အခန်း (၄၁၉)
Vol. 32 Ch. 419
ကျိုးချူမှ ခြေနှစ်လှမ်းရှေ့တိုးလိုက်ပြီးနောက် ပြောသည်။
“ချင်းဟူ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ”
ချင်းဟူသည် ကျိုးချူကို တစ်ချက်မျှသာ စောင်းငဲ့ကြည့်ပြီးနောက် ပြောသည်။
“ငါ့ကို နာမည်တပ်ခေါ်ရအောင် မင်းကိုယ်မင်းဘယ်သူထင်နေလဲ။ ငါ့ကို လူကြီးမင်းဟူလို့ ခေါ်စမ်း!”
ကျိုးချူမှ ပြန်ချေပသည်။
“ငါက ဘာလို့ မင်းကို လူကြီးမင်းလို့ ခေါ်ရမှာလဲ။ ငါမင်းနဲ့ စကားတွေပြောပြီး အချိန်မဖြုန်းချင်ဘူး။ ယုံချန်းလမ်းမကို ငါတို့ကျားဖြူခန်းမဆီ ပြန်ပေးရမယ်လို့ ခေါင်းဆောင်နန်က အမိန့်ချခဲ့ပြီးသားပဲ။ ဆိုတော့ မြန်မြန်လေးလွှဲပေးပြီး မင်းလူတွေကို ခေါ်သွားလိုက်တော့”
“ငါတို့မသွားဘူးဆိုရင်ရော?”
ချင်းဟူသည် အရှက်မဲ့စွာ စတင်ပြုမူလာခဲ့သည်။
ကျိုးချူမှ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“အဲဒီတော့ ခက်ခဲတဲ့လမ်းကို လျှောက်မယ်ပေါ့လေ ဟမ်?”
ချင်းဟူမှ အေးစက်စွာ ရယ်မောသည်။
“မင်းတို့ကျားဖြူခန်းမက တကယ်တမ်းကျ အသက်မရှိတော့ပါဘူး။ ငါတို့လင်းယုန်ခန်းမရဲ့ ယုံချန်းလမ်းမပေါ်မှာ ဒီလိုခြိမ်းခြောက်ကြိမ်းမောင်းနေမယ့်အစား အခွံထဲ ဝင်ပုန်းနေတဲ့လိပ်လိုမျိုး ပြုမူနေထိုင်တတ်ဖို့ လေ့ကျင့်သင့်တယ်။ မင်းယုံချင်ယုံ မယုံချင်နေ၊ ငါမင်းတို့ရဲ့အသက်ကို ဘယ်ကထွက်သွားမှန်းမသိအောင် ရိုက်သတ်ပစ်နိုင်တယ်ကွ၊ ထွက်သွားကြစမ်း!”
“မင်းတို့ကျားဖြူခန်းမရဲ့လူ တစ်ယောက်လောက်ပဲဖြစ်ဖြစ် ဒီနေရာမှာ ထပ်တွေ့ခဲ့ရရင် ငါမင်းတို့ရဲ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်!”
ချင်းဟူသည် အလွန်ထောင်လွှားမောက်မာ၏။ သူသည် မသန်စွမ်းသော စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးသာ ဖြစ်သည့်တိုင် ၎င်းအဆင့်အောက်ရှိ မည်သူကိုမျှ မကြောက်ရွံ့ပါချေ။
ကျိုးချူ မျက်မှောင်ကြုက်လိုက်ပြီး မေးသည်။
“မင်းဘာကိုဆိုလိုတာလဲ။ မင်းက ယုံချန်လမ်းမကို ကျားဖြူခန်းမဆီ ပြန်ပေးဖို့ရည်ရွယ်ချက် မရှိဘူးလား”
“အမှန်ပဲ။ ပြန်ပေးရမယ်တဲ့လား ဟားဟားဟား… မင်း လျှောက်ပတ်မေးကြည့်လိုက်စမ်းပါ။ လင်းယုန်ခန်းမရဲ့လက်ထဲကို ရောက်ပြီးတဲ့အရာ ဘယ်တစ်ခုကိုများ ပြန်ပေးဖူးသလဲလို့။ မင်း ဦးနှောက်က သုံးစားရသေးတယ်ဆိုရင် အခုချက်ချင်းပဲ ထွက်သွားလိုက်တော့။ ငါ့ကို ဒေါသထွက်အောင် မလုပ်နဲ့။ မဟုတ်ရင် ငါတကယ် မင်းခြေထောက်တွေကို ချိုးပစ်မှာ!”
