အခန်း (၇၇-၇၈)
Vol. 7 Ch. 77-78
အပိုင်း ၇၇
ထျန်းတကျူးက လျှာတွေလိပ်ကာ ချမ့်ကျွီဟွာကို ပြောခဲ့သည်။ “ကျွီဟွာ။ ဒီအရှုပ်တွေ လုပ်နေတာ ရပ်ပါတော့ကွာ။ ကွာရှင်းတော့ရော ဘာထူးမှာလဲ။ မြို့မှာ နေတဲ့ သူတွေကပဲ ဒီလိုအရာတွေ လုပ်ကြတာ။ ငါတို့မှာ ကလေး သုံးယောက်တောင် ရှိတယ်လေကွာ။”
ချမ့်ကျွီဟွာက ထေ့ငေါ့ကာ ပြောခဲ့သည်။ “ရှင်က ကလေးတွေ အကြောင်းကို ပြောဖို့ စိတ်ကူးရှိသေးတယ်ပေါ့ဖယ ထျန်းတကျူး၊ ကျွန်မရဲ့ ဘဝမှာ နောင်တအရဆုံး ကိစ္စက ရှင့်ကို လက်ထပ်မိတာပဲ။”
ဘဝက ပြန်ပြီး ခက်ခဲသွားခဲ့သည်။ သူမက ကျောပေါ်မှာ ပြောင်းအိတ်ကို သယ်ပြီး လာခဲ့သည်။ သူတို့ နှစ်ယောက်က ချွေတာဖို့ စီစဥ်ခဲ့ကြသည်။ သို့သော် ဆယ်စုနှစ်တစ်စု ကြာပြီး နောက်ဆုံးမှာတော့ သူမရဲ့ လက်တွဲဖော်က တာဝန်ယူစိတ် မရှိဘဲ တကယ့် သုံးစားမရတဲ့ သူဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
ကျားတစ်ကောင်ကတောင် သူ့ရဲ့ ခြင်္သေ့ပေါက်များကို စားမှာ မဟုတ်သော်လည်း ဒီလူကတော့ သူ့ရဲ့ သမီးအရင်းကိုတောင် အဝေးသို့ ပို့ချင်ခဲ့သည်။
ထျန်းတကျူးက ရန်ဆက်ဖြစ်ချင်သော်လည်း ချမ့်ကျွီဟွာက ကလေးမွေးပြီးကာစ ဖြစ်သည်။
“ကျွန်မက ကလေးမရနိုင်တော့ဘူး။”
“ထျန်းတကျူး၊ သားသမီး ကိစ္စတွေကို ပူမနေနဲ့။ အခုကစပြီး ကျွန်မမှာ သမီးသုံးယောက်ပဲ ရှိတော့တာ။ ရှင်က သားလိုချင်တာနဲ့ ကွက်တိပဲလေ။ ကျွန်မတို့ လမ်းမနိုင်ဘူးလား။ ရှင့်အတွက် သားလေး မွေးပေးနိုင်မယ့် မိန်းမတစ်ယောက်ကို ရှာလို့ရတယ်လေ။”
သူတို့က လက်ထပ်ထားတာ ဆယ်နှစ်ကျော်ပြီ ဖြစ်သည့်အတွက် ချမ့်ကျွီဟွာက ထျန်းတကျူးကို ကောင်းကောင်း နားလည်သည်ဟုတောင် ပြောလို့ရနိုင်သည်။
ထျန်းတကျူးက ထိုစကားကို ကြားလိုက်ရသည့် အချိန်မျိုးမှာ သူက မိုးကြိုးတွေပစ်၊ နှင်းတွေ ပြိုကျသလို ခံစားလိုက်ရသည်မှာ သေချာသည်။
ချမ့်ကျွီဟွာက ထိုအရာကို ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ “ကျွန်မက သမီးသုံးယောက်ကို လိုချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်က သူတို့ကို မလိုချင်ဘူးလေ။ အဲ့ဒါကို ရှင်က ဘာလို့ သဘောမတူရတာလဲ။”
ထျန်းတကျူးရဲ့ အမေက ပြန်ပြီး ချေပချင်သော်လည်း ထျန်းယိုဖုက သူမကို စိုက်ကြည့်နေခဲ့သည်။
ဒါဟာ သူတို့ လင်မယားကြားက ကိစ္စဖြစ်သည်။ တကယ်တမ်းမှာတော့ ထိုမိန်းမကြီး ပါဝင်တာကြောင့်သာ မဟုတ်ပါက ထျန်းတကျူးနှင့် သူ့မိန်းမက ဒီအခြေအနေကို ရောက်လာမည် မဟုတ်ပါ။
ထျန်းတကျူးက အသံတစ်သံကို မကြားခင်ထိ သူက တုန်လှုပ်နေခဲ့သည်။ “ ကျွန်တော် သဘောတူပါတယ်။”
သူက တုံ့ပြန်ပြီးနောက် ထိုစကားသည် သူ့ရဲ့ နှုတ်ကနေ ထွက်လာသည်ကို သိခဲ့ရသည်။
ထျန်းတကျူးက သဘောတူခဲ့ပြီး ချမ့်ကျွီဟွာက တစ်ချိန်လုံး ငိုလိုက်ရီလိုက် ဖြစ်နေခဲ့ကာ သူမ စိတ်တည်ငြိမ်ဖို့အတွက် အချိန်အကြာကြီး ယူလိုက်ရသည်။
ထျန်းယိုဖုကလည်း သက်ပြင်းချကာ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။ “ကောင်းပြီလေ။ ငါ မင်းတို့အတွက် နှစ်သစ်ကူး ပြီးတဲ့အခါကျရင် ကွာရှင်း ပြတ်ဆဲဖို့အတွက် လုပ်ပေးမယ်။”
မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ ခွဲမည့် အချိန်ကျရင် ထျန်းတကျူးရဲ့ အမေသည် သူမက အပြောသပ်သပ်ပဲဟု ခံစားခဲ့ရသည်။
“မိသားစုကို ခွဲလိုက်တော့ရော ဘာထူးလို့လဲ။ သူက မိန်းမပျက် တစ်ယောက်ပဲလေ။ မောင်းထုတ်လိုက်စမ်းပါ။ ဘာအတွက် မိသားစုကို ခွဲနေရတာလဲ။”
ထျန်းယိုဖုက ဆေးလိပ်ကို ဖွာကာ ပြောခဲ့သည်။ “မင်းက တပ်မှူး လုပ်နိုင်လား။ ဘုရားရှင်က သူဌေးဆို နင်က ဒုတိယလူ လုပ်နိုင်လား။”
ထျန်းယိုဖုက ထျန်းတကျူးရဲ့ အမေကို စိတ်ကုန်သွားခဲ့သည်။ ထိုမိန်းမကြီးက သူမရဲ့ သားကို ကောင်းမွန်တဲ့ ဘဝမျိုးမှာ မနေထိုင်စေချင်သော်လည်း အခြားသူတွေရဲ့ ကိစ္စများတွင် ဝင်ပါရင်း အလုပ်ရှုပ်နေပြီး မိသားစုကောင်း တစ်ခုကို နှစ်ခြမ်း ခွဲပစ်ခဲ့သည်။ သူမက ဒီလို အဓိပ္ပါယ် မရှိတာတွေ ပြောဖို့အတွက် တွေးနိုင်သေးသည်။
တစ်ဖက်တွင် ချမ့်ကျွီဟွာက ထိုကိစ္စကို မြန်မြန်ပဲ အလျှော့ပေးခဲ့သည်။ သူမသည် ထျန်းယိုဖု ရှိနေသည်ကို အခွင့်ကောင်းယူတာ အဓိက အချက်များကို ရယူရမည်ဆိုတာ သိနေခဲ့သည်။ အဲ့လိုမှ မဟုတ်ပါက မိသားစုထဲမှ အကြီးအကဲများ နောက်တစ်ကြိမ် ရောက်လာပါ သူမသည် သူမရဲ့ အစီအစဥ်များကို ဖြစ်မြောက်အောင် လုပ်နိုင်တော့မည် မဟုတ်ပါ။
