ကျန်းဖန်သည် အရေပြား သန့်စင်ခြင်းအဆင့် သိုင်းပညာရှင် ဖြစ်သွားပြီး ခွန်အားများ တိုးတက်လာမှန်း သိသော်လည်း သူမ စိတ်ပူနေဆဲပင်။

အပြင်လောကကြီးက ရှုပ်ထွေးနေသည်လေ၊ ဘာတွေဖြစ်လာမလဲ ဆိုသည်ကို မည်သူက သိနိုင်မည်နည်း။

အိမ်အပြင်ထွက်လိုက်တိုင်း အန္တရာယ်က ရှိနေသည်ပင်။

ကျန်းဖန် ပြန်မရောက်မချင်း သူမ စိတ်ပူပင်သောက ရောက်နေရဦးမည်။

ဒေါက်... ဒေါက်... ဒေါက်။

ထိုအချိန်တွင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။

စုဝေဝေသည် အိမ်တံခါးကို စောစောစီးစီးကတည်းက ပိတ်ထားခဲ့သည်။

အတွင်းမှ ဖွင့်ပေးမှသာ ဖွင့်၍ ရသည်။

"ဘယ်သူလဲ"

စုဝေဝေသည် တံခါးကို ချက်ချင်း မဖွင့်ဘဲ မီးဖိုချောင်သုံး ဓားထက်ထက်တစ်ချောင်းကို သတိထားပြီး ကိုင်လိုက်သည်။

တခါတလေကျလျှင် တံခါးခေါက်သူက သူ့ယောက်ျား ဖြစ်ချင်မှ ဖြစ်မည်၊ သူစိမ်းတစ်ယောက်လည်း ဖြစ်နေနိုင်သည်။

မဆင်မခြင် တံခါးဖွင့်ပေးလိုက်လျှင် ဘာဖြစ်လာမလဲ ဆိုသည်ကို မသိနိုင်ပါ။

တချို့လူဆိုးများသည် အိမ်ရှင် တံခါးဖွင့်လာအောင် ရွာသားများကဲ့သို့ ဟန်ဆောင်ပြီး လှည့်စားတတ်ကြသည်။

တံခါးပွင့်သွားသည်နှင့် ကပ်ဘေးဆိုက်ပြီဟုသာ မှတ်ပေရော့။

"ဝေဝေ... ငါပါ"

အပြင်ဘက်မှ ကျန်းဖန်၏ အသံ ထွက်ပေါ်လာသည်။

"အစ်ကိုကြီးလား"

အသံကြားလိုက်ရသည်နှင့် စုဝေဝေ ဝမ်းသာအားရ ဖြစ်သွားသည်။ သို့သော် သူမသည် သတိကို မလျှော့သေးဘဲ တံခါးကို ချက်ချင်း မဖွင့်သေးပေ။

တံခါးကြားမှ အပေါက်လေးကနေ ချောင်းကြည့်လိုက်ရာ ကျန်းဖန်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ ကျောပေါ်တွင် ဆန်အိတ်ကြီး တစ်အိတ် ပါလာပြီး ထုံဟယ်မြို့မှ ဝယ်လာသော ပစ္စည်းအိတ်များလည်း ပါလာသည်ကို တွေ့ရသည်။

သေချာပြီဆိုမှ သူမသည် တံခါးကို အမြန်ဖွင့်ပေးလိုက်ပြီး ကျန်းဖန်ကို အိမ်ထဲ ဆွဲသွင်းကာ တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်သည်။

"တော်ပါသေးရဲ့... အစ်ကိုကြီး ပြန်ရောက်လာပြီပဲ။ ကျွန်မ ဘယ်လောက်တောင် စိတ်ပူနေရလဲ သိလား"

"ဟင်... နေပါဦး။ အစ်ကိုကြီး ကိုယ်ပေါ်မှာ ဘာလို့ သွေးတွေ ပေနေတာလဲ"

စုဝေဝေသည် ပျော်ရွှင်နေသော်လည်း အကဲခတ် အလွန်တော်သူ ဖြစ်သည်။ ကျန်းဖန်၏ ကိုယ်ပေါ်ရှိ သွေးစက်များကို ချက်ချင်း သတိထားမိလိုက်ပြီး လန့်ဖျပ်သွားရှာသည်။

သေချာတာကတော့ ခရီးလမ်းမှာ မျှော်လင့်ထားသည်ထက် ပိုပြီး အန္တရာယ် များခဲ့ပုံရသည်။

"ဘာမှ မဖြစ်ပါဘူး... လမ်းမှာ ဓားပြတချို့နဲ့ တွေ့လို့ ရှင်းခဲ့ရရုံပါ"

ကျန်းဖန် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။ ဘာတွေဖြစ်ခဲ့လဲ ဆိုသည်ကိုတော့ အသေးစိတ် ရှင်းပြရန် အစီအစဉ် မရှိပေ။

မည်သို့ဆိုစေ ကျန့်ဝမ်ပင်းနှင့် သူ့လူများကို သတ်ခဲ့သည့်ကိစ္စသည် သေးငယ်သော ကိစ္စ မဟုတ်ပါ။ သတင်းပေါက်ကြားသွားလျှင် နဂါးမင်းဂိုဏ်းက သေချာပေါက် ဒေါသသူပုန်ထတော့မည်။

စုဝေဝေသည် ဤကိစ္စအား မည်သူ့ကိုမျှ လျှောက်ပြောမည့်သူ မဟုတ်‌သော်လည်း သူမသာ အမှန်အတိုင်း သိသွားလျှင် အရမ်း စိတ်ပူနေမည်မှာ သေချာသည်။

ထိုကဲ့သို့သော စိတ်ဖိစီးမှုကို သူမ ခံနိုင်ရည် ရှိချင်မှ ရှိမည်။

မလိုအပ်သော ပြဿနာများ မဖြစ်အောင် နေခြင်းသည် အကောင်းဆုံးပင်။

…

All Chapters