← Chapters

အခန်း (၆၃)

Vol. 6 Ch. 63

အခန်း (၆၃)

Vol. 6 Ch. 63

ချမ့်ယုက စားစရာကို စားပြီးနောက် ပိုပြီး စိတ်လှုပ်ရှားလာခဲ့သည်။

ဝမ့်ရင်းက သူမအား ညွှန်ကြားပေးခဲ့သည်။ “အပြင်က ကိစ္စတွေအတွက် စိတ်မပူနဲ့။ အပြင်ဘက်မှာ နည်းနည်းလေး ညစ်ပတ်နေရင်တောင် သိပ်ပြီး မဆိုးပါဘူး။ အိမ်ကို သန့်ရှင်းရေးလုပ်ပြီး တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားလိုက်။ အဲ့လိုဆို ညဘက် အေးတော့မှာ မဟုတ်ဘူး။ မင်းတို့တွေ နေတဲ့အခန်းကိုလည်း သန့်ရှင်းရေး လုပ်လိုက်ကြဦး။ ဘေးအခန်းက တံခါးတွေအတွက်တော့ မပူနဲ့။”

ဝမ့်ရင်းက တပ်မဟာရုံးချုပ်ကို သွားပြီး သူမရဲ့ ပြန်လည် နေရာချထားသည့် အသေးစိတ်ကို ထျန်းယိုဖုထံ တင်ပြခဲ့သည်။ ထျန်းယိုဖုက အတော်လေး ကျေနပ်နေခဲ့သည်။ ဒီကိစ္စအပေါ် ဝမ့်ရင်း ကိုင်တွယ်ပုံမှာ သိပ်ပြီးလည်း မဝေးကွာသလို၊ အရမ်းကြီးလည်း မရင်းနှီးဘဲ အတော်လေး အဆင်ပြေသည်။

ပြန်လည် ပြုပြင်ရသည့် သူများ၏ ဘဝမှာ သိပ်ပြီး အဆင်မပြေပါ။ သို့သော် ထျန်းယိုဖုက သူတို့ကို ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ချင်စိတ် မရှိခဲ့ပါ။

“မင်းက အလုပ်ကို သေချာ လုပ်ခဲ့တာပဲ။ နောက်ပိုင်း ဒီလိုအတိုင်းပဲ ဆက်လုပ်။”

ဝမ့်ရင်းကို ချမ့်ယုကို စကားပြောဖို့ အခွင့်အရေး ယူခဲ့ပြီး ထျန်းယိုဖုက စိတ်ပူနေခဲ့သည်။ “ဒီကောင်မလေးနဲ့ ညှိုနှိုင်းဖို့က တကယ်ကို မလွယ်ဘူး။ တကယ်လို့ သူသာ ၁၈ နှစ်လောက် ရှိပြီဆိုရင် အနည်းဆုံးတော့ တပ်မဟာကနေ အကြံဉာဏ် တောင်းလို့ရတယ်။ သူမက ငယ်သေးတော့ သူ့အတွက် တစ်ခုခု စီစဥ်ဖို့ဆိုတာ နည်းနည်းတော့ ဒုက္ခရောက်လိမ့်မယ်။”

ဝမ့်ရင်းက အဖြေရှာဖို့ ကြိုးစားခဲ့သည်။ “ဒါက အလုပ်ဖြစ်မယ်လို့ရော ထင်လား။ နွေရာသီရောက်ရင် သူ့ကို ဆေးပင်တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ကျွန်မက သင်ပေးမယ်။ ကျွန်မတို့ တပ်မဟာက သူစားဖို့အတွက် သိပ်ပြီး ဂရုမစိုက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကိုယ့်ဘာသာ တောင်ပေါ်မှာ ဆေးပင်တွေ သွားရှာလို့ရတယ်။ သေချာတာကတော့ ကျွန်မက သူ့ကို ဆေးပင်တွေ ပေးမှာတော့ မဟုတ်ပေမယ့် ကျွန်မတို့ မိသားစုရတဲ့ ရိက္ခာထဲက အချို့ကိုတော့ ပေးမှာပါ။”

