← Chapters

အခန်း (၇၀)

Vol. 6 Ch. 70

အခန်း (၇၀)

Vol. 6 Ch. 70

ဝမ့်ရင်းက ချမ့်ကျွီအာကို သူမရဲ့ကလေးအား ပြလိုက်သည်။ ချမ့်ကျွီအာက ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ သူမက ကလေးရဲ့ မျက်နှာကို ထိလိုက်ပြီး မျှော်လင့်ချက်များဖြင့် ဝမ့်ရင်းကို ကြည့်လိုက်သည်။

ဝမ့်ရင်း - “ဒါ မိန်းကလေးပဲ။”

ချမ့်ကျွီအာရဲ့ မျက်လုံးထဲမှ အလင်းရောင်လေးသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့ကာ သူမရဲ့ မျက်ဝန်းအိမ်မှ မျက်ရည်များ ကျလာခဲ့သည်။

သူမက အများကြီး ခံစားခဲ့ရသော်လည်း နောက်ဆုံးမှာတော့ သူမက သားယောက်ျားလေး မွေးဖို့ကို ရှုံးနိမ့်နေဆဲ ဖြစ်သည်။

ဝမ့်ရင်းတောင် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သမီးလေး မွေးလိုက်တာက တယာနှင့် အာ့ရာတို့အတွက် စိတ်သက်သာရာ ရစေခဲ့သည်။ ထို့နောက် တကယ်လို့ ကောင်မလေးနှစ်ယောက်မှာ မောင်လေးတစ်ယောက် ရှိလာပါက သူတို့ရဲ့ အနာဂတ်ကို သူမတို့ မောင်လေးအပေါ်မှာသာ လုံးလုံးလျားလျား ရင်းနှီးရတော့မည် ဖြစ်သည်။ ကလေးနှစ်ယောက်ရဲ့ ဆိုးရွားသည့် နေထိုင်မှု ပုံစံမှာ ပိုလို့တောင် ဆိုးရွားသွားမည် ဖြစ်သည်။

ဒါပေမယ့် သူမက သမီးငယ်လေး တစ်ယောက်ကို ထပ်မွေးပေးခဲ့လိုက်ပြီ။

ဒါဟာ ချမ့်ကျွီဟွာအတွက် ဘယ်လောက် ကြီးမားသော ထိုးနှက်မှု တစ်ခုဆိုတာကို ဝမ့်ရင်းက မတွေးဘဲနဲ့တောင် သိနေခဲ့သည်။ သူမကို သားမမွေးနိုင်သည့် လူတစ်ယောက်ဟု လှောင်ပြောင်တာကို ခံရတော့မည်ဖြစ်ကာ သတ္တိနည်းတဲ့ သူမယောက်ျားရယ်၊ မမျှတတဲ့ ယောက္ခမရယ်၊ ယောင်းမတွေရယ် အကြားမှာ သူမက ဦးဆောင်ဖို့တောင် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

အတန်ကြာပြီးနောက် ဝမ့်ရင်းက ချမ့်ကျွီဟွာကို ပြောလိုက်သည်။ “ရှင့်ရဲ့ သမီး နှစ်ယောက်လုံးက တော်ကြပါတယ်။ အဲ့ဒါကြောင့် ရှင်က ဒေါသစိတ်ကို မထိန်းနိုင်ဘူးလို့ ကျွန်မက အမြဲတမ်း တွေးနေမိတာ။ ဒါပေမယ့် ရှင်က လူကောင်း တစ်ယောက်ပါလို့တော့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။”

ဒါကတော့ အမှန်ဖြစ်သည်။ တယာနဲ့ အာ့ရာတို့ နှစ်ယောက်လုံးက လိမ္မာတဲ့ ကလေးတွေပင်။ ဒါက ခက်ထန်တဲ့ မိသားစုကြောင့်ဆိုတာ သေချာတယ်။ အဲ့ဒါကပဲ သူတို့ရဲ့ စိတ်ကို ထိန်းချုပ်မှာတွေ၊ သူတို့ရဲ့ အပြစ်ကင်းစင်မှုတွေကို ပျောက်သွားအောင် တွန်းအားပေးခဲ့တာ။ ဒါပေမယ့် ဒါက ချမ့်ကျွီဟွာရဲ့ ပညာအရည်အချင်းနဲ့လည်း ဆိုင်တယ်။

