← Chapters

အခန်း (၆၄)

Vol. 6 Ch. 64

အခန်း (၆၄)

Vol. 6 Ch. 64

ဝမ့်ယောင်ကျုံး ကိုယ်တိုင်ကလည်း သူ လမ်းလျှောက်ထွက်သွားချိန်မှာ အခုလို ကောင်းသည့် အရာမျိုးကို ကြုံတွေ့ရမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပါ။

သူက အပြင်ထွက်သွားမိသည်ကို အနည်းငယ် နောင်တရသွားခဲ့သည်။ အပြင်ဘက်မှာ ခဲလောက်အောင် အေးနေခဲ့ပြီး ဘေးပတ်လည်မှာလည်း ဘယ်သူကမှ ရှိမနေခဲ့ပါ။ သူက ဒေါသဖြင့် နှင်းများကို ကန်လိုက်သည်။

အနည်းဆုံးတော့ သူက ကျောင်းမှာ နေ့လည်စာအဖြစ် ပေါက်စီနှင့် အသားကဲ့သို့သော အစားကောင်းများကို စားလို့ရသည်။ သို့သော် သူပြန်ရောက်သည့်အခါ ခေါက်ဆွဲခြောက်ကိုသာ စားရသည်။ သူက ဆေးရုံမှ ဆင်းပြီကာစ ဖြစ်သည်။ အားရှိသည့် အစားအစာများကို စားသင့်သည် မဟုတ်ပါလား။

ဝမ့်ယောင်ကျုံးသည် သူ့မိဘများက အရည်အချင်း မရှိသည့်အတွက် အပြစ်တင်နေခဲ့ကာ သူက မိသားစုကောင်း တစ်ခုတွင် ဘာလို့ မွေးမလာရတာလဲ ဆိုတာကို သိချင်နေခဲ့သည်။ မြို့က မိသားစုထဲတွင် မွေးလာရတာက အကောင်းဆုံး ဖြစ်သည်။ သို့မှသာ မြို့မှာ စားကောင်းသောက်ကောင်းကို စားရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မည် ဖြစ်သည်။

ဒါဟာ ဝမ့်ယောင်ကျုံး၏ နားလည်မှု လွဲနေခြင်းသာ ဖြစ်သည်။ အခုခေတ်တွင် မြို့မှာ နေထိုင်သည့် သူများ၏ ဘဝသည် စားဖို့အတွက် အချိန်တိုင်း ပေးနေရမည် ဖြစ်ပြီး မိုးခေါင်ရေရှားခြင်း သို့မဟုတ် ရေကြီးခြင်းတို့ကို အလေးထားသည့် အာမခံချက်မျိုး ရှိသည်။ သို့သော် လူနေမှု အခြေအနေကို ပြောရရင် ကန့်သတ်ချက်မရှိ အသားများကို စားလို့ရသည့် ဘဝမျိုးနှင့်တော့ အဝေးကြီး ဖြစ်သည်။ စားဝတ်နေရေးအတွက် မိသားစုတိုင်းက လစာအပေါ်မှာသာ မှီခိုနေရပြီး လူအမျိုးက ငတ်ပြတ်နေကြသည်။

ဝမ့်ယောင်ကျုံးက ခနလောက် လမ်းလျှောက်ပြီးနောက် စိတ်ဓာတ်ကျလာကာ အိမ်သို့ ပြန်လာခဲ့သည်။ သို့သော် ရုတ်တရက် ဆိုသလိုပဲ နှင်းထဲတွင် ကြက်ခြေရာများကို တွေ့လိုက်သည်။

သူက ထိုကြက်အနောက်ကနေ တိတ်တဆိတ် လိုက်သွားဖို့အတွက် အကြံရလိုက်သည်။

ခြေရာများနောက်ကို ခနလောက် လိုက်သွားပြီးနောက် ဝမ့်ယောင်ကျုံးက ပျော်သွားခဲ့သည်။ တစ်ယောက်ယောက်ရဲ့ ကြက်က လျှောက်သွားကာ နှင်းထဲတွင် ခိုက်ခိုက်တုန်နေခဲ့သည်။

