အခန်း (၆၉)
Vol. 6 Ch. 69
တကယ်တမ်းမှာတော့ သူမက သူမရဲ့ ယောင်းမကို ဘာမှ မလုပ်ချင်ခဲ့ပါ။ သူမက ချွမ့်ကျွီဟွာကို ကျိန်ဆဲပြီး သူမက မမွေးနိုင်ဘူးဟုသာ တွေးထင်စေခဲ့သည်။ အငယ်ဆုံးသားက ထိုစကားကို ကြားသွားမည်ဟု ဘယ်သူကများ ထင်ပါ့မလဲ။ သူ့အသက်အရ သူသည် အတော်လေး တက်ကြွပြီး စကားပြောဖို့ လေ့လာရတာကို သဘောကျနေခဲ့သည်။ ကလေးတွေသည် ဘာကိုမှ အများကြီး မတွေးနိုင်ကြဘဲ လူကြီးတွေက လုပ်စေချင်သည့် အရာကိုသာ လုပ်ကြသော်လည်း သိပ်ပြီး မလုပ်ရဲကြပါ။
ထျန်းယိုဖုရဲ့ မျက်နှာက တည်တည်တံ့တံ့ ဖြစ်နေခဲ့သည်။ အခြေအနေ မကောင်းသည်ကို မြင်သည့်အခါ ချက်ချင်းဆိုသလိုပဲ ထျန်းတကျူးရဲ့ အမေက သူမရဲ့ အကြီးဆုံးသားကို အဝေးသို့ ဆွဲခေါ်သွားသည်။
ထျန်းတကျူးက ဇွန်းကိုကိုင်ပြီး မီးဖိုချောင် အပေါက်ဝမှာ ရပ်နေခဲ့သည်။ သူ့ရဲ့ မျက်နှာက အံ့ဩမှုအပြည့် ဖြစ်နေခဲ့သည်။ “အမေ၊ အာ့ရာ ပြောတာက အမှန်ပဲလား။”
ထျန်းတကျူးက ထုံပေသည့် သူတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ဇနီး ထိခိုက်စေဖို့ကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။ ဒီလို ကိစ္စမျိုး ဖြစ်လာဖို့အတွက် သူ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်ကို သူ့အမေက သူ့တူအား တွန်းချဖို့ ပြောခဲ့တာလား။
ထျန်းတကျူး အမေရဲ့ မျက်နှာက တင်းမာသွားခဲ့သည်။ ကလေးကလည်း ဝန်ခံခဲ့ပြီးပြီ ဖြစ်သည်။ သူမက ဘာကိုမှ ထပ်ပြီး မငြင်းခုံနိုင်တော့ပါ။ သူက ပုံမှန်အတိုင်း အိုးကို ပစ်ချပြီး ပြောခဲ့သည်။ “အခုဆို မင်းမိန်းမက အသက်ကြီးနေပြီ။ သူက မိန်းမ တစ်ယောက်ပဲလေ။ နင့်ယောင်းမ ပြောတော့ရော ဘာဖြစ်လဲ။ ငါ့အထင် ဒီတစ်ခါမှာလည်း နင်က သားတစ်ယောက် မရနိုင်လောက်ဘူး။ နင်က နင့်တူအပေါ်မှာပဲ မှီခိုရတော့မယ်။”
ထျန်းတကျူးရဲ့ အမေက သဘောတူလိုက်သည်။ “ဒီတစ်ခါမှာလည်း အဲ့ကလေးက အရေးမပါတဲ့ ကလေး တစ်ယောက်ပဲ။ ဒီလို ငယ်တဲ့ အသက်မျိုး ဖြစ်နေတာ ဘယ်လိုတောင် ကံဆိုးလိုက်လဲ။ နင့်မိန်းမက ဒီလောက်ထိ အသုံးမဝင် ဖြစ်လိမ့်မယ်လို့ ငါဖြင့် မျှော်တောင် မမျှော်လင့်ထားဘူး။ ကလေးက ဗိုက်ထဲမှာ ခုနစ်လကျော်လောက် နေခဲ့ရတာ။ ဒါပေမယ့် အခုတော့ သူက ချော်လဲပြီး လမစေ့ဘဲ မွေးတော့မယ်။ နင့်တူက ကြောက်နေတာမှ အရမ်းပဲ။ သနားဖို့တောင် ကောင်းတယ်။ ဦးလေးတစ်ယောက်အနေနဲ့ နင်က တပေါင်နဲ့ ယှဥ်ပြောမနေသင့်ဘူး။ ဟုတ်တယ်မလား။”