“ကျွန်မက အိမ်လည်း မလိုချင်ပါဘူး။”
ထိုစကားများ ပြောလိုက်သည့်အခါ ကြမ်းပြင်ပေါ်မှာ ထိုင်နေသော ထျန်းတကျူးကတောင် စိတ်သက်သာရာ ရပြီး သက်ပြင်းချလိုက်သည်။
ဝမ့်ရင်းရဲ့ မျက်လုံးထဲမှာတော့ သူ့ကို အထင်သေးနေခဲ့သည်။
“ကျွန်မက အိမ်မလိုချင်ဘူး။ ဒါပေမယ့် ပိုက်ဆံ လိုချင်တယ်။”
ချမ့်ကျွီဟွာသည် သူတို့လေးယောက် နေရမည့် နေရာကို လုပ်နိုင်ပြီး တပ်မဟာကလည်း သူမတို့ကို အေးခဲပြီး သေမှာကို ကြည့်နေမှာ မဟုတ်ကြောင်းကို သေသေချာချာ သိနေခဲ့သည်။ အဆိုးဆုံးကတော့ သူတို့က ပို့ဆောင်ခြင်း ခံရလိုက်သော လူနှစ်ယောက် နေထိုင်သော အိမ်ကျဥ်းကျဥ်းလေး တစ်လုံးကိုသာ ရှာနိုင်ခဲ့သည်။
သို့သော် ရှောင်းယာရဲ့ ကျန်းမာရေးက သိပ်ပြီး နှောင့်နှေးလို့ မရနိုင်ပါ။
“ လျှော့ပေးတဲ့အနေနဲ့ ကျွန်မကို အိမ်ရဲ့ တစ်ဝက်ကိုပေး။ ပြီးရင် ကျွန်မက ပိုက်ဆံကိုပဲ လိုချင်တယ်။”
ထျန်းတကျူးရဲ့ အမေက ယိုင်သွားခဲ့သည်။ “နင်က ခွေးမပဲ။ နင်က အိမ်ကိုတောင်းဖို့ စိတ်ကူးရှိတယ်ပေါ့။ ဒီအိမ်က နင်နဲ့ ဘာမှ မဆိုင်ဘူး။ နင့် ပါးစပ်က ဒီအိမ်ရဲ့ တစ်ဝက်ကို တောင်းရဲတာ နင့်မှာ အရှက် မရှိဘူးလား။”
ချမ့်ကျွီဟွာ - “ဟုတ်တယ်။ ကျွန်မက အိမ်ဆောက်တုန်းက မကူညီပေးခဲ့ဘူး။ ဒါပေမယ့် ရှင့်သား ကျွန်မကို လက်ထပ်တုန်းက သူက ယွမ်တွေ ရာနဲ့ချီပြီး အကြွေးတင်ခဲ့တယ်။ အဲ့ဒါကလည်း အိမ်ဆောက်ဖို့အတွက်ပဲ။ ကျွန်မက အဲ့ဒါကို နှစ်တွေအကြာကြီး ကူဆပ်ပေးခဲ့ရတာ။ အဲ့တော့ ကျွန်မက ဘာလို့ အဲ့ဒါရဲ့တစ်ဝက်ကို မရနိုင်ရမှာလဲ။”
ထျန်းယိုဖုက ထျန်းတကျူးရဲ့ အမေကို တားကာ ပြောခဲ့သည်။ “ကောင်းပြီ။”
ချမ့်ကျွီဟွာရဲ့ တောင်းဆိုမှုက မများလွန်းပါ။ ထျန်းတကျူးရဲ့ အိမ်က ဘယ်လို ဆောက်ခဲ့ရလဲ ဆိုတာကို ထျန်းယိုဖုက သိနေခဲ့သည်။ တကျူးက သူ့ဆီက ပိုက်ဆံချေးခဲ့ရပြီး အဲ့ဒါကို ချမ့်ကျွီဟွာက ပြန်ဆပ်ပေးခဲ့သည်။ ထို့ကြောင့် ချမ့်ကျွီဟွာ တစ်ဝက်တောင်းတာက မလွန်ပါ။
ထျန်းအာကျုးရဲ့ မိန်းမက မျက်လုံးကို လှန်ကာ ကြည့်လိုက်သည်။ “ကျွန်မတို့တွေ အရင်ဆုံး အဲ့ဒါကို သဘောတူရမယ်။ ရှင်နဲ့အတူ သမီး သုံးယောက်လုံးကို ခေါ်သွားလို့ မရဘူး။ တယာကို ထားခဲ့။ ရှင့်မှာက သူတို့ကို မြေတောင် မြှောက်ပေးဖို့ ပိုက်ဆံရော လုပ်ခရမှတ်ရော ဘာမှ မရှိဘူး။”
ချမ့်ကျွီဟွာသည် သူမရဲ့ ယောင်းမက အရှုံးမပေးဘဲ အခုချိန်မှာ အလုပ် လုပ်နိုင်သည့် တယာကို ဆွဲထားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။
“အဲဲ့ကိစ္စကို တွေးတောင် မတွေးနဲ့။ သမီး သုံးယောက်လုံးကို ငါကပဲ ပိုင်တယ်။”
ချမ့်ကျွီဟွာက စိုးရိမ်နေခဲ့သည်။ ဘယ်လိုလုပ် သူမရဲ့ အကြီးဆုံး သမီးကို ဒီမိသားစုထဲမှာ ထားခဲ့ရက်ပါ့မလဲ။
ထျန်းအာကျူးရဲ့ မိန်းမက စကားပြောဖို့ ပြင်လိုက်သော်လည်း ဝမ့်ရင်းက ပြောခဲ့သည်။ “အစ်မကျွီဟွာ ကလေးမွေးသွားရတာ ရှင့်သားက သူ့ကို တွန်းချလိုက်လို့ပဲ။ အဲ့ဒါကို ကျွန်မက သက်သေလိုက်ပေးနိုင်တယ်။”
ထျန်းအာကျူးရဲ့ မိန်းမက ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့သည်။ ချမ့်ကျွီဟွာက သမီး သုံးယောက်ထဲက တစ်ယောက်ကို ခေါ်ထားချင်ပါက သူမသည် ချမ့်ကျွီဟွာ၏ နောက်ဆုံး အဖြစ်အပျက်ကို ဆက်လုပ်ဖို့ လှုံ့ဆော်ပေးကာ သူမကို တရားဆွဲခိုင်းမည်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။
ထျန်းတကျူးရဲ့ အမေက လက်လျှော့ကာ ပြောခဲ့သည်။ “ကောင်းပြီ။ နင်နဲ့အတူ အဲ့ဒီ့ ကလေး သုံးယောက်ကို ခေါ်သွားလို့ရတယ်။ ဒါပေမယ့် ငါ့ကို အရင်ဆုံး ဒီကိစ္စကို ရှင်းပေး။ နင်က ဒီကလေးတွေကို နင်နဲ့အတူ ခေါ်သွားရင် သူတို့ကို စောင့်ရှောက်ပေးနိုင်လားဆိုတာကို ငါတို့ စိတ်မဝင်စားဘူး။ ဒီကလေးသုံးယောက် ငါတို့တွေ အသက်ကြီးလာရင် ပြန်ပြီး ထောက်ပံ့ပေးဖို့ကိုလည်း ငါတို့က မမျှော်လင့်ထားဘူး။”
ချမ့်ကျွီဟွာက တည့်တိုးပြောတတ်သည့် စိတ်မျိုး ရှိသည်။ “တကယ်လို့ ကျွန်မက သူတို့ကို မမွေးချင်လည်း မမွေးဘူး။”
တစ်ဖက်တွင် ဝမ့်ရင်းက ပိုပြီး သတိထားကာ ထျန်းယိုဖုကို ပြောခဲ့သည်။ “ကျွန်မတို့ ဒီမိသားစုကို ခွဲလိုက်တဲ့အခါကျရင် တပ်မဟာက အခုကနေစပြီး သူတို့ရဲ့ ဆက်ဆံရေးက ပြီးဆုံးသွားပြီဆိုတဲ့ စာချုပ်ကို ပြတ်ပြတ်သားသားနဲ့ လုပ်ပေးပြီး အစ်ကိုတကျူးကိုလည်း အဲ့အပေါ်မှာ လက်ဗွေနှိပ်ဖို့ ပြောလိုက်မယ်။”