ဝမ့်ယောင်ကျုံးက လုံးဝ တွန့်ဆုတ်မနေခဲ့ပါ။ သူက လက်ဖြင့် နှင်းဘောလုံးများကို လုပ်ပြီး ကြက်ကို ထွက်မပြေးနိုင်အောင် စနေခဲ့သည်။ ထို့နောက် အားဖြင့် ပေါက်လိုက်သည်။ အနည်းငယ် ပေါက်လိုက်သည့်အခါ ကြက်က သေသွားခဲ့သည်။

ဝမ့်ယောင်ကျုံးရဲ့ စကားများကို ကြားပြီးနောက် လီချွမ်းကျင်က တွန့်ဆုတ်မနေဘဲ ပျော်ရွှင်သွားခဲ့သည်။ “ကောင်းလိုက်တာ။ ငါတို့တွေလည်း အသား စားရတော့မယ်။”

သူမက ဝမ့်ယောင်ကျုံးရဲ့ အရည်အချင်းကို ကျေနပ်စွာ ချီးကျူးလိုက်သည်။ သူက လမ်းထွက်လျှောက်ရုံဖြင့် ကြက်တစ်ကောင်ကို အလကား ရလိုက်သည်။ ဘယ်သူကများ မနာလိုဘဲ နေပါ့မလဲ။ ဟဟ၊ အိမ်နီးနားချင်းတွေက သူမကို ဆွဲဆောင်ဖို့အတွက် ကြက်သားတွေ ချက်နေကြတာ။ အခုဆိုရင် သူမကလည်း ကြက်သား စားရတော့မယ်။

ဝမ့်ယုံရွှင်း၏ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး ဝမ့်ရင်းက အပြစ်တင်သည့်အတွက် ဖြစ်ခဲ့ရသည့် စိတ်ဓာတ်ကျစရာများကလည်း ပျောက်သွားခဲ့ရသည်။

“ကောင်းပြီ။ မင်းအမေကို ကြက်သားဟင်း မြန်မြန်ချက်ဖို့ သွားပြောလိုက်။ ကြက်မွှေးတွေကို တောင်ရဲ့ အနောက်ဘက်ကို ပစ်ပြီး ဘယ်သူမှ ရှာမတွေ့စေနဲ့လို့။”

ကြက်တစ်ကောင်က ကောင်စီမြို့က လူတွေအတွက် ဘာကို ဆိုလိုလဲဆိုတာ ဝမ့်ယုံရွှင်းက သိနေခဲ့သည်။ တခြားသူရဲ့ ကြက်ကို မဆိုထားနှင့်၊ ထိုကြက်က သူ့အပိုင် ဖြစ်နေပြီး ပျောက်သွားခဲ့ရင် လီချွမ်းကျင်က အတော်လေး ဝမ်းနည်းကာ နာနာကျည်းကျည်း ငိုနေတော့မည် ဖြစ်သည်။

“အမေ၊ ကြက်တွေအားလုံးကို ချက်ပေး။ ဘာမှ မကျန်စေနဲ့။”

ဝမ့်ယုံရွှင်းက ကြက်သားကို သိမ်းထားပြီး ဖြည်းဖြည်းချင်း စားချင်နေခဲ့သည်။ သို့သော် သူမက ဝေဖန်ခံရမှာကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမက ကြက်သားကိုချက်ပြီး တစ်မိသားစုလုံး ကောင်းကောင်းစားဖို့အတွက် ဆုံးဖြတ်ခဲ့သည်။

