← Chapters

ဖြောင့်မတ်မှုအတွက် မိသားစုကို စွန့်လွှတ်ခြင်း (၃)

Vol. 41 Ch. 607

ဖြောင့်မတ်မှုအတွက် မိသားစုကို စွန့်လွှတ်ခြင်း (၃)

Vol. 41 Ch. 607

"သူ့ကို ဖမ်းချုပ်လိုက်ကြစမ်း"

တော်ဝင်သက်တော်စောင့်အဖွဲ့၏ခေါင်းဆောင်က သူ့လက်အောက်ငယ်သားများအား လက်ဝှေ့ယမ်းပြကာ ခပ်ထန်ထန် အမိန့်ပေးလိုက်သည်။ တော်ဝင်သက်တော်စောင့် အများအပြားက ရှေ့တိုးလာပြီး စူးဟန်စန်၊ သူ့၏သားသုံးယောက်နှင့် ကြမ်းကြုတ်ပုံရသည့် ကျေးကျွန်အနည်းငယ်တို့ကို ဖမ်းချုပ်ကာ ဆွဲခေါ်သွားပြီး မြေပြင်ပေါ်၌ ဒူးထောက်ခိုင်းလိုက်သည်။

"မင်းတို့ မျက်စိကန်းနေတာကြတာလား? ငါက မိဖုရာကြီးရဲ့ အကြီးဆုံးဦးလေးနော်၊ ယောက္ခမတော်ရဲ့အစ်ကိုကြီး၊ မင်းတို့က ဘယ်လိုလုပ်ပြီး ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲရတာတုန်း"

စူးဟန်စန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဧကရီနှင့် ယောက္ခမတော်၏အမည်များကို အသုံးပြုလိုက်ခြင်းဖြင့် ဤတော်ဝင်သက်တော်စောင့်များ သူတို့၏ဘောင်းဘီထဲမှ ဆီးထွက်ကျအောင် ကြောက်လန့်သွားနိုင်သည်ဟု သူ ထင်ထားခဲ့သည်။

"တော်ဝင်အမိန့်တော် ရောက်လာပါပြီ"

တော်ဝင်သက်တော်စောင့်ခေါင်းဆောင်က မြင်းပေါ်မှ ခုန်ဆင်းပြီး တော်ဝင်အမိန့်စာကို ခပ်မြင့်မြင့် မြှောက်ကိုင်ထားလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ စူးဟန်စန်လည်း မာနထောင်လွှားခြင်း မပြုရဲတော့ဘဲ ဒူးထောက်နေလျှက်မှ “ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ” ဟု သုံးကြိမ်တိုင်တိုင် အော်ဟစ်ကာ ဦးတိုက်အရိုအသေ ပေးလိုက်ရသည်။ အနီးနားရှိ ပြည်သူများကလည်း ဒူးထောက်ကာ အရိုအသေပေးရင်း အော်ဟစ်ဆုတောင်းနေကြသည်။

“ကောင်းကင်ဘုံ၏ကျေးဇူးတော်ကြောင့် ဧကရာဇ်မင်းမြတ် အမိန့်တော်ရှိသည်မှာ အပြစ်သားစူးဟန်စန်သည် ဧကရာဇ်မင်းမြတ်၏ ကျေးဇူးတော်နှင့်အညီ နေထိုင်ရန် ပျက်ကွက်ခဲ့ပြီး မှားယွင်းသော ဆေးပစ္စည်းများကို အတုအပ ပြုခြင်းဖြင့် တိုင်းပြည်အား ကြီးစွာသော ဘေးဒုက္ခ ဖြစ်စေခဲ့သည်။ သူ့၏ရာဇဝတ်မှုက ကြီးလေးလှပြီး ခွင့်လွှတ်ရန် မဖြစ်နိုင်။ သို့ပါသောကြောင့် အပြစ်သားစူးဟန်စန်အား သေဒဏ်ချမှတ်မည်ဖြစ်ပြီး မိသားစုပိုင်ပစ္စည်းများ သိမ်းဆည်းစေ။ သူ့၏ သားသမီးများနှင့် ကျေးကျွန်များအားလုံး ကျင့်ရှီလျိုမြောင်သို့ အလုပ်ကြမ်း လုပ်ရန် ထွက်ခွာရမည်၊ ဘယ်သောအခါမှ တရားဝင်အလုပ်အကိုင်များ လုပ်ကိုင်ခွင့်မရှိစေရ၊ အမိန့်တော်....."