ထျန်းယိုဖုက ပျော်လွန်းလို့ ဘာလုပ်ရမလဲမသိ ဖြစ်သွားခဲ့သည်။ တပ်မဟာထဲတွင် လီချွမ်းကျင်လို ပြဿနာရှာတတ်သည့် သူမျိုးကတောင် ဒီနေရာမှာတော့ ဘာမှ မလုပ်နိုင်ပါ။ ထိုနေရာမှာ သူ့ရဲ့ ပြဿနာများကို အမြဲတမ်း ကူညီ ဖြေရှင်းပေးနိုင်သည့် ဝမ့်ရင်းလို တစ်စုံတစ်ယောက်က ရှိနေခဲ့သည်။

“အဲ့လိုဆိုလည်း ကောင်းတာပဲလေ။”

အနည်းဆုံးတော့ ဒီလူက အလုပ်ရှုပ်နေပြီး ဒေသခံအဖွဲ့က သူမရဲ့ ရိက္ခာအတွက် နောက်မှ စကားများကြလိမ့်မည်။

ဝမ့်ရင်းက ထိုကိစ္စကို ဖြေရှင်းပြီးနောက် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမက မီးသွေးနှင့် ထင်းမီးအတွက် တပ်မဟာထံမှ တောင်းဆိုခဲ့သည်။ ချမ့်ရှုဖန်းနှင့် သူမရဲ့ အမျိုးသားက ပျက်စီးနေသည့် အိမ်တွင် ထင်းမီးမရှိဘဲ နေခဲ့ကြသည်။ သူတို့က ဘယ်အချိန်မှာမဆို အေးခဲပြီး သေသွားနိုင်သည်။

ထျန်းယိုဖုက ခနတာလောက် တွေဝေသွားခဲ့ပြီး အနည်းငယ် ပေးဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ သို့သော် သိပ်အများကြီးတော့ မဟုတ်ပါ။ ညနေပိုင်းတွင် ခနတာ မီးဖိုဖို့အတွက်တော့ လုံလောက်သည်။ ထို့နောက် မီးသွေး အနည်းငယ်ကို ပေးခဲ့သည်။

ဝမ့်ရင်းက အတော်လေး ရောင့်ရဲသည်။ ဘာမှ မရှိနေတာထက် တစ်ခုခု ရှိနေတာက ပိုကောင်းသည်။ ဒါဟာ သူမတို့ မိသားစုက ထိုအရာကို မတတ်နိုင်လို့ မဟုတ်ဘဲ ဘယ်လို ပြဿနာမျိုးပဲ ဖြစ်နေပါစေ သူက အဲ့ပြဿနာကို ဘယ်လိုမြင်လဲ ဆိုတာမျိုး ဖြစ်သည်။

ထျန်းယိုဖုက အုတ်တံတိုင်းကို ပြင်ရန် ကူညီဖို့အတွက် လူအနည်းငယ်ကို ရှာထားခဲ့သည်။ သူတို့က အုတ်တံတိုင်းကို ပြန်ပြင်သော်လည်း အုတ်အများကြီး မရှိသည့်အတွက် သူတို့က နှင်းများကို ထပ်ပြီး ရေလောင်းကာ ခဲပစ်ခဲ့ကြသည်။

ထိုကဲ့သို့သော ရေခဲနံရံများသည် ဆောင်းတွင်းမှာ လေဒဏ်နှင့် တောင်ပေါ်မှ ဆင်းလာသော တိရိစ္ဆာန်များကို ကာကွယ်ဖို့ သုံးခဲ့ကြသည်။ အခန်းနှစ်ခန်းကိုတော့ အပြင်ဘက်မှာ ထားထားကြသည်။ နွေရာသီရောက်လို့ ရေခဲများ အရည်ပျော်သွားတာက ပြဿနာတစ်ခု မဟုတ်တော့ပါ။

ရေခဲနံရံများ ဆောက်ကြသည်မှာ ရှားပါးသည့် အရာမျိုး ဖြစ်သည်။ ထို့ကြောင့် ကလေးတစ်စုက ဆူဆူညံညံ လိုက်နေကြပြီး သူတို့တွေက ထိုနံရံကို ထိဖို့အတွက် ကြိုးစားနေကြသည်။

“ဒါက ဘယ်သူ့ ကလေးလဲ။ ဘယ်လိုဖြစ်လို့ လက်မှာ ဘာမှမဝတ်ပေးဘဲ မင်းရဲ့ကလေးကို ခေါ်လာရဲရတာလဲ။”