ချင်းဟူသည် ရယ်မောနေ၏။
သခင်ဖြစ်သူ၏ အလွန်ရဲတင်းနေဟန်ကို မြင်သောအခါ သူ၏လက်အောက်ငယ်သားများသည်လည်း စတင်၍ လှောင်ပြောင်သရော်လာကြတော့သည်။
“ဟားဟားဟား… ထွက်သွားကြစမ်းပါ။ ကျားဖြူခန်းမရဲ့ လွှမ်းမိုးမှုက ယုံချန်းလမ်းမအထိ သက်ရောက်ဖို့ရာ မတတ်နိုင်သေးဘူး။ ယုံချန်းလမ်းမက ငါတို့လင်းယုန်ခန်းမရဲ့အပိုင်ပဲ”
“ဟုတ်တယ်။ အခုကျားဖြူခန်းမက ပရမ်းပတာဖြစ်နေတာ။ သားက အဖေကိုသတ်လိုက်၊ ညီအစ်ကိုတွေ အချင်းချင်းသတ်လိုက်နဲ့ မင်းတို့ကောင်တွေက ယုံချန်းလမ်းမလို ကြီးပွားတဲ့နေရာမျိုးနဲ့ မထိုက်တန်ပါဘူး။ အခု ပြန်သွားလိုက်ပြီးတော့ လူဆန်အောင် ဘယ်လိုပြုမူရမလဲဆိုတာ သေချာဆင်ခြင်တွေးတောပြီးမှ ငါတို့လူကြီးမင်းချင်းဟူနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ပြန်လာခဲ့လိုက်”
“ဟုတ်တယ် ဟုတ်တယ် မင်းတို့ကိုယ်မင်းတို့ ဖန်းရှစ်ကျုံးရဲ့လက်ထက်မှာ နေနေတယ် ထင်နေတုန်းလား ဟမ်? ကျားဖြူခန်းမက အခု စက္ကူကျားတစ်ကောင်ဖြစ်နေပြီ။ ငါတို့လူကြီးမင်းချင်းဟူက မင်းတို့ဆီက လမ်းမတစ်ခုတည်း ယူခဲ့တာကပဲ မင်းတို့ကို အရမ်းမျက်နှာသာပေးလွန်းနေပြီရယ်။ ငါတို့က မင်းတို့ကျားဖြူခန်းမကို အထက်အောက်ပြောင်းပြန်လှန်ပြီး မင်းတို့ကို ဒေါသထွက်သေအောင် လုပ်လို့ရတယ် နားလည်လား။ ထွက်သွားစမ်း!”
“ထွက်သွားစမ်း ဝူး~~”
နောက်လိုက်အုပ်ကြီးသည် လှောင်ပြောင်သရော်ရင်း တက်ကြွဆူညံလာခဲ့၏။ ချင်းဟူသည်တော့ ရယ်မောနေသည်။
“ကျိုးချူ ဖိုးကံကောင်းလေးရ၊ မင်းရဲ့ယောက္ခထီးကို မျက်နှာသာပေးတဲ့အနေနဲ့ ငါဒီနေ့ မင်းနဲ့ တိုက်ခိုက်ချင်စိတ်မရှိဘူး။ ဒါပေမဲ့ မင်းလို သားမက်ကောင်က စွင်းပုအာရဲ့သမီးကို လက်ထပ်ထားတာနဲ့ပဲ မင်းကိုယ်မင်း ငါနဲ့တန်းတူဖြစ်သွားပြီလို့ မထင်လိုက်နဲ့။ မင်းကများ ကျားဖြူခန်းမအတွက် ရပ်တည်ပေးချင်တာတဲ့လား? အရည်အချင်းမမီသေးဘူး ကောင်လေး။ အင်း မင်းရဲ့ဇနီးက ငါ့ကိုလာပြီး တောင်းပန်တိုးလျှိုးမယ်ဆိုရင်တော့ ဆိုင်တစ်ဆိုင်လောက် ပြန်ပေးဖို့ စဉ်းစားပေးလို့ရနိုင်ပါတယ်”
“မင်းဘာပြောလိုက်တယ်?”
