← Chapters

အခန်း (၄၂၂)

Vol. 32 Ch. 422

အခန်း (၄၂၂)

Vol. 32 Ch. 422

“ကျုပ်မှာ တစ်ပြားမှ မကျန်တော့ဘူး။ သူ ကျွန်တော့်ညီကို သတ်ရဲရင် ကျုပ် ကျားဖြူခန်းမကို အသေအကြေတိုက်ခိုက်ပစ်မယ်!”

ချင်းယင်သည် လူရမ််းကားကဲ့သို့ စိုက်ကြည့်လျက် အရာအားလုံးကို ရင်းနှီးပစ်ရန် အသင့်ဖြစ်နေသည့်အလားပင်။

ထန်ဇီယွဲ့သည် ချန်ကျဲ့ကို ကြည့်လာသည်။

“ခန်းမအရှင်သခင်ချန်”

ချန်ကျဲ့ ခပ်ထေ့ထေ့ပြုံးလိုက်သည်။

“ဟေး ချင်းယင်၊ ကျုပ်က ခင်ဗျားကို ကြောက်နေရမှာလား။ ခင်ဗျားက အရှက်မရှိမှတော့ ကျုပ်လည်း ခင်ဗျားကို မျက်နှာသာပေးမနေတော့ဘူး။ အဝတ်တွေ ဆွဲချွတ်လိုက်ကြ!”

“မလုပ်ပါနဲ့ မလုပ်နဲ့… ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး ခန်းမအရှင်သခင်ချန်။ လိုနေတဲ့ ငွေတုံးတစ်ထောင်ကို ငါဖြည့်ပေးမယ်၊ ငါဖြည့်ပေးမယ်!”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ခန်းမအရှင်သခင်ထန်က ဖြည့်ပေးတော့ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ကျုပ်လည်း ပိုက်ဆံလိုနေတာ မဟုတ်ဘူး။ နည်းနည်းလောက် အပိုအလိုရှိလို့လည်း ကျုပ်အတွက် ဘာမှဖြစ်မသွားဘူး။ အရေးကြီးတာက စည်းမျဉ်းပဲဗျ မဟုတ်ဘူးလား”

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ စည်းမျဉ်းကသာ အရေးအကြီးဆုံးပါ။ ဒီမှာ ငွေတုံးတစ်ထောင်၊ ကျေးဇူးပြုပြီး လက်ခံပေးပါ”

ချန်ကျဲ့သည် ထန်ဇီယွဲ့ပေးလာသည့် ငွေလက်မှတ်ကို လက်ခံလိုက်ပြီးနောက် ပြောသည်။

“အာ ကျုပ်တကယ်ကို ငွေပမာဏကို ဂရုမစိုက်ပါဘူး။ အဲဒီလောက်ငွေလေးက ဘာများကွာခြားသွားမှာမလို့လဲ။ ဘာမှကြီးကြီးမားမားမဟုတ်ဘူး”

ချန်ကျဲ့သည် ထိုသို့ပြောရင်း စာရွက်ကိုဖြန့်ကာ ငွေတုံးတစ်ထောင်တန်သည့် ငွေလက်မှတ်ဖြစ်ကြောင်း သေချာစစ်ဆေးလိုက်ပြီးနောက် အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူသည် ပိုက်ဆံကို ဂရုမစိုက်ပါကြောင်း ပြုံးပြလိုက်သည်။

ထန်ဇီယွဲ့မှ ပြောသည်။

“ခန်းမအရှင်သခင်ချန်် အခု ပိုက်ဆံလုံလောက်ပြီလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကောင်းပါပြီ ခန်းမအရှင်သခင်ထန်က ဘယ်လိုလူမျိုးလဲဆိုတာ ကျုပ်က ဘယ်လိုလုပ်ပြီး မသိဘဲနေပါ့မလဲ။ လောင်ကျိုး”

ကျိုးချူ ချန််ကျဲ့ဘက်သို့ လှည့်လာသည်။

“ခန်းမအရှင်သခင်”

ချန််ကျဲ့မှ ညွှန်ကြားသည်။

“ချင်းဟူကို လွှတ်ပေးလိုက်တော့။ ဒီမှာ ဒီပိုက်ဆံကိုယူလိုက်”