ထျန်းယိုဖုရဲ့ မျက်နှာက စိတ်ဓာတ်ကျနေခဲ့သည်။ အခုဆိုရင် ဒီကိစ္စက မိသားစု ပြဿနာတစ်ခု ဖြစ်သွားခဲ့ပြီး ထျန်းတကျူးရဲ့ အခြေအနေပေါ်သာ မူတည်သည်။
တယာနှင့် အာ့ရာတို့က အငိုတိတ်သွားခဲ့သည်။ ကလေးနှစ်ယောက်သည် ခြံထဲက လူတွေကို ကြည့်နေရင်း သူတို့နှစ်ယောက် သဘောအကျဆုံး လူတစ်ယောက်မှာ အေးတိအေးစက် မျက်နှာမျိုးနှင့် ရှုရွှမ်း ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ ကလေးမလေး နှစ်ယောက်က ရှုရွှမ်းကို မှီလိုက်ပြီး ထူးခြားသည့် အရာတစ်ခုမှာ ရှုရွှမ်းက သူမတို့ကို မတွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
တယာက သူမရဲ့ အဖေကို မျက်လုံးထဲတွင် နာကျည်းချက်များဖြင့် ကြည့်လိုက်သည်။ ထိုအချိန်မှာ အာ့ရာရဲ့ မျက်နှာက ဒေါသအပြည့် ဖြစ်နေခဲ့သည်။ သူမသည် လူကြီးတွေရဲ့ ကိစ္စကို နားမလည်သော်လည်း သူမသည် ဒီပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့်အတွက် ဒါဟာ သူမရဲ့အဖေ တစ်ခုခု ပြောရတော့မည့် အချိန်ဆိုတာကိုတော့ သေသေချာချာ သိနေခဲ့သည်။
ထျန်းတကျူးက စကားစပြောသည့်အခါ သူက အရမ်းကို သဘောထား ကွဲလွဲနေခဲ့သည်။
ချမ့်ကျွီဟွာရဲ့ ကလေးက သားယောက်ျားလေး ဖြစ်မည်ကို သူက မသေချာနိုင်ခဲ့ပါ။ ချမ့်ကျွီဟွာက တကယ် သားယောက်ျားလေး မွေးပေးခဲ့ပါက ဒီတစ်ကြိမ်မှာတော့ သူသည် သူရဲ့အမေ၊ ညီအကိုတို့နှင့် လမ်းခွဲတော့မည် ဖြစ်သည်။ သို့သော် ဒီကိုယ်ဝန်က မိန်းကလေးသာဆို ဘာတွေ ဖြစ်သွားမှာလဲ။
ထျန်းတကျူးရဲ့ အမူအရာကို သူ့သမီး နှစ်ယောက်က မြင်သည့်အခါ အာ့ရာက ထပ်မံကာ မျက်ရည်များ ကျလာခဲ့သည်။ သူမက သူမအစ်မရဲ့လက်ကို ဆွဲလိုက်ကာ သူမရဲ့ လက်ကျန်ဘဝ တစ်လျှောက်လုံးတွင် သူမရဲ့ အဖေဖြစ်သူကို မုန်းနေတော့မည်ကို ရင်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။
သူက အဖွားနဲ့ တစ်ကြိတ်တည်း တစ်ဉာဏ်တည်းပဲ။
ရုတ်တရက်ဆိုသလို ရှုရွှမ်းက ပြောလိုက်သည်။ “အခု ကျွန်တော်တို့ ဒီကို ရောက်လာတာ ထျန်းတကျူးက ဝမ်းဆွဲသည် တစ်ယောက်ကို သွားရှာဖို့ အဆင်မပြေဘူးဆိုတာ ကြားမိလို့ပဲ”
