← Chapters

အခန်း (၆၆)

Vol. 6 Ch. 66

အခန်း (၆၆)

Vol. 6 Ch. 66

ရွာသားများကလည်း ပျော်စရာတွေကို စောင့်ကြည့်ကာ အတင်းတုပ်လိမ့်မည် ဖြစ်သည်။ တကယ်တမ်း ဘာမှ အရေးမကြီပါ။ သူတို့က ဆောင်းတွင်းမှာ အပြင်ထွက်လို့ မရပါ။ ဝမ့်ရင်းက ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုသတင်းများ အားလုံးကို ကြားလိုက်ရသည်။

ဘယ်မိသားစုက ဘယ်မိသားစုနဲ့ ဆက်ဆံရေး မကောင်းဘူးလဲ။ ဘယ်ယောက္ခမက ဘယ်ချွေးမကို နှိပ်စက်လဲ။ ဘယ်ကောင်မလေးက ပညာတတ် လူငယ်တစ်ယောက်နဲ့ မေတ္တာမျှနေလဲ…….

ထိုအသံများ အားလုံးအနက် အသံ တစ်သံကသာ ဒေါသအထွက်ဆုံး ဖြစ်နေခဲ့သည်။

လီချွမ်းကျင်နှင့် အမြဲတမ်း ပြဿနာတက်လေ့ ရှိနေသော ဝူကွေ့ဟွာသည် အစကတည်းက အသံကျယ်ပြီး အခုဆိုရင် ပိုပြီးတော့တောင် ကျယ်လာခဲ့သည်။

“ငါ့ကြက်တွေကို ဘယ်လမ်းဘေးကြောင်က ခိုးသွားလဲ မသိပါဘူးအေ။ အဲ့ကြက်တွေကို ငါ့မှာတော့ နှစ်ဝက်လောက် မွေးထားခဲ့ရတာ။ နောက်ဆုံး အခုချိန်ထိ အသက်ရှင်အောင် စီစဥ်ပြီး ထားထားခဲ့တာ။ သူတို့ကို တရုတ် နှစ်သစ်ကူးကျမှ သတ်ဖို့ စီစဥ်နေတာ။ ဒါပေမယ့် အခုတော့ ဘာမှကို မကျန်တော့ဘူး။”

ဝူကွေ့ဟွာ ဒေါသထွက်နေခဲ့သည်။ “ကင်းလှည့်အဖွဲ့တွေက ဘာလို့ ကြောင်ရိုင်းတွေ အကုန်လုံးကို မရှင်းပစ်ကြတာလဲ။ အရင်နှစ်တွေတုန်းက ကြွက်သေ တစ်ကောင် နှစ်ကောင်လောက်ကို မြင်လိုက်တယ်။ ဒီနှစ်မှ အဲ့ကြောင်ရိုင်းတွေက ငါ့အိမ်ထဲကို ဘယ်လိုလုပ်ပြီး ဝင်လာကြတာလဲ။ ပြီးတော့ ငါ့ရဲ့ ကြက်အရှင်တွေကိုတောင် ယူသွားကြသေး။”

ချက်ချင်းဆိုသလိုပဲ လီကွေ့ဟွာရဲ့ စကားများက လူတွေရဲ့ တုံ့ပြန်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

“အမှန်ပဲ။ ကျွန်မရဲ့ ကြက်က တံခါး မပိတ်ထားတော့ အပြင်ကို ပြေးထွက်သွားတာ။ ကျွန်မလည်း ကြက်ခြေရာနောက်ကို လိုက်တော့ နောက်ဆုံး ကျွန်မ ခြေရာနှစ်ခုကို တွေ့ခဲ့တယ်။ ကျွန်မလည်း ဒေါသထွက်ပြီး ခွေးကို ရိုက်လိုက်တယ်။ ဒီကလေးကြောင့် ကြက်မကို ပျောက်သွားရတာ။ အခုကစပြီး သူက ဘာကြက်ဥမှ မစားရတော့ဘူး။”

