← Chapters

အခန်း (၄၂၇)

Vol. 32 Ch. 427

အခန်း (၄၂၇)

Vol. 32 Ch. 427

အချိန်များလျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး သတိမထားမိလိုက်မီမှာပင် တတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။

ကျားဖြူခန်းမတစ်ခုလုံးကို မီးပုံးမီးအိမ်များစွာဖြင့် အလှဆင်ထားပြီး ဧည့်သည်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် စတင်ရောက်ရှိလာခဲ့လေပြီ။

ယနေ့သည် ချန်ကျဲ့မှ ကျားဖြူခန်းမအရှင်သခင်အဖြစ် တရားဝင်ရာထူးဆက်ခံမည့်နေ့ဖြစ်သည်။

အတွင်းခြံဝင်းအတွင်း၌ ချန်ကျဲ့သည် လက်နှစ်ဖက်ကို ဆန့်တန်းထားကာ အစေခံမိန်းကလေးဟုန်မိန်နှင့် ချွေ့ကျူတို့သည် ချန်ကျဲ့ကို အဝတ်ကူဝတ်ပေးနေသည်။ စူးယွင်ကျင်းသည် ချန်ကျဲ့၏ အင်္ကျီလည်ပင်းအနားစကို သေသပ်ပြန့်ပြူးအောင် ကူညီပေးနေသည်။

ချန်ကျဲ့တို့မိသားစုသည် မနေ့ကမှ ကျားဖြူခန်းမသို့ တရားဝင်ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်သည်။

ကျားဖြူခန်းမသည် ယခင်က ချန်ကျဲ့တို့နေထိုင်ခဲ့သည့် ကျန်းချွမ်၏အိမ်တော်ထက် အများကြီးပို၍ ကျယ်ဝန်းသည်။ ကျားဖြူခန်းမသည် နေထိုင်ရန် နေရာတစ်ခုဖြစ်ရုံသာမက ကျားဖြူခန်းမ၏ အဓိကအင်အားလည်း ဖြစ်သည်။

ကျားဖြူခန်းမကို အတွင်းခြံဝန်းနှင့် အပြင်ခြံဝန်းဟူ၍ ခွဲခြားထားသည်။

အပြင်ခြံဝန်းကို ခန်းမသုံးခု ခွဲခြားထားရှိပြီး အတွင်းခြံဝန်းကို ဌာန၅ခု ခွဲခြားထားသည်။

အပြင်ခြံဝန်း၏ ခန်းမသုံးခုမှာ စာရင်းအင်းခန်းမ၊ အတွင်းရေးခန်းမနှင့် အစောင့်ခန်းမတို့ ဖြစ်သည်။

၎င်းခန်းမသုံးခုသည် ကျားဖြူခန်းမ၏ ငွေကြေးပိုင်းများ၊ အတွင်းရေးကိစ္စရပ်များနှင့် မြေရာစီမံခန့်ခွဲရေး၊ ကျားဖြူခန်းမ၏အစောင့်များအား အုပ်ချုပ်စီမံခြင်းတို့ကို တာဝန်ယူသည်။

အတွင်းခြံဝန်း၏ ဌာန၅ခုမှာ စားဖိုဆောင်ဌာန၊ ပန်းဌာန၊ အတွင်းအစေခံဌာန၊ အပြင်အစေခံဌာနနှင့် ရထားလုံးဌာနတို့ ဖြစ်သည်။