ဝမ့်ယောင်ကျုံးကလည်း ဂုဏ်ယူနေခဲ့သည်။ “အမေ၊ ကြက်သားနဲ့ အာလူးဟင်း ချက်ပေး။ ပြီးရင် ဂေါ်ဖီလည်း ပိုထည့်ပေး။ စောနက ခေါက်ဆွဲတွေရော ဘယ်ရောက်သွားလဲ။ ဘာလို့ အဲ့ဒါတွေကိုပါ တူတူ မထားတာလဲ။ ကောင်းပြီ။ ကျွန်တော့်ကို ခေါက်ဆွဲ တစ်ပန်းကန်ပါပေး။”

လီချွမ်းကျင်က မျက်မှောင်ကြုတ်ကာ ပြုံးပြလိုက်ပြီး ချက်ချင်း သဘောတူလိုက်သည်။

လီချွမ်းကျင်သည် ချက်ပြုတ်ရင်း မီးမွှေးနေခဲ့ကာ အစားအစာ အနံ့များကို ဝမ့်ရင်းရဖို့ရန် အာရုံစိုက်နေခဲ့သည်။ အိမ်မှာနေရတဲ့ ဘဝကလည်း သိပ်ပြီး မဆိုးလှပါ။

…..

ဝမ့်ရင်းက အနံ့ရလိုက်သည်။ သို့သော် သူမက အနံ့မခံခင်မှာဘဲ ဘေးအခန်းက စကားသံကို ကြားလိုက်ရသည်။

ရုတ်တရက်ဆိုတော့ သူမက ဘာပြောရမလဲ မသိဘူး ဖြစ်သွားသည်။

ဒါက အံ့သြစရာပဲ။ ဒီလင်မယားက သူတို့သားအတွက် ချီးကျူးနေပုံကို ကြည့်ရုံနဲ့ ဝမ့်လင်းလင်းနဲ့ ဝမ့်ယောင်ကျုံးကို သေချာ ပြုစုပျိုးထောင်ခဲ့ပုံပဲ။

ရှုရွှမ်းကတော့ ဘေးအခန်းက စကားသံများကို မကြားရပါ။ သို့သော် သူက ဘေးအခန်းက အနံ့များကို ရနေခဲ့သည်။

သူက မျက်ခုံးကို ပင့်လိုက်သည်။ အခုခေတ်တွင် အိမ်ထောင်စုတိုင်းကို ကြက်များကို အလေးပေးကာ အရေးတကြီး ထားထားတတ်ကြသည်။ သူတို့က ကြက်များကို သတ်မယ်ဆိုရင်တောင် တရုတ်နှစ်သစ်ကူး၊ သို့မဟုတ် အိမ်မှာ ပျော်ပွဲရွှင်ပွဲကဲ့သို့ အရေးကြီး ပွဲမျိုးတွင်သာ လုပ်ကြသည်။ သူတို့ရဲ့ မိသားစုကြောင့် ဘေးအိမ်က အဆူခံခဲ့ရသည်။ အခုဆိုရင် သူက မီးဖိုထဲမှာ ကြက်သား စားချင်စိတ် ရှိနေခဲ့သည်။

သူ မှတ်မိတာ မှန်တယ်ဆိုရင် အခု ဘေးအိမ်မှာ ကြက်က တစ်ကောင်ပဲရှိတာ။

ဥမဥခိုင်းဘဲ ဒီတိုင်း သတ်လိုက်ကြတာလား။ သူတို့က ရူးသွားကြတာလား။ ဘဝကို ဒီမှာပဲ အဆုံးသတ်ဖို့ အဆင်သင့် ဖြစ်နေတာလား။

ဝမ့်ရင်းက နှုတ်ခမ်းကို သပ်လိုက်သည်။ “စောင့်ကြည့်ကြတာပေါ့။”

