← Chapters

အန္တရာယ်

Vol. 1 Ch. 14

အန္တရာယ်

Vol. 1 Ch. 14

ထိုစကားကိုကြားလျှင် ကောင်းရန်မှာ တောင့်တင်းသွား၏။ သူတစ်ယောက်တည်းသာမဟုတ်ပေ၊ အားလုံးက မန်ဟိုကို ကြောက်လန့်ခြင်းကြီးစွာဖြင့် ကြည့်ကြသည်။

“နည်းနည်း … နည်းနည်းထပ်ဝယ်ရမှာလား” ကောင်းရန်က မေးသည်။ သူ၏အသံကား အာနည်းနေ၏။ မန်ဟိုသာ မဆွဲထားလျှင် သူကား ထွက်ပြေးသွားသည်မှာ ကြာပြီဖြစ်ပေမည်။

“ဆေးတစ်လုံးကို ဝိညာဉ်ကျောက်တုံးတစ်တုံး” မန်ဟိုက နွေးထွေးစွာပြောသည်။ သူက များစွာသော သွေးတိတ်ဆေးများအား ထုတ်ယူလိုက်သည် “ကျုပ်က စျေးဝယ်သူတွေအပေါ် ရိုးသားပါတယ်။ စိတ်အေးအေးထားပါ အစ်ကို။ ခင်ဗျားအပေါ် ကျုပ်က စျေးမတင်ထားပါဘူး။ အနီးအနားက အစ်ကိုတွေကို မေးကြည့်။ ကျုပ်ဆေးဆိုင်က နာမည်ပျက်မရှိဘူး”

ဆေးလုံးများအားလုံးကို ကြည့်ကာ ကောင်းရန်၏မျက်နှာ ပြာနှမ်းသွားသည်။ ထို့နောက် သူက မန်ဟို၏ညင်သာသိမ်မွေ့သော မျက်နှာအမူအရာကို ကြည့်ကာ ကျောများ ချမ်းလာ၏။ စိတ်နှလုံးများ တုန်ယင်စွာဖြင့်ပင် သူက အံကြိတ်လိုက်မိသည်။

“အစ်ကို … ခင်ဗျားက တကယ်ပဲ အကောင်းနဲ့အဆိုးကို သိတာပဲ။ ဒါတွေက တကယ်ပဲ ဆေးဝါးအလုပ်ရုံရဲ့အကောင်းဆုံးထုတ်ကုန်တွေပဲ” သူက ပြောကာ များစွာသော သွေးတိတ်ဆေးများအား ကောင်းရန်၏လက်ထဲကို ထည့်သည်။

ကောင်းရန်က ဆေးလုံးများကို ကြည့်ကာ မသက်မသာဖြင့် သက်ပြင်းချသည်။ သူက မန်ဟို၏သဘောကို နားလည်ပေသည်။ သူ၏နှလုံးမှ သွေးများယိုစီးကျလာသလို ခံစားရ၏။ သို့သော်လည်း သူ့အသက်က ပို၍ အရေးကြီးရာ တခြားရွေးချယ်စရာ မရှိတော့။ သူက သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ကာ တွန့်ဆုတ်စွာဖြင့် ပေးသည်။

မန်ဟိုက ဝိညာဉ်ကျောက်တုံးများကို ယူလိုက်ကာ ဆေးလုံးများအား ကောင်းရန်၏လက်ထဲကို တစ်လုံးချင်းထည့်ပေးသည်။ အချိန်တိုအတွင်း ကောင်းရန်၏သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများ ပြောင်သွားခဲ့ပြီး ဆေးလုံးများဖြင့် အစားထိုးသွားခဲ့သည်။

ကောင်းရန်၏နှလုံးသွေးများ ပိုမို၍ ယိုစီးကျလာခဲ့သည်။ နာကျင်စွာဖြင့်ပင် သူက ပို၍ တုန်ယင်လာခဲ့၏။

