အခန်း (၇၉-၈၀)
Vol. 7 Ch. 79-80
အပိုင်း ၇၉
ရှုရွှမ်းက သူ့မိန်းမနှင့် အမေကိုပဲ ဆုံးဖြတ်ခိုင်းခဲ့သည်။ သူတို့က စီစဥ်စရာများကို ဆွေးနွေးပြီးနောက် သူက ကြားဖြတ်ကာ မေးလိုက်သည်။ “ဒီည ဖက်ထုပ်ကို ဘာနဲ့ အစာသွပ်ကြမလဲ။”
အမျိုးသမီးကြီးရှုသည် ဘာမှ မရွေးခဲ့သော်လည်း သူမက တွေးနေခဲ့သည်။ ဒီမှာ ဖက်ထုပ်က နှစ်မျိုး၊ သုံးမျိုးလောက်ပဲ ရှိတာမလား။ ဂေါ်ဖီနဲ့ဝက်သားရယ်၊ ဂေါ်ဖီချဥ်နဲ့ ဝက်သားရယ်၊ မုန်လာဥနဲ့ ဝက်သားရယ်။ သက်သတ်လွတ် ဖက်ထုပ်အတွက် ကြက်ဥနှင့် ကြက်သွန်မြိတ်သာ ရှိသော်လည်း နှစ်တွေရဲ့ ထိုချိန်မျိုးမှာ ကြက်ဥများ မရှိပါ။ ထို့ကြောင့် သက်သတ်လွတ် ဖက်ထုပ်များကို လုပ်မရပါ။
ဝမ့်ရင်းက ကြိုးစားကြည့်ဖို့ စိတ်အားထက်သန်နေသည်။ “ ကျွန်မ ငါးချဥ်ရော လုပ်လို့ရလား။”
အမျိုးသမီးကြီးရှု - “ငါးချဥ်လား။ အစာသွပ်ဖို့ ငါးချဥ်ကိုရော သုံးလို့ရတာလား။”
ဝမ့်ရင်းက တက်တက်ကြွကြွနှင့် ခေါင်းငြိမ့်ပြခဲ့သည်။ “ငါးချဥ်နဲ့လုပ်တဲ့ ဖက်ထုပ်တွေက အရမ်း အရသာရှိတယ်။”
ဝမ့်ရင်းသည် သူမ အရင်ဘဝက စားခဲ့ရသော ငါးချဥ်ဖြင့်လုပ်ထားသည့် ပေါက်စီကို တွေးလိုက်ရုံဖြင့် သားရည်များ ကျလာခဲ့သည်။
“အဲ့ထဲမှာ ငရုတ်သီးလေး နည်းနည်းလောက် ထည့်လိုက်ရင် ပိုတောင် စားကောင်းသေးတယ်။ ချဥ်စပ် အရသာလေးနဲ့။”
ရှုရွှမ်းသည် ဝမ့်ရင်းရဲ့ အကြံဉာဏ်ကို ပြန်မပြောခဲ့ပါ။ သူက ခေါင်းကိုစောင်းကာ ခနလောက် တွေးပြီးနောက် သဘောတူခဲ့သည်။ “ကောင်းပြီလေ။ ဒါဆို ကိုယ်က ဝက်သားနဲ့ ဂေါ်ဖီရယ်၊ ငါးချဥ်ရယ်နဲ့ လုပ်လိုက်မယ်။”
ဝမ့်ရင်းသည် ဝက်သားနှင့် မုန်လာဥ အစာသွပ်ထားတာကို မကြိုက်ပါ။ ထို့ကြောင့် သူမက ဝက်သားကို ဂေါ်ဖီနှင့်ထုတ်ကာ ငါးကို ဂေါ်ဖီချဥ်နှင့် ချက်ခဲ့သည်။
အမျိုးသမီးကြီးရှုသည် ဘေးနားမှာ လူငယ်တွေက ဝေလေလေ လုပ်နေသည်ကို မြင်သည့်အခါ သူမက လုံးဝ သတိမထားမိပါ။ သူမသည် အတော်လေးကို စိတ်ဝင်စားနေခဲ့သည်။ “ဒီလို အစာသွပ်တာမျိုး ငါတစ်ခါမှ မစားဖူးဘူး။ ပိုပြီးတော့ ပြင်ရအောင်။ နောက်ပိုင်း ပေါက်စီ လုပ်စားကြည့်ဖို့ အစာပလာလေးတွေ နည်းနည်းလောက် ချန်ထား။”
ဝမ့်ရင်းက နှစ်သစ်ကူးပွဲအတွက် ညစာ ပြင်နေခဲ့သည်။ အမျိုးသမီးကြီး ရှုရော၊ ဝမ့်ရင်းရောက အချောင်ခိုမနေခဲ့ပါ။ သူတို့က စကားပြောရင်း ကူညီခဲ့ကြသည်။
ဝမ့်ရင်းရဲ့ ဟင်းချက်စွမ်းရည်ကို အမျိုးသမီးကြီးရှုအား မပြရသေးသော်လည်း ရှုရွှမ်းမှာ ထိုကိစ္စနှင့် ပတ်သက်ပြီး အကြံများ ရှိနေခဲ့သည်။ အရင်က ဝမ့်ရင်းတစ်ယောက်တည်း နေစဥ်အခါက သူမသည် အိမ်ချက်စားစရာများ ဝယ်တာထက် နှပ်ထားသော စားစရာများကို ပိုဝယ်လေ့ ရှိသည်။ ဒါဟာ သူမရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကြီး မကောင်းတာကို ပြနေခဲ့သည်။
ထို့ကြောင့် ဝမ့်ရင်း တာဝန်ကျသော အလုပ်မှာ ကြက်သွန်ဖြူနှင့် မြေပဲများကို အခွံခွာရန် ဖြစ်သည်။
အမျိုးသမီးကြီး မစ္စရှုက သန်မာပြီး ဂျုံနယ်တာကိုတောင် ကူညီပေးနိုင်သည်။
သူတို့သုံးယောက်က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြသည်။ ရှုရွှမ်းက ငါးအရိုးကို ဖယ်ကာ အသားများကို လှီးနေခဲ့သည်။ သူက အရသာမှုန့်များဖြင့် ကျန်အသားများကို နှပ်ထားကာ ရေနွေးဆူဆူထဲသို့ ဂေါ်ဖီချဥ်၊ ငရုတ်သီးနှင့် ငါးအသားများကို ထည့်ကာ ပြုတ်လိုက်သည်။ နောက်ဆုံးမှာတော့ ချဥ်စပ် အရသာများကို ထည့်ပြီးနောက် အဖြူရောင် ငါးအတုံးများဟာ ပေါ်လာခဲ့သည်။
အထုပ်ထဲတွင် ယွမ်ပေါင် ဖက်ထုပ်များစွာ ရှိနေခဲ့သည်။ လမ်းတစ်ဝက်မှာ မစ္စရှုက သူမရဲ့ နဖူးကိုရိုက်ကာ ပြောလိုက်သည်။ “ငါအထဲမှာ ဒင်္ဂါးပြားအချို့ ထည့်ဖို့ကို မေ့သွားတယ်ဟာ။”
အမျိုးသမီးကြီး မစ္စရှုက သုံးဆင့်ကို ယူလိုက်ပြီး ပိုက်ဆံကိုဆေးကာ ရေနွေးကို တည်ပြီး ဖက်ထုပ်များကို ထုပ်ကာ တည်လိုက်သည်။
“ ဒီနှစ် ပိုက်ဆံပါတဲ့ ဖက်ထုပ်ကို ဘယ်သူက စားမိမလဲဆိုတာ ကြည့်ကြသေးတာပေါ့။ အဲ့လိုဆိုရင် ငါတို့က နောက်နှစ် တစ်နှစ်လုံး လိုတာထက် ပိုပြီးတော့တောင် ရဦးမှာ။”
ဝမ့်ရင်းက သူမရဲ့အားတွေကို စုကာ သူမရဲ့ ပုံစံကို သတိရချင်နေသလို ဖက်ထုပ်များကို စူးစူးစိုက်စိုက် ငေးကြည့်နေခဲ့သည်။