“ဟေး၊ ဟေး၊ ဟေး။ ရေခဲတွေကို လျက်လို့ မရဘူး။”

“ခေါင်းဆောင်က ဘယ်လိုတွေးနေမယ်လို့ မင်းထင်လဲ။ ပြန်လည် ပြုပြင်နေတဲ့ သူတွေအတွက် သူက ငါတို့ကို ရေခဲနံရံ ဆောက်ပေးခိုင်းတာ။”

“ဘယ်သူက သိမှာလဲ။ အခြားအဖွဲ့တွေက စိတ်မှ မဝင်စားတာ။”

“ထလိုက်တော့။ အဲ့လိုမှ မဟုတ်ရင် ဒီနေရာက အရမ်း ဝေးတယ်။ တောဝက်နှစ်ကောင် ဒါမှမဟုတ် ဝံပုလွေတွေ ရောက်လာတဲ့ အချိန်ကျရင် ငါတို့က အဲ့ကောင်တွေကို ခုခံနိုင်မှာ မဟုတ်ဘူး။”

“ဒါတော့ သေချာတယ်။ သူတို့ရဲ့ အိမ်ထဲမှာ ဘာမှ မရှိတာကို ငါမြင်လိုက်တယ်။ နံရံလည်းမရှိနဲ့။ လူတွေက ခဲပြီး သေကုန်မယ်။”

…..

ချမ့်ယုက အံ့ဩပြီး တုန်လှုပ်သွားခဲ့သည်။ သူမက တံခါးရဲ့ အနောက်ဘက်မှာ ပုန်းနေခဲ့ပြီး လူတွေက ရေခဲနံရံ ဆောက်နေတာကို ကြည့်နေခဲ့သည်။ သူမက မြို့ဟောင်းတစ်ခုတွင် နေခဲ့ပြီး ဒီလောက်ကြီးတဲ့ နှင်းမျိုးကိုတော့ မမြင်ခဲ့ဖူးပါ။ ထို့အပြင် အဲ့နှင်းတွေက ဒီလောက်ကြီးတဲ့ ရေခဲနံရံကြီးကို တည်ဆောင်နိုင်သည်။

ချမ့်ရှုဖန်းကလည်း အပြင်ကို မထွက်ခဲ့ပါ။ အခုဆိုရင် သူတို့ရဲ့ နောက်ခံအနေအထားက မကောင်းပါ။ ထို့အပြင် သူတို့က အပြင်ထွက်ပြီး တစ်ယောက်ယောက်နှင့် သွားတွေ့ပါက သေချာပေါက် အလှောင်ခံရလိမ့်မည် ဖြစ်သည်။

ချမ့်ယုကို ကြည့်လိုက်သည့်အခါ သူမရဲ့ မျက်လုံးများက စူးစမ်းလိုစိတ် ဖြစ်နေသော်လည်း တံခါးရဲ့ အနောက်တွင်သာ ပုန်းနေခဲ့သည်။ ချမ့်ရှုဖန်း၏ ရင်ထဲတွင် နာကျည်းနေခဲ့သည်။ သူမက ချမ့်ယုကို ဘယ်အချိန်မှ ပေါ်ပေါ်ထင်ထင် လူလုံးပြနိုင်မလဲ ဆိုတာကို မသိဘူး ဖြစ်နေခဲ့သည်။

အရာရာကို စီစဥ်ပေးပြီးနောက် ဝမ့်ရင်းက ရှုရွှမ်းအား ဝမ့်ယုံရွှင်းရဲ့အိမ်သို့ ခေါ်သွားခဲ့သည်။

ဝမ့်ယုံရွှင်းက အစားစားနေခဲ့သည်။ စားပွဲပေါ်တွင် ဂေါ်ဖီနှင့် အာလူးဟင်းရည်ရယ်၊ ဝက်ဆီဖြင့် ချက်ထားသော ခေါက်ဆွဲ တစ်ဝက်ရယ်က ရှိနေခဲ့သည်။

ခေါက်ဆွဲအဖြူများက ဝမ့်ယောင်ကျုံးအတွက် ဖြစ်သည်။ သို့သော် ဝမ့်ယောင်ကျုံးက ကျဲတောက်နေသည့် အရည်ကို မြင်လိုက်ရသည့်အခါ ဒေါသထွက်ကာ ဦးထုပ်ထားပြီး ထွက်သွားခဲ့သည်။

ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့သည် ဝမ့်ရင်း သူတို့အိမ်ထဲ ဝင်လာတာကို အတော်လေး အံ့ဩသွားခဲ့ကြသည်။ ဝမ့်ရင်းက သူတို့ရဲ့ အိမ်ကို ဘယ်တော့မှ မလာတော့ဘူးဟု တွေးထားခဲ့သည်။

ဝမ့်ရင်းက အခန်းထဲ ဝင်သည့်အခါမှာ မျက်ခုံးကို ပင့်ပြလိုက်သည်။ “ဦးလေးက စားနေတာလား။ ဒီနေ့ အစားအသောက်က ကောင်းသားပဲ။”

ဝမ့်ယုံရွှင်းက ထိုစကားကို ကြားသည့်အခါ သူ့မျက်နှာက ချက်ချင်းပဲ သုန်မှုန်သွားခဲ့သည်။ ဝမ့်ရင်းမှာ ရည်ရွယ်ချက်ကောင်းမျိုး မရှိတာကို သိနေခဲ့သည်။

ဝမ့်ရင်းက လျှာကို နှစ်ခါပြန် သပ်လိုက်ပြီး အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်လိုက်သည်။

ထိုအရာကို မြင်သည့်အခါ ဝမ့်ယုံရွှင်းက မျက်မှောင်ကို ကြုတ်လိုက်သည်။ ထိုစာရွက်ကို သူ့ထက် ဘယ်သူကမှ ပိုပြီး မရင်းနှီးပါ။

ထိုစာဟာ ဝမ့်ရင်းရဲ့ မင်္ဂလာဆောင်တုန်းက အတင်း ရေးခိုင်းထားသည့် တောင်းပန်စာ ဖြစ်သည်။

ဝမ့်ရင်းက မောက်မာသော အပြုအမူမျိုးဖြင့် စာရွက်ကို ယမ်းပြလိုက်သည်။

လီချွမ်းကျင်က တုန်လှုပ်သွားခဲ့သည်။ “နင် ဘာလုပ်မလို့လဲ။”

ဝမ့်ရင်းက လက်ဟန်ပြကာ ပြောခဲ့သည်။ “အဒေါ်၊ ကျွန်မ ဒီကိစ္စကို အဒေါ်နဲ့ ရှင်းရဦးမယ်။ ကျွန်မရဲ့ မင်္ဂလာပွဲနေ့တုန်းက ပြဿနာ ရှာသွားတာလေ။ ဒီကိစ္စက ဒီတိုင်းပဲ ပြီးသွားမယ်လို့ အဒေါ်က ထင်နေတာလား။”

တကယ်တော့ လက်ထပ်ပြီး ထိုရက်တွေတုန်းက ဝမ့်ရင်းသည် ထိုအကြွေးကို တောင်းဖို့အတွက် အတွေး မရှိခဲ့ဖူးပါ။

သို့သော် လီချွမ်းကျင်က ထိုကိစ္စကို ကျော်သွားခဲ့သည်။

သူ့မှာ သက်သေ တိတိကျကျ ရှိနေခဲ့ပြီး သူတို့ရဲ့ အရှေ့မှာတောင် ထုတ်မပြရသေးပါ။

ဝမ့်ယုံရွှင်းမှ ပြောခဲ့သည်။ “ဒါက ဘာအဓိပ္ပါယ်မှ မရှိဘူး။”

ဒါဟာ မှားယွင်းသည့် စွပ်စွဲချက် တစ်ခုဟု ပြောလို့ရသည်။ သူတို့ရဲ့ တောင်းပန်စာကို ထုတ်ပြလိုက်သည်မှာ ဝမ့်ရင်းက သူတို့ကို ခွင့်လွှတ်တယ်ဆိုတာ သက်သေပြနေခြင်း ဖြစ်သည်။ အခုချိန်ထိ ထိုကိစ္စကို သယ်လာတာကလည်း ဘာကိုမှ သက်သေပြနေခြင်း မဟုတ်ပါ။

ဝမ့်ရင်းက ပြုံးပြီး ပြောခဲ့သည်။ “ဒါ ဘာကိုမှ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာကို လက်လွှဲပေးလိုက်ရင် ရှင့်ရဲ့ ယွမ်၈၀က ဘယ်ကနေ ရလာလဲဆိုတာကို ကျွန်မတို့ ဆွေးနွေးလို့ ရနိုင်တယ်လေ။”