ထို့နောက် မန်ဟို၏လက်ထဲတွင် ဆေးလုံး၅လုံး ကျန်နေသေးသည်ကိုမြင်လျှင် သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် စိတ်ပျက်လက်ပျက်ဖြစ်မှုတို့က ပို၍ ထင်ရှားလာခဲ့၏။

“ဒီဆေးလုံးတွေက ခင်ဗျားရဲ့ကျန်းမာရေးကို ပြန်သက်သာလာစေလိမ့်မယ်။ ဒီဆေး၅လုံးကတော့ ကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက်ပေါ့” သူက ကောင်းရန်ကို ဂရုတစိုက်ကြည့်ကာ ပြောသည်။

“ကျုပ်မှာ တကယ်ပဲ မရှိတော့ဘူး။ တကယ်ပြောတာပါ” ကောင်းရန်က မန်ဟိုကို ကြည့်ကာ ငိုကြွေးတော့မည့်အလားဖြစ်လာသည်။

မန်ဟိုက ဘာမှ မပြောပေ။ နောက်ဆုံးတွင် ကောင်းရန်က အံကြိတ်ကာ သိုလှောင်အိတ်ထဲမှ မှော်ဝင်ပစ္စည်းအချို့ဖြစ်သော ဓားပျံများ၊ မှော်တုတ်ချောင်းများနှင့် ဝိညာဉ်အားတိုးဆေးလုံးများအား ထုတ်သည်။

“ကျုပ်မှာ ဝိညာဉ်ကျောက်တုံးတွေ မရှိတော့ဘူး။ ဒါတွေပဲ ကျန်တယ်” သူက စိတ်ပျက်လက်ပျက်ပြောသည်။

“မှော်ဝင်ပစ္စည်းတွေလည်း လက်ခံတယ်” မန်ဟိုက ၎င်းတို့အားလုံးကို သိမ်းယူကာ သူ၏သိုလှောင်အိတ်ထဲကို ထည့်သည်။

အတန်ကြာလျှင် ကောင်းရန်သည် ဆေးလုံးတစ်ဆုပ်ကို ကိုင်ကာ သူ၏အဖော်ဂိုဏ်းသားအချို့တို့၏ဖေးမမှုဖြင့် ထိုနေရာမှ ထွက်သွားတော့သည်။

မန်ဟိုက သူ၏သိုလှောင်အိတ်ကို စိတ်ကြေနပ်စွာဖြင့် ပုတ်သည်။ နံနက်ပိုင်းသာ ရှိသေးသော်လည်း ယနေ့အတွက် ဆေးများအားလုံး ရောင်းကုန်သွားပြီဖြစ်သည်။ ယနေ့အတွက် လုံလောက်ပြီဟု သတ်မှတ်ကာ မန်ဟိုက သူ၏အလံအား သိမ်းလိုက်သည်။ တခြားသော ကျင့်ကြံသူများအား နောက်နေ့မှ ပြန်တွေ့မည်ဟု ပြောကာ မန်ဟိုက ကွင်းထဲမှ ထွက်လာခဲ့၏။

လဝက်ခန့်သည် လျှပ်တပြက်အတွင်း ကုန်ဆုံးသွားခဲ့သည်။ သည်အချိန်အတောအတွင်း မန်ဟိုသည် အဆင့်နိမ့်တပည့်များအကြား အတော်ကျော်ကြားလာခဲ့၏။ သူတို့အားလုံးက ဆေးဝါးအရောင်းဆိုင်ကို သိကြသည်။

အားလုံး အပြောများသည်ကား စာပေသမားဟန်ပန်ဖြင့် ဒေါသကြီးဟန်ရသော ဆေးဆိုင်ပိုင်ရှင်ဖြစ်၏။ ကောလာဟလများ ပျံ့နှံ့လာခဲ့တော့၏။

