← Chapters

အခန်း (၈၃-၈၄)

Vol. 7 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 7 Ch. 83-84

အပိုင်း ၈၃

ထျန်းယိုဖုက ဝမ့်မိသားစုကို မထောက်ခံပေးချင်ပါ။ သို့သော် သတင်းပို့တာ ဒါမှမဟုတ် အချို့ ကိစ္စမျိုးကိုသာ သတင်းပို့တာက မတူညီသော ကိစ္စနှစ်ခု ဖြစ်သည်။ တကယ်လို့ အဲ့ကိစ္စကို သတင်း မပို့ခဲ့ပါက ထျန်းယိုဖုက ထိုကိစ္စကို ဒီအတိုင်း ထားလိုက်မည် မဟုတ်မှာ သေချာသည်။ အနည်းဆုံးတော့ လူတိုင်းရဲ့ ဆုံးရှုံးမှုများကို ဝမ့်ယုံရွှင်းအား အလျော်ပေးခိုင်းဖို့ ပြောလိမ့်မည် ဖြစ်သည်။

သို့သော် တစ်ခါ သတင်းပို့ပြီးတာနှင့် ဆုံးဖြတ်ချက် ချပေးရသည့် အခွင့်အာဏာက သူ့လက်ထဲတွင် သိပ်အကြာကြီး ရှိတော့မည် မဟုတ်ပါ။

ထျန်းယိုဖု စိတ်မကောင်း ဖြစ်သွားခဲ့သည်။ ဝမ့်ယောင်ကျုံးမှာ ဒီလို ကိစ္စမျိုးက ဖြစ်ခဲ့ပြီး သူက ကိုယ့်ကိုကိုယ် ဝေဖန်ရမည် ဖြစ်သည်။ သူသည် တပ်မဟာရဲ့ အရှေ့မှာ သူ့ရဲ့ အပြစ်ကို ဝန်ခံရမည်ဖြစ်ပြီး သူက ဒီကိစ္စကို ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူးဟုလည်း ပြောရမည် ဖြစ်သည်။ ဒီနှစ်မှာ အဖွဲ့ရဲ့ အထူးတပ်သား ဖြစ်လာမယ့် သူ့ရဲ့ မျှော်လင့်ချက်မှာ ရေးရေးလေးသာ ရှိတော့သည်။

ထျန်းယိုဖုက ထိုအကြောင်းကို တွေးလေလေ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ခံစားမိလေလေ ဖြစ်သည်။

တပ်မဟာထဲတွင် ကြက်များ ပျောက်နေတာကို သူသိသော်လည်း ဒါတွေဟာ ခိုးခံရတာပါဟု ဘယ်သူကမှ မတွေးမိခဲ့ကြပါ။ ထျန်းယိုဖုက မဖြစ်သင့်ဘူးဟု ခံစားခဲ့ရသည်။

သူသည် နှစ်တိုင်း တောဝက်တွေကို လုပ်ခဲ့သလိုမျိုး လုပ်ရပ်မျိုးကို ကာကွယ်နိုင်ရန် မိသားစုတိုင်းက သူတို့ရဲ့ တံခါးများကို သေသေချာချာ ကြည့်ထားကြသည်။

ထို့အပြင် သူတို့ရဲ့ တပ်မဟာက တင်းကြပ်သည့် စီမံမှုမျိုး ရှိပြီး အချို့သော မတည်ငြိမ်သည့် ကိစ္စများကို ထျန်းယိုဖုက ဖြေရှင်းပြီးသား ဖြစ်သည်။

သူက အဖွဲ့တွင် သူခိုးတစ်ယောက် ရှိနေမယ်ဟု တကယ်ကို မထင်ထားခဲ့ပါ။

ထိုသူခိုးလေးက အတော်ကို အတင့်ရဲသည်။

တကယ်လို့ သူက နှစ်သစ်ကူး ပြီးတဲ့အထိ ခိုးတာကို ရပ်လိုက်ရင်တောင် လူအများစုက ကြက်တွေကို ဆက်မွေးပြီး ကြက်ဥတွေ ဥခိုင်းကြမှာ။ အဲ့ဒါကြောင့် သူတို့က ကြက်တွေကို အနီးကပ် ကြည့်နေကြတာ။ ပြီးရင် ရာသီဥတုက နွေးလာရင် တောရိုင်းကောင်တွေက တောင်အောက်ကို ဆင်းလာကြတော့မှာ မဟုတ်ဘူး။