ရှုရွှမ်းက ထိုမြင်ကွင်းကို မြင်သည့်အခါ ရယ်ချင်တာကို ဘယ်လိုမှ မထိန်းနိုင်တော့ပါ။
ဝမ့်ရင်းက တကယ်ကို ပိုက်ဆံရှာချင်ခဲ့သည်။ သူမသည် ဒီအချိန်အတွင်း အိမ်မှာ ပိုက်ဆံတွေ အများကြီး မသုံးခဲ့ပါ။ သို့သော် နှစ်သစ်ကူး ရောက်သည့်အခါ ကျန်ကျသည်မှာ အဝတ် အပါးလေးတွေအတွက်သာ ရှိသည်။ သူမက ပိုက်ဆံမကုန်ချင်ပါ။ သူမရဲ့ လက်ထဲက ယွမ်သုံးရာကျော်ကို ဘယ်လိုများ သုံးနိုင်မှာလဲ။
သူမက ပိုက်ဆံစုဖို့ နည်းလမ်းတစ်ခုကို ရှာနေဆဲ ဖြစ်သည်။
ညနေခင်းပိုင်းသို့ ရောက်လာသည့်အခါ တစ်ယောက်ယောက်က တံခါးကို ထပ်ပြီး လာခေါက်ခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုက တံခါးခေါက်သံကို ကြားသည့်အခါ စိုးရွံ့သွားခဲ့သည်။
အရင်တစ်ခေါက် သူတို့တွေ ဟော့ပေါ့စားဖို့ ပြင်နေတုန်း တစ်ယောက်ယောက်က ရောက်လာပြီး နှောက်ယှက်တော့ သူတို့တွေ မစားလိုက်ရပေ။
အရင်ခေါက် နှစ်သစ်ကူးပွဲမှာ တစ်ယောက်ယောက် ရောက်လာပြီး ဝမ့်ရင်းက တစ်ညလုံး အဲ့မှာပဲ နေလိုက်ရတယ်။
ဒီနှစ်သစ်ကူး ညစာစားပွဲမှာလည်း ဝမ့်ရင်းက ထပ်မရှိနိုင်ဘူး။
ဝမ့်ရင်းက စိုးရိမ်နေသော မျက်နှာဖြင့် တံခါးဖွင့်ဖို့ သွားသည့်အခါ သူမက တယာကို မြင်သည့်အခါ ရုတ်တရက် လန့်သွားခဲ့သည်။
“ဘာလို့လဲ။ ညီမ အမေ နေလို့ မကောင်းလို့လား။”
ဒါက မဟုတ်သေးဘူးဟု ဝမ့်ရင်းက တွေးလိုက်သည်။ သူမသည် မနေ့ကလေးတင် ချမ့်ကျွီဟွာနှင့် သူမရဲ့သမီးကို သွားတွေ့ခဲ့ပြီး သူတို့အတွက် ဆေးများ ညွှန်ကြားပေးခဲ့သည်။ အခုချိန်မှ တစ်ခုခု ထပ်ဖြစ်တာ မဖြစ်နိုင်ပါဘူး။
သူမရဲ့ ယောက္ခမက ဒါကို အခွင့်ကောင်းယူပြီး နှစ်သစ်ကူး ညစာစားပွဲမှာ ထပ်ပြီး ပြဿနာ ရှာနိုင်ဦးမလား။
တယာက ခေါင်းခါပြလိုက်ပြီး သူမရဲ့ မျက်နှာလေးပေါ်မှာ ရှားပါးသည့် ပြုံးရိပ်လေး သမ်းနေခဲ့သည်။
“အမေရော၊ ညီမလေးတွေရောက အဆင်ပြေပါတယ်။ သူတို့က သမီးကို အစ်မအတွက် စားစရာတွေ ယူသွားဖို့ ပြောလို့ပါ။ ကျေးဇူးတင်ပါတယ်နော် အစ်မ။”
ဝမ့်ရင်းက ချက်ချင်း စိတ်သက်သာရာ ရသွားကာ ကလေးမလေးရဲ့ခေါင်းကို ပုတ်လိုက်သည်။ “အစ်မက စားဖို့တွေ ရှိပါတယ်။ ညီမလေးပဲ ပြန်ယူသွားလိုက်ပါနော်။”
ဒီမိသားစုထဲမှာက အငယ်လေးအပါအဝင် နေမကောင်းတဲ့သူတွေ အများကြီးပဲ။ အဲ့တော့ တစ်ခြားသူဆီက စားစရာကို လက်ခံဖို့က အဆင်မပြေဘူးဟု ခံစားခဲ့ရသည်။
သို့သော် တယာက သူမရဲ့နှုတ်ခမ်းကို ကိုက်ပြီး ဘာတစ်ခုမှ မပြောခဲ့ဘဲ အိတ်ကိုချကာ ပြေးထွက်သွားခဲ့သည်။ အဲ့ဒါကြောင့် ဝမ့်ရင်းက သူမကို မဖမ်းနိုင်ဘူးဟု ခံစားခဲ့ရသည်။
သူမက အနောက်ကနေ “ဖြေးဖြေး ပြေးပါ”ဟုသာ နှစ်ခါပြန် အော်ခဲ့သည်။
သူမက အိတ်ကို မီးဖိုချောင်ထဲသို့ ယူသွားကာ သူမ အဆင်ပြေသည်ကို အမျိုးသမီးကြီးရှုက စိတ်သက်သာရာ ရသွားခဲ့သည်။ သူမက အခုလေးတင် တယာရဲ့အသံကို ကြားလိုက်ရတော့ ထိတ်လန့်သွားသည်မှာ ပြဿနာဖြစ်မှာကို စိုးရိမ်လို့မဟုတ်ဘဲ ချမ့်ကျွီဟွာနှင့် သူမရဲ့ သမီးတွေက တကယ်ကို သနားဖို့ကောင်းသည့်အတွက်ကြောင့် ဖြစ်သည်။
သို့သော် မစ္စရှုသည် သူမရဲ့ ချွေးမအတွက်လည်း စိတ်မကောင်းဖြစ်နေခဲ့သည်။
ဒါက ခရီးအရှည်ကြီးပဲ။ ဒါကို သူက ဘယ်လိုလုပ် ရှင်သန်နိုင်တော့မှာလဲ။
မစ္စရှုသည် ခနကြာပြီးနောက် အဖွဲ့မှူးအား မေးရမည်ကို တွေးနေခဲ့သည်။ ထို့နောက် သူမက အမျိုးသမီးခေါင်းဆောင်ကို မြန်မြန် သွားရှာခဲ့သည်။ အကြောင်းမှာ ဒီကိစ္စကို အမျိုးသမီးခေါင်းဆောင်က ဖြေရှင်းသင့်တာ သိသာနေခြင်းကြောင့် ဖြစ်သည်။
ဝမ့်ရင်းက စက္ကူထုပ်ကို ရှုရွှမ်းအား လက်ကမ်းပေးခဲ့သည်။ ရှုရွှမ်းက ထိုအထုပ်ကို ယူလိုက်သည့်အခါ အထဲမှာ ကြကခြေထောက် အစိမ်းတစ်ချောင်းကို တွေ့ခဲ့သည်။
လက်ဆောင်က အတော်လေး လေးနေသည့်အတွက် အနည်းငယ် ထူးဆန်းနေသည်ဟု ဝမ့်ရင်းက ထင်နေခဲ့သည်။
အမျိုးသမီးကြီးရှုသည် ထိုလက်ဆောင်ကို ဘာမှမပူဘဲ ယူလိုက်ဖို့ ဝမ့်ရင်းအား ပြောခဲ့သည်။ “ကျွီဟွာက စိတ်ဆန္ဒ ပြင်းထန်တဲ့ သူမျိုးပဲ။ ဒါပေမယ့် သူက အတွေးတော့ မတိမ်ပါဘူး။ သူမွေးထားတဲ့ ကြက်နှစ်ကောင်က အဲ့မှာရှိနေတော့ မိသားစု ကွဲသွားတဲ့အချိန်ကျရင် အဲ့ကြက်တွေကို ဘယ်သူက ယူမလဲဆိုပြီး ရန်ဖြစ်နေကြမှာ သေချာတယ်။ မိသားစု မပြိုကွဲခင်ကတည်းက သူလည်း ကြက်သားကို အရင်ဆုံး စားရင် စားထားမှာပေါ့။”
