← Chapters

အခန်း (၇၃-၇၄)

Vol. 7 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 7 Ch. 73-74

အပိုင်း ၇၃

ချမ့်ယုက ခနလောက် မှင်သက်သွားခဲ့ပြီး ချမ့်ရှုဖန်းက သူမကို ပြောခဲ့သည်။ “ဒီကောင်မလေး ဘာဖြစ်နေလဲဆိုတာ အဒေါ်လည်း မသိတော့ပါဘူး။ သူက မျက်နှာကို တိတ်တိတ်လေး ဖုံးထားပြီး စောနကလည်း ဟိုပြေးဒီပြေး လုပ်နေတာ။”

ချမ့်ယု - “မဟုတ်ပါဘူး…. သမီးက ယုန်တစ်ကောင်လောက်များ ဖမ်းနိုင်မလားဆိုပြီး အပြင်ထွက်လာတာ။”

စကားပြောပြီးနောက် ချမ့်ယုက ယုန်သေတစ်ကောင်ကို ယူလာခဲ့သည်။ “အစ်မရင်းရေ၊ ကြည့်ပါဦး။ ဒါက သမီးဖမ်းလာတာလေ။”

ဝမ့်ရင်းက တုန်လှုပ်သွားခဲ့သည်။ ဘယ်လိုလုပ် ချမ့်ယုက ဒီလောက်ကြီးပြီး ထွားတဲ့ ယုန်ကို တောင်ပေါ်မှာ နှင်းတွေဖုံးနေတဲ့အချိန်မှာ ဖမ်းလို့ရခဲ့တာလဲ။”

ချမ့်ယုက အရမ်း ဂုဏ်ယူနေခဲ့သည်။ “သမီးက တစ်ခုခု လှုပ်တာနဲ့ ထိုးမိသွားအောင်လို့ဆိုပြီး ဝါးတွေကို ချွန်ထားတာ။”

ဝမ့်ရင်းက ဘာမှမလုပ်နိုင်ဘဲ သက်ပြင်းသာ ချနိုင်ခဲ့သည်။ ဒါက မဖြစ်နိုင်ဘူးလေ။

ချမ့်ရှုဖန်းက ဆူခဲ့သည်။ “သူက ရဲလိုက်တာ။ ကြောင်ကန်းတစ်ကောင်က ကြွက်တစ်ခါ ခုတ်မိရုံနဲ့ နောက်တစ်ခါ ထပ်ခုတ်နိုင်မယ်လို့ ထင်နေပြီး ပြေးနေသလိုပဲ။”

ဝမ့်ရင်း - “မင်း ဒီအကောင်တွေကို ဖမ်းလို့ ရပေမယ့် တောင်ပေါ်တော့ တက်လို့မရဘူး။ နှစ်တွေရဲ့ ဒီလိုမျိုး အချိန်တွေက တောင်တက်လမ်းတွေက ဝေဝေဝါးဝါးနဲ့ ဖြစ်နေတာ။ ထပ်ပြီး အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။”

ချမ့်ရှုဖန်း - “အပြင်မှာ ပြေးမနေနဲ့။ မဟုတ်ရင် နင့်ကို တစ်ယောက်ယောက်က မြင်သွားလိမ့်မယ်။”

ချမ့်ရှုဖန်းသည် ချမ့်ယုက ထွက်ပြေးသွားပြီး သူမကိုယ်သူမ ပြဿနာ ဖြစ်အောင် လုပ်မိမှာ စိုးရိမ်နေသည်ကို ဝမ့်ရင်းက သိနေခဲ့သည်။ ထို့ကြောင့် သူမက ပြောခဲ့သည်။ “သူက အခြားသူတွေနဲ့ အပြင်မထွက်ရင်တော့ အဆင်ပြေပါတယ်။ တကယ်လို့ သူ့ကို မြင်ရင်လည်း ဒီတိုင်းပဲထားလိုက်။ ဒီနေရာမှာ မင်းတို့လို လူတွေနဲ့ဆို သူက ယုန်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သွားဖမ်းရင်လို့ လူတွေက မြင်ရင် ဘာမှတော့ မပြောကြမှာ မဟုတ်ဘူး။”

ထို့နောက် သူတို့ကို ထျန်းယိုဖုက သတ်မှတ်ထားသော အစားအစာကိုသာ ပေးခဲ့သည်။ တကယ်လို့ ချမ့်ယုနဲ့ အခြားသူတွေက ဖြေရှင်းချက်တစ်ခု သွားမရှာဘူးဆိုရင် တစ်ခြားသူတွေသည် ဝမ့်ရင်းက အရသာရှိသည့် စားစရာများအား သူတို့ကို ပေးနေသည်ဟု ထင်ကြလိမ့်မည်။ ထို့အပြင် သူတို့ အရွယ်ရောက်ရင်တောင် တစ်ချိန်လုံး အခန်းထဲမှာ နေနေတာက ပြဿနာ ဖြစ်လိမ့်မည်။ ချမ့်ယုက ကလေးပဲ ရှိသေးတာ။ အဲ့တော့ သူက အပြင်ထွက်ဖို့ မပြောဘဲနဲ့ ဘယ်လိုလုပ် အခန်းထဲမှာ နေလို့ရမှာလဲ။

ဝမ့်ရင်းက ရှင်းပြပြီးနောက် ချမ့်ရှုဖန်းက စိတ်သက်သာရာ ရသွားခဲ့သည်။ ချမ့်ယုက ရဲရင့်ပြီး ကွန်ဖူးလည်း တတ်သည်။ ထို့ကြောင့် သူမ အပြင်ထွက်သည့်အခါ သူမရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပါ။ ကြောက်ရမည့် တစ်ခုတည်းသော အရာမှာ သူမ ဝမ့်ရင်းနှင့် အတူသွားသည့်အခါ ဝမ့်ရင်းက သူမကို သေသေချာချာ ဂရုမစိုက်ဘူးဟု ပြောမည်ကိုသာ ဖြစ်သည်။

ချမ့်ယုက ယုန်ကို ဝမ့်ရင်းရဲ့ လက်ထဲသို့ ထိုးပေးပြီး ပြောခဲ့သည်။ “ဒါက အစ်မအတွက်။”

သူမက ဝမ့်ရင်းပေးထားသည့် ငါးကြော်ကို စားနေရင်း သူမကလည်း ဝမ့်ရင်း စားဖို့အတွက် အသားအချို့ ပေးရမည်ဟု တွေးမိလိုက်သည်။ ဒီလိုအခြေအနေမျိုးက မကြာခင် ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

ဝမ့်ရင်း စိတ်ရှုပ်ပြီး ပြုံးမိသွားခဲ့သည်။ “အစ်မက ဒါတွေကို မလိုပါဘူး… ဒါတွေကို မင်းအတွက် မင်းပဲ သိမ်းထားလိုက်။”

ချမ့်ယုက အတင်း ထိုးပေးနေခဲ့သည်။ “အစ်မပဲ သိမ်းထားလိုက်။ သမီးက ထပ်ရှာလို့ ရသေးတယ်။”

ကံကောင်းစွာဖြင့် သူတို့က တောင်နားမှာ နေနေသည့်အတွက် နေ့လည်ပိုင်းတွင် ချမ့်ယုက ယုန်နှစ်ကောင်ကို မြင်လိုက်သော်လည်း ထိုယုန်များကို ဖမ်းရန် လေ့ကျင့်ဖို့က လိုအပ်နေသေးသည်။

ဝမ့်ရင်းက တကယ် မငြင်းနိုင်ဘဲ လက်ခံခဲ့ရသည်။ မည်သို့ပင် ဖြစ်စေကာမူ ချမ့်ရှုဖန်းနှင့် ချမ့်ယုတို့မှာ ဘာဟင်းချက်စရာမှ မရှိသည့်အတွက် ချက်ပြုတ်ရန် ခက်ခဲနေမှာ သေချာသည်။ သူမက ယုန်ကို ပြန်ယူထားဖို့ စီစဥ်လိုက်ပြီး ချက်ပေးဖို့အတွက် ရှုရွှမ်းကို ပြောခဲ့သည်။ ထို့နောက် သူမက အချို့ကို ပို့ပေးလိမ့်မည် ဖြစ်သည်။