"ဘာ၊ မဖြစ်နိုင်ဘူး၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး၊ ငါက ဧကရီရဲ့ ဦးလေးပဲ။ သူက ငါ့ခေါင်းကို ဘယ်လိုလုပ်ပြီး ဖြတ်ခိုင်းရတာလဲ? ဒီအမိန့်တော်က အတုပဲ ဖြစ်ရမယ်၊ ဟုတ်တယ် အဲ့ဒါက အတုပဲ ဖြစ်ရမယ်”

ဧကရာဇ်မင်းမြတ်၏အမိန့်တော်ကို ကြားပြီးနောက် စူးဟန်စန်က ထိုအမိန့်တော်ကို သွားကြည့်ရန် ရုန်းကန်နေရင်း အော်ဟစ်နေပြန်သည်။

"သူ့ကို ကွပ်မျက်လိုက်တော့"

သက်တော်စောင့်ခေါင်းဆောင်က ဧကရာဇ်အမိန့်တော်ကို မည်သို့မျှ ထိခွင့်ပေးမည်မဟုတ်ပေ။ သူက မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် သူ့လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြကာ စူးဟန်ဟန်အား ထိုလမ်းပေါ်၌ ခေါင်းဖြတ်သတ်ခိုင်းလိုက်သည်။

သူက စူးဟန်စန်၏ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်များကို မျက်မြင်ကိုယ်တိုင် တွေ့မြင်ခဲ့ပြီး ထိုလူက ဤဒေသအတွက် ကပ်ဘေးဆိုးကြီးဖြစ်မှန်း သူ နားလည်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဧကရီက တရားမျှတမှုကို မြတ်နိုးပြီး ဉာဏ်ပညာ ရှိသောကြောင့် ဤလူ အခြားသူများအား အများကြီး ထိခိုက်နစ်နာအောင် မလုပ်ရဲသေးပေ။ အကယ်၍ ဧကရီက သူ့ကို အနည်းအကျဉ်းမျှ မျက်နှာသာ ပေးလိုက်လျှင် စူးဟန်စန်က ကောင်းကင်ဘုံကို အံတုရန်ပင် သတ္တိရှိလာမည့်လူမျိုး ဖြစ်သည်။

ဤကဲ့သို့ ဆိုးရွားလှပြီး လွှမ်းမိုးချုပ်ကိုင်ချင်သူကို ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လိုအပ်ကြောင်း သိနေသည့် သက်တော်စောင့်ခေါင်းဆောင်က ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်သည်။

ဒီကိစ္စမှာ လျော့ပေါ့ပေးစရာ ဒါမှမဟုတ် ညှိနှိုင်းပေးစရာ ဘာအကြောင်းမှ မရှိဘူး။

“ဧကရာဇ်ရဲ့ အမိန့်တော်အရ နောင်မှာလည်း ဆေးဝါးအတုရောင်းချသူအားလုံးကို ကရုဏာမဲ့စွာ ကွပ်မျက်မယ်၊ တရားမဝင်ရထားတဲ့ အမြတ်အစွန်းအားလုံးကို သိမ်းယူမယ်၊ သူတို့ရဲ့မိသားစုတွေကို ပြည်နှင်ဒဏ်ပေးမယ်၊ ဘယ်တော့မှ အလုပ်ပြန်လုပ်ခွင့် မရှိဘူး”

ဤခိုင်မာသောအမိန့်က ဧကရာဇ်မင်းမြတ်၏ တရားမျှတမှုနှင့် အကျင့်ပျက်ခြစားမှုပပျောက်ရေးတို့အတွက် မယိမ်းယိုင်သောကတိကဝတ်ကို အလေးပေးဖော်ပြနေသည်။