ဒါက ဟုတ်သားပဲဟု တွေးကာ ဝမ့်ရင်းက နဖူးကို ရိုက်လိုက်သည်။
ချမ့်ကျွီဟွာမှာ ကြက်နှစ်ကောင် ရှိတယ်မလား။
သူမက ကျန်းမာရေး မကောင်းပေမယ့် ကြက်တွေကို ဥဥဖို့ ထားထားတာက အကောင်းဆုံးပဲ။ ဒါပေမယ့် မိသားစုတွေ ကွဲသွားတဲ့အချိန်မှာ ကြက်ဥအတွက် ကြက်ကို ယူဖို့ ရန်မဖြစ်နိုင်ခဲ့ရင် အခုချိန် အဲ့ကြက်တွေကို သတ်လိုက်တာက အကောင်းဆုံးပဲ။ ပြီးရင် အသားကို စားလိုက်။ အဲ့လိုဆို နွေရာသီကျရင် ကြက်ပေါက်လေးတွေကို သားဖောက်ပြီး မွေးဖို့ သူမအတွက် အကူအညီ ရလိမ့်မယ်။
ဝမ့်ရင်းက ကြက်ခြေထောက်ကြီးကို ကြည့်လိုက်ပြီး ကြက်ပေါင်းလုပ်စားဖို့ စနွေးလိုက်သည်။
အစတုန်းက အိမ်မှာကျန်သေးသော ကြက်တစ်ဝက်ကို ကြက်ကြော်အစပ် လုပ်စားဖို့ရန် ရှုရွှမ်းအား ထိုအကြော်အတွက် ငရုတ်သီးအချို့ကို တစ်ယောက်ယောက်နှင့် သွားလဲဖို့ရန် ပြောခဲ့သည်။
အခုဆိုရင် ဒီမှာ ကြက်ခြေထောက်ကြီး တစ်ချောင်း ရှိနေပြီ ဖြစ်သည့်အတွက် ဝမ့်ရင်းက သူမရဲ့အတိတ်ဘဝတွင် စားခဲ့ရသော အစားအစာကို စပြီး သတိရသွားခဲ့သည်။
ရှုရွှမ်းသည် ပြောသမျှ အားလုံးကို နားထောင်ကာ မတုံ့မဆိုင်းဘဲ သဘောတူခဲ့သည်။ “ကောင်းပြီလေ။ ဒီညတော့ ဟင်းပွဲတွေ အများကြီးပဲ ဖြစ်နေပြီ။ အဲ့တော့ ဒါကို မနက်ဖြန်မှ လုပ်စားကြမလား။”
ဝမ့်ရင်းက သဘောတူကာ ခေါင်းငြိမ့်ပြခဲ့သည်။ ဒီနေ့ညရဲ့ အဓိကဟင်းက ဖက်ထုပ်ဆိုပေမယ့် ကြက်ပေါင်းကို ဖက်ထုပ်နဲ့ တွဲစားလို့ မရဘူး။ ကြက်ပေါင်းကို ထမင်းနဲ့ပဲ တွဲစားသင့်တာ။
မနက်ဖြန် စားမယ့်ဟာနဲ့ဆို ကွက်တိပဲ။
အလုပ်သည့် တစ်ရက်တာ ပြီးသွားပြီးနောက် ရှုရွှမ်းက ငရုတ်သီးအစပ်နှင့် ကြော်ထားသော ကြက်သားအပါအဝင် ဟင်းပွဲများကို တစ်ပန်းကန်ချင်း စားပွဲခုံပေါ် ပြင်ဆင် ခင်းကျင်းနေခဲ့သည်။ ကြက်သားကြော်ပေါ်မှာ ငရုတ်သီးမှုန့်များ ဖြူးထားခဲ့သည်။ ကြက်သားတုံးတွေက ငရုတ်သီးအစပ် အနံ့၊ အရသာနှင့် ဖုံးနေခဲ့သည်။
ယုန်သားကိုလည်း မွမွလေးဖြစ်အောင် ကြော်ထားခဲ့သည်။ လေခြောက်ခံထားသော ယုန်သားကို အမျှင်လေးတွေဖြစ်အောင် ခွာလို့ရပြီး အာလူးနှင့် ရောကြော်ထားခဲ့သည်။ အမြှီးကို ချက်ထားသော ငါးချိုချဥ်ဟင်းလည်း ရှိသည်။ ရှုရွှမ်းက အဆူးရှိသော နှင်းဆီတစ်ပွင့်ကို တွေ့သောကြောင့် ငါးရဲ့ ပါးစပ်ထဲကို ထည့်လိုက်သည်မှာ အတော်လေး ကြည်နူးဖို့ကောင်းသည်။
ဖက်ထုပ်လုပ်ပြီး ကျန်ခဲ့သော ဝက်သားများ ရှိနေသည့်အတွက် ရှုရွှမ်းက ဝက်သားနှပ် ချက်လိုက်သည်။ သူက ဖက်ထုပ်ထဲသို့ ရေမထည့်ဘဲ အိမ်တွင် ကျန်သေးသော ဆန်အရက် အားလုံးကို ထည့်လိုက်ပြီး ဝက်ရဲ့အခေါက်က ကြွတ်ရွပြီး အသားက နူးလာသည်အထိ ချက်လိုက်သည်။
ထိုဟင်းပွဲ အနည်းငယ်အပြင် ရှုရွှမ်းက သက်သတ်လွတ် ဟင်းအချို့ကိုလည်း ထပ်လုပ်ခဲ့သည်။ ထိုနေ့တွင် အသားဟင်း လေးပွဲ၊ သက်သတ်လွတ်ဟင်း လေးပွဲ၊ စုစုပေါင်း ရှစ်ပွဲ ချက်ပြုတ်ခဲ့သည်။
သူတို့သုံးယောက်က စားပွဲခုံတွင် ထိုင်လိုက်သည့်အခါ အပြည့်ဖြစ်နေသော စားပွဲကြီးက သူတို့ကို ပျော်ရွှင်စေသည်။
အမျိုးသမီးကြီး မစ္စရှုက သူမကိုယ်သူမအတွက် ဆန်အရက်ကိုငှဲ့ကာ ဝမ့်ရင်းအား မင်္ဂလာရှိသော စကားအနည်းငယ်ကို ပြောခဲ့သည်။ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ကလည်း အမျိုးသမီးကြီး မစ္စရှုအား စကားအနည်းငယ် ပြန်ပြောခဲ့သည်။ ထိုအိမ်မှာ လူနည်းနည်းသာ ရှိသော်လည်း အိမ်ရဲ့ အနေအထားက ပျော်စရာကောင်းပြီး အသက်ဝင်နေခဲ့သည်။
စားသောက်ပွဲကြီး စလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ့်ရင်းက ဝက်သားတစ်တုံးကိုယူပြီး စားလိုက်သည့်အခါ မျက်ရည်ဝဲလုနီးပါး ဖြစ်သွားခဲ့သည်။ ဒါက အရသာရှိလိုက်တာ။
သူမက ချိုတဲ့အရသာကို ကြိုက်သည့်အတွက် ရှုရွှမ်းက သကြားပိုထည့်ပေးခဲ့သည်။ ဝက်သားဟင်းက အတော်လေး အရသာရှိကာ ဝက်ရဲ့အဆီက ပါးစပ်ထဲတွင် ပျော်သွားမလို ဖြစ်နေကာ ဟင်းအနှစ်ကလည်း ပျစ်နှစ်နေခဲ့သည်။