ထိုကြက်က ဘယ်သူ့အပိုင်လဲ မသိသော်လည်း ဝမ့်ယောင်ကျုံးက ဒီလို ပစ္စည်းမျိုးကို ခိုးသွားခဲ့သည်။ နောက်ပိုင်း အနှေးနဲ့ အမြန် သူက သူ့မိဘတွေ အဆင်ပြေဖို့ အမှားကြီးတွေကို လုပ်မိလိမ့်မည် ဖြစ်သည်။

ဒါပေမယ့်လည်း ဒါတွေက သူမနဲ့ ဘာမှမဆိုင်ပါဘူးလေ။

ဝမ့်ရင်းရဲ့ လက်ရှိဘဝသည် ကမ္ဘာပျက်ခါနီးတွင် သူမ အလိုချင်ဆုံး ဘဝမျိုး ဖြစ်သည်။ နေ့တိုင်း သူမက အိပ်ရာထ၊ စား၊ သောက်၊ နေပူဆာလှုံပြီး တစ်ခါတစ်လေ အလုပ်များကို ကူလုပ်ပေးသည်။

ဒါတောင် ရှုရွှမ်းက ကန့်ကွက်တာတွေ ရှိနေဆဲ ဖြစ်သည်။

“မင်းအတွက်က မလိုပါဘူး။ အပေါ်တက်ပြီး သွားလှဲနေလိုက်။”

ဝမ့်ရင်းက ပြောခဲ့သည်။ “ကျွန်မ လှဲနေရတာ ပင်ပန်းနေပြီ။”

ကြင်စဦး ဇနီးမောင်နှံအတွက် အမျိုးသမီးကြီး မစ္စရှု ထားပေးခဲ့သည့် နေရာလေးသည် အမြန်ပဲ ကြည်နူးစရာ ဖြစ်လာခဲ့သည်။

ဝမ့်ရင်းကိုယ်တိုင်က လည်ချောင်းမှာ သကြားလုံး နင်နေသလို ခံစားခဲ့ရသည်။ “ကျွန်မ ဘာမှ မလုပ်ဘဲနဲ့ ဒီနေရာမှာ လှဲနေတာ ကြာလှနေပြီ။ ဆောင်းတွင်းက တကယ်ကို ကြာတာပဲ။”

ဝမ့်ရင်းက တော်တော်လေး ဝမ်းနည်းနေခဲ့သည်။ သူမက ဆောင်းတွင်းမှာ ပြင်ဆင်စရာ ရှိတာများကို ပြင်ဆင်ရမည် ဖြစ်သည်။ အခုဆိုရင် စာအုပ်များ ဖတ်ရသည်မှာ အနည်းငယ် ရှားနေသော်လည်း စာအုပ်များ ဝယ်ဖို့မှာ ခက်ခဲသည်။ သူမက ဟင်းချက်စာအုပ်များကို ဝယ်လာခဲ့ပြီး နေ့တိုင်း ဖတ်နေခဲ့ကာ သူမ လှန်မိသမျှ စာရွက်ထဲရှိ ဟင်းများကို စားနေခဲ့ရသည်။

ရှုရွှမ်းက မျက်ခုံးကို ပင့်ပြကာ ပြောလိုက်သည်။ “ခနလောက် ကိုယ်က မင်းအတွက် လှဲပေးမယ် ဆိုရင်ရော။”

ဝမ့်ရင်း - “……”

ထားလိုက်တော့။

ရွှေလက်ဖြင့်တောင် ဝမ့်ရင်းက မကြာခင်ကမှ အတော်လေး ခက်ခဲခဲ့ရသည်ကို ခံစားခဲ့ရသည်။

ရှုရွှမ်းက အချို့သော အားကစားများတွင် တကယ်ကို စိတ်အားထက်သန်သည်။

“ဟင့်အင်း၊ ဟင့်အင်း။ ကိုယ့်ဘာသာပဲ သွားလှဲတာက ပိုကောင်းတယ်။”

