အခန်း (၈၁-၈၂)
Vol. 7 Ch. 81-82
အပိုင်း ၈၁
ရှုရွှမ်းက တံခါးကနေ ဝင်လာသည့်အခါ မီးဖိုချောင်ထဲမှ မီးခိုးငွေ့များ ထွက်လာတာကို တွေ့ခဲ့ရသည်။ သူက ဝမ့်ရင်းကို ခေါ်ဖို့အတွက် ဝင်သွားပြီး အထဲကလေများ ထွက်သွားအောင် ပြတင်းပေါက်များကို ဖွင့်ခဲ့သည်။
ဝမ့်ရင်းက ရှက်ရှက်နှင့် ကြည့်လိုက်ပြီး သူမရဲ့ မျက်နှာတွင်လည်း မီးခိုးမှုန်များ ရှိနေခဲ့သည်။
အရင်ဆုံး ရှုရွှမ်းက သူမကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပြီး သူမမှာ ဘာပြင်ပ ဒဏ်ရာတွေ မရှိဘူးဆိုတာ တွေ့တော့မှ သက်ပြင်းကို ချနိုင်တော့သည်။
“ဘာတွေ ဖြစ်နေတာလဲ။”
သူမထွက်သွားခင်က မီးဖိုပေါ်က ပစ္စည်းများ အားလုံးကို သေချာ စီစဥ်ခဲ့ပြီး မီးဖို ပိတ်ခဲ့တာကို သူ မှတ်မိနေခဲ့သည်။ အဲ့ဒါဆို ဘယ်လိုလုပ် ရုတ်တရက်ဆိုသလို ဒီမီးခိုးတွေက ထွက်လာရတာလဲ။
ဝမ့်ရင်းသည် ခနလောက်တော့ မော်မကြည့်နိုင်ခဲ့ပါ။ “ဒါကလေ…. ထမင်းက သေချာ မကျက်သေးလို့။”
ရှုရွှမ်းက နားမလည်ခဲ့ပါ။ “ဘာလို့ ထမင်းတည်တာကို မီးခိုးငွေ့တွေက ထွက်နေရတာလဲ။”
ရှုရွှမ်းက အထဲကိုဝင်ပြီး တစ်ချက် ကြည့်လိုက်သည့်အခါ မီးဖိုပေါ်မှာ ဘာမှ မတင်ထားဘဲ ရှင်းလင်းနေခဲ့သည်။
ဝမ့်ရင်း - “ထမင်းက ပျော့နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။”
ရှုရွှမ်း - “ကိုယ်က ပညာအရမ်း မတတ်ဘူး ဆိုပေမယ့် ဒါက ကိုယ့်အတွက်တော့ ဟာသ ဖြစ်မနေဘူး။ တူးသွားတဲ့ ထမင်းကနေ မီးခိုးမဲကြီးတွေ ထွက်လာနိုင်လို့လား။”
ဝမ့်ရင်းက မလိမ်ခဲ့ပါ။ သူမ ထမင်းတည်နေရင်း မီးခိုးများ ထွက်လာခဲ့သည်။ အကြောင်းအရင်း တိတိကျကျကိုတော့ သူမလည်း မပြောနိုင်ခဲ့ပါ။ သူမ ထမင်းတည်နေရင်း တူးနံ့များက ထွက်လာခဲ့သည်။
ရှုရွှမ်းက သူ့နဖူးသူ ထောက်လိုက်သည်။ နောက်ဆုံးမှာတော့ သူသည် ဝမ့်ရင်းက ကိုယ့်ဘာသာ ချက်စားဖို့ထက် နိုင်ငံပိုင် စားသောက်ဆိုင်ကိုသွားပြီး ပိုက်ဆံဖြုန်းနေလဲ ဆိုတာကို သူ နားလည်သွားခဲ့သည်။
ဒါက ဘယ်လို အရည်အချင်းမျိုးလဲ။
ဝမ့်ရင်းသည် ဒါက ကြက်ကန်း ဆန်အိုးတိုးတာဟု ထင်နေဆဲ ဖြစ်သည်။ “ဒီတစ်ခေါက် ကျွန်မ အဲ့ဒါကို ကောင်းကောင်း မတည်ခဲ့လိုက်ဘူး။ ဒါပေမယ့် နောက်တစ်ခေါက်တော့ သေချာပေါက် ရအောင်ကို လုပ်မယ်။”
ရှုရွှမ်းက သူမရဲ့ အနောက်ကို တွန်းလိုက်ပြီး ပြောခဲ့သည်။ “လက်လျှော့လိုက်ပါ။ အခုကနေ စပြီးတော့ စားဖို့ ထိုင်ပဲစောင့်နေ။”
ဒီလို စိတ်ညစ်စရာမျိုးက တစ်ခါသာ ဖြစ်နိုင်သည်။ အဲ့လိုအရာမျိုးသာ ထပ်ဖြစ်ပါက သူက သေဖို့တောင် ကြောက်နေလိမ့်မည်။
အမျိုးသမီးကြီး မစ္စရှုက အရမ်း ထိတ်လန့်ကာ အပြေးအလွှား ရောက်လာခဲ့သည်။ သူမသည် ရှုရွှမ်း ရှင်းပြတာကို ကြားပြီးနောက် သူမက စိုးရိမ်စွာ ဝမ့်ရင်းရဲ့ခေါင်းကို ပုတ်လိုက်သည်။ “ကောင်မလေးရယ်၊ မီးဖိုချောင်ကို ရှုရွှမ်းက ဝင်မှာလို့ အမေပြောသားပဲ။ အဲ့ဒါတွေကို ဘာလို့ ကိုယ့်ဘာသာ လုပ်နေရတာလဲ။”
ဒီနေရာက ကိစ္စတွေက အခြေအနေ မကောင်းဘူးဆိုတာ ကြားလိုက်ရသည့်အခါ သူမရဲ့ရင်ထဲက နှလုံးသားမှာ ထွက်ကျမလို ဖြစ်နေတာကို ဘုရားကသာ သိနိုင်မည် ဖြစ်သည်။
သတိပေးချက် အမှားကို ပေးပြီးနောက် ရှုရွှမ်းက ထိုနေရာကို မြန်မြန်ပဲ ရှင်းလိုက်သည်။ နောက်ကျမှ ရောက်လာသော ထျန်းယိုဖုက တစ်ယောက်ယောက်ရဲ့ မီးလင်းဖိုက ပြဿနာတစ်ခုခု ရှိနေပြီဟု တွေးမိလိုက်သည်။ ထို့အပြင် ဒီလို ကိစ္စမျိုးက လွန်ခဲ့သော နှစ်များစွာတုန်းကသာ ဖြစ်ခဲ့ဖူးသည်။
ရောက်လာသည့်အခါ ရှုရွှမ်းက ပြောခဲ့သည်။ “ဒါက ဘာမှ မဟုတ်ပါဘူး။ ကျွန်တော် အိမ်က မီးဖိုပေါ်မှာ စွပ်ပြုတ်အိုး တင်ထားတာကို မေ့သွားလို့။ အဲ့ဒါက တူးပြီး အခုလိုမျိုး ဖြစ်သွားရတာပါ။”
ရှုရွှမ်းက ကွယ်ရာမှာ ဝမ့်ရင်းရဲ့လက်ကို ကိုင်ထားပြီး ဒီကိစ္စကို အောင်အောင်မြင်မြင် ဖုံးကွယ်နိုင်ခဲ့သည်။
သူကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူးဆိုပြီး မျှော်လင့်ထားသည့်အတွက် သူက ဒါကို မြင်သည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။ သူက ရှုရွှမ်းအား မီးသုံးသည့်အခါ သတိထားဖို့ ပြောခဲ့သည်။