ချမ့်ယုက အတော်လေး အာရုံစိုက်နေခဲ့သည်။ သူမက ခနတာလောက် စိတ်တွေ ထွေပြားသွားသော်လည်း ဆက်မေးနေဆဲ ဖြစ်သည်။ “အစ်မရင်း၊ အစ်မ မနေ့ညက ကလေးကို ချောချောမွေ့မွေ့ မွေးပေးခဲ့တာလား။”

ဝမ့်ရင်း - “ဟုတ်တယ်လေ။”

ချမ့်ယုက ဆက်မေးနေဆဲ ဖြစ်သည်။ “အဲဲဒါက မိန်းကလေးလား၊ ယောက်ျားလေးလား။”

ချမ့်ယုက အားပေးနေခဲ့သည်။

ဝမ့်ရင်းက အင်မတန် တွေဝေသွားခဲ့သည်။ “မိန်းကလေးဆိုရင်ရော ညီမလေးက အရမ်း ပျော်သွားမှာလား။”

ချမ့်ယုရဲ့ မျက်နှာပေါ်မှာ စိတ်သက်သာရာ ရသွားသည့် အပြုံးတစ်ခု ဖြစ်သွားခဲ့သည်။ “တစ်ခြားသူက သားယောက်ျားလေး လိုချင်တာကို မြင်နေရတော့ သမီးလည်း တစ်ယောက်လောက် လိုချင်တယ်။ ပြီးရင် သမီးလေးတစ်ယောက် ထပ်မွေးမယ်။ သမီးကတော့ ပျော်နေမှာ။”

ဝမ့်ရင်းက မျက်ခုံးကို ပင့်ပြလိုက်သည်။ “မင်းက ဘာကို ဆိုလိုချင်တာလဲ။”

ချမ့်ယုက ငြင်းဆန်ခဲ့သည်။ “ဘာလို့လဲဆိုတော့ အဲ့လိုလူတွေက လူကောင်းယောင် ဆောင်နေကြတာ။ မိန်းမတွေက ကောင်းကင်ရဲ့ တစ်ဝက်လောက်ကို ထိန်းထားနိုင်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် လူတိုင်းကတော့ သားလေးပဲ လိုချင်ကြတာ။ သားတစ်ယောက်က ဘာလုပ်နိုင်လဲလို့ သွားမေးလိုက်ရင် သူတို့က ဘာမှ မလုပ်နိုင်ကြဘူး။ သူတို့က သူတို့သားကို ထောက်ပံ့ပေးရမယ်၊ မိန်းမ ရှာပေးရမယ်၊ အလုပ်ရှာပေးရမယ်။ နောက်ဆုံး သူ့ကိုပါ စောင့်ရှောက်ပေးရဦးမယ်။”

“ သူတို့က တစ်ဘဝလုံး အလုပ်တွေ ကြိုးစားပြီး လုပ်ခဲ့ရတာ။ ဒါပေမယ့် သူတို့က ဘာပျော်ရွှင်မှုမှ မခံစားရဘူး။ အဲ့ဒါတောင် သူတို့ရဲ့ ဘဝတွေက မထင်ထားလောက်အောင် ပြီးပြည့်စုံနေပြီဆိုပြီး ခံစားနေရတာ။ တော်တော်လေးလည်း ကြီးမြတ်တယ်ဆိုပြီး တွေးနေကြသေးတယ်။”

“စိတ်ရှိတိုင်းဆို သမီးတို့လို လူတွေကမှ အံ့ဩစရာပဲ။ ပြီးတော့ သမီးရဲ့ ဆရာမလို လူမျိုးတွေကမှ ရည်မှန်းချက် ကြီးမားတာ။”

“ဒီလိုလူတွေက သူတို့ကိုယ် သူတို့အတွက်ကျ ကြီးကျယ်တာတွေ၊ အံသြဖို့ကောင်းတာတွေ ဘာတစ်ခုမှ မလုပ်နိုင်ကြဘူး။ အဲ့တော့ သူတို့မှာ သားယောက်ျားလေး မွေးလာမှပဲ ကောင်းတာတွေ လုပ်နိုင်မယ်လို့ စိတ်ကူးယဥ်နေကြတာ။ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

“သမီးက တိုက်ခိုက်ရေးပညာကို ငယ်ငယ်ထဲက လေ့ကျင့်ခဲ့တာ။ မနက် ငါးနာရီလောက်ကနေ တစ်နေကုန်လုံး လေ့ကျင့်ရတာ။ သူတို့က သူတို့ရဲ့သားကို ရတနာတစ်ခုလို ဆက်ဆံနေရင် သူက ဒီလိုအရာတွေကို ဘယ်လိုလုပ် ခံစားလို့ ရနိုင်မှာလဲ။ ဘာမှ မခံစားရဘဲနဲ့ သူက အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ဒီလို သံသရာ စက်ဝန်းကြီးက ဆွေစဥ်မျိုးဆက်အလိုက် ဆက်တိုက် ဖြစ်နေတာလေ။”

“အဲ့တော့ ဒီလူတွေရဲ့ ဆန္ဒတွေကို မဖြည့်ဆည်းပေးတာက ပိုကောင်းလိမ့်မယ်။”

ဝမ့်ရင်းက ပူပန်မှုမရှိတဲ့ ကောင်မလေးကို ကြည့်ပြီး ပြောလိုက်သည်။ “မင်းမှန်ပါတယ်။ ဒါပေမယ့် ကိစ္စတွေ အများကြီးမှာ ပတ်ဝန်းကျင်ကလည်း ပါဝင် ပတ်သက်နေတာ။”

“မင်းသိတဲ့အတိုင်း ကျေးလက်က လူတွေ အများကြီးက အခုဆိုရင် စိုက်ပျိုးရေးပဲ လုပ်နေကြတာ ဟုတ်တယ်မလား။ စိုက်ပျိုးရေး လုပ်တဲ့အခါမှာ အလုပ်သမားတွေ လိုတယ်။ အဲ့အလုပ်သမားတွေဆိုတာ မြို့မှာရှိတဲ့ စိုက်ပျိုးရေးလုပ်တဲ့ မိသားစုတွေထဲကပဲလေ။ အလုပ်သမားတွေ မရှိဘဲနဲ့ စိုက်ပျိုးတဲ့ နေရာတွေ အထွက်ကောင်းဖို့ဆိုတာက အရမ်းပဲ ခက်ခဲတယ်။ ပြီးတော့ အဲ့ဒါက လူအများစုရဲ့ အမြင်ပဲဆိုတာ မင်းလက်ခံရမယ်။ အလုပ်သမားတွေအတွက် ယောက်ျားတွေကပဲ ပိုပြီး ရှေ့ထွက်ရမှာ။”

“အဲဲ့ဒါကြောင့် ကျေးလက်ဒေသမှာရှိတဲ့ လူတွေတိုင်းက သားယောက်ျားလေး လိုချင်နေလဲ ဆိုတာပဲ။”

“ ဥပမာအနေနဲ့ ငါတို့ရဲ့ တပ်မဟာကိုပဲ ကြည့်လိုက်။ ဘာလို့လဲဆိုတော့ တပ်မှူးက တော်တော်လေး တရားမျှတတဲ့သူပဲ။ တပ်မဟာထဲမှာဆို တီးတိုးပြောသံလေးတွေ၊ အသေးစား သဘောထား ကွဲလွဲမှုလေးတွေပဲ ရှိတာ။ ဒါပေမယ့် မမျှတတဲ့နေရာမှာ အာဏာက အရမ်းကြီး မစိုးမိုးဘူးဆိုရင် လူတွေက မတတ်သာပဲ အကြမ်းဖက်မှုတွေ လုပ်ကြမှာပဲ။”