အဲ့လိုမှမဟုတ်ဘဲ နေ့ခင်းဘက်ကြီး တစ်ယောက်ယောက်က တံခါးလာခေါက်ရင် ဘယ်လိုလုပ်မလဲ။

ရှုရွှမ်းက လက်ဆေးပြီး ပြောလိုက်သည်။ “အဲဲဒါကို လာပြီး စဥ်းစားချည်။ ကိုယ် အိမ်မှာပဲ ဟင်းချက်ဖို့ စာအုပ်တွေ လုပ်ပေးမယ်။”

ဝမ့်ရင်းရဲ့ မျက်လုံးများက အရောင်တောက်သွားခဲ့သည်။ ရှုရွှမ်းက အခန်းထဲကိုသွားပြီး အံဆွဲကို ထုတ်ကာ သူ့ရဲ့ အင်္ကျီများထဲမှ မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်လိုက်သည်။

ဝမ့်ရင်းက တန်ဖိုးကြီးသော ပါဝင်ပစ္စည်းများကို တွေ့လိုက်ရသည့်အခါ အံ့ဩသွားခဲ့သည်။ “ဒီလို တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ဆွေစဥ်မျိုးဆက် လက်ဆင့်ကမ်းပေးလို့ ရနိုင်တာလား။”

ရှုရွှမ်းက သူမကြောင့် သဘောကျပြီး ပြုံးလိုက်သည်။ “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့ဒါအပြင် ကိုယ်က မင်းကို ပါဝင်ပစ္စည်းတစ်ခု ပေးရင်တောင် မင်းက အဲ့ဟင်းကို ကောင်းကောင်း ချက်နိုင်မှာ သေချာလို့လား။ ဓားကိုင်တာတွေ၊ အပူညှိတာ၊ အရသာထည့်တာ၊ အဲ့ဒါတွေက နှစ်တွေအကြာကြီး လေ့ကျင့်ထားဖို့ လိုတယ်။ ဟင်းအသစ်တစ်မျိုးကို ချက်ဖို့က မခက်ခဲပါဘူး။ ဒါပေမယ့် အဲ့ဟင်းကို ရိုးရိုးလေးနဲ့ အရသာရှိအောင် ချက်ဖို့ကပဲ ခက်ခဲတာ။”

ဝမ့်ရင်းက ကမန်းကတန်း ခေါင်းငြိမ့်ပြခဲ့သည်။ သူမရဲ့ အတိတ်ဘဝတွင် သူမက ရွှေတံဆိပ်ဆုရ စားဖိုမှုးတစ်ယောက် အထူး ချက်ထားသော ငါးကို စားဖူးသည်။ သူမက ထိုငါးကို တစ်ကိုက် ကိုက်လိုက်ရုံဖြင့် သူ့ရဲ့ နူးညံ့မှုကို မှင်သက်သွားခဲ့သည်။ မည်သို့ပင် ဖြစ်စေကာမူ တစ်စားပွဲတည်း ထိုင်နေသော သူမရဲ့ အချစ်ဆုံး သူငယ်ချင်းက ထိုစားဖိုမှူး ချက်ထားသည့် ပင်လယ်စာ ထမင်းကြော်ကို ပုံမှန်ပဲ တုံ့ပြန်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းတွေ၊ ဟင်းချက်နည်းတွေက ရှင့်ရဲ့ စွမ်းရည်နဲ့ အတွေ့အကြုံပေါ်မှာပဲ မူတည်တယ်လို့ သူမ ပြောနိုင်သည်။

ဝမ့်ရင်း - “ရှင်ကရော။”

ရှုရွှမ်းက ခနလောက် မှင်သက်သွားခဲ့သည်။ “ကိုယ့်ရဲ့ဆရာက ရှမ်တုန့်ဟင်းပွဲတွေရဲ့ စားဖိုမှူးတစ်ယောက်ပဲ။ ကိုယ့်အဖေက စီချွမ်း ဟင်းတွေရဲ့ စားဖိုမှူး။ ပြီးတော့ ကိုယ့်မှာက ဦးလေးတစ်ယောက်လည်း ရှိသေးတယ်။ သူတို့ မိသားစုက ဟွိုက်ယန်မှာ စားသောက်ဆိုင် ဖွင့်ထားတာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မတည်ထောင်ခင် ကတည်းကပဲ။ အဲ့မှာလည်း ကိုယ်က အများကြီး လေ့လာဖူးတယ်။”

