← Chapters

နတ်ဘုရားရတနာနှင့် ဟင်းလင်းပြင် လက်စွပ်။

Vol. 2 Ch. 26

နတ်ဘုရားရတနာနှင့် ဟင်းလင်းပြင် လက်စွပ်။

Vol. 2 Ch. 26

ဒုတိယမြောက်နေ့ နေ့လယ်ခင်းအချိန်။

ဇနီးသည် စုဝေဝေနှင့်အတူ ကြည်နူးဖွယ် ကောင်းလှသော ညတစ်ညကို ကုန်ဆုံးဖြတ်သန်းခဲ့ပြီးနောက် ကျန်းဖန်တစ်ယောက် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေလေသည်။

သို့သော် ယနေ့သည် အဋ္ဌမအဆင့် ကံကောင်းခြင်း အခွင့်အလမ်း ပေါ်ပေါက်လာမည့် နေ့ရက် ဖြစ်နေသောကြောင့် သူသည် နေအိမ်၌ အချိန်ဖြုန်းမနေခဲ့ချေ။

သို့မဟုတ်ပါက ဤအဋ္ဌမအဆင့် အခွင့်အလမ်းကိုသာ လက်လွတ်ဆုံးရှုံးခဲ့လျှင် သူ သေချာပေါက် နောင်တရနေပေလိမ့်မည်။

မကြာမီမှာပင် ကျန်းဖန်သည် အခွင့်အလမ်းညွှန်ပြရာ အရပ်မျက်နှာဆီသို့ လှေငယ်ကို လှော်ခတ်၍ ထွက်ခွာလာခဲ့ပြီး သတ်မှတ်ထားသော နေရာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည်။ သို့သော် အချိန်ကျရောက်ခြင်း မရှိသေးချေ။

သူသည် လှေပေါ်မှ ပိုက်ကွန်တစ်လက်ကို ထုတ်ယူကာ ကန်ရေပြင်ထက်သို့ ပစ်ချလိုက်သည်။

သူ၏ ငါးဖမ်းစွမ်းရည်မှာ အခြေခံအဆင့်၌သာ ရှိသေးသော်လည်း ဤမျှရိုးရှင်းသော အလုပ်ကိစ္စများကိုမူ အလွယ်တကူ ကိုင်တွယ်နိုင်စွမ်း ရှိပေသည်။

ချက်ချင်းပင် ပိုက်ကွန်သည် ရေပြင်ကျယ်တစ်ဝိုက်ကို လွှမ်းခြုံသွားတော့၏။

နံနက် (၁၁) နာရီ (၄၅) မိနစ်။

ဝီ... ဝီ…

မူလက တည်ငြိမ်နေသော ကန်ရေပြင်သည် စတင်လှုပ်ရှားလာပြီး ငါးများ လန့်ဖျပ်ကုန်ကြကာ အလွန်အမင်း ထိတ်လန့်သွားသည့်အလား ကျန်းဖန်၏ ငါးဖမ်းလှေရှိရာဆီသို့ ဦးတည်ကူးခတ်လာကြလေသည်။

၎င်းတို့သည် ရှေ့တွင်ရှိနေသော ပိုက်ကွန်ကိုပင် သတိမထားမိကြဘဲ တိုးဝင်မိရက်သား ဖြစ်သွားကြတော့သည်။

"အချီကြီးမိတာဘဲဟေ့"

"ဒါက အဋ္ဌမအဆင့် အခွင့်အလမ်းများ ဖြစ်နေမလား"

ကျန်းဖန် အတိုင်းမသိ ဝမ်းသာသွားလေသည်။ ပြီးခဲ့သည့် ကာလအနည်းငယ်က ယွင်မုန်ကန်ရှိ သူ့ကံတရားသည် သိပ်မကောင်းလှခဲ့ပါ။ တစ်နေ့တာ ငါးဖမ်းရရှိမှုမှာ ဆိပ်ကမ်းခပေးရန်ပင် အနိုင်နိုင် ဖြစ်ခဲ့ရသည်။

