← Chapters

အခန်း (၄၂၅)

Vol. 32 Ch. 425

အခန်း (၄၂၅)

Vol. 32 Ch. 425

နန်ပါးထျန်းတစ်ဦးတည်း မူမမှန်ခြင်းကို သတိမထားမိရုံသာမက ဘေးလူများဖြစ်သည့် ချင်းယင်နှင့် ထန်ဇီယွဲ့တို့သည်လည်း ဘာကိုမျှ သတိမထားမိကြပေ။ သူတို့အားလုံးသည် ဟွမ်ဝမ်အာနှင့် ချန်ကျဲ့ကြား၌ ဆက်ဆံရေးတစ်ခု တည်ရှိနေလိမ့်မည်ဟု လုံးဝမတွေးမိကြပါချေ။

ချန်ကျဲ့နှင့် ဟွမ်ဝမ်အာ၏ ဆက်ဆံရေးသည် နန်ပါးထျန်းနှင့် ဟွမ်ဝမ်အာ၏ ဆက်ဆံရေးထက်ပင် ပို၍ ရင်းနှီးကျွမ်းဝင်နေလိမ့်မည်ဟု သူတို့သည် မည်သို့မျှ မျှော်လင့်မထားခဲ့ကြလောက်ပေ။

ထိုစဉ် ချစ်လှစွာသော ချင်းယင်မှ ချန််ကျဲ့အား ဒေါသစွက်သော လေသံဖြင့် ပြောလာခဲ့သည်။

“ဒါနဲ့ ခန်းမအရှင်သခင်ချန်၊ သခင်မအတွက် ပြင်ဆင်ပေးတဲ့အိပ်ရာမှာ စောင်နှစ်ထည် ထပ်ထည့်ထားပေးလိုက်ပါ။ သခင်မရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နူးညံ့တင့်တယ်တယ်။ မာကြောတဲ့အိပ်ရာပေါ်မှာ မလှဲနိုင်ဘူး”

ချန်ကျဲ့ ချင်းယင်ကို လှည့်ကြည့်လိုက်ရင်း စိတ်ထဲမှ တွေးလိုက်သည်။

“ခင်ဗျားစိတ်ထဲမှာ ခေါင်းဆောင်နန်က ဖောက်ပြန်ခံရတာ မလုံလောက်သေးဘူးလို့ ထင်လို့လား ဟမ်?”

ချန်ကျဲ့သည် လေထုအခြေအနေမှာ ရုတ်တရက်ကြီး ထိတ်လန့်ချောက်ချားဖွယ်ဖြစ်လာသည်ဟု ခံစားလိုက်ရသည်။

ခင်ပွန်းသည်ဖြစ်သူသည် ဇနီးဖြစ်သူအား ဇနီးသည်၏ ချစ်သူ၏အိမ်သို့ ပို့ဆောင်ရန် စိတ်အားထက်သန်နေသည့်အပြင် သူမ၏ချစ်သူအား မြောက်များစွာသော လိုအပ်သည့်အရာများကို သေချာပြင်ဆင်ထားစေသည်။ ထို့ပြင် ဖော်လံဖားသူတစ်ဦးသည်လည်း အမျိုးစုံသော တောင်းဆိုချက်များဖြင့် ထပ်မံဖြည့်ဆည်းပေးနေသေးသည်။ ထိုအတွက် နောက်ဆုံးတွင် အကျိုးရရှိမည့်သူများမှာ သူနှင့် ဟွမ်ဝမ်အာသာ ဖြစ်၏။

ခင်ဗျားတို့အားလုံးက အတော်လေး စိတ်မနှံ့ကြဘူးပဲ။ ပြင်းပြင်းထန်ထန်ကို ရောဂါဖြစ်နေကြတာ!