ချန်ကျဲ့သည် ကျိုးချူအား ငွေတုံးတစ်သောင်းတန်ကြေးရှိသော ငွေလက်မှတ်များကို အရေးမထားဟန် ကမ်းပေးလိုက်သည်။ ကျိုးချူမှ မေးသည်။

“ဒါက ဘာအဓိပ္ပာယ်လဲ”

ချန်ကျဲ့မှ ပြန်ဖြေသည်။

“ဒီနေ့လိုက်လာတဲ့ ညီနောင်တွေကို ခန်းမရဲ့စည်းမျဉ်းတွေအတိုင်း ဆုချီးမြှင့်လိုက်ပါ။ လတ်တလောအခမ်းအနားရဲ့ ကုန်ကျစရိတ်အတွက်ကိုလည်း ဒီပိုက်ဆံတွေနဲ့ သုံးလိုက်။ ဆေးကုသမှုစရိတ်အတွက် ငွေတုံးတစ်ထောင်ထားလိုက်ပြီး ကျန်တာကိုတော့ အများသုံးရန်ပုံငွေထဲ ထည့်လိုက်ပါ”

ထိုအခါ ကျိုးချူမှ ရယ်မောသည်။

“ဒါဆို ဒီလိုပဲထားလိုက်ကြတာပေါ့။ ကျုပ်တို့ခံခဲ့ရတာကလည်း ငွေတုံးတစ်ထောင်ဆို ထိုက်တန်ပါတယ်လေ”

“ငတုံးကောင်! ကျားဖြူခန်းမရဲ့ သခင်၆က ဒီလောက်ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရတာ ဘယ်လောက်တောင် အရှက်ရစရာကောင်းလိုက်သလဲ? ငါအလုပ်ပြီးတဲ့အထိ စောင့်နေ။ ပြီးရင် ငါ့အိမ်ကိုလာခဲ့၊ ငါမင်းကို အင်အားတိုးတက်အောင် လုပ်ပေးမယ်”

“အို? ခန်းမအရှင်သခင်မှာ ပစ္စည်းကောင်းလေးတစ်ခုခုများ ရထားလို့လား”

ချန်ကျဲ့ပြန်ပြောသည်။

“ရှူး ပြီးရင် အားကိုးရတဲ့လူတချို့ကို ဒီရှုပ်ပွနေတာတွေကို ရှင်းဖို့ တာဝန်ပေးလိုက်။ ပြည်သူတွေအတွက် ကြေညာစာရွက်တွေကပ်ပြီးတော့ အရင်ရက်ပိုင်းအတွင်းမှာ လင်းယုန်ခန်းမက ထုတ်ပြန်ခဲ့တဲ့ အခွန်စည်းမျဉ်းတွေနဲ့ အမိန့်တွေအားလုံးကို ရုတ်သိမ်းပယ်ဖျက်ကြောင်း ကြေညာပါ။ အရာအားလုံး ခန်းမအရှင်သခင်ဟောင်းဖန်း ရှိခဲ့စဉ်ကအတိုင်း ပြန်ဖြစ်စေမယ်”

“နားလည်ပါပြီ”

ချန်ကျဲ့မှ ဆက်ပြောသည်။

“ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ပိုပြီး ဂရုတစိုက်ရှိပါစေ။ ဒီလိုရိုက်နှက်ခံရအပြီးမှာ ချင်းယင်နဲ့ သူ့နောက်လိုက်တွေက ငါတို့ကို ပြဿနာထပ်ရှာရဲဖို့ မသေချာပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း ဒေါသဖြေဖို့ လိုအပ်ဦးမှာပဲ”

“ခန်းမအရှင်သခင် ဒီကိစ္စက…”