သက်တော်စောင့်ခေါင်းဆောင်က ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို ထပ်မံ ဖတ်ပြလိုက်သည်။ ဤခက်ခဲသောကာလများအတွင်း ထိုသို့ပြင်းထန်သောဥပဒေများကို မဖြစ်မနေ အသုံးပြုရမည် ဖြစ်သည်။ ဆေးပညာနှင့် ဆေးဝါးက အသက်ကယ်တင်ရန် ဖြစ်သည်။ ထိုအရာကို အတုလုပ်ခြင်းက မည်သို့မျှ မဖြစ်သင့်ပေ။ အမြတ်အစွန်းကို ဦးတည်စဥ်းစားတတ်သော လူများအဖို့ ကြောက်ရွံ့နေမှသာ ဆေးဝါးအတုများ ရောင်းချခြင်းအား ရပ်တန့်သွားကြပေလိမ့်မည်။

ပြည်သူများကတော့ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးများပင် နီရဲလာကြသည်။

ဧကရာဇ်မင်းမြတ်က ဧကရီရဲ့ဦးလေးကိုတောင် ခေါင်းဖြတ်ကွပ်မျက်ဖို့ အမိန့်ပေးခဲ့တယ်။ သူက အမှန်တကယ်ကို ပညာရှိတဲ့ အုပ်စိုးရှင်တစ်ပါးပဲ။ ဒါဆို ကောလဟာလတွေက အမှန်ဖြစ်နေတာပေါ့။

သေလုနီးပါး ရိုက်နှက်ခံထားရပြီး လျှာဖြတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည့် ဆေးကုန်သည်ကလည်း ဒူးထောက်ကာ အရိုအသေပေးနေရှာသည်။ သူက "ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ"ဟု သုံးကြိမ်တိုင်တိုင် အော်ဟစ်နေပြီး လူအုပ်ကြီးကလည်း သူနှင့်အတူ ပူးပေါင်းလာကာ ဧကရာဇ်မင်းမြတ်အတွက် နှလုံးသားထဲမှ ဆုတောင်းပေးနေကြသည်။ ထိုမြင်ကွင်းက မြင်ရသူတိုင်းကို ရင်တသိမ့်သိမ့်တုန်လောက်အောင် စိတ်လှုပ်ရှားစေသည်။

စူးဟန်စန်ကတော့ အလွန်ထိတ်လန့်ကြောက်ရွံ့နေပြီး သူ့မျက်နှာက ဖြူဖျော့သွားသည်။ သူ့ခြေထောက်များလည်း အားနည်းလာကာ လှုပ်ပင် မလှုပ်နိုင်တော့ပေ။ တောင်ဝင်သက်တော်စောင့်များက သူ့ကို ဈေးထဲသို့ ဆွဲခေါ်သွားပြီး ခေါင်းဖြတ်ကွပ်မျက်လိုက်ကြသည်။

သူ့၏မိသားစုမှ ပိုင်ဆိုင်မှု အားလုံးကို သိမ်းယူခဲ့သည်။ သာမာန်လူများက ဧကရာဇ်မင်းမြတ်၏ ဆွေမျိုးတော်များအပေါ်ထားသည့် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်ချီးမွမ်းကြသည်။ သို့သော်လည်း စူးမိသားစုကတော့ စူးဟန်ရွှမ်က အလွန်ရက်စက်လှပြီး မိသားစုကို ဂရုမစိုက်ကြောင်း စွပ်စွဲကြသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းကို ဤအဖြစ်အပျက်ကို နမူနာအဖြစ် မှတ်ယူကာ ဧကရာဇ်၏ဆွေမျိုးများဖြစ်သည့် သူတို့၏အဆင့်အတန်းကို ရာဇ၀တ်မှုကျူးလွန်ရန် အသုံးမချရဲကြတော့ပေ။ သူတို့အားလုံး နာခံမှုအပြည့်ဖြင့် နေထိုင်လာကြသည်။

စူးဟန်ရွှမ်ကလည်း တော်ဝင်ရုံးတော်မှ နှုတ်ထွက်ခဲ့သည်။ လက်ရှိအချိန်တွင် လွမ်ချင်းရှန်၊ ကျန်းကျင့်လင်းနှင့် ကျုံးယုံတို့က သူ့အတွက် သနားညှာတာပေးရန် ဒူးထောက်တောင်းပန်ပေးနေကြသည်။ ရှောင်းကျဲယွိအတွက်လည်း ခက်ခဲသော အနေအထားသို့ ရောက်ရပြန်သည်။

