← Chapters

ကျွန်မကို စောင့်ကြည့်ဖို့ ဘယ်သူ့ကို ခေါ်မယ်လို့ စိတ်ကူးထားလဲ?

Vol. 41 Ch. 601

ကျွန်မကို စောင့်ကြည့်ဖို့ ဘယ်သူ့ကို ခေါ်မယ်လို့ စိတ်ကူးထားလဲ?

Vol. 41 Ch. 601

ရှောင်းကျဲယွိနှင့် သူ့စစ်တပ်ကလည်း ဤနှစ်ရက်အတွင်း တိုက်ပွဲပေါင်း တစ်ဒါဇင်ကျော် တိုက်ခိုက်ခဲ့ကြရသည်။ သူတို့က ရန်သူထက် အင်အားဆယ်ဆကျော် နည်းနေသောကြောင့် ရှောင်းကျဲယွိက ဆိပ်ကမ်းကို ကာကွယ်ရန်အတွက် သူ့၏ထောင်ချောက်နည်းဗျူဟာကို အသုံးပြုခဲ့သည်။

ထိုဗျူဟာကလည်း သူတို့ အငတ်ဘေးမှ ထွက်ပြေးကြစဥ် ရရှိခဲ့သည့် အတွေ့အကြုံဖြစ်သည်။ လက်ရှိတွင် သူတို့ ပင်လယ်ဘေး၌ ရှိနေပြီး ပင်လယ်ရှိနေသရွေ့ ငတ်သေမည်မဟုတ်ပေ။ သို့သော် ပင်လယ်စာများက အငန်ဓာတ်ရှိပြီး အစားများသွားလျှင် ရေငတ်လာတတ်သည်။ သို့သော် သူတို့တွင် သန့်ရှင်းသောရေ မရှိပေ။ ရှောင်းကျဲယွိနှင့် သူ့စစ်သည်များလည်း လွန်ခဲ့သည့် နှစ်ရက်တာလုံး ရေငတ်နေကြပြီး သူတို့၏ လည်ချောင်းများ မီးလောင်ကျွမ်းနေသလို ခံစားနေကြရသည်။ သူတို့၏နှုတ်ခမ်းများကလည်း ခြောက်သွေ့လွန်းသောကြောင့် စကားပြောလျှင်ပင် သွေးများထွက်လာတတ်သည်။ လှိုင်းလုံးကြီးများ ပြန်ငြိမ်သွားပြီးနောက် လေထုက အလွန်ပူပြင်းနေပြန်သည်။ သူတို့ ဤကဲ့သို့ ဆက်လက် ရေငတ်နေပါက သိပ်မကြာခင် တိုက်ပွဲဝင်နိုင်စွမ်း ဆုံးရှုံးသွားမည် ဖြစ်သည်။

ရှောင်းကျဲယွိက အငတ်ဘေးမှ ထွက်ပြေးကြစဥ် စူးချင်း ပြုလုပ်ခဲ့သည့်နည်းလမ်းအတိုင်း မြက်ခင်းပြင်မှ နှင်းမှုန်များကို နေ့စဉ် စုဆောင်းစေခဲ့သည်။ သို့သော် ထိုရေပမာဏက ကြီးမားသောစစ်တပ်ကြီးအတွက် သမုဒ္ဒရာထဲမှ ရေစက်တစ်စက်သာ ဖြစ်သည်။ သို့တိုင်အောင် သူတို့အတွက် ရေဓာတ် ပြန်ဖြည့်တင်းပေးနိုင်သောကြောင့် အနည်းဆုံးတော့ မပြိုလဲသွားအောင် တောင့်ခံထားနိုင်သေးသည်။

လက်ရှိအချိန်တွင် ရှောင်ချီက အလုပ်အများဆုံး ဖြစ်နေသည်။ သူမက သတ္တဝါငယ်လေး ဖြစ်ပြီး သွက်လက်လွန်းလှသည်။ သူမက ထိုအားသာချက်ကို အသုံးပြုပြီး ရေခိုးရန် ဝူးခို့များ၏မြို့အစွန်အဖျားဆီသို့ ပြေးသွားနိုင်သည့်အပြင် ရန်သူ၏ နောက်ဆုံးလှုပ်ရှားမှုများကိုလည်း ‌ရှောင်းကျဲယွိထံ သတင်းပြန်ပို့ ပေးနိုင်ခဲ့သည်။

