အခန်း (၆၇)
Vol. 6 Ch. 67
ရှုရွှမ်းက အိမ်ထဲတွင် ဆေးသေတ္တာကို ပြင်နေခဲ့ကာ သူ့ရဲ့ ဦးထုပ်နှင့် ပဝါကိုလည်း ထုတ်လာခဲ့သည်။ သူက ဆေးသေတ္တာကို သယ်လာပြီး ဝမ့်ရင်းအတွက် သယ်ပေးခဲ့သည်။ သို့မှသာ သူတို့က အတူတူ သွားလို့ရမည် ဖြစ်သည်။
ဝမ့်ရင်းက သူ့ကို တားလိုက်ပြီး အေးလွန်း၍ တုန်ရီနေသော တယာပေါ်ကို ပဝါလေး တင်ပေးဖို့အတွက် လက်ဟန်ပြလိုက်သည်။
ရှုရွှမ်းက ခနလောက် တုံ့ဆိုင်းသွားပြီးနောက် မတုံ့မဆိုင်းဘဲ ထိုပဝါကို ဝမ့်ရင်းအား ခြုံပေးလိုက်သည်။ ထို့နောက် သူမရဲ့ ပဝါကို ယူပြီး တယာကို ပေးလိုက်သည်။
ဝမ့်ရင်းက အသက်ရှုလိုက်တိုင်း အေးနေသလို ခံစားခဲ့ရသည်။ ဝမ့်ရင်းက အအေးဒဏ်ကို တောင့်ခံကာ ပြောလိုက်သည်။ “တယာ၊ ခေါင်းဆောင်ကို သွားရှာ။ နင်တို့ရဲ့ ဦးလေးဖုကိုလည်း သွားခေါ်လိုက်။ အရင်ဆုံး အခြေအနေကို သွားကြည့်ဖို့ အိမ်ကို ငါသွားမယ်။”
တယာက မျက်ရည်များဖြင့် ခေါင်းငြိမ့်ပြကာ ရှုရွှမ်းရဲ့ ပဝါကြီးကို ပတ်ကာ ထွက်သွားခဲ့သည်။
ရှုရွှမ်းက ဝမ့်ရင်းရဲ့လက်ကို တင်းတင်းလေး ကိုင်ထားကာ နှင်းတွေကြားထဲမှာ ဘာစကားမှ မပြောဘဲ နှစ်ယောက်အတူ ထျန်းတကျူးအိမ်သို့ လမ်းလျှောက်သွားခဲ့သည်။
ကျွန်မ ထျန်းတကျူးရဲ့ အိမ်နားကို ရောက်တော့ အဝေး တစ်နေရာကနေတောင် ဆူညံသံကို ကြားနေရသည်။
လူကြီးတစ်ယောက်ရဲ့ အသံက အော်ငိုပြီး တိုက်ရိုက်မဟုတ်တဲ့ အပြစ်တင်သံကို သိသိသာသာ ကြားနေခဲ့ရသည်။
“ငါ ဘုရားကို တိုင်တည်ပြီး ပြောမယ်။ ငါ သူ့ကို စကားလေး နည်းနည်းပဲ ပြောရသေးတာ။ သူ့ဘာသာ ဒေါသထွက်နေတာ။ သူ့ဘာသာ လဲကျသွားတာကို ဘယ်လိုဖြစ်လို့ ငါ့ကိုပဲ လာပြီး အပြစ်တင်နေရတာလဲ။”
“တကျူးကျိ၊ နင် သူပြောတာကိုပဲ နားထောင်လို့ မရဘူး။ ငါက ပုံမှန်အတိုင်းပဲ စကားလေး နည်းနည်းကို ပြောလိုက်တာ။ နင့်မိန်းမက အကျင့်မကောင်းတာ။ အဲ့ဒါကို နင်သိလား။”
“အဒေါ်၊ အဒေါ်။ သမီးအတွက် တစ်ခုခု ပြောပေးပါဦး။ အစတုန်းက ကျွီဟွာနဲ့ ပြဿနာတစ်ခုခု ရှိလို့လား။ သူအပြင်ထွက်ပြီး ချော်လဲသွားတာကြောင့်နဲ့ ဘယ်လိုလုပ် လမစေ့ဘဲ ကလေးမွေးမှာလဲ။”