မထွက်သွားခင်မှာ ထျန်းယိုဖုက တစ်ချက် မြန်မြန် ကြည့်လိုက်ပြီး မျက်လုံးများ အရောင် တောက်သွားခဲ့သည်။
သူက ဝမ့်ရင်းမွေးထားသော ဝက်များကို တွေ့ခဲ့သည်။
“ဒီကောင်က ဝမ့်ယုံရွှင်းတို့အိမ်က ဝက်လား။”
ထျန်းယိုဖု - “မင်းက သူ့ကို ဘယ်လိုတောင် ကျွေးလိုက်လို့ ဒီလောက်ကြီး ထွားလာတာလဲ။”
ဝိုး၊ အချိန်တိုတိုလေးနဲ့ ဒီကောင်ကြီးက ထွားလာလိုက်တာ။
ဝမ့်ရင်းက မြေပြင်ပေါ်မှ အလုပ်များကို ရယူရန် အခွင့်အရေးကို ယူလိုက်သည်။ “ကျွန်မက စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ နည်းတစ်ခုကို သုံးလိုက်တာပါ။ အဲ့တော့ နွေရာသီ ရောက်ရင် တပ်မှူးက ဝက်တွေ အဆင်သင့်ဖြစ်ပြီလား ဆိုတာကို လာပြီး ကြည့်လို့ရပါတယ်။ ဒီဝက်တွေ ဘယ်လောက်ထိ ကြီးလာဦးမလဲ ဆိုတာကို ကျွန်မလည်း သိချင်မိတယ်။”
ထျန်းယိုဖုက ခေါင်းတငြိမ့်ငြိမ့် လုပ်ခဲ့သည်။ “ကောင်းပြီ၊ ကောင်းပြီ။ တကယ်လို့ မင်းက နှစ်ရာ ကီလိုဂရမ် ကျော်သွားရင် ငါတို့ တပ်မဟာထဲမှာ မင်းက ဒီနှစ်ရဲ့ အထူး အဖွဲ့သားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံရမယ်။”
မင်းက တိရိစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းက လူတွေကို သူတို့ဘာသာ မွေးဖို့ သွားပြောရင်တောင် သူတို့က ဒီလောက်ထိ ကောင်းကောင်း မွေးနိုင်ကြမှာ မဟုတ်ဘူး။
ဝမ့်ရင်းက ပုံမှန်ပဲ ပြောခဲ့သည်။ “စာအုပ်ထဲမှာ ပြထားခဲ့တဲ့ နည်းလမ်းကတော့ အကောင်းဆုံး ဖြစ်နေဆဲပါပဲ။ တကယ်လို့ ကျွန်မသာ ဒီဝက်ကို ကောင်းကောင်း မွေးနိုင်ရင် နောက်မှ အသေးစိတ်ကို ပြောပြပါ့မယ်။”
ထျန်းယိုဖုက အရမ်း ကျေနပ်နေခဲ့သည်။ ကံကောင်းစွာဖြင့် ဝမ့်ရင်းက အလွတ်တမ်း ဆရာဝန်အဖြစ် အလုပ်လုပ်နေခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီလို သတိမျိုးနှင့်ဆိုရင် သူက ဝမ့်ရင်းကို အမျိုးသမီးရေးရာ ဒါမှမဟုတ် အခြား လေ့ကျင့်ရေးတပ် အသေးစားလေးမှာ ညွှန်ကြားသူအဖြစ် ခန့်အပ်ရလိမ့်မည် ဖြစ်သည်။
ဝမ့်ရင်းရဲ့ ဟင်းချက်လို့ ဖြစ်သွားတဲ့ ကိစ္စကို ဒီတိုင်း ကျော်မသွားခဲ့ပါ။ ရှုရွှမ်းကို မဆိုထားနှင့် အမျိုးသမီးကြီးရှုကတောင် သူမကို မီးဖိုချောင်ထဲသို့ ပေးမဝင်ခိုင်းတော့ပါ။
“ဒီတိုင်း စားဖို့ စောင့်ပဲ စောင့်ပါ။”
“ပူမနေပါနဲ့။ ရှောင်းအာက ဟင်းချက်တဲ့ နေရာမှာ တော်ပါတယ်။ အဲ့ဒါတွေ သူ့ကိုပဲ လုပ်ခိုင်းလိုက်ပါ။”
ဝမ့်ရင်းသည် ချက်ပြုတ်ရမယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသည့်အပြင် တစ်ချိန်တည်းမှာပဲ ကူညီဖို့ အခွင့်အရေးကိုပါ ဆုံးရှုံးခဲ့ရသည်။
သူမက အရမ်းကို အထီးကျန်နေခဲ့သည်။
သို့သော် သူမရဲ့ အထီးကျန်မှုတွေက အကြာကြီး မခံလိုက်ပါ။
အကြောင်းမှာ နှင်းတွေက စတင် အရည်ပျော်လာခဲ့ပြီ ဖြစ်သည်။
ကောရှန်ရွာလေးရဲ့ ဆောင်းတွင်းက ဒီလိုပါပဲ။ နှစ်သစ်ကူးပြီးလို့ လဝက်လောက်မှာ ဘာနှင်းမှ မရှိတောဘဲ နှင်းတွေက တဖြည်းဖြည်း အရည် ပျော်သွားခဲ့သည်။ အရည်ပျော်တာက တစ်ညတည်း မဟုတ်ပါ။ အဲ့ဒါက ထပ်ခါ၊ ထပ်ခါ ဖြစ်နေခဲ့သည်။ တပ်မဟာထဲရှိ လူတိုင်း အပြင်သွားရန် အရည်ပျော်ဖို့က လဝက်လောက် အချိန်ယူရသည်။
ဒီအချိန်ကို ရောက်လာသည့်အခါ နပန်းလုံးနေသည့် လူဦးရေကသာ အများဆုံး ဖြစ်သည်။
ချမ့်ကျွီဟွာရဲ့ ခက်ခဲသည့် လုပ်ရပ်ကို သိသွားပြီးနောက် ဝမ့်ရင်းသည် လူတိုင်းရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။
တစ်ချို့သူတွေ သူမကို မြင်ချင်လို့ နေ့တိုင်းနီးပါး လာကြသည်။
သူတို့ထဲမှာ လဲကျတဲ့သူက လဲကျ။ တစ်ချို့က လက်ဖြင့် လဲကျပြီး၊ တစ်ချို့က ခြေထောက်ပေါ် လဲကျကြသည်။ တစ်ချို့က ဖင်ထိုင်ရက် လဲကျပြီး တစ်ချို့က မျက်နှာဖြင့် ကျကြသည်။
ဝမ့်ရင်းရဲ့ နေ့ရက်တွေက ပိုပိုပြီး အလုပ်ရှုပ်လာသည်မှာ သိသာလာခဲ့သည်။
