အခန်း (၆၁)
Vol. 6 Ch. 61
ထိုပျက်ဆီးနေသော အိမ်သည် တပ်မဟာရှိ အိမ်ထောင်စု ငါးစုမှ ချန်ထားခဲ့သော အိမ်ဖြစ်သည်။ နှစ်အနည်းငယ် ကြာပြီးနောက် ထိုအိမ်က အတော်လေး ယိုယွင်းလာခဲ့သည်။ အခန်းနှစ်ခန်းရှိ အမိုးမှာ တစ်ဝက်ဆီ ကွာနေခဲ့ပြီး ကျန်တစ်ဝက်ကလည်း လျှော့ရဲနေခဲ့သည်။
အိမ်ထဲမှာလည်း ဘာပရိဘောဂမှ မရှိပါ။ အိပ်ရာတစ်ခုသာ ရှိပြီး အရှေ့တံခါးမှာလည်း ဘာသော့မှ မရှိပါ။
ချမ်ရှုဖန်းက ဝမ်ရင်းကို တုန်တုန်ရီရီဖြင့် ကြည့်လိုက်ကာ ကွဲအက်အက်အသံဖြင့် ပြောလိုက်သည်။ “မိန်းကလေးရယ်၊ ကျေးဇူးတင်ပါတယ်။”
ဝမ့်ရင်းက အံ့ဩသွားခဲ့သည်။ “အဒေါ့်ရဲ့ လည်ချောင်းက ဘာဖြစ်တာလဲ။”
ဒါက အော်ရာ အဖွဲ့ထဲမှာ သီချင်းဆိုလို့ ဖြစ်တာ မဟုတ်ဘူးမလား။
ချမ်ရှုဖန်းက နာကြည်းစွာ ပြုံးပြခဲ့သည်။ “အဒေါ့်ရဲ့ လည်ချောင်းက အရင်ကတည်းက ကွဲနေခဲ့တာပါ။ ဒီကိုလာတဲ့ လမ်းတစ်လျှောက်လုံး အဒေါ် အလုပ်တွေ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အရင်က အဒေါ့်ကို စီးကရက်ထဲမှာ အဆိပ်ခတ်ခဲ့ကြတာ။”
ဝမ့်ရင်းက တိတ်ဆိတ်သွားခဲ့ပြီး ခနအကြာမှာ သူတို့ နှစ်ယောက်လုံးကို စတင် စစ်ဆေးပေးခဲ့သည်။ ဘာအကြောင်းကြောင့် ဒီလို မေးခွန်းတွေကို ထပ်မေးနေရမှာလဲ။ ဒါကသာ လူတွေရဲ့ အကြောက်တရားကို ပေါ်ထွက်လာစေမှာ။
အငယ်လေးက ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်သာ ရှိသေးသည်။ သူမရဲ့ မျက်လုံးများမှာ ကြောင်တစ်ကောင်လိုပဲ တောက်ပနေခဲ့ပြီး သူမက လူစိမ်းတွေကို အတော်လေး သတိထားနေပုံ ရသည်။ ဝမ့်ရင်းက သူမရဲ့ လက်ကို ဆွဲဖို့ ကြိုးစားခဲ့သော်လည်း ရုတ်တရက် သူမက လက်ကို ပြန်ပြီး အနောက်ဆုတ်လိုက်သည်။
ချမ်ရှုဖန်းက မြန်မြန်ပဲ ရှင်းပြခဲ့သည်။ “သူက ကြောက်နေလို့ပါ။ သူက ပုံမှန်ကလေးတွေနဲ့ သိပ်ပြီး မတူဘူး။”
ဝမ့်ရင်းက သူမရဲ့လက်ကို ခါပြခဲ့သည်။ “ဒီအကြောင်းကို မပြောရအောင်။ မင်း တစ်နေရာရာမှာ မသက်မသာ ဖြစ်နေတာမျိုး ခံစားရလား။ ဒါမှမဟုတ် မင်းမှာ တစ်ခြား ပြင်ပ ဒဏ်ရာတွေ ဘာတွေရော ရှိနေလား။”
သူမမှာ ဘာဒဏ်ရာမှ မရှိသော်လည်း ရှောင်ယုရဲ့ ခြေထောက်တစ်ဖက်က အနည်းငယ် တိုက်မိထားတယ်ဟု ချမ်ရှုဖန်းက ပြောခဲ့သည်။