“အဲ့အချိန်ကျရင် ဘာအမိန့်မှ မရှိတော့ဘူး။ အားနည်းတဲ့သူ၊ အားကြီးတဲ့သူဆိုပြီးပဲ ရှိတော့မှာ။ တကယ်လို့ နင့်မိသားစုရဲ့ လုပ်အားက တစ်ဖက်လူရဲ့ အနေအထားနဲ့ မကိုက်ဘူးဆိုရင် နင်တို့က မတရတဲ့ ကိစ္စတွေကို ကြုံတွေရလိမ့်မယ်။”

“ဒီလို အပြုအမူတွေက လုံးဝကို မှားနေတာပဲ။ ဒါပေမယ့် လူတွေက သူတို့ရဲ့ ပတ်ဝန်းကျင်ကို ရွေးခြယ်လို့ မရနိုင်ဘူး။ ဒီလို ပတ်ဝန်းကျင်မှာဆို ဒီလိုမတရားတဲ့ ကိစ္စတွေက ဖြစ်လာမှာပဲ။”

“ ဥပမာပေးရရင်၊ မနေ့က အစ်မ ကလေးသွားမွေးပေးရတဲ့ မိသားစုမှာဆို သားယောက်ျားလေး တစ်ယောက်လောက် လိုချင်နေကြတာ။ ပုံမှန်အတိုင်း သူတို့က သူတို့ညီအစ်ကို၊ မိသားစုတွေရဲ့ အနိုင်ကျင့်ခံရတာတွေကို ရှောင်ချင်နေတာ။ ပြီးတော့ ဒီပတ်ဝန်းကျင်မှာ သူတို့မိသားစုက အနိမ့်ကျဆုံး အဆင့်အတန်း တစ်ခုအဖြစ်ကနေ လွတ်မြောက်ချင်ကြလို့လေ။”

ဝမ့်ရင်း စကားဆုံးသည့်အခါ ချမ့်ယု တိတ်ဆိတ်နေတာကို သူမ တွေ့ခဲ့ရသည်။

ခနကြာပြီးနောက် ချမ့်ယုက စကားထပ်ပြောခဲ့သည်။ သို့သော် မတူညီတာက ထိုဆယ့်သုံးနှစ် ကောင်မလေးရဲ့ မျက်လုံဝန်းထဲ၌ အရောင်များ တောက်ပနေခဲ့သည်။

“သမီး သဘောမတူဘူး။”

“အစ်မရင်း၊ အစ်မပြောသွားတဲ့ ပတ်ဝန်းကျင်ရဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ သမီး သဘောတူတယ်။ လူတွေက သူတို့ ဘယ်နေရာမှာ မွေးဖွားလာရမလဲ ဆိုတာမျိုးကို ရွေးချယ်လို့ မရဘူး။ အဲ့တော့ ဒီလိုအရာတွေက ပြောင်းလဲလို့ မရဘူးဆိုတာကိုတော့ သမီးတို့ သဘောတူရမှာပဲ။”

“ဒါပေမယ့် ဒီလိုအရာတွေက တကယ်ရော လက်ခံဖို့အတွက် လိုအပ်တာလား။”

“ဒါက ပတ်ဝန်းကျင် အသစ်ပဲလေ။ တကယ်လို့ သမီးတို့ကို မတရားသဖြင့် ဆက်ဆံရင်တောင် ဒါကြီးကို ဖြေရှင်းဖို့အတွက် ဘာနည်းလမ်းမှ မရှိဘူးလား။”

“အစ်မ မနေ့က အဲ့မိသားစုကို မိန်းကလေး မွေးပေးခဲ့တယ်လို့ သူတို့ညီအကိုတွေ မိသားစုရဲ့ ဖိနှိပ်တာကို ခံရတော့မယ်လို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် ဒီကိစ္စတွေကို ဖြေရှင်းဖို့က ခက်တာလား။ အစ်မက သမီးကို ဒီကိစ္စတွေ မပြောရင်တောင် အဲ့မိသားစုရဲ့ အကြီးအကဲက အရမ်းကို အားနည်းပြီး သူရဲဘောကြောင်တဲ့သူဆိုတာ သမီး သိတယ်။ ဘာလို့လဲဆိုတော့ သားလေး မွေးမှသာ အခြားသူတွေက သူတို့ကို အမြင်ကြည်မယ်ဆိုတာမျိုး အားနည်းတဲ့ သူတွေကပဲ ယုံကြတာလေ။”

“အဲဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အားနည်းတဲ့သူက အားနည်းတဲ့ သူတစ်ယောက်ပဲ မွေးမှာ။ ပြီးရင် သူကလည်း အားနည်းတဲ့သူတစ်ယောက် ဖြစ်နေဦးမှာပဲ။ သူက ဘာကို အနိုင်မကျင့်ခံရဖို့ မျှော်လင့်နေတာလဲ။ ဒါပေမယ့် သူ့ရဲ့ သနားဖို့ကောင်းတဲ့ ကိုယ့်ကိုကိုယ် အလေးထားမှုကို ကျေနပ်ဖို့နဲ့ အခြားသူတွေ အထင်သေးတာ မခံရဖို့ကို ဘာတွေ မျှော်လင့်ထားသေးလဲ။”

“အစ်မရင်း၊ တပ်မဟာမှူးက အရမ်းကို ကောင်းတဲ့ သူတစ်ယောက်လို့ အစ်မ ပြောခဲ့တယ်နော်။ ဒီလို လူကောင်းတစ်ယောက်ရဲ့ ထိန်းချုပ်မှု အောက်မှာဆို သူတို့ရဲ့ မိသားစုကို ဒီလို ဖိနှိပ်ဖို့ ဘယ်သူကမှ တွန်းအားပေးရဲမှာ မဟုတ်ဘူး။”

“ အဲ့ဒါဆို ဘာများ ကြောက်စရာ ကောင်းလို့လဲ။ ဒါက အခြေအမြစ်မရှိတဲ့ ကောလဟာလပါပဲ။ ဒါတွေက အစ်မကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူး။”

“တကယ်လို့ တစ်ယောက်ယောက်က အကြမ်းဖက်တာကိုပဲ လုပ်နေမယ် ဆိုရင်တောင် မိသားစုရဲ့ အကြီးအကဲဖြစ်သူက တံခါးအပြင်ဘက်မှာ မီးဖိုချောင်သုံးဓားကို ကိုင်ထားပြီး ရပ်နေမယ်လို့ တစ်ယောက်ယောက်က တွေးရဲလိမ့်မယ်ဆိုတာ သမီးကတော့ မယုံဘူး”

“ဒါက ကိုယ့်မိသားစုကို ကာကွယ်ပေးရဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်က မခိုင်မာဘဲ ကိုယ့်ရဲ့ မျက်နှာသာ ရဖို့ကိုပဲ အရမ်းကြီး တွေးနေလို့။ သတ္တိကြောင်တဲ့သူ၊ တစ်ကိုယ်ကောင်း ဆန်တဲ့သူနဲ့ တာဝန်မသိတဲ့ သူမျိုးတွေကပဲ ဒီလိုနည်းလမ်းကို တွေးမိကြမှာ။”

ဝမ့်ရင်းရဲ့ မျက်နှာက အံ့ဩမှုအပြည့် ဖြစ်သွားခဲ့သည်။ သူမသည် ချမ့်ယုက ဒီလို ငယ်ရွယ်ချိန်မှာပဲ ဒီလို ပြတ်သားသည့် အတွေးမျိုးဖြင့် မွေးဖွားလာလိမ့်မည်ကို သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။

သူမကိုယ်တိုင်က ထျန်းတကျူးတို့ မိသားစု ကိစ္စအကြောင်းကို သူမစိတ်ထဲက မထုတ်နိုင်ဘဲ ချမ့်ကျွီဟွာက သားတစ်ယောက်သာ မွေးပါက ပိုကောင်းလာမှာလားကို တွေးမိကာ တုန်လှုပ်သွားခဲ့သည်။

သို့သော် ချမ့်ယုရဲ့ စကားများက အတော်လေး ရိုးရှင်းပြီး တည့်တိုးကြီး ဖြစ်ကာ ပြဿနာရဲ့ အဓိက အရာကို မီးမောင်းထိုးပြနေသည်။