ငါးချိုချဥ်ဟင်းကို နောက်ထပ်တစ်လုပ် ထပ်စားလိုက်သည်။ ငါးအသားကို ရေခဲရိုက်ထားသော်လည်း ထိုငါးအသားက လက်ဆက်ပြီး ချိုချို၊ ချဥ်ချဥ်လေးနှင့် အရသာ ရှိနေဆဲ ဖြစ်သည်။
ကြက်သားအစပ်ကြော်ကလည်း အရမ်း စပ်ပြီး ကြက်သားက ကြော်ပြီးနောက်မှာ မွှေးကြိုင်ပြီး ကြွတ်ရွနေခဲ့သည်။
ဝမ့်ရင်းအစားချင်ဆုံး ငါးချဥ်ဖက်ထုပ်ကလည်း သူမကို စိတ်မပျက်စေခဲ့ပါ။ ချဥ်တဲ့ အရသာလေးအပြင် အနည်းငယ် စပ်ပြီး ဂေါ်ဖီချဥ်ရဲ့ အရသာသည် ပါးစပ်ရှိ အရသာဖုများကိုတောင် လှုံ့ဆော့နိုင်သည်။ နူးည့အိသက်သည့် ငါးအသားလေးက ဂေါ်ဖီချဥ်ရဲ့ အချဥ်အရသာနှင့် ရောစပ်သွားတာက “လက်ဆက်တယ်”ဆိုတဲ့ စကားလုံးကို ပိုပြီး ထင်ဟပ်စေသည်။
မစ္စရှုက အရမ်း အံ့ဩသွားခဲ့ရသည်။ “ဒီဖက်ထုပ်က အရသာရှိလိုက်တာ။”
သူ့ရဲ့အရသာက လုံးဝ မဆိုးနေဘဲ ဂေါ်ဖီချဥ်က အရမ်းက မွှေးပြီး ငါးကိုလည်း နူးညံ့စေသည်။
ဝမ့်ရင်းက စားနေရင်း သူမရဲ့ သွားကို နာအောင် ဖြစ်သွားစေသည့် ဖက်ထုပ်ထဲမှ အရာလေးကို ထုတ်ကာ ငိုလိုက်သည်။
ပန်းကန်ထဲတွင် တောက်ပြောင်နေသော ကျပ်စေ့လေးက ပေါ်လာခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုက ပြုံးပြီး ပြောခဲ့သည်။ “ကြည့်ရတာ နောက်နှစ်ကျရင် မိန်းကလေးရင်းက ချမ်းသာလာတော့မယ့်ပုံပဲ။”
သူမက စကားပြောနေရင်း ဝမ့်ရင်းက အော်လိုက်ကာ ပန်းကန်ထဲတွင် ကျပ်စေ့တစ်စေ့ ပေါ်လာခဲ့သည်။
ဝမ့်ရင်းက ပြုံးပြီး ပြောလိုက်သည်။ “အဲဲ့ဒါကို အတူတူ သွားပို့ကြတာပေါ့။”
ထိုထဲတွင် တစ်ခုသာ ကျန်တော့သည်။ သူတို့ နှစ်ယောက်သည် ရှုရွှမ်းရဲ့ ပန်းကန်ထဲက ဖက်ထုပ်များကို စိုက်ကြည့်နေခဲ့သည်။ ရှုရွှမ်းသည် ပန်းကန်ထဲက ဖက်ထုပ်တစ်ခုကို ဖြည်းဖြည်းနှင့် သေသေချာချာ ယူလိုက်သည်။ “ရော့၊ ဒီမှာ။”
ဝမ့်ရင်းက ထိုအရာကို မယုံခဲ့ပါ။”ရှင် အဲ့ဒါကို မစားဘူးပေါ့။”
ရှုရွှမ်းက ဖက်ထုပ်များကို သူမကို ကျွေးလိုက်သည်။ “အဲဲဒါကို မင်း ကိုယ့်အတွက် စားပေး။”
ဝမ့်ရင်းက အဲ့ဒါကို ခနခန ဖယ်ထုတ်ခဲ့ပေမယ့် မရခဲ့ပါ။ ထို့ကြောင့် သူမက အဲ့ဒါကို ကိုယ့်ဘာသာ ကိုက်လိုက်သည့်အခါ နောက်ထပ် တစ်ခုကို တွေ့ခဲ့သည်။
အမျိုးသမီးကြီး မစ္စရှု - “ဟုတ်ပြီ၊ ဟုတ်ပြီ။ အဲ့ဒါတွေ အကုန်လုံး ငါ နင့်ကို ပေးမယ်။”
ငါ့သားရော၊ ငါ့ချွေးမရောက အတူတူပါပဲ။ ဘယ်သူပဲ ချမ်းသာ ချမ်းသာ ဒါက ကောင်းတာပဲလေ။
စားပြီးသောက်ပြီးနောက် ဝက်သားနှင့် ဂေါ်ဖီချဥ်ဖြင့် လုပ်ထားသော ဖက်ထုပ်များကို စားလိုက်သော်ကြသော်လည်း အိုးထဲတွင် ဝက်သားဖက်ထုပ်များကတော့ ကျန်နေဆဲ ဖြစ်သည်။
ရှုရွှမ်းက ဝက်ဖက်ထုပ်များကို ဂျုံမှုန့်ဖြင့် အုပ်လိုက်သည်။ “ ဒီမှာ မနက်ဖြန်မနက် မီးရှူးမီးပန်းတွေ ဖောက်ပြီးသွားရင်တောင် ဒါတွေက စားလို့ရတယ်။”
ဝမ့်ရင်းက ဗိုက်ပြည့်နေကာ သူမရဲ့ အာရုံကို လွှဲလိုက်သည်။ “အမြှောက်တွေလား။”
ရှုရွှမ်း - “နှစ်သစ်ကူးရဲ့ လူနာ ပထမဆုံးနေ့ရဲ့ မနက်ပိုင်းမှာဆို ကိုယ်တို့က ရွာအဝင်မှာ ဗျောက်အိုးတွေ ထားထားကြတယ်။ ကိုယ်တို့ရွာက လူတွေကတော့ အဲ့ဒါတွေကို ဗျောက်အိုးလို့ ခေါ်ကြတာပဲ။”
ကောရှန်းရွာတွင် နှင်းဖုံးနေသော တောင်များစွာ ရှိနေခဲ့သည့်အတွက် ဗျောက်အိုးများ တပ်ဆင်ရတာက အရမ်းကြီး စိတ်ကူးထားသလို လုပ်လို့ မရပါ။ အထူးသဖြင့် ထျန်းယိုဖု လာကြည့်ပြီးနောက် တပ်မဟာသည် နှစ်သစ်ကူးရဲ့ ပထမဆုံး နေ့မှာတင် ဗျောက်အိုး ဖောက်ရမည်ဟု ချက်ချင်း ညွှန်ကြားခဲ့သည်။ ဒါက တပ်မဟာ တစ်ခုလုံး ဗျောက်အိုးဖောက်ဖို့ သတ်မှတ်ထားသည့်အတွက် အခြားသော မိသားစုများက သူတို့ရဲ့ မီးရှူးမီးပန်းများကို မဖောက်တာက ပိုကောင်းလိမ့်မည် ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ အိမ်ထောင်စုတိုင်းက ပိုက်ဆံလိုကြသည့်အတွက် သူတို့က ဒီလို အကျိုးအမြတ် ဝေမျှရတာကို ကြိုက်ကြသည်။ တကယ်လို့ သူတို့သာ အဲ့ဒါကို ရွာရဲ့ အဝင်ဝမှာ ထားခဲ့ပါက ဒါဟာ တစ်ရွာလုံးရဲ့ အပိုင်သာ ဖြစ်သွားလိမ့်မည်။ နောက်နှစ်ကျရင် လူတိုင်း ချမ်းသာ ကြွယ်ဝကြလိမ့်မယ်။ ပြီးရင် သူတို့က နှစ်တိုင်း အဲ့ဒါတွေဝယ်ဖို့ ယွမ်တွေအများကြီး မသုံးရတော့ဘူး။
ရှုရွှမ်း - “ကိုယ်တို့တွေ မနက်ဖြန် မနက်ကျရင် စောစောထပြီး ဖက်ထုပ်တွေ စားကြမယ်။ ပြီးရင် နေ့လည်ကျမှ ကြက်သားကို နှပ်စားကြမယ်။