လီကွေ့ဟွာက ကြက်ပျောက်သွားတဲ့ မိန်းမကို ဆွဲခေါ်ပြီး သူတို့ရဲ့ ကြက်များကို ခိုးသွားသည့် ကြောင်များကို အတူတူ ကျိန်ဆဲနေကြသည်။

ဝမ့်ရင်းက သူမကို မျက်စောင်း ထိုးကြည့်နေသော လီချွမ်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။ သူမရဲ့ မျက်လုံးများက တောက်ပနေပြီး အတော်လေးလည်း စိတ်လှုပ်ရှားနေခဲ့သည်။ ကြက်ကို ပထမဆုံး အကြိမ် ခိုးမိတာက မတော်တဆဟု မျှော်လင့်မိလိုက်သည်။ သို့သော် ဝူကွေ့ဟွာ၏ အိမ်ရှိ ကြက်က ဒုတိယအကြိမ် ပျောက်သွားရသည်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်သွားခြင်းမျိုး ဖြစ်သည်။

ဝမ့်ရင်း - .......

ဒီမျက်နှာက နင်တို့မိသားစုအတွက် အပြင်အဆင်သပ်သပ်ပဲ ဟုတ်တယ်မလား။

ဝမ့်ရင်းက ဘာမှ မပြောခဲ့သော်လည်း သူမရဲ့ ရင်ထဲမှာတော့ ဘေးအခန်းက မိသားစုကို ထပ်ပြီး အထင်သေးသွားခဲ့သည်။

သူတို့ရဲ့ အသံများအရ အခုဆိုရင် ဝမ့်ယောင်ကျုံးက တစ်ကောင်ကနေ နှစ်ကောင်အထိ ခိုးလာခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းကျရင် သူက သုံး၊ လေး၊ ငါးကောင်ထက် ပိုပြီးလည်း ခိုးလာလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက ကြားဝင်ဖို့လည်း စိတ်ကူးမရှိပါ။ ပထမဆုံး ဒီလို ပြဿနာမျိုးက အဲ့နေရာမှာ ကျူးလွန်သူကို မရှာတွေခဲ့ပါက ထိုကိစ္စကို ဆုံးဖြတ်ဖို့က ခက်ခဲလိမ့်မည် ဖြစ်သည်။ ဒုတိယအနေဖြင့် သူမသည် ဘေးအိမ်က သူတို့နှင့် ပတ်သက်ပြီး ဘာကိုမှ မလုပ်ပေးချင်တော့ပါ။

တတိယအနေဖြင့် ဝမ့်ယောင်ကျုံးက တစ်ခါ၊ နှစ်ခါလောက် ခိုးရုံဖြင့် ဘယ်သူကမှ သူ့ကို သတိထားမိလိမ့်မည် မဟုတ်ပါ။ သို့သော် လွန်ခဲ့သော နှစ်ရက်က သူကျူးလွန်ခဲ့သော အကြောင်းအရာအရ အနှေးနဲ့ အမြန်ပဲ တတိယမြောက် ပြစ်မှုကို ကျူးလွန်လာလိမ့်မည် ဖြစ်သည်။

တကယ်လို့ မင်းက ညဘက် အကြာကြီး လမ်းမပေါ်မှာ လမ်းထွက်လျှောက်ရင် လီကု့နဲ့ အမြဲတမ်း ကြုံလိမ့်မယ်။

ဝမ့်ရင်းကို ခေါင်းကိုခါပြီး သူမရဲ့ ယောက္ခမရယ် အမျိုးသမီးကြီးများ အုပ်စုရယ်နှင့် ပြောနေသော စကားကိုသာ လှည့်ပြီး ဆက်ပြောခဲ့သည်။

ဆယ့်နှစ်ကြိမ်မြောက် လူနာလသို့ ရောက်ရှိနေပြီ ဖြစ်ပြီး မနက်ဖြန်က လာဘ ပွဲတော်ဖြစ်သည်။ မစ္စရှုက လာဘ ဆန်ပြုတ်အကြောင်း ဆက်ပြောနေကာ အမျိုးများ စုံနေစေရန် အခြား ပဲစေ့များနှင့် ပြောင်းလဲပေးဖို့အတွက် ဆွေးနွေးနေခဲ့သည်။