ဝမ့်ရင်းက မျက်မှောင်ကြုတ်ပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။
သူတို့က ကလေးမွေးဖို့အကြောင်း ပြောနေကြသော်လည်း တစ်မိသားစုလုံးက ဆူညံနေပြီး ခြံဝန်းကလည်း ရှုပ်ပွနေကာ စကားများရင်း အလုပ်ရှုပ်နေကြသည်။
ပါးဖောင်းဖောင်းနှင့် အမျိုးသမီးကြီးက ဘာမှ မပြောပေးသည့်အတွက် ကျိန်ဆဲကာ ဆဲဆိုနေခဲ့သည်။ အသက်လတ်ပိုင်းရှိသည့် ရင်းနှီးသော မျက်နှာနှင့် အမျိုးသမီးကြီးက သူမကို ကူညီပေးနေခဲ့သည်။ သူတို့နှစ်ယောက်က တစ်လေသံတည်း ဖြစ်နေကြပြီး ခြံထဲမှာ ပြဿနာ ရှာနေကြသည်။
အဓိက အခန်းထဲရှိ တံခါးထစ်တွင် ခေါင်းပေါ် လက်တင်ကာ ထိုင်နေသော ယောကျ်ားတစ်ယောက်လည်း ရှိနေခဲ့သည်။ သူ့ရဲ့ပုံစံကို သေသေချာချာ မမြင်ရသော်လည်း အမျိုးသမီးနှစ်ယောက် ပြောနေပုံအရဆို သူက ချမ့်ကျွီဟွာ၏ အမျိုးသား ထျန်းတကျူးဖြစ်လိမ့်မည်။
ခြံထဲတွင် အိမ်နီးနားချင်း နှစ်အိမ်၊ သုံးအိမ်လောက် ရှိပြီး အဲ့က ကလေး အနည်းစုမှာ စပ်စုကြသည်။
အစတုန်းက ထျန်းတကျူး၏ ခြံဝန်းမှာ မကျယ်ဘဲ လူများလာသည့်အခါ ပိုပြီး ကျဥ်းသွားသည်ပုံ ရသည်။
ဝမ့်ရင်း ဝင်လာသည့်အခါ လူတိုင်းက အလယ်မှာ စကားများနေသော မိန်းမ နှစ်ယောက်ကိုသာ အာရုံစိုက်နေကြပြီး သူမ ဝင်လာသည်ကို သတိမထားမိကြပါ။
ထိုအချိန်မှာပဲ ဆံပင်မီးခိုးရောင်ရယ်၊ တုန်ရီနေသော ခန္ဓာကိုယ်နှင့် အမျိုးသမီးကြီး တစ်ယောက်က ထွက်လာခဲ့သည်။
“အိုး၊ မဟုတ်သေးပါဘူး။ ကျွီဟွာက ကလေးမွေးဖို့ ခက်ခဲနေတာ။ ဒါက လမစေ့ဘဲ မွေးတာကြောင့် ခက်နေရတာ။ ဝမ်းဆွဲသည် တစ်ယောက်လောက် မြန်မြန် သွားရှာကြပါ။”
ထျန်းတကျူး၏ မိခင်က အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ “ငါတို့တွေ သူ့ကို ဘယ်လို သွားရှာရမှာလဲ။ နှင်းတွေကလည်း ကျနေတုန်းပဲ။ ငါတို့ကို ဝမ်းဆွဲသည် ရှာတာကို စောင့်နေရင် မှီပါ့မလား။ အဒေါ်၊ နည်းလမ်း တစ်ခုလောက် တွေးပေးပါဦး။ အဒေါ်က ကျွန်မတို့ တပ်မဟာထဲက ဝမ်းဆွဲသည်တွေနဲ့ သိတယ်လေ။ အဒေါ်က တာရှုကို စောင့်ရှောက်ပေးနိုင်မည့် တစ်ယောက်တည်းသော သူပဲ။”