ကလေးတွေက လူကြီးတွေရဲ့ ပုံရိပ်ပဲ။ ဒါက ဝမ့်ယုံရွှင်းတို့ မိသားစုလိုပဲ။ သူတို့ရဲ့ မိဘတွေကပဲ ဒီလိုမဟုတ်ဘူး။ သူ့ရဲ့ ကလေး သုံးယောက်လုံးကလည်း ပြဿနာကိုယ်စီနဲ့။ တစ်ချို့ဆို သူတို့ရဲ့ မိဘတွေထက်တောင် ဆိုးသေးတယ်။

“တစ်ခြားသူတွေက ရှင့်ကို ရယ်နေရင်၊ ရှင်က ပိုကောင်းလာအောင် ကြိုးစားရမယ်။ အရင်ကဆို ရှင်က သားယောက်ျားလေး မွေးဖို့ကိုပဲ ကြိုးစားနေတာ။ ဒါပေမယ့် နောက်ပိုင်းတော့ ရှင်က ကိုယ့်ကိုကိုယ် ကောင်းအောင် ကြိုးစားလို့ရတယ်။ ကျွန်မလိုပေါ့။ မိဘတွေကလည်း ဆုံးသွားပြီ။ အဲ့ချိန်တုန်းက ကျွန်မအမေမှာ ဘာသားမှ မရှိဘူး။ ဒါပေမယ့် အမေက ကျွန်မကို တစ်ယောက်တည်း နေလို့ရအောင် စီစဥ်ပေးသွားတယ်။”

“ရှင်းရှင်းပြောရရင် အဲ့ဒါ ကျွန်မရဲ့အမေက ဆေးပညာအကြောင်းကို သိနေလို့ပဲ။ အဲ့တော့ တစ်ခြားသူတွေက ပျက်ရယ်ပြုချင်ရင်တောင် မလုပ်ရဲကြဘူး။”

“ရှင်လည်းပဲ လုပ်လို့ရတယ်။ ရှင့်ကိုယ်ရှင် ဂုဏ်ယူလို့ရအောင် လုပ်နိုင်တယ်။ ပြီးတော့ ဘယ်သူကမှ ရှင့်ကို အထင်သေးရဲမှာ မဟုတ်ဘူး။”

ဝမ့်ရင်းက စကားပြောပြီးသည့်နောက် ချမ့်ကျွီဟွာက တိတ်ဆိတ်သွားခဲ့သည်။

တစ်ဖက်လူက ဘာကြောင့် တိတ်ဆိတ်နေလဲ ဆိုတာကို ဝမ့်ရင်းက မသိခဲ့ပါ။ ထို့ကြောင့် ဝမ့်ရင်းက ကလေးကို သူမလက်ထဲသို့ ပေးလိုက်ပြီး ဖက်ထားခဲ့သည်။

ဝမ်းဆွဲသည်ကလည်း ဝင်လာခဲ့သည်။ သူမရဲ့ ပွေ့ဖက်ထားတဲ့ ပုံစံက ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်သည်။ သူမက ချမ့်ကျွီဟွာကို စစ်ဆေးပေးခဲ့ရုံသာမက ကလေးကိုလည်း စစ်ဆေးပေးခဲ့သည်။

အထဲမှာလည်း ဟိုပြေးဒီပြေး ဖြစ်နေခဲ့ပြီး ချမ့်ကျွီဟွာကလည်း မျက်လုံးများ ပိတ်ကာ အိပ်ပျော်လုနီးပါး ဖြစ်နေခဲ့သည်။