ဝမ့်ရင်းက ကောင်မလေး၏ ဘောင်းဘီကို မကာ တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင် ကြုတ်လိုက်သည်။ “သူက သွေးထွက်နေတယ်။ ပြီးတော့ သူ့ကို အချိန်မှီ မကုပေးခဲ့ကြဘူး။ မီးထွန်းလိုက်။ ပြီးရင် သွေးထွက်လာအောင် အနာကို အပူပေးလိုက်။ အဲ့တော့မှ သူ့ကို ဆေးထည့်ပေးလိုက်။”
ဝမ့်ရင်းက သူတို့နှစ်ယောက်ကို သွေးခုန်နှုန်း တိုင်းပြီးနောက် သူတို့က အတော်လေး ပြင်းထန်တဲ့ အအေးဒဏ်ကို ခံစားခဲ့ရကြောင်း တွေ့ရှိခဲ့ရပြီး အခြားသော ဖျားနာမှုများကတော့ သိပ်ပြီး မပြင်းထန်ပါ။
ဝမ့်ရင်းက ချက်ချင်းပဲ သူတို့နှစ်ယောက်ကို တတ်နိုင်သမျှ အမြန်ဆုံး နွေးသွားအောင် ရေနွေးထဲတွင် ဆန်အရက်ကိုထည့်ကာ တစ်ခွက်စီ ပေးခဲ့သည်။
အိမ်ထဲမှာ တစ်ပိုင်း ကျိုးနေသော ဘေဇင်ကို တွေ့လိုက်ရသည့်အခါ ဝမ့်ရင်းက အိမ်ကိုပြန်ကာ မီးသွေးအချို့ကို ယူလာကာ မီးသွေးဘေစင်တစ်ခု လုပ်ပေးခဲ့သည်။
အရာအားလုံး အဆင်သင့် ဖြစ်သည့်အခါ ဝမ့်ရင်းက ဘယ်ပြန်၊ ညာပြန် ကြည့်လိုက်သည်။ ဘေးအခန်းရှိ အမိုးက ပေါက်နေသည့်အတွက် အခန်းထဲရှိ အပူချိန်မှာ မစုနိုင်ခဲ့ပါ။
သူမက ထိုအကြောင်းကို တွေးလိုက်ပြီး ထိုအခန်းရဲ့ တံခါးကို သွားယူလိုက်ကာ ချက်ချင်းပဲ အခန်းနှစ်ခန်းကို ကာလိုက်သည်။
“အခုကနေစပြီးတော့ မင်းတို့က ညဘက်ကျရင် တံခါးတွေကို ကာထားပြီး နေ့ဘက်မှာဆို အဲ့ဒါတွေကို ဖယ်ရမယ်။”
အခြားအခန်းရှိ အမိုးကလည်း ဒီလိုပဲ ဖြစ်နေတာကို ကြည့်လိုက်ရုံဖြင့် သူတို့ရဲ့ အခြေအနေက အတော်လေး ကောင်းတယ်ဟု ဘယ်သူကမှ တွေးကြလိမ့်မည် မဟုတ်ပါ။
ဝမ့်ရင်းက အပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ချိန်တွင် သူမ အလုပ်ရှုပ်နေခဲ့သည်။ ရှုရွှမ်းက ဝမ့်ရင်းကို အပြင်ကနေ ခေါ်နေခဲ့သည်။
“အဖွဲ့ခေါင်းဆောင်က ကိုယ်တို့ရဲ့အိမ်ကို စားစရာတွေ ပို့ပေးလိုက်တယ်။ ဒါက မင်းအတွက်။ ဖက်ထုပ်စွပ်ပြတ်နဲ့ ပေါက်စီ နှစ်လုံး။”
ဝမ့်ရင်းက အံ့ဩသွားခဲ့သည်။ “ကျွန်မတို့ အိမ်ကို စားစရာတွေ လာပို့သွားတာလား။”