အသက်ကြီးနေပြီဖြစ်သော ဝမ်းဆွဲသည်က သူမရဲ့ ခြေထောင့်ကို ဆောင့်ကာ ပြောလိုက်သည်။ “ကျွီဟွာက မွေးတော့မှာ။ ဝမ်းဆွဲသည်ကို သွားခေါ်ကြ။ ခုနစ်နာရီ၊ ရှစ်နာရီလောက်ဆို မှီသေးတယ်။ ဒီတစ်ခေါက် မွေးဖို့က ကြာဦးမယ်လို့ ငါထင်တယ်။”
သူမရဲ့စကားများ မဆုံးခင်မှာပဲ စူးရှစွာ ကြည့်နေသော ဘေးနားက အမျိုးသမီးကြီးက စကားကို ဖြတ်ပြောခဲ့သည်။ “သနားဖို့ ကောင်းလိုက်တဲ့ ငါ့ယောင်းမလေး။ နင်က ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ။ နောက်ဆုံးတော့ နင်က သားယောက်ျားလေး ရလာတယ် ဆိုပေမယ့် သူ့ကို မွေးဖို့ကလည်း ခက်ခဲနေတာ။”
သူမရဲ့အော်သံက အထဲမှာ မွေးဖို့စောင့်နေသော ချမ့်ကျွီဟွာကို ချက်ချင်းပဲ ဒေါသထွက်စေခဲ့သည်။ သူမက ချော်လဲကာ လမစေ့ဘဲ မွေးလိုက်ရသည့်အတွက် အတော်လေး နာကျင်နေရသည်။ သူမက ကလေးမွေးဖို့ ခက်ခဲနေသည့် စကားကို ကြားလိုက်ရသည့်အတွက် အတော်လေး စိုးရိမ်သွားခဲ့သည်။ သူမရဲ့ ယောင်းမက အပြင်ကနေ ကျိန်ဆဲနေသည့် အသံကို ကြားလိုက်ရသည့်အခါ သူမက အရမ်း ဒေါသထွက်ကာ အော်လိုက်သည်။
အဲ့လိုနဲ့ပဲ အိမ်ထဲမှာ ဆဲဆိုနေကြပြီး အိမ်အပြင်မှာတော့ ရန်ဖြစ်နေကြသည်။ သူတို့ နှစ်ဖက်လုံးက တစ်ယောက်ကို တစ်ယောက် ရင်ဆိုင်နေကြပြီး ဝမ်းဆွဲသည် မိန်းမကြီးက ချွေးပြန်နေခဲ့ပြီ ဖြစ်သည်။
ဝမ့်ရင်းသည် ဒါက ဆိုးရွားလိုက်တာဟု သူမဘာသာ တွေးနေခဲ့သည်။ အခုချိန်မှာ သူမက အသားကုန် အော်ပြီး သူမရဲ့ အားအင်တွေကို သုံးလိုက်ပါက နောက်ပြီးရင် သူမ ဘယ်လိုလုပ် ကလေး မွေးပေးနိုင်ပါတော့မလဲ။
ဝမ့်ရင်းက ဒေါသဖြင့် အရှေ့ကို ထွက်သွားဖို့ ဟန်ပြင်လိုက်သော်လည်း ရှုရွှမ်းက သူမကို တားလိုက်ပြီး ဆေးသေတ္တာကို ကမ်းပေးလိုက်သည်။ “အဲဲဒါကို ငါလုပ်လိုက်မယ်။”