၎င်းဌာန၅ခုသည် ခန်းမအရှင်သခင်၏ အဝတ်အစား၊ အစားအသောက်၊ နေရာထိုင်ခင်းနှင့် သွားလာဆက်သွယ်ရေးများကို တာဝန်ယူရသည်။ ဥပမာဆိုရသော် စားဖိုဆောင်ဌာနသည် စားဖိုမှူးများကို စီမံခန့်ခွဲရသည်။ ကျားဖြူခန်းမ၌ ကိုယ်ပိုင်စားဖိုမှူးများရှိပြီး စည်းမျဉ်းများအရ ခေါင်းဆောင်စားဖိုမှူးသုံးဦးနှင့် လက်ထောက်စားဖိုမှူးခြောက်ဦးတို့ ရှိရန် လိုအပ်သည်။ ခေါင်းဆောင်စားဖိုမှူးတစ်ဦးချင်းစီတိုင်းတွင် သူတို့၏အမှတ်သင်္ကေတဟင်းပွဲများ ရှိရန် လိုအပ်ပြီး ခန်းမအရှင်သခင်၏မိသားစုများအနေဖြင့် အမျိုးအစားစုံလင်သော လတ်ဆတ်ကောင်းမွန်သည့် ဟင်းပွဲများကို စားသုံးရမည်ဟု အာမခံနိုင်ရမည်။

ထို့နောက် ပန်းဌာနဖြစ်သည်။ တစ်နည်းဆိုရသော် ပန်းဌာနသည် ဥယျာဉ်စိုက်ပျိုးရေးဌာနဖြစ်၏။ ပန်းပညာရှင်များကို အလုပ်ခန့်ထားပြီး အိမ်တော်၏ဥယျာဉ်အတွင်းရှိ ခွေးများ၊ ငှက်များ၊ ငါးများနှင့် အင်းဆက်များအပါအဝင် ရေကန်ကြီးအတွင်း ကြာပန်းများစိုက်ပျိုးခြင်းနှင့် အခြားဆက်စပ်အလုပ်တာဝန်များကဲ့သို့ အရာအားလုံးကို တာဝန်ယူရသည်။

အတွင်းအစေခံဌာနသည်တော့ အစေခံမိန်းကလေးများကို ရည်ညွှန်းခြင်းဖြစ်သည်။ ၎င်းဌာနသည် မူလက ရာထူးလေးဆင့်ရှိခဲ့ရာမှ ယခုတွင် ၁၂ဆင့်သို့ တိုးသွားခဲ့သည်။ ယင်ဟုန်မိန်သည် အစေခံဦးစီးအဖြစ် တာဝန်ယူထားပြီး ချွေ့ကျူသည် လက်ထောက်ဦးစီးအဖြစ် တာဝန်ယူထားသည်။

ဟုတ်ပါသည်။ ဤချွေ့ကျူသည် တစ်ချိန်က ချန်ကျဲ့၏အိပ်ရာပေါ်သို့ တက်ချင်ခဲ့ဖူးသည့် အစေခံမိန်းကလေးဖြစ်ပါ၏။

နောက်ထပ်ဌာနမှာ အပြင်အစေခံဌာနဖြစ်သည်။ အဓိကအားဖြင့် ခြံဝင်းအစေခံမိန်းကလေးများနှင့် အစေခံအမျိုးသားများအပါအဝင် ခြံဝင်းသန့်ရှင်းရေးကို တာဝန်ယူရသော အလုပ်ကြမ်းလုပ်သည့် အစေခံမိန်းကလေးများကို တာဝန်ယူစီမံခန့်ခွဲရသည်။

သူတို့၏ အဓိကတာဝန်မှာ အိမ်တော်ပြင်ပသန့်ရှင်းရေးဖြစ်သည်။ ခြံဝင်းထဲရှိ သစ်ရွက်ကြွေများကို အချိန်နှင့်တစ်ပြေးညီ သန့်ရှင်းခြင်းကဲ့သို့ အလုပ်များကို လုပ်ဆောင်ရသည်။

အတွင်းအစေခံဌာနနှင့် အပြင်အစေခံဌာနကြား ကွာခြားချက်မှာ အိမ်တော်အတွင်းနှင့် အပြင်တွင် အလုပ်လုပ်ကြရခြင်း ဖြစ်သည်။

အတွင်းအစေခံမိန်းကလေးများသည် အိမ်တော်အတွင်း သန့်ရှင်းသပ်ရပ်မှုကို တာဝန်ယူရကာ အသေးစိတ်လုပ်ဆောင်ရန် လိုအပ်သည်။ အပြင်အစေခံများ၏ အလုပ်တာဝန်များသည်တော့ အနည်းငယ်ပို၍ ပင်ပန်းနိုင်ပါသည်။