သူမ စားပြီးနောက် အမျိုးသမီးကြီးရှုသည် နောက်နေ့ မနက်မှ ချက်မည့် ဖက်ထုပ် အစိမ်းများကို ယူကာ ထွက်သွားခဲ့သည်။ သူမသည် ငါးနှင့် ဂေါ်ဖီချဥ်ကို အစာသွပ်ထားသော ပေါက်စီကိုပါ ယူသွားခဲ့သည်။
ဝမ့်ရင်း - “အမေက အသက်ကြီးနေပြီ။ သူက လေးလေးပင်ပင်ရှိတဲ့ အစားအစာတွေ စားရတာကို ကြိုက်မှာ သေချာတယ်။ နှစ်သစ်ကူး ပြီးသွားရင် ကျွန်မတို့ တောင်ပေါ်တက်ပြီး ငါးသွားဖမ်းရအောင်။ ပြီးရင် အဲ့ဒါတွေကို ပြန်ယူလာပြီး ငါးချဥ်သိပ်ကြမယ်။”
ရှုရွှမ်းက သဘောတူစွာ ခေါင်းငြိမ့်ခဲ့သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၈၀
သူတို့နှစ်ယောက်လုံးသည် သူတို့ရဲ့ ပစ္စည်းများကို ထုပ်ပိုးပြီးနောက် ဝမ့်ရင်းက တံခါးကို လုံခြုံစွာ ပိတ်လိုက်ပြီး မူလပိုင်ရှင်ရဲ့ မိဘများပုံကို ထုတ်လိုက်သည်။ အဲ့ချိန်တုန်းက ဓာတ်ပုံများသည် သေးပြီး ငါးလက်မ၊ ခုနစ်လက်မလောက်တောင် မရှိပါ။ အဖွဲ့လိုက် ဓာတ်ပုံများကတောင် အများဆုံး နှစ်လက်မ ပတ်လည်သာ ရှိသည်။
ဝမ့်ရင်းသည် မူလပိုင်ရှင်ရဲ့ မိဘများ၏ ဓာတ်ပုံကို ထုတ်လိုက်ပြီး မူလပိုင်ရှင် ငယ်ငယ်တုန်းက သူမရဲ့အမေနှင့် ရိုက်ထားသည့်ပုံကို တိတ်တိတ်လေး မှတ်တမ်းတင်ထားခဲ့သည်။
သူမကို ပေးလိုက်သော ဝက်ခေါင်းကို စားပွဲခုံပေါ်မှာ တင်ထားလိုက်ပြီးနောက် ကူရှင်တစ်ခုကို ယူကာ ဒူးထောက်လိုက်သည်။
သူမသည် မူလပိုင်ရှင်နှင့် သူမရဲ့အမေအတွက် စိတ်ထဲကပါပါ ဆုတောင်းပေးခဲ့ပြီး ခနလောက် ရိုရိုသေသေ ဒူးထောက်ခဲ့သည်။ ဝမ့်ရင်းက မက်တပ်ထရပ်သည့်အခါ ရှုရွှမ်းက ဒူးထောက်ထားခဲ့သည်။
ရှုရွှမ်းက ဘာတစ်ခွန်းမှ မပြောသော်လည်း သူက မျက်လုံးများကိုမှိတ်ကာ နှစ်ကြိမ် ဦးချခဲ့သည်။
ဦးချကာ အမွှေးတိုင်များ ထွန်းပြီးသည့်နောက် ဝမ့်ရင်း ပြုလုပ်ထားသည့် ဓာတ်ပုံများကို ဖြုတ်လိုက်ပြီး အစအနများ အားလုံးကို သန့်ရှင်းရေး လုပ်ခဲ့သည်။
ပုံမှန်ဆိုရင် ဒီလိုအချိန်မှာ ဒါမျိုးက ခွင့်မပြုထားပါ။ အကြောင်းမှာ ဒါတွေက ရှေးအယူသီးခြင်းမျိုး ဖြစ်သည့်အတွက် အရင်ဆုံး ဝမ့်ရင်းက ဝက်ခေါင်းကို ယူလာသည့်အခါ သူမက စားဖို့သောက်ဖို့ ပြင်ဆင်ရန် ယူလာတယ်ဟုသာ ပြောခဲ့ရသည်။ ထို့အပြင် သူမသည် ဒါက ယစ်ပူဇော်ဖို့ဟုလည်း မပြောရဲခဲ့ပါ။
ဝမ့်ရင်းက စားသောက်ပွဲမှာ ဆန်အရက်ကိုသာ သောက်ခဲ့သည်။ အရိုအသေ ပေးပြီးနောက် သူမသည် ဝိုင်ရဲ့ အကျိုးဆက်များကို စပြီး ခံစားလာရကာ ရီဝေဝေ ဖြစ်လာခဲ့သည်။
ရှုရွှမ်းက အဆင်ပြေသည်။ သူက ဝမ့်ရင်းရဲ့ ဖက်ထားပြီး အဝတ်အစားများ လဲပေးကာ ခြေထောက် ဆေးပေးခဲ့သည်။ ပြတင်းပေါက် အပြင်ဘက်မှာလည်း နှင်းများ သည်းသည်းမဲမဲ ထပ်ကျနေခဲ့သည်။ သူတို့နှစ်ယောက်က စောင်တစ်ထည်တည်းအောက်မှာ အိပ်ရာကို အစောကြီး ဝင်သွားကြသည်။
ချမ့်ကျွီဟွာတို့ မိသားစုက နှစ်သစ်ကူး ညစာကို နောက်ကျမှ စားခဲ့သည်။ ဒါဟာ ချမ့်ကျွီဟွာရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းပြီး အစားအသောက်များက အရမ်း အရသာ ရှိနေတာကြောင့် မဟုတ်ပါ။ သို့သော် သူမရဲ့ ခြေထောက်များက အပြည့်အဝ ပြန်မကောင်းသေးသည့်အတွက် အိပ်ရာထဲမှ ထဖို့ ခက်ခဲနေခဲ့သည်။
ချမ့်ကျွီဟွာက ကြက်တစ်ကောင်ကို သတ်ဖို့ သူမကိုယ်သူမ တွန်းအားပေးခဲ့သည်။ သူမက ကြက်ကိုတောင် အနိုင်နိုင် ကိုင်တွယ်ခဲ့ရသည်။ တယာက ကြက်ကို ယူသွားပြီး ကြက်မွှေးများကို ဖယ်ရန်အတွက် သူမညီမနှင့် အတူတူ ရေနွေးအိုးကို ကြိုခဲ့သည်။
ချမ့်ကျွီဟွာက ထိုင်ခုံလေး တစ်ခုံကို ယူလာခဲ့ပြီး ဖက်ထုပ်များ ပြုလုပ်ဖို့အတွက် အိမ်ဘေးမှာ ထိုင်ခဲ့သည်။ အိမ်မှာ ဝက်သားက မကျန်တော့သည့်အတွက် ဖက်ထုပ်ကို ဝက်သားနှင့် လုပ်လို့မရပါ။ အရင်ဝေတုန်းက ရခဲ့သည် ဝက်သားလေးကလည်း သူမရဲ့ ယောက္ခမ ယူသွားတာ ကြာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ချမ့်ကျွီဟွာက အစာသွပ်ဖို့အတွက် အာလူးနှင့် ကြက်ဥကိုသာ ပုံမှန်အတိုင်း သုံးခဲ့သည်။ ထို့နောက် သူမက အားလူးနှင့် တစ်ပန်းကန်၊ ကြက်ဥနှင့် တစ်ပန်းကန် ဖက်ထုပ်များကို ပြုလုပ်ခဲ့သည်။
