အခန်း (၄၂၆)
Vol. 32 Ch. 426
ဟွမ်ဝမ်အာမှ ရယ်မောလျက် ပြောသည်။
“ကျွန်မ ၅ကြိမ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အသိအမှတ်ပြုတဲ့အကြိမ်ကိုပဲ တစ်ကြိမ်အဖြစ် ရေတွက်မှာ။ ကျွန်မ အသိအမှတ်မပြုရင် ကျွန်မတို့ကြားထဲမှာ ဘာတွေပဲ ဘယ်လိုဖြစ်ခဲ့ပါစေ ထည့်မတွက်ဘူး”
“နေပါဦး၊ ခင်ဗျား ကျုပ်ကို လှည့်စားနေတာလား”
ဟွမ်ဝမ်အာမှ ရယ်သည်။
“ရှင်စိတ်ဆိုးသွားတာလား? ဒါဆိုလည်း ကျွန်မကို သတ်လိုက်လေ! ကျွန်မတို့ရဲ့ကစားပွဲမှာ ရှင့်အတွက် ရွေးချယ်ခွင့် အမြဲရှိနေတာပဲလေ။ ရှင့်မှာ အချိန်မရွေး ကစားပွဲကို ရပ်တန့်ခွင့်ရှိတယ်”
“အဲဒီ၅ကြိမ်ကို တခြားအချိန်မှ ပေးလို့ရမလား”
“မရဘူး။ အခုကစပြီး သုံးရက်ကြာရင် တစ်ကြိမ်ကို ကျွန်မတို့ရဲ့ တရားဝင်တစ်ကြိမ်အဖြစ် သတ်မှတ်မယ်။ ရှင်ရောက်မလာရင် ကျွန်မတို့ရဲ့ အပေးအယူက အဆုံးသတ်ပြီ။ ရေခဲစိတ်စွမ်းအင်သိုင်းကိစ္စကို မေ့လိုက်တော့။ ပြီးတော့ ကျွန်မလည်း စိတ်ရူးဖောက်ကောင်း စိတ်ရူးဖောက်သွားနိုင်တယ်။ ဘယ်သူသိမလဲ ကျွန်မ ဒီအကြောင်းတွေကို တခြားသူတစ်ယောက်ယောက်ကို ပြောကောင်းပြောလိုက်နိုင်တာပဲ”
“ခင်ဗျားက အရူးမပဲ”
“ဟားဟား ကျွန်မ အဲဒီနာမည်ပြောင်ကို သဘောကျတယ်။ အဲဒီတော့ ကျွန်မ နောက်သုံးရက်အတွင်း ဆုံတွေ့မှုကို မျှော်လင့်နေပါ့မယ်”
ချန်ကျဲ့ အံတင်းတင်းကြိတ်ထားလိုက်သည်။ သူ့မှာ ရုတ်တရက် ဘာပြောရမည်မသိတော့ပေ။
ငါဒီမိန်းမကို ဆက်ပြီး မကိုင်တွယ်နိုင်တော့ဘူး။ ဘယ်လိုလုပ်ရပါ့မလဲ?
ထိုသို့အတွေးဖြင့် ချန်ကျဲ့ ဟွမ်ဝမ်အာကိုကြည့်၍ ပြောလိုက်သည်။
“ကောင်းပြီ၊ ကျုပ် သဘောတူတယ်။ ဒါပေမဲ့ ခင်ဗျား ကျုပ်ဇနီးနဲ့ မတွေ့ရဘူး”
“ဘာလို့လဲ”
ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို စူးစိုက်ကြည့်နေသည်။
ချန်ကျဲ့မှ ပြောသည်။
“ခင်ဗျား သူ့ကို အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောမှာစိုးလို့”
ဟွမ်ဝမ်အာမှ ချန်ကျဲ့ကို ပြောသည်။
“ရှင်က ကျွန်မ သူ့ကို ဘာပြောမယ်ထင်လို့လဲ? မင်းရဲ့ယောကျ်ားက ငါနဲ့အိပ်ခဲ့ပါတယ်လို့လား”
“ခင်ဗျားဘာပြောပြော ကျုပ်ဂရုမစိုက်ဘူး။ သူ့ကို ဘာမှသာ မပြောလိုက်နဲ့၊ နားလည်လား”
“ကျွန်မ မပြောပါဘူး”
ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို အကြည့်မလွှဲတမ်းကြည့်နေခဲ့သည်။
“ခင်ဗျားဘာပြောလိုက်တယ်?”