ထျန်းတကျူး မိသားစု ပြဿနာများ၏ အဓိက အကြောင်းမှာ ထျန်းတကျူးနှင့် လုံးဝကို သက်ဆိုင်သည်။

ချမ့်ယုက ဗလုံးဗထွေး ပြောနေဆဲ ဖြစ်သည်။ “တကယ်လို့ အသုံးမကျတဲ့ သူတစ်ယောက်က သားယောက်ျားလေး လိုချင်တယ်ဆိုရင် သားမရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မနေနဲ့။ အရမ်းကို သားတစ်ယောက် လိုချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် ချမ်းသာအောင်ကျ ဘာလို့ မလုပ်တာလဲ။ သူ့သားက ခံစားရမှာကို သူက မကြောက်ဘူးလား။ ရှင်းရှင်းပြောရရင် သူက ဒါကိုမှ မလုပ်နိုင်တာ။ ဒီလိုလူမျိုးတွေက သူ့မှာ သားတစ်ယောက် ရလာရင် သူတို့ကိုယ်တိုင် အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့သားကို ထောက်ပံ့ပေးဖို့ သမီးနဲ့ မိန်းမကိုကျ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ခိုင်းလိမ့်မယ်”

ဝမ့်ရင်းက သက်ပြင်းချကာ ပြန်လှည့်ပြီး ချမ့်ရှုဖန်းကို ပြောခဲ့သည်။ “ချမ့်ယုက တော်တော်လေး တော်တာပဲ။ အချိန် မနှောင်းစေနဲ့။ ဒီကလေးကို စာအုပ်တွေ ပိုပြီး ဖတ်ခိုင်းလိုက်ပါ။”

ချမ့်ယုရဲ့ အပြစ်ကင်းမှုမှာ စိတ်အနှောက်ယှက် မဖြစ်စေသည့် အပြစ်ကင်းမှုမျိုး ဖြစ်သည်။ သူမမှာ တိကျတဲ့ ရည်မှန်းချက်များ ရှိနေပြီး သူမရဲ့ စိတ်ကို ပြင်ဆင်ပြီးမှ ရှားရှားပါးပါး တုန်လှုပ်စေခြင်းမျိုး ဖြစ်သည်။ သူမရဲ့ ကိုယ်ပိုင် အရာများတွင် တစ်ခြားသူပေးသည့် အကြံဉာဏ်များကို နားလည်နိုင်ပြီး သူမရဲ့ ကိုယ်ပိုင် အကြံဉာဏ်ကိုပါ လိုက်ပါစေသည်။

များစွာသော လူကြီးများမှာတောင် ဒီလို အရည်အချင်းမျိုး ရှိလိမ့်မည် မဟုတ်ပါ။

ချမ့်ရှုဖန်းသည် ချမ့်ယုရဲ့ အရွယ်နှင့် မလိုက်အောင် ထက်မြက်သော အတွေးနှင့် အမြင်တို့ကြောင့် တုန်လှုပ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။

သူမသည် ချမ့်ယုရဲ့ အတွေးတွေက အနည်းငယ် ဘေးထွက်နေသည်ဟု ခံစားလိုက်ရသော်လည်း ဘယ်နေရာက မှားနေလဲ ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ခဲ့ပါ။

ဝမ့်ရင်းက ချမ့်ယုကို စာပိုဖတ်ဖို့ ပြောသည့်အခါ ချမ့်ယုက အနည်းငယ် ပျော်သွားခဲ့သည်။

သူမက ဘာလို့ ဒီလောက်တောင် စကားများရတာလဲ။

'အခုကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင် သူမက စာကို ပိုပြီး လေ့လာရမယ်။'

သူမက စာလေ့လာရတာကို တကယ် မနှစ်သက်ပါ။

ဝမ့်ရင်းက အနည်းငယ် စိတ်ဓာတ်ကျနေပုံရသော ချမ့်ယုရဲ့ မျက်နှာကို ကိုင်လိုက်သည်။ “မင်းက သိပ်တော်တယ်။ အဲ့တော့ စာအုပ်လေးတွေ ဖတ်သင့်တယ်။ အဲ့လိုမှမဟုတ်ရင် မင်းရဲ့ အသိတရားတွေကို လမ်းပြပေးတာမျိုး မရှိဘူးဆိုရင် နောက်ဆုံး သေလောက်တဲ့ အရှုပ်တွေကြားထဲ ညှပ်နေဖို့က လွယ်လွယ်လေးပဲ။”

ဝမ့်ရင်းသည် သူမရဲ့လက်ထဲက စက္ကူအိတ်ကို ကမ်းပေးခဲ့သည်။ “စာကြိုးစား။ မင်းက ကောင်းကောင်း လေ့လာလေလေ၊ မင်းအတွက် ပိုပြီး အရသာရှိတဲ့ စားစရာတွေ လုပ်ခိုင်းဖို့ မင်းရဲ့ခဲအိုကို ပိုပြီး ပြောလို့ ကောင်းလေလေပဲ။ အဲ့ဒါဆိုရင်ရော ဘယ်လိုလဲ။”

ချမ့်ယုက မယိုးမယွ ဖြစ်သွားခဲ့ပြီး စက္ကူအိတ်ကို ကိုင်ထားရင်း ခေါင်းငြိမ့်ပြခဲ့သည်။

ဝမ့်ရင်းက ယုန်ကိုယူပြီး ပြန်သွားခဲ့သည်။ သူမက အိမ်ကို ပြန်ရောက်သည့်အခါ ရှုရွှမ်းကို ရှင်းပြခဲ့သည်။ “ချမ့်ယုကလေ ကျွန်မ တွေ့ဖူးသမျှ ကလေးတွေထဲမှာ ဉာဏ်အကောင်းဆုံးပဲ။”

ရှုရွှမ်း - “မင်းပဲ ကိုယ့်ကို ပြောတုန်းက တယာနဲ့ အာ့ရာတို့က တွေ့ဖူးသမျှထဲမှာ အသိတတ်ဆုံး ကလေးတွေဆို။ ပြီးတော့ အခု ချမ့်ယုက မင်းတွေ့ဖူးသမျှ ကလေးတွေထဲမှာ ဉာဏ်အကောင်းဆုံးလို့ ပြောပြန်ပြီ။”

ဝမ့်ရင်းက သူမရဲ့လက်တွေကို ဖြန့်ပြခဲ့သည်။ “တကယ်ကောင်းတာပါဆို။”

ဝမ့်ရင်းက ချမ့်ယုသည် သေချာပေါက် ကံကောင်းမည်ဟု ခံစားခဲ့ရသည်။ သူမရဲ့ အသိဉာဏ်သည် မိန်းကလေးများထက် ပိုပြီး သဘောကျခံရသော ယောက်ျားလေးတွေရဲ့ မိသားစုတွေထဲမှာ တိမ်မြှုပ်မနေခဲ့ပါ။ ထိုအစား သူမသည် ပိုကြီးမားသည့် အခြေအနေမျိုးနှင့် ပိုများသည့် ခက်ခဲမှုများကို ခံစားပြီးနောက် သူမရဲ့ အသိဉာဏ်ဟာ ပိုမို ထက်မြတ်လာပြီး ပိုမို ဉာဏ်ကောင်းလာခဲ့သည်။

'တယာနှင့် အာ့ရာတို့ကလည်း အတူတူပဲ။ တကယ်လို့ သူတို့သာ မိသားစုရဲ့ အခက်အခဲတွေကနေ လွတ်မြောက်လာရင် ဒီကလေးနှစ်ယောက်က အနာဂတ်မှာ အရမ်း ကောင်းတဲ့ တိုးတက်မှုတွေ ဖြစ်သွားလိမ့်မယ်။'

ရှုရွှမ်းက သူမကို လက်ထဲတွင် ဖက်ထားလိုက်သည်။ “ကောင်းပါပြီ။”

'မင်း ဒီကလေးမလေးတွေကို သဘောကျနေပုံအရ မင်းက သမီး မိန်းကလေး တစ်ယောက်လောက် လိုချင်နေတာကို ကိုယ် သိတယ်။'