အနည်းငယ် လှုပ်ရှားပြီးသည့်နောက် ဝမ့်ရင်းသည် အတော်လေး မျက်နှာပူစရာ အခြေအနေမျိုးဖြင့် ကြုံခဲ့ရသည်။
သူမ ပြင်ဆငိထားသည့် ဆေးတွေက မလောက်ခဲ့ပါ။ အချို့လူတွေက လဲပြီး ကွဲပြဲကုန်ကြသည်။ နှင်းတွေ အရည်ပျော်ထားသော နေရာများသည် ရွံ့အိုင်များ ဖြစ်နေပြီး ကွဲပြားထားသော သူများကိုလည်း ဆေးထိုးပေးရမည် ဖြစ်သည်။
အစတုန်းက ပြင်ဆင်လာသည့် အနာသက်သာစေသည့် ဆေးများကလည်း သိပ်ပြီး မကျန်တော့ပါ။
ဝမ့်ရင်းက ထိုအကြောင်းကို တွေးကာ တပ်မဟာကနေ ထွက်သွားပြီး မြို့မှာ ဆေးသွားဝယ်ဖို့ ဆုံးဖြတ်ခဲ့သည်။
အစတုန်းက သူမသည် ကျန်းမာရေးဌာနကို သွားလျှောက်သင့်သော်လည်း သူတို့ရဲ့ တပ်မဟာထဲမှာသာ အခြေနေအရ လုပ်ခဲ့သည်။ အဲ့ဒါက သူတို့ရဲ့ ကိုယ်ပိုင် တပ်မဟာထဲကို သွားတာထက် နောက်တစ်မြို့ကို သွားတာက ပိုပြီး သက်တောင့်သက်သာ ဖြစ်စေသည်။ ဒီနေရာရဲ့ ဘေးမှာက တောင်တွေပဲ ရှိတာကို မင်းသိသင့်တယ်။ သူတို့က ကိုယ်ပိုင် တပ်မဟာထဲမှာသာမက အခြား တပ်မဟာမှာပါ ရွှံ့အိုင်များကို တူးရမှာ။
ဝမ့်ရင်းက ဒီလိုအပြစ်မျိုးကို မခံစားသင့်ဘူး။
သူမသည် ထျန်းယိုဖုထံမှ မိတ်ဆက်စာ တစ်စောင်ကို တောင်းခံခဲ့ပြီး အဲ့ဒါကိုယူကာ ဆေးဝယ်ဖို့ ကောင်စီမြို့သို့ သွားခဲ့သည်။
ရှုရွှမ်းကလည်း သွားချင်ခဲ့သည်။
ဝမ့်ရင်း - “ဒါက မလိုပါဘူး။ ကျွန်မက ဆေးဝယ်ဖို့ သွားရုံပါပဲ။”
ထို့အပြင် လမ်းတွေက ချော်နေသည့်အတွက် သူမက စက်ဘီး မစီးသွားခဲ့ပါ။
သို့သော် ရှုရွှမ်းက သူမကို အဓိပ္ပါယ်ရှိသော မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့သည်။
ဆယ်စက္ကန့်ကျော်လောက် ငေးပြီးနောက် ဝမ့်ရင်းက ရုတ်တရက် သတိရသွားခဲ့သည်။
ကောင်းပြီလေ။ သွားကြတာပေါ့။
ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က ဘက်စ်ကားကို မှီဖို့ စောစောထွက်ကြသည်။
သူတို့ နည်းနည်းလေးတောင် မသိလိုက်တာက သူတို့ ထွက်သွားပြီးနောက်မှာ တပ်မဟာထဲတွင် ဆူပူမှုတစ်ခု ဖြစ်သွားခဲ့သည်။
“တစ်နေ့တုန်းက တစ်ယောက်ယောက်က ကြက်တွေခိုးသွားတာကို ငါမြင်လိုက်တယ်။ အဲ့ဟာလေးပဲ။ အမြဲတမ်း ကြက်တွေ လိုက်ခိုးနေတာ မင်းမလား။ ဒီနှစ်ထဲမှာ တပ်မဟာထဲကလူတွေ ဘာလို့ ဒီလောက်ထိ ကြက်တွေ ပျောက်နေလဲဆိုတာ ငါသိချင်နေတာ။ ဒီကြက်တွေ အားလုံးက မင်းပါးစပ်ထဲ ရောက်သွားတယ်ဆိုတာ ပေါ်လာပြီ။”
ဝမ့်ယောင်ကျုံး ကြက်ခိုးနေတာကို မိသွားခဲ့ပြီး သူက ဒီလို မကောင်းသည့် အရာများကို မကြာခန လွယ်လွယ်ကူကူနှင့် ပိုပြီး လုပ်လာခဲ့သည်။
လွန်ခဲ့သော နှစ်တုန်းက သူသည် ကြက်မ တစ်ကောင်ကို ယူလာပြီးနောက် လီချွမ်းကျင်ရဲ့ ပြိုင်ဘက်ဟောင်း တစ်ယောက်ဖြစ်သည့် ဝူကွေ့ဟွာထံမှ ကြက်တစ်ကောင်ကို အောင်အောင်မြင်မြင် ခိုးလာခဲ့သည်။ ဒါကပဲ ဝမ့်ယောင်ကျုံးကို ကမ္ဘာအသစ်ဆီ တံခါး ဖွင့်ပေးသလို ဖြစ်သွားခဲ့သည်။
အတိတ်မှာတုန်းက အိမ်မှာနေရသည့် ဘဝသည် လွယ်ကူပြီး ဘယ်တုန်းကမှ ဆာလောင်ခြင်းမျိုး မရှိခဲ့ပါ။ သို့သော် ဒါက သုံးဖို့အတွက် မလောက်ဘူးဟု သူက ခံစားနေရဆဲ ဖြစ်သည်။
သူက လယ်ကွင်းထဲမှာ အလုပ်လုပ်ရဖို့ သိပ်မလိုတော့ပါ။ သို့သော် သူက ကောင်းကောင်း မစားရဘူးဟု ခံစားနေရဆဲ ဖြစ်သည်။ သူကောင်းကောင်း စားရသည့်အခါ ကောင်းကောင်း မဝတ်ရဘူးဟု ခံစားရပြန်သည်။ သူက ကောင်းကောင်း ဝတ်စားရချိန်မှာလည်း သူ့ရဲ့မိသားစုက သူ့အတွက် နာရီ ဒါမှမဟုတ် စက်ဘီးတို့ကို သူ့အတွက် အပြင်ဆင်ပေးဘူးဟု ခံစားရပြန်သည်။ တိုတိုပြောရရင် သူ့မှာ ရှိနေတာတွေက တစ်ခုမဟုတ် တစ်ခု အမြဲတမ်း လိုနေခဲ့သည်။
တစ်ချိန်တည်းမှာပဲ သူက တပ်မဟာထဲတွင် အတော်လေး နာမည်ကြီးနေသည်။ တပ်မဟာ တစ်ခုလုံးတွင် ၁၄၊ ၁၅ အရွယ်ရှိသော ကောင်လေးများက လက်တစ်ဆုတ်စာသာ ရှိပြီး သူတို့က အခုထိ လယ်ထဲ မဆင်းရသေးပါ။