ကံကောင်းထောက်မစွာ ရှောင်ချီ ဤနေရာတွင် ရှိနေသောကြောင့် ပင်လယ်ဓားပြများ သူတို့ကို လာတိုက်ခိုက်တိုင်း ရှောင်ချီက သတိပေးရန် ပြန်ရောက်လာတတ်သည်။ ယနေ့က စူးချင်း ထွက်သွားပြီး သုံးရက်မြောက်နေ့ ဖြစ်သည်။ ဝူးခို့ဧကရာဇ်က အချိန်ကြာလျှင် ပို၍ အခြေအနေ ဆိုးလာမည်ကို ကြောက်ရွံ့သဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူက ရှောင်းကျဲယွိ တပ်ဆင်ထားသော ထောင်ချောက်များ ချိုးဖျက်နိုင်မည့်လူတစ်ယောက်ကိုပင် ရှာဖွေနိုင်ခဲ့ပြီး ရှောင်းကျဲယွိတို့ ရှိနေသည့် ကုန်းမြင့်ဆီသို့ အပြေးချီတတ်နေကြသည်။

“အားလုံးပဲ၊ အားတင်းထားကြ၊ ငါတို့ ဒီသင်္ဘောကျင်းကို မဖြစ်မနေ ထိန်းသိမ်းနိုင်ရမယ်၊ ဒီနေ့ ဒီမှာ ရှိနေတဲ့ စစ်သည်တွေအားလုံးကို ပြန်ရောက်တာနဲ့ အကျိုးဆောင်မှုအလိုက် ဆုချီးမြှင့်မယ်”

ရှောင်းကျဲယွိက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး စစ်သည်များကို အော်ဟစ်အမိန့်ပေးလိုက်သည်။

ဒီနေ့တိုက်ပွဲက အသေအပျောက်များမှာ သေချာနေပြီ၊ အနီးကပ်တိုက်ပွဲမှာ သတ္တိပိုရှိတဲ့သူကပဲ အနိုင်ရနိုင်တယ်။ ပထမဆုံးအနေနဲ့ လူတိုင်းကို တိုက်ပွဲဝင်စိတ် သွတ်သွင်းဖို့ လိုအပ်တယ်။

“ကျွန်တော်မျိုးတို့ ဆိပ်ကမ်းကို ကာကွယ်ပေးပြီး အသက်ရှင်နေသရွေ့ ဒီဆိပ်ကမ်းကို အသေခံ ကာကွယ်ပါ့မယ်လို့ ကတိပြုပါတယ်”

စစ်သည်များ၏ တိုက်ခိုက်ရေး စိတ်ဓာတ်များက ချက်ချင်း မြင့်တက်လာပြီး တပြိုင်နက် အော်ဟစ်ကြွေးကြော်လိုက်ကြသည်။

ဝူးခို့ဧကရာဇ်ကလည်း သူ့လက်ထဲမှ ဓားကို ရှေ့သို့ ညွှန်ကာ အော်ဟစ်အမိန့်ပေးလိုက်သည်။

"သတ်ကြ၊ ဘယ်သူမှ အသက်မရှင်စေနဲ့"

အလယ်ပိုင်းလွင်ပြင်မှလူများ မည်မျှ အစွမ်းထက်သည်ကို သူ သွထားပြီး ဖြစ်သောကြောင့် သူတို့ကို အရှင်ဖမ်းဆီးရန်ထက် သတ်ပစ်ရန်သာ ဆုံးဖြတ်ပြီး ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

“သတ်” ရှောင်းကျဲယွိကလည်း အော်ဟစ်အမိန့်ပေးလိုက်သည်။

ရှောင်းကျဲယွိက "သတ်" ဟု အော်ဟစ်ရင်း တောင်ကုန်းအောက်သို့ ပြေးဆင်းသွားသည်။ သို့သော် သူ တောင်ကုန်းအောက်သို့ မရောက်မီ မော်တာကျည်၏လေတိုးသံကို ကြားလိုက်ရပြီး ထိုကျည်ဆန်က ဝူးခို့များကြားသို့ ကျရောက်သွားသည်။ ထိုပေါက်ကွဲသံနှင့်အတူ ရှေ့တန်းမှ ပြေးလာနေသည့် ပင်လယ်ဓားပြများ ကောင်းကင်သို့ ပျံတက်သွားသည်။