နှစ်သစ်ကူးပွဲလေး ပွဲသွားသည့်နောက်တွင် တကယ့် တရုတ်နှစ်သစ်ကူး ပွဲကြီးက ရောက်လာခဲ့ပြီ ဖြစ်သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၇၄

နောက်တစ်နေ့တွင် ဝမ့်ရင်းက အစောကြီး ထကာ ခြံဝန်းထဲတွင် သန့်ရှင်းရေး လုပ်နေခဲ့သည်။

အခြားအကြောင်းကြောင့် မဟုတ်ပါ။ သို့သော် အကြောင်းမှာ တပ်မဟာထဲတွင် ကန့်သတ်ထားသော ကြိတ်ဆုံကြီး ရှိသည်။ ထိုကြိတ်ဆုံကြီးသည် လူအများ သုံးဖို့အတွက်သာ ဖြစ်သည်။

ဒီနေ့မှာ တို့ဟူးကို သွားကြိတ်ရမည့် အချိန်ဖြစ်သည်။ အမျိုးသမီးကြီး မစ္စရှုနှင့် ရင်းနှီးသူတစ်ယောက်က သူမအား ဝမ့်ရင်းရဲ့ အကြောင်းကို မေးခဲ့သည်။

ဒါက အဆင်ပြေပါတယ်ဟု ဝမ့်ရင်းက ခံစားခဲ့ရသည်။ သူမနှင့် ရှုရွှမ်းတို့က တံခါးပိတ်ပြီး အတူတူ နေနေကြသည်မှာ နှစ်လကျော်ပြီ ဖြစ်သည်။

အဖွဲ့ထဲကလူတွေ ဝင်ချည်၊ ထွက်ချည် ရှိနေတာမျိုးက မဆိုးလှပါ။ ထို့အပြင် သူတို့ထဲက လူတွေအများစုသည် ခြံဝန်းတံတိုင်း တည်ဆောက်တုန်းက ကူညီရန် လာကြသည့် သူများသာ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို ငြင်းဖို့မှာ ခက်ခဲသည်။

ရှုရွှမ်းက အိမ်မှာ မစားရသေးသော ငါးများကို သိမ်းထားလိုက်ပြီး မီးဖိုချောင်ထဲမှာ သော့ခတ်ထားလိုက်သည်။ သူသည် ခြံထဲက အခြားအရာများကိုလည်း သိမ်းလိုက်ပြီး အိမ်ကို သန့်ရှင်းရေး လုပ်ခဲ့သည်။

မိုးလင်းပြီး ခနအကြာမှာပဲ ပဲစေ့များနှင့် တစ်ယောက်ယောက်က ရောက်လာခဲ့သည်။

ဝမ့်ရင်းက လူတွေကို ရွှင်ရွှင်ပြပြ နှုတ်ဆက်ပြီး မီးသွေး မီးဖိုကို အဓိက အခန်းထဲမှာ နေရာ ချထားလိုက်သည်။ သို့မှသာ လာစောင့်နေသော သူများက ခနလောက် သွားပြီး ထိုင်လို့ရမည် ဖြစ်သည်။

ဝူကွေ့ဟွာကလည်း ရောက်လာခဲ့သည်။ သူမက လီချွမ်းကျင်နှင့် သိပ်ပြီး အဆင်မပြေပါ။ ထို့ကြောင့် ထုံးစံအတိုင်း ဝမ့်ရင်းနှင့်သာ ကပ်နေခဲ့သည်။

သူမ ဝင်လာသည့်အခါ သူမက အံ့ဩသွားခဲ့သည်။ “ဘုရားရေ၊ ဒါ အရင်က ပိန်ကပ်နေတဲ့ ဝက်လေးမလား။ သူက ဒီလောက် အချိန်တိုလေးမှာတင် ဘယ်လိုလုပ် ဒီလောက်ထိ ဝလာရတာလဲ။”

အော်သံတစ်ချက်နှင့်အတူ သူမက ဘေးနားရှိ လူများကို ခေါ်လိုက်ပြီး လူတိုင်းက ကြည့်ဖို့ စုဝေးလာကြသည်။

“ဟုတ်ပါ့ဟယ်။ ဒီဝက်က ဝလာလိုက်တာ။ သူ့အလေးချိန်က ၂၀ ကနေ ၃၀ ကီလိုဂရမ်ထိ တိုးလာလောက်တယ်။”

“ဘယ်မှာလဲ။ ငါ့အထင်တော့ အဲ့ဒါက ၄၀ ကီလိုဂရမ်လောက် ရှိမှာနော်။”

“ဝမ့်ရင်း၊ နင် ဝက်တွေကို ဘယ်လိုမျိုး ကျွေးတာလဲ။ နင်က တကယ် ဝက်တွေကို မြန်မြန်နဲ့ ဝလာအောင် ကျွေးနိုင်တာပဲ။”

ဝမ့်ရင်း - …..

အချိန်တိုင်း ငါ့ရဲ့ဝက်တွေကို ဝိဉာဥ်စမ်းရေ လက်တစ်ဆုပ်စာလောက် တိုက်နေတာကို ဘယ်လိုလုပ် မဝအောင် ထိန်းနိုင်တော့မှာလဲ။

ဝူကွေ့ဟွာက အတော်လေး အားကျနေခဲ့သည်။ “ နွေရာသီကျရင် ဒီဝက်ကနေ ငါတို့တွေ ကီလိုဂရမ်တွေ အများကြီးပဲ ရလောက်မယ်လို့ ထင်တယ်နော်။”

ထိုဝက်ရဲ့ ထွားလာပုံကို ကြည့်လိုက်သည့်အခါ ထိုဝက်က အတော်လေး လေးမည် ဖြစ်သည်။ ထိုဝက်သည် လွန်ခဲ့သော ရက်များက ပေါ်လိုက်သော ဝက်ထက်တောင် ပိုပြီး လေးကောင်း လေးနိုင်သည်။

ဝမ့်ရင်းကြည့်ရတာ အတော်လေး ပျော်နေပုံ ရသော်လည်း တစ်ချိန်ထဲမှာပဲ သူမရဲ့ စိတ်ထဲတွင် အခြား အရာများကို တွေးနေခဲ့သည်။

သူမရဲ့ ဝိဉာဥ်စမ်းရေက သူမရဲ့ မိသားစုကို အကျိုးပြုနိုင်ရုံသာမက တပ်မဟာထဲက ဝက်တွေကိုလည်း ပိုပြီး ထွားလာအောင် လုပ်ပေးနိုင်တာက ကောင်းတာပဲ မဟုတ်လား။

နှစ်သစ်ရောက်လို့ ဝက်များကို ဝေသည့်အခါ သူမက နည်းနည်းပိုပြီး ရနိုင်မည် ဖြစ်သည်။

လူအများကြီးတော့ မလာဘဲ ငါးယောက်၊ ခြောက်ယောက်လောက်သာ လာသည်။ အချို့လူတွေက ခြံထဲရှိ ကြိတ်ဆုံမှာ ကြိတ်နေကြပြီး တစ်ချို့က အဓိက ခန်းမထဲရှိ မီးပုံနားတွင် ထိုင်နေခဲ့ကြသည်။

လူအနည်းငယ်က စပြီး စကားပြောသည့်အခါ သူတို့က ကောလဟာလ ပေါင်းစုံကို မနားတမ်း ပြောခဲ့ကြသည်။

ဝမ့်ရင်းကလည်း စိတ်ဝင်တစား နားထောင်ခဲ့သည်။ တကယ်တော့ အချို့သော အတင်းများက နားထောင်လို့ အတော်လေး ကောင်းသည်။ ကျေးလက်ရှိ ဘဝများသည် TV ကြည့်ရတာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသည်။

ယောက္ခမနှင့် ချွေးမ တစ်ယောက်နှင့် တစ်ယောက် ယှဥ်ပြိုင်သည့် စိတ်လှုပ်ရှားစရာ မြင်ကွင်းအကြောင်းကို နားထောင်ပြီးနောက် စကားက နောက်ထပ် လမ်းကြောင်းတစ်ခုသို့ ရောက်သွားခဲ့ပြန်သည်။