အခုဆိုရင် ချမ့်ကျွီဟွာက အနည်းငယ် ထင်ရာစိုင်းလာခဲ့သည်။ ဒီလို ဆိုးရွားလှတဲ့ ဘဝကြီးက ဘယ်အချိန်မှ အဆုံးသတ်မလဲ ဆိုတာကို မသိရသည့်အတွက် သူမသည် တစ်ဘဝမှာ တစ်ခါသာ နေရမည် ဖြစ်သည်။
သူမသည် သူမရဲ့အိမ် အနောက်ဘက်ရှိ ကြက်ဖကို ရက်ရက်စက်စက် သတ်ခဲ့ပြီး ကြက်မကိုတော့ ချန်ထားခဲ့သည်။
သို့သော် သူမသည် ကြက်မကို အကြာကြီး ထားထားဖို့တော့ အစီအစဥ် မရှိဘဲ လူနာ နှစ်သစ်ကူးပွဲရဲ့ ငါးရက်မြောက်နေ့မှာ သတ်ဖို့အတွက် စီစဥ်ထားခဲ့သည်။ သူမသည် ရှေ့နှစ်ရက်ထဲက အနည်းငယ် စားဝင်သည်ကို ခံစားမိခဲ့သည်။ ထို့အပြင် အဲ့ဒါက သူမကို နို့ပိုထွက်စေသည်။ နှစ်ရက်၊ သုံးရက်တည်းနှင့် အိမ်က မွေးကင်းစ ကလေးလေးသည် သိသိသာသာကို အဆူညံနေတော့ပါ။
လွန်ခဲ့သော ရက်အနည်းငယ်တုန်းက ကလေးလေးသည် တစ်ချိန်လုံး ငိုနေခဲ့ကာ သူ့ရဲ့ အသံကလည်း အားနည်းပြီး အကြာကြီး အသက်ရှင်မည့် ပုံစံမျိုး မပေါ်နေခဲ့ပါ။
ချမ့်ကျွီဟွာသည် သူမ အတော်လေး အားထုတ်ကာ မွေးဖွားခဲ့ရသော သူမရဲ့ သမီးလေးကို မသေစေချင်သည့်အတွက် သူမက ကောင်းကောင်းစားကာ ကိုယ့်ကိုကိုယ် ပြန်ပြီး အားဖြည့်ခဲ့သည်။
ကြက်မွှေးများကို ဖယ်ပြီးနောက် ချမ့်ကျွီဟွာက ထကာ ကြက်စွပ်ပြုတ်ကို ထချက်ပြီး ကြက်သားကို ကြော်ခဲ့သည်။
မြေအိုးကိုယူပြီး ကြက်သားရဲ့တစ်ဝက်ကို အဲ့ထဲမှာ ချက်ခဲ့သည်။ ဝမ့်ရင်းအတွက် အပိုင်းကလွဲပြီး ကျန်တဲ့အပိုင်းကို အတုံးလေးတွေ လှီးကာ ကြက်ကြော် ပြုလုပ်ခဲ့သည်။
ကြက်အရေခွံကို သံဒယ်အိုးပေါ်မှာ ဆီထွက်အောင် တင်ပြီး ကြော်ခဲ့သည်။ ထို့နောက် အာလူး၊ ဂေါ်ဖီနှင့်ရောကာ ကြော်ခဲ့သည်။
အနံ့က တစိမ့်စိမ့် ထွက်နေခဲ့သည်။
အားရာက ပျော်ရွှင်စွာ ထခုန်ခဲ့သည်။ ဒါက နှစ်ရက်၊ သုံးရက်သာ ရှိသေးသော်လည်း အိမ်မှာ အဖေမရှိဘဲ နေရတာက ဘယ်လောက် ပျော်ရွှင်စရာ ကောင်းကြောင်းကို သူမက သိနေခဲ့ပြီး ဖြစ်သည်။
ဒီနေ့မှာတော့ သူမတွက် ကြက်ဥနှင့် ကြက်သား ရှိနေခဲ့ပြီ ဖြစ်သည်။
ဒီလိုကောင်းတဲ့နေ့မျိုးက တစ်ခါမှ မရှိခဲ့ဖူးပါ။
အရင်တုန်းက အဲ့မှာ ကြက်ဥရှိရင် အများစုကို တပေါင်က ဆွဲယူသွားတာ။ ပြီးတော့ အသားကို မချက်ခင်မှာဘဲ အဖေက အဖွားကို ပေးလိုက်ပြီ။ ပြီးရင် အဖွားက သူမရဲ့ မျက်နှာကို ဗျစ်တောက် ဗျစ်တောက်နဲ့ သူမက အရှုံးသမား။ ကြက်သားကို စားဖို့တောင် မတန်ဘူးလို့ ပြောတယ်။
အခုဆို သူမရဲ့အဖေကလည်း မရှိတော့ဘူးဆိုတော့ သူမလည်း ကြက်သား စားလို့ရပြီ။
ချမ့်ကျွီဟွာကလည်း ဝမ်းနည်းနေခဲ့သည်။ အဲ့အချိန်တုန်းက သူမရဲ့ ယောက္ခမက အရမ်းကြီး လွန်လွန်ကျူးကျူး မဖြစ်သည့်အတွက် သူမရဲ့ သမီးအကြီးဆုံးက အဆင်ပြေခဲ့သည်။ သူမက ပိတ်ရက်များတွင် အသား တစ်ကိုက်၊ နှစ်ကိုက်လောက် စားလို့ရသည်။ သို့သော် သူမရဲ့ ဒုတိယသမီး မွေးပြီးသည့်နောက် သူမက တကယ်ကို ဘာမှ ကောင်းကောင်း မစားရတော့ပါ။
အသားကိုမဆိုထားနှင့် ကြက်ဥတောင် အနိုင်နိုင် ဖြစ်နေခဲ့သည်။
ချမ့်ကျွီဟွာ - “သမီးတို့နှစ်ယောက် ပန်းကန်လုံးကြီး တစ်လုံး ယူလာခဲ့။ ကြက်သားကို ထုတ်ပြီး အဲ့ထဲမှာ ထည့်ကြမယ်။ ပြီးရင် အဲ့ထဲကို ဖက်ထုပ်တွေ ထည့်လိုက်မယ်။”
အားရာက ပျော်ရွှင်စွာ ပြေးလာခဲ့သည်။
ချမ့်ကျွီဟွာက စားစရာများကို ချလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ယောက်ယောက်က တံခါးကို လာခေါက်ခဲ့သည်။
ထျန်းတကျူးရဲ့ အသံက အပြင်ကနေ ထွက်လာခဲ့သည်။
“ဂန္ဓမာပန်းလေးရှိလား။ ပန်းလေးရာ ကိုယ့်ကို တံခါးလေး ဖွင့်ပေးပါဦး။”
အာ့ရာက သူမအဖေရဲ့အသံကို ကြားသည့်အခါ အတော်လေး စိတ်ပူသွားကာ ချက်ချင်းပဲ ကြက်သားကို ဆွဲဖို့အတွက် ကြိုးစားခဲ့သည်။
သူမ ကြောက်ရွံ့နေခဲ့သည်မှာ သူမရဲ့အဖေက ဝင်လာပြီး ကြက်သား ယူသွားမှာကိုပဲ ဖြစ်သည်။
ချမ့်ကျွီဟွာသည် ညစ်ပတ်နေသော သူမသမီးရဲ့ လက်ကို ခါပေးလိုက်ကာ တံခါးအပြင်ကို အော်လိုက်သည်။ “ရှင် ဒီနေရာမှာ ဘာလုပ်နေတာလဲ။”
ထျန်းတကျူး - “ဒါက တရုတ်နှစ်သစ်ကူးလေ၊ ကျွီဟွာရယ်။ ကိုယ်က ပြန်လာတာ နှစ်ကူးပွဲ ကျင်းပမလို့လေ။”
ချမ့်ကျွီဟွာက စိတ်ပျော့သည့်သူမျိုး လုံးဝ မဟုတ်ပါ။ “ရှင်က ရှင့်ညီရဲ့အိမ်မှာ နေဖို့ကို ကျွန်မတို့တွေ သဘောတူပြီးသားလေ။ ကျွန်မတို့ ရက်နည်းနည်းတော့ ခွဲနေရမှာပဲ။ နှစ်သစ်ကူးပွဲကို ကျွန်မရဲ့ သမီးတွေနဲ့ပဲ ကျွန်မက ဖြတ်သန်းမှာ။”