ထိုစကားက တည့်တိုးဆန်သော်လည်း မမျှော်လင့်ထားသော အရာတစ်ခုထက်တော့ မပိုပါ။
အာရုံစိုက်ခံနေရသည့် ထျန်းတကျူးကို မဆိုထားနှင့် ဘေးနားက ကြည့်နေသူတွေကတောင် ထိုအရာကို သတိရသွားခဲ့သည်။ တကယ်တမ်းမှာတော့ အစတုန်းက ယောက္ခမနှင့် ချွေးမက ဝမ်းဆွဲသည် အဖွားကြီးကို ဂရုစိုက်ပေးဖို့သာ ဆက်တိုက် ပြောနေခဲ့ပြီး ချမ့်ကျွီဟွာအတွက် ဆရာဝန်တစ်ယောက် လုံးဝကို မရှာပေးချင်ခဲ့ပါ။ ဝမ့်ရင်းက ထိုနေရာမှာ ရှိနေတာတောင် သူမရဲ့ ချွေးမက ဆရာဝန် တစ်ယောက်ကို တိတ်တဆိတ် ထွက်သွားကာ ရှာချင်နေခဲ့သည်။
ထျန်းယိုဖုကလည်း ပိုပြီး အသည်းအသန် ဖြစ်လာခဲ့သည်။ ထျန်းတကျူးရဲ့ အမေက ထိုကိစ္စကို အဖြေမရှာနိုင်သေးပါ။ ထျန်းအာကျူးရဲ့ မိန်းမကတော့ တကယ်ကို မှင်သက်နေခဲ့ပြီ ဖြစ်သည်။
ရှုရွှမ်းက ဘာကို ဆိုလိုချင်တာလဲ။ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ချမ့်ကျွီဟွာကို ဒီနေရာမှာ သေအောင်ထားဖို့ စီစဥ်ထားကြတာလား။
မဟုတ်လောက်ပါဘူး။ သူမ မလုပ်လောက်ပါဘူး။
ထျန်းအာကျူး မိန်းမရဲ့ အသံက တုန်လှုပ်နေခဲ့သည်။ “ငါ့ကို အတင်း လာမတုပ်နဲ့။ ငါ မလုပ်ဘူး။ ဝမ်းဆွဲသည် မရှာဖို့ ငါ မပြောလိုက်ဘူး။ အဲ့ဒါ…. အဲ့ဒါတွေ အကုန်လုံးကို ငါ့ယောက္ခမကပဲ ပြောတာ။”
ထျန်းတကျူးရဲ့ မိခင်ဖြစ်သူသည် သူမ အမြဲတမ်း သဘောကျခဲ့ရသော ချွေးမငယ်လေးက သူမရဲ့ နောက်ကျောကို ရုတ်တရက် ဓားနဲ့ထိုးလိုက်သည့်အခါ သူမက လုံးဝကို မှင်သက်သွားခဲ့ရသည်။
သူမက ဝမ်းဆွဲသည် တစ်ယောက်ကို မခေါ်ချင်ခဲ့သော်လည်း အကြီးဆုံးကလေးရဲ့ ပိုက်ဆံကို အကြီးဆုံး ကလေးကပဲ သုံးသင့်သည်ဟု သူမ မတွေးခဲ့ဘူးလား။ ထို့အပြင် ကလေးကို သူတို့ဘာသာ မွေးနေသည့် လူတွေက ကျေးလက်ဒေသမှာ ထုနှင့်ဒေး ရှိနေခဲ့သည်။ ချမ့်ကျွီဟွာရဲ့ ပထမဆုံး ကလေးနှစ်ယောက်မှာ မွေးရဖွားရ ခက်သော်လည်း သူတို့က မွေးရခက်ရင်တောင် နောက်ဆုံးမှာတော့ ကောင်းကောင်းမွန်မွန်ပဲ မွေးနိုင်ခဲ့သည် မဟုတ်ပါလား။
သူက ဝမ်းဆွဲသည်ကို ကလေးတစ်ယောက် မွေးဖို့အတွက် ၂ယွမ်တောင် ပေးထားတာ။ ဒီလို နှင်းကျတဲ့ ရာသီဥတုမှာ သူ့ကို ၃ယွမ်လောက် ပေးရမှာတဲ့။ အဲ့ဒါက မတန်ဘူးလေ။