အမျိုးသမီးကြီးများက ရင်ခုန်နေခဲ့သည်။ ဆောင်းတွင်း ရောက်လာသည့်အခါ လူတိုင်းက အစားအသောက်အကြောင်းသာ တွေးနေပုံ ရသည်။ ပါဝင်ပစ္စည်းများက မစုံလင်သေးသော်လည်း သူတို့က ချက်ပြုတ်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေကြသည်။

အမျိုးသမီးကြီး မစ္စရှုက မြေပဲတစ်ပန်းကန်ကို သစ်အယ်သီးနှင့် လဲဖို့အတွက် အမျိုးသမီးကြီး တစ်ယောက်နှင့် သဘောတူခဲ့သည်။ ထို့အပြင် သူမက အခြားအမျိုးသမီးကြီးနှင့်လည်း ပြောင်းဖူးကို စွံပလွံသီးနှင့် လဲဖို့အတွက် သဘောတူခဲ့သည်။

အမျိုးသမီးကြီးတစ်ယောက်က မျက်စပစ်ပြပြီး ပြောလိုက်သည်။ “အစ်မ မှည့်နေတဲ့ စွံပလွံသီးတွေလည်း ယူထားသင့်တယ်နော်။ အခုဆိုရင် အစ်မမှာက ချွေးမလေးလည်း ရှိနေပြီ။ နောက်နှစ်ကျရင် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ မြေးလေးတစ်ယောက်လည်း ရရင် ရတော့မှာ။”

ဝမ့်ရင်း - ……

အိုး၊ အစားအသောက်အကြောင်း ဆွေးနွေးတာအပြင် ဒီရာသီက သားသမီးရဖို့ လေ့ကျင့်ခန်းတွေ လုပ်လို့ရတဲ့ အကောင်းဆုံး ရာသီပဲနော်။

အေးပြီးတော့ သူမတို့လည်း အပြင်ထွက်မရဘူး။ ဘာစားရမလဲ တွေးပြီးသွားရင် နောက်ထပ် လုပ်ချင်တဲ့ အရာက ကိုယ့်ကိုကိုယ် နွေးထွေးအောင် ထားဖို့ပဲ။

ဒါက စက်တင်ဘာနဲ့ အောက်တိုဘာမှာ ဘာလို့ ကလေးအမွေးဆုံးလ ဖြစ်နေလဲဆိုတဲ့ အကြောင်းပြချက်ပဲ။ နှစ်ခါပြန် ရိတ်သိမ်းပြီးရင် ကလေးမွေးဖို့ အချိန်ကောင်းပဲ။ ဒီအချိန်မှာ လူတွေရဲ့ အလုပ်ချိန်တွေ ကြပ်နေတာမျိုးကို သူမ တကယ် လေးစားမိတယ်။

အမျိုးသမီးကြီး မစ္စရှုက ပြုံးပြီး ပြောခဲ့သည်။ “ဒါက မသေချာသေးပါဘူး။”

ဝမ်ရင်းက ငယ်သေးပြီး စောင့်နိုင်သေးသည့်အတွက် သူမက ဒီကိစ္စကို မလောနေခဲ့ပါ။

ဝမ့်ရင်း ကိုယ်တိုင်ကတော့ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ တကယ်တမ်းမှာတော့ သူမသည် ကလေးယူမည့် ကိစ္စကို ရှုရွှမ်းနှင့် ဘယ်တုန်းကမှ မတိုင်ပင်ရသေးပါ။

သူမရဲ့သဘောအရ အခုချိန်မှာ သူမက ကလေးမလိုချင်သေးပါ။

အခြား အကြောင်းပြချက်ကြောင့် မဟုတ်ဘဲ အဓိကကတော့ အခုခေတ်တွင် ကျေးလက်ဒေသရှိ အခြေအနေများက တကယ်ကို ကိုးရိုးကားယား အခြေနေမျိုး ဖြစ်နေခဲ့သည်။