ဒီအချိန်ထိ သူက ခိုးနေတုန်းပဲ။ သူက တစ်ခြားသူတွေ ဖမ်းမိသွားအောင် ကိုယ့်လည်းပင်းပေါ် ကိုယ့်ဘာသာ ကြိုးကွင်းစွပ်နေသလိုပဲ။

ဝမ့်ယောင်ကျုံးက ပြဿနာတစ်ခု ရှာပြီးနောက် ထျန်းယိုဖုက မျှော်လင့်ချက်ကို လက်မလျှော့သေးပါ။ သူက တော်လှန်ရေး အဖွဲ့က လူများကို မြင်သည့်အခါ သူတိူ့အပေါ်မှာ သူက ဂရုဏာ ရှိနေသလိုမျိုး ဖြစ်နေခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတော့ ဂရုမစိုက်ဘူး။

လူသစ်လေးက အသည်းအသန် ဖြစ်နေပုံရကာ ဆောင်ပုဒ် အနည်းငယ်ကို ရွတ်လိုက်သည်။ ထို့နောက် ဝမ့်ယောင်ကျုံးက ကြက်ဘယ်နှစ်ကောင် ခိုးခဲ့လဲ ဆိုတာကို မေးခဲ့သည်။ သူက အကောင်များကို ရေတွက်လိုက်ပြီး သူခိုးထားသော အကောင်မှာ ဆယ်ကောင်ရှိပြီ ဖြစ်ပြီး ဒီနေ့ မခိုးရသေးသော တစ်ကောင်ပါဆိုရင် စုစုပေါင်း ၁၁ကောင် ရှိပြီ ဖြစ်သည်။

အခုချိန်မှာ ကြက်တွေက စျေးမပေါပါ။ အထူးသဖြင့် တစ်နှစ်လောက် မွေးထားသော ကြက်မျိုးဆို ပိုပြီး စျေးကြီးသည်။ သူတို့က အလေးချိန် များပြီး စျေးကလည်း မြောက်နေပြီ ဖြစ်သည်။

ဆံပင်ကို အနောက်သပ်ထားပြီး ဖြူဖွေးသော မျက်နှာနှင့် လူငယ်က ဆုံးဖြတ်ခဲ့သည်။ “ စျေးနှုန်းက ၃ယွမ်ပဲ။”

ကြက်တစ်ကောင်ကို သုံးယွမ်ဆိုတာက ပုံမှန်ပဲ။

ဒါပေမယ့် ဘေးက ကြည့်နေသူတွေက မကျေနပ်ကြပါ။

ကြက်တစ်ကောင်ကို သုံးယွမ်ဆိုပေမယ့် ကြက်တစ်ကောင်လောက် ရှိတာမျိုးက ပိုပြီး ကောင်းလိမ့်မယ်။

ကောင်းကောင်း မွေးထားတဲ့ ကြက်မျိုးဆိုရင် ဥတွေတောင် ဥပေးနိုင်တယ်။

မည်သို့ပင် ဖြစ်စေကာမူ တော်လှန်ရေး အဖွဲ့က လူသိများသည့်အတွက် ဘယ်သူကမှ စောဒက မတက်ရဲကြပါ။ သူတို့က မကျေနပ်စွာဖြင့် ထျန်းယိုဖုကိုသာ ကြည့်နိုင်ကြတော့သည်။

ထျန်းယိုဖု - …..

အဲ့ဒါကိုလုပ်ဖို့ ငါ့ကိုကြည့်နေကြ။

ထျန်းယိုဖုက တကယ်ကို ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ သူက ဒီနှစ်ထဲမှာ ထိုက်စွေ့ကို စော်ကားမိခဲ့ဖူးလား ဆိုတာကိုတောင် သိချင်လာခဲ့သည်။ နှစ်သစ်ကူးမှာ ဘာလို့ အရမ်း ပြဿနာတွေ များနေရတာလဲ။

တော်လှန်ရေး အဖွဲ့က လူများသည် ဝမ့်ယောင်ကျုံးက ဆေးရုံမှာ ဆိုတာကို ကြားသည့်အခါ သူတို့က ချက်ချင်းဆိုသလိုပဲ မကျေမနပ် ဖြစ်သွားကြသည်။