ဝမ့်ရင်းကလည်း ညစ်ပတ်နေပြီ ဖြစ်သည်။ သူမက အဖွားထျန်းကို စကားအနည်းငယ် ပြောပြီးနောက် ဆေးသေတ္တာကိုယူကာ ထွက်လာခဲ့သည်။

ခြံထဲသို့ လမ်းလျှောက်လာသည့်အခါ ထျန်းတကျူးရဲ့ မျက်ဝန်းတွေဟာ တောက်ပနေပြီး ဝမ့်ရင်းကို ငေးကြည့်နေခဲ့သည်။

ဝမ့်ရင်းက နှုတ်ခမ်းကို သပ်လိုက်သည်။ သူမက ဒီလို ယောက်ျားမျိုးကို လုံးဝ အထင်သေးနေခဲ့သည်။

အကြောင်းမှာ ချမ့်ကျွီအာက အတော်လေး စိတ်ဓာတ် ပြင်းထန်နေသော်လည်း သူ့ယောက်ျားကတော့ အတော်လေး အားနည်းသည်။

ထျန်းတကျူး၏ သူရဲဘောကြောင်မှုသည် မိသားစု ခံစားရခြင်း၏ အဓိက အကြောင်းအရာ ဖြစ်သည်။

ဝမ့်ရင်းက စိတ်ခံစားချက် မကောင်းပါ။ အထူးသဖြင့် တယာနှင့် အာ့ရာတို့က သူမကို စူးရှသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။ ထိုအရာကပဲ သူမကို ဝမ်းနည်းစေခဲ့သည်။

“အခုဆိုရင် မင်းတို့မှာ ညီမလေးတစ်ယောက် ရသွားပြီ။” ဝမ့်ရင်းက ထျန်းတကျူးကို လျစ်လျူရှုပြီး ကလေးနှစ်ယောက်ကိုပဲ တည့်တိုး ပြောချလိုက်သည်။

တယာရဲ့ မျက်လုံးတွေက ရုတ်တရက်ဆိုသလိုပဲ မှုန်သုန်သုန် ဖြစ်သွားခဲ့သည်။ အာ့ရာက ငယ်သော်လည်း သူမက မောင်လေးအစား ညီမလေးတစ်ယောက် ရသွားတာကိုတော့ သိနေခဲ့သည်။ သူမက သူမ အစ်မရဲ့ လက်ကို ကိုင်ပြီး ဘာမှမပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။

ရှုရွှမ်းသည် ဝမ့်ရင်းက အခြေအနေ မကောင်းဘူး ဆိုတာကို မြင်လိုက်ရသည့်အတွက် သူမကို အားပေးဖို့အတွက် အနားသို့သွားကာ ပြောခဲ့သည်။ “ဝမ်းဆွဲသည်က ဒီမှာ ရောက်နေပြီ။ ကိုယ်တို့တွေ အရင်ဆုံး ထွက်သွားကြရအောင်။”

ရှုရွှမ်းက ဝမ့်ရင်းရဲ့ လက်ကိုကိုင်ပြီး ထွက်သွားသည့်အခါ သူတို့ရဲ့ အနောက်ကနေ ထျန်းတကျူးက နှင်းထဲမှာ ဒူးထောက်ပြီး အော်ငိုနေသံကို ကြားလိုက်ရသည်။

ငိုသံက တကယ်ကို နစ်နာနေတယ်ဟု ခံစားခဲ့ရသည်။ ထျန်းတကျူးက ငိုနေသော်လည်း တယာနှင့် အာ့ရာတို့က မငိုခဲ့ကြပါ။