နောက်ဆုံးအကြိမ် ဝမ့်ရင်းက ချမ့်ကျွီဟွာအိမ် သွားတုန်းက သူမသည် “အလွတ်တမ်း ဆရာဝန်ရဲ့ လစဥ်မှတ်တမ်း”နှင့် “အမျိုးသမီးများ သားဖွားခြင်း လမ်းညွှန်များ”၏ မိတ္တူစာအုပ် နှစ်အုပ်ကို ထျန်းယိုဖုထံမှ ရလာခဲ့သည်။ အခုဆိုရင် ကျေးလက်များတွင် ကလေးမွေးတာက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မတည်ထောင်ခင်ကထက် ပိုပြီး ကောင်းလာသော်လည်း များစွာသော မတော်တဆမှုများကတော့ ဖြစ်နေဆဲ ဖြစ်သည်။

ကလေးမွေးတဲ့အခါ ကိုယ်ဝန်ဆောင်က ခြေထောက်ကနေ အရင်မွေးတဲ့ ကိစ္စမျိုးတွေ ရှိတယ်ဆိုတာ သိသင့်သည်။ ဝမ်းဆွဲသည်က ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေကို ပုံစံအမှန်ဖြစ်အောင် ဘယ်လိုမှ လုပ်ပေးလို့ မရဘူး။ အဲ့ဒါကြောင့် သူက ကလေးကို အားနဲ့ဆွဲထုတ်ပြီး အမေရဲ့ နာကျင်မှုတွေကို ပြီးသွားအောင် လုပ်ပေးတာ။

ဒီလိုအခြေအနေမျိုးကို ကျေးလက်မှာဆို “ကြီးမှ မွေးတာ”ဆိုပြီး ခေါ်ကြတယ်။ အဲ့ဒါက ကုန့်စွန်းတနမ်းရဲ့ အမျိုးသမီးစစ်သည် ထျန်းမင်းဆက်ရဲ့ နာမည်ကြီးအဆိုတော်မှာ အဲ့လို ထော့နဲ့၊ ထော့နဲ့ဖြစ်နေတဲ့ ခြေထောက်မျိုး ရှိတယ်ဆိုပြီး ပြောကြတယ်။ ဘာလို့လဲဆိုတော့ သူက အဲ့လို ပုံစံမျိုးနဲ့ မွေးလာတာ။ ဘာလို့လဲဆိုတော့ သူမရဲ့ ခြေထောက်တွေက အထဲကို ပြန်ထည့်လို့မရတော့ ဒီအတိုင်းပဲ ဆွဲထုတ်ပြီး ဖြတ်လိုက်ရတာ။

ထိုအကြောင်းကို တွေးမိသည့်အခါ ဝမ့်ရင်းက ခေါင်းကျိန်းသွားခဲ့သည်။ ထို့အပြင် သူမက အခုချိန်မှာ ကလေးတစ်ယောက် မွေးဖို့အတွက် အသိပညာ မကြွယ်ဝသေးဘူးဟု ခံစားလိုက်ရသည်။

အခုဆိုရင် အလွတ်တမ်း ဆရာဝန်တစ်ယောက် အနေဖြင့် သူမမှာ အပ်တစ်စုံ၊ စာအုပ်နှစ်အုပ်နှင့် ဆေးဖက်ဝင် အပင်အချို့ ရှိနေခဲ့သည်။ သူမရဲ့ ကလေးကို မွေးဖို့ မဆိုထားနှင့် တကယ်လို့ သူမက အခြားသူများကို ကလေးမွေးပေးရင်း ပြဿနာများ ကြုံလာရရင်တောင် သူမအတွက် ဆုံးရှုံးမှု တစ်ခုသာ ဖြစ်လာလိမ့်မည်။

