← Chapters

အခန်း (၄၂၈)

Vol. 32 Ch. 428

အခန်း (၄၂၈)

Vol. 32 Ch. 428

ဒီမိုးကောင်းကင်အောက်မှာ ငါက အင်အားအကြီးဆုံးနဲ့ အမြင့်မားဆုံးသူဖြစ်လာခဲ့ရင်တောင်မှ ငါ့ဘေးနားမှာ ရှိမယ့်သူက ယွင်ကျင်းပဲ ဖြစ်ရမယ်။

ထို့ကြောင့် ချန်ကျဲ့သည် ပညာရေးစနစ်အကြောင်းကို တွေးတောခဲ့ခြင်းဖြစ်သည်။ စူးယွင်ကျင်းသည် စာပေပညာရှင်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်ပြီး စာသင်ကြားပေးရခြင်းကို နှစ်သက်ပြီး စိတ်အားထက်သန်သည်။

၎င်းသည် သူမ၏စိတ်အားထက်သန်မှုဖြစ်ရာ ၎င်းကို သူမအတွက် တိုးမြှင့်စီစဉ်ပေးရန် လိုအပ်ပေသည်။ အကြောင်းတိုက်ဆိုင်စွာဖြင့် ချန်ကျဲ့တွင်လည်း စာသင်ကျောင်းတည်ထောင်ရန် သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်အုပ်ချုပ်ရန်ကဲ့သို့ အတွေးစိတ်ကူးမျိုး တည်ရှိနေခဲ့သည်။ ပညာရေးသည် အမြဲတမ်းအတွက် အရေးအကြီးဆုံးအရာ ဖြစ်သည်။

ထို့ကြောင့် ချန်ကျဲ့သည် စူးယွင်ကျင်းအား သူ၏ ပညာရေးစနစ်အတွက် ဦးဆောင်သူအဖြစ် တာဝန်ပေးအပ်နှံလိုသည်။

ပညာရေးသည် အသက်သွေးကြောဖြစ်၏– ယုံကြည်ရသူကို တာဝန်ပေးထားနိုင်လျှင် ကျောင်းသားများသည် အဘယ်သို့များ သူ့အပေါ် သစ္စာမစောင့်သိဘဲ ရှိနိုင်ပါမည်နည်း။

ထို့ပြင် စူးယွင်ကျင်း၏ သူ့အပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာသည် အခြားသူအားလုံး သူ့အား မည်မျှအထိ သစ္စာဖောက်သွားပါစေ သူမသည်တော့ သူ့ဘက်တွင် အမြဲရှိနေပေးမည်ဟု ထုတ်မပြောသော်လည်း သေချာမှုရှိစေသည်အထိပင်။

ထို့ကြောင့် ကျောင်းတော်ကို တာဝန်ယူရမည့်သူသည် စူးယွင်ကျင်းမှတစ်ပါး အခြားသူ မဖြစ်နိုင်ပါချေ။

ထို့ပြင် ချန်ကျဲ့တွင် အနာဂတ်အတွက် အစီအစဉ်ရှိသေးသည်။ စူးယွင်ကျင်းအနေဖြင့် ကျောင်းတော်၏ အုပ်ချုပ်သူကျောင်းအုပ်ဖြစ်လာနိုင်ပါက အနာဂတ်တွင် ကျောင်းသားများစွာသည် သူမ၏လက်အောက်မှ ပညာသင်ကြားမှုပြီးမြောက်ကြမည်ဖြစ်သည်။ ၎င်းသည် ယခုချက်ချင်းတွင် ဘာမျှ သိသာထင်ရှားလိမ့်မည် မဟုတ်သည့်တိုင် ချန်ကျဲ့သည် အမှန်တကယ်ပင် ကောင်းကင်ဘုံ၏ဗျာဒိတ်တော်ကို လက်ခံရရှိထားပြီး ကြီးမြတ်လှသော ဧကရာဇ်တစ်ပါးဖြစ်လာခဲ့ပါလျှင်မူ ထိုကျောင်းသားများသည် စူးယွင်ကျင်း၏ မိဖုရားနေရာကို ခိုင်မာမြဲမြံစေနိုင်လိမ့်မည်။

ထိုအချိန်သို့ရောက်ရှိချိန်တွင် စူးယွင်ကျင်း၏ ရာထူးအဆင့်အတန်းသည် ယိမ်းယိုင်တုန်လှုပ်မှုမရှိနိုင်တော့ဘဲ နောက်ပိုင်းတွင် နန်းတော်တွင်း ဝင်ရောက်လာမည့် ကြင်ရာတော်များ၏ မကောင်းမွန်သည့် အတွေးအကြံများကိုလည်း ‌ပယ်ဖျက်ပစ်နိုင်လိမ့်မည်။