ဝူးခို့ဧကရာဇ်ကတော့ အကြီးအကျယ် တုန်လှုပ်နေပြီ ဖြစ်သည်။ ရန်သူက မည်သည့်လက်နက်မှ မသုံးသည်ကို တွေ့မြင်နေရသည်မှာ နှစ်ရက်ကြာပြီ ဖြစ်သောကြောင့် သူက ရှောင်းကျဲယွိတို့ထံတွင် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ကုန်သွားပြီဟု ခန့်မှန်းထားခဲ့သည်။ ထို့ကြောင့်လည်း သူက ယနေ့တွင် ဤကဲ့သို့ ကြီးမားသောတိုက်ခိုက်မှုကို ယုံကြည်မှုရှိရှိ စတင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့ သတိလက်လွတ်ဖြစ်နေသောကြောင့် ကျလာသည့် မော်တာကျည်ကို ရှောင်တိမ်းရန်ပင် မတွေးနိုင်ကြတော့ပေ။

ပထမဆုံးကျည်တစ်လုံး ကျဆင်းလာပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထစသည်ဖြင့် မော်တာကျည်များ တစ်လုံးပြီးတစ်လုံး ကျရောက်လာသည်။ ဝူးခို့စစ်သည်များက ပစ်မလွဲ ပစ်မှတ်များ ဖြစ်လာပြီး အပိုင်းပိုင်း ပျက်တောက်သွားကြသည်။ စစ်မြေပြင်တွင် ခြေပြတ်၊ လက်ပြတ်များ၊ အရိုးများ ဖုံးလွှမ်းနေပြီး ကျန်နေသည့်ဝူးခို့စစ်သည်များလည်း ရှေ့သို့ လုံးဝ မတိုးရဲကြတော့ပေ။

ဤအချိန်က လက်မရွံ့စိတ်ဓာတ် ရှိရုံဖြင့် အနိုင်ယူနိုင်သည့် တိုက်ပွဲတစ်ပွဲ မဟုတ်တော့ပေ။ အကြွင်းမဲ့အင်အားဟု သတ်မှတ်နိုင်သည့် လူသတ်လက်နက်ကြီးများက အလွန်ကြောက်စရာကောင်းနေသောကြောင့် ဝူးခို့စစ်သည်များအားလုံး နောက်သို့ ပြန်ပြေးသွားကြသည်။

ရှောင်းကျဲယွိက ပင်လယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်၀တ်ရုံရည် လွှမ်းခြုံထားသည့် စူးချင်းကို သူ တွေ့လိုက်ရသည်။ လေက သူမ၏ အနက်ရောင်ဆံပင်များကို လွင့်ပျံနေစေပြီး သူမကို နတ်ဘုရားမတစ်ပါးကဲ့သို့ ဝင့်ဝင့်ထည်ထည် ရပ်နေလေသည်။ မော်တာကျည်များကို ပစ်ခတ်ခဲ့သူက သူမ ဖြစ်ပုံရပြီး ရှောင်းမိသားစုစစ်တပ်မှ စစ်သည် ၂၀၀ ကျော်က လှေသင်္ဘောကြီးပေါ်မှ ပြေးဆင်းလာကြသည်။ ထို့ကြောင့် တိုက်ခိုက်ရေးအင်အားလည်း ချက်ချင်း တိုးလာပြန်သည်။

"ချင်းအာ၊ မင်းက အချိန်ကိုက် ရောက်လာတာပဲ"

ရှောင်းကျဲယွိက စူးချင်းဆီသို့ အားမာန်အပြည့်ဖြင့် လျှောက်လှမ်းနေရင်း လှမ်းပြောလိုက်သည်။

သူ့ရဲ့ သေရေးရှင်‌ရေးအချိန်တိုင်း ချင်းအာ အမြဲရောက်လာတတ်တယ်။ သူမက တကယ်ပဲ သူရဲ့ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပါပဲ။