ချန်ကျဲ့ ဟွမ်ဝမ်အာကို သေချာကြည့်လိုက်သည်။ ဟွမ်ဝမ်အာမှ ပြောသည်။
“ကျွန်မပြောတာ ကျွန်မ မပြောပါဘူးလို့”
ချန်ကျဲ့သည် ရုတ်တရက် ဒေါသထွက်သွား၏။ ဟွမ်ဝမ်အာကို စိုက်ကြည့်နေသည့် သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ထင်ဟပ်လာခဲ့သည်။
ဟွမ်ဝမ်အာသည် ချန်ကျဲ့ထံမှ ဤမျှပြင်းထန်သည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို ပထမဆုံးအနေဖြင့် ခံစားဖူးခြင်းဖြစ်သည်။
အဲဒါက စူးယွင်ကျင်းအတွက်လား? သူ အဲဒီလောက်တောင် ဂရုစိုက်နေတာ အဲဒီမိန်းမက ဘယ်လိုလူမျိုးမို့လို့လဲ?
စူးစမ်းလိုစိတ်ပြင်းပြလာခဲ့ပြီး သေဆုံးခြင်းကို မကြောက်ရွံ့လေရာ ဟွမ်ဝမ်အာမှ တည်ငြိမ်အေးဆေးစွာဖြင့် ပြောသည်။
“ကျွန်မ ရှင့်ကို ပြောတယ်လေ၊ ရှင် ကစားပွဲကို အချိန်မရွေး ရပ်တန့်ခွင့်ရှိတယ်လို့။ ပြီးတော့ ကျွန်မကိုလည်း အချိန်မရွေး သတ်ပစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မ မလုပ်ချင်တာကိုတော့ ဘယ်သူမှ ကျွန်မကို လုပ်ဖို့ ဖိအားမပေးနိုင်ဘူး”
“ကျွန်မ အခု ရှင့်ကိုပြောနေတာက ကျွန်မ စူးယွင်ကျင်းကို သေချာပေါက် တွေ့မယ်လို့။ ရှင် ကျွန်မကို သတ်လို့ရတယ် ဒါပေမဲ့ ကျွန်မဘက်ကတော့ အလျှော့မပေးဘူး”
“ခင်ဗျား!”
ချန်ကျဲ့မှာ ပေါက်ကွဲထွက်တော့မည့်အလားပင်။
ဒီမိန်းမက ရူးနေတာပဲ။ စကားပြောလို့ မရနိုင်ဘူး။
ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ကြည့်၍ ပြောသည်။
“ရှင်တကယ် သူ့ကို ဂရုစိုက်တာပဲ”
“သူက ကျုပ်ဇနီးလေ”
“အို ဒါဆို ကျွန်မကရော?”
“ခင်ဗျားလား?”
ချန်ကျဲ့ တိတ်ဆိတ်သွား၏။
ငါက သူ့ရဲ့ဘာလဲ၊ သူ့ရဲ့ချစ်သူလား?