“မကောင်းတဲ့ ဒီလိုကောင်မျိုးကို ရိုက်တယ် ဆိုတာက ဖြစ်သင့်တဲ့ အရာပဲလေ။ သူ့ကို ဆေးကုပေးဖို့ ဘယ်လိုလုပ်ပြီး ဆေးခန်းကို ပို့ပေးနိုင်ကြတာလဲ။ ငါ့ရဲ့အမြင်မှာတော့ ငါတို့တွေ သူကျူးလွန်ထားတဲ့ ပြစ်မှု အချက်အလက်တွေကို အရင်ဆုံး ရှင်းပြသင့်တယ်။”

ဆံပင်ကို နောက်ပြန်သပ်ထားပြီး ဖြူဖွေးနေသော မျက်နှာနှင့် လူငယ်က ယဥ်ယဥ်ကျေးကျေး ပြောခဲ့သော်လည်း အပြုအမူတွေကတော့ ကြင်နာမှု မရှိပါ။

ထျန်းယိုဖုက ပြောခဲ့သည်။ “သူ့မှာ ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။ ကျန်းမာရေး ဝန်ထမ်းက သူ ဒီနေ့ ဆင်းလို့ရပြီလို့ ပြောတယ်။”

ဝမ့်ယောင်ကျုံးသည် သူက သူရဲဘော ကြောင်တာလား ဒါမှမဟုတ် ဘာလဲဆိုတာကို မသိခဲ့ဘဲ အစောပိုင်းတွင် သူက သတိလစ်ချင်ယောင် ဆောင်ခဲ့သည့်အတွက် လီချွမ်းကျင်လောက် အရမ်းကြီး အရိုက် မခံခဲ့ရပါ။ ထို့ကြောင့် သူ့ကို ဆေးခန်းပို့ချိန်မှာ သူတို့က ဒါဟာ အပေါ်ယံ ဒဏ်ရာ သပ်သပ်ပဲဟု ပြောခဲ့ကြသည်။

လူသစ်လေးရဲ့ မျက်နှာတွင် အသည်းအသန် ဖြစ်နေသည့်ပုံ ပေါ်နေဆဲ ဖြစ်သည်။ သူက ထျန်းယိုဖုအား သူနှင့်အတူ လူတွေကို ခေါ်သွားဖို့ ပြောခဲ့ပြီး သူက စုံစမ်းစစ်ဆေးရန် ဝမ့်ယောင်ကျုံးကို ခေါ်သွားမည် ဖြစ်သည်။

ဒီလူက ကြက်တစ်ကောင်ကို ခိုးပြီးကတည်းက သူဟာ အခြားအရာများကိုလည်း လုပ်ပြီးပြီ ဖြစ်ကိုဖြစ်ရမယ်ဟု သူက ခံစားခဲ့ရသည်။

မကောင်းတဲ့လူတွေ အကုန်လုံးက ဒီလိုချည်းပဲ။ သူ့မှာ အတွေ့အကြုံရှိတယ်။

ထျန်းယိုဖုက သဘောတူခဲ့ပြီး ဝမ့်ယောင်ကျုံးကို ခေါ်သွားမည့် လူတစ်ယောက်ကို ရှာရန် ပြောခဲ့သည်။

တော်လှန်ရေး အဖွဲ့က လူနှစ်ယောက်ကို အဝေးသို့ ပို့ပြီးနောက် ထျန်းယိုဖုက စိတ်တိုစရာ လူကို စတင်ပြီး ရှာဖွေခဲ့သည်။

“ဝမ့်ယုံရွှင်းဆိုတဲ့ကောင် ဘယ်မှာလဲ။ အဲ့ခွေးကောင် ဘယ်နေရာမှာ ပုန်းနေလဲ။”

သားက အပြစ်တစ်ခုခု လုပ်တယ်ဆိုရင် အဲ့ဒါ အဖေရဲ့ အပြစ်ပဲ။ တိတိကျကျ ပြောရရင် ထျန်းယိုဖုက ပြဿနာ ကြုံတဲ့အခါမျိုးဆို ဒေါသပြေဖို့ ဝမ့်ယုံရွှင်းကိုပဲ မဲခဲ့တာ။

တော်လှန်ရေး အဖွဲ့က ဝမ့်ယောင်ကျုံးကို ခေါ်သွားသည့်အတွက် သူက ဝမ့်ယုံရွှင်းကို ဖမ်းပြီး ကောင်းကောင်း ရိုက်တော့မည် ဖြစ်သည်။ ထို့နောက် ဘာလုပ်ဖို့ စီစဥ်ထားလဲ ဆိုတာကို မေးတော့မည် ဖြစ်သည်။