တပ်မဟာထဲရှိ လူတွေက အတင်း တုပ်နေကြကာ ဝမ့်ယောင်ကျုံးက လူပျိုပေါက်အရွယ် ရောက်နေပြီးနေပြီ ဖြစ်ကာ သူက ကျောင်းသွားဖို့ထက် လယ်ထဲမှာ အလုပ်လုပ်ရမည်ကို နားလည်ရတော့မှာဟု ပြောနေခဲ့ကြသည်။ သို့သော် နှစ်တိုင်း လယ်ထဲမှာ အလုပ်များသည့် အချိန်ရောက်တိုင်း သူက အိမ်ပြန်ပြီး ဘယ်တုန်းကမှ လူလုံးထွက်မပြခဲ့ပါ။ ဒါကြောင့် အချို့လူတွေက ဝမ့်ယုံရွှင်းနှင့် သူ့မိန်းမသည် လူကောင်းလေး တစ်ယောက်ကို ပြုစု ပျိုးထောင်ခဲ့တာဟု ပြောခဲ့ကြသည်။
အထူးသဖြင့် ဝမ့်ရင်းက ဝမ့်ယုံရွှင်းတို့ မိသားစုကို ဖြိုခွဲပြီးနောက် ဒီလို ကောလဟာလမျိုးက ဆက်ပြန့်နေခဲ့သည်။
ထိုကိစ္စများအပြင် လူတိုင်းက ဝမ့်ယောင်ကျုံးကို အနည်းငယ် ထင်ကြေး ပေးခဲ့ကြသည်။ ပထမ အကြောင်းပြချက်က သူသည် အချိန်အများစုကို အဖွဲ့ထဲမှာ မဟုတ်ဘဲ ကျောင်းမှာပဲ ရှိနေပြီး ဒီကောင်လေးက အပြင်ထွက်ရတာ သိပ်မကြိုက်ဘူးဟု ထင်ကြေးပေးခဲ့ကြသည်။
ဘယ်လိုပဲ ဖြစ်နေပါစေ အိမ်မှာတော့ သူမိဘနှင့် အစ်မက သူ့ရဲ့ ကိစ္စအားလုံးကို ဂရုစိုက်ပေးသည်။ သူက အားလပ်ချိန်မှာ စာအုပ်ဖတ်ပြီး တစ်ရေးအိပ်သည်။ သူက အပြင်ထွက်ပြီး အခြားသူများနှင့် အဆက်အဆံ လုပ်ဖို့ကို အရမ်း ပျင်းသည်။
ဒါကြောင့် တပ်မဟာထဲတွင် ဒီအချိန်ကြီး ကြက်ပျောက်တာက သူ့ကြောင့် ဖြစ်လိမ့်မယ်လို့ ဘယ်သူကမှ အရင်ဆုံး မတွေးမိခဲ့ကြခြင်း ဖြစ်သည်။
ဒါပေမယ့် အခုဆိုရင် အဲ့ဒါက ဖြစ်နိုင်တော့မည် မဟုတ်ပါ။ ဝမ့်ယောင်ကျုံးက သူ့မိသားစုရဲ့ တစ်နေ့ ထမင်းသုံးနပ်မှာ ဆီမပါ၊ ရေမပါ ဖြစ်နေသည်ကို ဆက်ပြီး မစားနိုင်တော့ပါ။ အိမ်မှာ အသားနည်းနည်း ရှိပြီး ဒါက ဆောင်းတွင်း ဖြစ်သည့်အတွက် ဘယ်နေရာမှာမှ အသားသွားရှာလို့ မရပါ။ ဝမ့်ယောင်ကျုံးသည် နှစ်များစွာ ကြာပြီးမှ ကထမဆုံးအကြိမ် အသားကို စားရခြင်း ဖြစ်သည်။
ဒီမှာ ဘာပိုက်ဆံမှ မကျန်တော့သည့်အခါ သူက သွားခိုးလိမ့်မည်။ အဲ့ဒါမှ ခိုးလာတဲ့ကြက်ကို သူက မစားလိုက်ရဘူးဆိုရင် ဒါက အလကား ဖြစ်သွားလိမ့်မည်။
ဒီလူတွေက တုံးတယ်လို့ ဘယ်သူကများ ပြောခဲ့တာလဲ။ သူတို့က ကိုယ့်ကြက်ကိုယ်တောင် မကြည့်နိုင်ကြဘူး။
ဒီတစ်ခေါက် ဝမ့်ယောင်ကျုံး ကြက်ခိုးနေတာကို တပ်မဟာထဲရှိ အတင်းပြောသော မိန်းမ တစ်ယောက်က ဖမ်းမိသွားခဲ့သည်။ သူမနှင့် လီချွမ်းကျင်က ဆက်ဆံရေး ကောင်းကြသည်။ သူတို့ နှစ်ယောက်လုံးက လူတိုင်းအပေါ်မှာ ကျိန်ဆဲနေကြပြီး ကြည့်မရသည့် သူမျိုး ဖြစ်သည်။ သူတို့က တစ်ခါတစ်လေကျရင် အတူတူ အတင်းတုပ်လေ့ရှိသည်။
သို့သော် ထိုအချိန်မှာပဲ အတင်းတုပ်သည့် မိန်းမက လီချွမ်းကျင်ကို အတော်လေး ဒေါသထွက်ကာ သွေးတောင် တိုးသွားခဲ့သည်။
“ ဒီနှစ်ထဲမှာ နင့်အမေက ဘာတွေ လုပ်နေလဲ ဆိုတာကို ငါက သိချင်နေတာ။ နေ့တိုင်း သူ့ပါးစပ်မှာ အဆီကွက်နေတာ။ သူ့ကြည့်ရတာ ဝလာတယ်။ ကြည့်ရတာ သူက နင်တို့ မိသားစုကို အခြားလူတွေရဲ့ ကြက်တွေကို ကျွေးနေတဲ့ပုံပဲ။ လီချွမ်းကျင်၊ ဒီကို ထွက်လာခဲ့။ နင့်ဘာ အရှက်လေးဘာလေး မရှိဘူးလား။ သားက ကြက်ခိုးပြီး အမေက တူတူစားတယ်။ တစ်ယောက်ယောက်ကို နင့်သားက ခိုးလာရင်တောင် နင်က ဖုံးကွယ်ထားပေးမှာမလား။ နင်က ဒီလို အရှက်မရှိတဲ့ သူမျိုးပဲ။”
အတင်းပြောတဲ့ မိန်းမက ဝမ့်ယောင်ကျုံးရဲ့ ပါးကို ထပ်ခါထပ်ခါ ရိုက်နေခဲ့ပြီး ဘာကိုမှ ဂရုမစိုက်ဘဲ ပြဿနာ ရှာနေခဲ့သည်။
ဝမ့်ယောင်ကျုံးက မထင်မှတ်ဘဲ အရိုက်ခံလိုက်ရပြီး အကွာအဝေး တစ်ခုကနေ ပြန်လုပ်ဖို့ ဟန်ပြင်ခဲ့သည်။
“ခဗျားက ဘယ်သူ့ကို လာရိုက်နေတာလဲ။ ခဗျားကြက်တွေကို ခိုးတော့ရော ဘာဖြစ်လဲ။ ကျုပ် အဲ့ဒါကို ခိုးတယ်ဆိုတာ ကျွန်တော့်အထင် ခဗျားရဲ့ မျက်လုံးထဲမှာ ကျွန်တော်က ပစ်မှတ်ကြီး တစ်ခု ဖြစ်နေလို့နေမယ်။”
ဝမ့်ယောင်ကျုံးက ကြောက်နေသော်လည်း သူက ထိုနေရာမှာ ရပ်ပြီး အရိုက်မခံနိုင်ပါ။ သူက မွေးလာကတည်းက ဘာမတရားမှုကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါ။ ထို့ကြောင့် သူက ပါးရိုက်ခံရသည့်အခါ ထုံးစံအတိုင်း ပြန်လုပ်ခဲ့သည်။
တကယ်လို့ သူတို့သာ ပြန်ပြီး လုပ်နေရင် အခြေအနေတွေက ထိန်းမနိုင် သိမ်းမနိုင်တွေ ဖြစ်သွားလိမ့်မည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၈၂