နေ့လည်ခင်းတစ်ခုတွင် ကောင်းရန်သည် မျက်နှာများ ပြာနှမ်းလျှက် သူ၏အိမ်မှ ထွက်လာခဲ့၏။ မန်ဟိုထံမှ သူ စျေးကြီးပေးဝယ်ခဲ့သော ဆေးလုံးများမှာ အမှန်တကယ်အားဖြင့် သူ့အား ကောင်းစွာ သက်သာစေခဲ့သည်။

သူကား လဝက်လုံး ပုန်းနေခဲ့ကာ ယနေ့တွင်မှ ပထမဆုံး အပြင်ကို ထွက်လာခြင်းဖြစ်သည်။ သူက အနည်းငယ် တွန့်ဆုတ်နေပြီးမှ အပြင်စည်းဂိုဏ်းထဲကို ဝင်လာခဲ့သည်။ ထို့နောက် သူက အဆောက်အဦတစ်ခု၏ရှေ့တွင် ရပ်လိုက်၏။

“ကောင်းရန်က အစ်ကိုကြီးလုနဲ့ တွေ့ခွင့်တောင်းပါတယ်” သူက ပြောကာ လက်နှစ်ဘက်ကို ဆုပ်လျှက် လေးစားစွာဖြင့် အပြင်၌ ရပ်နေသည်။

အတွင်း၌ ထိုင်နေသူကား အသက်၃၀ဝန်းကျင်ခန့် အစိမ်းရောင်ဝတ်လူကြီးတစ်ဦးဖြစ်ကာ အလွန်မောက်မာသော သွင်ပြင်ရှိသည်။ သူက မျက်လုံးကို ဖွင့်ကာ ကောင်းရန်အား လှမ်းကြည့်သည်။

“ဘာဖြစ်လို့လဲ” သူက အေးစက်စွာ မေးသည်။

“ဒီလိုပါ အစ်ကိုကြီးလု … ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် လုယက်ခံရပါတယ်” ကောင်းရန်က စိုးရိမ်ထိတ်လန့်စွာဖြင့် ပြောသည်။ လူအများက သူနှင့်အစ်ကိုကြီးလုတို့အား ညီအစ်ကိုဝမ်းကွဲဟု ပြောဆိုကြသော်လည်း အမှန်တကယ်အားဖြင့် မည်သို့မှ တော်စပ်ခြင်း မရှိပေ။ အစ်ကိုကြီးလုသည် ကောင်းရန်အား ဂရုစိုက်ခြင်းမရှိဘဲ အမြဲတမ်းအားဖြင့် တံခါးပိတ်လေ့ကျင့်နေလေ့ရှိပေသည်။

ကောင်းရန်က အခက်အခဲဖြင့် ကြုံတိုင်း သူ့ထံသို့ လာရောက်အကူအညီတောင်းကြောင်း သိပေသည်။

သူ၏စကားကိုကြားလျှင် အစ်ကိုကြီးလုသည် အနည်းငယ် စိတ်ညစ်သွားဟန်ရသည်။

“မင်းကို ဘယ်သူလုယက်တာလဲ” သူက အေးစက်စွာ မေးသည်။

“အဲဒါ အပြင်စည်းဂိုဏ်းတပည့် မန်ဟိုပါ” ကောင်းရန်က ပြန်ဖြေသည်။

“မန်ဟို” အစ်ကိုကြီးလုက အတန်ကြာ တွေးတောသည်။

“သူက လုံးဝမိုက်မဲပြီးတော့ အသုံးမကျဘူး” ကောင်းရန်က ပြောသည် “ဒါပေမဲ့ သူက အများပိုင်ကွင်းမှာ ဆေးဆိုင်တစ်ဆိုင်ဖွင့်ပြီးတော့ ဒဏ်ရာရတပည့်တွေကို ဆေးတွေရောင်းတယ်”

“ဆေးတွေရောင်းတယ် ဟုတ်လား” အစ်ကိုလုက မျက်မှောင်ကြုတ်သည်။ သူ၏မျက်လုံးများ အရောင်လက်သွား၏။