ကျိုးချူသည် အကောင်းဆုံးကြိုးစား၍ ဒေါသကို ဖိနှိပ်နေခဲ့သည်။
မိမိမှာ ချင်းဟူ၏ ပြိုင်ဘက်မဟုတ်ကြောင်း သူသိပါ၏။ ချင်းဟူသည် တမင်သက်သက် သူ့ကိုရန်စ၍ ရန်ပွဲစတင်ရန် ဒေါသဆွနေခြင်းဖြစ်ကြောင်း ကျိုးချူသိသည်။
၎င်းမှာ ကျိုးချူအတွက် အကျိုးယုတ်သည့်အပြင် ရန်ပွဲကိုလည်း လှုံ့ဆော်မိလိမ့်မည်။ သို့ဖြစ်ပါက ဌာနချုပ်နှင့် အငြင်းပွားစရာများ ဖြစ်လာလိမ့်မည်။ ထိုအချိန်ကျ နန်ပါးထျန်းသည် ကျားဖြူခန်းမဘက်မှ ရပ်တည်ပေးပါမည်လော။
သို့သော် ချင်းဟူသည် သူ၏ဇနီးအကြောင်း ထုတ်ပြောရဲလေသည်။
သူ၏ဇနီးသည် ကျိုးချူ၏ အားနည်းချက်ဖြစ်၏။ ကျိုးချူသည် ဇနီးဖြစ်သူကို ကြောက်ရွံ့ရသော်ငြား ၎င်းအချက်သည် ကျိုးချူမှ ဇနီးဖြစ်သူကို မချစ်ပါဟု မဆိုလိုပါချေ။
မချစ်ဘူးဆိုရင် ဘာလို့ကြောက်နေပါ့မလဲ။
ယခုတွင် ချင်းဟူသည် သူ၏ဇနီးသည်အကြောင်း ဆွဲထည့်ပြောဆိုခဲ့သည်။ ၎င်းသည် သူ၏နောက်ကျောအကြေးခွံများကို ထိလိုက်ခြင်းကဲ့သို့ ဖြစ်သည်။ ကျိုးချူသည် ချင်းဟူကို စိုက်ကြည့်၍ စိန်ခေါ်သည်။
“ချင်းဟူ မင်းထပ်ပြောလိုက်စမ်း!”
“ဟက် သားမက်တစ်ယောက်ကများ ငါနဲ့ယှဉ်ပြီး ထောင်လွှားနိုင်မယ်လို့ တွေးနေသေးတယ်? ကောင်းပြီ ငါပြန်ပြောမယ်။ ယုံချန်းလမ်းမကို ပြန်လိုချင်ရင် မင်းရဲ့ဇနီးကို ကောင်းကောင်းဝတ်စားဆင်ယင်ပေးပြီး ငါချင်းဟူကို သေချာလေး ခစားခိုင်းလိုက်။ ငါ စိတ်ကျေနပ်ရင် ငါမင်းကို ဆိုင်တစ်ဝက်လောက် ဆုချီးမြှင့်မယ်လေ၊ အဲဒီလိုဆို ဘယ်လိုလဲ? ငါ့ရဲ့ကမ်းလှမ်းချက်က ပြည့်တန်ဆာတစ်ယောက်ကို ကမ်းလှမ်းရတဲ့တန်ကြေးထက် အများကြီးပိုပြီး ရက်ရောပါတယ်ကွ”
“ခွေးကောင်!”