မမျှော်လင့်ဘဲ ယခုအခါတွင်မူ ငါးများသည် သူ့ပိုက်ကွန်ထဲသို့ အလုအယက် တိုးဝင်လာနေကြချေပြီ။

မိမိသဘောဆန္ဒအလျောက် ငါးစာအဖြစ် အဖမ်းခံနေကြသကဲ့သို့ပင် ဖြစ်နေတော့၏။

အသေအချာ ဂရုစိုက်၍ ကြည့်လိုက်သောအခါ ထိုငါးများကို အနီရောင် ငါးကြီးတစ်ကောင်က လိုက်လံတိုက်ခိုက်နေသည်ကို သူ သတိထားမိလိုက်သည်။

ထိုငါးနီကြီးသည် အနည်းဆုံး (၁၀) တောကျော်ခန့် လေးလံမည့်ပုံပေါက်ပြီး ကိုယ်ခန္ဓာပေါ်တွင် ထူထပ်သော အနီရောင် အကွက်အပျောက်များဖြင့် ဖုံးလွှမ်းနေသည်။ အခြားငါးများနှင့် သိသိသာသာ ကွဲပြားနေပြီး ပြင်းထန်သော သွေးချီများကို ထုတ်လွှတ်နေလေသည်။

ရတနာငါး...။

သံသယဖြစ်ဖွယ် မရှိပေ။ ဤသည်မှာ ယွင်မုန်ကန်၏ နာမည်ကျော်ကြားလှသော အကြေးခွံနီ ရတနာငါးပင် ဖြစ်ပေသည်။

ဤကဲ့သို့သော အကြေးခွံနီ ရတနာငါး တစ်ကောင်သည် ငွေစ (၁၀) ကျော် တန်ကြေးရှိသည်။

အကယ်၍ ခရိုင်မြို့ကြီးများတွင် သွားရောက်ရောင်းချပါက ငွေစ တစ်ရာကျော်အထိ အလွယ်တကူ ရရှိနိုင်ပေသည်။

သိုင်းပညာရှင်များအတွက်မူ အကြေးခွံနီ ရတနာငါး၏ အသားသည် ကြီးမားသော စွမ်းအင်များ ပါဝင်နေပြီး စားသုံးလိုက်ပါက အတွင်းအား နှင့် သွေးစွမ်းအင်ကို လျင်မြန်စွာ တိုးပွားစေကာ ကျင့်ကြံခြင်း စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည်။

ရတနာငါး တစ်ကောင်သည်ပင်လျှင် နှစ်ဝက်ခန့် ကြိုးပမ်းအားထုတ်ရသော ကျင့်ကြံခြင်းရလဒ်နှင့် ညီမျှပေသည်။

ထို့ကြောင့် သိုင်းပညာရှင်များ အတွက် ရတနာငါးဆိုသည်မှာ တန်ဖိုးဖြတ်ရန်ခက်သော ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန် ရတနာတစ်ပါး ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဝုန်း…

ထိုအကြောင်းကို တွေးမိသည်နှင့် တပြိုင်နက် ငါးအမြောက်အမြားသည် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းရင်း ပိုက်ကွန်အတွင်းသို့ တိုးဝင်လာကြသဖြင့် ပိုက်ကွန်မှာ ရူးသွပ်မတတ် တင်းကျပ်လာသည်ကို ကျန်းဖန် ခံစားလိုက်ရသည်။

ဆွဲအားမှာ အလွန် ကြီးမားလှသည်။

အကယ်၍ သိုင်းပညာမတတ်မြောက်မီ ယခင် ကျန်းဖန်သာဆိုလျှင် လက်လွတ်ဆုံးရှုံးလိုက်ရနိုင်ပေသည်။

ပိုက်ကွန်ထဲမှ ငါးများအားလုံးကို ဆွဲတင်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။

သို့သော် ယခုအခါ အသားမျှင် သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိထားပြီးဖြစ်သော ကျန်းဖန်၏ ခန္ဓာကိုယ် ခွန်အားသည် ပေါင်ချိန် ခုနစ်ရာ၊ ရှစ်ရာခန့်အထိ ရှိနေပြီ ဖြစ်သည်။

