← Chapters

အလင်းဖြာထွက်နေသော ဟင်းပွဲ။

Vol. 2 Ch. 28

အလင်းဖြာထွက်နေသော ဟင်းပွဲ။

Vol. 2 Ch. 28

"ဒီကောင် တော်တော် ယုတ်မာတာပဲ..."

ကျန်းဖန်သည် တစ်ဖက်လူ၏ မောက်မာဝင့်ကြွားသော အမူအရာကို ကြည့်ရင်း ဒေါသများ ငယ်ထိပ်ဆောင့်တက်လာကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

တံငါသည်များသည် ငါးအနည်းငယ် ရရှိရန်အတွက် မိုးလင်းမှ မိုးချုပ်အထိ မနားမနေ ကြိုးစားလုပ်ကိုင်ကြရသည်။

ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသည်ကပင် လုံလောက်နေပြီ ဖြစ်သည်။

ယခုမူ သူတို့ကပင် အလုပ်မကြိုးစားပါဟု စွပ်စွဲကာ လက်ညှိုးထိုး အပြစ်တင်ခြင်း ခံနေရပြန်သည်။

လော့ချန်ကဲ့သို့ လူစားမျိုးက မောက်မာရိုင်းစိုင်းစွာ ပြုမူသည်မှာ မထူးဆန်းတော့ချေ။ အထက်မှ ပုံစံချပေးထားသော နမူနာပုံစံခွက်က မှားယွင်းနေသောကြောင့်ပင်။

လော့ကျန့်သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

သို့သော် ယခုအချိန်၌ သူသည် သည်းခံနေရုံမှတစ်ပါး အခြားမရှိပေ။

မည်သို့ပင်ဆိုစေကာမူ လော့ကျန့်သည် အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့် သိုင်းပညာရှင် တစ်ဦးဖြစ်ရုံသာမက နဂါးဘုရင်ဂိုဏ်း၏ အကြီးအကဲ တစ်ဦးလည်း ဖြစ်နေသည်။

အကယ်၍ သူ့ကို သွားရောက် နှောင့်ယှက်မိပါက နဂါးဘုရင်ဂိုဏ်း တစ်ခုလုံးကို ရန်စလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူ၏ ခေါင်းပုံဖြတ်မှုကို ခံနေရသော်လည်း သူတို့တွင် ငုံ့ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိကြရှာပေ။

အခြား တံငါသည်များသည်လည်း ထိုနည်းတူစွာပင် တွေးတောနေကြသည်။

မကြာမီအချိန်အတွင်း နဂါးဘုရင်ဂိုဏ်းမှ လူတစ်စု ရောက်ရှိလာပြီး ငါးခြင်းတောင်းများကို တစ်လုံးပြီးတစ်လုံး သိမ်းဆည်းကာ ပမာဏ အမြောက်အမြားကို သယ်ဆောင်သွားကြတော့သည်။

ခဏချင်းမှာပင် ဆိပ်ကမ်းရှိ တံငါသည်များ၏ ငါးအများစုမှာ အသိမ်းခံလိုက်ရလေသည်။

ကျန်ရစ်ခဲ့သည်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေသော တံငါသည်တစ်သိုက်သာ ဖြစ်တော့သည်။

"ဟူး... ဒီကောင်တွေ တနေ့ကျရင် ဝဋ်လည်မှာပါကွာ"

"ဝယ်ဈေးက ၃၀ ရာခိုင်နှုန်း ထပ်နှိမ်လိုက်ပြန်ပြီ... ငါ ဘယ်လိုလုပ် မိသားစုကို ရှာကျွေးရတော့မလဲ"

"ဒါက ငါတို့ အသားကို စားပြီး ငါတို့အသွေးကို စုပ်သောက်နေတာပဲ"

တံငါသည် အများအပြားမှာ အံကြိတ်ရင်း တီးတိုး ရေရွတ်ကာ ကျိန်ဆဲနေကြသည်။

သို့သော် နဂါးဘုရင်ဂိုဏ်းသားများ ကြားသွားပြီး ကပ်ဘေးဆိုက်မည်ကို စိုးရိမ်သဖြင့် သူတို့၏ အသံများမှာ တိုးညှင်းနေလေသည်။