ထျန်းတကျူးရဲ့ မျက်နှာက နာကျင်စရာ အပြည့် ဖြစ်နေခဲ့သည်။ သူ့အမေက သူ့မိန်းမ ကလေးမွေးနေစဥ် အချိန်တွင်းမှာ သူမကို သေအောင် ကြိုးစားခဲ့ပြီး သူ့အစ်ကိုရဲ့ ကလေးကို ပြုစုပေးဖို့ အမိန့်ပေးခံရကာ သူ့ကိုလည်း နှိပ်စက်နေခဲ့သည်။ ထျန်းတကျူးရဲ့ ရင်ထဲမှာတော့ ဗလောင်ဆူနေခဲ့သည်။
သူ့ကျမှ ဘာလို့ သားယောက်ျားလေး မမွေးရတာလဲ။ သူ့ကျမှ ဘာလို့ သားယောက်ျားလေး မရှိရတာလဲ။
အခုဆို သူက သားယောက်ျားလေး ရလာရင် ထပ်ပြီး သူရဲဘော မကြောင်တော့ဘူး။ သူ့သားအတွက် သူက ဂုဏ်ယူမယ်၊ အလုပ်လည်း ကြိုးစားမယ်။ သူက ကောင်းတဲ့ အဖေတစ်ယောက် ဖြစ်လာရမယ်။
သူက လူကောင်းတစ်ယောက်ပါ။ အဲ့ဒါကို ဘာလို့ သားယောက်ျားလေး မမွေးနိုင်ရတာလဲ။
ထျန်းယိုဖုက ဘာစကားမှ မပြောသော်လည်း မျက်နှာမှာ နာကျင်စရာ အပြည့်ဖြစ်နေသော ထျန်းတကျူးကို မြင်သည့်အခါ သူက ဘာကိုမှ မကူနိုင်ဘဲ သက်ပြင်းသာ ချလိုက်သည်။
ထိုအချိန်မှာ သူက ဘာကိုမှ သေသေချာချာ မပြောနိုင်သည့်အတွက် သူက ဒီလိုလူမျိုး ဖြစ်တယ်ဆိုတာကို ပြနေသလို ဖြစ်နေခဲ့သည်။
သူသည် သားယောက်ျားလေး မွေးသည့်အခါ ယောက်ျားကောင်းတစ်ယောက် ဖြစ်လာဖို့ အမြဲတမ်း တွေးထားသော်လည်း သူသည် ရုတ်တရက် စိတ်ကို ပြောင်းလဲနိုင်သည့် သူမျိုးတော့ မဟုတ်ပါ။ တကယ်လို့ သူသာ သားတစ်ယောက် ရလာပါက သူ့ရဲ့ လက်ရှိ အခြေအနေအရ သားအတွက် ယောက်ျားကောင်း တစ်ယောက် ဖြစ်လာမည် မဟုတ်ပါ။
ထျန်းယိုဖု - “ ဒီမှတ်စုကို မင်းတို့ နှစ်ယောက်အတွက် လုပ်လာပေးတယ်။”
တကယ်လို့ ကလေးက တစ်စုံတစ်ယောက်ကို တွန်းလိုက်ရင် ဒါက မိသားစု ပြဿနာပဲ။ ဒါပေမယ့် မင်းတို့ လူကြီးတွေက တစ်ယောက်ယောက်ကို စောင့်ကြည့်ပြီး တားဖို့ ကြိုးစားခဲ့ရင် ဒါက မင်းတို့ရဲ့ စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေအတွက် မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မယ်။
ချမ့်ကျွီဟွာအတွက် အရာရာက အဆင်ပြေပြေ ပြီးသွားရင် နောက်ပိုင်း သူမရဲ့ အပြစ်ဒဏ်က ပေါ့သွားမယ်။ ဒါပေမယ့် ချမ့်ကျွီဟွာသာ အဆင်မပြေရင် မင်းတို့နှစ်ယောက်ကို အပြစ် ပေးဖို့ကလွဲပြီး အဖွဲ့မှာ ဘာရွေးချယ်စရာမှ မရှိတော့ဘူး။