အဖွဲ့ထဲက လူတွေကလည်း ဝမ့်ယုံရွှင်းကို လိုက်ရှာနေကြသည်။ ဒီလူက တောင်ပေါ်မှာ ပုန်းနေတာ ဖြစ်ရမယ်ဟု သူတို့ အားလုံးက တွေးမိကြသည့်အတွက် တောင်ပေါ်တက်ပြီး သူ့ကို ရှာဖို့အတွက် လူ သုံး၊ လေး၊ ငါးယောက်ကို ချက်ချင်း စုလိုက်ကြသည်။

ထျန်းယိုဖုသည် ဝမ့်ယုံရွှင်းကို ကောင်းကောင်း ရိုက်ပစ်ရဖို့အတွက် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။

လီချွမ်းကျင်က ငတုံးတစ်ယောက်လို့ပဲ သူက အမြဲတမ်း ထင်နေခဲ့တာ။ ဒါပေမယ့် အခုတော့ လီချွမ်းကျင် ငတုံးမဟုတ်ဘဲ သူ့ကိုယ်သူ ကောင်းကောင်း ပုန်းကွယ်ပြီး နေနိုင်တဲ့ ဝမ့်ယုံရွှင်းက ငတုံးပဲ။

ဝမ့်ရင်းအကြောင်း ပြောရအောင်။ ဒီတစ်ခေါက် ဝမ့်ရင်းက ဆေးသွားဝယ်ဖို့ မြို့ကို တက်သွားတာပင်။ အဲ့ချိန်မှာ ရှုရွှမ်းကလည်း သူ့အတွက် လိုအပ်တာတွေ ဝယ်ဖို့ ဆုံးဖြတ်ထားသည်။

သူတို့နှစ်ယောက်က မြို့ကို ရောက်သွားခဲ့ကြသည်။ အရမ်း စောနေသည့်အတွက် ဝမ့်ရင်းက ရှုရွှမ်းကို မေးခဲ့သည်။ “ဘာလို့ ကျွန်မတို့တွေ အရင်ဆုံး စားသောက်ဆိုင်ကို မသွားကြတာလဲ။”

အခုက အလုပ်ကို ပြန်သွားရတော့မယ့် အချိန်ပဲဟု ရှုရွှမ်းကလည်း ခံစားမိခဲ့သည်။ ထို့ကြောင့် သူတို့ နှစ်ယောက်လုံးက အရင်ဆုံး နိုင်ငံပိုင် စားသောက်ဆိုင်သို့ သွားခဲ့ကြသည်။

သူ အဲ့ကို ရောက်သွားတော့ ရှစ်နာရီမ ဖွင့်မယ့်နိုင်ငံပိုင် စားသောက်ဆိုင်ကို တွေ့ခဲ့ရသည်။ အဲ့မှာ လူမရှိရုံတင်မကဘူး၊ တံခါးတောင် မဖွင့်သေးဘူး။

ရှုရွှမ်းက မျက်မှောင်ကြုတ်လိုက်သည်။ ဟိုတယ် တစ်ခုက ဒီလိုဖြစ်လိမ့်မယ်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပါ။

ဒါက အပြင်အလုပ်ပဲလေ။ ဘယ်လိုဖြစ်လို့ သူက အလုပ်ကို အချိန်မှန် မလုပ်နိုင်ရတာလဲ။

ဝမ့်ရင်းသည် ခနလောက် သက်ပြင်းချခဲ့သည်။ ထို့နောက် အရင်ဆုံး ရှုရွှမ်းကို ခေါ်သွားခဲ့သည်။ “ကြည့်ရတာ ရှဲ့ယွဲ့ကျင်းက ဒီတစ်ခေါက်မှာ သူ့ရှေ့ရေးအတွက် ပိုက်ဆံကို ပိုလိုချင်တဲ့ ပုံပဲ။”

မနှစ်တုန်းက ရှဲ့ယွဲ့ကျင်းသည် စားသောက်ဆိုင်မှာ နေရာတစ်ခုရဖို့ အလုပ် ကြိုးစားတာ ဒါမှမဟုတ် တစ်ခုခုကို တိတ်တဆိတ် ဖုံးကွယ်ထားသည်ကို လေ့လာမိခဲ့ကြသည်။ သို့သော် နောက်ပိုင်းမှာ ရှုရွှမ်းက သူ့ကို မီးဖိုချောင်ထဲသို့ ဝင်ခိုင်းတော့မည် မဟုတ်မှာ သေချာသည်။