ဘာပါလိမ့်၊ဟိုစကားပုံအတိုင်းပေါ့.. ဖောက်ပြန််ခံရပြီးနောက်မှာ ဘေးလူတစ်ဦးတစ်ယောက်မှ အပြစ်မကင်းတော့ဘူး၊ အားလုံးက တရားခံတွေပဲတဲ့လေ။

ဟွမ်ဝမ်အာသည် ကစားပွဲမှာ အလုံအလောက် စိတ်လှုပ်ရှားဖွယ်မကောင်းသေးသည့်အလား ချန်ကျဲ့ကို ကြည့်လာပြီး မေးသည်။

“ခန်းမအရှင်သခင်ချန် ရှင်လက်ထပ်ပြီးပြီလား”

ထိုအခါ ချန်ကျဲ့သည် စိုးရိမ်ပူပန်လျက် ဟွမ်ဝမ်အာကို ကြည့်လိုက်သည်။ စိတ်ထဲမှလည်း ‘ခင်ဗျား ဘာတွေကြံစည်နေပြန်ပြီလဲ’ဟု တွေးလိုက်သည်။

အနီးတွင်ရှိနေသော ချင်းယင်မှ ဖြေသည်။

“ခန်းမအရှင်သခင်ချန်က အိမ်ထောင်သည်ပါ”

“အို နှမြောစရာပဲ။ ကျွန်မက ရှင့်အတွက် အိမ်ထောင်ဖက်ရှာပေးဖို့ တွေးနေတာရယ်။ ဒါပေမဲ့ ရှင်က လက်ထပ်ပြီးသွားပြီဆိုတော့လည်း ထားပါတော့လေ။ ဒါနဲ့ အဲဒီနေ့ကျရင် ရှင့်ရဲ့ဇနီးရော ရှိနေမှာလား”

“ခန်းမအရှင်သခင်ချန်ရဲ့ ဇနီးက သေချာပေါက် ရှိနေမှာပါ။ အဲဒီလိုနေ့ကြီးနေ့ရက်မျိုးမှာ မိသားစုက ဘယ်လိုလုပ်ပြီး မရှိဘဲနေပါ့မလဲ”

ချင်းယင်သည် ဆက််လက်၍ ဖော်လံဖားလုပ်နေခဲ့သည်။

ချန်ကျဲ့ ချင်းယင်ကို ကြည့်လိုက်သည်။ ချင်းယင်သည်တော့ ချန်ကျဲ့ကို လုံးဝ လျစ်လျူရှုထား၏။

ထိုအခါ ဟွမ်ဝမ်အာမှ ရယ်မောသည်။

“ဒါဆို ကောင်းတာပေါ့ရှင်။ အဲဒီနေ့ကျရင် ကျွန်မ ခန်းမအရှင်သခင်ချန်ရဲ့ ဇနီးကို တွေ့ပြီးတော့ ဘယ်မိသားစုရဲ့ ကံကောင်းတဲ့အမျိုးသမီးလေးက ဒီလိုအရည်အချင်းပြည့်ဝတဲ့ လူငယ်အမျိုးသားနဲ့ လက်ထပ်နိုင်ခဲ့လဲဆိုတာ ကြည့်ပါဦးမယ်”

ချန်ကျဲ့မှာ သည်းမခံနိုင်တော့လုနီးပါးပင်။

သခင်မရေ ခင်ဗျား ဒီလိုလုပ်လို့မရဘူးလေ!

ခင်ဗျား ဒီလိုဆက်လုပ်နေရင် ကျုပ် ခင်ဗျားနဲ့ အိပ်ရာပေါ်မှာ အစွမ်းကုန််အားထုတ်တော့မှာနော်။ ခင်ဗျား မထနိုင်စေရဘူးလို့ အာမခံတယ်။

ထိုအခါ ချင်းယင်မှ ပြောသည်။

“ခန်းမအရှင်သခင်ချန်ရဲ့ဇနီးက ကျေးလက်က ရွာသူလေးတစ်ယောက်ပါပဲ။ ဘာမှ များများစားစား ကြည့်စရာမရှိပါဘူး။ အကယ်၍ သခင်မ ပျင်းတယ်ဆိုရင် ကျွန်တော့်ရဲ့ဇနီးကို သခင်မကို အဖော်ပြုခိုင်းလိုက်ပါ့မယ်။ ကျွန်တော့်ရဲ့ဇနီးက အထင်ကရမိသားစုတစ်ခုက ဆင်းသက်လာခဲ့သူပါ”