ကျိုးချူသည် အနည်းငယ် ပူပန််နေဆဲပင်။ ချန်ကျဲ့မှ ပြောသည်။

“စိတ်ချထားပါ။ ငါအကုန်စီစဉ်ပြီးသားပဲ။ သူတို့ညီအစ်ကိုသုံးယောက် ငါ့ကို တစ်ပြိုင်တည်း တိုက်ခိုက်လာရင် ငါ့ဘက်က အသာစီးမရနိုင်ဘူး။ ဒါပေမဲ့ သူတို့ ငါ့ကို အနိုင်ယူဖို့ကလည်း လွယ်ကူနေမှာ မဟုတ်ဘူး။ ချင်းဟူရဲ့ ဒဏ်ရာက ဆယ်ရက်မဟုတ်ရင် လဝက်လောက်တော့ နလန်ထူနိုင်မှာ မဟုတ်သေးဘူး။ အဲဒါကြောင့် မစိုးရိမ်ပါနဲ့”

ကျိုးချူမှ မှတ်ချက်ပြုသည်။

“ငါပြောချင်တာက ခေါင်းဆောင်နန်… ချင်းယင်က ခေါင်းဆောင်နန်ရဲ့ခွေးလေ။ မင်းသူ့ကို ဒီလိုမျိုး စော်ကားလိုက်တာ ငါတို့အတွက် ခေါင်းဆောင်နန်နဲ့ ဆက်ဆံရတာ ခက်ခဲမသွားနိုင်ဘူးလား”

ထိုအခါ ချန်ကျဲ့မှ ရယ်မော၏။

“မင်းက အဲဒါကို စိတ်ပူနေတာလား။ ငါ ချင်းယင်နဲ့ ဘယ်လောက်ပဲ ရန်ပွဲဖြစ်ပါစေ အဲဒါက အသေးအမွှားကိစ္စလေးပါပဲ။ ခေါင်းဆောင်နန်က မကျေနပ်ရင်တောင်မှ မကျေနပ်ကြောင်း ထုတ်မပြနိုင်ဘူး။ အတိအကျပြောရရင် ခေါင်းဆောင်နန်က ငါနဲ့ ချင်းယင်နဲ့ တိုက်ခိုက်ဖို့ကိုတောင် မျှော်လင့်နေဦးမှာ။ အဲဒီလိုဆို သူကိုယ်တိုင် တိုက်ပွဲထဲ ဝင်စရာမလိုဘဲ ဘေးကနေ တရားသူကြီးလုပ်လို့ရတယ်လေ။ လူတစ်ယောက်က တိုက်ပွဲထဲ မဝင်ရသေးသ၍ မရှုံးနိုင်ဘူးလေ မဟုတ်ဘူးလား”

ကျိုးချူသည် အပြည့်အဝ နားမလည်လိုက်ပါချေ။

ချန်ကျဲ့သည်လည်း ကျိုးချူအား အများကြီး ရှင်းပြလိုစိတ်မရှိပေ။

တကယ်တမ်းတွင် ချင်းယင်နှင့် ချန်ကျဲ့တို့နှစ်ဦးစလုံးသည် ကျားကွက်ပေါ်မှ နယ်ရုပ်များ ဖြစ်ကြ၏။ ချင်းယင်သည် နန်ပါးထျန်း၏ နယ်ရုပ်ဖြစ်ပြီး ချန်ကျဲ့သည် စီရင်စုအုပ်ချုပ်ရေးမှူး၏ နယ်ရုပ်ဖြစ်သည်။ ယခုတွင် နန်ပါးထျန်းသည် စီရင်စုအုပ်ချုပ်ရေးမှူးကို စမ်းသပ်လိုသည်။ စီရင်စုအုပ်ချုပ်ရေးမှူးသည်တော့ ချန်ကျဲ့အား အင်အားကြီးမားသည့် အပြုအမူလုပ်ဆောင်ချက်ကို ထုတ်ဖော်ပြစေလိုသည်။

ဆိုလိုသည်မှာ ပြဿနာများများဖြစ်လေလေ စီရင်စုအုပ်ချုပ်ရေးမှူးသည် ပို၍ စိတ်ဘဝင်ကျလေ ဖြစ်ပြီး ချန်ကျဲ့ကို ပို၍ယုံကြည်လေ ဖြစ်သည်။