ရှုရွှမ်းက ဒေါသတကြီးနှင့် ပြောခဲ့သည်။ “ လီချွမ်းကျင်နဲ့ မိန်းမတစ်စုက ပြောသေးတယ်။ ဒီစားစရာတွေကို မကောင်းတဲ့လူတွေ ဖြုန်းတာကနေ ကာကွယ်ဖို့ ငါတို့ရဲ့ အိမ်မှာပဲ ထားသင့်တယ်တဲ့။”
ထိုစကားကို ပြောရရင် ပေးလိုက်တဲ့ စားစရာက နည်းနည်းလေး။ တပ်မဟာက ပေးလိုက်တဲ့ စားစရာ အများစုက ပိန်းဥတွေချည်းပဲ။
ဝမ့်ရင်းရဲ့ မျက်လုံးများက အရောင် တောက်သွားခဲ့သည်။ “ပိန်းဥတွေ။”
ဝမ့်ရင်းက ပိန်းဥအကြောင်း ကြားသည့်အခါ စပြီးသွားရည် ကျလာခဲ့သည်။ ဒါဟာ သူမက လောဘကြီးလို့ မဟုတ်ဘဲ ခုနစ်ခုမြောက် တပ်မဟာက ပိန်းဥများ မစိုက်ပျိုးခြင်းကြောင့် ဖြစ်သည်။ ဒီအချိန်မှာတော့ သူမက မထင်မှတ်ဘဲ ပိန်းဥများကို အဖွဲ့ထံမှ ရရှိခဲ့သည်။
ဝမ့်ရင်းက အင်မတန် စိတ်လှုပ်ရှားပြီး ပြောခဲ့သည်။ “ပိန်းဥတွေကို မီးဖိုအောက်မှာ ထည့်လိုက်။ အရင်ဆုံး ကျွန်မအတွက် နှစ်လုံး ထည့်ထားပေး။”
'ညဘက် အိမ်ပြန်တဲ့အခါကျရင် အဲ့ဒီ့ပိန်းဥတွေကို သကြားနဲ့ တို့စားလို့ ရတယ်။'
ရှုရွှမ်းက အစတုန်းက အဖွဲ့ရဲ့ ချဥ်းကပ်ပုံကို မကျေနပ်ခဲ့သော်လည်း ဝမ့်ရင်းကို ကြည့်ရတာ အတော်လေး တက်ကြွနေခဲ့ပြီး သူမရဲ့ စိတ်ဝင်စားမှုများက ပိန်းဥအပေါ်တွင်သာ ရှိနေခဲ့ကာ သူမရဲ့ ဒေါသမှာလည်း ပြေသွားခဲ့သည်။ ထို့နောက် သူမက လက်ကို ပွတ်ကာ စိတ်မသက်မသာ ပြောခဲ့သည်။ “မကြာခင် ပြန်လာခဲ့နော်။”
ဝမ့်ရင်းက သူထွက်သွားတာကို ကြည့်ပြီးနောက် သူမရဲ့ နေ့လည်စာ ထမင်းဗူးကို ယူကာ အိမ်သို့ ပြန်လာခဲ့သည်။
ချမ့်ရှုဖန်းက အားကျနေခဲ့သည်။ “ဒီလူက မင်းရဲ့ ချစ်ရသူ၊ ဟုတ်တယ်မလား။ သူက မင်းအပေါ် တော်တော်လေး ကောင်းတာပဲ။”
ဝမ့်ရင်းက ဖက်ထုပ်စွပ်ပြုတ်နှင့် ပေါက်စီနှစ်လုံးကို သူတို့နှစ်ယောက်နှင့် အတူတူ ခွဲစားခဲ့သည်။ “ဟုတ်တာပေါ့။ အဲ့လိုမှ မဟုတ်ရင် ကျွန်မက ဘာလို့ သူ့ကို လက်ထပ်ရမှာလဲ။”
ထိုဖင်ထုပ်စွပ်ပြုတ်ကို အခုလေးတင် ချက်ထားခဲ့သည်။ ရှုရွှမ်းက ဆီတွေ၊ ဆားတွေ အများကြီး မထည့်ထားခဲ့ပါ။ အကြောင်းမှာ သူက အဲ့လိုလုပ်ဖို့ အင်တင်တင် ဖြစ်နေခဲ့သည်။ သို့သော် သူတို့နှစ်ယောက်က အတော်လေး အေးနေသည်ကို မြင်လိုက်ရသည့်အခါ သူတို့မှာ အခြား နေမကောင်းတာမျိုး ရှိနေမလား ဆိုတာကို သူက မသိခဲ့ပါ။ ထို့ကြောင့် ဒီလို အချိန်မျိုးမှာ ပေါ့ပေါ့ပါးပါး ရှိနေသည့် ဖက်ထုပ်စွပ်ပြုတ်က ပိုပြီး သင့်တော်လိမ့်မည် ဖြစ်သည်။