ဟွမ်ဝမ်အာ ချင်းယင်ကို ကြည့်လိုက်သည်။

ဘယ်လို ငကြောင်ကောင်လဲ။ ဘယ်သူက သူ့ရဲ့ဇနီးကို ကြည့်ချင်နေလို့လဲ။ ငါက ဒီတိုင်း ခန်းမအရှင်သခင်ချန်ရဲ့ ဇနီးက ဘယ်လိုလူမျိုးလဲဆိုတာကို ကြည့်ချင်တာကို။

ခန်းမအရှင်သခင်ချန်ကို အရမ်းတွေ စွဲလမ်းမြတ်နိုးစေနိုင်တဲ့ မိန်းကလေးက ဘယ်လိုမျိုးလဲဆိုတာ သိချင်တာ။ ငါတို့နှစ်ယောက်ရဲ့ နောက်ဆုံးအကြိမ်တွေ့ဆုံမှုတုန်းက လုပ်ငန်းစဉ်အတွင်းမှာ သူက ‘ယွင်ကျင်း’လို့ ခေါ်နေခဲ့တာလေ။ သူက ငါနဲ့အတူရှိနေတာကိုတောင်မှ စိတ်အာရုံက အဲဒီမိန်းကလေးဆီ ပျံ့လွင့်နေခဲ့တာ။ အဲဒီစူးယွင်ကျင်းက တကယ်ပဲ ဘယ်လိုမျိုးလဲဆိုတာ ငါတွေ့ရမှဖြစ်မယ်။

“ကောင်းပြီ၊ ဒါဆို ဆုံးဖြတ်ပြီးပြီ။ နောက်သုံးရက်နေရင် ကျိုစစ် မင်းရဲ့ရာထူးဆက်ခံပွဲကို ငါနဲ့ဇနီးနဲ့ အတူတက်ရောက်မယ်။ ငါ့ဇနီးကို အဖော်ပြုပေးဖို့အတွက်တော့ ချန်သခင်မကို အလုပ်ရှုပ်စေရပါဦးမယ်။ ချင်းယင် မင်းတို့မိသားစုလည်း ပွဲတက်သင့်တယ်။ လူများတော့ ပိုပျော်ဖို့ကောင်းတာပေါ့။ အချိန်တိုင်း ဗုဒ္ဓဘုရားဆီမှာ ကပ်တွယ်နေတဲ့ ငါ့ဇနီးလည်း လောကစည်းစိမ်တချို့ကို မြည်းစမ်းခွင့်ရကောင်း ရစေနိုင်အောင်လို့ပေါ့”

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

ထိုအခါ ချင်းယင်မှ ချက်ချင်းတုံ့ပြန်ဖြေကြားသည်။

အိမ်ရောက်ရင် ဒီကိစ္စအတွက် ရှင်မနဲ့ သေချာပြန်ဆွေးနွေးရမယ်။ ရှင်မသာ ကုန်သည်အဖွဲ့သခင်မကို မျက်နှာချိုသွေးနိုင်ပြီး သခင်မရဲ့နှစ်ခြိုက်မှုကို ရယူနိုင်ခဲ့ရင် ငါ့အတွက် အကျိုးအမြတ် များများရနိုင်မှာပဲ။

ချန်ကျဲ့သည်တော့ အတင်းဖျစ်ညှစ်ပြီးသာ သဘောတူလိုက်ရသည်။

အရူးငတုံးဇာတ်ကောင်ကို သရုပ်ဖော်ချင်တဲ့သူက အမြဲတမ်းရှိနေတော့တာပဲ။ အဲဒီလူတွေက တားလည်း တားဆီးလို့မရနိုင်ဘူး။

ချန်ကျဲ့ တွေးနေစဉ် ဟွမ်ဝမ်အာမှ ပြောသည်။

“သခင်ကြီး အချိန်နောက်ကျနေပြီ။ ကျွန်မတို့ ဒီည စားသောက်ပွဲကျင်းပကြရအောင်လေ”