“ဟုတ်တယ်… သူက အဆင့်နိမ့်အများပိုင်ကွင်းမှာ နာမည်အကျော်ကြားဆုံးထဲက တစ်ယောက်ပဲ။ သူက ဆိုင်ဖွင့်ပြီးတော့ တခြားလူတွေကို ဆေးတွေ အတင်းဝယ်ခိုင်းတယ်။ အခု အကုန်လုံးက မကျေမနပ်ဖြစ်ပြီးတော့ သူ့ကို ဒေါသထွက်နေကြတယ်။ အစ်ကိုလုက အားလုံးအတွက် တရားမျှတအောင်လုပ်ပေးဖို့ တောင်းဆိုပါတယ်” ကောင်းရန်က ဒေါသတကြီး ပြောသည်။

အမှန်တကယ်အားဖြင့် အစ်ကိုလုသည် ကောင်းရန်ပြောသည်များအား ဂရုမစိုက်ပေ။ သို့သော်လည်း သူ၏မျက်လုံးများက အရောင်များ လက်လာခဲ့သည်။

“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အဆင့်နိမ့်တပည့်တွေကို လုယက်ပြီးတော့ ဒီအနေအထားအထိ ရောက်လာတယ်။ မှီခိုရာဂိုဏ်းမှာ နေတဲ့ကာလတစ်လျှောက် ဆေးတွေရောင်းဖို့ ဘာလို့ မတွေးမိရတာလဲ” သူက သက်ပြင်းချသည်။

အပြင်ဘက်တွင် ကောင်းရန်က စိုးရိမ်စွာဖြင့် စောင့်နေသည်။ သို့သော်လည်း အစ်ကိုလုက သူ့အား မည်သည့်ညွန်ကြားချက်မှ မပေးဘဲ နှင်ထုတ်လိုက်၏။ ကောင်းရန်ကား အစ်ကိုလုက သူ့အား ကူညီမည် မကူညီမည်ပင် မသေချာဘဲ ထွက်သွားရတော့သည်။

နောက်တစ်နေ့ နံနက်တွင် မန်ဟိုက သူ၏အလံကို ကိုင်လျှက် အများပိုင်ကွင်းသို့ ထွက်လာခဲ့သည်။ သူ၏စိတ်ခံစားချက်များကား အလွန်ကောင်းမွန်နေ၏။ သူသည် အများပိုင်ကွင်းသို့ သွားသည့်လမ်းနှင့် ကျွမ်းဝင်ရင်းနှီးနေပြီဖြစ်သည်။ သူက ကွင်းဘေးကို ရောက်သည်နှင့် ကျောက်တုံးပေါ် ထိုင်လိုက်၏။

သူ ရောက်လာသည်နှင့် အများပိုင်ကွင်းထဲမှ တခြားလူများ၏မျက်နှာများ ပြာနှမ်းသွားကြသည်။ ပြီးခဲ့သည့် လဝက်ကာလတစ်ခုလုံး သူတို့ကား မန်ဟို၏နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သူတို့က သည်နေရာကို မလာလျှင် မည်သို့ တခြားသော တပည့်များထံမှ လုယက်ရတော့မည်နည်း။ အများပိုင်ကွင်းမှလွဲ၍ တခြားနေရာများတွင် သတ်ဖြတ်ခွင့်မပေးပေ။ ထို့ကြောင့် သည်နေရာသည်သာ တစ်ခုတည်းသော ရွေးချယ်ခွင့်ဖြစ်သည်။ သူတို့လုပ်နိုင်သည်ကား မန်ဟိုရောက်လာသည်နှင့် တိုက်ခိုက်နေခြင်းအား ရပ်တန့်ခြင်းပင်။