သို့ရာတွင် မကျေနပ်ချက်များနှင့် ဒေါသတရားများမှာမူ ပိုမို ကြီးထွားလာနေတော့သည်။

"ခင်ဗျားတို့က တော်သေးတာပေါ့ဗျာ... ဆုံးရှုံးမှု သိပ်မများဘူးလေ"

"ဒီနေ့ ကျွန်တော်က တော်တော်များများ ဖမ်းမိထားလို့ အမြတ်ကြီးကြီး ရမယ်လို့ တွက်ထားခဲ့တာဗျ"

"ဒီလိုမှန်းသိရင် ငါးတွေကို ကန်ထဲ ပြန်ပစ်လိုက်တာကမှ ပိုကောင်းဦးမယ်"

ကျန်းဖန်သည် ဟန်ဆောင်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"အေးကွာ... ကျန်းလေးခမျာ ဒီတခေါက် တော်တော် အရှုံးပေါ်သွားရှာတယ်... ငါး ၇ တောင်း၊ ၈ တောင်းလောက်တောင် ရထားတာ... တကယ့်ကို ကောင်းကောင်း ရထားတာကိုး... ကံဆိုးချင်တော့ နဂါးဘုရင်ဂိုဏ်းက ဈေးနှိမ်ပြီး အကုန်သိမ်းသွားတယ်။ ပိုက်ဆံက ဘယ်လောက်မှ မကျန်တော့ဘူး"

"ဟုတ်ပါ့ဗျာ... ကျန်းလေးက ဒီရက်ပိုင်း သိပ်မမိဘဲ ဒီနေ့မှ ကံကောင်းခါရှိသေးတာကို အကြီးအကဲလော့နဲ့ လာတိုးနေတယ်"

"စိတ်မပူပါနဲ့ကွာ... ယွင်မုန်ကန်ထဲမှာ ငါးတွေအများကြီး ကျန်ပါသေးတယ်... မနက်ဖြန်ကျရင် မင်း သေချာပေါက် ကောင်းကောင်းမိမှာပါ"

ထိုစကားကို ကြားသောအခါ တံငါသည်များ ပြုံးလိုက်ကြပြီး စိတ်သက်သာရာ ရသွားကြသည်။ မိမိတို့ထက် ပို၍ ကံဆိုးသောသူ ရှိနေသည်ကို မြင်လိုက်ရသဖြင့် မိမိတို့ကပင် ကံကောင်းသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

သူတို့အားလုံး ကျန်းဖန်ကို စာနာသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ကျန်းဖန်အပေါ် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို ပိုမို ခံစားလိုက်ရသည်။

လူ့သဘောသဘာဝမှာ ဤအတိုင်းပင် ဖြစ်သည်။

အားကြီးသူကို ရိုသေလေးစားသော်လည်း အားနည်းသူကိုမူ ရင်းနှီးမှု ပိုရှိတတ်ကြသည်။

တစ်ခါတစ်ရံတွင် အားနည်းချင်ယောင်ဆောင်ခြင်းက တစ်ဖက်သား၏ စေတနာကို ရရှိစေပြီး သတိထားမှုကို လျော့ကျစေနိုင်ပေသည်။

"ဦးလေးတို့ နှစ်သိမ့်ပေးတာ ကျေးဇူးပါဗျာ"

ကျန်းဖန် ရှက်သွေးဖြာသော အပြုံးဖြင့် ပြောလိုက်သည်။

ဤရန်ငြိုးကို သူ မှတ်သားထားလိုက်ပြီး မကြာမီ (သို့မဟုတ်) နောက်ပိုင်းတွင် လော့ကျန့်ကို လက်စားချေရမည် ဖြစ်သည်။

သူ့ငါးများကို အလွယ်တကူ ယူဆောင်သွား၍ မရကြောင်း ထိုသူတို့ သိစေရမည်။

......