သူ့ယောက္ခမက အမှား မလုပ်ခဲ့ဘူးလေ။ ဒါတွေ အားလုံးက သူ့အစ်ကိုကြောင့် ဖြစ်ခဲ့တာ။

သို့သော်လည်း ဧကရာဇ် ဖြစ်နေသည့် သူက မဆင်မခြင် ပြုမှု၍ မရနိုင်ပေ၊ သူ့၏ယောက္ခမ မနှုတ်ထွက်ရန် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အားလုံး ဝိုင်းဝန်းအသနားခံလာရန် လိုအပ်နေသေးသည်။ ထို့ကြောင့် ရှောင်းကျဲယွိက ဘာမှ မပြောဘဲ တိတ်ဆိတ်နေပြီး စူးဟန်ရွှမ်က ပြတ်ပြတ်သားသား နှုတ်ထွက်ရန် တောင်းဆိုနေသည်။

အရာရှိများကလည်း ဧကရာဇ်မင်းမြတ်၏ အကြံအစည်ကို အကဲခတ်နေကြသည်။

ဧကရာဇ်မင်းမြတ်က သူ့ယောက္ခမကို တကယ်ထုတ်ပယ်ချင်နေတာလား ဒါမှမဟုတ် လူတိုင်းမြင်အောင် ဟန်လုပ်ပြနေတာလား?

သူတို့ မည်သို့ တွေးနေပါစေ ကျုံးယုံနှင့် တခြားသူများ စူးဟန်ရွှမ်အတွက် အသနားခံပေးနေသည်ကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး ဒူးထောက်ပြီး စူးဟန်ရွှမ်အတွက် အသနားခံ တောင်းပန်လိုက်ကြသည်။ အမှန်တကယ်တွင် လူတိုင်းက ဧကရာဇ်၏ လက်အောက်ငယ်သားများသာ ဖြစ်ပြီး စူးဟန်ရွှမ်ကလည်း အများအားဖြင့် ဖော်ရွေသူ ဖြစ်သည်။ သူက ဧကရာဇ်မင်းမြတ်၏ ယောက္ခမတော်ဟူသည့် သူ့အဆင့်အတန်းကို အသုံးချပြီး အခြားသူများအပေါ် ဖိနှိပ်တတ်သူလည်း မဟုတ်ပေ။ ထိုအချက်ကိုတော့ အားလုံးက သဘောတူကြပြီး သူ မမောက်မာမှန်း သိနေသောကြောင့် လူတိုင်းက သူ့ကို သဘောကျကြသည်။

ထို့အပြင် စူးဟန်ရွှမ်၏နောက်တွင် ဧကရီ ရှိနေပြီး သူမက မောင်းမဆောင်ထဲရှိ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည်။

ဘယ်သူက သူမကို စော်ကားရဲလို့လဲ?

“အရှင်မင်းမြတ်၊ ယောက္ခမတော်က ဒီကိစ္စကို လုံးဝ မသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ"

"အရှင်မင်းမြတ်၊ ကျေးဇူးပြုပြီး ပြန်စဥ်းစားပေးတော်မူပါ"

မှူးမတ်များအားလုံးက စူးဟန်ရွှမ်အတွက် အသနားခံပေးနေသည်ကို မြင်လိုက်ရချိန်တွင်တော့ ရှောင်းကျဲယွိက သဘောတူတော့မယောင် ဖြစ်လာခဲ့သည်။ သို့သော် သူ ဘာမှ မပြောရ‌သေးခင် သူ့အဘိုး ရောက်ရှိလာခဲ့သည်။

"အဖိုးတော်အတွက် ထိုင်ခုံယူပေးလိုက်ကြ"

ရှောင်းကျဲယွိက သူ့အဘိုးအတွက် ထိုင်ခုံတစ်လုံး ယူလာပေးရန် မိန်းမစိုးကို အလျင်အမြန် အမိန့်ပေးလိုက်သည်။ ချင်ဖုန်း က ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ဒူးထောက်နေသော မှူးမတ်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်များက ရှက်ရွှံ့နေဟန်ရသည့် စူးဟန်ရွှမ်ထံ၌ ရပ်တန့်သွားကာ ခေါင်းညိတ်လိုက်သည်။