ထျန်းယိုဖုရဲ့ နောက်ဆုံး သဘောထားက ထျန်းတကျူးရဲ့ အမေနှင့် ထျန်းအာကျူးရဲ့ မိန်းမကို ပြိုလဲသွားစေခဲ့သည်။ အခုဆိုရင် ချမ့်ကျွီဟွာက ဘာဖြစ်မလဲ ဆိုတာကို သူတို့ နှစ်ယောက်လုံးက သိနေခဲ့သည်။ တကယ်လို့ ချမ့်ကျွီဟွာက အဆင်ပြေပါက သူတို့ကပဲ သူမကို အပြစ်ပေးကြလိမ့်မည်။ ချမ့်ကျွီဟွာသာ အဆင်မပြေပါက သူမတို့က ခွေးအိုကြီး တစ်ကောင်လို အထုပ်တွေယူပြီး သေချာပေါက် ထွက်သွားရမည် ဖြစ်သည်။
ဝမ့်ရင်းက အခန်းထဲကနေ ကိစ္စတစ်ခုလုံးကို နားထောင်ကာ အိပ်ရာပေါ်တွင် ဖြူဖျော့ပြီး လှဲနေသော ချမ့်ကျွီဟွာကို တစ်ခုခု ပြောခဲ့သည်။
“ရှင့်ရဲ့ သမီးလေးနှစ်ယောက်က ရှင့်အပေါ်မှာ တော်တော် ကောင်းကြတာပဲ။”
ကလေးနှစ်ယောက်က အသက်တွေ အရမ်း မကြီးသေးဘူး။ အကြီးလေးက လူကိုကယ်ဖို့ အပြင်ထွက်ပြီး တစ်ယောက်ယောက်ကို ရှာရမယ်ဆိုတာ သိတယ်။ ပြီးတော့ အငယ်လေးက သူမအမေအတွက် ပြောပေးရမယ် ဆိုတာလည်း သိနေတာပဲ။
ဒီလိုကလေးမျိုးရှိတာ ချစ်ဖို့ကောင်းလိုက်တာ။
ချမ့်ကျွီဟွာရဲ့ မျက်နှာက နာကျင်စရာများဖြင့် ပြည့်နေခဲ့ကာ သူမရဲ့ ပါးပြင်ပေါ်ကနေ မျက်ရည်များ ကျလာခဲ့သည်။
သူမက ထိုကလေးမလေး နှစ်ယောက်အပေါ်မှာ မကောင်းခဲ့သော်လည်း အဆုံးမှာတော့ အပြင်လူ ရှုရွှမ်းနှင့် သူမရဲ့ သမီး နှစ်ယောက်သာ သူမအတွက် ဝင်ပြောပေးခဲ့သည်။
သူမက အခက်အခဲတွေကို ရင်ဆိုင်ခဲ့ပြီး သူမရဲ့ ယောက်ျားကိုတော့ သူမက မမှီခိုနိုင်ခဲ့ပါ။ သူမရဲ့ ယောက္ခမနှင့် ယောင်းမများကလည်း အငြှိုးထားနေခဲ့သည်။ တရားမျှတဖို့အတွက် ကလေးနှစ်ယောက်က မျက်ရည်များနှင့် ရင်ဆိုင်နေရသည်။
ဝမ့်ရင်းက ဘာကိုမှ ထပ်မပြောတော့ပါ။ သူမကလည်း စိတ်ပူနေခဲ့သည်။ ချမ့်ကျွီဟွာက ချောချောမွေ့မွေ့ မွေးနိုင်ပြီး အခြား တစ်ယောက်ကတော့…..
ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလား ဆိုတာကို သူမကလည်း သိနေခဲ့သည်။
ချမ့်ကျွီဟွာက တစ်ချိန်လုံး သားယောက်ျားလေး အကြောင်းကိုပဲ တွေးနေပုံရသည်။ သူမရဲ့ သားနှင့်အတူ မိသားစုထဲမှာ မားမားမတ်မတ် ရပ်တည်နိုင်ပြီး သူမရဲ့ အစ်ကိုတွေကလည်း ထပ်ပြီး အသုံးချတော့မည် မဟုတ်ပါ။ သို့သော် ထိုကိစ္စ ပြီးသွားရင် တယာနှင့် အာ့ရာတို့ရဲ့ ဘဝက ဘယ်လို ဆက်ဖြစ်သွားမှာလဲ။
တကယ်လို့ အခုလည်း သမီးလေးပဲဆို ချမ့်ကျွီဟွာမှာ သမီးသုံးယောက် ဖြစ်သွားတာက အဆင်ပြေပါ့မလား။ သူမရဲ့ မိသားစုက သူမအတွက် ရပ်တည်ပေးနိုင်ပါဦးမလား။
….