နန်ပါးထျန်းမှ ပြောသည်။

“အမ်းးး ကောင်းပြီလေ”

“ကောင်းလိုက်တာ သခင်ကြီး။ ကျွန်မ သွားပြီးစီစဉ်လိုက်ပါ့မယ်”

ဟွမ်ဝမ်အာသည် တင့်တယ်လှပစွာ ထွက်ခွာသွားခဲ့သည်။ သူမသည် အခန်းထဲမှ ထွက်သွားချိန်တွင် ချန်ကျဲ့ကို တစ်ချက််စောင်းငဲ့ကြည့်ရင် ခပ်ဖွဖွ ပြုံးပြခဲ့သေးသည်။ ချန်ကျဲ့၏ အကျပ်ရိုက်နေသည့် မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည်တွင် သူမ အံ့ဩသွားခဲ့သည်။

အစားအသောက်များကို လျင်မြန်စွာ ပြင်ဆင်ပြီးသွား၏။ ကိုယ်စီကိုယ်စီ အကြံအစည်များဖြင့် စားပွဲအပြည့်လူတစ်စုသည် အသီးသီး နေရာယူလိုက်ကြသည်။ ရှုပ်ထွေးပွေလီသည့် ဆက်ဆံရေးများကို သတိမမူမိဟန်သော ဟွမ်ဝမ်အာသည် တစ်ယောက်ချင်းစီအား ဟင်းရည်ခပ်ထည့်ပေးသည်။

ချန်ကျဲ့အလှည့်သို့ရောက်သောအခါ ချန်ကျဲ့သည် ဟင်းရည်ပန်းကန်လုံးအောက်မှ စာရွက်အပိုင်းလေးကို ခံစားမိလိုက်၏။

မည်သို့သော သဘာဝမကျသည့် တုံ့ပြန်မှုမျှ မပြုလုပ်ပါဘဲ ချန််ကျဲ့သည် စာရွက်ပိုင်းကို အိတ််ကပ်ထဲ ထည့်လိုက်ပြီးနောက် အခြားသူများနှင့်အတူ ဆက်လက်စားသောက်သည်။ သူတို့အားလုံးသည် ကိုယ်စီ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိကြရာ စားသောက်ပွဲမှာ လျင်မြန်စွာ စားသောက်ပြီးစီးသွားခဲ့ပြီး အသီးသီး ထွက်ခွာသွားခဲ့ကြသည်။

ချန်ကျဲ့နှင့် အခြားသူများသည် အသီးသီးနှုတ်ဆက်ထွက်ခွာခဲ့ကြကာ နန်ပါးထျန်းနှင့် ထန်ဇီယွဲ့သည်တော့ အရေးကိစ္စများ ဆွေးနွေးရန်အတွက် စာဖတ်ခန်းသို့ ပြန်ခဲ့ကြသည်။

ချန်ကျဲ့သည် လူရှင်းသည့်နေရာတစ်ခုကို ရှာ၍ စာရွက်ကို ထုတ်ယူဖတ်လိုက်သည်။

‘စားသောက်ပွဲပြီးရင်၊ နောက်ဖေးခြံဝင်းမှာ၊ ကျောက်တုံးဥယျာဉ်နောက်မှာ’

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ဌာနချုပ်သို့ ပြန်သွားလိုက်သည်။ သူ့တွင် ဟွမ်ဝမ်အာကို မေးမြန်းချင်သည့်အရာများ အများကြီးရှိနေသည်။

ဌာနချုပ်သည် အစောင့်တင်းကြပ်သော်ငြား ချန်ကျဲ့၏ လက်ရှိကျင့်ကြံဆင့်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်သောကြောင့် ဌာနချုပ်ကို ဝင်ထွက်သွားလာခြင်းငှာ မခက်ခဲပေ။ အစောင့်များသည် များသောအားဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဖြစ်ကြရာ ချန်ကျဲ့၏ပြိုင်ဘက် မဟုတ်ကြပေ။