ရှုရွှမ်းကလည်း ပြတ်ပြတ်သားသား ဖြစ်နေခဲ့သည်။ သူက ထွက်သွားကာ ရန်ဖြစ်နေသော ယောက္ခမနှင့် ချွေးမကို နှင်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ရှုရွှမ်းက သူတို့ကို ဆွဲခေါ်သွားသည့်အခါ နှင်းထဲသို့ လဲကျသွားအောင် အားကို သေသေချာချာ သုံးလိုက်သည်။
“အာ့၊ ဘယ်ခွေးကောင်က ငါ့ကို တွန်းတာလဲ။”
ရှုရွှမ်း - “ပါးစပ်ပိတ်ထားကြစမ်းပါ။ အထဲဝင်ဖို့ ငါ့မိန်းမကို တစ်ချက်သွားကြည့်ပြီး မေးလိုက်ကြတော့။”
အမျိုးသမီးကြီးက အသံကုန် ဟစ်အော်လိုက်သည်။ “နင့်မိန်းမက ဘယ်သူလဲဆိုတာ ငါသိတယ်။ အဲ့ဒါက နင်နဲ့ ဘာဆိုင်လို့လဲ။”
သူမရဲ့ ချွေးမက သူမတို့ကို နှင်းထဲသို့ ရုတ်ရက် တွန်းချလိုက်သူမှာ ရှုမိသားစုမှ ကောင်လေးဖြစ်သော ရှုရွှမ်းဆိုတာကို အလင်းရောင်ထဲမှာတုန်းက သေသေချာချာ မြင်လိုက်ရသည်။
သူ့မိန်းမ….. အဲ့ဒါက ဝမ့်ရင်းမလား။
ခြံဝန်းထဲရှိ ပတ်ပတ်လည်က လူအများသည် သူ့အနောက်မှာ ဆေးသေတ္တာကို ကိုင်ပြီး ရပ်နေသူမှာ တပ်မဟာထဲမှာ အလွတ်တမ်း ဆရာဝန်အသစ်ဖြစ်သူ ဝမ့်ရင်းဆိုတာကို သေသေချာချာ မြင်ခဲ့ရသည်။
မြေပေါ်ရှိ လူနှစ်ယောက်ကိုလည်း ဝမ့်ရင်းက ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ ထိုမိန်းမ နှစ်ယောက်နဲ့ ရင်းနှီးနေပုံရပြီး သူတို့ထဲက တစ်ယောက်က အမြဲတမ်း လီချွမ်းကျင်နှင့် အပြင်ထွက်လေ့ရှိသော တစ်ယောက် မဟုတ်ပါလား။ သူမသည် သူမကို မြင်သည့် အခါတိုင်း မျက်လွှာကို ချလိုက်သည့်အတွက် သူမအပေါ်မှာ နက်ရှိုင်းသည့် အမြင်မျိုးကို ချန်ထားခဲ့သည်။
“မြန်မြန်၊ မြန်မြန်လုပ်ကြ။ တိုင်ကြီးကိုရောပဲ။ ဝမ့်ရင်းကို ဝင်လာပြီး ကြည့်ပေးဖို့အတွက် မြန်မြန် သွားပြောကြပါဦး။
နှင်းထဲရှိ ယောက္ခမနှင့် ချွေးမက စိုးရိမ်နေခဲ့သည်။
ကလေးမမွေးနိုင်တဲ့ မိန်းကလေးကို ဘာလို့ အဲ့ထဲ ဝင်ခိုင်းလိုက်ရတာလဲ။ ဒါက မကောင်းတဲ့ နိမိတ်ပဲမလား။
သူမက ဘာမြင်ရမှာ မလို့လဲ။ သူမက ဝမ်းဆွဲသည်ထက်တောင် ပိုဆိုးသေးတယ်။