ခနကြာပြီးနောက် ရှုရွှမ်းက ဝမ့်ရင်းအရှေ့မှာ စိတ်ပျက်သည့် ပုံစံမျိုးကို ပြခဲသည်။ “အများကြီး သိနေတာကလည်း အလကားပါပဲ။ ကိုယ်က အခုချိန်မှာ အဲ့ဒါတွေကို အသုံးချလို့ မရဘူး။”

သူကိုယ်တိုင်ကလည်း ဘာမှ ပြောလိမ့်မည် မဟုတ်ပါ။ နိုင်ငံပိုင် စားသောက်ဆိုင်တွင် ဟင်းအမယ်များစွာ မရှိပါ။ ဆိုင်ထဲက အရောင်းရဆုံး စားစရာများမှာ ဝက်ခြေထောက်ပေါင်းနှင့် ကျန်အရာများမှာ ခေါက်ဆွဲပြုတ်၊ အသားပေါက်စီနှင့် ဖက်ထုပ်တို့ ဖြစ်သည်။ ထိုဟင်းပွဲများက အိမ်ချက် စားစရာများသာ ဖြစ်ပြီး ထိုထဲမှ အချို့သည် နေနှင့် ဆိုင်သည့်အတွက် တည်ခင်းပေးလို့ မရနိုင်ပါ။

ဒါဟာ သေချာပေါက် သူ့ဆရာနှင့် အတူတူဖြစ်ပြီး ဒုက္ခရောက်ရသူများသည် သူ့ရဲ့ တပည့်များနှင့် ဦးလေးများသာ ဖြစ်သည်။

“ကိုယ့်စီနီယာအကိုက စက်ရုံကန်တင်းမှာ အလုပ်လုပ်တာ။ သူ့မှာက တစ်နှစ်ကို နည်းလမ်းလေး နည်းနည်းစီ ရှိတာ။ ပြီးရင် သူက အဲ့ဒါကို ထပ်ခါ ထပ်ခါ လုပ်နေတာ။ အဲ့ဒါတွေ အားလုံးက အိမ်ချက် အရသာတွေချည်းပဲ။ ပြီးတော့ သူက ပမာဏကိုလည်း သေချာ သတ်မှတ်ထားတယ်။ နောက်ဆုံးတစ်ခေါက် လာသွားတဲ့ လျှိုသုက ကောင်စီမြို့ထဲက အထည်စက်ရုံရဲ့ ကန်တင်းမှာ အလုပ်လုပ်တာ။ သူက နှစ်နည်းနည်းကြာတော့ အဲ့ကနေ အနားယူလိုက်တာ။ သူ့ဆရာ ချမ့်တုန်ကတောင် သူ့ကို အထင်သေးနေတာ။”

“ဟွိုက်ယန်ဟင်းကို ချက်ပြုတ်တဲ့ ဦးလေးက အခုဆိုရင် တစ်ခြားဟင်းတွေ ပြောင်းချက်နေပြီ။ ဟွိုက်ယန်ဟင်းတွေကို ကွန်ဖူးဟင်းတွေလို့လည်း သိပ်ပြီး ခေါ်ကြတော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဟင်းတွေက ပြင်ဆင်ရတာ အချိန်ကုန်ပြီး ပျင်းဖို့လည်းကောင်းတယ်။”