စီရင်စုအုပ်ချုပ်ရေးမှူး အကြောက်ဆုံးအရာသည် အဘယ်အရာဖြစ်လိိမ့်မည်နည်း။

စီရင်စုအုပ်ချုပ်ရေးမှူး၏ အကြောက်တရားမှာ ချန်ကျဲ့နှင့် နန်ပါးထျန်းတို့နှစ်ဦး ပြန်လည်သင့်မြတ်ခြင်းဖြစ်သည်။ ချန်ကျဲ့နှင့် နန်ပါးထျန်းတို့ ပြန်လည်သင့်မြတ်သွားပါက စီရင်စုအုပ်ချုပ်ရေးမှူး၏ ဟန်ချက်ညီရေးနည်းဗျူဟာသည် အဘယ်သို့ဖြစ်သွားလိမ့်မည်နည်း။ စီရင်စုအုပ်ချုပ်ရေးမှူးဟူသည် ဟာသတစ်ခုသာ ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။

သို့ဖြစ်ပါက စီရင်စုအုပ်ချုပ်ရေးမှူးသည် မအိပ်နိုင်၊ မစားနိုင်ဘဲ ဂနာမငြိမ်ဖြစ်နေရပေလိမ့်မည်။

စီရင်စုအုပ်ချုပ်ရေးမှူးမှ သူ့အား ပို၍စိတ်ချယုံကြည်နိုင်ရန်အတွက် ချန်ကျဲ့အနေဖြင့် နန်ပါးထျန်းကို ဆက်လက်ဆန့်ကျင်နေရန် လိုအပ်သည်။

သို့မှသာ စီရင်စုအုပ်ချုပ်ရေးမှူးသည် ချန်ကျဲ့ကို အပြည့်အဝ ယုံကြည်နိုင်မည်ဖြစ်ပြီး ချန်ကျဲ့သည်လည်း အခြေအနေမှ အမြတ်ထုတ်နိုင်လိမ့်မည်။

စီရင်စုအုပ်ချုပ်ရေးမှူးမှ သူ့အား အသုံးချနေသည်ဟု တွေးထင်နေစဉ်တွင် သူသည်လည်း စီရင်စုအုပ်ချုပ်ရေးမှူးကို အကျိုးရှိရှိ အသုံးချသင့်သည် မဟုတ်ပါလော။

နန်ပါးထျန်းနှင့် ရင်ဆိုင်ရာ၌ ချန်ကျဲ့နှင့် စီရင်စုအုပ်ချုပ်ရေးမှူး၏ ရည်ရွယ်ချက်သည် တူညီ၏။ ထို့ကြောင့် ဆန့်ကျင်ခြင်းအလျဉ်းမရှိဘဲ သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုသည် စိတ်ကျေနပ်ဖွယ်််ဖြစ်သည်။

လက်ရှိတွင် ချန်ကျဲ့နှင့် စီရင်စုအုပ်ချုပ်ရေးမှူးတို့နှစ်ဦးသည် သူတို့၏ပျားရည်းဆမ်းခရီးအချိန်ကာလကို ပျော်မွေ့နေသည်ဟု သတ်မှတ်နိုင်ပါလိမ့်မည်။

သို့သော် နန်ပါးထျန်းနှင့် ရင်ဆိုင်ရာ၌ နန်ပါးထျန်းသည် သေချာပေါက် တန်ပြန်တိုက်ခိုက်လာပေလိမ့်မည်။ သို့သော် စီရင်စုအုပ်ချုပ်ရေးမှူးသည် သူ၏နောက်တွင် ရှိနေသည်ဖြစ်ရာ နန်ပါးထျန်းသည် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အခြားနယ်ရုပ်ကို ရှာဖွေလိမ့်မည်။

ထိုနယ်ရုပ်သည် ချင်းယင်ဖြစ်၏။ စီရင်စုအုပ်ချုပ်ရေးမှူး၏ အမြင်၌ ချင်းယင်သည် အသေးအမွှားဇာတ်ကောင်တစ်ခုသာ ဖြစ်သည်။