မကြာမီ၌ ချန်ကျဲ့သည် ကျောက်တုံးဥယျာဉ်နောက်သို့ ရောက်ခဲ့သည်။ ထို့နောက် ခဏတွင် ဟွမ်ဝမ်အာရောက်လာသည်။

ချန်ကျဲ့ကို မြင်သောအခါ ဟွမ်ဝမ်အာသည် ရယ်မော၏။

“လူကြီးမင်းချန် အရမ်းအံ့ဩဖို့ကောင်းတာပဲရှင်။ ခုနက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ ကျွန်မမှာ နန်ပါးထျန်းကို ရှင့်အိမ်မှာ ညနည်းနည်းလောက် တည်းချင်တယ်လို့ ပြောမိလုနီးပါးပဲ”

ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်လိုက်ပြီး ပြောသည်။

“ဟွမ်ဝမ်အာ ခင်ဗျားက တကယ်ရူးနေတာပဲ။ ကျုပ်တို့နှစ်ယောက်အကြောင်းသာ ပေါ်သွားရင် ကျုပ်ကတော့ မသေနိုင်လောက်ပေမဲ့ ခင်ဗျားကတော့ အမေးအမြန်းမရှိဘဲ သေချာပေါက် သေရလိမ့်မယ်ဆိုတာ သိရဲ့လား”

“သိတယ်လေ။ အဲဒါကြောင့်ပဲ စိတ်ဝင်စားဖို့ကောင်းတာပေါ့။ ရှင်ရော စိတ်မလှုပ်ရှားမိဘူးလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ခင်ဗျားက အဲဒါကို စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ခေါ်တယ်ပေါ့လေ။ ကျုပ်တော့ ခင်‌ဗျားရူးနေပြီလို့ ထင်တာပဲ။ ဖောက်ပြန်နေတဲ့သူတွေက ပေါ်သွားမှာကို ကြောက်ရွံ့ပြီး ဖုံးကွယ်ဖို့အတွက် အကောင်းဆုံးကြိုးစားကြတယ်တဲ့။ ဒါပေမဲ့ ခင်ဗျားကတော့ အားလုံးသိအောင် ပြောပြဖို့ကို မစောင့်နိုင်ဖြစ်နေတာပေါ့လေ ဟုတ်လား”

ဟွမ်ဝမ်အာမှ ပြန်ပြောသည်။

“ဟုတ်တယ်လေ။ ငတုံးလို ဆက်ကစားနေရင် ဘယ်လိုလုပ်ပြီး ပျော်ဖို့ကောင်းမှာလဲ”

“လူကြီးမင်းချန်”

“ဘာဖြစ်ချင်ပြန်ပြီလဲ”

“နောက်သုံးရက်အတွင်း ကျွန်မတို့ ထပ်ပြီး ချိန်းဆိုကြရအောင်”

“ခင်ဗျားရူးနေလား”

“ဒါပေမဲ့ အဲဒါက အရမ်းစိတ်လှုပ်ရှားဖို့ကောင်း‌တယ်လေ။ ပြီးတော့လည်း ရှင်ကျွန်မကို ၅ကြိမ်အကြွေးတင်နေ‌သေးတယ် မဟုတ်လား? နောက်သုံးရက်မှာ နှစ်ကြိမ်ဆိုရင်ရော ဘယ်လိုသဘောရလဲ”

“ကျုပ်– ကျုပ်တော့ မသေချင်သေးဘူး။ ၈ကြိမ်ဆိုရင်တောင် မရဘူး”

ချန်ကျဲ့မှ ပြောသည်။

ဟွမ်ဝမ်အာမှ ရယ်သည်။

“ရှင် နန်ပါးထျန်းရဲ့ ရေခဲစိတ်စွမ်းအင်သိုင်းကို မလိုချင်ဘူးလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အဲဒါက သဘောတူထားပြီးသားလေ။ ၅ကြိမ်ပြီးရင် ခင်ဗျား ကျုပ်ကို သိုင်းကျမ်းခိုးပေးမယ်လို့!”

All Chapters