သို့သော်လည်း သတ်ဖြတ်ခြင်းဆန္ဒများက မလွဲမသွေ ဖြစ်လာတတ်ရာ မန်ဟို၏စီးပွားရေးက နှေးကွေးသွားသော်လည်း သူက အကျိုးအမြတ် ရနေဆဲဖြစ်သည်။ ပြောရမည်ဆိုလျှင် မန်ဟို ဆေးဆိုင်စဖွင့်ကတည်းက အသေအပျောက် အလွန်နည်းပါးသွားပေသည်။

ပုံမှန်အတိုင်း မန်ဟိုသည် သူ၏ဖြစ်နိုင်ဖွယ် စျေးဝယ်အား စောင့်ကြည့်နေသည်။ ထိုစဉ်မှာပင် သူက အဝေးမှ အသက်၃၀အရွယ်ခန့် လူကြီးတစ်ဦးအား သတိထားမိသည်။ ထိုလူကြီးသည် အလွန်မောက်မာဟန်ရှိကာ သူ၏လက်ထဲတွင် အလံတစ်ခုအား ကိုင်ထားသည်။ အလံပေါ်တွင် ရေးထားသည်ကား ‘ဆေးဝါးအရောင်းဆိုင်၂’

ထိုလူကား အဆင့်နိမ့်အများပိုင်ကွင်းတွင် နံပါတ်၁ဖြစ်သော လုဟွမ်ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် မန်ဟိုကဲ့သို့ပင် စဦးချီဖွဲ့စည်းခြင်းအဆင့်(၃)၏အမြင့်ဆုံးတွင် ရှိသည်။ မန်ဟိုက သူ့အား သဘောမကျစွာ ကြည့်၏။ မှန်ပေသည်၊ မည်သည့်စီးပွားရေးတွင်မဆို ပုံစံတူကူးယူလုပ်ဆောင်သူများ ရှိလာစမြဲပင်။

ကွင်းထဲမှ တခြားသော ဂိုဏ်းသားများသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ပုံမှန်အတိုင်း ပြန်လည်တိုက်ခိုက်ကြသည်။ တစ်နာရီခန့်ကြသောအခါ မန်ဟိုက တိုက်ခိုက်နေသူနှစ်ဦးအား တွေ့ရှိကာ အနီးသို့ ကပ်သွားသည်။ တချိန်တည်းမှာပင် လုဟွမ်ကလည်း အနီးသို့ ရောက်လာကာ သူ၏အလံကို စိုက်လိုက်၏။

အလံနှစ်ခု ရောက်လာလျှင် တိုက်ခိုက်နေသူနှစ်ဦးမှာ ချွေးများ စို့လာကြသည်။ သူတို့အမြင်တွင် အနီး၌ လာရပ်နေသူနှစ်ဦးလုံးမှာ အလွန်သန်မာကြသည်။ ထိုလူများက သူတို့အနီးတွင် လာရပ်ခြင်းက သူတို့အား မသက်မသာ ခံစားရစေသည်။

“အစ်ကို … ဆေးတစ်လုံးဝယ်သောက်လိုက်ရင် ခင်ဗျား ဘေးကင်းသွားလိမ့်မယ်” မန်ဟိုက မြန်ဆန်စွာ ပြောသည် “ဆေးတစ်လုံးကို ဝိညာဉ်ကျောက်တုံးတစ်လုံး။ ကျုပ်က စျေးဝယ်သူတွေကို မျှမျှတတ ဆက်ဆံတယ်”

“အစ်ကိုလုရဲ့ဆေးလုံးကိုဝယ်။ အာနိသန်က အတူတူပဲ” လုဟွမ်က ပြောသည်။ သူက တိုက်ခိုက်နေသူနှစ်ဦးအား သတ်ဖြတ်လိုသော အငွေ့အသက်များပါသော မျက်လုံးများဖြင့် ကြည့်သည်။