အတင်းပြောသည့် မိန်းမက အကျယ်ကြီး အော်ငိုလိုက်သည်။ သူမရဲ့ ငိုသံက လူအုပ်ကြီး တစ်အုပ်လုံးကို ဆွဲဆောင်နိုင်ရုံသာမက သူမရဲ့ ယောက်ျားနဲ့ သားကိုပါ ထွက်လာပြီး သူခိုးကို ရိုက်ဖို့အတွက် အော်နေခဲ့သည်။
ဝမ့်ယောင်ကျုံးက နှစ်ခါပြန် ပြန်လုပ်ခဲ့ပြီး ဖြစ်သည်။ ထိုအမျိုးသမီးရဲ့ မျက်နှာကို တစ်ကြိမ် ခါးကိုတစ်ကြိမ် ဖြစ်သည်။
အဖွဲ့ထဲက မိန်းမများ အားလုံးသည် ဒီလိုမျိုး ကြမ်းတမ်းသည့် စရိုက်မျိုး ရှိသည်ကို သူ မသိခဲ့ပါ။ ထို့အပြင် သူက မမှန်ဘဲ ပြန်ရိုက်ခဲ့ရင် တစ်ဖက်လူက သူ့ကို သေချာပေါက် အခွင့်အရေး ပေးလိမ့်မည် ဖြစ်သည်။
အတင်းပြောသော အမျိုးသမီးရဲ့ ယောက်ျားနှင့် သားသမီးများက ထင်းများ ယူကာ ထွက်လာခဲ့ကြသည်။ ဝမ့်ယောင်ကျုံးနှင့် ရွယ်တူဖြစ်သည့် အငယ်ဆုံးသားက မိသားစု၏ ခေါက်ခုံကို ယူလာခဲ့သည်။
ဝမ့်ယောင်ကျုံးက တစ်ခုခု မှားနေပြီကို သိလိုက်ချိန် ဒါက အတော်လေး နောက်ကျသွားပြီ ဖြစ်သည်။
အတင်းပြောသော မိန်းမကြီးရဲ့ ယောက်ျားက ရောက်လာပြီး ဝမ့်ရင်းကို သစ်သားတုတ် နှစ်ချောင်းဖြင့် ရိုက်ကာ မြေပေါ်တွင် လူးလှိမ့်ပြီး အော်ဟစ်နေအောင် လုပ်ခဲ့သည်။
“မင်းလို သူခိုးမျိုးက ဘယ်လိုလုပ် ဒီလောက်ထိ စိတ်ကြီးဝင်နေရတာလဲ။ ငါ မင်းကို သေအောင် မရိုက်နိုင်ဘူး။ မကောင်းတဲ့ ကောင်စုတ်လေး။”
အတင်းပြောသည့် အမျိုးသမီးက ဘေးနားတွင် အားပေးနေခဲ့သည်။ “သူ့ကို သေအောင်သာ ရိုက်သတ်ပစ်။ နင်ကများ ငါတို့ရဲ့ ကြက်တွေကို ဘယ်လိုလုပ် ခိုးရဲရတာလဲ။”
ထိုအမျိုးသမီးရဲ့ အငယ်ဆုံး သားကလည်း စိတ်မထိန်းနိုင်ဘဲ ခေါက်ခုံဖြင့် ဝမ့်ယောင်ကျုံးရဲ့ ခါးကို ကြိမ်ဖန်များစွာ ရိုက်ခဲ့သည်။
လီချွမ်းကျင်က လူအုပ်ကြားထဲသို့ ရောက်လာချိန် ဝမ့်ယောင်ကျုံးက အတော်လေး ဆိုးဆိုးရွားရွား အရိုက်ခံထားရကာ သူ့ရဲ့ မျက်မှာက ဖူးယောင်ပြီး ဒဏ်ရာများ ရနေခဲ့ပြီ ဖြစ်သည်။ သူ့ရဲ့ ပါးစပ်ထောင့်မှာလည်း ဒဏ်ရာကြီးတစ်ခု ဖြစ်ကာ စကားတောင် ရှင်းရှင်းလင်းလင်း ပြောဖို့ ခက်ခဲသွားခဲ့သည်။
လီချွမ်းကျင်သည် ထိုစကားကို ကြားပြီးနောက် အပြေးလာခဲ့ပြီး စိတ်ထဲမှာလည်း မသက်မသာ ခံစားခဲ့ရသည်။ သို့သော် သူမရဲ့သား အရိုက်ခံနေရတာကို မြင်သည့်အခါ သူမရဲ့ မသက်မသာ ဖြစ်နေသည့် ခံစားချက်က ပျောက်သွားခဲ့သည်။
မျက်ထောင့်နီနီရဲရဲဖြင့် သူမက အတင်းပြောသော မိန်းမကို ခုန်အုပ်လိုက်ပြီး သူတို့နှစ်ယောက်ကလည်း ဆံပင်တွေဆွဲ မျက်နှာကို ကုတ်ခြစ်ပြီး စတင် ရန်ဖြစ်ခဲ့ကြသည်။
“နင်ကများ ငါ့သားကို ဘယ်လိုလုပ် ထိရဲရတာလဲ။ ငါနင့်ကို ဘယ်တော့မှ လွှတ်မပေးဘူး။ စုန့်ဟွိုက်ဟွာ။”
“ လီချွမ်းကျင်။ နင်က အရှက်မရှိတဲ့ ကောင်မပဲ။ နင်တို့ တစ်မိသားစုံလုံးက သူခိုးတွေ။ နင့်သားက ကြက်ကို ခိုးတယ်။ နင်က အဲ့ဒါကို စားတယ်။ နင်တို့တွေ အူပုပ်မှာ မကြောက်ကြဘူးလား။”
“နင့်ကြက်တွေကို စောင့်ရှောက်ဖို့ ဘယ်သူက ပြောလို့လဲ။ ပြီးတော့ ငါ့သားကို ဘာကိုမှ မခိုးခဲ့ဘူးမလား။”
“ ခွေးမ။ နင့်သားက ထောင်ထဲမှာ ထိုင်ရင်းပဲ အဆုံးသတ်ရမှာ။ ဒါမှမဟုတ်လည်း မကြာခင် အချုပ်ကြတော့မှာ။”
သူတို့နှစ်ယောက်က တံခါးမရှိ ဓားမရှိ ရန်ဖြစ်နေကြပြီး သူတို့ရဲ့ အရှိန်က စုန့်ဟွိုက်ဟွာ ယောက်ျားထက်တောင် ပိုပြီး ပြင်းထန်နေကြသည်။ နှင်းပေါ်မှာလည်း မခြောက်သေးသည့် သွေးများတောင် ရှိနေခဲ့သည်။ သေချာ စစ်ဆေးကြည့်ပါက လူနှစ်ယောက် ဆွဲယူခဲ့သော ဆံပင်ပေါ်မှ သွေးစက်များတောင် ရှိနေခဲ့သည်။
ထိုအသံကြောင့် ဘေးနားရှိ လူတွေက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သော်လည်း သူတို့သည် တစ်ခုခုက မူမမှန်ဘူးဟု စတင် ခံစားလာရပြီး နားထောင်နေခဲ့ကြသည်။
“သေစမ်း။ စုန့်ဟွိုက်ဟွာပြောတာ သူက ရှေ့ရက်တုန်းက တပ်မဟာရဲ့ အရှေ့ဘက် တံခါးနားမှာ ကြက်ကို ခိုးပြီး ရစ်သီရစ်သီ လုပ်နေတာကို တွေ့ခဲ့တယ်တဲ့။ ရှေ့ရက်တုန်းက အရှေ့အစွန်နားမှာ နေနေတဲ့ မုဆိုးမ စွန်းရဲ့ အိမ်က ကြက်ပျောက်သွားတယ်မလား။”