ထျန်းယိုဖုက အ့ဩသွားခဲ့သည်။ အခုခေတ်တွင် ကွာရှင်းစာချုပ် အများစုက မကောင်းသော ဆက်ဆံရေးများကို ရပ်ဆဲဖို့ နေရာတွင် သုံးလေ့ရှိသည်။ ကျေးလက် ဒေသများတွင် မြေယာများကို ခွဲထုတ်ဖို့ အတွက်သာ မိသားစုများက ရေးကြသည်။ ထို့ကြောင့် ကွာရှင်းစာချုပ် ရေးခြင်းသည် အနည်းငယ် ပြင်းထန်သည်။
ချမ့်ကျွီဟွာကလည်း အ့အားသင့်ခဲ့ရသည်။ သို့သော် ခနအတွင်းမှာပဲ ဝမ့်ရင်း မှန်တယ်ဟု သူမက ခံစားခဲ့ရသည်။
“ရေးလိုက်။”
သူမက အနည်းငယ် မာနကြီးသည်။ သူမက ဒီမိသားစုထဲက ကိစ္စများကို ထပ်ပြီး မပတ်သက်ချင်တော့ပါ။
ထိုနည်းဖြင့် မိသားစု ပိုင်ဆိုင်မှုများ ခွဲခြင်းကို ခက်ခက်ခဲခဲနှင့် ဆုံးဖြတ်ခဲ့သည်။
ထျန်းယိုဖုက မီးဖိုချောင်ထဲရှိ အစားအစာများကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အဲ့စားစရာတွေ အကုန်လုံးကို ချမ့်ကျွီဟွာဆီ ပေးလိုက်။ နှစ်သစ်ကူးပြီးမှ အိမ်ထောင်စု ပစ္စည်းတွေ အကြောင်းကို ပြောကြမယ်။”
ချမ့်ကျွီဟွာသည် ဒါက ကောင်းမွန်သော ရလဒ်ဆိုတာ သိနေခဲ့သည့်အတွက် သူမက ထျန်းတကျူးကို ပြောလိုက်သည်။ “ရှင်က အချိန်ရှိသ၍ ရှင့်ညီရဲ့ အိမ်မှာပဲ နေနေတာ။ ပြီးတော့ နှစ်သစ်ကူးပြီးလို့ ကျွန်မတို့တွေ ခွဲတဲ့အခါ ကျွန်မက ကျွန်မရဲ့ သမီးတွေနဲ့ ပြောင်းနေမယ်။”
သူမက ကလေးမွေးပြီး မီးတွင်းထဲမှာပဲ ရှိနေသေးသည်။ ပထမနှစ်ဝက်မှာ နှင်းများ အရည်ပျော်သည့်အခါ သူမသည် ကလေးများနှင့် ထွက်သွားပြီး ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပါ။
ထျန်းတကျူးရဲ့ အမေက တစ်ခုခု ပြောချင်သော်လည်း ထျန်းယိုဖုက နားမထောင်ချင်တော့ပါ။ သူသည် ထိုမိန်းမကြီးက သူမအတွက် ဘယ်ဟာက ကောင်းတာလဲ မသိဘူး ဖြစ်နေခဲ့သည်ဟု ခံစားခဲ့ရသည်။
ဒီမိသားစုထဲမှ ခွဲထွက်ရသည့်အတွက် ချမ့်ကျွီဟွာက ဆုံးရှုံးမှု တစ်ခုကို ခံစားခဲ့ရကြောင်း သိသာသည်။ သူတို့က သူမရဲ့ သမီးသုံးယောက်ကို ဘာထောက်ပံမှုမှ မပေးကြပါ။ သူတို့သာ ဒါကို တကယ် လိုချင်ပါက ထျန်းတကျူးရဲ့ လုပ်ခ တစ်ဝက်ကို သူတို့ထံ ခွဲပေးလိမ့်မည် ဖြစ်သည်။
ထျန်းအာကျူးရဲ့ မိန်းမက သူမတို့ မိသားစုသည် ထိုကိစ္စမှ အကျိုးအမြတ် ရသည်ကို သိနေခဲ့သည်။ ထို့ကြောင့် သူမသည် ယောက္ခမရဲ့ အနားမှာသာ ကပ်နေခဲ့သည်။
တကျူးက အနည်းဆုံး ယွမ်နှစ်ရာကို ပေးဖို့ လိုအပ်တယ်။ တကျူးက သေချာပေါက် အဲ့ဒါကို ပေးဖို့အတွက် မတတ်နိုင်ဘူး။ အဲ့ဒါကို သူ့ဘာသာ ပေးမယ်ဆိုရင် ထျန်းအာကျုးရဲ့ မိန်းမက သေချာပေါက် ပျော်တော့မှာ မဟုတ်ဘူး။
ဒါပေမယ့် ဒီအိမ်သာ သူမလက်ထဲကို ရောက်လာရင် အဲ့ဒါကိုရောင်းပြီး ရလာတဲ့ ယွမ်နှစ်ရာက ပိုပြီးတောင် စိတ်ကျေနပ်ဖို့ ကောင်းသေးတယ်။
ထျန်းအာကျူးရဲ့ မိန်းမသည် သူမ အိမ်ပြန်ရောက်သည့်အခါ ဒီကိစ္စကို သူမရဲ့ ယောက်ျားနှင့် ဆွေးနွေးရမည်ဟု တွေးနေခဲ့သည်။ သူမက ယွမ်တစ်ရာကို သူမရဲ့ မိသားစုမှ ယူလာမည် ဖြစ်ပြီး ချမ့်ကျွီဟွာနှင့် ကွာခြားချက်များ ဖန်တီးဖို့အတွက် တပ်မဟာထဲမှ လုပ်ခများအချို့ ဝယ်ရန် တကျူးကို ပြောမည် ဖြစ်သည်။ အဲ့ဒါဆို ချမ့်ကျွီဟွာ ထွက်သွားချိန်မှာ ဒီအိမ်က သူတို့ရဲ့ အပိုင်ပဲ ဖြစ်သွားလိမ့်မယ် မဟုတ်ပါလား။
နောက်ထပ်တစ်ခုက သူတို့မှာ တကျူးလို ကာလအလုပ်သမားကောင်း တစ်ယောက် ရမည် ဖြစ်သည်။
သူတို့မှာ ပျိုးထောင်ပေးစရာ ဘာကလေးမှ မရှိတော့ပါ။ ထိုအပြင် ချေးထားသော ယွမ်တစ်ရာကိုလည်း နှစ်နှစ်လောက်နဲ့ ပြန်ဆပ်နိုင်မည် ဖြစ်သည်။
ထျန်းအာကျူးရဲ့ မိန်းမက ပေသီးတွက် တွက်နေပြီး ကျယ်လောက်စွာ ရယ်လိုက်ချိန်တွင် ထျန်းတကျူးက သူ့ရဲ့ မျက်နှာကို သုတ်လိုက်သည်။ သူက သူ့ရဲ့ အထုပ်အပိုးများကို ထုပ်ပိုးနေပြီး သူ့ညီနှင့် နေရန်အတွက် သူ့အမေနှင့် လိုက်သွားခဲ့သည်။ မထွက်သွားခင်မှာ သူ့ရဲ့ သမီးနှစ်ယောက်က သူ့ကို ကြည့်တောင် မကြည့်ခဲ့ပါ။
ထျန်းတကျူးက ခါးသပ်သပ် ခံစားခဲ့ရသော်လည်း သူ့မှာလည်း သူ့ရဲ့ အခက်အခဲတွေ ရှိနေတယ်ဟု ခံစားခဲ့ရသည်။
ထျန်းတကျူးရဲ့ အမေက တစ်လမ်းလုံး ချမ့်ကျွီဟွာကို ဆူနေခဲ့သည်။ သူတို့ အိမ်ရောက်သည့်အခါ ထျန်းတကျူး နေဖို့ရန် သူ့ညီများက မီးဖိုချောင်ထဲတွင် စီစဥ်ပေးခဲ့သည်။
“အိမ်မှာက အခန်းတွေ မရှိတော့ဘူး။ အဲ့တော့ အစ်ကိုက ဒီမှာပဲ ခနတော့ နေရလိမ့်မယ်။”