"ခနနေရင် အောင်ပွဲခံကြမယ်"

ရှောင်းကျဲယွိ လုံခြုံဘေးကင်းနေကြောင်း မြင်လိုက်ရသည့်အတွက် စူးချင်း၏နှလုံးသားလည်း ငြိမ်သက်သွားရသည်။ ဇနီးမောင်နှံနှစ်ယောက်က ရှောင်းမိသားစုစစ်တပ်ကို တုန်းယင်မြို့ဆီသို့ ဦးဆောင်သွားပြီး တင်းကျပ်စွာ ပိတ်ထားသော မြို့တံခါးများကို မော်တာတစ်ချက်တည်းဖြင့် ပစ်ခတ်ဖျက်စီးလိုက်သည်။

အခြေအနေ မကောင်းတော့သည်ကို မြင်လိုက်ရချိန်တွင် ဝူးခို့ဧကရာဇ်က ငြိမ်းချမ်းရေးယူရန် သံတမန်များ အမြန်စေလွှတ်လိုက်သည်။ ဝူးခို့သံတမန်က အဖြူရောင်အလံကို လွှင့်ထူလာပြီး ရှောင်းကျဲယွိကို ဦးညွှတ်လိုက်သည်။ သူက ဝူးခို့များ အညံ့ခံပြီး တာ့ယန်အင်ပါယာအတွင်းသို့ ခိုဝင်မည့်အကြောင်းနှင့် လက်ရှိစစ်ပွဲအတွက် လျော်ကြေးပေးမည့်အပြင် နှစ်စဉ်နှစ်တိုင်း အခွန်များ ပေးဆောင်မည်ဟု ကတိပေးနေသည်။

“မရဘူး၊ ကျွန်မတို့ တခြားတိုင်းပြည်တွေကို ခွင့်လွှတ်ချင်ရင် ခွင်လွှတ်ပေးလို့ ရတယ်၊ ဒါပေမယ့် ဒီဝူးခို့တွေကိုတော့ ဘယ်လိုမှ ခွင့်လွှတ်ပေးလို့ မရဘူး။ ပြီးတော့ တခြားတိုင်းပြည်တွေကို သတိပေးတဲ့အနေနဲ့ ဝူးခို့ကို ဖျက်ဆီးပစ်ရမယ်၊ အဲ့ဒါမှ တခြားတိုင်းပြည်လေးတွေက သူတို့သိမ်းပိုက်ထားတဲ့ မြို့တွေကို သူတို့ ဆန္ဒအလျောက် အောက်ခံတွေဖြစ်လာအောင် စွန့်လွှတ်ပြီး တာ့ယန်ရဲ့လက်အောက်ခံ ဖြစ်လာလိမ့်မယ်”

စူးချင်းက ဂျပန်လူမျိုးများ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ကို သိထားပြီး ဖြစ်သည်။

သူတို့ အခု ဦးညွှတ်ချင် ဦးညွှတ်နေလိမ့်မယ်။ သူတို့ အင်အားပြန်ကောင်းလာတာနဲ့ သူတို့ရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အသားပေးဖော်ပြပြီး သူတို့ရဲ့မျက်နှာအစစ်တွေကို ပြန်ထုတ်ပြလာဦးမှာပဲ။ ပြီးတော့ ဒီဂျပန်ကောင်တွေကို ရက်ရက်စက်စက် ဖျက်သိမ်းလိုက်တာက အခြားတိုင်းပြည်ငယ်လေးအတွက် နမူနာပြလိုက်သလို ဖြစ်စေလိမ့်မယ်၊ ဒါက မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်တာနဲ့အတူတူပဲ၊ နောက်တစ်မျိုးထပ်ပြောရရင် ဒါက တာ့ထန်အင်ပါယာရဲ့ အင်အားကို ထုတ်ပြလိုက်တာလို့ ပြောနိုင်ပြီး တာ့ထန်အင်ပါယာကို ဆယ်နှစ်လောက် ငြိမ်းချမ်းစေနိုင်လိမ့်မယ်။