“မုဆိုးမစွန်းက အရမ်းဒေါသထွက်ပြီး အပြင်ဘက်မှာ အကြာကြီး ပြောဆိုနေတာ။ အအေးမိမလိုတောင် ဖြစ်သွားသေးတယ်။”
“သေစမ်း။ နှစ်သစ်ကူး မတိုင်ခင်က ငါလည်း တစ်ကောင် ပျောက်သွားတယ်။ အဲ့ဒါက ထူးဆန်းတယ်ဆိုပြီး ငါ့မိန်းမက ပြောနေတာ။ ဘာလို့လဲဆိုတော့ ဒီနှစ်က သိပ်ပြီး နှင်းမှ မကျတာ။ အဲ့တော့ တောင်ပေါ်က အကောင်တွေက အစာမရှိတော့လို့ တောာင်အောက်ကို ဆင်းလာမှာမှ မဟုတ်တာ။”
“အဲဲဒါ ဟုတ်တယ်။ ရှေ့နှစ်တုန်းက ငါတို့တွေ အများကြီး ပျောက်ကြတယ်ဆိုပေမယ့် ဒီလောက် အများကြီးတော့ မဟုတ်ဘူး။ ငါလည်း သိချင်လိုက်တာ။”
“သူ့ကို သေအောင်ရိုက်ပစ်။ မဟုတ်သေးဘူး။ ငါလည်း သွားပြီး သူ့ကို နည်းနည်းလောက် ရိုက်ဦးမယ်။ ဒီမိသားစုက တော်တော်ကို မရှက်မရှိတာပဲ။ သူတို့က ငါတို့ ရွာထဲကို ခိုးဝင်လာကြတာ။”
အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ မိသားစု တစ်စုကို ကြက်နှစ်ကောင်လောက်ပဲ မွေးလို့ ရပြီး ရုန်းကန်နေရချိန် သူခိုးတွေက အရမ်း စိတ်ပျက်ဖို့ ကောင်းသည်။ ဒါပေမယ့် ဝမ့်ယောင်ကျုံးကတော့ အကောင်းဆုံးပါပဲ။ ဒီဆောင်းတွင်းမှာတင် ခိုးသွားတဲ့ ကြက်တွေက ဆယ်ကောင်ထက် မနည်းပဲ။
ပိတ်ရက်ကျရင် သူက ဒီမှာပဲလား။ ဒါမှမဟုတ် မင်းရဲ့ဘဝ တိုးတက်ဖို့ သူက ရွာကို ပြန်လာမှာလား။
အဲ့ဒါကို တွက်ချက်ကြည့်ရင် သူတို့ မိသားစု သုံးယောက်က ငါးရက်၊ ခြောက်ရက်လောက်ကို ကြက်တစ်ကောင်နှုန်း စားနေကြတာ။ ဒီနှစ်ထဲမှာ ဝမ့်ယုံရွှင်းနဲ့ လီချွမ်းကျင်တို့ ဝိတ်တက်လာတာ အံ့သြစရာ မရှိတော့ဘူး။
ထိုအတင်းတုပ်သည့် မိန်းမသည် အစက ထျန်းမိသားစုရဲ့ ဆွေမျိုးများထဲမှ ဖြစ်သည်။ သူမသည် သူခိုးတစ်ယောက်အား ရိုက်နေသည်ကို ကြားကြတဲ့အခါ သူမကို ထောက်ခံပေးဖို့ တစ်မျိုးလုံး ရောက်လာကြသည်။ အခုဆိုရင် ဝမ့်ယောင်ကျုံးက မိသားစုတွေ အများကြီးထံမှ ခိုးခဲ့ကြောင်းကို ကြေညာခဲ့သည့်အတွက် လူတိုင်းက မနေနိုင်တော့ပါ။
သူတို့ထဲမှ အချို့က နှစ်သစ်ကူးအတွက် ကြက်ကို သတ်ဖို့ လုပ်ထားကြသော်လည်း ဒီနှစ်မှာတော့ သူတို့ မစားခဲ့ရပါ။ တချို့က သူတို့အတွက် ဥဥဖို့ မွေးထားကြသော်လည်း အကုန် ကုန်သွားပြီ ဖြစ်သည်။
တစ်နှစ်မှာ အသားကို တစ်ခါ၊ နှစ်ခါသာ စားရသော မိသားစုအချို့လည်း ရှိသည်။ သူတို့သာ ကြက်များကို ဆုံးရှုံးလိုက်ရပါက သူတို့သည် ကြက်များကို မစားလိုက်ရုံသာမက ဘာအကြောင်းမှ မရှိဘဲနဲ့လည်း အရိုက်ခံရမည် ဖြစ်သည်။
“သူ့ကို သေအောင်ရိုက်ပစ်။ အရှက်မရှိကြဘူး။ ငါ့အိမ်က ကြက်တွေဆို ငါ တစ်နှစ်လုံး မွေးခဲ့ရတဲ့ ကြက်မတွေချည်းပဲ။ သူတို့က တစ်နေ့ကို တစ်လုံးလောက် ဥပေးနေကြတာ။ ပြီးတော့ အရမ်းလည်း ကောင်းတယ်။ ဆောင်းတွင်းဆို ငါ့မှာ အနွေးထည် လုပ်ဖို့ အချိန်တောင် မရှိဘူး။ ငါ့မှာတော့ ကြက်ခြံကို ကောင်းကောင်း ဂရုစိုက်၊ တံခါးတွေကို သံရိုက်၊ အမိုးတွေအုပ်နဲ့။ ငါ့မှာ သူတို့ကို ငါ့မိဘထက် ပိုပြီးတော့ သေချာ ဂရုစိုက်ပေးခဲ့ရတာ။ ပြီးတော့ ဒီလို သူခိုးလေးက သူတို့ကို ခိုးသွားတယ်။”
“သေစမ်း။ အဲ့နေ့တုန်းက ဝမ့်ယုံရွှင်း တောင်ရဲ့ အနောက်ဘက်မှာ တစ်ခုခု မြေမြှုပ်နေတာကို ငါတွေ့ခဲ့တယ်။ သူက ကြက်ရိုးတွေ၊ အမွှေးတွေကို မြေမြှုပ်နေတာ ဖြစ်ရမယ်။”
“သူ့ကို ရိုက်ကြ။ သူ့ကိုရိုက်ပြီးရင် အပြစ်ရှာဖို့ ဆွဲခေါ်သွားကြ။ သူ့ကို တံဆိပ်ရိုက်ပေးပြီး လမ်းမတွေပေါ်မှာ ချိတ်ဆွဲထားကြမယ်။”
လူတွေရဲ့ ဒေါက မြန်မြန်ပဲ ပျံ့နှံ့သွားပြီး သိပ်မကြာခင်မှာ တစ်ခုခု မှားနေတာကို လီချွမ်းကျင်က သိသွားခဲ့သည်။
မိန်းမတွေ အများကြီးက ရောက်လာကြပြီး သူမကို စတင် ရိုက်ခဲ့ကြသည်။ သူမကို အကြမ်းဆုံး ရိုက်နေသည့်သူမှာ မုဆိုးမစွန်း ဖြစ်သည်။
မုဆိုးမစွန်းက လူအများကို မျက်ရည်တွေနှင့် ရိုက်ကာ သူတို့ ရိုက်နေစဥ်အတွင်း လီချွမ်းကျင်ကို ထပ်ရိုက်ခဲ့သည်။