ထျန်းတကျူးရဲ့ အသံက မကျေနပ်ချက်အပြည့် ဖြစ်သွားခဲ့သည်။ “ဂန္ဓမာပန်းလေးရာ၊ တယာနဲ့ အာ့ရာကို လာကြည့်ပေးဖို့ မင်း ကိုယ့်ကို ပြောရင်းလည်း ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က သူတို့ရဲ့ အဖေပဲလေ။”
ချမ့်ကျွီဟွာက အထင်သေးသွားခဲ့သည်။ ထျန်းတကျူး ပြန်လာသည့် အကြောင်းမှာ သူ့ရဲ့ ခယ်မများက ပြဿနာရှာနေပြီး သူ့အတွက် နှစ်သစ်ကူး ညစာကို မပြင်ပေးကြလို့ဆိုတာ သေချာသည်။ ပိုပြီး အတွင်းကျကျ ပြောရရင် ထျန်းတကျူးရဲ့ ဘက်လိုက်သော အမေက သူမရဲ့ အငယ်ဆုံးသားနှင့် မြေးအကြီးဆုံးကိုပဲ အစားအစာကောင်းကောင်း ပေးချင်ခဲ့ပြီး ထျန်းတကျူးက အကျိုးအမြတ်များ ရမှာကို သူမက စိုးရိမ်နေခဲ့သည်မှာ သေချာသည်။ ထို့ကြောင့် သူမကို အဝေးသို့ ပို့ခဲ့ခြင်း ဖြစ်သည်။
ဘယ်လိုဟာသမျိုးလဲ။ ချွမ့်ကျွီဟွာက လက်နှီးစုတ် သာသာပဲလား။
“မလိုပါဘူး။ ရှင့်သမီးတွေကလည်း ရှင့်ကို မမြင်ချင်ကြပါဘူး။”
သူက ရှောင်းယာကို မွေးပြီးကတည်းက တစ်ခါမှ မမြင်ရသေးပါ။ အခုဆိုရင် သူက သူ့ရဲ့ သမီးကို မြင်ချင်တယ်လို့ ပြောနေတာက ရယ်စရာကောင်းတယ် မဟုတ်ပါလား။
ချမ့်ကျွီဟွာ စကားပြောပြီးနောက် သူမက အပြင်ကနေ တံခါးခေါက်နေသော ထျန်းတကျူးကို လျစ်လျူရှုလိုက်ကာ ဖက်ထုပ်များ လုပ်နေခဲ့သည်။ သူမက ပျော်ရွှင်စွာ သူ့သမီး သုံးယောက်ကို အိမ်ထဲသို့ ခေါ်သွားခဲ့ပြီး နွေးထွေးသော မီးလင်းဖိုနားတွင် ဖက်ထုပ်နှင့် အသားများကို စားဖို့အတွက် ထိုင်ခဲ့ကြသည်။
အာ့ရာက ကြောက်နေဆဲ ဖြစ်သည်။ သူမက အသားကို ဒေါသတကြီး စားနေခဲ့ကာ ပါးစပ်နှင့် ကိုက်ပြီး လက်ထဲတွင်လည်း ကိုင်ထားခဲ့သည်။ သူမက နောက်စက္ကန့် အနည်းငယ် အကြာမှာ သူမရဲ့အဖေက ပြေးဝင်လာပြီး သူမရဲ့ ကြက်သားကို ယူသွားမှာ ကြောက်နေခဲ့သည်။
ချမ့်ကျွီဟွာက သူမရဲ့ သမီးသုံးယောက် ဒီလိုလုပ်တာကို မတားခဲ့ပါ။ သူမက စားစရာရှိတာ ဆက်စားနေခဲ့သည်။ “ဒါ စားပြီးသွားရင် အဲ့မှာ ကြက်သား စွပ်ပြုတ်တွေ ရှိသေးတယ်။ သောက်ဖို့လည်း ဗိုက်မှာ အကန့်လေး ချန်ထားကြဦး။”
တယာက ဝမ်းနည်းနေဆဲ ဖြစ်သော်လည်း ချမ့်ကျွီဟွာကတော့ ဂရုမစိုက်ခဲ့ပါ။
သူမသည် ရှေ့ရက်တုန်းက သူနှင့် လမ်းခွဲဖို့ ခွန်အားကို ရခဲ့ပြီး အခုချိန်မှာတော့ ပြန်ပြီး နောက်ဆုတ်တော့မည် မဟုတ်ပါ။
အမေနှင့် သမီးများကတော့ အိမ်ထဲတွင် ဖက်ထုပ်နှင့် အသားများကို စားနေခဲ့သည်။ ထျန်းတကျူးက တံခါးကို ခေါက်နေသော်လည်း ချမ့်ကျွီဟွာက ရောက်မလာခဲ့ပါ။ ထျန်းတကျူး အေးပြီး ဗိုက်ဆာလာသည့်အတွက် သူ့ညီအိမ်ကိုသာ လှည့်ပြန်လာခဲ့သည်။
ကံဆိုးစွာဖြင့် သူပြန်ရောက်လာသည့်အခါ စားပွဲခုံပေါ်တွင် စားပြီးသား ဘာမှမကျန်သည့် ပန်းကန်များက သူ့ကို ဆီးကြိုနေခဲ့သည်။
ထျန်းတကျူးရဲ့ အမေက ချမ့်ကျွီဟွာသည် ထျန်းတကျူးအား အိမ်ထဲသို့ ပေးမဝင်သည်ကို ကြားလိုက်ရသည့်အခါ သူမက ကိုယ့်ပေါင်ကို ရိုက်ပြီး ဆဲဆိုနေခဲ့သည်။
ထျန်းအာကျူးရဲ့ မိန်းမက သူမရဲ့ဦးလေးကို ညင်ညင်သာသာ ပြောခဲ့သည်။ “ ယောင်းမ ကျွီဟွာက ရက်စက်နေတုန်းပဲ။ နှစ်သစ်ကူးပွဲမှာ ဒါတွေက ရှင့်အတွက် အရမ်း ခက်ခဲမှာပဲ။ ကျွန်မတို့က မြန်မြန်စားပြီး ရှင့်အတွက် ဘာမှ မချန်ထားခဲ့မိဘူး။ အစ်ကို၊ ရှင် မီးဖိုချောင်ထဲ သွားကြည့်ရင်ရော ဘယ်လိုလဲ။ မီးဖိုချောင်ထဲမှာ ဂေါ်ဖီရယ် တို့ဟူးတွေရယ် ကျန်သေးတော့ စွပ်ပြုတ် လုပ်သောက်လို့ ရတယ်။”
သူမသည် ထျန်းတကျူးအတွက် နောက်ထပ် ဖက်ထုပ်တစ်ပန်းကန်ကိုတောင် ပြင်ပေးဖို့ မလုပ်ခဲ့ပါ။
ထျန်းတကျုးရဲ့ အမေက သူမရဲ့ မျက်လုံးကို ကြည့်ကာ ပြောလိုက်သည်။ “ဟုတ်ပြီ။ အခုက နှင်းတွေလည်း ထပ်ကျနေပြီ။ မီးလင်းဖိုကိုပဲ အပူပေးပြီး အိပ်ရာဝင်ကြရအောင်။”
သူမက ပြန်လှည့်ထွက်သွားခဲ့သည်။ သူမရဲ့ အကြီးဆုံးသားက ဒီည စားမှာလား၊ အိပ်မှာလား ဆိုတာကို လုံးဝ ဂရုမစိုက်ခဲ့ပါ။
ထျန်းအားကျူးရဲ့ မိသားစုက လူခွဲကာ သွားအိပ်ခဲ့ကြသည်။ ထျန်းတကျူးအား အကျန်များဖြစ်သည့် မီးဖိုချောင်ထဲက ဂေါ်ဖီ၊ တို့ဟူး အနည်းငယ်နှင့်သာ ချန်ထားခဲ့သည်။