ထို့ပြင် ရထားလုံးဌာနလည်း ရှိသေးသည်။ ၎င်းဌာနသည် အထူးသဖြင့် ချန်ကျဲ့၏ မြင်းများကို အစာကျွေးမွေးစောင့်ရှောက်ခြင်းနှင့် သွားလာရေးအတွက် တာဝန်ယူရသည်။

ကျားဖြူခန်းမ၏ မြင်းဇောင်းသည် သာမန်မိသားစုများ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပါချေ။ စုစုပေါင်း မြင်း၁၂ကောင်ရှိပြီး ထိုအထဲမှ ၆ကောင်မှာ အရည်အသွေးမြင့်မြင်းများ ဖြစ်ကြသည်။ ရထားလုံးသည်လည်း ၄စီးရှိသည်။

စည်းမျဉ်းများအရ ကျားဖြူခန်းမအရှင်သခင်အဆင့်အတန်းသည် မြင်းနှစ်ကောင်ပြေးဆွဲသည့် ရထားလုံးများကို စီးနင်းခွင့်မရှိဘဲ ရထားလုံးအရွယ်အစားကိုလည်း ကန့်သတ်ထားသည့်တိုင် ကျားဖြူခန်းမတွင် ရထားလုံး၄စီးပိုင်ဆိုင်ထားခြင်းသည် ကျားဖြူခန်းမ၏ ချမ်းသာကြွယ်ဝမှုကို ပြသနေပေသည်။

ထို့ကြောင့် ရထားလုံးဌာနတွင် လူ၇ဦး ခန့်အပ်ထား၏။ အဓိကတာဝန်ရှိသူမှာ အသက်၆၀အရွယ်ခန့်ရှိသော အဘိုးတစ်ဦးဖြစ်သည်။

အဘိုးအိုသည် အလွန်အထင်ကြီးစရာကောင်းသူဖြစ်သည်။ ဖန်းရှစ်ကျုံးသည် ထိုအဘိုးကို ငယ်စဉ်ကတည်းက အလုပ်ခန့်ထားခဲ့ခြင်း ဖြစ်သည်။ အဘိုးသည် မြင်းများကို ကောင်းမွန်စွာ မွေးမြူတတ်သည့်အပြင် တိရစ္ဆာန်ဆရာဝန်တစ်ဦးလည်း ဖြစ်သည်။ မြင်းတစ်ကောင်ကောင် နာမကျန်းဖြစ်ပါက အဘိုးသည် တစ်ချက်ကြည့်ရုံဖြင့်ပင် ရောဂါအမည်တပ်ပေးနိုင်သည်။ ထို့ကြောင့် မြင်းထိန်းအဘိုးမာဟု ကျော်ကြားသည်။

အဘိုးမာအပြင် သက်လတ်ပိုင်းအရွယ်အမျိုးသားသုံးဦးနှင့် လူငယ်အမျိုးသားသုံးဦးလည်း ရှိသည်။

ပုံမှန်အားဖြင့် လူငယ်များသည် မြင်းများကို အစာကျွေးရန် တာဝန်ယူလေ့ရှိပြီး သတ်လတ်ပိုင်းများသည် ရထားလုံးမောင်းနှင်ရန် တာဝန်ယူကြသည်။ သေချာပေါက်ပင် ခန်းမအရှင်သခင် ခရီးနှင်ပါကမူ အစောင့်များမှ တာဝန်ယူရပေသည်။

၎င်းအတွင်းခြံဝန်းဌာန၅ခုကို စူးယွင်ကျင််းမှ စီမံခန့်ခွဲရသည်။ အိမ်တော်သခင်မတစ်ဦးအနေဖြင့် စူးယွင်ကျင်းသည် အတွင်းခြံဝန်းထဲရှိိ အရေးကိစ္စအားလုံးကို တာဝန်ယူရန် လိုအပ်သည်။ ချန်ကျဲ့သည် ကျားဖြူခန်းမအဖွဲ့သားများ၏ သားသမီးမျိုးဆက်များ အခမဲ့ပညာသင်ကြားနိုင်မည့် အတွင်းခြံဝန်းစာသင်ဆောင်ကို တည်ထောင်ရန်လည်း အစီအစဉ်ချထား၏။