ထျန်းတကျူးက ဘာတစ်ခွန်းမှ မပြောခဲ့ပါ။ သို့သော် ရုတ်တရက် တောင်းဆိုခဲ့သည်။ “အမေ၊ နှစ်သစ်ကူးပွဲ ပြီးသွားတဲ့အခါကျရင် သားအတွက် အန်တီရှီကို သွားရှာပေးပါ။”
အဲ့အန်တီရှီက အဖွဲ့ထဲမှာ လူသိအများဆုံး အောင်သွယ်တော်ပဲ။
ထျန်းတကျူးရဲ့ အမေက ထိုစကားကို ကြားသည့်အခါ ဒေါသထွက်သွားခဲ့ပြီး သူမရဲ့ အကြီးဆုံးသားက သားယောက်ျားလေး မမွေးနိုင်မယ့် ကံတရားမျိုး ရှိနေပြီးဟု ပြောချင်ခဲ့သည်။ ထို့အပြင် သူမရဲ့ အငယ်ဆုံး ချွေးမလေး ဝင်လာသည့်အခါ သူမက သူမရဲ့ သားကို သားယောက်ျားလေး ရဖို့အတွက် လိုက်ကြည့်နေတာက အလကားပဲဟု ပြောခဲ့သည်။
ချွေးမအငယ်က သူမရဲ့ ယောက္ခမကို ဆွဲခေါ်ကာ ပြောခဲ့သည်။ “အမေ၊ ဒါက ကောင်းတဲ့ ကိစ္စပဲလေ။ သမီးတို့ အစ်ကို အကြီးဆုံးမှာက အိမ်ရှိတယ်။ အဲ့တော့ နောက်မိန်းမ ရှာဖို့အတွက် လွယ်တယ်လေ။”
ထျန်းအာကျူးရဲ့ မိန်းမက သူမရဲ့ ရင်ဘက်ကို ပုတ်ကာ ကတိပေးခဲ့သည်။ “အစ်ကို၊ ဘာမှ မပူနဲ့နော်။ အဲ့ကိစ္စကို ကျွန်မ အစ်ကို့အတွက် စီစဥ်ပေးမယ်။ ယောင်းမကျွီဟွာ ထွက်သွားပြီးရင် ကျွန်မ အစ်ကို့အတွက် ချိန်းတွေ့ဖို့ တစ်ခုခု စီစဥ်ပေးမယ်။”
ထျန်းတကျူးက ချက်ချင်းဆိုသလို စိတ်သက်သာရာ ရသွားခဲ့သည်။
ထျန်းအာကျုးရဲ့ မိန်းမက အတော်လေး အထင်သေးနေခဲ့သည်။ မသိဘဲနဲ့ ချိန်းတွေ့မယ် ဟုတ်လား။ ဒါက စိတ်ကူးယဥ် အတွေးပဲ။ အဲ့မှာ ချိန်းတွေ့ဖို့ ရှိတယ်ဆိုရင်တောင် ရက်တွေ အများကြီးပဲ စောင့်ရဦးမှာ။ သူ့ယောက်ျားက မရှိတော့ဘူးဆိုတာ သေချာမှ သူက အတူတူနေမယ့် မုဆိုးမ တစ်ယောက်ကို ရှာလို့ ရမှာ။
အဲ့လိုမှမဟုတ်ရင် ငါတို့က အိမ်မှာ ဘယ်လိုလုပ် ကောင်းကောင်း နေနိုင်မှာလဲ။
ထျန်းအာကျူးရဲ့ မိန်းမသည် ကွာရှင်းတာက ချမ့်ကျွီဟွာအတွက် အကြံကောင်း တစ်ခုပဲဟု ခံစားခဲ့ရသည်။ တကယ်လို့ သူမသာ ကွာရှင်းခဲ့ပါက သူမနှင့်အတူ သူမရဲ့ မိသားစုကို ရန်ဖြစ်နေသည့် ပြဿနာများ အကြားမှ ကယ်တင်နိုင်မည် ဖြစ်သည်။
.....
ထျန်းတကျူး ထွက်သွားပြီးနောက် ထျန်းယိုဖုကလည်း ထွက်သွားခဲ့သည်။ ထို့နောက် အရင်ဆုံး ဟင်းချက်ဖို့အတွက် အိမ်ကို ပြန်သွားခဲ့သည်။
ချမ့်ကျွီဟွာက ဝမ့်ရင်းကို ကျေးဇူးတင်ခဲ့ပြီး ဝမ့်ရင်းကလည်း မြန်မြန်ကူညီပြီး သူမကို အိပ်ရာထဲ ပို့ပေးခဲ့သည်။ “ဒီအကြောင်းကို ထပ်ပြီး မပြောကြရအောင်။ ရှင့်ကိုယ်ရှင်ပဲ သေချာ ဂရုစိုက်။”
ချမ့်ကျွီဟွာက အနည်းငယ် စိတ်ပျက်နေပုံ ရသည်။ “တစ်ယောက်တည်း နေရတာက ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုလို့ ငါ အမြဲတမ်း တွေးနေမိခဲ့တာ။ ဒါပေမယ့် အခုလေးတင် အဲ့စကားကို ရုတ်တရက် ပြောလိုက်တော့လည်း စိတ်သက်သာရာ ရသလို ခံစားလိုက်ရတယ်။”
တယာရဲ့ မျက်နှာက အနည်းငယ် ဝမ်းနည်းနေသော်လည်း အာ့ရာကတော့ အတော်လေး ပျော်နေခဲ့သည်။ “အခုဆိုရင် အဖေကလည်း ထွက်သွားပြီဆိုတော့ သမီးတို့တွေ အမေနဲ့ နေလို့ရပြီ။”
ချမ့်ကျွီဟွာက သူမသမီး နှစ်ယောက်ရဲ့ မျက်နှာကို ထိကာ ပြောလိုက်သည်။ “အမေနဲ့ လိုက်မယ်ဆိုရင် သမီးတို့က အခက်အခဲတွေကို ခံနိုင်ရမယ်နော်။”
အာ့ရာ - “သမီး မကြောက်ပါဘူး။” သူမကိုသာ အဝေးကို မပို့နဲ့။
ဝမ့်ရင်းက ချမ့်ကျွီဟွာနား ကပ်ကာ စခဲ့သည်။ “ကြည့်ရတာ ကျွန်မတို့တွေ အနာဂတ်မှာ ကောင်းမွန်တဲ့ ဘဝတစ်ခု ရနိုင်တယ်နော်။”
ချမ့်ကျွီဟွာက တခစ်ခစ်ရယ်ခဲ့သည်မှာ သူမက ဒါကို လုံးဝ မယုံဘူးဆိုတာ သိသာနေခဲ့သည်။
ဝမ့်ရင်းက ကလေးကို ချမ့်ကျွီဟွာရဲ့ လက်ထဲသို့ ထည့်ပေးကာ ပြောလိုက်သည်။ “ရှင်က အားမပြည့်သေးဘူး။ ပြီးတော့ ရှင့်ရဲ့ ခြေထောက်က မသက်သာသေးဘူး။ ဒီရက်တွေမှာ အတက်နိုင်ဆုံး မလှုပ်နဲ့။ မနက်ဖြန်ကျမှ ကျွန်မ ရှင့်ကို ဆေးလာထိုးပေးမယ်။ တယာကို ကျွန်မနဲ့ အတူလိုက်ပြီး ဆေးယူဖို့အတွက် ပြောလိုက်ပါဦး။”
ချမ့်ကျွီဟွာက ထရပ်ကာ ဝမ့်ရင်းကို ပိုက်ဆံပေးဖို့ ပြင်လိုက်သော်လည်း ဝမ့်ရင်းက ငြင်းခဲ့သည်။ “ရှင်က လူတွေအပေါ်မှာ အကြွေးတင်ရတာမျိုး မကြိုက်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ဒီတစ်ခါက မတူဘူးလေ။ ရှင် ဒါကို နှစ်သစ်ကူးပြီးမှ ကျွန်မကို ပေးလို့ရတယ်။ ရှင့်ကိုယ်ရှင် အရင်ဆုံး ကောင်းကောင်း ဂရုစိုက်။”
တယာက ဆေးယူဖို့အတွက် ဝမ့်ရင်းအနောက်ကနေ လိုက်သွားခဲ့သည်။ သူမက ပြန်လာချိန်အထိ စိတ်ပူနေဆဲ ဖြစ်သည်။ “အစ်မဝမ့်ရင်းက အဲ့ဒါတွေ သမီးကို အတင်း ပေးနေတာ။”
သူ့လက်ထဲမှာက ကြက်ဥ ငါးလုံး၊ ခြောက်လုံးရယ် စက္ကူနဲ့ ထုပ်ထားတဲ့ သကြားလေး နည်းနည်းရယ်ပဲ ရှိတာ။