ဟုတ်ပါ့။ ဒီကလေးနှစ်ယောက်က လူမသိ သူမသိ ငိုနေကြတာ။

ရှုရွှမ်းက ဝမ့်ရင်းကို နှင်းထဲကနေ ခေါ်သွားခဲ့ပြီး နှစ်လုံးက စကားမပြောကြပါ။ ဝမ့်ရင်းက တော်တော်လေး ပင်ပန်းနေခဲ့သည်။ သူမက တစ်ညလုံး အလုပ်ရှုပ်နေပြီး ချမ့်ကျွီဟွာ ကလေးမွေးတုန်းက အဲ့နေရာမှာ အန္တရာယ်များသည့် အချိန်နှစ်ခု ဖြစ်နေခဲ့သည်။ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူမက လက်မြန်ပြီး ဘာမှ မဖြစ်ခဲ့သလို ကြည့်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုတစ်ည ပြီးသည့်နောက် ဒီလို မသေချာ မရေရာသည့် ရလဒ်နှင့်အတူ ဝမ့်ရင်းက စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနေခဲ့ပြီး ဘာစကား တစ်ခွန်းမှ မပြောချက်တော့ပါ။

သူတို့ အိမ်ပြန်လာသည့်အခါ ရှုရွှမ်းက ဝမ့်ရင်းကို အဝတ်အစား လဲဖို့ ကူညီပေးခဲ့ပြီး ခြေထောက်ဆေးဖို့ ရေတစ်ဇလုံကိုလည်း ယူလာခဲ့သည်။ ရှုရွှမ်းက ဝမ့်ရင်းကို ဆေးကြောပေးနေချိန်မှာ သူမက မူးဝေနေခဲ့သည်။ ထို့နောက် သူမကို စားစရာ ကျွေးခဲ့ပြီး စောင်ထူထူလေး ခြုံထားပေးခဲ့သည်။

ရှုရွှမ်းရဲ့ အသံက ဝိုးတိုးဝါးတိုး ဖြစ်နေခဲ့သည်။ “အရင်ဆုံး အိပ်ကြရအောင်။”

ဝမ့်ရင်းက အိပ်ရာ နွေးနွေးလေးထဲတွင် အိပ်ပျော်သွားခဲ့သည်။ ရှုရွှမ်းသည် အိမ်က ပစ္စည်းများကို သိမ်းဆည်းပြီးနောက် အိပ်ရာပေါ်မှာ အိပ်ပျော်သွားခဲ့သည်။

ဝမ့်ရင်းက နိုးသည့်အခါ နေ့လည်တောင် ရောက်နေခဲ့ပြီ ဖြစ်သည်။ သူမက အိပ်ရေးမဝ ဖြစ်နေဆဲ ဖြစ်ကာ အိတ်ဆောင်နာရီကို ကြည့်လိုက်သည်။ သို့သော် သူမလက်ကို ထုတ်လိုက်သည့်အခါ သူမက အေးလို့ တုန်ရီနေခဲ့သည်။

ရှုရွှမ်းက သူမကို အနောက်ကနေ တင်းကြပ်စွာ ဖက်ထားပြီး စောင်ထဲသို့ လက်ကိုပြန်ထည့်ကာ ပြောခဲ့သည်။ “အခုမှ နေ့လည်ပဲ ရှိသေးတာ။ နည်းနည်းလောက် ထပ်အိပ်ဦး။”

သူတို့နှစ်ယောက်က မနက် ငါးနာရီ ဝန်းကျင်လောက်မှ ပြန်ရောက်လာခဲ့ပြီး ခုနစ်နာရီကျော်လောက်သာ အိပ်ရသေးသည်။

သို့သော် ဝမ့်ရင်းက ဆက်မအိပ်နိုင်တော့ပါ။ သူမက တဂွီဂွီ မြည်နေသော ဗိုက်ကအသံကို ဖုံးထားလိုက်ပြီး လှုပ်ရှားဖို့ အစာအချို့ လိုအပ်နေသည်ဟု ခံစားခဲ့ရသည်။

ရှုရွှမ်းက ရွေးချယ်စရာ မရှိဘဲ ထကာ ချက်ပြုတ်ခဲ့သည်။ ဝမ့်ရင်းကလည်း အိပ်ရာထဲက ထွက်ချင်နေခဲ့သည်။ သို့သော် ရှုရွှမ်းက သူမကို အိပ်ရာထဲတွင်သာ နေဖို့အတွက် ပြောလိုက်သည်။