သေချာပေါက်ပင် ထိုကျောင်းသားများအားလုံးသည် မိဖုရား၏ ကျောထောက်နောက်ခံအင်အားစု ဖြစ်လာပါက ချန်ကျဲ့အတွက် ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်နိုင်ပေလောဟု မေးခွန်းထုတ်ချင်ဖွယ် ဖြစ်ပါလိမ့်မည်။

အဖြေသည်တော့ မဖြစ်နိုင်ပါချေ။ အကြောင်းမှာ ချန်ကျဲ့သည် နိုင်ငံရေးအတွေးအမြင်စနစ်နှင့် ကိုယ်ကျင့်တရား အသိပညာကဲ့သို့ အထူးသင်ခန်းစားများ ဖွဲ့စည်းတည်ထောင်ရာ၌ ကျောင်းတော်၏အရေးကိစ္စများတွင် ကြားဝင်ဆောင်ရွက်မည်ဖြစ်သောကြောင့် ဖြစ်သည်။

ထိုအထူးသင်ခန်းစာများသည် ထိုကျောင်းသားများ၏ ကိုယ်ထဲတွင် ချန်ကျဲ့အား အကြွင်းမဲ့သစ္စာစောင့်သိရမည်သူသည့် အတွေးအမြင် သဘောထားများ စိမ့်ဝင်နေစေလိမ့်မည်။

သို့ဖြစ်ရာ အနာဂတ်၌ ထိုကျောင်းသားများ၏ မိဖုရားစူးယွင်ကျင်းအပေါ် သစ္စာစောင့်သိမှုသည် ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ပြီး ချန်ကျဲ့အပေါ် သစ္စာစောင့်သိခြင်းသည်တော့ သစ္စာတရားဖြစ်လိမ့်မည်။ သစ္စာတရားသည် ချစ်ခြင်းမေတ္တာထက် အမြဲ သာလွန်သည်။

သေချာပေါက်ပင် ဤသည်မှာ ချန်ကျဲ့တွေးထားသည့် မြောက်များစွာသော အစီအစဉ်များထဲမှ တစ်ခုသာ ဖြစ်ပါ၏။

ထို့အပြင် ချန်ကျဲ့၌ စီးပွားရေး၊ စစ်ဘက်ရေးရာနှင့် နိုင်ငံရေးများနှင့် စပ်လျဉ်း၍ မြောက်များစွာသော ပြုပြင်ဖွဲ့စည်း‌ရေးအစီအစဉ်များ ရှိပါ၏။ သို့သော် ကျားဖြူခန်းမသည် ကြီးမားသည့် ပြုပြင်ဖွဲ့စည်းမှုများ လုပ်ဆောင်ရန်အတွက် အလွန်သေးငယ်သောကြောင့် အကောင်အထည်ဖော်ရန် အခွင့်အရေးမရှိသေးပေ။ ထို့ကြောင့် ရှေ့ပြေးပြုပြင်ဖွဲ့စည်းမှုများကိုသာ လုပ်ဆောင်ရန် စီစဉ်ထားခဲ့သည်။

ချန်ကျဲ့သည် ကုန်သည်အဖွဲ့သားများအတွင်း၌ ပြုပြင်ဖွဲ့စည်းမှုကို အကောင်အထည်ဖော်ခဲ့သည်။

ဥပမာဆိုရသော် စစ်ဝါဒသွတ်သွင်းထားသည့် စီမံခန့်ခွဲမှုဖြစ်သည်။

ချန်ကျဲ့သည် လက်အောက်ငယ်သားများကို ပြန်လည်စစ်ဆေးခဲ့ပြီး သာမန်အရည်အချင်းရှိသူများကို သာမန်အဖွဲ့သားများအဖြစ် တာဝန်ထမ်းဆောင်စေသည်။ အထူးသဖြင့် ကုန်သည်အဖွဲ့၏ အခြေခံအလုပ်တာဝန်များဖြစ်သည့် အခွန်အခကောက်ခံခြင်းနှင့် ကြွေးမြီပြန်တောင်းခြင်းကဲ့သို့ ဒေသအလိုက် အခွန်နှင့်သက်ဆိုင်သည့် အလုပ်တာဝန်များကို လုပ်ဆောင်စေသည်။

သို့သော် ပို၍ အရည်အသွေးမြင့်မားသည့် အဖွဲ့သားများကို ရှောင်ဟူ၏လက်အောက်၌ တာဝန်ထမ်းဆောင်စေသည်။