ဝမ့်ရင်းက ဘာစကားမှ မပြောခဲ့ပါ။ သူမက ထျန်းတကျူး၏ အရှေ့တွင် ရပ်လိုက်သည်။ ထျန်းတကျူး၏ မျက်နှာနှင့် ဒူးတွင် ဒဏ်ရာများ ရနေခဲ့ပြီး အောက်ကနေ အပေါ်သို့ တဖြည်းဖြည်း ကြည့်လိုက်သည်။ ဝမ့်ရင်းက တည်တည်ငြိမ်ငြိမ်ဖြင့် တံခါးနားတွင် ရပ်နေခဲ့သည်။
“ရှင်ကလည်း မိသားစုဝင် တစ်ယောက်ပဲလေ။ ရှင့်မိန်းမက ကလေးမွေးတော့မယ်။ အဲ့ဒါကို ရှင်က သူ့ကို ဒီလို ပတ်ဝန်းကျင်မှာ မွေးဖို့ ခွင့်ပြုပေးထားတာလား။”
ဝမ့်ရင်းက အတော်လေး အထင်သေးနေခဲ့သည်။ “အခု ကျွန်မက ရှင့်မိန်းမကို သွားကြည့်တော့မလို့။ ရှင့်မှာ ရည်မှန်းချက် တစ်ခုခု ရှိတယ်ဆိုရင် ဘေးနားက တပ်မဟာဆီကနေ ဝမ်းဆွဲသည် တစ်ယောက်ကို မြန်မြန် သွားရှာလိုက်။ ရှင်က ဒီမှာပဲ နေနေတာ။ နောက်မှ မတော်တဆ တစ်ခုခု ဖြစ်သွားရင် သွေးနီးတဲ့ ဆွေမျိုးတစ်ယောက်ကို လိုအပ်လာလိမ့်မယ်။”
ဝမ့်ရင်းက ပေါ့ပေါ့ပါးပါးနှင့် သူမရဲ့ စကားများကို အဆုံးသတ်ပြီးနောက် သူမရဲ့ ဆေးသေတ္တာနှင့်အတူ အိမ်ထဲသို့ ဝင်သွားခဲ့သည်။
ထျန်းတကျူးတို့အိမ်မှာ မီးလင်းဖိုတစ်ခု ရှိသော်လည်း အရမ်းကြီး မနွေးဘဲ အခန်းက မှောင်နေပြီး ရေနံဆီ မီအိမ်တစ်ခုသာ ရှိသည်။
ဝမ့်ရင်းက ဆေးသေတ္တာကို ချပြီး မျက်နှာက ဖြူဖျော့ကာ ချွေးပြန်နေသည့် ချမ့်ကျွီဟွာကို မေးလိုက်သည်။ “ဝမ်းဆွဲသည်က အခုထိတော့ ရောက်မလာသေးဘူး။ ကျွန်မကို အရင်ဆုံး ကြည့်ခိုင်းဖို့ကို သဘောတူလား။”
သူမသည် နောက်ဆုံးအကြိမ် ရောက်လာတုန်းက ချမ့်ကျွီဟွာ၏ မျက်နှာက ခက်ထန်နေသည်ကို မှတ်မိနေဆဲ ဖြစ်သည်။ တကယ်လို့ ဒီကိစ္စကြောင့် ရောက်လာပြီး သူမက မွေးဖို့အတွက် ငြင်းပါက အပြင်ဘက်က သူ့ယောက်ျားကိုလည်း မှီခိုနေလို့ မရနိုင်ပါ။ ထို့အပြင် တစ်မိသားစုလုံးကလည်း ပြဿနာ ရှာနေသည့်အတွက် ဝမ့်ရင်းက သူမရဲ့ အပြုအမူတွေကို အရင်ဆုံး ထိန်းပေးရမည် ဖြစ်သည်။
ကံကောင်းစွာဖြင့် ချမ့်ကျွီဟွာက ဆင်းရဲသော်လည်း အသိဉာဏ်မမဲ့ပါ။