“အရှင်မင်းမြတ်၊ တကယ်တော့ ဒီကိစ္စအတွက် ယောက္ခမတော်မှာလည်း တာဝန်ရှိတယ်”

ချင်းဖုန်းက စူးဟန်ရွှမ်တွင်လည်း တာဝန်ရှိနေသည်ဟု ထောက်ပြလာသောကြောင့် ကျန်မှူးမတ်များ အနည်းငယ် အံ့ဩသွားကြသည်။ ထို့အပြင် သူတို့ အတော်လေး ဇဝေဇဝါဖြစ်သွားကြသည်။

အခု သူတို့ ဆက်ပြီး အသနားခံတောင်းပန်ဖို့လိုသေးလား?

ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် အခုန သူတို့ရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသပြီးသွားပြီ။ အခု ထပ်ပြီး အသနားခံပေးဖို့ မလိုတော့ပါဘူးလေ။

"အဖိုးတော်က ဘာကို ဆိုလိုတာလဲ?"

ရှောင်းကျဲယွိပင်လျှင် သူ့အဘိုး၏ ဆိုလိုရင်းကို နားမလည်ပေ။

အဖိုးက ယောက္ခမနဲ့ အရမ်းရင်းနှီးနေတာ မဟုတ်ဘူးလား? သူတို့ အချိန်အကြာကြီး အတူနေခဲ့ကြီး နေ့တိုင်းနေ့တိုင်း စစ်တုရင် အတူကစားခဲ့ကြတယ်။ အခု ယောက္ခမ နိမ့်ကျနေတဲ့အချိန်မှာ အဖိုးက ထပ်ပြီး ကန်ချချင်နေတာလား?

စူးဟန်ရွှမ်ကလည်း အဘိုးအိုကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ သို့သော်လည်း သူက အဘိုးကြီး မှန်ကန်သည်ဟုသာ တွေးနေခဲ့သည်။

သူ့အစ်ကိုက သူ့ရဲ့မျက်စိအောက်မှာ အမှားတစ်ခု လုပ်ခဲ့တယ်။ အခု သူက သူ့ခေါင်းပေါ်က ဦးထုတ်ကို ဖယ်ပြီး ရာထူးကနေ နှုတ်ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ။

သူ့သမီးရဲ့စကားအရ သူ သူ့ဇနီးဖြစ်သူနဲ့အတူ အချိန်ဖြုန်းပေးသင့်တယ်၊ သူ ရုရွယ်နဲ့အတူ အလည်အပတ် ခရီးတွေ ထွက်မယ်၊ သူမနဲ့အတူ ကဗျာတွေ ရေးဖွဲ့၊ ရွတ်ဆိုမယ်၊ ရှောင်ချန်ကို အရည်အချင်းရှိတဲ့လူတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးမယ်။ တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်အေးလက်အေးရှိတဲ့ ဘဝတစ်ခုဖြစ်မှာ သေချာတယ်။

ချင်ဖုန်းက ဧကရာဇ်မင်းမြတ်ကို စူးဟန်ရွှမ်အား အပြစ်ပေးစေချင်နေသည်ဟု လူတိုင်း ထင်နေကြချိန်တွင် ချင်ဖုန်း၏လေသံက ချက်ချင်း ပြောင်းလဲသွားပြန်သည်။

"ဒါပေမယ့် ဒါက စူးဟန်စန်က သူ့ရဲ့အစ်ကို ဖြစ်နေလို့ သူ အမှား လုပ်ခဲ့မိတာပါ"

ဟမ်? ဒီလူအိုကြီးက စူးဟန်ရွှမ်ကို ကူညီဖို့ ဒီကို ရောက်လာတာလား?