ဖက်ထုပ်စွပ်ပြုတ် ပူပူလေးထဲတွင် ကြက်ဥတစ်လုံး၊ ကြက်သွန်မြိတ်ကို ထည့်ကာ နှမ်းဆီ အနည်းငယ်ကို အပေါ်မှာ ဖြူးထားခဲ့သည်။
ချမ့်ရှုဖန်းက အဆင်ပြေသွားခဲ့သည်။ သူမက အချိန်အကြာကြီး ဆာလောင်နေခဲ့သော်လည်း သူမတွင် အနေအထား တစ်ခုတော့ ရှိနေသေးသည်။ သူမက ဖြည်းဖြည်းချင်း စားသောက်နေခဲ့သည်။
ရှောင်ယုဟုခေါ်သည့် ကောင်မလေးကတော့ သိပ်ပြီး မတည်ငြိမ်နေခဲ့ပါ။ သူမက အစားအစာများကို ပါးစပ်နှင့် အပြည့် စားနေခဲ့ပြီး ပေါက်စီကို စားနေပုံမှာ အငမ်းမရ စားနေသည့် သူတစ်ယောက်နှင့်တောင် တူနေခဲ့သည်။
ဝမ့်ရင်းက ထိုအရာကို စိတ်ဝင်စားစွာ တွေ့ရှိခဲ့ပြီး ထိုကောင်မလေး၏ ပုံစံက ချမ့်ရှုဖန်းရဲ့ ပုံစံနှင့် လုံးဝကို မကိုက်ညီဘူးဟု ခံစားလိုက်ရသည်။
ချမ့်ရှုဖန်းက ဖက်ထုပ်စွပ်ပြုတ်ကို သောက်ပြီးနောက် ပြောခဲ့သည်။ “ဟုတ်တယ်။ ငါတို့က မတူကြဘူး။ ငါက အမျိုးသမီး အဆိုတော်လေ။ ပြီးတော့ သူ အသက် ကိုးနှစ်လောက်တုန်းက အလားအလာရှိတဲ့ အနုပညာသည် တစ်ယောက်ဖြစ်ဖို့ လေ့လာခဲ့တာ။”
ချမ့်ရှုဖန်းက ထိုအရာများသည် မနေ့တစ်နေ့ကမှ ဖြစ်ပျက်သွားသလို ခံစားနေရဆဲ ဖြစ်သည်။ “သူက ဝူရှန်းကို နှစ်အနည်းနည်းလောက် လေ့လာခဲ့ဖူးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူက ဆက်ပြီး မလေ့လာနိုင်တော့ဘူး။ သူ့ရဲ့ မိဘတွေက ပြောသေးတယ်။ သူတို့က သူ့ကို အိမ်ကိုခေါ်ပြီး နှစ်နည်းနည်းလောက် ဂရုစိုက်ပေးပြီး လက်ထပ်ခိုင်းမလို့တဲ့။ ဒါပေမယ့် သူမှ လက်မထပ်ချင်တာ။ အဲ့တော့ သူက ငါနဲ့လိုက်ပြီး သူ့ရဲ့ အနေအထားကို တန် အဖြစ် ပြောင်းချင်ခဲ့တာ။”
ရှောင်ယုက ပေါက်စီတစ်ဝက်ကို စားပြီး ကျန်တစ်ဝက်ကို ချမ့်ရှုဖန်းထံ အင်တင်တင်ဖြင့် ပေးလိုက်သည်။ ချမ့်ရှုဖန်းက သူမရဲ့ခေါင်းကို မြတ်နိုးစွာ ပွတ်လိုက်ပြီး ယူဖို့အတွက် ငြင်းလိုက်သည်။
ရှောင်ယုက ဝမ့်ရင်းရဲ့ အစားအစာကို စားလိုက်ပြီး အခုဆိုရင် သူမ အစတုန်းက ဝမ့်ရင်းကို ပြုမူခဲ့သည့် ပေကပ်ကပ် ပုံစံမျိုး မလုပ်တော့ပါ။