ကျိုးချူသည် ဒေါသပေါက်ကွဲ၍ တစ်ဖက်သွားဓားရှည်ကို ကိုင်ဆွဲကာ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
ငါ့ဇနီးကို စော်ကားတာတော့ လွန်သွားပြီ!
ကျိုးချူ တိုက်ခိုက်လာသည်ကို မြင်သောအခါ ချင်းဟူသည် ရယ်မော၏။
“အားလုံးမြင်ကြတယ်နော်? သူအရင် ဓားထုတ်တာ”
ထိုစကားအဆုံး၌ ချင်းယင်၏တစ်ဖက်သွားဓားသည် ကျိုးချူကို ဦးတည်ခုတ်ပိုင်းရာ ကျိုးချူ ယိမ်းယိုင်သွားခဲ့သည်။
ကျိုးချူသည် နွဲ့ပျောင်းအရွတ်အဆင့်သာ ဖြစ်ပြီး ချင်းယင်သည်တော့ တစ်ဝက်တစ်ပြက်ေသာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်သည်။ သူတို့နှစ်ဦးကြားရှိ ကွာဟချက်သည် ကြီးမား၏။
ချင်းဟူမှ ခပ်ထေ့ထေ့ ရယ်မောသည်။
“မင်းရဲ့ ဒီလောက်အရည်အချင်းလေးနဲ့ ငါ့ကို ဓားနဲ့ရွယ်ရဲတယ်ပေါ့လေ? ငါ့ရိုက်ချက်ကို ခံကြည့်လိုက်စမ်း ဦးနှောက်မရှိတဲ့ကောင်!”
“သခင်၆!”
ချင်းဟူမှ ကျိုးချူကို တိုက်ခိုက်တော့မည်အား မြင်သောအခါ ကျိုးချူ၏ လက်အောက်ငယ်သားများသည် တိုက်ပွဲထဲ ပြေးဝင်ရန် ပြင်ကြသည်။ ကျိုးချူသည် အရှက်ခွဲခံရလျှင်သော်မှ သူ၏စိတ်မှာတော့ ငွေစင်ကဲ့သို့ ကြည်လင်ပြတ်သားမှုမျိုး တည်ရှိနေဆဲပင်။ ထို့ကြောင့် လက်အောက်ငယ်သားများဘက်သို့ လှည့်၍ အမိန့်ပေးလိုက်သည်။
“မလှုပ်နဲ့၊ အဲဒီမှာပဲ ရပ်နေကြ”
ပွက်လောရိုက်သည်အထိ တိုက်ခိုက်ကြပါက သေချာပေါက် အကျိုးယုတ်လိမ့်မည်မှာ မိမိတို့ဘက်မှ ဖြစ်သည်။ နောက်ပိုင်းတွင် ဌာနချုပ်မှ ပါဝင်ပတ်သက်လာပါကလည်း ကျိုစစ်အတွက် ဒုက္ခများရလိမ့်မည်။
ဒီနေ့ ဒီပြဿနာသည် သူ၏ကိုယ်ပိုင် ဆုံးဖြတ်လုပ်ဆောင်မှုဖြစ်ပြီး သူကိုယ်တိုင်သာ ဖြေရှင်းရပေမည်။
သို့ဖြင့် ကျိုးချူသည် ချင်းဟူကို ဓားဖြင့် ထပ်မံ၍ လွှဲရမ်းတိုက်ခိုက်သည်။
ကျားငါးကောင်ဂိတ်တံခါးချိုးဖျက်ဓားသိုင်း!
ချင်းဟူသည် ကလေးတစ်ယောက်နှင့် ဆော့ကစားနေသည့်အလား ကျိုးချူ၏ အကြိမ်ကြိမ်သော ဓားချက်များကို ဟန့်တားရင် ကျိုးချူအား ဓားအိမ်ဖြင့် အကြိမ်ကြိမ်ရိုက်နှက်နေခဲ့သည်။
ကျိုးချူသည် အချိန်တိုအတွင်း ညိုမဲမဲအသားအရောင်ဖြစ်သည်အထိ ရိုက်နှက်ခံလိုက်ရသည်။
ချင်းဟူမှ လှောင်ရယ်သည်။
“ဟက် ကျန်းချွမ်ကမှ ကျားငါးကောင်ဂိတ်တံခါးချိုးဖျက်သိုင်းကို သုံးရင် နည်းနည်းတော့ ခြိမ်းခြောက်မှုအရှိန်အဝါလေးရှိသေးတယ်။ ဒါပေမဲ့ မင်းကတော့လား? ဟက်… ရှက်စရာပဲ!”