“ကြင်နာတတ်တာက စစ်တပ်တစ်တပ်ကို အုပ်ချုပ်သင့်တဲ့ နည်းလမ်းကောင်း မဟုတ်ဘူး။ ကြင်နာတတ်တာက ကိုယ့်ကိုယ်ကိုယ်ပဲ ထိခိုက်နစ်နာစေနိုင်တယ်။ ဒီနေ့ ရှင် ဒီဝူးခို့တွေကို လွှတ်ပေးလိုက်ရင် တခြားတိုင်းပြည်တွေက ရှင် ကြင်နာတယ်လို့ မြင်မှာ မဟုတ်ဘူး၊ ရှင်ကို မိုက်မဲတဲ့အုပ်ချုပ်သူအဖြစ် မြင်သွားကြလိမ့်မယ်"

“တစ်ယောက်ယောက်က ကိုယ့်ကို ရန်စလာရင် ဖြစ်သင့်တဲ့ တစ်ခုတည်းသော တုံ့ပြန်မှုက အဲ့လူကို အကြွင်းမဲ့ ဖိနှိပ်လိုက်ဖို့ပဲ။ အဲ့လိုမှ မဟုတ်ရင် နောက်ပိုင်းမှာ ခဏခဏ ရန်စ လာလိမ့်မယ်။ သည်းခံရင်း သည်းခံရင်းနဲ့ တဖြည်းဖြည်း လွန်လာလိမ့်မယ်။ နောက်ဆုံး ကိုယ့်ဘက်ကနေ ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အဲ့ဒါက ကျော်လွှားဖို့ ခက်ခဲပြီး အရမ်းကြောက်စရာကောင်းတဲ့ ရန်သူတော် ဖြစ်နေလောက်ပြီ၊ နောက်ဆုံးမှာ ကိုယ်ပဲ ပျက်စီးဆုံးရှုံးရပြီး အဲ့လို ဖြစ်အောင်ဖန်တီးခဲ့တဲသူက ကိုယ်ကိုယ်တိုင် ဖြစ်လာလိမ့်မယ်”

"အင်း ကိုယ် နားလည်ပါတယ်"

ရှောင်းကျဲယွိထံတွင်လည်း ထိုအတွေးမျိုး ရှိနေခဲ့သည်။ ဤတကြိမ်တွင် တာ့ထန်အင်ပါယာက အခြားတိုင်းတပါး တိုင်းပြည်နှင့် စစ်မက်ဖြစ်ပွားခြင်း ဖြစ်သည်။ ထို့ကြောင့် တခြားတိုင်းပြည်အားလုံး သူတို့ကို ကြောက်ရွံ့သွားအောင် ပြုလုပ်ပြရမည် ဖြစ်သည်။

သူတို့ ကြောက်ရွံ့နေမှသာ အလွယ်တကူ ဦးညွှတ်ပြီး လက်အောက်ခံလာကြမယ်။ အဲ့ဒါမှ စစ်ကို ရှောင်နိုင်လိမ့်မယ်။

ဝူးခို့သံတမန်က ခါးလယ်မှ ပိုင်းဖြတ်ခံလိုက်ရကာ နန်းတော်ကို မော်တာများဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်သောကြောင့် ဝူးခို့ဧကရာဇ် သေဆုံးသွားပြီး ဝူးခို့စစ်သည်များအားလုံး ခေါင်းမရှိသော ယင်ကောင်များကဲ့သို့ ပြေးလွှားနေကြသည်။ စစ်ပွဲတွင် တိုက်ပွဲဝင်စိတ် မရှိတော့ဘဲ ထွက်ပြေးနေခြင်းက သေမင်းကို မြန်မြန်ဆန်ဆန် ဖိတ်ခေါ်နေခြင်းသာ ဖြစ်သည်။

ရှောင်းမိသားစုစစ်တပ်က အတားအဆီးမဲ့ဖြစ်နေပြီး နန်းတော်ထဲသို့ ပြေးဝင်ကာ ကျန်နေသည့် ဝူးခို့ပင်လယ်ဓားပြများအားလုံးကို သတ်ဖြတ်ခဲ့ကြသည်။ အလယ်ပိုင်းလွင်ပြင်တွင် ထိုပင်လယ်ဓားပြများ လုယက်သိမ်းယူသွားခဲ့သည့် အဖိုးတန်ပစ္စည်းများကိုလည်း ပြန်လည်ရှာဖွေသိမ်းယူနေကြသည်။