ဝမ်းဆွဲသည် မိန်းမကြီးက နောက်ပိုင်းမှာတော့ ဝမ်းဆွဲသည်တစ်ယောက် မလုပ်တော့ပါ။ အကြောင်းမှာ သူမက အသက် အရမ်းကြီးနေပြီ ဖြစ်ကာ အကြောင်းအရာ အသစ်များကို လက်မခံနိုင်တော့ပါ။ ရှေ့နှစ်တွေတုန်းက သူမက တပ်မဟာထဲမှာ ဘယ်သူကမှ ကလေးမွေးဖို့ လာမခေါ်ခဲ့ကြပါ။ ဒီမှာ အတွေ့အကြုံမရှိတဲ့သူတွေ ဘယ်လောက် များလဲဆိုတာ တွေးကြည့်လို့ရတယ်။
ဝမ့်ရင်းက ရောက်လာခဲ့ရင်တောင် အနည်းဆုံး ငါ့မှာက လုပ်ခဲ့ဖူးတဲ့ သက်တမ်းတော့ ရှိသည်။
ထို့ကြောင့် ချမ့်ကျွီဟွာက ဝမ့်ရင်းသည် ဘယ်တုန်းကမှ ကလေးမမွေးပေးဖူးသလို အဲ့ဒါနဲ့ပတ်သက်ပြီး အများကြီး မသိဘူးဟု ခံစားမိခဲ့ရင်တောင် အခုချိန်မှာ ဝမ့်ရင်းကသာ သူမကို အကူညီပေးနိုင်ဆုံး ဆိုတာကို နားလည်နေခဲ့သည်။
“ငါ သဘောတူတယ်။”
ချမ့်ကျွီဟွာရဲ့ မျက်ဝန်းတွေမှာ အသနားခံနေသည့် အရိပ်အယောင် အပြည့် ဖြစ်နေခဲ့သည်။ “ငါတောင်းပန်ပါတယ်။ ငါ့ကို ကူညီပေးပါ။”
ဝမ့်ရင်းက ဆေးသေတ္တာကို ဖွင့်လိုက်ပြီး ချွေးပြန်နေသော ဝမ်းဆွဲသည် မိန်းမကြီးကို နှုတ်ဆက်လိုက်သည်။ “ဒီနေ့တော့ ကျွန်မတို့ နှစ်ယောက်လုံး ဒီမှာပဲ တစ်ညလုံး နေရမယ့် ပုံပဲ။”
ဝမ်းဆွဲသည် မိန်းမကြီးက ဝမ့်ရင်း ဝင်လာသည်ကို မြင်လိုက်ရသည်အခါ စိတ်သက်သာရာရကာ သက်ပြင်း ချလိုက်သည်။
တကယ်လို့ ထျန်းမိသားစုက ဝမ်းဆွဲသည် တစ်ယောက်ကို မခေါ်ရင်တောင် သူမက မကြာခင် သူမရဲ့အလုပ်ကနေ ထွက်ရလိမ့်မည် ဖြစ်သည်။
သူမသည် ထျန်းတကျူးက ခေါ်သည့်အတွက် တစ်ယွမ်တည်း အတွက်သာ ကူညီပေးဖို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ တကယ်လို့ ကလေးက မမွေးခင် လူကြီးတွေဆီမှာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက သူမကပဲ ဒုက္ခရောက်လိမ့်မည် မဟုတ်ပါလား။
“ငါ့ကို အဖွားထျန်းလို့ပဲ ခေါ်ပါ။”
ဝမ့်ရင်းက ဆေးသေတ္တာကို ဖွင့်ကာ ရာဘာလက်အိတ် နှစ်စုံကို ယူလိုက်ပြီး တစ်စုံအား အဖွားထျန်းကို ပေးလိုက်သည်။ “အဖွားထျန်း အရင်ဆုံး ဒီဟာကို ဝတ်ထားလိုက်။”
ထိုခေတ်အခါတုန်းက အိမ်မှာ ကလေး မွေးသည့်အခါ အရေးအကြီးဆုံး အရာက ရောဂါကူးစက်မှုကို ကာကွယ်ရန် ဖြစ်သည်။