သူ့အတွက်မူ ဤငါးများ၏ အလေးချိန်သည် ပြောပလောက်စရာ မရှိတော့ချေ။

ဘုန်း…

ထိုခဏ၌ပင် ကျန်းဖန်သည် ပိုက်ကွန်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဖွဖွလေး ဆွဲတင်လိုက်ရာ ပိုက်ကွန်တစ်ခုလုံး လှေပေါ်သို့ လွယ်ကူစွာ ရောက်ရှိလာပြီး ငါးအမြောက်အမြားသည် လှေကြမ်းခင်းပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာကြတော့သည်။

ပိုက်ကွန်ဖြင့် ချုပ်နှောင်ခံထားရသဖြင့် ငါးများက ခုန်ထွက်ရန်၊ ရုန်းကန်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်နေသည်။

သို့သော် ရတနာငါးဖြစ်သော အကြေးခွံနီ ရတနာငါးမှာမူ ကြီးမားသော အန္တရာယ်ကို သတိထားမိသည့်ပုံဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေလေသည်။

သို့သော် ကျန်းဖန် ရှေ့သို့တိုးသွားပြီး လက်ဝါးဖြင့် ဖွဖွလေး ရိုက်ချလိုက်ရာ... ဘုန်း ... အကြေးခွံနီ ရတနာငါးသည် ကြမ်းခင်းနှင့် ပြင်းထန်စွာ ရိုက်မိသွားပြီး သတိလစ်မေ့မြောသွားလေသည်။

"ဒီလောက်ကောင်းတဲ့ ရတနာကို တခြားလူ အမြင်ခံလို့ မဖြစ်ဘူး"

လှေထဲတွင် ခုန်ပေါက်နေသော ငါးများကို ကြည့်ရင်း ကျန်းဖန် အလွန် ကျေနပ်သွားမိသည်။

ဤမျှ များပြားသော ငါးများကို ဖမ်းဆီးရမိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က ရက်ပေါင်းများစွာ ရှာဖွေရရှိသော ဝင်ငွေနှင့် နှိုင်းယှဉ်နိုင်ပေသည်။

အမှန်စင်စစ် အကြီးမားဆုံးသော အမြတ်အစွန်းမှာ ဤ အကြေးခွံနီ ရတနာငါးပင် ဖြစ်သည်။

၎င်းတစ်ကောင်တည်းနှင့်ပင် မရေမတွက်နိုင်သော သာမန်ငါးများထက် တန်ဖိုးပိုရှိနေပေသည်။

ကံဆိုးစွာဖြင့် ဤရတနာငါးကို လူမြင်ကွင်းသို့ ထုတ်ပြ၍မရသလို၊ ကမ်းပေါ်သို့လည်း ယူဆောင်သွား၍ မရနိုင်ပေ။

အကယ်၍ နဂါးဘုရင်ဂိုဏ်းသာ ရတနာငါး ရှိနေကြောင်း သိရှိသွားပါက လာရောက်သိမ်းပိုက် ယူငင်ကြပေလိမ့်မည်။

သူတို့ ပိုက်ဆံပေးလျှင်တောင်မှ အများဆုံး ငွေစ (၁၀) ပြားလောက်သာ ပေးကြမည် ဖြစ်သည်။

သာမန်တံငါသည်များ အတွက်မူ ငွေစ (၁၀) ပြားဆိုသည်မှာ မမျှော်လင့်ဘဲ ရရှိလာသော လာဘ်ကြီးတစ်ပါး ဖြစ်ပေလိမ့်မည်။

ရွာသူရွာသားများ သိရှိသွားလျှင်လည်း မည်မျှ မနာလိုဝန်တို ဖြစ်ကြမည်ကို မည်သူ ခန့်မှန်းနိုင်မည်နည်း။ ခိုးယူမှုများပင် ဖြစ်ပေါ်လာနိုင်ပေသည်။

"ဒီအတိုင်း စားပစ်လိုက်တာကမှ ပိုကောင်းဦးမယ်"