ဝမ့်ရင်းက သူ့ရဲ့မျက်နှာကို သနားစွာ ထိလိုက်ပြီး ဒီလိုကိစ္စမျိုးကို ကျော်လွှားနိုင်ဖို့ တကယ်ကို အားပေးချင်နေခဲ့သည်။ နောက်ဆယ်နှစ်ကြာသည့်အခါ လူတိုင်းက အစားအသောက်အတွက် အော်ဟစ်နေကြလိမ့်မည် ဖြစ်သည်။ ထိုရက်တွေ လမ်းဘေးမှာ စားသောက်တန်း ဖွင့်ရင်ပြီး မင်းမှာ အရည်အချင်း ရှိရင်တောင် ကံစမ်းရဦးမည် ဖြစ်သည်။

ဝမ့်ရင်းက သူမရဲ့ ရင်ထဲကနေ ပြောခဲ့သည်။ “ရှင့်ရဲ့ ဟင်းချက်လက်ရာက တော်တော်လေး ကောင်းတယ်။ နောက်ပိုင်းကျရင် ရှင်က အဲ့ဒါကို လုပ်နိုင်မှာ သေချာတယ်။ ကျွန်မတို့တွေ ကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်ကြရင်ရော။”

ရှုရွှမ်းက သူမရဲ့ ပုခုံးကို ပွတ်ကာ ပြောခဲ့သည်။ “ဒါက မလွယ်ဘူး။”

အခုဆို ဆိုင်တွေအားလုံးက နိုင်ငံပိုင်တွေချည်းပဲ။ ကိုယ်တို့တွေ သီးသန့် ဆိုင်တွေ ဖွင့်ဖို့ ဖြစ်နိုင်မယ်ဆိုတာ မသေချာဘူး။

ဝမ့်ရင်းက အတော်လေး စိတ်ဆုံးဖြတ်ထားခဲ့သည်။ “ သေချာတာပေါ့။”

အခုဆိုရင် ရှုရွှမ်းက ၂၁နှစ်ဖြစ်ပြီး နောက်ဆယ်နှစ်ဆို ၃၁ နှစ် ပြည့်ပြီ ဖြစ်ကာ စားဖိုမှူး တစ်ယောက်ဖြစ်ဖို့ အကောင်းဆုံး အချိန်မျိုး ဖြစ်သည်။

ဝမ့်ရင်း - “ရှင် ကြိုးစားပြီး လေ့ကျင့်သင့်တယ်။ ပြီးတော့ ရှင့်စီနီယာ အစ်ကိုလိုမျိုး အရှုံးမပေးနဲ့။ အနာဂတ်မှာ ကျွန်မတို့တွေ အတူတူ ကိုယ်ပိုင် စားသောက်ဆိုင်ကြီး ဖွင့်ကြမယ်။”

ရှုရွှမ်းက သူမရဲ့ နှာခေါင်းကို တို့ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ကိုယ်က ဟင်းချက်တာကို လေ့ကျင့်မယ်။ မင်းက စားပေး။”

ဝမ့်ရင်းက တကယ့်ကို အကောင်းစားနိုင်သူ ဖြစ်သည်။ သူမက ရှုရွှမ်း ဘာချက်နေလဲ ဆိုတာကို အမှားတွေ့ခဲသည်။ သို့သော် သူမက ချီးကျူးတာဖြစ်စေ၊ အကြံပေးတာမျိုးဖြစ်စေ အဓိက အချက်ကိုသာ အမြဲတန်း ပြောလေ့ရှိသည်။

ရှုရွှမ်းက ဟင်းချက်သည့်အခါ အထီးကျန်သည်ဟု ခံစားခဲ့ရသည်။ အကြောင်းမှာ ဘယ်သူကမှ သူချက်သမျှ အရာတိုင်းကို မမြည်းသောကြောင့် ဖြစ်သည်။ အချိန်တိုင်း သူအားထုတ်ပြီး ချက်ထားသမျှ ဟင်းတိုင်းကို တည်ခင်းပေးသည့်အခါ သူတို့က “အရသာရှိလိုက်တာ”ဟုသာ ပြောပြီး သူ့ကို မေ့သွားကြသည်။ သူတို့က ချီးကျူးသော်လည်း သူ့ရင်ထဲမှာတော့ အမြဲတမ်း ဗလာနတ္ထိ ဖြစ်နေခဲ့သည်။