ရှုရွှမ်းက သူမအပေါ်မှာ စောင်နှစ်ထပ် ခြုံပေးလိုက်ပြီး ပြောခဲ့သည်။ “အိပ်ရာပေါ်မှာ ထိုင်ပြီး စားစရာရှိတာစား။”

သူက ထိုစကားကို ပြောလိုက်သည့်အခါ ဝမ့်ရင်းအား အဆာခံနိုင်အောင် သကြားလုံး နှစ်လုံးကို ကျွေးလိုက်သည်။

ရှုရွှမ်းသည် မနေ့ညတုန်းက ဟင်းများကို နွှေးဖို့အတွက် ထွက်သွားခဲ့သည်။ ပြင်ဆင်ထားသော ဟင်းများက ဆီတဝေ့ဝေ့ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူက ဟင်းများကို ထပ်ချက်ခဲ့သည်။

ပေါင်းထားသော ပေါက်စီများကို နောက်ထပ် မီးဖိုတစ်ခုပေါ်သို့ ရွှေ့လိုက်သည်။ ပေါက်စီများက နူးညံ့ပြီး အမျိုးသမီးကြီးရှု ပို့လိုက်တာ သေချာသည်။

ရှုရွှမ်းက ပေါက်စီများကို ပြန်ပေါင်းခဲ့ပြီး ဝက်သားနှင့် ဂေါ်ဖီကို ချက်ကာ အတူတူ စားခဲ့သည်။

ဝမ့်ရင်းက ပလုတ်ပလောင်း စားနေခဲ့သည်။ ဝက်သားရဲ့ အနံ့က မွှေးကြိုင်နေပြီး အေးနေလို့ ပြန်နွှေးထားချိန်မှာတောင် အရသာ ရှိနေခဲ့သည်။

အသားပေါက်စီများကလည်း အရသာ ရှိနေခဲ့ပြီး အထဲမှာလည်း ကြက်ဥပြုတ်ကို အစာသွပ်ထားခဲ့သည်။ ဝမ့်ရင်းက သိချင်နေဆဲ ဖြစ်သည်။ “ရှင်ဘာလို့ ပေါက်စီထဲမှာ ကြက်ဥကို ထည့်လိုက်တာလဲ။”

ရှုရွှမ်း - “ဒါ ကိုယ့်အမေ လုပ်ထားတာလေ။ သူက အသားပေါက်စီထဲမှာ ကြက်ဥကို ထည့်ပြီး စားရတာမျိုး ကြိုက်တာ။ ကိုယ်ငယ်ငယ်တုန်းက ကိုယ့်အစ်ကိုနဲ့ ကိုယ်ကလည်း အဲ့လိုမျိုး ကြက်ဥကို စားရတာ ကြိုက်တာ။”

ဝမ့်ရင်းက ဒါကို သူမရဲ့ယောက္ခမ လုပ်ထားတာကို ကြားလိုက်သည့်အလာ သူမက ထိုပေါက်စီကို အရသာခံပြီး ပြောခဲ့သည်။ “ဒါက အရသာရှိလိုက်တာ။”

ရှုရွှမ်း - “ကိုယ့်အစ်ကို ငယ်ငယ်ကဆို သူက ကြက်ဥအနှစ် မကြိုက်ဘူး။ ကိုယ့်အမေက ရည်ရွယ်ချက်ရှိရှိနဲ့ ပေါက်စီထဲကို ကြက်ဥ ထည့်ထားတာ။ အဲ့ဒါမှ သူက ကြက်ဥအနှစ်ကို စားလို့ရမှာ။”

ဝမ့်ရင်းက ရှုမင်းကို တစ်ခါမှ မမြင်ဖူးသော်လည်း အခုဆိုရင် သူမက နားလည်သွားခဲ့ပြီ ဖြစ်သည်။ “ရှင့်အစ်ကိုက အစားအသောက် ရွေးတာလား။”