တံငါသည်များနှင့် စကားစမြည် ပြောဆိုပြီးနောက် ကျန်းဖန်သည် ငါးဖမ်းလှေကလေးကို လှော်ခတ်ပြီး သော်ကရွာ ဆိပ်ကမ်းသို့ ပြန်လာခဲ့လေသည်။

မကြာမီမှာပင် သူ အိမ်ပြန်ရောက်လာခဲ့သည်။

ထိုအချိန်တွင် စုဝေဝေသည် ထမင်းဟင်းများ ချက်ပြုတ်ပြင်ဆင်ထားပြီး ကျန်းဖန် ပြန်လာမည့်အချိန်ကို စောင့်မျှော်နေသည်။

အိမ်ထဲတွင် အစားအစာများ၏ မွှေးပျံ့သော ရနံ့များဖြင့် ပြည့်နှက်နေပြီး စားချင်စဖွယ် ဖြစ်နေသည်။

သူမသည် ပါးလွှာပြီး ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသဖြင့် ပြီးပြည့်စုံသော ကောက်ကြောင်းအလှတရားများမှာ ဖုံးဖိ၍ မရနိုင်လောက်အောင် ပေါ်လွင်နေပေသည်။

ချောမွတ်ဖြူဝင်းသော အသားအရေနှင့် နုနယ်လှပသော မျက်နှာလေး...။

ရက်အနည်းငယ်ကြာ အာဟာရ ပြည့်ဝစွာ စားသောက်ထားသဖြင့် သူမသည် ပိုမို မှည့်ဝင်းလာသော မက်မွန်သီးတစ်လုံးပမာ သွေးသားဆူဖြိုးပြီး အရည်ရွှမ်းနေသည်ဟု ထင်မှတ်ရသည်။

တကယ့်ကို သွားရည်ယိုစရာ ကောင်းလှပေသည်။

လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းသည် အတိုင်းအဆမရှိသော ဆွဲဆောင်မှုများကို ထုတ်လွှတ်နေတော့၏။

"ယောကျာ်း"

"ဟင်... ဒါ ဘာအနံ့လဲ"

ကျန်းဖန်ကို မြင်လိုက်သည်နှင့် စုဝေဝေ ဝမ်းသာသွားပြီး အနားသို့ အမြန်တိုးကပ်လာခဲ့သည်။

ကျန်းဖန်၏ လက်ထဲတွင် အိုးမည်းတစ်လုံး ကိုင်ဆောင်ထားသည်ကို သူမ လျင်မြန်စွာ သတိပြုမိလိုက်သည်။

ထိုအိုးထဲမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေခြင်းဖြစ်ပြီး သူမ၏ အရသာခံအာရုံများကို လှုံ့ဆော်နေသဖြင့် ချက်ချင်းပင် စားချင်စိတ် ပေါက်လာစေသည်။

သူမ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှ မွှေးပျံ့သော အနံ့မျိုးကို ပထမဆုံးအကြိမ် ရှုရှိုက်ဖူးခြင်း ဖြစ်သည်။

"ဒါက အခုလေးတင် ကိုယ်ဖမ်းမိလာတဲ့ ရတနာငါးလေ... အကြေးခွံနီ ရတနာငါးတဲ့"

"ငါးဒိုင်ကို မရောင်းရက်တာနဲ့ ကိုယ်တိုင်ပဲ ချက်လာခဲ့လိုက်တာ"

"မင်းနဲ့ အတူတူစားဖို့ ပြန်ယူလာခဲ့တာလေ"

ကျန်းဖန် အနည်းငယ် ပြုံးလိုက်သည်။ အမှန်စင်စစ် အိမ်မပြန်မီတွင် ဟင်းလင်းပြင် လက်စွပ်ထဲမှ အိုးမည်းကို ထုတ်ယူခဲ့ခြင်း ဖြစ်သည်။

လမ်းတစ်လျှောက်လုံး သယ်ဆောင်လာပါက အခြား တံငါသည်များ သေချာပေါက် သတိထားမိကြမည် ဖြစ်သော်လည်း အိမ်ရောက်မှ ထုတ်လိုက်သဖြင့် ကိစ္စမရှိတော့ပေ။

"အကြေးခွံနီ ရတနာငါး ဟုတ်လား... ဒီငါးက ငွေစ ဆယ်ချီတန်တာ မဟုတ်ဘူးလား"

"ယောကျာ်းက တကယ်ကြီး ချက်စားလိုက်တာလား"

ထိုစကားကို ကြားလိုက်ရသော် စုဝေဝေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်ဖြစ်သွားရှာသည်။ ဤအိုးထဲမှ ဟင်းပွဲသည် ငွေစ ဆယ်ချီတန်ကြေးရှိသော အစားအစာ ဖြစ်နေသဖြင့် အလွန်တရာ တန်ဖိုးကြီးမားလှသည်။ အထက်တန်းလွှာ မိသားစုများသာ စားသုံးနိုင်သော အရာဖြစ်သည်။