ဤစီးနင်းရှာဖွေမှုအပြီးတွင် သူတို့ အလယ်ပိုင်းလွင်ပြင်မှ အလွန်အကျွံခိုးယူခဲ့ကြောင်း ထွက်ပေါ်လာခဲ့သည်။

တာ့ထန်အင်ပါယာကို စော်ကားမိသည့် ဝူးခို့များ အပြီးတိုင်ဖျက်ဆီးခံလိုက်ရသည့် သတင်းက အလျင်အမြန် ပျံ့နှံ့သွားသည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့ မျှော်မှန်းထားသည့်အတိုင်း အလယ်ပိုင်းလွင်ပြင်၏မြို့များကို သိမ်းပိုက်ထားသည့် မျိုးနွယ်စုများက ထိုမြို့များကို တာ့ထန်အင်ပါယာသို့ ချက်ခြင်း ပြန်အပ်နှင်းလိုက်ကြသည်။ ရှောင်းကျဲယွိ၏စစ်တပ်နှင့် ထိပ်တိုက်တွေ့မှုကို ရှောင်ရှားရန် ရှောင်းကျဲယွိဘက်မှ တပ်များ မလွှတ်မီ နာနာခံခံ လက်အောက်ခံခဲ့ကြပြီး တာ့ထန်အင်ပါယာနှင့် ထာဝရချစ်ကြည်ရေးတည်ဆောက်ပါမည် ကတိကဝတ်ပေးခဲ့ကြသည်။

တုန်းယန်ပြည်ထောင် ဖျက်ဆီးခံရမှုက တာ့ထန်အင်ပါယာအတွက် ဆယ်နှစ်ကြာ ငြိမ်းချမ်းမှုကို ယူဆောင်လာခဲ့သည်။

ရှောင်းကျဲယွိလည်း အောင်ပွဲနှင့်အတူ မြို့တော်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူ အဝေးသို့ ရောက်နေချိန်တွင် သူ့၏အဘိုးနှင့် ယောက္ခမစူးဟန်ရွှမ်တို့က နန်းတွင်းရေးရာကိစ္စများကို အတူတကွ ကိုင်တွယ်ပေးထားခဲ့သည်။

စူးဟန်ရွှမ်က အတွေ့အကြုံ မရှိသေးသည့်အရာရှိတစ်ဦး ဖြစ်သော်လည်း ချင်ဖုန်းက နန်းတွင်းမှ ဝါရင့်အရာရှိဟောင်းကြီးတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူတို့က တိုင်းပြည်၏အရေးကိစ္စများကို အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့ကြသည်။

သူ နန်းတော်သို့ ပြန်ရောက်သွားချိန်တွင် ရှောင်းကျဲယွိ ပထမဆုံးလုပ်ဆောင်ခဲ့သည့်အရာက စူးချင်းကို ရှာဖွေပြီး သူမ၏ လတ်တလော လုပ်ဆောင်မှုများနှင့်ပတ်သက်သော သူ့၏စိုးရိမ်ပူပန်မှုများကို ပြောပြခြင်း ဖြစ်သည်။

"ချင်းအာ၊ မင်း ဘာလို့ ဒီလောက်ပေါ့ဆရတာလဲ? မင်းက ကိုယ်တို့ရဲ့ ကလေးကို မချစ်တော့ဘူးလား?"