အိမ်မှာ စားဖိုမှူးက နှစ်ယောက်ဆိုတော့ သူတို့ကရော အစားအသောက် ချေးများကြတာလား။

ရှုရွှမ်းမှ ခေါင်းငြိမ့်ပြခဲ့သည်။ “ကိုယ့်အစ်ကိုက အရမ်း အစားရွေးတာ။ သူင ယ်ငယ်ကဆို ဘာပဲကျွေးကျွေး စားဖို့ ငြင်းတယ်။”

ဝမ့်ရင်းက သက်ပြင်းချလိုက်သည်။ ဒါက မျိုးရိုးနဲ့ မဆိုင်ဘူးဟု ကောက်ချက် ချလိုက်သည်။ သူတို့ ညီအကို နှစ်ယောက်ရဲ့ ပုံစံတွေက အရမ်းကို ကွဲပြားတယ်။

သူတို့နှစ်ယောက်က ဝက်သားနှင့် ဂေါ်ဖီကို ပြီးအောင် စားလိုက်ကြပြီး သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်က ပေါက်စီ နှစ်လုံးကို စားလိုက်ပြီး တစ်ယောက်က ဗိုက်ပြည့်နေခဲ့ပြီ ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မနေ့ညက ဘာတွေ ဖြစ်သွားလဲ ဆိုတာကို ထျန်းယိုဖုက သိနေခဲ့ပြီး ဒီနေ့မှာတော့ သူတို့နှင့် အစည်းအဝေးပွဲလည်း ကျင်းပမှာ မဟုတ်သလို အလုပ်ကို လာမှာလည်း မဟုတ်ပါ။ ထိုကြောင့် သူတို့ နှစ်ယောက်က ပုံမှန်အတိုင်းပဲ အိပ်ရာထဲမှာ နေနေခဲ့ခြင်း ဖြစ်သည်။

ဝမ့်ရင်းက ရှုရွှမ်းရဲ့ လက်ချောင်းများကို ဆော့နေခဲ့သည်။ ရှုရွှမ်းက စားဖိုမှုးတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ လက်တွေက မဲပြီး မသတီစရာ ဖြစ်မနေခဲ့ဘဲ လက်ချောင်းလေးတွေက ရှည်ပြီး သွယ်လျနေခဲ့သည်။

ရုတ်တရက် ရှုရွှမ်းက ပြောလိုက်သည်။ “မနေ့က ချမ့်ကျွီဟွာကလေ…..”

ဝမ့်ရင်းက သက်ပြင်းချလိုက်သည်။ “သူရဲ့ ဘဝက ခက်ခဲလိုက်တာ။”

တကယ်တမ်းမှာတော့ သူမက ချမ့်ကျွီဟွာကို ဒီကလေး မီးဖွားမှုက အချိန်မတိုင်ခင် မွေးသွားသည့်အတွက် ချမ့်ကျွီဟွာရဲ့ ခန္ဓာကိုယ်က နောက်ထပ် ကိုယ်ဝန် မဆောင်နိုင်တော့ဘူးဟု မပြောခဲ့ရပါ။

တစ်နည်းအားဖြင့် ချမ့်ကျွီဟွာက သားတစ်ယောက် မွေးနိုင်ခြေမှာ အတော်လေး နည်းလွန်းသည်။ ပြီးတော့ ဒါမျိုးက လျစ်လျူရှုထားလို့ မရဘူး။

ဝမ့်ရင်း - “ကျွန်မ တယာနဲ့ အာ့ရာတို့ကို သနားလိုက်တာ။”

ကောင်မလေး နှစ်ယောက်လုံးက သိတက်ပြီး နားလည်ကြတယ်။ ပြီးတော့ သူတို့ကို သေသေချာချာ ပြုစုပျိုးထောင်ရင် ယောက်ျားတွေလိုတောင် ဆိုးမှာ မဟုတ်ဘူး။