“ သူတို့အားလုံးက ငါ့အပေါ်မှာ မကောင်းကြဘူး။ သူတို့က ငါ့ကို ပြန်သွားဖို့ ပြောခဲ့ကြတာ။ ဘာလို့လဲဆိုတော့ ငါက ပီကင်း အော်ပရာအဖွဲ့မှာ ပိုက်ဆံမရှာနိုင်ဘူးလို့ သူတို့က ထင်နေကြတာ။ ပြီးတော့ သူတို့က ငါ့ကို အိမ်ပြန်ပြီး ငါ့ရဲ့မောင်ကိုပဲ ဂရုစိုက်ပေးစေချင်ကြတာ။”
ရှောင်ယုရဲ့ မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပလာခဲ့သည်။ “ငါ ပြန်မသွားချင်ဘူး။”
ချမ့်ရှုဖန်းက ခံစားချက်များဖြင့် ပြောခဲ့သည်။ “ငါဒုက္ခရောက်ရင်တောင် ရှောင်ယုက ငါနဲ့လိုက်ဖို့ အတင်းပြောနေတုန်းပဲ။”
တကယ်တော့ သူမမှာ အခြားသူတစ်ယောက်ကို ဂရုစိုက်ဖို့ ကံပါလာခဲ့သည်။ အဲ့လိုမှ မဟုတ်ပါက ချမ့်ရှုဖန်းက တကယ်ကို ဒီကိစ္စအား မကိုင်တွယ်နိုင်ဘူးဟု ခံစားခဲ့ရသည်။
သူမက ၁၃ နှစ် ၁၄ နှစ်လောက်ကတည်းက စင်ပေါ်တွင် စတင် သရုပ်ဆောင်ခဲ့သည်။ သူမရဲ့ ရုပ်ရည်နှင့် သီချင်းဆို ကောင်းမှုကြောင့် သူမသည် ငယ်ငယ်လေးကတည်းက အောင်မြင်လာခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် သူမက ပီကင်း အော်ပရာအဖွဲ့မှာ ပါဝင်ခဲ့ပြီး နှစ်ပေါင်းများစွာ သီချင်းဆိုခဲ့သည်။ သူမက ပီကင်း အော်ပရာအဖွဲ့မှာသာ မဟုတ်ခဲ့ပါက သူမရဲ့ဘဝဟာ ဘာဖြစ်နေမလဲ ဆိုတာကို သူမကိုယ်တိုင်လည်း မသိခဲ့ပါ။
ကံကောင်းစွာဖြင့် သူမရဲ့ ဘဝအထောက်အပံ့ကို ဆုံးရှုံးပြီးနောက် ရှောင်ယုက သူမရဲ့အနောက်ကို လိုက်ခဲ့ပြီး ရည်မှန်းချက် အသစ်တစ်ခုကို ရှာဖွေဖို့အတွက် ခွင့်ပြုပေးခဲ့သည်။
ဝမ့်ရင်းက ရှောင်ယုအား မေးခဲ့သည်။ “ဒါဆို မင်းနာမည်က ရှောင်ယုပေါ့။ မင်းရဲ့ နောက်ဆုံးနာမည်ကရော ဘာလဲ။”
ရှောင်ယုက အတော်လေး ခေါင်းမာသည်။ “ကျွန်မရဲ့ နောက်ဆုံးနာမည်က ချမ့်ပဲ။ အစ်မက ကျွန်မကို ချမ့်ယုလို့ ခေါ်လို့ရတယ်။”
ချမ့်ရှုဖန်းက သူမနှင့်အတူ ကီလိုမီတာ ထောင်နှင့်ကျော် လမ်းလျှောက် ဖြတ်ကျော်လာခဲ့သည့် ကလေးကို ပွေ့ဖက်ကာ ပြောခဲ့သည်။ “အဓိပ္ပါယ်မရှိတာ။ သမီးရဲ့ နောက်ဆုံးနာမည်က ဟူလေ။”
ရှောင်ယု - “အဒေါ် ဒုက္ခရောက်တဲ့အချိန်ကျရင် သူတို့က အဒေါ့်ကို အိမ်ပြန်လွှတ်မှာ မဟုတ်ဘူး။ ငါတော့ ဟူဆိုတဲ့ မိသားစုနာမည်ကို မလိုချင်ဘူး။ ငါ့ရဲ့ မိသားစုနာမည်က ချမ့်ပဲ။”