ညတာရှည်ပြီး အိမ်နီးချင်းများက အတင်းတုပ်သံကို ကြားပြီး အနားယူဖို့ အိမ်ပြန်သွားကြသည်။ ထျန်းယိုဖုက ဘယ်လိုမှ မခံနိုင်တော့ပါ။ ထို့ကြောင့် သူက သူ့ကို မနက်ဖြန် မနက်ကျရင် လာဖို့အတွက် ပြောကာ ဒီမှာ အရေးတကြီး တစ်ခုခု လိုအပ်လား ဆိုတာကို သူ့ကိုခေါ်ပြီး မေးဖို့အတွက် သတိရသွားခဲ့သည်။
ထျန်းအာကျူးရဲ့ မိန်းမနှင့် ထျန်းတကျူးရဲ့ အမေက ထွက်သွားခဲ့သည်။ သူတို့ ထွက်သွားသည့်အခါ သူတို့က တစ်ယောက်ကို တစ်ယောက် ခပ်တည်တည်နှင့် ကြည့်နေပြီး သူတို့ ပြန်ရောက်သည့်အခါ ရန်ဖြစ်ရဦးမည်ဟု မျှော်လင့်နေခဲ့သည်။
ဝမ့်ရင်းက မနက်ခင်း နှစ်နာရီအထိ နေခဲ့ပြီး ရှုရွှမ်းက သူမကို အစားစားဖို့ အခန်းပြင် ထွက်ခဲ့ရန် ခေါ်လိုက်သည်။
နှစ်သစ်ကူးပွဲအတွက် ရှုရွှမ်းက စားပွဲကြီးကို ပြင်ဆင်ထားခဲ့သည်။ သို့သော် အခုချိန်မှာ ယူလာဖို့အတွက် မသင့်တော်ပါ။ ရှုရွှမ်းက ပြန်သွားဖို့အတွက် အချိန်ယူကာ ပေါက်စီအဖြူကို ပြန်နွှေးခဲ့ကာ တစ်လုံးက အသားနှင့်ဖြစ်ပြီး တစ်လုံးက အရွက်နှင့် ဖြစ်သည်။ သူသည် မနက်တုန်းက ကျန်သေးသည့် ပဲနို့များကို အပူပေးခဲ့သည်။
ဝမ့်ရင်းက ထိုအရာများကို တစ်ဝကြီး စားလိုက်ကာ ကျန်တစ်ဝက်အား သူမဘေးတွင် ရပ်နေသော ညီမလေးကို ပေးလိုက်သည်။
တယာက အားရာကို ဆွဲလိုက်ပြီး စားစရာကို မယူဖို့အတွက် ပြောခဲ့သည်။ “အစ်မ၊ ညီမတို့တွေ ဗိုက်မဆာသေးပါဘူး။ အမပဲ အဲ့ဒါကို စားလိုက်ပါ။”
ဝမ့်ရင်းရဲ့ ရင်ထဲတွင် ခံစားလိုက်ရသည်။ ဒီလို သိတက်လိမ္မာပြီး ယဥ်ကျေးသည့် မိန်းကလေးသည် အခြား မိသားစုမှာသာဆိုရင် ရတနာတစ်ပါးလို ဆက်ဆံခံရမည် ဖြစ်သည်။
ဘာပြဿနာမှ ထပ်မဖြစ်ဘဲ ဝမ့်ရင်းက စားစရာကို သူတို့ရဲ့ ပါးစပ်ထဲ ထည့်ပေးကာ ကောင်းကင်ကို ကြည့်လိုက်သည်။ “ငါ့အထင် ဝမ်းဆွဲသည်က မနက်ကျမှ လာမယ် ထင်တယ်။ ပြီးတော့ အဲ့ကျမှ မွေးလမ်းကြောင်းက ဖွင့်လို့ရမှာ။”
ဝမ့်ရင်းက ထိုနေရာတွင် ဘာမှမလုပ်ဘဲ မထိုင်နေခဲ့ပါ။ သူမက ချမ့်ကျွီဟွာရဲ့ ခြေထောက်ကို အပ်စိုက်ကုပေးနေရင်း သူမရဲ့ အသက်ရှုခြင်းကို ထိန်းညှိပေးနေခဲ့သည်။ ထိုအချိန်မှာပဲ မွေးလမ်းကြောင်းက ပွင့်သွားမလား ဆိုတာကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။