အဖွားထျန်းက စကားနားထောင်ပြီး လက်အိတ်ကို ဝတ်ကာ ချွမ့်ကျွီဟွာရဲ့ အခြေအနေကို အရင်ဆုံး ဝမ့်ရင်းထံ ရှင်းပြခဲ့သည်။ “သူက လမစေ့သေးပဲ မွေးတာမလို့ ခက်ခဲနေတာ။ သူက ကိုယ်ဝန် စဆောင်ကတည်းက လှုပ်လှုပ်ရှားရှားလည်း မရှိဘူး။ ပြီးတော့ သူက နောက်ဆုံးကလေးကို မွေးပြီး နှစ်တွေ အကြာကြီး နေတော့မှ ထပ်မွေးတာ။ အဲ့ဒါကြောင့် သူ့မွေးလမ်းကြောင်းက သိပ်ပြီး အဆင်မပြေတာ။ သူက လဲကျထားတော့ သူ့ခြေထောက်တွေကလည်း နည်းနည်းလေး အားနည်းနေတဲ့ပုံပဲ။”
ဝမ့်ရင်းက အရင်ဆုံး ထိုအရာကို ထိကြည့်လိုက်သည်။ သူမ ထိလိုက်သည့်အခါ အဖွားထျန်း ပြောတာက မှန်နေသည်ကို သိရှိခဲ့ရသည်။ အဲ့ဒါက မွေးဖို့ လိုသေးကြောင်းကို သိရှိခဲ့ရသည်။
သို့သော် ချွမ့်ကျွီဟွာက ရေမွှာပေါက်သွားပုံ ရသည်။ သူမက နာကျင်စွာ အော်ပြီး ဝမ့်ရင်းကို ပြောလိုက်သည်။ “ငါ ပထမဆုံးကလေးနဲ့ ဒုတိယသမီးကို မွေးတုန်းက တစ်ရက်ကျော်လောက် ကြာတယ်။”
ကလေးမွေးတာ နှေးရသည့် အကြောင်းမှာ ပထမအဆင့် သားအိမ်လမ်းကြောင်း ချဲ့ဖို့အတွက် အချို့သူများသည် သုံးလေးနာရီသာ ကြာသော်လည်း အချို့သော သူများအတွက် တစ်ရက်လုံး ကြာနိုင်သည်။ ချမ့်ကျွီဟွာက အမြဲလိုလို ကလေးမွေးတာ နှေးပြီး ထိုကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မည် ဖြစ်သည်။
ဒါပေမယ့် အခုကရော တူတူပဲ ဖြစ်နိုင်ပါ့မလား။
ဝမ့်ရင်းသည် ထိုအခြေအနေက ပိုပိုပြီး ခက်ခဲလာသည်ကို ခံစားခဲ့ရသည်။ သူမက ဆေးနှစ်မျိုးကို ညွှန်ကြားလိုက်ပြီး ထျန်းတကျူးကို ပေးလိုက်သည်။ “ရေနွေးကို ကျိုလိုက်။ ပြီးရင် ဆေးပင်တွေ ထည့်ပြီးတော့ မီးဖိုပေါ် တင်ထားလိုက်။ ရှင့်မိန်းမအတွက် တစ်ခုခု လုပ်ခဲ့ပေး။ ပြီးရင် ကျွန်မအတွက် ရှင့်အခန်းထဲမှာ မီးလင်းဖိုကို အပူ ပေးထားပေး။”
ထိုအထဲတွင် အအေးဒဏ်ကြောင့် ဖျားနေသော အမျိုးသမီး အလုပ်သမားတစ်ယောက် ရှိနေခဲ့သည်။