ဝမ့်ရင်းက ဘာကိုမှ မှတ်ချက်မပေးဘဲ ပြောခဲ့သည်။ “ဒါဆို မင်းရဲ့နာမည်က ချမ့်ယုပေါ့။ ချမ့်ယု မင်း ဘာဆက်လုပ်မှာလဲ။ မင်းဆရာကို ထားခဲ့လို့ မရဘူး။ ငါတို့ တပ်မဟာက သူ့ကို ဘာလုပ်ခ ရမှတ်မှ ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သူက ရိက္ခာတော့ ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းက ငယ်သေးတော့ ဘာရိက္ခာမှ ရမှာမဟုတ်ဘူး။”
အခုလေးတင် ကျားတစ်ကောင်လို ဖြစ်နေသည့် ကောင်မလေးက မှင်သက်သွားခဲ့သည်။ သူမ၏ ဆရာနှင့် လိုက်သည့်အခါ ဒီလိုအခြေနေမျိုး ကြုံရမည်ကို သူမက လုံးဝ မမျှော်လင့်ထားခဲ့ပါ။
“အစ်မနဲ့ အလုပ်လိုက်လို့ မရဘူးလား။ ကျွန်မက အလုပ်လုပ်ပြီး လုပ်ခရမှတ်တွေလည်း ရှာနိုင်ပါတယ်။ ပြီးတော့ အဲ့ဒါတွေကို ဆရာ့ဆီ ပေးလို့လည်း ရတယ်။”
ဝမ့်ရင်း - “ သေချာပေါက် ဘယ်ရပါ့မလဲ။”
ချမ့်ယုရဲ့ အသက်အရွယ်အရ ဘယ်လိုပဲ သူက လုပ်နိုင်ပါစေ သူမက အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ပဲ။ အဖွဲ့သားတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မကြည်မှာကို သူမ စိုးရိမ်မိသည်။
ချမ့်ယုက အနည်းငယ် အဆက်မပြေ ဖြစ်နေသည်မှာ သိသာနေခဲ့သည်။ အကြာကြီး သူမရဲ့ ဆရာနောက်ကို လိုက်ရင်း ဒီလို ဝန်ထုပ်ဝန်ပိုးမျိုး ဖြစ်လာရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပါ။
ဝမ့်ရင်းက သူမရဲ့ အတွေးများကို ထုတ်ပြောခဲ့သည်။ “မင်းတို့နေတဲ့ နေရာက တောင်ရဲ့ အနောက်ဘက်မှာပဲ။ ငါတို့ တပ်မဟာက စားဝတ်နေရေးအတွက် အဲ့တောင်တွေကို မှီခိုနေရတာ။ ငါ့ကိုယ်ငါ မိတ်ဆက်ပေးဖို့ မေ့သွားတာပဲ။ ငါက ငါတို့ တပ်မဟာရဲ့ အလွတ်တမ်း ဆရာဝန်ပါ။ ငါက ဆေးပင်တွေ သွားခူးဖို့ တစ်ခါတစ်လေ တောင်ပေါ်ကို တက်သွားလေ့ရှိတယ်။”
ချမ့်ယုက ဝမ့်ရင်းအား မျှော်လင့်နေသည့် ခံစားချက်မျိုးကို တောက်လောင်နေသော မျက်ဝန်းများနှင့် ကြည့်လိုက်သည်။