ရှောင်းကျဲယွိက လူတစ်ယောက်အနေဖြင့် ညီအစ်ကိုမောင်နှမများကို ရွေးချယ်ခွင့်နိုင်မရှိသောကြောင့် သူ့ယောက္ခမထံတွင် အပြစ်မရှိကြောင်း အမိန့်ချရန် ပါးစပ်ဟလိုက်သည်။

သို့သော် သူ့အဘိုးက ထပ်ပြောလာပြန်သည်။

"ဒါပေမယ့်လည်း သူက စူးဟန်စန်ရဲ့ညီ ဖြစ်နေတာကြောင့် သူ့ကို ပိုပြီး တင်းတင်းကျပ်ကျပ် စုံစမ်းသင့်နေပြန်ရော"

လူတိုင်း၏ နှလုံးသားက တလှိုက်လှိုက်ဖြစ်လာပြန်သည်။

ဒီလူအိုကြီးက ယောက္ခမတော်ကို အပြစ်ပေးဖို့ တောင်းဆိုဦးမှာလား?

ရှောင်းကျဲယွိပင် သူ့အဖိုးကို မှုန်ကုပ်ကုပ်ဖြင့် လှမ်းကြည့်နေသည်။

ဒီလူအိုကြီး နည်းနည်းလေး နောက်ကျမှ ရောက်လာခဲ့ရင် အကောင်းဆုံး ဖြစ်သွားမှာ သေချာတယ်။ အဲ့ဒါဆို သူလည်း သူ့ယောက္ခမမှာ အပြစ်မရှိဘူးလို့ ပြောပြီးနေလောက်ပြီ။ အခု သူ့အဘိုးက အဲ့လို ပြောနေပြီဆိုမှတော့ သူ သက်ညှာပေးချင်ရင်တောင် ဘာ ပြောနိုင်ဦးမှာလဲ?

“ဒါကြောင့် ဒီအရာရှိအိုကြီး အကြံပြုချင်တာက တခြားသူတွေကို သတိပေးတဲ့အနေနဲ့ ယောက္ခမတော်ကို လစာငွေ တစ်နှစ်စာ ဒဏ်ရိုက်သင့်ပါတယ်”

ချင်ဖုန်းက မှူးမတ်များ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေရင်း သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ကောင်းပြီလေ၊ အဖိုးတော်ပြောတာ မှန်ပါတယ်။ ယောက္ခမတော်က အမှားလုပ်ခဲ့တော့ လစာငွေ တစ်နှစ်စာ ဒဏ်ရိုက်ခံရ သင့်တယ်။ ယောက္ခမတော် အနေနဲ့ ဒါကို သတိပေးချက်အဖြစ် ခံယူနိုင်ဖို့ ကျန်း မျှော်လင့်တယ်”

ရှောင်းကျဲယွိက သူ့အဘိုး တခြားတစ်ခုခု ထပ်ပြောလာမည်ကို စိုးရိမ်သောကြောင့် သူ့အဘိုး ဘာမှ ထပ်မပြောခင် စူးဟန်ရွှမ်အတွက် အမိန့်တော်ချမှတ်လိုက်သည်။ စူးဟန်ရွှမ်အတွက် တစ်နှစ်စာလစာငွေ ဒဏ်ရိုက်ခံရခြင်းက ဘာမှ မပြောပလောက်ပေ။ သူတို့၏မိသားစုက မူလကတည်းက ချမ်းသာကြွယ်ဝသူများ ဖြစ်ပြီး ထိုလစာက သူ့အတွက် မလိုအပ်ပေ။

နန်းတွင်းညီလာခံအပြီးတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက စူးဟန်ရွှမ်ကို ဝိုင်းပြီး ဂုဏ်ပြုကြသည်။ ယခုအခါ ဧကရာဇ်က ယောက္ခမတော်ဘက်မှ ရပ်တည်နေကြောင်း လူတိုင်း သိသွားကြသည်။