ဒဏ္ဍာရီလာ နတ်ဘုရားများကသာ ဘာမှမလိုဘဲ ကလေးကို ဒီအတိုင်း မွေးဖွားနိုင်သည်။ ဝမ့်ရင်းက မလုပ်နိုင်လောက်ဘူးဟု တွေးမိခဲ့သည်။

သူမတွင် ရွှေလက်တစ်စုံ ရှိသော်လည်း သေပြီးသားသူကိုတော့ အသက်မရှင်နိုင်စေပါ။

ပြီးတော့ ခေတ်မှီ ဆေးပညာကလည်း ခွဲစိတ်ခန်းသုံး ပစ္စည်းများစွာ လိုအပ်တယ်။ သွေးခုန်နှုန်းတွေ တိုင်းလိုက်ရုံနဲ့ မင်းရဲ့ ကိုယ်တွင်း ကလီစာတွေကို မြင်ရဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကလေးမွေးမည့်အကြောင်းကို ပြောလိုက်တိုင်း ဝမ့်ရင်းက ခေါင်းကိုက်ရသည်။

သူမက ဒီကိစ္စကို ရှုရွှမ်းနှင့် သေသေချာချာ တိုင်ပင်သင့်သည်ဟု ခံစားခဲ့ရသည်။

ဥပမာအနေဖြင့် ခနလောက် လေ့ကျင့်ခန်း လုပ်တာမျိုးကို ရပ်နားထားခြင်း ဖြစ်သည်။

လာဘပွဲကို များသောအားဖြင့် တရုတ် နှစ်သစ်ကူးရဲ့ အစဟု သတ်မှတ်ကြသည်။ လာဘပွဲ ပြီးသည့်နောက် ရှုရွှမ်းက ဝမ့်ရင်းကို နေ့တိုင်း စားကောင်းသောက်ကောင်းများ ချက်ကျွေးနေသည့်အတွက် အတော်လေး ရီဝေဝေဖြစ်ကာ ကလေးကိစ္စ ပြောဖို့တောင် မေ့နေခဲ့သည်။

ဒီနေ့က အဖွဲ့ထဲမှာ ဝက်သား ဝေပေးမယ့် နေ့ပဲ။

ဒီနှစ်မှာတော့ ထျန်းယိုဖုက အစည်းအဝေးပွဲကို မတက်ဘဲ သူ့ကြည့်ရတာ ဝင်းဝင်းပပ ဖြစ်နေသည်။

များစွာသော သန်မာပြီး ငယ်ရွယ်သည့် ယောက်ျားသားများက ဝက်ကြီးတစ်ကောင်ကို မြေနေရာအကျယ်ကြီးသို့ ခေါ်သွားကြသည်။ ထိုအဖြစ်အပျက်က တစ်လကျော်လောက် ထပ်ခါထပ်ခါ ဖြစ်နေခဲ့သည်။

ဒီဝက်ခြံထဲမှာ ကံအကောင်းဆုံးကတော့ အကြီးဆုံး ဝက်ပဲဖြစ်သည်။ ဝက်အဆီရဲ့ အထူက လှီးလိုက်သည့်အခါ လက်နှစ်လုံးလောက် အထူရှိသည်။

နောက်ထပ်တစ်ခုကတော့ ဝက်ကို ခွဲပေးဖို့ ဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဝမ့်ရင်းက အပိုင်းများကို ပြောင်းယူလိုက်သည်။

“ကျွန်မ ဝက်အဆုတ်၊ တံတောင်၊ အူမကြီး၊ ခေါင်းနဲ့ မိုးခိုသားကို ယူမယ်။”

အရေအတွက်ကိုတော့ သယ် မပြောတော့ဘူး။ တာဝန်ရှိတဲ့သူက အဲ့ဒါကို ဘယ်လိုပိုင်းလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်သည်။