ချမ့်ကျွီဟွာက သူမသမီးရဲ့ခေါင်းကို ကိုင်ကာ ပြောခဲ့သည်။ “သွား။ သမီးနဲ့ သမီးတို့ ညီအစ်မအတွက် အမေက တစ်လုံး ချက်ပေးမယ်။ ပြီးရင် အဲ့ဒါကို ကြက်ဥဟင်းရည် လုပ်လိုက်ရင် အမေတို့ အတူတူ သောက်လို့ရပြီ။”
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၇၈
ဝမ့်ရင်းက တယာ ထွက်သွားသည်ကို မြင်သည့်အခါ ပျော်ရွှင်စွာဖြင့် သီချင်းလေး ညည်းလိုက်သည်။
ရှုရွှမ်း - “မင်း အရမ်း ပျော်နေတာလား။”
ဝမ့်ရင်း - “ သေချာတာပေါ့။”
အဆင်မပြေသည့် ဆက်ဆံရေး တစ်ခုကနေ ထွက်လာဖို့ လုံလောက်တဲ့ သတ္တိမျိုး ရှိနေတာလောက် ဘယ်ဟာကမှ ပိုပြီး အားရစရာ မရှိပါ။
ချမ့်ကျွီဟွာသည် သူမရဲ့ ပြဿနာကနေ လွတ်မြောက်လာပြီး အနာဂတ်မှာ ကောင်းမွန်သည့် ဘဝမျိုးနှင့် နေထိုင်ရမှာ သေချာသည်။
စကားပြောနေရင်း ဝမ့်ရင်းက “အား” ဆိုပြီး ရုတ်တရက် အော်သံကို ကြားလိုက်သည့်အခါ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားခဲ့သည်။ သူမက ပြင်ဆင်ထားသည့် ဟော့ပေါ့ကို မစားခဲ့ရသည့်အတွက် အိုးထဲက ငရုတ်သီးများက ခဲသွားခဲ့သည်။
ဝမ့်ရင်းသည် ဟော့ပေါ့အိုးထဲသို့ အဆာပလာများ မထည့်ရသေးတာကို မြင်ရသည့်အခါ သူမကိုယ်သူမ နှစ်သိမ့်နိုင်ခဲ့သည်။ ထို့ကြောင့် ထိုအရာကို စားဖို့အတွက် မနက်ဖြန်အထိ စောင့်ရင်တောင် အတူတူပဲ ဖြစ်ပါလိမ့်မည်။
နောက်တစ်နေ့ နေ့လည်သို့ ရောက်သည့်အခါ သူတို့ သုံးယောက်က ထုံးစံအတိုင်း ဟော့ပေါ့စားဖို့ စုခဲ့ကြသည်။
ရှုရွှမ်းက တို့ဟူးများကို ပြင်ခဲ့ရုံသာမက ကြာဇံ၊ တရုတ်ဂေါ်ဖီ၊ မုန့်လာဥဖြူ၊ အာလူး၊ ငါးအသားပြားနှင့် ယုန်သားများကိုပါ ပြင်ဆင်ထားခဲ့သည်။
ဝမ့်ရင်းက ယုန်သားကို အစပ်အိုးထဲသို့ ထည့်ပြီး ဆီပန်းကန်ထဲတွင် လှိမ့်လိုက်သည်။ ထို့နောက် အဲ့ဒါကို လှိမ့်လိုက်သည်။ သူ့ရဲ့ အရသာက အတောလေးကို နူးညံ့ပြီး ပါးစပ်ထဲ ထည့်လိုက်သည့် အချိန်လေးမှာတင် လက်ဆက်ပြီး အရာသာရှိသည်။
ခဲထားသော တို့ဟူးကလည်း ဟင်းရည်ကို စုပ်ယူသွားကာ မွှေးကြိုင်ပြီး စပ်သည်။ ကြာဇံနှင့် တရုတ်ဂေါ်ဖီကလည်ယ အရမ်း အရသာ ရှိသည်။
အမျိုးသမီးကြီး မစ္စရှုက အပြစ်မရှိ အပြစ်ရှာနေခဲ့သည်။ “နင့်အဖေ ချက်တာလောက်လည်း မကောင်းဘူး။”
ရှုရွှမ်း - “…….”
သေချာသည်မှာ သူ့အဖေသည် ထိုအချိန်က ချမ်းသာသော မိသားစုများအတွက် သုံးသော ထောပတ်ကို သုံးထားခြင်းကြောင့် ဖြစ်သည်။
အခုချိန်မှာ အဲ့ထောပတ်ကို ဘယ်ကနေ ရနိုင်မှာလဲ။
ဝမ့်ရင်းက အရမ်း ကျေနပ်ခဲ့ပြီး နောင်တရနေသည့် တစ်ခုတည်းသော အရာမှာ ထိုနေရာတွင် နှမ်းနှစ် ရှိမနေခြင်းကြောင့် ဖြစ်သည်။
ရှုရွှမ်း - “နောက်နှစ်အထိစောင့်။”
နောက်နှစ် ဆောင်းတွင်းမရောက်ခင် သူက နှမ်းနှစ် အပါအဝင် ပင်လယ်စာနှင့် အရွက်များကို ကောင်းကောင်း ပြင်ဆင်ထားမည် ဖြစ်သည်။
မွှေးကြိုင်ပြီး စပ်သည့် ဟော့ပေါ့ကို စားပြီးနောက် သူတို့သည် အိုးထဲရှိ အနှစ်ကို လွှင့်ပစ်ဖို့အတွက် အင်တင်တင် ဖြစ်နေခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုက အဲ့ဒီ့တစ်ဝက်ကို ပေးလိုက်ပြီး ရှုရွှမ်းက တစ်ဝက်ကို သိမ်းထားပြီး ညနေပိုင်းတွင် ငါးအစပ်ချက်ကို စားဖို့အတွက် ပြင်ဆင်နေခဲ့သည်။
ဝမ့်ရင်းသည် မနက်ဖြန်က နှစ်သစ်ကူးပွဲ ဆိုတာကို တွက်ချက်နေကြသည်။
ရှုရွှမ်းက ပြောလိုက်သည်။ “ဒါဆို မနက်ဖြန် အစောပိုင်းထဲက ပြင်ကြရအောင်။”
နှစ်သစ်ကူးပွဲအတွက် ပြင်ဆင်သည့် ဟင်းပွဲများမှာ အရမ်း ထူးခြားသည်။ ထိုပွဲတွင် အနည်းဆုံး ငါးဟင်းတစ်ပွဲ၊ ယုန်သားအချို့၊ နောက်ဆုံးတစ်ခေါက်က ကျန်သေးသော ဝက်သားအချို့နှင့် ရှုရွှမ်းချန်ထားသော ကြက်သားတစ်ဝက်တို့ ရှိသည်။
ဝမ့်ရင်းက ထိုအရာကို နားထောင်ရင်း သားရေ ကျနေခဲ့ကာ ဒီဘဝက အရမ်းကို ကြည်နူးဖို့ ကောင်းသည်ဟု ခံစားခဲ့ရသည်။
နှစ်သစ်ကူးပွဲ မနက်ခင်းအစောတွင် လူတွေက နှစ်သစ်တောင်းများ လာရောက်ကာ တောင်းပေးခဲ့ကြသည်။ ဒါဟာ ကောရှန်းရွာ၏ ဓလေ့ဖြစ်သည်။ နှစ်သစ်ကူးက ၃၀ရက်နေ့တွင် စတင်မည်။ နှစ်သစ်ကူးပွဲတွင် လူတွေက နှစ်သစ်ကူး ဆုတောင်းများ ပေးဖို့အတွက် အချင်းချင်း သွားလည်ကြသည်။ နှစ်သစ်ကူးပွဲ ပထမဆုံးနေ့တွင် လူတွေက အသက်ကြီးသော သူတွေရဲ့ အိမ်များကို သွားကာ နှစ်သစ်ကူး ဆုတောင်းဖို့ သွားလည်ခဲ့ကြသည်။