တိုက်ခိုက်နေသူနှစ်ဦးက တုန်ယင်သွားကာ ဆက်လက်တိုက်ခိုက်လိုစိတ်များ မရှိတော့ဘဲ ဝိညာဉ်ကျောက်တုံးများကို ထုတ်ကာ လုဟွမ်အား ကမ်းပေးလျှက် ထွက်ပြေးသွားကြတော့သည်။ မန်ဟို မျက်မှောင်ကြုတ်လိုက်သည်။ ဤသို့လုပ်ဆောင်ခြင်းကား လုယက်ခြင်းနှင့် မခြားပေ။ သည်ပုံစံအတိုင်းသာဆို မကြာခင် အများပိုင်ကွင်းမှာ လူသူကင်းမဲ့သွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားမည်ကို မန်ဟိုမလိုလားပေ။

ညနေစောင်းတွင် မန်ဟို၏အကျိုးအမြတ်မှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ မနက်ပိုင်း တစ်ကြိမ်မှလွဲ၍ တစ်နေ့လုံး သူကား မည်သည့်ဆေးလုံးမှ မရောင်းခဲ့ရပေ။ လုဟွမ်ကား အမှန်အမှားကို ခွဲခြားခြင်း မပြုဘဲ လူတိုင်းကို အတင်းဝယ်ခိုင်းသည်။ ထိုလူများ မဝယ်ပါက လုဟွမ်က တိုက်ခိုက်၏။ မကြာမှီ အများပိုင်ကွင်းမှာ လူသူကင်းမဲ့သွားတော့သည်။

လုဟွမ်က သူရရှိသော ဝိညာဉ်ကျောက်တုံးတစ်ဆယ်ကျော်အား ကြည့်သည်။ သူသည် အပြင်ပန်းတွင် အေးစက်ဟန်ရှိသော်လည်း စိတ်တွင်း၌ကား အကြီးအကျယ် ပျော်ရွှင်နေသည်။

“ဒါက တကယ်ကောင်းတဲ့ စီးပွားရေးပဲ။ ငါသာ အရင်က တွေးမိရင် ဂိုဏ်းသားတွေအများကြီးကို လုယက်နေစရာ မလိုတော့ဘူး။ မန်ဟိုသာ ဒီမှာ ဆက်ရှိနေရင် အဆင်ပြေမှာ မဟုတ်ဘူး”

သူက ကောင်းရန်ကြောင့် ရောက်လာခြင်းမဟုတ်ဘဲ မန်ဟို၏နည်းလမ်းကို အတုယူ၍ ဆေးရောင်းရန် ရောက်လာခြင်းသာဖြစ်သည်။ ယခု သူကား အရသာကို သိသွားပြီးဖြစ်ရာ ပိုမို၍ လောဘကြီးလာသည်။ သူက မန်ဟိုအား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ကြည့်သည်။

“ငါ ရက်နည်းနည်းလောက် လေ့ကျင့်ပြီးရင် သူ့ကို သတ်ပစ်မယ်” လုဟွမ်က တွေးသည်။

နောက်တစ်နေ့တွင် လုဟွမ်၏အဆင့်နိမ့်အများပိုင်ကွင်း၌ နံပါတ်တစ် ဟူသော ဂုဏ်သတင်းကြောင့် ပိုမိုနည်းပါးသော လူများသာ အများပိုင်ကွင်းသို့ လာကြတော့သည်။ ရောက်လာသူများမှာလည်း ယခင်နေ့များမှ မလာဖူးသူများဖြစ်ကြ၏။ သူတို့က မည်သို့မှ မတတ်နိုင်ဘဲ ဆေးဝယ်ကြရသည်။ မန်ဟိုကား လုဟွမ်ကဲ့သို့ မရောင်းလိုရာ တစ်လုံးမှ မရောင်းရပေ။