သူက အိတ်ဆောင်နာရီကို ထုတ်လိုက်သည့်အခါ အချိန်က ရှစ်နာရီ ကျော်နေပြီ ဆိုတာကို တွေ့လိုက်ရသည်။ သူမက သက်ပြင်းရှည်ကြီး ချလိုက်ကာ သူမဘေးသို့ ရောက်လာသော ရှုရွှမ်းကို ပြောလိုက်သည်။ “ရှင်ဘာလို့ မပြန်သေးတာလဲ။ ပြီးတော့ ပြန်မလာခင် တစ်ခုခုကို စားလိုက်ဦး။”
ဒါဟာ ပျော်စရာကောင်းတဲ့ နှစ်သစ်ကူးပွဲ ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း အခုဆိုရင် သူတို့နှစ်ယောက်လုံးက ဒီနေရာမှာ ပိတ်မိနေပြီ ဖြစ်သည်။
ရှုရွှမ်းက ခေါင်းခါပြလိုက်သည်။ “အပြင်ကနေ ကိုယ်မင်းကို မျက်စိဒေါက်ထောက် ကြည့်နေမယ်။”
ထျန်းတကျူးရဲ့အမေနှင့် ယောင်းမ နှစ်ယောက်လုံးက ပြဿနာ ရှာလွန်းသည်။ အခုလေးတင် ဝမ့်ရင်း ဝင်လာတုန်းက သူမက သူတို့ကို စတင်ပြီး ကျိန်ဆိုနေခဲ့ကြကာ ရှုရွှမ်းက သူမရဲ့အနောက်ကနေ စိုက်ကြည့်နေခဲ့သည်။
“ငါတို့တွေ အဖွဲ့ခေါင်းဆောင် လာဖို့ သွားမေးပြီး ကျသင့်ငွေကို ယူလာခဲ့။”
ဝမ့်ရင်းကလည်း ခေါင်းငြိမ့်ပြခဲ့သည်။ ထျန်းမိသားစုထဲက သောင်းကျန်းမှုမှာ ပုံမှန်မဟုတ်ပေ။ အထဲမှာ ကလေးမွေးနေချိန် ဘယ်သူ့ရဲ့ ယောက္ခမနဲ့ ယောင်းမက အပြင်မှာ ပြဿနာ ရှာနေရတာလဲ။ မကောင်းတာ တစ်ခုခု ဖြစ်နေပြီဆိုတာ သိသာတယ်။
ရှုရွှမ်းသည် ဝမ့်ရင်းက ပြောပြီးနောက် ခံစားချက်မဲ့ကာ ကျန်ရစ်နေသော ထျန်းတကျူးကို အေးတိအေးစက် ကြည့်လိုက်သည်။ ထို့အပြင် အဲ့လူကို သူ့ရင်ထဲကနေပါ အထင်သေးနေခဲ့သည်။
သူစကားပြောနေချိန် ထျန်းယိုဖုက ရောက်လာခဲ့သည်။
ထျန်းယိုဖု ရောက်လာသည့်အခါ ထျန်းတာကျူးရဲ့ အမေနှင့် ခယ်မတို့က သူတို့ရဲ့ ရန်ဖြစ်နေသည့် အရှိန်ကို လျှော့ချလိုက်သည်။
ဝမ့်ရင်းက အထဲမှာ ချမ့်ကျွီဟွာကို ဂရုစိုက်ရင်း အလုပ်ရှုပ်နေခဲ့သည်။ ထို့ကြောင့် သူမက ထျန်းယိုဖုနှင့် သွားတွေ့ဖို့အတွက် အပြင်သို့ ရှုရွှမ်းကိုပဲ လွှတ်လိုက်သည်။
ထျန်းယိုဖုက နှင်းများထဲကနေ လာခဲ့ရသည်။ တယာက ပဝါကို ပိတ်ထားကာ နှာရည်များ ကျနေခဲ့သည်။ သူမရဲ့ မျက်နှာလေးတွင် မျက်ရည်များကတောင် ခဲနေခဲ့သည်။ သူမက ငိုဖို့တောင် တော်တော်လေး ချမ်းနေခဲ့သည်။