အကြောင်းမှာ မွေးလမ်းကြောင်းက တဖြည်းဖြည်း ပွင့်လာဖို့ ဝမ့်ရင်းက လေ့လာဖူးသော တရုတ်ရိုးရာ အနှိပ်နည်းများဖြင့် ချမ့်ကျွီဟွာကို ကူညီပေးခဲ့သည်။
အရင်တုန်းက မီးဖွားဖို့အတွက် ဘာဆေးစစ်မှုမှ မလုပ်ခဲ့ပါ။ ထို့ကြောင့် ကလေးရဲ့ပုံစံက ပုံမှန် မဟုတ်ဘူးဟု ဝမ့်ရင်းက ခံစားခဲ့ရသည်။ အဖွားထျန်းကလည်း ကြောက်နေခဲ့သည်။ ပုံမှန်မဟုတ်ဘဲ မူမမှန်တာမျိုးနှင့် မွေးဖွားလာမည်ကို စိုးရိမ်နေခဲ့သည်။
ဝမ့်ရင်းက မွေးလမ်းကြောင်းအား ပြင်ပေးနေသည်ကို မြင်လိုက်ရသည့်အခါ အဖွားထျန်းက အံ့သြပြီး ပြောခဲ့သည်။ သူမ ဝမ်းဆွဲသည် မိန်းမကြီးဆီကနေ လေ့လာတုန်းက ထိုမိန်းမကြီးက နှိပ်ပေးသည့် နည်းလမ်းများကို သိသော်လည်း သူမက ထိုအရာများကို မလေ့လာခဲ့ပါ။
လူနှစ်ယောက်က အိမ်ထဲမှာ စောင့်ပေးနေကြစဥ် ရှုရွှမ်းနှင့် ထျန်းတကျူးတို့က အပြင်ကနေ စောင့်နေကြသည်။
လေးနာရီဝန်းလောက်မှာ ဝမ့်ရင်းက လေကောင်းလေသန့်ရှုဖို့ အပြင်ထွက်လာသည့်အခါ ရှုရွှမ်းရဲ့ လက်ထဲတွင် ကလေးနှစ်ယောက်က ရှိနေခဲ့သည်။
တယာနှင့် အာ့ရာတို့က ထွက်သွားဖို့ကို ငြင်းခဲ့ကြပြီး လှေကားထစ်နားမှာပဲ အိပ်ပျော်သွားကြသည်။ ရှုရွှမ်းသည် သူတို့က အဝတ်အပါးများ ဝတ်ထားသည်ကို မြင်ရသည့်အခါ ရှုရွှမ်းက သူတို့ကို ပွေ့ထားခဲ့သည်။
ဝမ့်ရင်းထွက်လာသည်ကို မြင်သည့်အခါ ရှုရွှမ်းက တစ်ခုခု ပြောချင်နေခဲ့သည်။ သို့သော် သူက ခနတာလောက် ထိုစကားများကို မျိုသိပ်ထားခဲ့သည်။
ဝမ့်ရင်းက ရေတစ်ငုံ သောက်လိုက်သည်။ တစ်ညလုံး ကျိုထားပြီးနောက် ရေနွေးက အေးသွားခဲ့ပြီ ဖြစ်သည်။ သူမက ရေကို မမျိုချခင်မှာ ငုံထားခဲ့သည်။
ရုတ်တရက် အိမ်ထဲကနေ အဖွားထျန်းရဲ့ အသံက ထွက်လာခဲ့သည်။ “ မွေးလမ်းက ပွင့်နေပြီ။ မြန်မြန်လာ။ ဝမ့်ရင်းရေ၊ မွေးလမ်းက ပွင့်နေပြီဟဲ့။”