သာမန်အားဖြင့် တံငါသည်များသည် ရတနာငါးကို ဖမ်းမိပါက မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ရောင်းချလေ့ ရှိကြသည်။

မည်သူမျှ ကျန်းဖန်ကဲ့သို့ ချက်ပြုတ်စားသောက်ခြင်း မပြုကြပေ။ ဤသည်မှာ အလွန် ဖြုန်းတီးရာကျပြီး အလွန်အကျွံ ဇိမ်ခံလွန်းရာ ရောက်နေသည်။

သူမ နှမြောတသ ဖြစ်သွားမိသည်။ ငွေစ ဆယ်ချီ ပမာဏမှာ မျက်စိရှေ့တင် ပျောက်ဆုံးသွားသကဲ့သို့ပင်။

"ဟုတ်တယ်... ချက်လိုက်ပြီ"

"တို့မိသားစုက အခု ပိုက်ဆံမလိုပါဘူး"

"နောက်ဆိုရင် ငါးကောင်းကောင်းမိတိုင်း ငါးဒိုင်ကို မရောင်းဘဲ ကိုယ့်ဘာသာပဲ ချန်ထားပြီး စားကြတာပေါ့"

"အထက်တန်းလွှာတွေ စားနိုင်ရင် တို့တွေလည်း စားနိုင်ရမှာပေါ့"

"ပြီးတော့ မင်းက ကျန်းမာရေး သိပ်မကောင်းဘူးလေ... ဒီရတနာငါးက မင်းကို အားရှိစေမှာပါ"

"နောက်ပြီး ကလေးရဖို့အတွက်လည်း အထောက်အကူ ဖြစ်စေမှာလေ"

ကျန်းဖန်က ခံ့ညားစွာ ပြောလိုက်သည်။

"ဟွန်း... ကျွန်မ... ကျွန်မက အဲ့လောက်လည်း အားနည်းတာ မဟုတ်ပါဘူးနော်"

"သန်မာပါတယ်နော်"

"ယောကျာ်းကသာ သိပ်ပြီး စွမ်းလွန်းနေတာပါ"

စုဝေဝေ၏ မျက်နှာလေးမှာ ရဲတွတ်သွားသည်။ သူမ၏ ဖြူဖွေးနုနယ်သော မျက်နှာလေးမှာ နီမြန်းသွားပြီး သူတို့နှစ်ဦးကြားမှ အကြောင်းအရာများကို ပြန်လည်တွေးမိကာ ရှက်သွေးဖြာသွားပြန်သည်။

သို့သော် သူမ စိတ်ထဲတွင် လက်ခံလိုက်သည်။

ရတနာငါးကို စားသုံးပြီး အားအင်ဖြည့်တင်းခြင်းက ကျန်းမာသန်စွမ်းသော ကလေးများကို မွေးဖွားနိုင်ရန် ကူညီပေးနိုင်ကောင်းပါရဲ့။

အိမ်လေး စည်ကားသွားစေရန် အနည်းဆုံး ကလေး ၇ ယောက်၊ ၈ ယောက်လောက် ရရှိဖို့ သူမ ပြင်းပြစွာ မျှော်လင့်နေမိသည်။

"လာပါ... ကိုယ် ဗိုက်ဆာနေပြီ... စားကြရအောင်"

ကျန်းဖန်သည် စုဝေဝေကို ဆွဲခေါ်ပြီး ထိုင်စေလိုက်သည်။ ထို့နောက် အိုးမည်း၏ အဖုံးကို ဖွင့်လိုက်ရာ အကြေးခွံနီ ရတနာငါး အသားတုံးများ ပေါ်လာသည်။ ၎င်းတို့သည် ဖျော့တော့သော အနီရောင် အလင်းတန်းများ ထုတ်လွှတ်နေသကဲ့သို့ ရှိပြီး အလွန် ဆန်းကြယ်လှပနေတော့သည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သော မွှေးပျံ့သည့်ရနံ့သည် အိမ်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး စိတ်ဓာတ်ကို လန်းဆန်းစေကာ စားချင်စိတ်ကို နိုးကြားလာစေသည်။

"အလင်းတွေ ဖြာထွက်နေတဲ့ ဟင်းပွဲပါလား"