ထိုအဖွဲ့သားများအပေါ် အလုံးစုံနှစ်မြှုပ်လေ့ကျင့်ပေးပြီး အ‌ခြေခံအလုပ်တာဝန်များကို မလုပ်ဆောင်ခိုင်းပေ။ သိုင်းပညာလေ့ကျင့်၊ကျင့်ကြံခြင်းဟူသည့် ကိစ္စရပ်တစ်ခုတည်းအပေါ်၌သာ အပြည့်အဝ အာရုံစိုက်‌စေသည်။

ချန်ကျဲ့သည် ထိုအဖွဲ့သားများကို ကျားဖြူခန်းမအစောင့်တပ်ဖွဲ့ဟု အမည်ပေးခဲ့သည်။

လူ၁၀ဦးတစ်ဖွဲ့လျှင် တစ်ဦးမှ ခေါင်းဆောင်အုပ်ချုပ်ရသည်။ ကျားဖြူခန်းမအစောင့်တပ်ဖွဲ့မှာ လူ၁၃၀သာ ရှိ၏။ သို့သော် ထိုတစ်ဦးချင်းစီတိုင်းကို ဂရုတစိုက်ဖြင့် သေချာရွေးချယ်ထားခြင်းဖြစ်ပြီး အားကောင်းသည့် တိုက်ခိုက်ချေမှုန်းစွမ်းရည်ပိုင်ရှင်များ ဖြစ်ကြသည်။

ထို့ပြင် ချန်ကျဲ့သည် အ‌စောင့်အရှောက်တပ်ဖွဲ့အတွက် ပမာဏကြီးကြီး ရင်းနှီးမြှုပ်နှံထားခဲ့၏။ အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များနှင့် ဆေးလုံးများကို ဝယ်ယူရန်အတွက် ငွေတုံးနှစ်သောင်း သုံးစွဲ‌ခဲ့ပြီး အဆုံး‌တွင်တော့ အဖွဲ့သား၁၃၀၏ အဖွဲ့ခေါင်းဆောင်၁၃ဦးကို နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းစေနိုင်ခဲ့ကာ အဖွဲ့သားတစ်ရာကျော်ကို အရေပြားသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းစေနိုင်ခဲ့ပြီး အဖွဲ့သားအနည်းငယ်သည်တော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ထို့ပြင် ချန်ကျဲ့သည် ရှောင်ဟူအား အကြွင်းမဲ့ သစ္စာစောင့်သိသည့် အဖွဲ့သား၁၂ဦးကို ရွေးချယ်စေခဲ့သည်။ ထို၁၂ဦးထဲမှ အများစုမှာ ရှန်းထောင်ရွာမှ ဖြစ်လေရာ ယခင်က ချန်ကျဲ့ပြုလုပ်ခဲ့သည့် အရည်အချင်းရှိသူရွေးချယ်ရေး နည်းဗျူဟာမှာ အောင်မြင်ကြောင်း ပြသနေပေသည်။

ရှန်းထောင်ရွာမှ ထိုအရည်အချင်းရှိသူများကို တဖြည်းဖြည်းချင်းနှင့် မြို့သို့ ပို့ဆောင်ထားစေခဲ့ခြင်း ဖြစ်သည်။

ချန်ကျဲ့သည် နောက်ထပ် ငွေအမြောက်အများကို အသုံးပြု၍ ထိုအဖွဲ့သား၁၂ဦးကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းစေနိုင်ခဲ့သည်။ အမှောင်စွမ်းအင်အဆင့်(နွဲ့ပျောင်းအရွတ်၊ သံမဏိအရိုး)သို့ ရောက်ရှိရန်မှာ အချိန်ယူရဦးမည်ဖြစ်သည့်တိုင် ချန်ကျဲ့၏ ငွေကြေးမှာ နည်းပါးနေခဲ့ပြီဖြစ်၏။

ချန်ကျဲ့သည် ဖုန်းရွှမ်ထံမှ ငွေတုံးငါးသောင်းကို သိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့အတွက် လေ့ကျင့်ခြင်းသည် ငွေတုံးသုံးသောင်းကျော်ခန့် ကုန်ကျခဲ့သည်။ ကျန်ငွေများကိုတော့ အချို့သော ဆေးဝါးဆိုင်ရာပစ္စည်းများကို ဝယ်ယူရန်လိုသောကြောင့် သီးသန့်သိမ်းထားခဲ့သည်။

ထို့ပြင် ချန်ကျဲ့သည် သူနှင့် သမားတော်ပိုင်နှင့်အတူ ဖော်စပ်ခဲ့သည့် အရိုးသန်မာဆေးလုံးများကိုလည်း ရှောင်ဟူနှင့် ကျိုးချူကို ခွဲဝေပေးခဲ့သည်။