သို့သော် ဝမ့်ရင်းကတော့ ကွဲပြားသည်။ သူမက အရသာကောင်းကောင်း ခံနိုင်သော ပါးစပ်မျိုးဖြင့် မွေးဖွားလာခဲ့ပြီး ဘယ်လို စားရမလဲ ဆိုတာကို သိပြီး စားတတ်သည်။

ရှုရွှမ်း - “ကိုယ့်ရဲ့ ကျန်တဲ့ ဘဝ တစ်လျှောက်လုံးမှာ မင်းကို ချက်ကျွေးမယ်။

ဝမ့်ရင်း - “ကောင်းပြီလေ။ ကျွန်မက ရှင့်အတွက် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ဖို့ အလုပ်ကို ကြိုးစားမယ်။”

သူတို့ရဲ့ အသုံးစရိတ်အားလုံးမှာ မိသားစု စုထားသည့် ယွမ်သုံးရာကျော်ထဲ ဖြစ်ပြီး ထိုပိုက်ဆံက သူတို့ စားဝတ်နေရေးအတွက် လုံလောက်သော်လည်း ဆိုင်တစ်ဆိုင် ဖွင့်ဖို့မှာ မလုံလောက်ပါ။

ဝမ့်ရင်းက ပျင်းရိသည့် သူတစ်ယောက် ဖြစ်သော်လည်း ထိုအခိုက်အတန့်မှာ သူမက စိတ်ပိုင်းဖြတ်ထားခဲ့သည်။

သူမသည် ပထမဆုံး တောင်အနောက်ဘက်မှာ ဆေးပင်တွေ စိုက်ပျိုးပြီး ဆေးဆိုင်တစ်ဆိုင် ဖွင့်ဖို့အတွက် ကြိုးစားမည် ဖြစ်သည်။ အဲ့ဆိုင်က အလုပ်ဖြစ်ပါက စည်းမျဥ်းများ အတင်းကြပ်တော့သည့်အခါ သူမက အဖွဲ့နှင့်အတူ ဆေးပင်များ စိုက်ပျိုးဖို့အတွက် ဦးဆောင်ပေးလိမ့်မည် ဖြစ်သည်။

အရေးကြီးသည့် စကားများကို ပြောပြီးနောက် ဝမ့်ရင်းက စိတ်ဝင်စားစွာဖြင့် မီနူးစာအုပ်ကို ဖွင့်လိုက်သည်။ ထိုမီနူးကို ဖတ်ပြီးနောက် သူမက ဗိုက်ဆာလာခဲ့သည်။

ဝမ့်ရင်းက မလှုပ်မယှက်နှင့် စာရွက်များထဲမှ တစ်ရွက်အား စိုက်ကြည့်နေတာကို မြင်သည့်အခါ ရှုရွှမ်းက တစ်ချက်ယူပြီး ကြည့်လိုက်သည်။ ထိုစာအုပ်က ရှုရွှမ်းကို ပြောစရာ စကားမဲ့သွားစေခဲ့သည်။

“အခုချိန်မှာ ဒါက မပြီးနိုင်လောက်ဘူး။”

ဝမ့်ရင်းက နောက်တရသွားသော်လည်း လိုချင်စိတ်ဖြင့် ပြောခဲ့သည်။ “ကျွန်မ သိပါတယ်။”

ရှုရွှမ်း - ........

မင်းက စာရွက်တွေကို လှန်နေတာကို မင်း သိပါတယ်။ ပြီးတော့ ဒီစာရွက်က အပေါက်တွေနဲ့ ပြည့်နေတာ။

All Chapters