“အာ့!”
ကျိုးချူသည် ဒေါသတကြီးဖြင့် ဓားဖြင့် ထပ်မံတိုက်ခိုက်သည်။ ထိုအခါ ချင်းဟူသည် ကျိုးချူ၏ဓားကို လက်ထဲမှ လွင့်ထွက်သွားစေလိုက်သည်။ ထို့နောက် လှောင်ရယ်လျက် ကြိမ်းမောင်းပြောဆိုသည်။
“သားမက်တော်လေးက ဓားနဲ့ကစားဖို့ ကြိုးစားနေတုန်းပဲလား? ဒူးထောက်ထားစမ်း!”
ဒုန်းခနဲ အသံနှင့်အတူ ကျိုးချူသည် မြေပြင်တွင် ဒူးထောက်ကျသွားရန် အကန်ခံလိုက်ရ၏။
ထို့နောက် ချင်းဟူသည် ရှေ့သို့ခြေတစ်လှမ်းတိုး၍ ကျိုးချူ၏ နောက်ကျောကို ကန်လိုက်ရာ ကျိုးချူသည် ဝမ်းလျားမှောက်အနေအထားသို့ လဲကျသွားခဲ့သည်။ ထို့နောက် ချင်းဟူသည် ကျိုးချူ၏နောက်ကျောကို ဖိနင်းထားလျက် ပြက်ရယ်ပြုပြောဆိုသည်။
“ဟက်… ကျိုးချူ မင်းက သန်မာတယ်မဟုတ်ဘူးလား? နွားရိုင်းလို ခက်ထန်မှုတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ဘူးလား?”
“ချန်ကျိုစစ်နဲ့ ပူးကပ်နေလိုက်တာနဲ့ပဲ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းကြီးဖြစ်သွားပြီလို့ ထင်နေတာလား”
“ချန်ကျိုစစ်ကရော ဘာကောင်မို့လို့လဲ? သူက ရှန်းထောင်ရွာက နိမ့်ကျနံစော်တဲ့ တံငါသည်လေးတစ်ယောက်ပဲ။ သူ့လိုကောင်က ကျားဖြူခန်းအရှင်သခင်ဖြစ်ဖို့ ထိုက်တန်မတဲ့လား?”
“ကျိုစစ်အကြောင်းပြောနေတဲ့ မင်းရဲ့အဲဒီပါးစပ်ကို ပိတ်ထားလိုက်တော့!”
ကျိုးချူသည် ပြန်ထရပ်ရန် အသည်းအသန် ရုန်းကန်နေသည်။
“ငြိမ်ငြိမ်နေစမ်း!”
ချင်းဟူသည် ကျိုးချူကို ဖိနင်းထားသည့် ခြေထောက်ကို အားဖြင့် ထပ်မံဖိနင်းလိုက်ပြီးနောက် ကျိုးချူကို ငုံ့ကြည့်ကာ လှောင်ရယ်သည်။
“ကျိုးချူ ငါကြားဖူးတာတော့ မင်းက အရမ်းမိန်းမကြောက်တယ်ဆို? အင်း ငါချင်းဟူက မင်းကို လက်စားချေဖို့ အခွင့်အရေးပေးမယ်။ အခုပဲ သူ့ကို အကျယ်ကြီး ဆဲပစ်လိုက် ‘ငါ့မိန်းမက ပြည့်တန်ဆာအိမ်က ပြည့်တန်ဆာမကြီးပဲ'လို့။ အဲဒါဆို ငါမင်းကို လွှတ်ပေးမယ်။ ဘယ်လိုလဲ?”