ဝမ့်ရင်းက ထိုဆူညံသံများကို အိမ်နီးနားချင်းများထံမှ အချိန်အကြာကြီး ကြားခဲ့ရသည်။ ဝမ့်ယုံရွှင်းရဲ့ အငယ်ဆုံးသား ဝမ့်ယောင်ကျုံးက သုံးပြီးသား နာရီကို ဝယ်ချင်ခဲ့သည်။ သို့သော် တစ်ယောက်ယောက်က သူ့ကို ရိုက်ပြီး ပိုက်ဆံကို လိမ်ယူသွားခဲ့သည်။

ဝမ့်ရင်းက ထိုစကားကို သေသေချာချာ ပြောခဲ့သည်။ “ကျွန်မ ရှင့်ကို ဘာမှတော့ မလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် ဝမ့်ယောင်ကျုံးက ကျောင်းမသွားနိုင်ဘူးဆိုတာ သေချာအောင်တော့ လုပ်ပေးလို့ ရတယ်နော်။”

ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့က လူအများ အမြင်မှာဆို ဆွေးမျိုးများ ဖြစ်ကြသည်။ ထို့ကြောင့် တကယ်လို့ သူမကသာ အရှုပ်တစ်ခုခု ဆက်လုပ်ပါက သူတို့ မိသားစု ကိစ္စအဖြစ်ပဲ အပြစ်တင်ခံရမည် ဖြစ်သည်။

သို့သော် ဝမ့်ယောင်ကျုံးကတော့ ကွဲပြားသည်။ အခုခေတ်တွင် အထက်တန်းကျောင်းများ အားလုံးသည် ထောက်ခံချက်များ အပေါ်တွင်သာ အခြေခံသည်။ သူသည် ကျောင်းတက်နေရင်း တစ်ပတ်ရစ် နာရီများကို ဝယ်ဖို့အတွက် ကြိုးစားခဲ့သည်။ ထို့ကြောင့် သူက မိသားစုရဲ့ ပိုက်ဆံကို ခိုးသွားခဲ့သည်။ သူ့ရဲ့ မိဘများက ပိုက်ဆံကို ရှာမတွေ့သည့်အခါ သူတို့က အခြားသူအပေါ် အပြစ်ပုံချခဲ့သည်။…. ဒါမျိုးကို ကျောင်းကနေ ထုတ်သင့်တယ်မလား။

ဝမ့်ရုံရွှင်းက မတ်တပ် ထရပ်ခဲ့သည်။ “နင် လုပ်ရဲလား။”

ဝမ့်ရင်းက စာရွက်ကို ယမ်းပြကာ ပြန်ယူခဲ့သည်။ “ကျွန်မရဲ့ အဒေါ်ကို နောက်ထပ် အကြိမ်ရေ နည်းနည်းလောက် ခုန်ခိုင်းလိုက်ဦး။ ပြီးမှ ကျွန်မက လုပ်ရဲလားဆိုတာ ကြည့်လိုက်လေ။”

ဝမ့်ယုံရွှင်းသည် လီချွမ်းကျင် မနေ့က ဘာလုပ်ခဲ့လဲ ဆိုတာကို သိနေခဲ့သော်လည်း သူက စိတ်ပျက်နေခဲ့သည်။ ဝမ့်ရင်းတို့ လင်မယားက တော်တော်လေး တော်သည်။ အဲ့လိုမှ မဟုတ်ပါက အခြားသူတွေရဲ့ ဘဝက ဆိုးရွားနေစဥ် သူတို့ရဲ့ ဘဝက ဘာလို့ ဒီလောက်ထိ ကောင်းနေရတာလဲ။ ဒါကို မြင်ရတာက တကယ်ကို မျက်စိ စပါးမွေး စူးစရာပဲ။

သို့သော် ဝမ့်ရင်းက ထိုစကားကို အကျယ်ကြီး ပြောသည့်အခါ ဝမ့်ယုံရွှင်းက ဘာကိုမှ ထပ်ပြီး မလုပ်ရဲတော့ပါ။