စုဝေဝေသည် အံ့သြမှင်သက်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

ဤကဲ့သို့သော ဟင်းပွဲမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူမ၏ ထင်မြင်မှန်းဆမှုထက်ပင် ကျော်လွန်နေလေသည်။

ရတနာငါးဟူသော အမည်နှင့် တကယ်ကို လိုက်ဖက်ညီလှပေသည်။

သူမခင်ပွန်း၏ ဟင်းချက်လက်ရာဖြင့်တောင် ဟင်းပွဲက ဤမျှအဆင့် ရောက်ရှိနေခြင်းမှာ ပါဝင်ပစ္စည်းများက ထိပ်တန်းအဆင့် ဖြစ်နေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဟင်းပွဲတစ်ပွဲတည်းနှင့် ငွေစ ဆယ်ချီတန်ကြေး ရှိနေသဖြင့် အလွန် ဇိမ်ခံလွန်းသည်ဟု သူမ တွေးမိသော်လည်း၊ မည်သည့် တံငါသည်မှ အိပ်မက်ပင် မမက်ရဲသော အရာဖြစ်သော်လည်း... ထိုမွှေးပျံ့သော ရနံ့၏ ဆွဲဆောင်မှုကို သူမ မလွန်ဆန်နိုင်တော့ချေ။ တူကို ကောက်ကိုင်လိုက်ပြီး အသားတစ်တုံးကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

"အို... ဒါက..."

ငါးအသားသည် ပါးစပ်ထဲတွင် အရည်ပျော်ကျသွားပြီး မွှေးပျံ့သော အရသာများ ပေါက်ကွဲထွက်ပေါ်လာသည်ကို စုဝေဝေ ခံစားလိုက်ရသည်။ ယခင်က မစားဖူးသော အရသာမျိုးဖြစ်ပြီး နတ်ပြည်မှ အစားအစာသဖွယ် ဖြစ်နေတော့သည်။

ထိုအခိုက်အတန့်တွင် သူမသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ အရသာ ရှိလွန်းလှသဖြင့် ရပ်တန့်၍ မရနိုင်တော့ချေ။

"ဖြည်းဖြည်းစားပါ... အများကြီး ကျန်ပါသေးတယ်"

ထိုအရာကို မြင်သော် ကျန်းဖန်သည် သဘောကျစွာ ရယ်မောလိုက်ပြီး ဝင်ရောက် စားသောက်လိုက်လေသည်။

ဆယ်မိနစ်ကျော်လောက် အကြာမှာပင် သူတို့နှစ်ဦးစလုံး၏ ဗိုက်များ ပြည့်ကားလာကြသည်။

"ယောကျာ်း..."

"ကျွန်မ ခန္ဓာကိုယ်ထဲမှာ မီးလောင်နေသလိုပဲ ခံစားရတယ်"

"ဘာလို့ အဲ့လို ဖြစ်နေရတာလဲဟင်"

ထိုအချိန်၌ စုဝေဝေ၏ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး မျက်လုံးများမှာ ရီဝေနေကာ ကျန်းဖန်ကို ကြည့်နေလေသည်။ သူမ၏ ခန္ဓာကိုယ် အတွင်း၌ ထိန်းချုပ်၍ မရနိုင်သော ပူလောင်ပြင်းပြမှုတစ်ခု ဖြစ်ပေါ်နေသည်ကို ခံစားနေရသည်။

သံသယဖြစ်ဖွယ် မရှိပေ။ အကြေးခွံနီ ရတနာငါး၏ အသားသည် သာမန်လူများအတွက် အလွန်အမင်း အားအင်ပြည့်ဝစေသော အရာဖြစ်သည်။

အလွန်အကျွံ စားသုံးမိပါက ထိုအာဟာရဓာတ်များကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

"မပူပါနဲ့... ကိုယ် ကူညီပေးမယ်လေ"

ကျန်းဖန် ရှေ့သို့ တိုးသွားပြီး စုဝေဝေ၏ ခါးလေးကို ပွေ့ဖက်ကာ မချီလိုက်ပြီးနောက် အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားလိုက်သည်။

ရုတ်ခြည်းပင် ကုတင်လေး လှုပ်ယမ်းသွားပြီး ပုစဉ်းရင်ကွဲသံများ အဆက်မပြတ် မြည်ဟီးလာတော့သတည်း။

All Chapters