အနာဂတ်၌ ကျားဖြူခန်းမသည် ထိုကလေးများကို အရည်အချင်းရှိအောင် ပျိုးထောင်ပေးပြီးနောက် ကလေးများ ပညာသင်ကြားမှု ပြီးဆုံးသည့်အခါတွင် ချက်ချင်း အသုံးချမည်။

ဤသည်မှာ ချန်ကျဲ့၏ အတွင်းပိုင်းမှ အရည်အချင်းရှိသူများကို ရွေးချယ်ထုတ်မည့် နည်းဗျူဟာဖြစ်သည်။

အရည်အချင်းရှိသူများကို သိုင်းလောကတွင် အမြဲရှာဖွေနေ၍ မဖြစ်ချေ။ အဖွဲ့သားများ၏ သားသမီးမျိုးဆက်များသည် သူ့အပေါ် သစ္စာစောင့်သိကြလိမ့်မည်။ အဖွဲ့သားများ၏မျိုးဆက်များကို အစောပိုင်း ငယ်ရွယ်စဉ်ကတည်းက ပျိုးထောင်ပေးပြီး အယူဝါဒသွတ်သွင်းထားလိုက်ပါက ထိုကလေးများအားလုံးသည် အနာဂတ်တွင် သူ၏ အင်အားအကြီးမားဆုံးသော သစ္စာရှိနောက်လိုက်များ ဖြစ်လာကြလိမ့်မည် မဟုတ်ပါလော။

ဤသည်အား ချန်ကျဲ့၏ အနာဂတ်နိုင်ငံရေးနည်းဗျူဟာအတွင်းမှ အင်အားအကြီးမားဆုံးဖြစ်သည့် ပညာရေးပိုင်း၏ သန္ဓေသားပုံစံဟု ရည်ညွှန်းနိုင်လိမ့်မည်။

ထို့ပြင် ဤအတွင်းစာသင်ဆောင်သည် နောက်ဆုံး၌ ချန်ကျဲ့၏ အရည်အချင်းရှိသူများအား လေ့ကျင့်ပျိုးထောင်ခြင်းအတွက် မူလစမှတ်အဖြစ်သို့ ဆင့်ကဲတိုးတက်သွားလိိမ့်မည်။ ထို့နောက် ၎င်းစာသင်ဆောင်ကို မျန့်ရွှေကျောင်းတော်ဟု ခေါ်ဆိုမည်။

မျန့်ရွှေကျောင်းတော်ကို အတွင်းရေးကျောင်းတော်နှင့် စစ်ဘက်ကျောင်းတော်ဟူ၍ နှစ်ပိုင်းခွဲခြားမည်။

၎င်းကျောင်းတော်တွင် ချန်ကျဲ့အပေါ် သစ္စာစောင့်သိမည့် လူငယ်များအင်အားစုများကို တစ်သုတ်ပြီးတစ်သုတ် လေ့ကျင့်ပျိုးထောင်ပေးမည်။ ထို့နောက် ကျောင်းတော်တွင် သင်ကြားမည့် အကြောင်းအရာများသည် တဖြည်းဖြည်းချင်း ပို၍ အထူးပြုလာလိမ့်မည်။ အစပိုင်းတွင် စူးယွင်ကျင်း၏ စာပေ၄အုပ်နှင့် ဂန္တဝင်စာပေ၅အုပ်တို့ကို သင်ကြားမည်။ သို့သော် နောက်ပိုင်းတွင် ချန်ကျဲ့မှ မျက်မှောက်ခတ်ဘာသာရပ်တချို့နှင့် မျက်မှောက်ခေတ် အယူအဆအချို့ကို ဤရှေးခတ်စာပေများထဲသို့ ပေါင်းစည်းထည့်ပေးပြီး တစ်မူထူးခြားသည် ပညာရေးစနစ်ကို ဖန််တီးမည်။