ဝမ့်ရင်းမှာ အရင် မင်္ဂလာဆောင်တုန်းက ကျန်သည့် သကြားလုံးများ ရှိနေသေးသည်။ ထို့ကြောင့် သူမက တွေ့သမျှ ကလေးတိုင်းကို သူမ သိသိ မသိသိ နှစ်လုံးဆီ ပေးခဲ့သည်။ သူမရဲ့အိမ်ကို ချက်ချင်းလက်ငင်း လူအလည်များသော နေရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ကာ မိသားစုတိုင်းမှ ကလေးများသည် ကြည့်ကြည့်ဖို့အတွက် ရောက်လာခဲ့သည်။
ဝမ့်ရင်းမှာတော့ သားသမီး မရှိသေးသလို ရှုမိသားစု၏ မိသားစု နာမည်နှင့်လည်း မတူပါ။ ထို့ကြောင့် ဒီတစ်ကြိမ်မှာတော့ သူမက သူတို့ကို နှစ်သစ်ကူး ပိုက်ဆံ မပေးသော်လည်း မျှတစွာ သကြားလုံးများကို ထိုအစား ပေးခဲ့သည်။
နှုတ်ဆက် ဆုတောင်းပေးပြီးနောက် ဝမ့်ရင်းက ချမ့်ရှုဖန်းတို့ နေရာကို သွားခဲ့သည်။ ချမ့်ယုကို သကြားလုံး ပေးသည့်အပြင် သူမက ထိုကလေးမလေးကို ချမ့်ကျွီဟွာတို့ မိသားစု အကြောင်းကို စိတ်ပါလက်ပါ ပြောခဲ့သည်။
ချမ့်ယုရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့သည်။ “ကောင်းလိုက်တာ။”
ထိုမိသားစုမှ အမျိုးသမီးသည် ကွာရှင်းလိုက်သော်လည်း ချမ့်ယုရဲ့ အမြင်မှာတော့ ဘာမှ အထောက်အပံ့ မပေးသည့် ယောက်ျားတစ်ယောက်ကို စွန့်ပစ်ခဲ့တာက သေချာပေါက် ကောင်းတဲ့အရာပဲဟု မြင်နေခဲ့သည်။
“သူက နေစရာ နေရာမရှိရင် ဒီမှာ လာနေမှာလား။”
ချမ့်ယုနှင့် ချမ်ရှုဖန်းတို့ နေထိုင်သည့် နေရာသည် တစ်ချိန်တုန်းက ရွာသားများ နေထိုင်သည့် နေရာမျိုး ဖြစ်သည်။ ထိုနေရာတွင် ပျက်စီးနေသော အိမ်တွေက တစ်အိမ်မက ရှိနေခဲ့သည်။ တကယ်လို့ ချမ့်ကျွီဟွာမှာ နေဖို့ အိမ်မရှိပါက သူမတို့ကို ဒီနေရာမှာ နေဖို့အတွက် ထျန်းယိုဖုက စီစဥ်ပေးလိမ့်မည် ဖြစ်သည်။
ဝမ့်ရင်း - “အစ်မလည်း မသိဘူး။”
ထို့အပြင် ချမ့်ကျွီဟွာမှာ နေစရာထက် ဆုံးဖြတ်ရမည့် ကိစ္စများစွာ ရှိနေခဲ့သည်။ ဝမ့်ရင်းက သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သတိထားမိနေခဲ့သည်။ သူမက သေချာ ဂရုစိုက်ရင်တောင် နောက်ပိုင်းတွင် သူမက လယ်ထဲမှာလို အလုပ်ကြမ်းမျိုး လုပ်နိုင်မည် မဟုတ်ပါ။
ထိုအကြောင်းကို ပြောရရင် ဝမ့်ရင်းကလည်း သနားစရာ အမေနှင့် သမီးသုံးယောက်ကို စိတ်ပူနေခဲ့သည်။
ချမ့်ယုက ဝမ်းနည်းစွာ ပြောခဲ့သည်။ “သမီးလည်း ယုန်တွေ မွေးချင်တယ်။ ဒီမှာ ယုန်တွေ အများကြီး ရှိတယ်။ အသားအတွက် တစ်ကောင်လောက် ဖမ်းပြီး မွေးလို့ရရင် သိပ်ကောင်းမှာပဲ။”
ဝမ့်ရင်းမှာက ထူးခြားတဲ့ အမြင်မျိုး ရှိသည်။
ယုန်တွေကို အိမ်မွေး တိရိစ္ဆာန်အနေနဲ့ မွေးလို့မရဘူး။ အဓိကကတော့ တောယုန်တွေက သဘာဝအရကို အရမ်း ရိုင်းတာ။ သူတို့ကို မွေးလို့ရနိုင်ချေက အရမ်း နည်းတယ်။
ဒါပေမယ့်…..
သူမတို့တွေ ဝက်ပြောင်းမွေးရင်ရော။
ဒီရွှေလက်တွေနဲ့ အရင်က စမ်းကြည့်ပြီးပြီ။ အဲ့ဒါက တော်တော်လေး ဝက်တွေကို ကောင်းကောင်း ဖွံ့ဖြိုးစေသည်။
တကယ်လို့ တပ်မဟာထဲမှာ ဝက်တွေကို တူတူမွေးရမယ့် တာဝန်ရရင် ချမ့်ကျွီဟွာက ဒီကိုလာပြီး နောက်ပိုင်း ဝက်တွေကို မွေးမယ့် တာဝန်ကို ယူလို့ရနိုင်ပါ့မလား။
ဝမ့်ရင်းရဲ့ စိတ်ထဲတွင် အကြံတစ်ခု ရှိနေခဲ့သော်လည်း သူမက ထျန်းယိုဖုကို ရှာပြီး ပြောဖို့အတွက် အလျင်မလိုခဲ့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဆောင်းတွင်းက ခဏပဲ ကြာမှာဆိုတော့ နွေရာသီရောက်ရင် သူမ မွေးထားတဲ့ ဝက်တွေကို သွားကြည့်ဖို့အတွက် ထျန်းယိုဖုကို သွားပြောလိုက်မည်။ အဲ့ဒါဆို အကူအညီ တောင်းဖို့အတွက် လွယ်ကူသွားလိမ့်မည်။
ဝမ့်ရင်းက သူတော်ကောင်းတစ်ယောက်တော့ မဟုတ်ပါ။ သူမသည် ဝက်များကို မွေးတာက သိပ်ပြီး အကျိုးအမြတ် မများဘူးဟု တွေးထားခဲ့သည်။ မွေးထားတဲ့ ဝက်တွေက အမျိုးအစား ကွဲပြားသည်။ နှစ်တိုင်း ဝမ့်ရင်းနှင့် ဝမ့်ယုံရွှင်းတို့ လင်မယားလို မိသားစုမျိုးက တစ်စု၊ နှစ်စုသာ ရှိသည်။
ထျန်းယိုဖုကို အကြံတစ်ခု ပေးတာက ပိုကောင်းပြီး တစ်ယောက်ယောက်ကို ဝက်မွေးဖို့ တာဝန်ပေးတာမျိုးတွေ ခွဲဝေပေးလိုက်ရင် လူတိုင်းလည်း အနားယူနိုင်ကြမည် ဖြစ်သည်။
ဝက်တွေကို မွေးခွင့်ရတာက အကောင်းဆုံး ဖြစ်လိမ့်မည်။ သို့မှသာ သူမက တစ်နှစ်တစ်ခါ ဝက်သားများ ရနိုင်မည်။ အခုဆိုရင် သူမက အဲ့ဒါကို တစ်နှစ် နှစ်ကြိမ် ရပြီး ဒါဟာ ဝမ့်ရင်းအတွက် အတော်လေး ဒုက္ခရောက်ရသည်။
ငါးတွေ၊ ဝက်သားတွေက ဘယ်လောက်ပဲ အရသာ ရှိနေပါစေ ဝက်သားရဲ့ နေရာကိုတော့ ဘယ်တော့မှ အစားထိုးလို့ မရနိုင်ပါ။