ရုတ်တရက် ရှုရွှမ်းက ပြောခဲ့သည်။ “နောက်ထပ် နှစ်နည်းနည်းလောက်အထိ ကလေး မယူကြရအောင်။”

ထိုအချိန်မှာ ဝမ့်ရင်းကလည်း ထိုစကားကို ပြောဖို့အတွက် စီစဥ်ထားသော်လည်း ရှုရွှမ်းက အရင် ပြောသွားခဲ့သည်။

ဝမ့်ရင်းက ရှုရွှမ်းရဲ့ လက်မောင်းပေါ်မှာ မှီလိုက်ပြီး ရှုရွှမ်းက ပြောခဲ့သည်။ “မင်း မနေ့ညက အဲ့နေရာမှာ ရှိနေတာ။ ပြီးတော့ ကိုယ်ကလည်း အပြင်ကနေ တစ်ညလုံး နားစွင့်နေတာ။ ကိုယ် ကြိမ်ဖန်များစွာ တွေးခဲ့မိတယ်။ အဲ့နေရာမှာ မင်းသာဆို ကိုယ် ဘာလုပ်ရမလဲဆိုတာကို။”

“အဲ့အကြောင်းကို တွေးပြီးသွားတော့ အဲ့နေရာမှာ မင်းသာဆိုရင် ကိုယ် ဒီကလေးကို မလိုချင်တော့ဘူးလို့ ခံစားမိလိုက်တယ်။”

ရှုရွှမ်းက သူ့ရဲ့မေးစေ့ကို ဝမ့်ရင်းရဲ့ ပုခုံးပေါ် တင်လိုက်သည်။ “နောက်ထပ် နှစ်နည်းနည်းလောက် ထပ်စောင့်ရအောင်။ အခုဆို မင်းက ငယ်သေးတော့ ကိုယ်လည်း စိုးရိမ်မိတယ်။ ကိုယ်တို့က ချမ့်ကျွီဟွာလိုပဲ ကျေးလက်မှာ နေနေကြတာ။ ဒီလို ကျေးလက်မှာ ကလေးမွေးဖို့က မလွယ်လှဘူး။”

“ကိုယ် ဒါကိုလည်း တွေးမိလိုက်တယ်။ ကိုယ် နောက်နှစ် နည်းနည်းလောက်ကျရင် မြို့ကို ပြောင်းဖို့ အခွင့်အရေး တစ်ခုခုရှိလား ဆိုတာကို ကြည့်လိုက်မယ်။ ပြီးရင် ကိုယ်တို့ မြို့မှာပဲ ကလေးမွေးကြမယ်။ ဒီလိုနည်းက ပိုပြီး အဆင်ပြေတယ်လို့ ခံစားမိတယ်။”

ဝမ့်ရင်း - “အမေက ကျွန်မကို တွန်းအားပေးရင်ရော…..”

ရှုရွှမ်း - “ကိုယ်က အခုချိန်မှာ ကလေး မလိုချင်သေးဘူးလို့ပဲ ပြောလိုက်မယ်။ အရာအားလုံးက မင်းသဘောပဲ။ အဲ့နှစ်တွေက အရမ်း စောနေသေးတယ်လို့ မင်းထင်နေရင်းလည်း ကိုယ်တို့ နောက်မှ ကလေးယူလို့ရတယ်။”

ဝမ့်ရင်း - “ရှင်တကယ် အဲ့လိုထင်လား။”

ရှုရွှမ်းက ခိုင်ခိုင်မာမာ ပြောနေခဲ့သည်။ “ကလေးက မင်းမွေးရမှာ။ အဲ့တော့ မင်းရဲ့ အမြင်အပေါ်မှာပဲ ဆုံးဖြတ်ချက် ချသင့်တယ်။”

ဝမ့်ရင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ရှုရွှမ်းရဲ့ လက်ပေါ်သို့ လှဲချလိုက်သည်။