သေချာပေါက်ပင် ဤအရာအားလုံးသည် အနာဂတ်အစီအစဉ်များသာ ဖြစ်ပါ၏။ အတွင်းခြံဝန်းစာသင်ဆောင်သည် လက်ရှိတွင် ဖွင့်ပင် မဖွင့်ရသေးပါချေ။ သို့သော် ချန်ကျဲ့သည် ထိုစာသင်ဆောင်အတွက် ငွေတုံးသုံးထောင်ကို သီးသန့်ဖယ်ထားပြီး ကျားဖြူခန်းမ၏ အနောက်ဘက်ခြံဝင်းတစ်ခုတွင် နေရာစီစဉ်ထားပြီး ဖြစ်သည်။ လူသစ်ခေါ်ဆောင်ခြင်းကိုမူ စူးယွင်ကျင်းထံ အပြည့်အဝ တာဝန်ပေးအပ်ထားမည်ဖြစ်သည်။ ချန်ကျဲ့မှ စူးယွင်ကျင်းကို ပြောသည်။

“ကိုယ် မင်းကို မျန့်ရွှေမှာ အထင်ရှားဆုံး အမျိုးသမီး စာပေပညာရှင်တစ်ယောက် ဖြစ်လာစေချင်တယ်။ မဟုတ်ဘူး တစ်လောကလုံးရဲ့ အထင်ကရဖြစ်စေချင်တာ”

“တစ်လောကလုံးမှာ မင်းရဲ့ကျောင်းသားတွေ အနှံ့အပြားရှိနေပြီးတော့ မင်းက အကောင်းဆုံး ဆရာတစ်ယောက်ဖြစ်လာလိမ့်မယ်”

ဤသည်မှာ ချန်ကျဲ့ စူးယွင်ကျင်းအတွက် ဖောက်လုပ်ပေးချင်သည့် လမ်းကြောင်းဖြစ်သည်။ ချန်ကျဲ့သည် မိမိကိုယ်ကိုယ် ဧကရာဇ်တစ်ပါးဖြစ်ရန် ရည်မှန်းထား၏။ လူတို့သည် ပြောင်းလဲတတ်သည်။ အချို့ဆုံးဖြတ်ချက်များသည် အရှုံးအမြတ်ကို ချိန်ဆတွက်ချက်ရသည့် ကိစ္စရပ်များ ဖြစ်လာလိမ့်မည်။

အနာဂတ်၌ နိုင်ငံရေးအကြောင်းအရင်းများကြောင့်ဖြစ်စေ ချန်ကျဲ့သည် အင်အားအာဏာရှိသူများနှင့် နိုင်ငံရေးအရ သဘောတူထိမ်းမြားခြင်းများ လုပ်ဆောင်ကောင်း လုပ်ဆောင်ရနိုင်သည်။ မြောက်များစွာသော အမျိုးသမီးများသည် သူ၏အနောက်ဆောင်ထဲသို့ ဝင်လာနိုင်ကောင်းသည်။ ထိုအမျိုးသမီးများကို ချန်ကျဲ့ ထိန်းချုပ်နိုင်ပါ၏။

ဒါပေမဲ့ ယွင်ကျင်းကရော?

ယွင်ကျင််းက အဲဒီမြေခွေးတွေကို အသာစီးယူနိုင်ပါ့မလား?

တခြားတွေကို ထားဦး၊ ဟွမ်ဝမ်အာကိုပဲ ဥပမာအဖြစ် အရင်စဉ်းစားကြည့်ရအောင်။ ဟွမ်ဝမ်အာလို မိန်းမမျိုး စိတ်ရူးဖောက်သွားရင် ယွင်ကျင်း အနိုင်ကျင့်ခံရမှာကို ငါတကယ် စိုးရိမ်မိတယ်။

ထို့ကြောင့် ချန်ကျဲ့သည် စူးယွင်ကျင်းအတွက် လွတ်လမ်းတစ်ခုကို ရှာဖွေထားချင်ခဲ့သည်။

All Chapters