ဝူကွေ့ဟွာက ဝမ့်ရင်းကို မေးခဲ့သည်။ “ချမ့်ကျွီဟွာက နင့်ကို ကလေးမွေးပေးတဲ့ ပိုက်ဆံရော ပို့ပေးသေးလား။”

ဝမ့်ရင်းက ခေါင်းခါပြခဲ့သည်။

ဝူကွေ့ဟွာက လက်ခုပ်တီးလိုက်သည်။ “ငါ သိသားပဲ။”

သူမသည် ထျန်းတကျူးတို့ မိသားစုအပေါ်ကို အထင်သေးသည်။ အထူးသဖြင့် သူ့ရဲ့ ဘက်လိုက်သော အမေနှင့် အလိုလိုက်ခံရသော ခယ်မကို အထင်သေးသည်။

“ထျန်းတကျူးရဲ့ အမေက အပြင်မှာ ပြောနေတာ။ နင်က မိန်းကလေးတစ်ယောက် မွေးပေးတာက အလုပ်လုပ်တာ မကောင်းလို့။ အဲ့ဒါကြောင့် နင့်ကို ပိုက်ဆံမပေးတာတဲ့။”

ဝမ့်ရင်းက ပိုက်ဆံအကြောင်း မေးဖို့အတွက် တကယ် မတွေးထားခဲ့ပါ။ အဓိကအားဖြင့် သူမက ကူညီရုံသာဖြစ်ပြီး ဝမ်းဆွဲသည် တစ်ယောက်တော့ မဟုတ်ပါ။

မနေ့ညက ပိုက်ဆံပေးရမည့် အရာမှာ ဆေးဖက်ဝင် အပင်နှစ်မျိုးအတွက်သာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုအပင်များက စျေးမကြီးပါ။ အမြဲလိုလို သူမက အခြားသူများကို ဆေးများ ညွှန်းပေးသည့်အခါ ပိုက်ဆံ အနည်းငယ်သာ တောင်းသည်။

ဝူကွေ့ဟွာက ဝမ့်ရင်းရဲ့ကိုယ်စား ဒေါသထွက်နေခဲ့သည်။ “နင်တို့ တစ်မိသားစုလုံးက မကြင်နာကြပါဘူး။ အကုန်လုံး ငါကြားပြီးပြီ။ နင်က ကျွီဟွာရဲ့ မွေးလမ်းကြောင်းကို ပြန်ပြင်ပေးပြီး ဆေးထိုးပေးလိုက်လို့ သူ့ရဲ့ခြေထောက်တွေက သုံးလို့ရသွားတာဆိုပြီး ငါတို့ တပ်မဟာထဲက ဝမ်းဆွဲသည်က ပြောတယ်။ သူတို့ကို ပြန်ခေါ်ဖို့ အများကြီး အားစိုက်ထားရတာတဲ့။ ကိစ္စကြီးရော၊ ကိစ္စလေးတွေရော နှုတ်လုံတာပဲ။ အဲ့ဒါကို ငါက ဘယ်လိုလုပ် နင့်ကို ပိုက်ဆံမပေးဘဲ နေနိုင်မှာလဲ။”

ဝမ့်ရင်း - “ရှင်က အဲ့ဒါကို မမျှော်လင့်ထားတာ ဖြစ်မှာပါ၊ အဲ့ဒါက အဆင်ပြေပါတယ်။”

ဝူကွေ့ဟွာက မခံမရပ်နိုင် ဖြစ်နေခဲ့သည်။ “မင်း အဲ့ဒါကို ဒီလိုမျိုး တွက်ချက်နေလို့ မရဘူး။ လုပ်ရမှာက လုပ်ရမှာပဲ။ မိန်းကလေးတွေ၊ ယောက်ျားလေးတွေအတွက်က ပူမနေနဲ့။ သူတို့တွေက ထျန်းမိသားစုရဲ့ မျိုးဆက်တွေပဲ။ သူတို့ကို ပိုက်ဆဲမပေးဘဲနဲ့ ဘယ်လိုလုပ် အလွှာတွေအမျိုးမျိုး ခွဲခြားလို့ ရမှာလဲ။”

ဝမ့်ရင်းက ဆက်ပြုံးနေခဲ့သည်။ ဒီလို အခြေအနေမျိုးမှာ ဘာလုပ်ရမလဲဆိုတာကို သူမ မသိခဲ့ပါ။ အကြွေးတောင်းဖို့ သူမက ချမ့်ကျွီဟွာဆီပဲ သွားလို့ ရနိုင်ပါ့မလား။

ဝူကွေ့ဟွာ - “ထျန်းတကျူးက သတ္တိနည်းတဲ့သူ။ ပြီးတော့ သူ့အမေက ပြဿနာ တစ်ခုအတွက်နဲ့ အိမ်ကို သွားမယ့် သူမျိုး။ သူတို့ နှစ်ယောက်လုံးက အဖိုးမတန်တဲ့ဟာတွေ။”

သူမ စကားပြောနေရင်း ချမ့်ကျွီဟွာရဲ့အသံကို ကြားလိုက်ရသည်။ “ဝမ့်ရင်းရှိလား။ သူအိမ်မှာရှိလား”

ဝူကွေ့ဟွာသည် သူမက တစ်ယောက်ယောက် အကြောင်းကို မကောင်းပြောနေရင်း မိသွားခဲ့ပုံရကာ ဝမ့်ရင်းကို သွားပြောဖို့အတွက် တွန်းအားပေးခဲ့သည်။ “မြန်မြန်သွား။ အဲ့အသံက ချမ့်ကျွီဟွာ နင့်ကို ခေါ်နေပုံပဲ။”

ဝမ့်ရင်းကလည်း အံ့ဩသွားခဲ့သည်။ ချမ့်ကျွီဟွာက အရမ်းကြီး ပင်ပန်းခဲ့ရတာပြီး မီးတွင်းထဲ ရှိနေချိန်အတွင်းမှာ ဘာလို့ ဟိုပြေးဒီပြေး လုပ်နေရတာလဲ။

ဝမ့်ရင်းက ထွက်သွားသည့်အခါ ချမ့်ကျွီဟွာက ဖြူဖျော့နေသည့် မျက်နှာမျိုးဖြင့် တစ်ခုခုကို ကိုင်ကာ သူမတို့ အိမ်တံခါးတွင် ရပ်နေခဲ့သည်။

ဝမ့်ရင်းက မြန်မြန်ပဲ သူမကို အိမ်ထဲသို့ ဝင်ခိုင်းလိုက်သည်။ ချမ့်ကျွီဟွာက စကားတစ်လုံး ပြောဖို့ကို သုံးခါလောက် အသက်ရှုခဲ့ရသည်။ “မဟုတ်ဘူး။ ငါ နင့်ကို ကြက်ဥနဲ့ ပိုက်ဆံတွေ လာပေးချင်ရုံပါ။ ပြီးတော့ ဒါက နင့်ရှုရွှမ်းရဲ့ ပဝါပါ။ ကျေးဇူးပါနော်။”

ဝမ့်ရင်းက ပိုက်ဆံနှင့် ပဝါကိုယူပြီး ကြက်ဥကို ပြန်ပေးခဲ့သည်။ “ရှင်က ကလေးမွေးပြီးလို့ မီးတွင်းထဲမှာပဲ ရှိသေးတယ်လေ။ ရှင်တို့မှာ ကြက်ဥတွေ လုံလုံလောက်လောက် မရှိဘူးမလား။ ပြန်ယူသွားပြီး ကိုယ့်ဘာသာပဲ စားလိုက်ပါ။”

ချမ့်ကျွီဟွာက ထိုအရာများကို သူမအား ပေးဖို့အတွက် အတင်းပြောနေခဲ့သည်။ “နင်ပဲ ယူလိုက်ပါ။ အရင်ကဆို ငါက ဘာမှ ကောင်းကောင်း မပြောခဲ့ဘူး။ အဲ့နေရာမှာ တစ်ခြား တစ်ယောက်သာဆိုရင် ငါ့အိမ်ကို ရောက်လာဖို့ထက် ငါ့ကိုပဲ သေစေချင်နေမှာ။ ငါ့ကို ကူညီပေးလို့ ကျေးဇူးပါနော်။”