နှစ်သစ်ကူးပွဲရဲ့ နေ့လည်ခင်းတွင် အိမ်ထောင်စုတိုင်းက ပွဲများဖြင့် စည်ကားနေသည်။ ထိုနေ့တွင် အဆင်းရဲဆုံး မိသားစုများကတောင် စားဖို့တစ်ခုခု ရှိကြသည်။
တကယ်လို့ မင်းက နှစ်သစ်ကူးပွဲနေ့မှာ ကောင်းကောင်းစားဖို့ မရှိဘူးဆိုရင် လာမယ့်နှစ်မှာ မင်းက ကြပ်တည်းတဲ့ အချိန်တစ်ခု ကြုံရလိမ့်မည်။
ဝမ့်ရင်းက ဘာမှ မတုံ့ပြန်ခဲ့ပါ။ သူမက ချမ့်ယုနှင့် ချမ့်ရှုဖန်းတို့ ခံစားခဲ့ရသော နာကျင်စရာများကို နှစ်ကူးပွဲအတွင်း ချက်ချင်း ပျောက်သွားအောင် ရှုရွှမ်း ပြင်ဆင်ရန် ကူညီပေးထားသော ယုန်သားအချို့ကို ပို့ခဲ့သည်။
ချမ့်ရှုဖန်းက ဝမ့်ရင်းကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါ။ ထို့ကြောင့် သူမက ဒီရက်ပိုင်းတွင် လုပ်ထားသော လက်ကိုင်ပဝါ တစ်ထည်ကို ဝမ့်ရင်းထံ ပေးခဲ့သည်။
“ငါ မတော်တဆ ငါ့ရဲ့ အဝတ်တွေထဲမှာ ဒီလက်ကိုင်ပဝါကို ထည့်ထားမိတာ။ ငါနဲ့အတူ ချည်နှစ်လိပ်ကိုပဲ ယူလာခဲ့မိတာ။ ကျေးဇူးပြုပြီး ငါ့ကို တစ်မျိုးမထင်ပါနဲ့။ မင်းနဲ့ရှုရွှမ်း မကြာခင် သားရတနာလေး ထွန်းကားဖို့ ငါ ဆုတောင်းပေးပါတယ်။”
ဝမ့်ရင်းက ပန်းထိုးထားသော လက်ကိုင်ပဝါကို ယူလိုက်သည့်အခါ အံ့သြသွားခဲ့သည်။ ပဝါကို ပိုးသားလေးလို နူးညံ့အိစက်နေကာ ထိုပဝါကို ပစ္စည်းကောင်းများဖြင့် ပြုလုပ်ထားကြောင်းကို တစ်ချက်တည်း ကြည့်လိုက်ရုံဖြင့် ပြောနိုင်သည်။ ထိုပဝါအပေါ်တွင် အဖြူနှင့် အနီရောင် ပိုးချည်မျှင်များသာ ရှိသည်။ သို့သော် တစ်ပုံစံတည်းတော့ မဟုတ်ပါ။ အနီနှင့် ငွေရောင် ချည်များကို ရောယှက်ထားသည်။ ပန်းထိုးထားသော ကတ္တီပါ လက်ကိုင်ပဝါပေါ်တွင် ပုံဖော်ထားသည့် ရွှေငါးနှစ်ကောင်မှာ အသက်ဝင်သည်။
ဝမ့်ရင်းက ထိုကဲ့သို့သော် သိမ်ငယ်သည့် လူလတ်တန်းစားများသုံးသည့် ပစ္စည်းများကို အထင်သေးမှာ ချမ့်ရှုဖန်းက အနည်းငယ် စိုးရွံ့သွားခဲ့သည်။
“ငါက အော်ပရာအဖွဲ့မှာ သီချင်းဆိုတဲ့သူ မလုပ်ခင်ကတည်းက ပန်းထိုးတာကို သင်ထားခဲ့တာ။ နောက်ပိုင်းကျတော့ ကိုယ့်ရဲ့ ဝတ်စုံတွေကို ကိုယ့်ဘာသာ ပန်းထိုးတာ။ ဒါပေမယ့် ငါ့ရဲ့လက်ရည်ကတော့ သိပ်ပြီး မကောင်းဘူး။”
ဝမ့်ရင်းက အဲ့လို မထင်ခဲ့ပါ။ ထိုလက်ကိုင်ပဝါသည် သူမရဲ့ အရင်ဘဝတုန်းက စုကျိုးကို ခရီးသွားရင်း ယွမ်များစွာပေးပြီး ဝယ်ခဲ့ရသော ပန်းထိုး လက်ကိုင်ပဝါထက်တောင် ပိုပြီး ကြည့်ကောင်းသည်။
“ကျွန်မ အရမ်း သဘောကျတာပဲ။”
ဝမ့်ရင်းက အံ့ဩတကြီး ပြောခဲ့သည်။ “ဆရာမချမ့်၊ ရှင်က အံ့သြဖို့ ကောင်းလိုက်တာ။”
သူမသည် အော်ပရာ အဆိုတော်ကောင်းတစ်ယောက် ဖြစ်သည်သာမက ပန်းထိုးရာ၌လည်း တော်သည်။ ဆယ်စုနှစ် အနည်းငယ်အတွင်း သူမက ဆရာတစ်ဆူလို့တောင် သတ်မှတ်နိုင်သည်။
ချမ့်ရှုဖန်း - “ဒါက နည်းနည်းလေး အသေးစိတ် လုပ်ထားရုံပဲ ရှိသေးတာပါ။”
ဝမ့်ရင်းရဲ့ အတိတ်ဘဝတွင် သူမက မြောက်ပိုင်းသူဖြစ်ပြီး တောင်ပိုင်း မြို့များမှ လက်ရာမြောက်သော ပစ္စည်းများကို သူမက အရမ်း သဘောကျသည်။ သူမက လက်ကိုင်ပဝါကို အိမ်ပြန်ယူသွားပြီး ရတနာ တစ်ခုလို တယုတယ ထားသည်။
ရှုရွှမ်းနှင့် အမျိုးသမီးကြီးရှုက မီးဖိုချောင်ထဲမှာ အလုပ်နေကြသည်။ ဝမ့်ရင်းက ပန်းထိုး လက်ကိုင်ပဝါလေးကို ရတနာလေးလို ပြထားဖို့အတွက် ကိုင်ထားခဲ့သည်။
ရှုရွှမ်းက နားမလည်သော်လည်း ဝမ့်ရင်းက ထိုလက်ကိုင်ပဝါအား သဘောကျတာကို မြင်ရသည့်အခါ သူကလည်း ချီးကျူးလိုက်သည်။ “ဒါက တကယ် လှတာပဲ။”
ဝမ့်ရင်းက လက်ကိုင်ပဝါကို သူမရဲ့ လည်ပင်းတွင် ပတ်ထားလိုက်ပြီး မှန်ထဲတွင် ကြည့်ခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုကလည်း အားကျနေခဲ့သည်။ “ဒီလက်ကိုင်ပဝါက သေသေချာချာ ပန်းထိုးထားတာပဲ။ ပြီးတော့ ချည်သားတွေကလည်း အရမ်းကောင်းတယ်။”
ဝမ့်ရင်းကိုယ်တိုင်က ဘယ်လို ပန်းထိုးရမလဲ ဆိုတာကို မသိဘဲ အမျိုးသမီးကြီးရှုကလည်း အနည်းငယ်သာ သိပေမယ့် အတွေ့အကြုံ အများကြီး ရှိသည်။
ဝမ့်ရင်းက အမျိုးသမီးရှု ပြောသံကို ကြားလိုက်ရသည့်အခါ သူမက မြန်မြန်ပဲ အနီးကပ် သွားကြည့်ခဲ့သည်။
အမျိုးသမီးကြီးရှုက သူမကြည့်လိုက်တဲ့ ထိုအရာကို အဖြေထုတ်ဖို့ ယိုးတိုးယွတ ဖြစ်နေခဲ့သည်။ “ငါအရင်က ဒီလို ပန်းထိုးတာမျိုးကို မြင်ဖူးတယ်။ ငါအရင်က အလုပ်လုပ်ဖူးတဲ့ ကောင်မလေးက ဒီလိုအရာကို တောင်ပိုင်းကနေ ဆရာငှားပြီး သင်ဖူးတယ်။ သူက နှစ်တွေအကြာကြီး လေ့လာခဲ့ပေမယ့် သူပန်းထိုးတာက ဒီလောက် မကောင်းဘူး။”