အခုချိန်မှာ ဝမ့်ရင်းဆိုတဲ့ ကောင်မလေးက ဘာမဆို လုပ်ရဲနေပြီ။

“ငါ သူ့ကို ကြည့်လုပ်လိုက်မယ်။” နောက်ဆုံးမှာတော့ ဝမ့်ယုံရွှင်းက ခပ်မာမာ မျက်နှာထားမျိုးဖြင့် ပြောခဲ့သည်။

ဝမ့်ရင်း - “ကျွန်မက ရှင့်ကို ထိန်းချုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှင်တို့ ဒါကိုတော့ သတိထားသင့်တယ်။ ကျွန်မက ရှင်တို့ နှစ်ယောက်ကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ကျွန်မရဲ့ ဘဝကို ကောင်းကောင်းနေဖို့ စီစဥ်ထားတာ။ ရှင်တို့က ကျွန်မကို ရန်မစရင် ကျွန်မကလည်း ရှင်တို့ကို ဘာမှ မလုပ်ဘူး။”

'ရှင်တို့က အချိန်တိုင်း ကျွန်မကို လာစမ်းချင်ရင် ရှင်တို့ရဲ့ အားကို ရှင်တို့ စမ်းသပ်ထားဖို့တော့ လိုလိမ့်မယ်။'

ဝမ့်ယုံရွှင်းက သူ့လည်ပင်းကို ပွတ်ကာ ပြောခဲ့သည်။ “ဟုတ်ပြီ။ ငါ နားလည်တယ်။”

ထိုစကားကို ပြောပြီးနောက် သူက လီချွမ်းကျင်ကို ထပ်ပြီး ရိုက်လိုက်သည်။ လီချွမ်းကျင်က ထိုအရာကို အတော်လေး မုန်းကာ သူမရဲ့ ပါးစပ်က သွေးများ ထွက်လာသော်လည်း မငြင်းရဲခဲ့ပါ။

ဝမ့်ယောင်ကျုံးက ဘွဲ့ရခါနီးနေပြီ။ တကယ်လို့ သူသာ လွဲချော်သွားခဲ့ရင် နောက်ပိုင်း သူ ဘာလုပ်ရတော့မှာလဲ။

“ကျွန်မ၊ ကျွန်မလည်း တူတူပါပဲ။ အခုကနေ စပြီးတော့ ကျွန်မ ဘာကိုမှ မပြောတော့ပါဘူး။”

ထိုအာမခံစကားကို ကြားပြီးနောက် ဝမ့်ရင်းက ကျေကျေနပ်နပ်နှင့် ခေါင်းငြိမ့်ကာ ထွက်သွားခဲ့သည်။

ရှုရွှမ်းရဲ့ ဝမ်းကွဲ ညီအကိုများ တွန်းအားပေးပြီး လက်မှတ်ထိုးခိုင်းသည့် အရာမှာ တကယ်ကို အသုံးဝင်သည်။ ထို့ကြောင့် အဲ့ဒါက တကယ်ကို ကောင်းချီးပေးသည့် အရာတစ်ခုပင် ဖြစ်သည်။

“နေ့လည်ကျရင် ငါတို့တွေ ဘာစားကြမလဲ။”

ရှုရွှမ်းက ဝမ့်ရင်းကို အိမ်ပြန်ခေါ်သွားခဲ့သည်။ “ပိန်းဥနဲ့ ကြက်သား”

ကြက်သားတစ်ဝက်ကို ကြော်ဖို့ သုံးကာ ပိန်းဥကို အဆင်သင့် ပြုလုပ်ထားခဲ့သည်။ ထို့နောက် ထိုအရာကို မီးအေးအေးလေးနှင့် တည်ထားခဲ့သည်။ ကြက်သားက လက်ဆက်ပြီး စပ်ကာ ပိန်းဥရ နူးညံ့ပြီး အရသာရှိသည်။ လက်လက်ဆက်ဆက် သတ်ပြီး ချက်ထားသော ကြက်သားမှာ အတော်လေး တင်းရင်းကာ စားကောင်းသည်။ ပိန်းဥက နူးလာကာ အနီရောင် ဟင်းရည်ထဲတွင် မြုပ်သွားသည်အထိ ချက်ထားခဲ့သည်။ ထိုအရသာမှာ ကြက်သားလုံးကြော်ထက် ပိုစားကောင်းသည်။