ထျန်းတကျူးက မီးဖိုပေါ်တွင် စွပ်ပြုတ်ကို သူ့ဘာသာ ချက်ပြုတ်နေပြီး သူချက်ပြီးသည်အခါ မျက်ရည်များ စကျလာခဲ့သည်။
ဘာကြောင့်လဲတော့ သူမသိပေမယ့် ဒါဟာ သူ့မှာ သားတစ်ယောက် မရှိခြင်းကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
နှစ်သစ်ကူးနေ့ပဲ။
ညသန်းခေါင်ချိန်မှာ နှင်းများ ကျနေခဲ့ပြီး မနက်ပိုင်းသို့ ရောက်သည့်အခါ နေရာတိုင်း နှင်းများ ရှိနေခဲ့သည်။ မနက်ပိုင်းတွင် ရှုရွှမ်းက စောစောထပြီး ရွာထဲက လူကြီးများကို နှစ်သစ်ကူး ဆုတောင်းပေးဖို့အတွက် အလည်သွားရန် လူအုပ်ကြီးနှင့် လိုက်သွားခဲ့သည်။ ထို့နောက် ဆွေမျိုး အကြီးအကဲများထံ နှစ်သစ်ကူး ဆုတောင်းပေးခဲ့သည်။ ကိစ္စတစ်ခုလုံး လုပ်ပြီးလို့ ပြန်လာချိန်တွင် ဗျောအိုးများ နေရာချထားနေသည့် အသံကို ကြားခဲ့ရသည်။
ရွာရဲ့ အပေါက်ဝရှိ ဗျောက်အိုးတန်းကြီးက နှစ်သစ်ကူး ရောက်နေပြီ ဖြစ်ကြောင်းကို ကြေညာထားခဲ့သည်။
ရှုရွှမ်းက ဖက်ထုပ်များကို အိုးထဲသို့ ထည့်ပြီး နှင်းများ ရှင်းလင်းဖို့ မသွားရရင် စားလို့ရအောင် မြန်မြန် ပြင်ဆင်ထားခဲ့သည်။
ရွာထဲက လမ်းများကို မရှင်းရသေးသည့်အတွက် နှစ်သစ်ကူး ဆုတောင်းဖို့ ဆွေမျိုး၊ သူငယ်ချင်းများထံ သွားလည်ဖို့ ပြေးပြေးလွှားလွှား သွားသည့်အခါ အလွယ်တကူ ချော်လဲနိုင်သည်။
မနက်ပိုင်း ဖက်ထုပ်များကို စားပြီးနောက် ဝမ့်ရင်းက ထပ်ပြီး ပျင်းသွားခဲ့သည်။
ရှုရွှမ်းကလည်း အတော်လေး ပျင်းနေသည်ဟု ခံစားရသည့်အတွက် သူတို့နှစ်ယောက်က ထိုအကြောင်း ပြောနေတာကို ရပ်ခဲ့ကြသည်။ သူတို့က အမြဲလိုလို စောင်ထဲတွင်သာ စကားပြောကြပြီး သူတို့ပြောသမျှ အကြောင်းများ အားလုံးမှာ ဒါတွေပဲ ဖြစ်နေခဲ့သည်။ ရှုရွှမ်းက ဝမ့်ရင်းကို သူ့အစ်ကိုရဲ့ အကြောင်း ရှင်းပြခဲ့ပြီး ဝမ့်ရင်းကလည်း သူ့ကို သူမ အရင်ဘဝက ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် လူနာများနှင့် မိသားစုဝင်များ အကြောင်းကို နောက်ကြောင်းပြောင်းပြီး ရှုပ်နေအောင် ပြောခဲ့သည်။ တစ်ခါတစ်လေ ကြိုတင် ကြုံတွေ့ရတာနှင့် စာကြွင်းများက အဓိပ္ပါယ် မရှိပါ။ သို့သော် ရှုရွှမ်းက အင်မတန် တက်ကြွစွာ နားထောင်ပေးခဲ့သည်။
ထိုအချိန်မှာ ရှုရွှမ်းက နှင်းများလှည်းဖို့အတွက် ထွက်သွားခဲ့ပြီး ဝမ့်ရင်းကတော့ ဘာမှ လုပ်စရာ မရှိပါ။
ဘာမှလုပ်စရာ မရှိသည့်အတွက် ဝမ့်ရင်းက ရှုရွှမ်းကို ပေးဖို့အတွက် အ့ဩစရာ လက်ဆောင်တစ်ခု ပြင်ဆင်ဖို့ စိတ်အား ထက်သန်နေခဲ့သည်။
ထိုအချိန်မှာ သူမသည် နေ့တိုင်း ရှုရွှမ်း ဟင်းချက်တာကို ကြည့်နေရင်း ဘယ်တုန်းကမှ သူမသည် ဘယ်တုန်းကမှ မဖြစ်ဖူးသလို လွှမ်းမိုးခြင်း ခံခဲ့ရပြီး သူမရဲ့ လက်ရည်က တော်တော်လေး တိုးတက်လာခဲ့သည်။
ထို့ကြောင့် သူမသည် ရှုရွှမ်းအတွက် ဟင်းတစ်ခွက် ချက်ပြုတ်ပေးရန် ပြင်ဆင်ခဲ့ပြီး သူ့ရဲ့ အိမ်အလုပ်များကို လုပ်ပေးထားခဲ့သည်။
ရှုရွှမ်းမှာ ဘာအတွေးမှ မရှိခဲ့ပါ။ သူထွက်သွားပြီးနောက် ဝမ့်ရင်းက မြေအောက်ခန်းသို့ ဆင်းသွားခဲ့သည်။ သူမက အချိန်အကြာကြီး ရှာနေခဲ့ကာ နောက်ဆုံးမှာတော့ ဘာလုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်ခဲ့သည်။
သူမက ထမင်းအိုးတည်ပြီး ရှုရွှမ်းအတွက် ဂေါ်ဖီကြော်ပေးရန် ပြင်ဆင်ခဲ့သည်။
သူမတို့က နေ့လည်စာကို ကြက်သားနှပ် စားရမှာဆိုတော့ အဲ့ဒါနဲ့ တွဲစားဖို့ အသီးအရွက် တစ်ခွက်လောက် ချက်သင့်တယ်မလား။
ဝမ့်ရင်းက သူမရဲ့ စီစဥ်မှုသည် အရမ်း ကောင်းသည်ဟု ခံစားခဲ့ရသည်။ မီးဖိုက အရမ်း မကြီးပါက နောက်ထပ် ဟင်းရည်တစ်ခွက် လုပ်လို့ရမည် ဖြစ်သည်။
ဝမ့်ရင်းက အဲ့ဒါကို နည်းမှန်လမ်းမှန် ပြုလုပ်ကာ ဂေါ်ဖီကို ကြက်သားထဲသို့ ထည့်ခဲ့သည်။
နာရီဝက် ကြာပြီးနောက် နှင်းများ လှဲနေသော ရှုရွှမ်းကို တစ်ယောက်ယောက်က သတိပေးခဲ့သည်။
“ရှုရွှမ်း၊ ကြည့်လိုက်ဦး။ မင်းအိမ်ကနေ မီးခိုးငွေ့တွေ ထွက်နေတာမလား။”
ရှုရွှမ်းက သူ့ရဲ့ပစ္စည်းတွေကို ပစ်ချကာ ပြေးသွားခဲ့ရင်း နှုတ်ခမ်းကိုလည်း အားနဲ့ ကိုက်ထားခဲ့သည်။
ချက်ချင်းဆိုသလိုပဲ တစ်ယောက်ယောက်က စေတနာနှင့် အမျိုးသမီးရှုကို သွားခေါ်ရန် ထွက်သွားခဲ့ပြီး သူမကလည်း ဝမ့်ရင်းရဲ့ အိမ်သို့ အပြေးလေး ရောက်လာခဲ့သည်။