ဝမ့်ရင်းသည် အမျိုးသမီးကြီးရှုက အားကျနေသည်ကို မြင်သည့်အခါ သူမက မေးလိုက်သည်။ “အမေရော။ ဒါမျိုးကို သင်ချင်လား။”
အမျိုးသမီးကြီးရှုက အနည်းငယ် ရှက်သွားခဲ့သည်။ “အမျိုးသမီး ဆရာမက ဒီမှာရှိရင်တော့ အမေ သူ့ဆီက နည်းနည်း သင်ချင်တယ်။ ဒါပေမယ့် သူက ကောင်မလေး ငယ်ငယ်လေးတွေကိုပဲ သင်ပေးတာ။ အဲ့တော့ အမေက နည်းနည်းလောက်ပဲ သင်လို့ရမှာ။”
ဝမ့်ရင်းသည် အမျိုးသမီးကြီးရှုက သူမအတွက် လုပ်ပေးထားသော အနွေးထည်ပေါ်မှာ တိတ်တဆိတ် ပန်းထိုးထားသော ပန်းပွင့်လေး တစ်ပွင့်၊ နှစ်ပွင့်ကို တွေ့ရပြီး သူမအတွက် လုပ်ပေးထားသော ချည်ဖိနပ်တ်ိုင် အဝိုင်းများ၊ အဆင်းကြောင်းလေးများ အမြဲတမ်း ရှိနေခဲ့ကာ အမျိုးသမီးကြီး မစ္စရှုက ပန်းထိုးတာကို အတော်လေး သဘောကျကြောင်း သိနိုင်သည်။
ဝမ့်ရင်းသည် ခနလောက် တွေးပြီးနောက် ပြောခဲ့သည်။ “တကယ်လို့ အမေက သင်ချင်တယ်ဆိုရင် သမီး ဆရာမချမ့်ကို ပြောပေးမယ်လေ။”
အမျိုးသမီးကြီးရှုက မြန်မြန်ပဲ လက်ခါပြခဲ့သည်။ သူမက ဒါကို ပုံမှန်အတိုင်း ပြောသော်လည်း သူမရဲ့ ချွေးမကိုတော့ ဘာပြဿနာမှ မရှာဝံ့ပါ။ ဒါက သူမရဲ့ အကြီးဆုံးသား ကိစ္စနှင့် ဆက်နွယ်နေပြီးသား ဖြစ်သည်။ သူမရဲ့ချွေးမကိုပါ သူမက ရှုပ်မိပါက သူမသည် ဒီကိစ္စကို ခံနိုင်လိမ့်မည် မဟုတ်ပါ။
ဝမ့်ရင်း - “ဒါက အရေးမကြီးပါဘူး။ ချမ့်ရှုဖန်း ဒီမှာရှိနေတာက ပြန်ပြီး ပြုပြင်ဖို့ပဲလေ။ သူက ထိန်းသိမ်းတဲ့ အခန်းထဲမှာ ထိုင်နေဖို့မှ မဟုတ်တာ။ နောက်ပိုင်း သမီးက သူ့ကို ကြည့်ပေးဖို့ အရမ်း အလုပ်ရှုပ်နေတော့မှာ။ အဲ့တော့ သူတို့ဆီ ပစ္စည်းတွေ ပို့ပေးဖို့က အမေ့ကိုပဲ ဒုက္ခပေးရမှာ။ အမေသင်ချင်ရင် ပစ္စည်းတွေကို အမေနဲ့အတူ ယူသွားရုံပဲ။ ပြီးရင် အဲ့မှာတော့ မထားခဲ့နဲ့။ အကြာကြီးလည်း မနေနဲ့။ အမေ သူတို့ကိုတွေ့ရင် အမေက သူတို့ကို စောင့်ကြည့်ဖို့ သမီးက လွှတ်လိုက်တာလို့ ပြောလိုက်။ ပြီးရင် အမေက ပစ္စည်းတွေယူသွားပြီး အချိန်ကောင်းကို စောင့်ရုံပဲ။ အဲ့ဒါကျရင် ဘယ်သူက ဘာများ ပြောလို့ရမှာလဲ။”
ဝမ့်ရင်းက အဲ့လိုမျိုး ပြောလိုက်သည့်အခါ အမျိုးသမီးကြီး မစ္စရှုက လှုပ်လှုပ်ယွယွ ဖြစ်သွားခဲ့သည်။
သူမက ပန်းထိုးရတာကို တကယ် သဘောကျသည်။ သူမသည် သူမရဲ့ ယောက်ျားနှင့်အတူ ချမ်းသာတဲ့ မိသားစု တစ်စုမှာ အလုပ်လုပ်ခဲ့ဖူးသည်။ သူမရဲ့ ယောက်ျားက မီးဖိုချောင်ထဲတွင် စားဖို့၊ သောက်ဖို့ ချက်ပြုတ်ပေးရပြီး သူမကတော့ အခြားသူများအတွက် အဝတ်တွေ လျှော်ပေးရသည့် အိမ်အကူတစ်ယောက်သာ ဖြစ်သည်။ သူမက ခြံဝန်းထဲတွင် တစ်နေကုန် နေရသည့်အတွက် သူမရဲ့ဘဝက ပျင်းဖို့ကောင်းသည်။
ပန်းထိုးတာက သူမရဲ့အချိန်ကို ဖြုန်းဖို့သာမက သူမကိုလည်း ပျော်ရွှင်စေသည်။
သို့သော် အခုချိန်မှာတော့ သူမရဲ့ ဒီအတွေးများကို ဘယ်သူနဲ့မှ ဝေမျှခြင်း မရှိတော့ပါ။ ကျေးလက်ဒေသတွင် ဝတ်ဖို့ အဝတ်အစားတွေ လုံလုံလောက်လောက် ရှိတာက အဆင်ပြေသည်။ အများစုမှာက သူတို့ရဲ့ အဝတ်တွေအပေါ်မှာ ပန်းထိုးဖို့ အားထုတ်ခြင်းမျိုး မရှိကြပါ။
ဝမ့်ရင်းက ထိုအကြောင်းကို အကြံပေးလိုက်ကတည်းက အမျိုးသမီးကြီး မစ္စရှုက သဘောတူခဲ့သည်။ “အဲ့ကို ခနခန သွားတာကတော့ မကောင်းဘူး။ သမီး အဲ့ကို နွေရာသီကျမှ ထပ်ပြီးသွားမှာ။”
ဝမ့်ရင်းသည် ဒီကိစ္စကို ချမ့်ရှုဖန်းအား နောက်မှ ပြောမည်ဟု တွေးထားခဲ့ပြီး သူမက သဘောမတူမှာတော့ မဟုတ်ပါ။ ချမ့်ယုက အချိန်တိုင်း အပြင်ထွက်ကာ လမ်းလျှောက်လို့ ရနိုင်သော်လည်း ချမ့်ရှုဖန်းက ရောက်လာသည့် နေ့ကတည်းက အပြင်ထွက်ခဲသည်။ ထို့ကြောင့် သူမကို မြင်ရဖို့အတွက် အကြာကြီး စောင့်နိုင်မည် မဟုတ်ပါ။
ဝမ့်ရင်းသည် ကျေးလက်ဒေသသို့ ပို့ခံရသော လူအများက ရှင်သန်ဖို့အတွက် ခက်ခက်ခဲခဲ ဖြစ်မည်ကို သေသေချာချာ သိနေခဲ့သည်။ ပတ်ဝန်းကျင်က မကောင်းရုံသာမက ပိုပြီး အရေးကြီးတာက သူမတို့ကို အထင်သေးကြခြင်း ဖြစ်သည်။ သို့သော် သူတို့က လူသိများတဲ့သူများ ဖြစ်ပြီး သူမတို့ကို ဘယ်သူကမှ အဲ့လိုမျိုး မမြင်ကြပါ။ တစ်ခုတည်းသော ကွာခြားချက်လေးက သူတို့ကို သေတွင်းပို့ဖို့ လုံလောက်သည်။
တကယ်လို့ ချမ့်ရှုဖန်းက ပန်းထိုးဖို့အကြောင်းကို အမျိုးသမီးကြီးရှုနှင့် တကယ် ဆွေးနွေးလို့ ရနိုင်ပါက သူမရဲ့ စိတ်ဖိစီးစရာများကို ဖြေဖျောက်နိုင်ဖို့ နည်းလမ်းတစ်ခု ရနိုင်မည် ဖြစ်သည်။