လုဟွမ်ကား မန်ဟိုကို ကြည့်လေလေ သတ်ဖြတ်လိုစိတ်ကြီးလာလေဖြစ်သည်။ တတိယမြောက်နေ့တွင် မန်ဟိုက တိတ်တဆိတ်ရောက်လာသောအခါ နောက်နားမှ လုဟွမ်ပြောလိုက်သောစကားကို သူကြား၏။ လူအနည်းငယ်ကလည်း ထိုစကားကို ကြားသည်။

“မနက်ဖြန် မင်းအလံကို တွေ့ရင် မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်မယ်”

မန်ဟိုက အတန်ကြာ ရပ်တန့်နေပြီးမှ မည်သို့မှ မပြောဘဲ တိတ်တိဆိတ် ထွက်ခွာသွားခဲ့သည်။

“မင်းကပဲ ငါ့စီးပွားရေးကို လာလုသေး” မန်ဟိုက ပြောသည် “အခု ငါ့ကျင့်ကြံဆင့်ကို ဖျက်ဆီးဖို့ ပြောတယ်” မန်ဟိုက ဂူတံခါးကို ဖွင့်ကာ အတွင်းသို့ ဒေါသတကြီး ဝင်လာသည်။ ထို့နောက် ဂူ၏အတွင်းခန်းတံခါးကို ထပ်ဖွင့်သည်။ ချက်ချင်းပင် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာတော့သည်။ မန်ဟိုက အခန်းထဲတွင်ပင် စတင်ကျင့်ကြံ၏။

သူက ရက်သတ္တပတ်များစွာ စုဆောင်းထားသော စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူသည်။ ညနေစောင်းချိန်ရောက်၍ သူက မျက်လုံးကို ဖွင့်လိုက်သောအခါ သူ့မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သူကား ကျင့်ကြံဆင့် တိုးတက်ခဲ့သည်။ ယခု သူသည် စဦးချီကျင့်ကြံဆင့်၏အမြင့်ဆုံးသို့ ရောက်ရန် ဆံခြည်တစ်မျှင်မျှသာ မလိုတော့ဘဲ အမြင့်ဆုံးသို့ ရောက်နေပြီဖြစ်သည်။ ယခု သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

သို့သော် ထိုခြေလှမ်းကား သိပ်မလွယ်ကူပေ။ ကျင့်ကြံခြင်းအဆင့်မြင့်လာလေလေ နောက်တစ်ဆင့်ကို တက်ရန် ခက်လေလေပင်။ အထူးသဖြင့် အဆင့်(၅)နှင့် အဆင့်(၇)သည် ပုံမှန်ထက် ပိုခက်၏။ မန်ဟိုက မျက်မှောင်ကြုတ်ကာ သူလတ်တလော ရထားသော ဝိညာဉ်အားတိုးဆေးလုံများအားလုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ဝိညာဉ်အားတိုးဆေးလုံးများကို ထုတ်ကာ ပိုမိုများပြားသော ဝိညာဉ်အားတိုးဆေးလုံးများအား ပွားသည်။

ဝိညာဉ်အားတိုးဆေးလုံးများမှာ အကျိုးသက်ရောက်မှု အကန့်အသတ်ရှိသော်လည်း အရေအတွက်များပြားပါက အကျိုးသက်ရောက်မှု အနည်းငယ် ရှိပေသည်။ သူက သည်နည်းလမ်းကို တစ်ကြိမ်သုံးတိုင်း အကျိုးသက်ရောက်မှု ပိုအားနည်းလေဖြစ်သည်။

“ငါသူ့ကို အရင်ဆုံး ကျင့်ကြံဆင့်မဖျက်ဆီးရန် သူက ငါ့ကို သတ်မှာပဲ” တွန့်ဆုတ်ခြင်းမရှိဘဲ မန်ဟိုက ဆေးလုံးများအား သူ၏ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