သူမက ဝမ့်ရင်းအား သဘောကျနေခဲ့သည်။ “ဒါကရော ဘယ်လိုလဲ။ မင်းက အစ်မကို ဆေးပင်တွေ ကူပြီး ခူးပေး။ နောက်မှ ဒီကိစ္စကို အဖွဲ့မှူးဆီ ပြောလိုက်မယ်။ ငါခူးလာတဲ့ ဆေးတွေကို မင်းအတွက် စားစရာအဖြစ် ပြောင်းပေးမယ်။ ဘယ်လိုလဲ။”
ချမ့်ယုက ဘာမှမတွေးဘဲနဲ့ သဘောတူလိုက်သည်။ “ကျွန်မ လုပ်နိုင်တယ်။”
သူမက စိုးရိမ်တကြီး ပြောလိုက်သည်။ “ကျွန်မက အနုပညာသည် ဖြစ်ချင်ခဲ့တာ။ ကျွန်မက အရမ်း လိုက်လျောညီထွေဖြစ်အောင် နေတတ်တယ်။ ပြီးတော့ အမြင့်လည်း တက်နိုင်တယ်။”
ဝမ့်ရင်းက သူမအား ပြုံးပြီးကြည့်ကာ ချမ့်ရှုဖန်းကလည်း အတော်လေး ကျေးဇူးတင်နေခဲ့သည်။ သူမကို ကျေးလက်ဒေသဆီ ပို့ပြီးနောက် ဝမ့်ရင်းလို လူကောင်းမျိုးနှင့် တွေ့ဆုံရမည့် ကံကောင်းခြင်းမျိုး ရှိနေလိမ့်မည်ဟု သူမကိုယ်တိုင်လည်း ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပါ။
ကလေးများက လူတွေနှင့် မြန်မြန် ရင်းနှီးခဲ့ကြသည်။ သူတို့က ချိုမြိန်မှုကို အနည်းငယ် ရလိုက်ရုံဖြင့် သူတို့ ခံစားခဲ့ရသော ခါးသီးမှုများကို မေ့လျှော့သွားကြလိမ့်မည် ဖြစ်သည်။ ခနကြာပြီးနောက် ချမ့်ယုက ဝမ့်ရင်းအား “အစ်မ ရင်း”ဟု စတင် ခေါ်ဆိုခဲ့သည်။
“အစ်မရင်း၊ ညီမ အစ်မဆီကနေ တရုတ်ဆေးပညာကို လေ့လာလို့ ရမလား။ ရမလားဟင်။”
ထိုကောင်မလေးက ငယ်ငယ်လေးနှင့် ပီကင်း အော်ပရာအဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး စကား အနည်းငယ်ကိုသာ မှတ်မိနိုင်ခဲ့သည်။ သို့သော် အခြား ဘာကိုမှတော့ မပြောထွက်ခဲ့ပါ။ အခုဆိုရင် သူမရဲ့ ဆရာမကို ရှာကျွေးဖို့ဆိုသည့် တာဝန်ကြီးတစ်ခုကို ယူထားသည်ဟု ခံစားရပြီး တကယ်တမ်းမှာတော့ သူမက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
ဝမ့်ရင်းက အခိုင်အမာ ပြောခဲ့သည်။ “မင်း အဲ့ဒါကို သေချာပေါက် လုပ်နိုင်တယ်။”
တက်တက်ကြွကြွနှင့် စားသောက်ပြီးနောက် ဝမ့်ရင်းက နေ့လည်စာ ထမင်းဗူးကို ယူကာ အိမ်မှာ မူလပိုင်ရှင် သုံးသွားသည့် အိပ်ရာကို တွေ့ခဲ့သည်။ ထိုအိပ်ရာက ပြဲနေပြီ ဆိုသော်လည်း ဂွမ်းများကိုတော့ လွန်ခဲ့သော ရက်ပိုင်းကမှ လဲထားသည့်အတွက် ဒီအချိန်မှာ သုံးလို့ ရနိုင်သည်။