ဝမ့်ရင်းက ရေနွေးခွက် လွတ်ကျသွားကာ စိတ်ရှုပ်ပြီး အပြေးသွားခဲ့သည်။ အခုဆိုရင် သူမက ထိုနေရာတွင် ရှိနေပြီး နောက်ထပ် နှစ်နာရီလောက်သာ ကြာမြင့်မည်ဟု တွေးထားခဲ့သည်။ သို့သော် သူမရဲ့ မွေးလမ်းကြောင်းက ဘယ်လိုလုပ် ပွင့်သွားခဲ့ရတာလဲ။
ဝမ့်ရင်းက ငုံ့ကြည့်လိုက်ပြီး ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ “စကြမယ်။”
မွေးလမ်းက ပွင့်နေပြီ ဖြစ်သည့်အတွက် ဝမ်းဆွဲသည်သာ ထိုနေရာတွင် မရှိပါက ကလေးရဲ့ ခေါင်းကို ထုတ်လို့ရနိုင်မည် မဟုတ်ပါ။
ချမ့်ကျွီဟွာက တစ်ညလုံး ဗိုက်နာနေခဲ့ပြီး အော်ဖို့တောင် အားနည်းနေခဲ့ပြီ ဖြစ်သည်။ ဝမ့်ရင်းက မီးဖိုပေါ်တွင် ကျိုထားသော ဆေးကို သူမပေါ်သို့ လောင်းချလိုက်သည်။ ကံကောင်းစွာဖြင့် ထျန်းတကျူးက ကြက်ဥ နှစ်လုံးကို ပြုတ်ထားခဲ့ပြီး ဒုတိယနေ့ ညလယ်မှာ သူမကို ကျွေးခဲ့သည်။ ထို့ကြောင့် သူမက အခုဆိုရင် လုံလောက်သည့် အားအင်မျိုး ရှိနေခဲ့ပြီ ဖြစ်သည်။
ဝမ့်ရင်းနှင့် အဖွားထျန်းက ဟိုပြေးဒီပြေး လုပ်နေရင်း အလုပ်ရှုပ်နေခဲ့သည်။ ထျန်းတကျူးကလည်း အပြင်ဘက်ကနေ ဟိုလျှောက် ဒီလျှောက် လုပ်နေခဲ့သည်။ တယာနှင့် အာ့ရာတို့ကလည်း မီးပုံကိုသာ ငေးကြည့်နေခဲ့သည်။
ထိုနေရာတွင် လူအနည်းငယ်သာ ရှိသော်လည်း မနေ့ညက အခြေအနေနှင့် ကလေးမွေးသည့် အခြေအနေကို ယှဥ်ကြည့်ပါက ပိုပြီး တိတ်ဆိတ်နေခဲ့သည်။
ဝမ့်ရင်းရဲ့ ထိရောက်တဲ့ နှိပ်နယ်ပေးတာကိုပဲ ကျေးဇူးတင်လိုက်။ ကလေးရဲ့ အနေအထားက အဆင်ပြေသွားပြီ။ နောက်ထပ် တစ်နာရီကျော်လောက်ဆို ကလေးရဲ့ ပထမဆုံး ငိုသံလေးကို ကြားရတော့မယ်။
ထိုအချိန်မှာပဲ ထျန်းအာကျူးက မောပန်းကာ အသက်လတ်ပိုင်း ရှိသော အမျိုးသမီး တစ်ယောက်ရဲ့ လက်ကိုဆွဲကာ အော်နေသည့် ထျန်းတကျူးရဲ့ အနောက်ကနေ လိုက်လာခဲ့သည်။ “ဝမ်းဆွဲသည်က ဒီမှာ။”
ဝမ်းဆွဲသည်က အခန်းထဲသို့ ဝင်လာသည့်အခါ အော်သံတစ်သံကို ကြားလိုက်ရသည်။
ဟုတ်ပြီ။ ဒါကို ဆွဲထား။
ဝမ့်ရင်းသည် သူမရဲ့ခေါင်းက ချွေးတွေကို သုတ်လိုက်ပြီး သတိမေ့လုနီးပါး ဖြစ်နေသော ချမ့်ကျွီဟွာအား ကလေးကို ကြည့်လို့ရရန် သူမရဲ့ လက်ထဲသို့ ထည့်ပေးခဲ့သည်။