ဝမ့်ရင်းက မျက်မှောင်ကြုတ်လိုက်သည်။ “ဒီအတွက်ပဲလား။ ရှင်က အခုထိ မီးတွင်းထဲမှာပဲ ရှိသေးတာ။ ဒါ ရှင်အပြင်ထွက်လို့ မရသေးတဲ့ အချိန်လေ။ အိမ်ကို မြန်မြန်ပြန်ပြီး လှဲနေ။”

ချမ့်ကျွီဟွာ၏ မျက်လုံးများမှာ နာကျင်စရာတွေ အပြည့် ဖြစ်နေခဲ့သည်။ “ဝမ့်ရင်း၊ ငါက သားလေး တစ်ယောက်လောက် မွေးနိုင်မယ်လို့ နင်ရော ထင်လား”

ဝမ့်ရင်းကို အသက်ကို ရှုလိုက်ပြီး ဘေးနားမှာ ဘယ်သူမှ ခိုးနားမထောင်နေကြောင်းကို သေချာအောင် ကြည့်လိုက်သည်။ ထို့နောက် သူမက တိုးတိုးလေး ပြောခဲ့သည်။ “ရှင့်ရဲ့ အခုကိုယ်ဝန်ကတောင် တော်တော်လေး ခက်ခဲနေရတာ။ ပြီးတော့ နောက်တစ်ယောက် ထပ်ရဖို့ဆိုတာက မသေချာဘူး။ အဲ့ကလေးက သားလေးဖြစ်ဖြစ်၊ သမီးလေးဖြစ်ဖြစ် သူတို့ကို သေသေချာချာ စောင့်ရှောက်သင့်တယ်။ အဲ့ဒါမှ အနာဂတ်မှာ သူတို့က ရှင့်အပေါ်မှာ သားသမီး ဝတ္တရားတွေ ကျေပွန်ကြမှာ။”

ချမ့်ကျွီဟွာသည် နောက်ဆုံး ရာဇသံတစ်ခု ပေးခံလိုက်ရသည့်အလား ဖြစ်သွားကာ သူမရဲ့ မျက်နှာမှာ လုံးဝကို အားပျက်သွားခဲ့သည်။

ဝမ့်ရင်းသည် မနေ့က ချမ့်ယုပြောခဲ့တာကို တွေးမိလိုက်ကာ ပြောခဲ့သည်။ “ထုံးစံအတိုင်းဆို ကျွန်မက ဒီလိုမျိုးတွေ မပြောသင့်ပါဘူး။ ဒါပေမယ့် ရှင့်တို့ မိသားစုမှာ သားမွေးဖို့က တကယ် အရေးအကြီးဆုံးလား။ ရှင်ရော ရှင့်ယောက်ျားရောက ပျင်းတဲ့သူတွေ မဟုတ်ကြပါဘူး။ ရှင်တို့တွေ ကိုယ့်ဘာသာ ကောင်းကောင်းနေနိုင်တာ သိသာနေတာပဲ။ ကိုယ့်ရဲ့ သမီးသုံးယောက်ကို မြေတောင် မြှောက်ပေး။ ပြီးရင် တစ်ယောက်ချင်းစီကို ကျွန်မလိုပဲ လက်ထပ်ခိုင်း။ ဒါက သေလို့ရတဲ့ အဆုံးသတ်တစ်ခု မဟုတ်ဘူးဆိုတာ သိသာပါတယ်။ အဲ့တော့ အရမ်းကြီး စိတ်မပျက်နဲ့။”

ချမ့်ကျွီဟွာက တော်တော်လေး နာကျင်နေခဲ့သည်။ “ငါ့ယောက္ခမနဲ့ ငါ့ယောင်းမတွေ…..”

ဝမ့်ရင်းမှ ကြားဖြတ်ပြောခဲ့သည်။ “ဒါ ရှင်တို့ လူကြီးတွေ မားမားမတ်မတ် ရပ်တည်ပေးသင့်တဲ့ အရာပဲ။ တကယ်လို့ သူ့မှာ သားယောက်ျားလေး တစ်ယောက်လောက် ရှိနေရင်တောင် ရှင့်အတွက် သူက တစ်ခြားသူတွေကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး။”

ချမ့်ကျွီဟွာသည် သူမရဲ့ ကိုယ်ပိုင် အတွေးများကြောင့် စိတ်ဓာတ်ကျနေတာကို ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။

ဝမ့်ရင်းက သူမကို အဝေးသို့ တွန်းလိုက်သည်။ “အခုချိန်မှာ ရှင် ဒီလိုအရာတွေကို တွေးမနေသင့်ဘူး။ အရင်ဆုံး အိမ်ပြန်ပြီး ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်။ ပြီးတော့ ရှင် မီးတွင်းထဲက ထွက်လာပြီးမှ ဒီအကြောင်းကို ပြောကြမယ်။”

ချမ့်ကျွီဟွာကို ပြန်လွှတ်ပြီးတဲ့နောက် ဝမ့်ရင်းက စက္ကူလေးနှင့် ပတ်ထားသော ပိုက်ဆံနှင့်အတူ အိမ်ကို ပြန်လာခဲ့သည်။

သူမ အဲ့စက္ကူကို ဖြည်ကြည့်လိုက်တော့ အထဲမှာ ခြောက်ယွမ်တောင် ရှိနေတာကို တွေ့တော့ မှင်သက်သွားခဲ့တယ်။

ကျေးလက်ဒေသတွေမှာ ခြောက်ယွမ်ဆိုတာက လိုတာထက်တောင် ပိုနေသေးတယ်။

ဝမ့်ရင်းက တွေတွေဝေဝေနှင့် ထိုပိုက်ဆံကို ပြန်ယူသွားခဲ့သည်။ ဝူကွေ့ဟွာက သူမအား ထိုအကြောင်းကို မေးသည့်အခါ ချမ့်ကျွီဟွာက သူမဆီလာတာ ပိုက်ဆံပေးဖို့အတွက်ဟုသာ ပြောခဲ့ပြီး ငွေပမာဏကိုတော့ မပြောခဲ့ပါ။

ဝူကွေ့ဟွာက သက်ပြင်းချလိုက်သည်။ “သူက ခေါင်းမာတဲ့သူပဲ။ တော်တော် ခေါင်းမာတယ်။ သူ့ရဲ့ ဒေါသတွေ အကုန်လုံးက သူ့ကိုယ်သူ ပြန်ပြီး ဆန့်ကျင်ဖို့ကို သုံးသွားတာ။ တကယ်တော့ သူ့ယောက်ျားက ဒီကိစ္စအတွက် ရပ်တည်ပေးသင့်တယ်။ ယောက်ျားက နာမခံရင် သူက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ သူရဲ့ဒေါသတွေကို သူ့ယောက်ျားဆီ ပုံချသင့်တာ။ သူ့ကို ကောင်းကောင်းလေး ရိုက်ပေးလိုက်။”

ဝမ့်ရင်းက ဝူကွေ့ဟွာ ပြောသည့်စကားကို လုံးဝ သဘောတူနေခဲ့သည်။ ဟုတ်တယ်၊ ဒါက ထျန်းတကျူးနဲ့ ရှင်းရမယ့် အချိန်ပဲ။

အကြောင်းမှာ ထျန်းတကျူး၏ အမေနှင့် သူ့ခယ်မသည် ထျန်းတကျူးရဲ့ အရှိန်အဝါနှင့် အတော်လေး သောင်းကျန်းနေခြင်း ဖြစ်သည်။ မိသားစုရဲ့ အကြီးအကဲအနေဖြင့် သူသည် ဒီလိုအခြေအနေမျိုးမှာ ကူညီဖို့ ထွက်မလာခဲ့ပါ။ သို့သော် ထိုသို့ လုပ်ရမည့်အစား သူ့အပေါ်ကနေ အခြားသူတွေကို ခေါင်းရှောင်ပေးခဲ့ပြီး သူ့မိန်းမကို အနိုင်ကျင့်စေခဲ့သည်။