သူ၏ခန္ဓာကိုယ်မှ ချီစွမ်းအားလိုအပ်ချက်မှာ အနည်းငယ်မျှဖြစ်သော်လည်း ဝိညာဉ်အားတိုးဆေးလုံး အများအပြား သူ့ကိုယ်တွင်းသို့ ဝင်လာသောအခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်လာ၏။ သူ၏ကျင့်ကြံဆင့်က မြစ်ရေလျှံသလို လျှံကျလာတော့မည်ဟု ခံစားရသည်။ သူ၏ခေါင်းက တစ်ဝီးဝီးလည်လာကာ အသိစိတ်ပျောက်သွားတော့မည်ကဲ့သို့ဖြစ်လာသည်။ သူ့ခေါင်းကြည်လာသောအခါတွင်လည်း သူ့ကျင့်ကြံဆင့်က နောက်တစ်ဆင့်သို့ မတက်ရောက်သေးပေ။ မန်ဟိုက အံကို ကြိတ်ကာ မည်သို့မှ မတတ်နိုင်တော့ဘဲ နောက်ထပ် ဝိညာဉ်အားတိုးဆေးများပွားကာ ပါးစပ်ထဲကို ထပ်ထည့်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။ သူ၏ခေါင်းက အဆက်မပြတ် တုန်ခါနေသည်။ နောက်ဆုံးတွင် ဘန်းခနဲမြည်သံနှင့်အတူ သူ့မျက်လုံးများ ဝေဝါးသွား၏။

သူ့တစ်ကိုယ်လုံးတွင် ကြီးမားသော အားလှိုင်းများ စီးဆင်းသွားကာ မန်ဟို၏မျက်လုံးများလည်း ပိုမိုကြည်လင်လာခဲ့သည်။ တစ်နာရီခန့်ကြာသောအခါ သူ၏ခေါင်းက လုံးဝ ကြည်လင်လန်းဆန်းနေပြီဖြစ်သည်။

“စဦးချီဖွဲ့စည်းခြင်းအဆင့် ၄” သူ၏ကျင့်ကြံဆင့်က မြစ်ရေတစ်စင်းကဲ့သို့ အားကောင်းစွာ စီးဆင်းနေသည်ဟု မန်ဟိုခံစားရသည်။

သူ၏အမူအရာက တည်ငြိမ်နေသည်။ သူက သိုလှောင်အိတ်ထဲမှ ဓားပျံငါးလက်ကို ထုတ်လိုက်၏။ ဓားများမှာ လဝက်ကာလအတွင်း သူစုဆောင်းမိခြင်းဖြစ်သည်။ ဓားများမှာ ရတနာစံအိမ်မှ ထုတ်ကုန်များဖြစ်ကာ ဆင်တူကြသည်။

သူ ထုတ်ယူလိုက်သောအရများထဲတွင် တခြားသော မှော်ဝင်ပစ္စည်းများလည်း ပါသည်။ သူက သက်ပြင်းတစ်ချက် ချကာ စတင်၍ တရားထိုင်ပြီး မနက်ခင်းရောက်ရန် စောင့်ဆိုင်းလိုက်သည်။

“ဂိုဏ်းထဲကို ရောက်ပြီးနောက်ပိုင်း ငါ့ရဲ့ကျင့်ကြံဆင့်ကို မြှင့်ဖို့ ငါဟာ မတတ်သာဘဲ လုယက်ခဲ့ရပေမယ့် လူတွေကို ထိခိုက်အောင် မလုပ်ချင်ခဲ့ဘူး။ ဒါကြောင့် စီးပွားရေးတစ်ခုလုပ်ဖို့ ကြိုးစားခဲ့ရတာပဲ။ အခု ငါ့စီးပွားကို လာဖျက်သလို ငါ့ကိုလည်း သတ်ဖို့ ကြံနေတယ်။ ဒါက အရမ်းလွန်သွားပြီ”

မနက်ခင်းရောက်သည်နှင့် မန်ဟိုက မျက်လုံးကို ဖွင့်လျှက် ထရပ်ကာ အများပိုင်ကွင်းသို့ ဦးတည်လိုက်တော့သည်။

All Chapters