ကျန်းဖန်သည် တွန့်ဆုတ်မနေဘဲ ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ နဂါးဘုရင်ဂိုဏ်းကို ဈေးပေါပေါဖြင့် အမြတ်ထုတ်ခွင့် မပေးလိုသည်မှာ သေချာသည်။

သူခိုးအခိုးခံရမည့်အစား ကိုယ်တိုင် စားပစ်လိုက်သည်က ပိုကောင်းပေသည်။

ထို့ပြင် ယခုအခါ သူသည် အသားမျှင် သန့်စင်ခြင်း အဆင့် သိုင်းပညာရှင် ဖြစ်နေပြီဖြစ်ရာ ရတနာငါးကို စားသုံးလိုက်ခြင်းက သူ၏ သိုင်းပညာ ကျင့်ကြံမှုကို သိသိသာသာ တိုးတက်လာစေမည်မှာ မလွဲဧကန်ပင်။

ထိုသို့ တွေးတောမိသည်နှင့် သူသည် စတင် ချက်ပြုတ်တော့သည်။

လှေငယ်လေးသည် အရွယ်အစား သေးငယ်သော်လည်း အင်္ဂါရပ်အားလုံး ပြည့်ပြည့်စုံစုံ ပါရှိလေသည်။

ချက်ပြုတ်စရာ ကိရိယာတန်ဆာပလာ အများအပြားလည်း ပါရှိသည်။

တံငါသည်များသည် မကြာခဏဆိုသလို တစ်နေ့ကုန် ငါးဖမ်းထွက်လေ့ရှိရာ အိမ်ပြန်ရန် အချိန်မရှိကြချေ။

ထို့ကြောင့် သဘာဝကျစွာပင် သူတို့သည် ငါးဖမ်းလှေပေါ်၌သာ စားသောက်ရန် ရွေးချယ်လေ့ရှိကြသည်။

ချက်ပြုတ်နည်းမှာ ရိုးရှင်းသည်။ ရေနွေးအိုးတည်၊ ဟင်းခတ်အမွှေးအကြိုင် အနည်းငယ် ထည့်လိုက်ရုံဖြင့် ပြီးပြည့်စုံသွားလေသည်။

သို့သော် အကြေးခွံနီ ရတနာငါးမှာ အလွန် ကြီးမားလှပြီး (၁၀) ကျင်းကျော်မျှ ရှိသည်။

ကျန်းဖန်သည် ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်ပြီးနောက် အိုးထဲထည့်ကာ ပြုတ်လိုက်သည်။

မကြာမီမှာပင် သူသည် အကြေးခွံနီ ရတနာငါး၏ ဗိုက်ကို ခွဲထုတ်လိုက်လေသည်။

"ဒါ ဘာကြီးလဲ... လက်စွပ်တစ်ကွင်းလား"

ကျန်းဖန် ငါး၏ ဝမ်းဗိုက်ကို ခွဲလိုက်သည့် အချိန်မှာပင် အတွင်း၌ ဖွက်ထားသော လက်စွပ်တစ်ကွင်းကို တွေ့ရှိလိုက်ရသည်။ ကြေးညိုရောင်ရှိပြီး ထူးဆန်းသော ပုံသဏ္ဌာန်များ ထွင်းထုထားကာ လမ်းဘေးဆိုင်များတွင် ရောင်းချလေ့ရှိသော လက်စွပ်များနှင့် ဆင်တူနေပေသည်။

"ဒါက တကယ့် အဋ္ဌမအဆင့် အခွင့်အလမ်းများ ဖြစ်နေမလား"

ကျန်းဖန်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ဤလက်စွပ်သည် သာမန်မဟုတ်ကြောင်း အလိုလို အာရုံခံစားမိလိုက်သည်။ အကြေးခွံနီ ရတနာငါးထက်ပင် ပို၍ တန်ဖိုးရှိနိုင်သော်လည်း ၎င်း၏ အသုံးဝင်ပုံကိုမူ သူ မသိရှိချေ။