“အဲ့ကြက်က ငါ့သမီး အပြင်သွားရင် ထည့်ပေးဖို့ ထားထားတာဟဲ့။ နင်တို့က အသိစိတ်မရှိတဲ့ ကောင်တွေပဲ။ နင်တို့တွေ ငါ့ကြက်ကို စားတုန်းက စိတ်မကောင်း မဖြစ်ကြဘူးလား။ နင်တို့ စားလိုက်တာ ငါ့ကြက်မလား။ နင်တို့က ငါ့ရဲ့အသားတွေကို စားသွားကြတာပဲ။”
လီချွမ်းကျင်သည် အရိုက်ခံရပြီးနောက် နာကျင်စွာ အော်ဟစ်ခဲ့သော်လည်း ဘယ်သူကမှ သူမကို ဂရုမစိုက်ခဲ့ပါ။
လူတိုင်းက ဒေါသထွက်နေခဲ့သည်။ ထိုအချိန်တုန်းက ကြက်မွေးတာက ကန့်သန့်ထားသည့် ကိစ္စမျိုး ဖြစ်သည်။ မိသားစုတိုင်းက ရုန်းကန်နေခဲ့ရသည်။ အချို့ မိသားစုများမှာ ဘာဝင်ငွေမှ မရှိပါ။ ထို့ကြောင့် သူတို့က မြို့မှာ လဲလှယ်တဲ့ အလုပ်ကို လုပ်ဖို့ ကြက်မွေးသည့် အလုပ်အပေါ်မှာပဲ မှီခိုရသည်။ အဲ့ဒါက ကြက်တွေလား။ ဒါ သူတို့ မိသားစု အတွက်ကတော့ ဘဏ်တစ်ခုပဲ။
ဝမ့်ယောင်ကျုံးက မကောင်းတဲ့ကောင်ပဲ။ သူက လူတိုင်းရဲ့ ငွေရပေါက်ကို ဖျက်စီးခဲ့တာ။
ဒီတစ်ကြိမ်က အရင်တုန်းကနဲ့ မတူပေ။ အရင်တုန်းက လူတိုင်းမှာ ပွဲကိုကြည့်ဖို့ စိတ်မျိုးပဲ ရှိခဲ့ကြတာပင်။ ပြီးတော့ ဒီကိစ္စ မဖြစ်ခင်အထိ သူတို့က ပျော်ဖို့အတွက်ပဲ ကြည့်ခဲ့ကြတာ။
ဒါပေမယ့် သူခိုးက သူတို့ရဲ့ တပ်မဟာကို လာပြီး ဒီဆောင်းတွင်း တစ်တွင်းလုံး ကြက် ဆယ်ကောင်ကို ခိုးပြီး ပြစ်မှုတွေ ကျူးလွန်နေခဲ့တာ။ ဒါ သူတို့ရဲ့ ကိုယ်ပိုင် ကိစ္စ ဟုတ်တယ်လို့ပဲ သတ်မှတ်မှတ် မဟုတ်ဘူးလို့ပဲ သတ်မှတ်မှတ် ဒါက ဒေါသထွက်ဖို့ ကောင်းတုန်းပဲ။
မျှမျှတတ ပြောရရင် ကျေးလက်ဒေသမှာရှိတဲ့ ဘဝတွေက ခက်ခဲတယ်ဆိုသော်လည်း လူတိုင်းက အလားတူ ခံစားခဲ့ရသည်။ မဟုတ်တာ တစ်ခုခု ဖြစ်သည့်အခါ လူအများစုက အချင်းချင်း မျှဝေ ခံစားခဲ့ကြသည်။ သို့သော် သူတို့ရဲ့ ကိုယ်ပိုင် ဘဝတွေက အဆင်မပြေချိန်မှာ အခြားသူတွေရဲ့ ကြက်တွေ ခိုးတာကို ဘယ်သူက ရပ်တည်ပေးနိုင်မှာလဲ။
ထျန်းယိုဖု ရောက်လာသည့်အခါ လီချွမ်းကျင်နှင့် ဝမ့်ယောင်ကျုံးတို့က မမှတ်မိနိုင်လောက်အောင် အရိုက်ခံထားရသည်။
ထျန်းယိုဖုက တစ်ချက် ကြည့်လိုက်ပြီး တွေးခဲ့သည်။ ဟုတ်ပြီ။ ဒီပြဿနာကို အခု မရှင်းကြရအောင်။ အရင်းဆုံး ဒီလူတွေရဲ့ ဒဏ်ရာတွေကို ကြည့်ဖို့ ပို့ပေးကြမယ်။
တိုက်ဆိုင်စွာဖြင့် ဒီနေ့မှာတော့ ဝမ့်ရင်းက အဖွဲ့ထဲမှာ ရှိမနေပါ။ သူမက ဆေးဝယ်ဖို့ ရှုရွှမ်းနှင့်အတူ မြို့သို့ သွားကြသည်။
ထျန်းယိုဖုက ချက်ချင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ “သူ့ကို မြို့က ဆေးခန်းကို ပို့လိုက်ကြ။”
ဒါက အတိတ်ကနှင့် ကွဲပြားသည်။ အရင်ကဆို ထျန်းယိုဖုက ဒီလိုကိစ္စမျိုး ကြုံတွေ့ရသည့်အခါ သူစကားပြောလိုက်တာနှင့် တစ်ယောက်ယောက်က ချက်ချင်း လက်ကမ်းပေးကြသည်။ ထို့အပြင် သူတို့က တစ်ဖွဲ့တည်း ဖြစ်ကြပြီး သူတို့တွေ ဘယ်လောက်ပဲ ဆူညံနေပါစေ ကိစ္စမရှိဘဲ ဒီလို ကိစ္စကြီးမျိုး ကြုံတွေ့ရတာကို ဘယ်သူကမှ မမြင်ချင်ကြပါ။
ဒါပေမယ့် ဒီတစ်ကြိမ်တော့ မတူဘူး။
သူက သူခိုးပဲ။
အတင်းတုပ်သည့် အမျိုးသမီးက ပြောခဲ့သည်။ “အဲဲဒါကို ပေးချင်တဲ့သူ ပေးလိုက်ကြ။”
အနီးအနားတွင် ကြည့်နေကြသော လူအုပ်က အလားတူ ဖြစ်နေကြသည်။ ဘယ်တစ်ယောက်ကမှ လက်ကမ်းပေးဖို့ ဆန္ဒမရှိကြပါ။
ဒီအချိန်မှာတော့ လူတိုင်းက ထိုသူခိုးလေးအား မုန်းနေတာကို ထျန်းယိုဖုက သိနေခဲ့သည်။ သို့သော် သူက ဘာများ လုပ်နိုင်မှာလဲ။ သူက ဒီအဖွဲ့မှာ တာဝန်ရှိတဲ့သူ ဖြစ်ရမယ်လို့ ဘယ်သူက ပြောလိုက်လို့လဲ။
ထျန်းယိုဖုက တွေဝေသွားခဲ့သည်။ အခုလေးတင် သူအဲ့ကို ရောက်သွားချိန်မှာ လီချွမ်းကျင်က ရောက်လာခဲ့ပြီး ဝမ့်ယောင်ကျုံးက ရောက်ခံရပြီး သတိလစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ဝမ့်ယုံရွှင်းကိုတော့ မမြင်ခဲ့ပါ။
ထျန်းယိုဖုရဲ့ အကြီးဆုံးသားက ပြောခဲ့သည်။ “အဖေ၊ သူတို့မိသားစုထဲမှာ တစ်ယောက်မှ မရှိတော့ရင် ကူညီရတာက ပုံမှန်ပဲ။ ဒါပေမယ့် ဝမ့်ယုံရွှင်းက အဆင်ပြေတယ်။ တကယ်လို့ ကျွန်တော်တို့တွေ ဝင်ပါရင် သူက ကျွန်တော်တို့ ပေးလိုက်တဲ့ ဆေးဖိုးတွေ ပြန်မပေးရင် ဘယ်လိုလုပ်မလဲ။”