သူ့ကို အပြစ်ပေးဖို့ မေးနေတာက ဟန်ဆောင်နေတာကွ။

"ဟန်ရွှမ်အတွက် အသနားခံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

စူးဟန်ရွှမ်ကလည်း ပါးရည်နပ်ရည် ရှိပြီး မည်သို့ ပြုမူရမည်ကို သိထားသူ ဖြစ်သည်။ သူက လူတိုင်းကို ကျေးဇူးတင်ကြောင်း အမြန်ဖော်ပြလိုက်သည်။ သူ့၏အစ်ကိုအကြီးဆုံး ခေါင်းဖြတ်ခံရပြီး သူ့တူများနှင့် သူ့အစ်ကိုကြီး၏ မိသားစုဝင်များအားလုံး ပြည်နှင်ဒဏ်ခံခဲ့ရကြောင်း သိလိုက်ရချိန်တွင် စူးဟန်ရွှမ်က သူတို့ ပြည်နှင်ဒဏ်ကျခံရမည့်နေရာသို့ သွားရာလမ်းတလျောက် ဒုက္ခအများကြီး မကြုံရစေရန် ကူညီပေးခဲ့သည်။ သူက ကျင့်ရှီလျိုမြောင်တွင် သူတို့အတွက် အိမ်တစ်လုံး ဝယ်ပေးခဲ့သည်။ ၎င်းက သူ လုပ်ပေးနိုင်သည့် အကောင်းဆုံးအရာဟု သူ ယူဆလိုက်သည်။

ဆေးအတုကိစ္စကို ကိုင်တွယ်ပြီးနောက် ရှောင်းကျဲယွိက သူ့တပ်များကို ပြန်စုဆောင်းခဲ့သည်။ နန်မန်လူမျိုးများက ကိုင်တွယ်ရန် အလွန်ခက်ခဲနေသောကြောင့် သူက ၎င်းတို့အား သုတ်သင်ရန် ကျန်းကျင့်လင်းနှင့် ကျုံးယုံကို စေလွှတ်ခဲ့သည်။

ကျုံးယုံက ရှေ့ပြေးတပ်ကို ဦးဆောင်မည် ဖြစ်ပြီး ကျန်းကျင့်လင်းကတော့ ပင်မတပ်မှူး ဖြစ်သည်။ ကျုံးယုံကတော့ အလွန်ပျော်ရွှင်ကာ တက်ကြွနေလေသည်။ သူက တိုက်ခိုက်ရခြင်းကို နှစ်သက်ပြီး မြို့တော်တွင် တချိန်လုံး နေရသည်က ပျင်းစရာကောင်းပြီး သူ့၏လက်နှင့် ခြေထောက်များ သံချေးတက်နေပြီဟု အမြဲညည်းညူနေသူ ဖြစ်သည်။

သို့သော်လည်း ဆေးထုပ်များ အဆင်သင့်မဖြစ်သေးသောကြောင့် တပ်ဖွဲ့ဝင်များ မထွက်ခွာနိုင်သေးပေ။ ရှောင်းကျဲယွိက သူ့လူများအား ဆေးထုပ်များကို အကောင်းဆုံး ပြုလုပ်ရန်နှင့် ဆေးဝါးအတုများ မပါလာစေရန် ကြပ်မတ်ထားပြီး သုံးကြိမ်တိုင်တိုင်စစ်ဆေးရန် အမိန့်ပေးထားခဲ့သည်။ ထို့ကြောင့် မည်သူမျှ မပေါ့ဆရဲကြဘဲ စစ်ဆေးမှုတိုင်းတွင် အလွန်အသေးစိတ်ကျအောင် စစ်ဆေးခဲ့ကြသည်။

နောက်ဆုံးတွင် ဆေးထုပ်များနှင့် ရိက္ခာများ အဆင်သင့်ဖြစ်သွားပြီး နောက်တစ်နေ့၌ ပင်မတပ်ဖွဲ့ကြီး ထွက်ခွာတော့မည် ဖြစ်သည်။

စူးချင်းက ကျုံးယုံတို့ကို နန်းတော်ထဲသို့ ခေါ်လိုက်ပြီး သူနှင့် ကျန်းကျင့်လင်းအတွက် သူမပြင်ဆင်ထားသည့် ဆေးထုပ်လေးများ ပေးလိုက်သည်။ သူမက သူတို့အတွက် အတွင်းပိုင်းအင်္ဂါနှင့် ပြင်ပဒဏ်ရာများအတွက် ဆေးများကိုလည်း ပြင်ဆင်ပေးထားခဲ့သည်။

ထို့အပြင် သူမက သူမက သူတို့အတွက် လက်နက်အသစ်တစ်မျိုးကိုလည်း ထုတ်ပေးလိုက်သည်။

All Chapters