ပြောစရာ စကားလုံးရှာမရဘဲ မျက်လုံးများ မှိုင်တွေနေသည့် ချန်ကျဲ့ကို ကြည့်နေခဲ့ရင်း ဟွမ်ဝမ်အာမှ ပြောသည်။
“ကောင်းပြီ၊ ကျွန်မ အဲဒီနေ့ကျရင် စူးယွင်ကျင်းနဲ့ မတွေ့ဘူး။ ဒါပေမဲ့ ကျွန်မကို စိတ်ကျေနပ်စေမယ့် ငရဲဆီ ခရီးတစ်ခေါက် လိုအပ်တယ်။ ရှင် ကျွန်မရဲ့ဆိုလိုရင်းကို နားလည်ပါတယ်”
ထိုအခါ ချန်ကျဲ့ ဟွမ်ဝမ်အာကို ပြန်ကြည့်လိုက်သည်။ ရုတ်တရက် ဤတောင်းဆိုချက်သည် အရမ််းကြီး လက်မခံနိုင်စရာမဟုတ်ဟု တွေးမိသွားခဲ့သည်။
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ၊ ကျုပ်က ဘာသားနဲ့ ဖွဲ့စည်းထားလဲဆိုတာကို ခင်ဗျားကို သေချာပြပေးမယ်”
ဟွမ်ဝမ်အာသည် ပြုံးလိုက်ပြီး မေးသည်။
“စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်ပြီးသွားတော့ ပြောင်းလဲမှုရှိလို့လား”
“မင်း ချီစွမ်းအင်ကို ထိန်းချုပ်နိုင်လား”
ဟွမ်ဝမ်အာသည် ရုတ်တရက် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် စိတ်ကူးတစ်ခုကို တွေးမိလိုက်သည်။
“ရှင်ဘယ်လိုထင်လဲ၊ ချီစွမ်းအင်ကို ထိန်းချုပ်တာက ပျော်ဖို့ကောင်းမယ်ထင်လား”
ချန်ကျဲ့ သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကိုယ်ဖော့သိုင်းကို အသုံးပြု၍ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ နှုတ်မှလည်း ရေရွတ်၏။
“ဒီမိန်းမက တကယ်ရူးနေတာပဲ!”
ချန်ကျဲ့ အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ ဟွမ်ဝမ်အာသည် ချန်ကျဲ့ထွက်သွားသည့် မြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။
သူမ၏ မျက်လုံးများထဲတွင် အထီးကျန်ခြင်းသော အငွေ့အသက်များ ဖြတ်ပြေးသွားခဲ့သည်။
“ဘာဖြစ်တာလဲ၊ ကစားပွဲလေးတစ်ခုပဲကို ဘာလို့ အတည်ကြီး စိတ်ပါသွားသလို ခံစားနေရတာလဲ”
ထိုသို့ပြောပြီးနောက် ဟွမ်ဝမ်အာသည် ထိုနေရာမှ လှည့်ထွက်သွားခဲ့သည်…
…
ချန်ကျဲ့ တတိယသခင်မလေးဟွား၏အိမ်သို့ ပြန်ရောက်ချိန်တွင် အချိန်နောက်ကျနေပြီဖြစ်သည်။ စူးယွင်ကျင်းသည် ခြံဝင်းထဲတွင် သူ့ကိုစောင့်ဆိုင်းနေခဲ့၏။
စူးယွင်ကျင်းသည် ချန်ကျဲ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အနည်းငယ် နှာခေါင်းရှုံ့လိုက်သည်။သူမ၏မျက်နှာထက်တွင် ထူးခြားသည့်အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက် ပြောသည်။
“ယောကျ်ား ရှင်ပြန်လာပြီပဲ၊ အရာအားလုံး အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်။ အချိန်နောက်ကျနေပြီ၊ ဘာလို့ မအိပ်သေးတာလဲ”
“အင်း အိပ်မပျော်လို့”
ထိုအခါ ချန်ကျဲ့သည် စူးယွင်ကျင်း၏ခေါင်းကို နူးညံ့စွာ ထိကိုင်လိုက်သည်။ စူးယွင်ကျင်းသည် ချိုသာလှပစွာ ပြုံးလိုက်ပြီး ပြောသည်။
“ယောကျ်ား၊ ဒီညနေက ကျိုးသခင်မ ရောက်လာတယ်”
“ကျိုးသခင်မ?”