ရှုရွမ်းက မချိုမချဥ် ပြုံးကာ ပြောခဲ့သည်။ “ကိုယ်တို့က အခု ကလေးယူမယ်လို့ သဘောမတူရသေးဘူးမလား။”

ဝမ့်ရင်းက အနည်းငယ် အံ့ဩသွားခဲ့သည်။ ရှုရွှမ်း ဆိုလိုတာက……

ရှုရွှမ်းက ဝမ့်ရင်းရဲ့ လက်ကိုကိုင်ကာ ပြောခဲ့သည်။ “နောက်ထပ် နှစ်နည်းနည်းလောက် နေတော့မှပဲ မွေးကြတာပေါ့။ ကိုယ်တို့တွေ မြို့ကို ပြောင်းတဲ့အထိ စောင့်ကြမယ်။”

ဝမ့်ရင်းက သူမရဲ့ မျက်ခုံးကို ပင့်ပြကာ ရှုရွှမ်းက ဒီလိုအရာမျိုးမှာ အရမ်းကြီး ရိုးသားနေသည်ကို သူမက မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ရှုရွှမ်းကလည်း စိတ်ပူနေခဲ့သည်။ တကယ်လို့ ဒီကိစ္စက ဖြစ်မှာကို သူမ သိခဲ့ပါက သူမသည် ဒီကိစ္စကို လက်မထက်ခင် ကတည်းက ဆွေးနွေးသင့်သည်။ ဒီလိုမှသာ သူမက လိင်မှုကိစ္စ ဆက်ယှက်ဖို့အတွက် အရမ်းကြီး ရှက်နေတော့မည် မဟုတ်ပါ။ ထို့အပြင် ဒီအရာကို နှစ်တွေအများကြီး သည်းခံဖို့ဆိုတာ ပိုပြီးတောင် လွယ်ကူလိမ့်မည် မဟုတ်ပါ။

အခုက……

သူသည် ပြဿနာကို လက်ယပ်ခေါ်နေသည်ဟု တကယ် ခံစားနေခဲ့ရသည်။

ဝမ့်ရင်းက လှဲလိုက်ပြီး ရှုရွှမ်းနားကို တစ်ခုခု ကပ်ပြောလိုက်သည်။ ထို့နောက် ရှုရွမ်းရဲ့ မျက်လုံးများက ချက်ချင်းပဲ တောက်ပသွားခဲ့သည်။

“ဒီလိုကိစ္စမျိုးက ရှိလို့လား။”

ဝမ့်ရင်း - “ကျွန်မက ဘာလို့ ရှင့်ကို လိမ်ပြောရမှာလဲ။ ဆေးရုံမှာဆို အဲ့ဒါတွေ အကုန်လုံး ရတယ်။”

ထိုအချိန်တုန်းက ရှုရွှမ်းက ကွန်ဒုံးအကြောင်း မသိတာကို ဝမ့်ရင်းက အံ့ဩသွားခဲ့သည်။ ဒါပေမယ့် ဒါကလည်း အဓိပ္ပါယ်ရှိသည်။ ဒါဟာ ကျေးလက်ဒေသမှာ ဘာကြောင့် မွေးဖွားနှုန်း မြင့်နေရလဲဆိုသည့် အကြောင််းအရင်းများမှ တစ်ခုဖြစ်သည်။ ကျေးလက်ရှိ မိသားစုများသည် ဒီလို ပစ္စည်းမျိုးကို တွင်တွင်ကျယ်ကျယ် အသုံးမပြုကြပါ။ ထို့ကြောင့် လူတွေမှာက ဒီလို သန္ဓေတားနည်း အသိပညာမျိုး မရှိကြခြင်း ဖြစ်သည်။

ရှုရွှမ်းသည် သူမနှင့် အတူရှိချင်သည့် ပြဿနာကြီးကို ဖြေရှင်းခဲ့ပြီ ဖြစ်ကာ သူ့ရဲ့ ခံစားချက်တွေကလည်း အများကြီး ပိုကောင်းလာခဲ့သည်။

All Chapters