အရင်တစ်ခေါက် ရှုရွှမ်းက ဝက်ရဲ့ ဗိုက်သားကို ရတဲ့အခါတုန်းက သူက အရသာရှိသည့် စားစရာကို ချက်ပြုတ်ခဲ့သည်။ ဖက်ထုပ်များသာမက သကြားများဖြူးကာ ဝက်သားများကိုလည်း ကင်စားခဲ့ကြသည်။ ထိုအရာကို ထမင်းနှင့် စားသည့်အခါ သူ့အရသာမှာ အတော်လေး စားကောင်းသည်။

ဒီတစ်ကြိမ်မှာတော့ ဝမ့်ရင်းသည် တစ်မိသားစုလုံးကို အာဟာရဖြစ်စေဖို့အတွက် ဆေးရည်ကို လုပ်တိုက်ချင်သောကြောင့် ဝက်အဆုတ်ကို လိုချင်ခဲ့သည်။ သူမက ဝက်တံတောင်ကို လိုချင်သည်မှာ အသားစားရသည့် ပျော်ရွှင်မှုကို သတိရသောကြောင့် ဖြစ်သည်။ အူမကြီးအပြင် ဝက်သွေးကို ဝက်အူချောင်း ပြုလုပ်ချင်သည့်အတွက် ဝက်သွေးများကိုလည်း ဝမ့်ရင်းက ယူသွားချင်ခဲ့သည်။ သူမက ဝက်ခေါင်းကို လိုချင်သည်မှာ မူလပိုင်ရှင်၏ မိဘများအတွက် နှစ်သစ်မှာ အမွှေးနံ့သာအဖြစ် လုပ်ပေးချင်သောကြောင့် ဖြစ်သည်။

အရာရာကို စီစဥ်ပြီးသား ဖြစ်သော်လည်း အခြားသူများရဲ့ သံသယတွေကတော့ ပိုများလာဆဲ ဖြစ်သည်။

“သူက ရူးနေတာပဲ။ ရှုရွှမ်းက ဘာလို့ သူ့ကို ဂရုမစိုက်တာလဲ။”

“ဟုတ်ပါ့။ တကယ်လို့ ငါသာ အဲ့လိုမျိုး ပြောရင် ငါသာ အိမ်ပြန်ရောက်တဲ့အခါ ဆူခံရတော့မှာ။ သူက ဘာပိုက်ဆံမှ မရှာနိုင်ပေမယ့် အရမ်းကြီး အသုံးကြမ်းတယ်။”

ဝမ့်ရင်းက ထိုကိစ္စကို စိတ်ဝင်စားခဲ့ပါ။ သူမက ရလာသော အသားများကိုယူကာ အိမ်သို့ ပျော်ပျော်ပါးပါး ပြန်လာခဲ့သည်။

အရင်ဆုံး ဝက်အဆုတ်ကို တရုတ်ဆေးပင်များ ထည့်ကာ စွပ်ပြုတ်အိုး တည်ထားလိုက်သည်။ ထို့နောက် အမျိုးသမီးကြီးရှု၊ ရှုရွှမ်းနှင့် ချမ့်ရှုဖန်းတို့ကို တစ်ခွက်စီ တိုက်လိုက်သည်။

ဝက်အူချောင်းကို အစာသွပ်ပြီး ချိတ်ထားသည်။ လာဘပွဲတော်တွင် အသားမစားဘဲ ဆန်ပြုတ်ကိုသာ သောက်ကြမည် ဖြစ်သည်။

၁၂ကြိမ်မြောက် လူနာလ၏ ဆယ်ရက်မြောက်နေ့တွင် ရှုရွှမ်းက ဝက်ရဲ့ တံတောင်ကို စပြီးချက်ပြုတ်ခဲ့သည်။ အနံ့က ပတ်ပတ်လည်မှာ ပျံ့နှံ့သွားခဲ့သည်။ ကံကောင်းစွာဖြင့် ဘေးနားတွင် ဝမ့်ယုံရွှင်းတို့ မိသားစုသာ ရှိသည်။ ထို့ကြောင့် ဘယ်သူ့ကိုမှ ထိုအနံ့ကြောင့် မဆွဲဆောင်နိုင်ဘဲ သူတို့ကသာ ကျိန်ဆဲဖို့ ထွက်လာကြသည်။