ချင်းယင်ကဲ့သို့သော လူတစ်ယောက်မှ ချန်ကျဲ့ကို ဆန့်ကျင်တိုက်ခိုက်ခြင်းသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်အတွက်မူ ဘာမျှအဓိပ္ပာယ်မရှိပေ။ စီရင်စုအုပ်ချုပ်ရေးအိမ်တော်သည် ဂရုမစိုက်သကဲ့သို့ ဘာမျှလည်း ပြောလာလိမ့်မည် မဟုတ်ပေ။ သို့သော် နန်ပါးထျန်းသည် တိုက်ပွဲထဲသို့ ကိုယ်တိုင်ကိုယ်ကျ မဝင်ရောက်နိုင်််ပေ။ ၎င်းအချက်များသည် ကိစ္စများ၏ သဘာဝတရားကို ပြောင်းလဲစေနိုင်၏။

ချန်ကျဲ့သည် ထိုအချက်များကို နားလည်သည်။ ထို့ကြောင့်လည်း ချင်းယင်ကို စိုးစဉ်းသော်မျှ မျက်နှာသာမပေးခဲ့ခြင်းဖြစ်သည်။

ချင်းယင်သည် သူ့ကိုဆန့်ကျင်တိုက်ခိုက်သည့် ဓားတစ်ချောင်းဖြစ်ရာ သူသည် အထက်လူကြီးများ စိတ်ချယုံကြည်စေရန်အတွက် တန်ပြန်တိုက်ခိုက်ရပေမည်။

ထို့ပြင် နန်ပါးထျန်းနှင့် ပတ်သက်၍လည်း ပို၍ သတိကြီးကြီးထားရှိရမည်။

သူဒီနေ့ အလွန်အကျွံ စိတ်လိုက်မာန်ပါပြုမူရဲခြင်းမှာလည်း ဤသို့ရှုပ်ထွေးပွေလီနေသည့် ဆက်ဆံရေးအခြေအနေများကြောင့် နန်ပါးထျန်းသည် ဤကိစ္စနှင့်ပတ်သက်ပြီး သူ့ကို ပြဿနာရှာလာလိမ့်မည်မဟုတ်ကြောင်း သိထားသောကြောင့်သာ ဖြစ်ပါသည်။

…

ငါးဖမ်းကုန်သည်အဖွဲ့ ဌာနချုပ်၌

ဘုန်း!

တန်ဖိုးကြီးလက်ဖက်ရည်တစ်ခွက်သည် နန်ပါးထျန်း၏ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခြင်းခံလိုက်ရသည်။ ခွက်သည် ကွဲကြေသွားပြီး လက်ဖက်ရည်များ နေရာအနှံ့ လွင့်စင်ကုန်၏။

“ဟာသပဲ!”

နန်ပါးထျန်းသည် အမျက်ဒေါသပေါက်ကွဲနေသည့် ကျားတစ်ကောင်အလား ဒေါသတကြီးကြိမ်းမောင်းပြောဆိုသည်။

“မင်းတို့နှစ်ယောက် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်စမ်းပါဦး။ တစ်ယောက်က လင်းယုန်ခန်းမအရှင်သခင်၊ တစ်ယောက်က ကျားဖြူခန်းမအရှင်သခင်၊ နှစ်ယောက်စလုံးက အထင်ကရဖြစ်တဲ့ ရာထူးရှိလူတွေပဲ။ အဲဒါကို မင်းတို့ရဲ့လုပ်ပုံကို ကြည့်စမ်းပါဦး!”

“လမ်းမပေါ်မှာ ရန်ပွဲဖြစ်တယ်တဲ့။ မင်းတို့ ဒါက တစ်ယောက်မျက်နှာတစ်ယောက် ဖြတ်ရိုက်နေကြတာပဲ!”

“မင်းတို့ဘာမင်းတို့ အရှက်ရှိရှိ၊ မရှိရှိ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းတို့က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ မျက်နှာဆိုတာကို ကိုယ့်ကိုယ်ကို နားမလည်ကြဘူးလား။ မင်းတို့ ဒီလိုရန်ပွဲဖြစ်နေတာ အပြင်လူတွေက ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ကို ဘယ်လိုမြင်ကြမလဲ။ စည်းမနစ်မရှိတဲ့ ပရမ်းပတာကောင်တွေလား?!”

All Chapters