ချမ့်ရှုဖန်းက အတော်လေး ကျေးဇူးတင်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ သို့သော် ဝမ့်ရင်းက သူမရဲ့ စကားများကို ကြားဖြတ်ကာ ပြောခဲ့သည်။ “ နွေရာသီ ရောက်တဲ့အခါကျရင် အဒေါ့်ရဲ့ ကလေးမလေးက အခက်အခဲတွေကို ကျော်ဖြတ်ဖို့အတွက် ကျွန်မနဲ့အတူတူ တောင်ပေါ်ကို လိုက်လာလိမ့်မယ်။ သူ့ကို ဒီဟာတွေအတွက် သေချာ ပေးဖို့အတွက် ဆုံးဖြတ်ထားတယ်။”
ချမ့်ယုက ရည်မှန်းချက် ကြီးမားသည်။ “ဒါကို ကျွန်မ လုပ်နိုင်တယ်ဆိုတာ သေချာတယ်။ အစ်မရင်း၊ ကျွန်မရဲ့ လုပ်ဆောင်မှုကို ကြည့်နေလိုက်ါ”
ဝမ့်ရင်းက ပြုံးပြီး အိပ်ရာကို ခါချလိုက်သည်။ အတော်လေး နောက်ကျနေသည့်အတွက် သူတို့မှာ နွေးထွေးအောင် ပြုလုပ်ဖို့အတွက် မီးလင်းဖို ရှိမနေခဲ့ပါ။ သို့သော် သူတို့မှာ မီးလင်းဖို ရှိနေရင်တောင် သူတို့ နှစ်ယောက်လုံးကို တစ်ညလုံး နွေးထွေးအောင် လုပ်ပေးနိုင်မည် မဟုတ်ပါ။ သူတို့မှာ ထင်းမရှိရုံသာမက အရေးအကြီးဆုံးဖြစ်သည့် သူတို့ကို ဘယ်သူကမှ မြင်လို့ မရပါ။
ဝမ့်ရင်းက သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် သူမရဲ့အိမ်က တောင်အနောက်မှာတင် ရှိနေပြီး ချမ့်ရှုဖန်း တာဝန်ကျသည့် နေရာကလည်း သူမနှင့် သိပ်ပြီး မဝေးသည့်အတွက် သူမကို ဂရုစိုက်ပေးဖို့က အဆင်ပြေသည်။
“တပ်မဟာကနေ ဝေပေးတဲ့ စားစရာတွေက ပိန်းဥတွေပဲ။ မင်းတို့တွေ ဒါကို ဒီတိုင်းပဲ စားရုံနဲ့ လုံလောက်မယ်လို့တော့ မထင်ဘူး။ နောက်မှ မင်းတို့အတွက် တစ်ခုခု ပို့ပေးလိုက်မယ်။ သုံး၊ လေး၊ ငါးရက် တစ်ခါပေါ့။ မင်းတို့က ဒီမှာလည်း ချက်လို့ရတယ်။”
ဝမ့်ရင်းက စားဖို့သောက်ဖို့ အားလုံးအတွက် တာဝန်မယူခဲ့ပါ။ တကယ်လို့ သူမကသာ စားဖို့သောက်ဖို့ အကုန်လုံးကို တာဝန်ယူလိုက်ပါက မကြာခင် သူမလည်း အလုပ်လုပ်နိုင်တော့မည် မဟုတ်ပါ။
“မနက်ဖြန် ကျွန်မရဲ့ အမျိုးသားကို လာဖို့ပြောပြီး မင်းတို့အတွက် ရွှံ့မီးဖိုတစ်ခု လုပ်ပေးဖို့ ပြောလိုက်မယ်။ ပြီးရင်တော့ ကျန်တာကို မင်းတို့ဘာသာပဲ သေချာ ကြည့်ကြပ်ပြီး လုပ်လိုက်ပေါ့။”
ချမ့်ရှုဖန်းက ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ “ဒါက လုံလောက်ပါတယ်။ ကျေးဇူးတင်ပါတယ်။”
ဝမ့်ရင်းက သက်ပြင်းချကာ ထွက်သွားခဲ့သည်။