ဝက်တံတောင်ဟင်းက ဝက်ရဲ့ အလှအပကြောင့် တုန်တုန်လေး ဖြစ်နေခဲ့သည်။ တံခါးမရှိ ဓားမရှိနှင့် ထိုမြင်ကွင်းကို မြင်လာခဲ့သည်။ အရသာကို ဖော်ပြဖို့ကတော့ စကားလုံး တစ်လုံးတည်းသာ။ ကောင်းလိုက်လေခြင်း။

ဝက်တံတောင်ကို နူးအိနေအောင် ချက်ထားသည်။ အသားနှင့် အရိုးကို တူဖြင့် ခွဲနိုင်သည်။ ဝမ့်ရင်းက ပေါက်ဆီကို ဖွင့်လိုက်ပြီး အထဲမှာ ဝက်သားနှင့် ငရုတ်သီးကို ထည့်ကာ တစ်လုပ်တည်း စားလိုက်သည်။

တစ်ပြိုင်တည်း ဝက်တံတောင်ကို ထမင်းနှစ်နပ်နဲ့ စားလိုက်တာ။ ပြီးတော့ ကျန်နေတဲ့ အရိုးပြုတ်ရည်ကိုလည်း မချိန်ထားပါဘူး။ အဲ့ဒါကို ထမင်းပေါ်စမ်းပြီး စားလိုက်သည်။

ရုတ်တရက်ဆိုသလိုပဲ ဝမ့်ရင်းက ကလေးဘဝ ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး နှစ်သစ်ရောက်ဖို့ စတင် မျှော်လင့်နေခဲ့သည်။

တရုတ်နှစ်သစ်ကူး အချိန်က တကယ့်ကို ပျော်စရာကောင်းသည့် အချိန်တစ်ချိန် ဖြစ်သည်။ တစ်နှစ်လုံး အလုပ်ရှုပ်ပြီးနောက် အိမ်တိုင်းတွင် နှစ်သစ်ကူးအတွက် ပြင်ဆင်ဖို့ သူတို့စုထားသမျှ အရာရာတိုင်းကို ထုတ်လာကြသည်။

ခြေထားသော တို့ဟူး၊ ပေါက်စီတို့က တပ်မဟာရှိ လူတိုင်းတွင် ဘယ်လို အခြေအနေမျိုးမှာမဆို အဆင်သင့် ရရှိနိုင်သည်။

နှစ်သစ်ကူးနေ့တွင် ဝမ့်ရင်းက စားစရာများ ပြင်ဆင်ဖို့အတွက် ရှုရွှမ်းကို စောင့်နေခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က ပြေးပြီး တံခါးကိုခေါက်ကာ အော်ငိုနေခဲ့သည်။

“အစ်မဝမ့်ရင်း၊ ကျွန်မအမေက မွေးတော့မယ်။ လာကြည့်ပေးပါဦး။”

ထိုအသံက ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ နှစ်ယောက်လုံးကို အော်ခေါ်နေခဲ့သည်။ တံခါးခေါက်နေသောသူမှာ တကယ်တမ်း ချွမ့်ကျွီဟွာ၏ သမီးအကြီးဆိုတာကို ဝမ့်ရင်း တွေ့လိုက်ရသည်။ ကောင်မလေး၏ ဆံပင်မှာ ဖရိုဖရဲ ဖြစ်နေပြီး အင်္ကျီတစ်ထပ်တည်း ဝတ်ကာ ပြေးထွက်လာခဲ့သည်။ သူမရဲ့ ဖိနပ် တစ်ဖက်ကလည်း နှင်းထဲမှာပဲ ပျောက်သွားခဲ့ရသည်။

သူမရဲ့မျက်နှာက မျက်ရည်များဖြင့် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ဝမ့်ရင်း အံ့ဩသွားခဲ့သည်။ သူမက အချိန်ကို ကြည့်ပြီးနောက် တစ်ခုခု မှားနေသည်ကို သိသွားခဲ့သည်။