စူးယွင်ကျင်းမှ ပြောသည်။
“ကျိုးချူရဲ့ဇနီးလေ”
“သူက ဘာလိုချင်လို့လဲ”
ချန်ကျဲ့ ရှုပ်ထွေးသွားခဲ့သည်။
ထိုစဉ် ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၌
ကျိုးချူသည် မြေပြင်တွင် ဒူးထောက်ထားရင်း မျက်နှာပေါ်ကို ကြက်ဥဖြင့်လှိမ့်နေသည်။ ကျိုးချူ၏မျက်နှာချင်းဆိုင်တွင် အမျိုးသမီးတစ်ဦး ထိုင်နေ၏။ ထိုအမျိုးသမီးသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို လှပစွာသော အနီရောင်ဖဲကြိုးဖြင့် တန်ဆာဆင်ထားသည်။
အမျိုးသမီးသည် ကျိုးချူကို ဒေါသတကြီး ကြည့်နေသည်။
ကျိုးချူမှ ပြောသည်။
“ရှင်မ ကိုယ်မှားသွားတာကို ကိုယ်သိပါတယ်”
“ဘာမှားသွားတာလဲ”
ကျိုးချူမှ ပြောသည်။
“ကိုယ်မသိပါဘူး၊ ကိုယ့်ကို အရိပ်အမြွက်လေးပေးပါလား”
“အရိပ်အမြွက်ပေးရမယ်? အရိပ်အမြွက်ပေးရမယ်တဲ့လား? ရှင့်ဦးနှောက်က အမှိုက်သရိုက်တွေနဲ့ ပြည့်နေလို့လား? ဒီနေ့ ခန်းမအရှင်သခင်ချန်ကြောင့်သာ မဟုတ်ခဲ့ရင် ရှင့်ခေါင်းတစ်ခုလုံး ကြေမွပွင့်ထွက်သွားလောက်ပြီ ရှင်သိရဲ့လား”
“ကျွန်မ ရှင့်ကို အကြိမ်ကြိမ်ပြောခဲ့တယ် မဟုတ်လား၊ မနိုင်ရင် အညံ့ခံလိုက်ပါလို့။ ရှင် သူတို့ကို အနိုင်မယူနိုင်ရင် ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်လို့။ ဘာလို့ ကျိန်းသေပေါက် အသေအကြေတိုက်ခိုက်ရမှာလဲ?!”
“ဟားဟား ဘာအကြောင်းအရင်းမှ မရှိပါဘူး။ ကိုယ်က ကျားဖြူခန်းမရဲ့ ဦးစီးမှူးတစ်ယောက်လေ သေချာပေါက် ပိုပိုသာသာလေး လုပ်ဆောင်ရမှာပေါ့”
“စွမ်းအင်ပြောင်းလဲခြင်းအဆင့်နဲ့ ယှဉ်လိုက်ရင် ရှင်က ဘာကောင်မှ မဟုတ်ဘူး။ ရှင်က ဘာအသက်ကို လောင်းကြေးထပ်နေရတာလဲ?!”
“ဟားဟား နုတ််ယူသွားတော့လည်း ယူသွားပါစေပေါ့”
ကျိုးချူမှ ရယ်မောသည်။
ဒုန်း ဒုန်း!
ထို့နောက်တွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ အမျိုးသမီးမှ ပြောသည်။
“ဝင်ခဲ့ပါ”
ကြံ့ခိုင်သန်မာသည့် လူငယ်လေးတစ်ဦး ဝင်လာသည်။ ထိုလူငယ်မှာ ကျိုးချူ၏ အနီးကပ်အစေခံဖြစ်ပြီး ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၏ အိမ်တော်အစေခံတစ်ဦးလည်း ဖြစ်သည်။
“သခင်မ၊ သခင်ကျိုးကို ထပ်မဆူပါနဲ့တော့၊ သခင်ကျိုးက သခင်မအတွက် တိုက်ခိုက်ခဲ့တာပါ”
“ငါ့အတွက်?”