ကြိတ်ဆုံမှာ ကြိတ်လို့ရသည့်ရက်က မြန်မြန်ပဲ ပြီးသွားခဲ့သည်။ ဒါက ဝမ့်ရင်းရဲ့ နောက်ဆုံး အလှည့်ပဲ ဖြစ်သည်။ ရှုရွှမ်းက တို့ဟူးတွေကို မြေကြီးပေါ်မှာ ဖြန့်လိုက်ပြီး အနည်းငယ်ကို အပြင်မှာ ခန ဘေးဖယ်ထားခဲ့ကာ ခဲနေသော တို့ဟူးများကို စားဖို့ စောင့်နေခဲ့သည်။

ဝမ့်ရင်းက ဆန္ဒရှိစွာ ပြောခဲ့သည်။ “ကျွန်မ ဟော့ပေါ့ စားချင်တယ်။”

ရှုရွှမ်းသည် အိမ်မှာရှိတဲ့ ပစ္စည်းများကို ကြည့်လိုက်ပြီး ပြောခဲ့သည်။ “ဟုတ်ပြီ။”

အိမ်မှာ ငရုတ်သီးတွေ အများကြီး ကျန်သေးတော့ တစ်ခါစားဖို့အတွက် လောက်သည်။

မည်သို့ပင် ဖြစ်စေကာမူ ခဲထားသော တို့ဟူးများက အဆင်သင့် မဖြစ်သေးသည့်အတွက် ဝမ့်ရင်းက စောင့်နေခဲ့သည်။

ဆယ့်နှစ်ကြိမ်မြောက် လူနာပွဲတော်လရဲ့ ၂၈ ရက်နေ့ မရောက်ခင်အထိ ဝမ့်ရင်းက စိတ်လှုပ်ရှားနေခဲ့သည်။ “ဒါ ဟော့ပေါ့ စားရမယ့် အချိန်ပဲ။”

ရှုရွှမ်းက ခဲထားသော တို့ဟူးများကို မီးဖိုချောင်ထဲသို့ ယူသွားကာ အသီးအရွက် မျိုးစုံကို ပြင်ဆင်နေခဲ့သည်။ သူတို့က ဟော့ပေါ့ကို အဓိက အခန်းထဲတွင်သာ စားလို့ မရနိုင်သည့်အတွက်ကြောင့် ဝမ့်ရင်းက မစ္စရှုကို မီးဖိုချောင်ထဲတွင် အတူတူ ထိုင်လို့ရအောင် ကူညီပေးခဲ့သည်။ ထို့နောက် သူတို့မိသားစု သုံးယောက်အတူတူ ဟော့ပေါ့ကောင်းကောင်း စားဖို့အတွက် ပြင်ဆင်ခဲ့သည်။

မစ္စရှုက အတိတ်ကို အောက်မေ့ သတိရနေဆဲ ဖြစ်သည်။ “မင်းအဖေ ရှိတုန်းကဆို သူက ဟော့ပေါ့ချက်ရင် အရမ်းကောင်းတာ။ အဲ့အချိန်တုန်းက အိုးကလည်း ဟောင်းနေပြီ။ သူက ငရုတ်သီးတွေကို အစပ်အဟပ် တည့်နေအောင် ချက်ပေးထားတာ။”

ရှုရွှမ်းရဲ့အိုးက အရမ်းကြီး စပ်မနေခဲ့ပါ။ သူက အိမ်မှာရှိတဲ့ ငရုတ်သီးများ အားလုံးကို ထည့်လိုက်တာတောင် အရမ်းကြီး မစပ်ပါ။

ရှုရွှမ်းက ကြက်သွန်နှင့် နှမ်းဆီကို ပြည့်ပြည့်စုံစုံ လုပ်လိုက်ကာ အရသာရှိသော စားစရာကို ပြင်ဆင်ခဲ့ကြသည်။

ရလဒ်အနေဖြင့် အိုးမဆူခင်မှာပဲ တစ်ခုခု ဖြစ်သွားခဲ့သည်။

ဒီအချိန်ကျမှ တံခါးလာခေါက်သူမှာ တယာဖြစ်သည်။

နောက်ဆုံးတစ်ခေါက် တယာကို တွေ့တုန်းကနှင့် မတူတာက တယာသည် ဒီတစ်ကြိမ်မှာတော့ ချည်သား အနွေးထည်လေးကို ဝတ်ထားခဲ့သည်။ သူမက နောက်ဆုံး တစ်ခေါက်ကလို သနားဖို့ ကောင်းမနေတော့ပါ။ သူမက ငိုယိုပြီး ဝမ့်ရင်းကို အကူအညီ လာတောင်းခဲ့သည်။

“အစ်မဝမ့်ရင်း၊ တစ်ချက်လောက် သွားကြည့်ပေးပါဦး။ သမီးတို့ရဲ့အမေက သတိလစ်သွားအောင်ထိ ရိုက်ခံလိုက်ရတယ်။”

ဝမ့်ရင်းက တူကိုချပြီး မေးခဲ့သည်။ “နင့်အမေက မူးနေတာလား။”

သူမက မီးတွင်းထဲမှာပဲ ရှိသေးတာမလား။ ဘယ်လိုလုပ် သူမကို ရိုက်နိုင်ရတာလဲ။

ဝမ့်ရင်းက ဆေးသေတ္တာကို ဆွဲယူပြီး လိုက်သွားခဲ့သည်။ မစ္စရှုက တစ်ခုခု လွဲနေတာကို သိသွားခဲ့ပြီး ပြောလိုက်သည်။ “သား၊ နင်လိုက်သွား။ အမေက ယိုဖုကို သွားရှာလိုက်မယ်”

အခုဆိုရင် တယာက ထပ်ပြီး မပြေးနိုင်တော့ပါ။ သူမက ဝမ့်ရင်းရဲ့ အနောက်ကသာ လိုက်လာခဲ့သည်။ ဝမ့်ရင်းက မြန်မြန် လျှောက်သွားခဲ့သည်။ ရှုရွှမ်းက ဝမ့်ရင်းရဲ့ ဆေးသေတ္တာကို သူ့ရဲ့ကျောပေါ်မှာ လွယ်ကာ တယာကို ချီပြီး တစ်လမ်းလုံး ခေါ်လာခဲ့သည်။

ဝမ့်ရင်းက မေးနေရင်း သုတ်ခြေတင် ပြေးလာခဲ့သည်။ “နင့်အမေ ဘာဖြစ်တာလဲ။ သူ့ကို ဘယ်သူရိုက်တာလဲ။ သူ့ကို ဘယ်နေရာမှာ ရိုက်လိုက်တာလဲ။”

တယာက တရှုံ့ရှုံ့နှင့် ပြောခဲ့သည်။ “သမီးရဲ့ အဖွားက အမေ့ကို ခြေထောက်နဲ့ ကန်ပြီး ရိုက်ဖို့ ပြောလိုက်တာ။ ပြီးတော့ သူက ထွက်သွားတယ်။”

ဝမ့်ရင်းက ဒေါသထွက်ကာ တုန်လှုပ်သွားခဲ့သည်။ “ဒါက ဘာအတွက်လဲ။”

တယာက အမြဲတမ်း နူးညံ့ပြီး သိတတ်သော သူမျိုး ဖြစ်သော်လည်း ဒီအချိန်မှာတော့ သူမရဲ့ မျက်လုံးထဲတွင် မုန်းတီးမှုများ ရှိနေခဲ့သည်။

“ သူတို့က ညီမလေးနှစ်ယောက်ကို အဝေးပို့ချင်နေကြတာ။ သူတို့ကပြောတယ်။ အာ့ရာကို တစ်ယောက်ယောက်ဆီ ပေးမယ်တဲ့။ ပြီးတော့ ရှောင်းယာကိုကျ ကလေး သတို့သမီးအနေနဲ့ တစ်ယောက်ယောက်ဆီ ပို့ပစ်မှာတဲ့။”

All Chapters