ချွမ့်ကျွီဟွာ၏ ကိုယ်ဝန်မှာ ခုနစ်လသာ ရှိသေးပြီး ဘယ်လိုလုပ် သူမက မွေးဦးမှာလဲ။

ဝမ့်ရင်းက ရှုရွှမ်းအား အိမ်နောက်ဖေးကနေ ဆေးသေတ္တာကို သွားယူပေးဖို့ ပြောခဲ့သည်။ ထို့နောက် သူမသည် ဘေးနားက ကောင်မလေးကို ဆွဲခေါ်ကာ မေးလိုက်သည်။ “နင်တို့တွေ ဝမ်းဆွဲသည်ကို ရှာပြီးပြီလား။”

ဟုတ်သည်။ တိတိကျကျပြောရရင် ကလေး မွေးပေးရသည်မှာ ဝမ့်ရင်းရဲ့ တာဝန် မဟုတ်ပါ။ အလွတ်တမ်း ဆရာဝန်များနှင့် ဝမ်းဆွဲသည်တို့မှာ မတူညီသည့် အလုပ်အကိုင်များ ဖြစ်ကြသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် ကျေးလက်ဒေသများတွင် သားဖွားမီးယပ် လုပ်ငန်းများ တိုးတက်လာဖို့အတွက် ဆယ်နှစ်ကျော် အချိန်ယူခဲ့ရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မတည်ထောင်ခင် ဝမ်းဆွဲသည်အားလုံးသည် လေ့လာဖို့အတွက် ခေါ်ဆောင်သွားခံရပြီး သူတို့ပြန်လာသည့်အခါ ကလေးများကို မွေးပေးရသည်။ ဝမ်းဆွဲသည်များက ဘာလစာမှ မရပါ။ တစ်ယောက်မွေးပေးမှ တစ်ယွမ် နှစ်ယွမ်မျှသာ ရသည်။ အချို့အိမ်များက ကြက်ဥများကို ပေးကြသည်။

ဝမ့်ရင်းက စိတ်တွေ လေးလံနေခဲ့သည်။ သူမရဲ့ ခန့်မှန်းချက်ကို ကောင်မလေးက အတည်ပြုပေးခဲ့သည်။ “ဒီတပ်မဟာထဲမှာ ဝမ်းဆွဲသည် မရှိဘူး။ တစ်ယောက်လောက်ရှာဖို့ ဘေးက တပ်မဟာဆီ သွားဖို့ လုပ်လိုက်သေးတယ်။ ဒါပေမယ့် နှင်းက အရမ်း ကျနေတယ်ဆိုပြီး အဖွားက ပြောလို့။”

ဝမ့်ရင်းက သူမဘာသာ တွေးနေခဲ့သည်။ “မဟုတ်သေးပါဘူး။ ဒီနေ့မနက်ကမှ နှင်းတွေ စကျတာ။ ပြီးတော့ ဒါက နှစ်သစ်ကူးပွဲလေ။ အဲ့တော့ လူတိုင်းက နှစ်သစ်ကူးပွဲ ကျင်းပဖို့ အလုပ်ရှုပ်နေကြတာ။ ပြီးတော့ နှင်းတွေကို ကျုံးဖို့ကလည်း အချိန်မရှိတော့ဘူး။”

ရာသီဥတု ကောင်းနေရင်တောင် သွားဖို့က တော်တော်လေး ခက်ခဲတာ။ ရာသီဥတု မကောင်းတဲ့အချိန် သွားဖို့က အန္တရာယ်များတယ်။ အဲ့ကိုသွားဖို့က ခုနစ်နာရီ၊ ရှစ်နာရီလောက် ကြာလိမ့်မယ်။

တယာဟုခေါ်သည့် ကောင်မလေးက ငိုနေပြီး တရှုံ့ရှုံ့ ဖြစ်နေသည်။ “အစ်မ၊ တစ်ချက်လောက် သွားပြီး ကြည့်ပေးပါနော်။ ကျွန်မအမေ သေတော့မယ်။”

All Chapters