သူတို့ရဲ့ အဓိက အစားအစာမှာ ခေါက်ဆွဲ ဖြစ်သော်လည်း ဂျုံမှုန့် အကောင်းများကို တိုက်ရိုက် သုံးဖို့အထိတော့ အရမ်းကြီး ချမ်းသာမနေခဲ့ကြပါ။ သူတို့က အဲ့အစား ပြောင်းဂျုံနှင့် ဂျုံဖြူကိုရောကာ လက်လုပ် ခေါက်ဆွဲကို သုံးကြသည်။ ပူနေသည့် ခေါက်ဆွဲသားပေါ်မှာ ပိန်းဥကြက်သားကို တစ်ဇွန်းအပြည့် တင်လိုက်ပြီး ဟင်းရည်ကို ခေါက်ဆွဲဘေးနားမှာ ထည့်လိုက်ပြီး အတော်လေးကို စားချင်စဖွယ် ဖြစ်နေခဲ့သည်။

ဝမ့်ရင်းက တစ်ပြိုင်တည်း နှစ်ပန်းကန် စားခဲ့သည်။

အိမ်ရှိ ကြက်သားများကို စားလိုက်သော်လည်း ဆောင်းတွင်းမှာ အေးသည့်အတွက် ကြက်မ တစ်ကောင်တည်းကသာ ဥများကို ဥပေးနေသည်မှာ လုံလောက်သည်။ ကြက်ဖများက ဥများကို စားနိုင်သည့်အတွက် သူတို့က နွေရာသီရောက်မှသာ ကြက်မကို မွေးမြူကြသည်။

ကြက်ဥများကို ကြက်မ တစ်ကောင်တည်းက ဥသည်မှာ အခုချိန်တွင် မိသားစုအတွက် မလုံလောက်သော်လည်း အိမ်မှာ အသားက လုံလုံလောက်လောက် ရှိနေသည်ဟု ဝမ့်ရင်းက တွေးနေခဲ့သည်။ ထို့ကြောင့် ကြက်ဥ နည်းနည်းပဲ ရှိနေရင်တောင် ကိစ္စမရှိပါ။

ရှုရွှမ်းက ကြက်ဖကို မြန်မြန် သန့်ရှင်းရေး လုပ်ကာ အလယ်က ပိုင်းလိုက်သည်။ တစ်ဝက်ကို ချက်ပြီး တစ်ဝက်ကို ရေခဲပုံးကြီးထဲတွင် ထည့်လိုက်သည်။

လီချွမ်းကျင်သည် ဘေးအိမ်က ချက်ပြုတ်နေသည့် အနံ့ကို ရသည့်အခါ ကြက်သေ သေသွားခဲ့သည်။

ဝမ့်ရင်းသည် လက်ထပ်ပြီးကတည်းက ထိုအရာများကို နေ့တိုင်း စားနေခဲ့သည်။

'တစ်ခါတစ်လေ ဘေးအခန်းက ချက်ပြုတ်နေတဲ့ အနံ့တွေကို မနက်ရော ညနေရာ ရနေတာ။'

ဝမ့်ယုံရွှင်းက သူ့ရဲ့အရှေ့က ဂေါ်ဖီနှင့် အာလူးဟင်းကို တစ်လုပ်တောင် မစားနိုင်ခဲ့ပါ။

သူတို့နှစ်ယောက်လုံးက တိတ်တဆိတ် ထိုင်နေကြပြီး စားပွဲခုံပေါ်က စားစရာများကလည်း အေးသွားခဲ့သည်။

သိပ်မကြာခင်မှာပဲ ဝမ့်ယောင်ကျုံးက ပြန်လာခဲ့သည်။ သူက ကျိုးနေသည့် တံခါးကနေ တိတ်တဆိတ် တွန်းပြီး ဝင်လာသည့်အခါ ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့က စားပွဲဝိုင်းတွင် တိတ်တဆိတ် ထိုင်နေကြသည်ကို သူက အံ့အားသင့်စွာ တွေ့ခဲ့ရသည်။

“မင်း ဘယ်သွားခဲ့တာလဲ။”

ဝမ့်ယောင်ကျုံးက ဘာမှမဖြေဘဲ သူ့ရဲ့လက်ထဲတွင် ကြက်သေတစ်ကောင်ကို ကိုင်ကာ လီချွမ်းကျင်ထံ လမ်းလျှောက်သွားခဲ့သည်။

All Chapters