ရှောင်ဟူသည် ‌မနေ့ နေ့လယ်က သံမဏိအရိုးအဆင့်သို့ တရားဝင်တက်လှမ်းသွားခဲ့သည်။

ကျိုးချူသည် အနည်းငယ်ပို၍ အားနည်း၏။ သို့သော် ဒီနေ့မနက် ချန်ကျဲ့ထံ ရောက်လာချိန်တွင်တော့ ကျိုးချူသည် မျက်နှာအရောင် ကောင်းမွန်လန်းဆန်းနေခဲ့ကာ သံမဏိအရိုးအဆင့်သို့ တက်လှမ်းသွားခဲ့ပြီး ဖြစ်လေသည်။

သို့ဖြင့် ကျားဖြူခန်းမ၏ အသွင်အပြင်အား ထောက်ပံ့ပြင်ဆင်ပြီးပြီဟု သတ်မှတ်နိုင်ပေပြီ။

နောက်ထပ်မှာ ကျားဖြူခန်းမ၏ လူကြီးပိုင်းအချို့အတွက် စီစဉ်ခြင်းဖြစ်သည်။

ချန်ကျဲ့သည် ဖန်းရှစ်ကျုံးလက်ထက်က ဦးလေးဖူနှင့် လင်းယုန်အစောင့်အရှောက်များကို ပြန်လည်ဖိတ်ခေါ်ခဲ့သည်။ ယင်းအာ့ကို ဖယ်ရှားသုတ်သင်ပြီးနောက် နောက်ထပ်၆ဦးသည် ဖုန်းရွှမ်ထံ အညံ့ခံခဲ့သည်။ ထို့ကြောင့် လင်းယုန်အစောင့်အရှောက်မှာ ၄ဦးသာ ကျန်ရစ်တော့သည်။ ချန်ကျဲ့သည် ထိုလင်းယုန်အစောင့်အရှောက်၄ဦးကို ပြန်လည်ဖိတ်ခေါ်ပြီး ကျားဖြူခန်းမအစောင့်တပ်ဖွဲ့၏ နည်းပြများအဖြစ် တာဝန်ထမ်းဆောင်စေသည်။

ဦးလေးဖူသည် အရည်အချင်းရှိသူများကို ပျိုးထောင်ရာ၌ အလွန်ကျွမ်းကျင်ကြောင်း ချန်ကျဲ့သိသည်။

ရှောင်ဟူသည် ဦးလေးဖူ၏ လေ့ကျင့်ပေးမှုကို ခံယူပြီးနောက်တွင် လုံးဝ ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ချန်ကျဲ့သည် ဦးလေးဖူကို ကျားဖြူခန်းမအစောင့်တပ်ဖွဲ့၏ နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ သို့ဖြစ်ရာ လင်းယုန်အစောင့်အရှောက်‌၄ဦးသည် လက်ထောက်နည်းပြများ ဖြစ်ပေသည်။

ဦးလေးဖူသည် သံမဏိအရိုးအဆင့်သိုင်းပညာရှင်ဖြစ်ပြီး လင်းယုန်အစောင့်အရှောက်များသည်လည်း အမှောင်စွမ်းအင်အဆင့်ရှိ သိုင်းပညာရှင်များဖြစ်ကြကာ အတွေ့အကြုံရင့်သန်ကြသည်။ ထိုသူ၅ဦးမှ ကျားဖြူခန်းမအစောင့်တပ်ဖွဲ့ လမ်းညွှန်သင်ပြပေးပါက အစောင့်တပ်ဖွဲ့၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်အတွက် စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။

ထို့ပြင် ချန်ကျဲ့၏ အစ်ကို၃ လုရုံသည်လည်း သံမဏိအရိုးအဆင့်ဖြစ်သည်။ လုရုံသည် ချင်းယင်ကြောင့် ခြေထောက်ကျိုးထားသောကြောင့် ဤရက်များအတွင်း အပြင်ထွက်မလာခြင်းဖြစ်သည်။

မနေ့က ချန်ကျဲ့၏ ပထမဆုံးအလုပ်တာဝန်မှာ အစ်ကို၃ထံ သွားရောက်လည်ပတ်ခြင်းဖြစ်သည်။

တိုတိုရှင်းရှင်းနှင့် ထိရောက်မှုရှိသည့် ပြောဆိုဆွေးနွေးမှုအဆုံး၌ အစ်ကို၃သည် ချန်ကျဲ့အား ထောက်ခံအားပေးပါကြောင်း ထုတ်ဖော်ပြသခဲ့သည်။

ချန်ကျဲ့မှလည်း ကျားဖြူခန်းမအတွက် အစွမ်းကုန် အားထုတ်ကြိုးပမ်းပါမည်ဟု သစ္စာဆိုခဲ့သည်။

စာစဉ်ပြီ၏

All Chapters