ဝုန်း…

ထိုခဏချင်းမှာပင် ဆန်းကြယ်သော စွမ်းအင်တစ်မျိုးသည် သူ့ထံမှ ထွက်ပေါ်လာပြီး လက်စွပ်အတွင်းသို့ စီးဝင်ပေါင်းစပ်သွားလေသည်။ ထို့နောက် သူ၏ ကံကောင်းခြင်း အမှတ်များ အနည်းငယ် လျော့နည်းသွားသည်ကို ခံစားလိုက်ရပြီး လက်စွပ်နှင့် ချိတ်ဆက်မှုတစ်ခု တည်ဆောက်လိုက်မိကြောင်း သူ သဘောပေါက်လိုက်သည်။

ဒိန်း…

နောက်တစ်စက္ကန့်တွင် သူ၏ အသိစိတ်အာရုံသည် လက်စွပ်၏ နက်ရှိုင်းသော အတွင်းပိုင်းသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး (၃) ကုဗမီတာခန့် ကျယ်ဝန်းသော ဟင်းလင်းပြင် နေရာလွတ်တစ်ခုကို တွေ့ရှိလိုက်ရသည်။ သို့သော် ထိုနေရာ၌ ဘာမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။

သို့တိုင်အောင် သူသည် စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေမိသည်။

"မဖြစ်နိုင်လိုက်တာ... တကယ်ကြီးလား... ဒါ ဟင်းလင်းပြင်လက်စွပ်များလား"

ကျန်းဖန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ ရင်ထဲတွင် မုန်တိုင်းထန်သကဲ့သို့ ခံစားနေရပြီး ပြောစရာစကားပင် ပျောက်ရှနေတော့သည်။

ဤသည်မှာ ဒဏ္ဍာရီလာ ရတနာတစ်ပါးဖြစ်ပြီး သာမန်လူများ ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်ချေ။

အကယ်၍ ဟင်းလင်းပြင်လက်စွပ်သာ အမှန်တကယ် ရှိနေပါက ဤကမ္ဘာလောကတွင် ကျင့်ကြံသူများလည်း ရှိနေနိုင်ပေသည်။

သို့သော် ဤအချက်နှင့် ပတ်သက်၍ သူ သိပ်ပြီး အံ့သြမနေတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဇာတာခွင်ကဲ့သို့သော ဆန်းကြယ်သည့် စွမ်းအားများ ရှိနေမှတော့ ကျင့်ကြံသူများ ရှိနေခြင်းသည်လည်း ဖြစ်နိုင်ချေ ရှိပေသည်။

အံ့သြစရာ မလိုတော့ပေ။

"အဋ္ဌမအဆင့် အခွင့်အလမ်း ဖြစ်နေတာ မဆန်းတော့ပါဘူး... ဒါက တကယ့်ကို အံ့မခန်းပါပဲ"

ကျန်းဖန် စိတ်လှုပ်ရှားကာ တုန်လှုပ်သွားလေသည်။ ဟင်းလင်းပြင် လက်စွပ်ထဲတွင် ရတနာများ မပါဝင်သော်လည်း ၎င်း၏ တည်ရှိမှု တစ်ခုတည်းကပင် သာမန်လူသားများ အတွက် တန်ဖိုးဖြတ်မရနိုင်အောင် အဖိုးတန်လှပေသည်။

ဟင်းလင်းပြင် လက်စွပ်သာ ရှိလျှင် သူ့ပိုင်ဆိုင်မှုများ အားလုံးကို ၎င်းအတွင်း၌ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

သူခိုးများ အိမ်ထဲဝင်ရောက်လာလျှင်ပင် ပစ္စည်းများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။

အန္တရာယ်နှင့် ကြုံတွေ့ရပါက ပစ္စည်းအားလုံးကို သယ်ဆောင်ပြီး ထွက်ပြေးနိုင်မည် ဖြစ်ရာ ပစ္စည်းဥစ္စာမျ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

(၃) ကုဗမီတာခန့် ကျယ်ဝန်းသော နေရာလွတ်သည် ပစ္စည်းအများအပြားကို သိမ်းဆည်းထားနိုင်သည်။

သယ်ဆောင်ရ လွယ်ကူသော ဂိုဒေါင်အသေးစားလေး တစ်ခုကဲ့သို့ပင် ဖြစ်သည်။

All Chapters