“ဟုတ်ပါတယ်၊ အဲဒီချင်းဟူက သခင်မကို ပြည့်တန်ဆာလို့ စော်ကားပြောဆိုခဲ့တာပါ။ အဲဒါကြောင့် သခင်ကျိုးက စိတ်ဆိုးပြီးတော့ ချင်းဟူနဲ့ အသေအကြေတိုက်ခိုက်ခဲ့တာပါ”
“ရွှမ်းဝါ ဘာလို့ အဲဒီအကြောင်းကို ပြောလိုက်ရတာလဲ”
ကျိုးချူသည် နောက်သို့လှည့်၍ ထိုလူငယ်ကို စူးစူးရဲရဲကြည့်လိုက်သည်။
လူငယ်လေးမှ ပြောသည်။
“သခင် ကျွန်တော် အဲဒီအကြောင်းကို မပြောပြရင် သခင်က တစ်ညလုံး ဒူးထောက်နေရတော့မှာလေ။ မနက်ဖြန်ကျရင် ခန်းမပြင်ဆင်ဖို့ ရှိသေးတယ်။ သခင်၅ရဲ့ အခမ်းအနားကို နှောင့်နှေးစေလို့ မဖြစ်ဘူးလေ”
ကျိုးချူ ခေါင်းငုံ့သွား၏။
အမျိုးသမီးမှ ပြောသည်။
“ပြောစမ်း၊ အကုန်လုံး တစ်ခုမကျန်ပြောပြ။ ဘယ်ခွေးသားက ငါ့ကို ပြည့်တန်ဆာလို့ ပြောတာလဲ!”
လူငယ်လေးသည် အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြသည်။
နားထောင်ပြီးနောက် အမျိုးသမီးသည် ကျိုးချူ၏ ညိုမဲစွဲနေသည့်မျက်နှာကို ပြန်ကြည့်လာ၏။ သူမ၏ စူးရှလှသည့်အကြည့်များသည် နူးညံ့ပျော့ပျောင်းသွားပြီး ထို့နောက် ပြန်၍ တင်းမာသွားပြန်သည်။
“ကျိုးချူ”
“အမ်?”
“ရှင့်ဦးနှောက်ထဲ ရေဝင်နေတာပဲ။ ချင်းဟူက အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်၊ ရှင်က သာမန်လူတစ်ယောက် ရှင်သူ့ကို အနိုင်မတိုက်နိုင်ဘူးလေ! ဘာလို့ အသေအကြေတိုက်ခိုက်နေမလဲ? ကျွန်မကိုသာ သူတို့နာမည်ကို ပြောပြလိုက်၊ ကျွန်မအတွက်တော့ အသားတစ်တုံးလှီးရသလောက်တောင်် အားစိုက်ထုတ်ဖို့ မလိုအပ်ဘူး”
“အဲဒီလိုတော့ မလုပ်နိုင်ပါဘူး။ ဘယ်သူမှ ငါ့ဇနီးကို မစော်ကားရဘူး! ကိုယ်…”
အမျိုးသမီးသည် ကိုယ်ကိို ကိုင်း၍ ကျိုးချူ၏နဖူးကို နမ်းလိုက်သည်။ ထို့နောက် လူငယ်လေးကို လက်ဝှေ့ရမ်းလျက် ပြောသည်။
“မင်းသွားတော့၊ တံခါးပိတ်ခဲ့”
“သခင်မ ဘာလုပ်မလို့လဲ”
“ရှင့်ကို ဆုချမလို့၊ ရှင် ဒီနေ့ အရမ်းယောကျ်ားဆန်လို့လေ…”
ကျိုးချူ : “သခင်မ ညင်ညင်သာသာလုပ်ပါ၊ ညင်ညင်သာသာလုပ်ပါ။ ကိုယ့်နံရိုးတွေ ကျိုးထားတာ။ မနက်ဖြန််ကျရင်လည်း ကျိုစစ်အတွက် ခန်းမပြင်ဆင်ပေးရဦးမှာ…”