သူ့လေသံက နူးညံ့သိမ်မွေ့နေသည့်တိုင် စိုးရိမ်မှုများပြည့်နေသေးသည်။

သူ ချင်းအာနဲ့ မမွေးသေးတဲ့ကလေးနှစ်ယောက်လုံးရဲ့ လုံခြုံရေးကို အရမ်းစိုးရိမ်ခဲ့ရတယ်။ အဲ့ဒါကြောင့်လည်း သူ့ရဲ့တာဝန်တွေကို လစ်လျူရှုပြီး သူမနောက်ကို လိုက်သွားမိခဲ့တာပါ။

“ဒီတစ်ခေါက်က ကျွန်မရဲ့အမှားပါ”

စူးချင်းကလည်း သူမ၏လုပ်ရပ်က မည်မျှအန္တရာယ် များသည်ကို နားလည်နေပြီး သူမ၏အမှားဖြစ်ကြောင်း ဝန်ခံလိုက်သည်။

သူမတို့ ဒီတိုက်ပွဲကို အောင်မြင်ခဲ့ပေမယ့် အန္တရာယ်တွေကလည်း အပြည့်ပဲ။ သူမ ‌ရွှေရှန့်နဲ့ သူမရဲ့မိဘတွေကို နောက်တစ်ကြိမ် ပြန်မတွေ့နိုင်တော့ဘူးလို့ တွေးမိတဲ့အထိ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ပြီးတော့ သူမတို့ရဲ့ကလေးလေးတွေကို ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်နိုင်သေးတယ်။

အခုနေ ပြန်စဥ်းစားကြည့်တော့မှ အဲ့ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။

အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်နေသည့် စူးချင်းက ရှောင်းကျဲယွိ မည်မျှ ဒေါသထွက်နေပါစေ သူ့ကို နားလည်ပေးပြီး ရိုးရိုးသားသား တောင်းပန်လိုက်သည်။

“မဟုတ်သေးဘူး၊ မင်းကို စောင့်ကြည့်ပေးနိုင်မယ့်သူတစ်ယောက်တော့ ရှိမှဖြစ်မယ်။ ကိုယ် မင်းအတွက် အရမ်းစိတ်ပူတယ်"

စူးချင်း တောင်းပန်စကား ပြောလိုက်သော်လည်း ရှောင်းကျဲယွိကတော့ သူ စိုးရိမ်နေသေးကြောင်း အခိုင်အမာ ပြောလာပြန်သည်။

ချင်းအာကို ထိန်းချုပ်နိုင်မယ့်သူတစ်ယောက်တော့ ရှာရမယ်။ မဟုတ်ရင် မိန်းမစိုးတွေ၊ နန်းတွင်းအစေခံတွေနဲ့ သက်တော်စောင့်တွေက ဟန်ပြသက်သက်ပဲ။ ဘယ်သူကမှ သူမကို မတားဆီးနိုင်ကြဘူး။

“ကျွန်မကို စောင့်ကြည့်ဖို့လား?”

စူးချင်းက ရှောင်းကျဲယွိအနည်းငယ် ချဲ့ကားပြောဆိုနေသည်ဟုသာ ထင်နေခဲ့သည်။

သူမက အကျဉ်းသား မဟုတ်ဘူးလေ။ ဘာလို့ သူမကို စောင့်ကြည့်ဖို့ လူလိုရမှာတုန်း။

“ဟုတ်တယ်၊ အခုကစပြီး မင်း မီးဖွားပြီးတဲ့အထိ နန်းတော်ထဲကနေ မထွက်သွားသင့်တော့ဘူး။ မင်း လိုချင်တာ ဖြည့်ဆည်းပေးဖို့ ကိုယ် လူတွေ လွှတ်ပေးမယ်။ ပြီးတော့ ကိုယ်မှာ အားလပ်ချိန် ရှိတာနဲ့ မင်းနဲ့အတူ အချိန်ဖြုန်းပေးမယ်။ မင်းကို ဖျော်ဖြေပေးဖို့ အော်ပရာအဖွဲ့တစ်ဖွဲ့ကိုလည်း စီစဉ်ပေးမယ်"

ရှောင်းကျဲယွိက စူးချင်း၏ ကျန်းမာရေးအတွက် ထည့်သွင်းစဥ်းစားကာ အစွမ်းကုန် ချော့မော့ဖျောင်းဖျနေပြန်သည်။

“အဲ့တော့ ကျွန်မကို စောင့်ကြည့်ဖို့ ဘယ်သူ့ကို ခေါ်မယ်လို့ စိတ်ကူးထားလဲ?"

စူးချင်းက သူမကို ကြီးကြပ်မည့် သူ့အစီအစဥ်ကို သိချင်လာပြီး ပြန်မေးလိုက်သည်။

All Chapters