ထျန်းယိုဖုက မျက်မှောင်ကြုတ်ပြီး ခေါ်လိုက်သည်။ “တောင်ရဲ့ အနောက်ကိုသွား။ ပြီးရင် ဝမ့်ယုံရွှင်းက တစ်နေရာရာမှာ ပုန်းနေလားဆိုတာကို သွားကြည့်ကြ။”
ထျန်းယိုဖုက ပြန်လှည့်ပြီး ပြောခဲ့သည်။ “အဲ့ကိစ္စကို မပူနဲ့။ သူတို့ကို အဲ့နေရာဆီ အရင် ပို့လိုက်ကြ။ သူတို့က အဲ့ဒါကို ပြန်မပေးရင် သူတို့ရဲ့ လုပ်ခတွေထဲက ဖြတ်ပစ်မယ်။”
အဲ့မှာ အခြား ကိစ္စတစ်ခုခု ရှိခဲ့ရင် အဲ့ဒါက အဆင်ပြေမှာပါ။ ထျန်းယိုဖုရဲ့ တကယ့် ပြဿနာက မိသားစုများကို ပိုပြီး စောင့်ရှောက်ပေးရမည် ဖြစ်သော်လည်း သူက ဝမ့်ယုံရှင်းတို့ မိသားစုနဲ့တင် အတော်လေး ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။
ဘယ်သူကများ ဒီမိသားစုကို စောင့်ရှောက်ပေးချင်မှာလဲ။
ဒါက ဘယ်လိုကိစ္စမျိုးလဲ။
ထျန်းယိုဖုက အင်တင်တင်ဖြစ်နေသော သူ့ရဲ့ အကြီးဆုံးသားနှင့် ဒုတိယသားအား ဝမ့်ယောင်ကျုံးနှင့် လီချွမ်းကျင်ကို မြို့က ဆေးခန်းကို ခေါ်သွားဖို့ ပြောလိုက်သည်။ ထို့နောက် သူက အခြေအနေကို ပြန်ကြည့်ဖို့ သွားခဲ့သည်။
သို့သော် အဖွဲ့ထဲက လူတိုင်းသည် မကျေနပ်ဘဲ ကျိန်ဆဲနေကြဆဲ ဖြစ်သည်။
“ဒါက ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ မိသားစုမျိုးလဲ။ ဝမ့်ယုံရွှင်း၊ သူ့မိန်းမနဲ့ သား အကုန်လုံးက စိတ်ပျက်စရာတွေပဲ။”
သူတို့က ရိုက်ခံရပေမယ့် ဘယ်သူကမှတော့ ဒီတိုင်း မပြီးသွားနိုင်ဘူး။
သူခိုးတစ်ယောက်ကို ခိုးတဲ့အတွက် ရိုက်သင့်တယ်။ ဒါပေမယ့် ရိုက်ပြီးတာတောင် သူက ကြက်တွေကို ပြန်ပေးဖို့ မရှိဘူးမလား။
မဖြစ်နိုင်ဘူး။
ထို့နောက် ထျန်းယိုဖုက အဖွဲ့ထဲသို့ ပြန်လာသည့်အခါ အရာရာက အသည်းအသန် ဖြစ်နေတာကို သူတွေ့ခဲ့ရသည်။
တော်လှန်ရေး တပ်ဖွဲ့ထဲမှ လူများကလည်း သူ့ကို တပ်မဟာထဲမှာ စောင့်နေခဲ့ကြပြီ ဖြစ်သည်။
တော်လှန်ရေး အဖွဲ့က ဒီကိုရောက်နေတာ ကြာလှပြီ ဖြစ်သည်။ သူတို့ ဒီကို ရောက်လာကတည်းက အဲ့ဒါကို စစ်ဆေးဖို့ ဟန်ပြင်နေကြသည်။
သူတို့က ဝမ့်ယုံရွှင်းရဲ့ အိမ်တံခါးကို ကလန့်ပြီး ဖွင့်ခဲ့ရုံသာမက အိမ်ထဲကိုဝင်ကာ လှန်လှော ရှာဖွေခဲ့ကြသည်။ သူတို့က ရှာဖွေနေရင်း ဝမ့်မိသားစု မစားရသေးသော ကြက်သား တစ်ခြမ်းကို တွေ့ရှိခဲ့သည်။ ခြံဝန်းရဲ့ ထောင့်မှာ မရှင်းရသေးသော ငှက်မွေးတစ်ပုံကလည်း ရှိနေခဲ့သည်။
အခု သက်သေတွေက ခိုင်မာနေပြီ။ ဘေးက ကြည့်နေတဲ့သူတွေ ကြားထဲမှာ မုဆိုးမစွန်းက ဒါ သူမပိုင်တဲ့ ကြက်က ကြက်မွှေးတွေဆိုတာ တစ်ချက် ကြည့်လိုက်ရုံနဲ့ ပြောနိုင်သည်။
သူမရဲ့အိမ်မှာ ဝါဖန့်ဖန့် အရောင်ရှိသည့် ကြက်မတစ်ကောင် ရှိသည်။ ထောင့်မှာ ရှိနေတဲ့ ကြက်မွှေးတွေနဲ့ အရောင်တူတူပဲ မဟုတ်လား။
မုဆိုးမစွန်းက ဒေါသထွက်လာကာ လီချွမ်းကျင်ကို ထပ်ရိုက်ချင်လာခဲ့သည်။ ဒီကြက်က သူမသမီး မင်္ဂလာဆောင်ပွဲကျရင် ဧည့်သာ်တွေကို ကျွေးဖို့အတွက် ထားထားတာ။ သူမက ဒီကိစ္စအတွက် ရက်တွေအများကြီး ငိုခဲ့ရတာ။
ထိုနေရာတွင် တော်လှန်ရေး အဖွဲ့ထဲမှ လူနှစ်ယောက်သာ ရှိသည်။ တစ်ယောက်က ဆံပင်ကို နောက်ပြန်သပ်ထားပြီး ဖြူဖွေးသည့် မျက်နှာနှင့် လူငယ်ဖြစ်ကာ နောက်တစ်ယောက်က အတော်လေး အတွေ့အကြုံ မရှိသည့် လူသစ်တစ်ယောက် ဖြစ်သည်။
လူနှစ်ယောက်က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည့်အခါ သူတို့က ချက်ချင်း ဝမ့်ယောင်ကျုံးကို ဖမ်းဆီးကာ ခေါ်သွားချင်ခဲ့သည်။
တကယ်တမ်းမှာ အခုချိန် တပ်မဟာရဲ့ လုပ်ငန်း တစ်စိတ်တစ်ပိုင်းသည် တော်လှန်ရေး အဖွဲ့၏ လက်အောက်တွင် ရှိသည်။ ဝမ့်ယောင်ကျုံးလို နာမည်ပျက်ရှိပြီး မကောင်းသည့် သူများကို တော်လှန်ရေး အဖွဲ့က အရင်ဆုံး ခေါ်သွားမည် ဖြစ်သည်။ ထို့နောက် သူတို့ကို စစ်ဆေးပြီး တပ်မဟာထံသို့ လွှဲအပ်ခဲ့ကြသည်။
ထျန်းယိုဖု ပြန်လာချိန်တွင် ဒီလို အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရသည်။
သူက ကျိန်ဆိုရုံက လွဲလို့ ဘာမှ မတက်နိုင်ဘဲ ဘယ်သူက မြန်မြန်သွားပြီး တော်လှန်ရေး အဖွဲ့ဆီ သွားတိုင်လိုက်လဲ ဆိုတာကို ဘယ်သူက သိနိုင်ပါ့မလဲ။