ဒီနှစ်ပိုင်းက နှစ်ခုလုံး အရေးကြီးသည်။ ပြီးတော့ သူက တစ်ခုကို ရွေးရင် တစ်ခြား တစ်ခုရဲ့ အကျိုးအမြတ်တွေကို ရနိုင်မှာ မဟုတ်ဘူပေ။

ဒီလူက ဉာဏ်ကောင်းတယ်ဟု ဝမ့်ရင်းက အမြဲတမ်း တွေးမိခဲ့ပြီး သူအများဆုံး တွေးနေသည့် အရာမှာ အရင်ဆုံး ရှုရွှမ်းရဲ့ နေရာကို ဖယ်ထုတ်ပစ်ကာ သူ့ကိုယ်ကျိုးကို ရှာဖို့အတွက်သာ ဖြစ်သည်။

သို့သော် အခုဆိုရင် ဒီလူက ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ကြောင်း စိတ်ထဲတွင် တွေးနေသည်မှာ သိသာနေခဲ့သည်။

သူတို့က မနက်ပိုင်းမှာ ဘာမနက်စာမှတောင် မလုပ်ကြဘူး။ ပြီးတော့ သူတို့က ပေါက်စီလည်း မရောင်းကြဘူး။ သူတို့က အကုန်လုံးကို ဝအောင် စားဖို့အတွက် စီစဥ်ထားကြတာလား။

ရှုရွှမ်းက ဝမ့်ရင်းရဲ့ လက်ချောင်းများကို တင်းကြပ်စွာ ညှစ်လိုက်ပြီး သူမက ဘာတွေ တွေးနေလဲဆိုတာကိုတော့ မသိခဲ့ပါ။

သူတို့နှစ်ယောက်က အေးနေသော လေထုထဲမှာ ဘက်စ်ကားကို စောင့်နေခဲ့ကြသည်။ ရှုရွှမ်းက သူ့အတွေးတွေကို ခနဖယ်ထားပြီး ဝမ့်ရင်းရဲ့ လက်ကို နွေးသွားအောင် သူ့ရဲ့ အိတ်ကပ်ထဲ ထည့်ခဲ့ကာ အဲ့လိုမျိုး ရုတ်တရက် ပြုမူခဲ့သည်။

ဝမ့်ရင်းက သူမရဲ့ ခေါင်းကို ရှုရွှမ်းရဲ့ လက်ဖြင့် ကြည်နူးစွာ ပွတ်သပ်လိုက်သည်။ သူတို့ နှစ်ယောက်လုံးက နွေးနွေးထွေးထွေး ဝတ်ထားခဲ့ကြပြီး သူတို့ရဲ့ နားတွေကသာ အေးနေခဲ့သည်။

ရှုရွှမ်းသည် အိမ်က ထွက်လာတုန်းက သူ့ရဲ့ ဦးထုပ်ကို ယူရန် မေ့ခဲ့သည့်အတွက် အရမ်း ဝမ်းနည်းနေခဲ့သည်။ ထိုအချိန်မှာ ဝမ့်ရင်းက သူမအတိတ်ဘဝရဲ့ ကလေးဘဝမှာ သုံးခဲ့သည် မှော်ဆန်ဆန် ပစ္စည်းဖြစ်သော နားအကာလေးကို သတိရသွားခဲ့သည်။

ဘုရားရေ၊ ဆောင်းတွင်းက မကြာခင်ပဲ ကုန်တော့မယ်။ နောက်နှစ် ဆောင်းတွင်းကျရင် သူမက ရှုရွှမ်းရယ်၊ အမျိုးသမီးကြီးရှုရယ်နှင့် သူမအတွက် နားအကာတစ်စုံလောက် ဝယ်ရတော့မည် ဖြစ်သည်။

ကားက သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ လာခဲ့သည်။ ထိုအချိန်တုန်းက လမ်းတွေသည် အရမ်း ချော်နေသည် ဖြစ်သည့်အတွက် ဒါက ပုံမှန်ပဲ ဖြစ်သည်။

ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က ကားပေါ်ကို တက်ခဲ့ကြသည်။ အံ့သြဖို့ကောင်းတာက ကားပေါ်တွင် လူအများကြီး ရှိမနေဘဲ ထိုင်ခုံ အလွတ်တစ်နေရာ ရှိနေသေးသည်။

ရှုရွှမ်း ဝမ့်ရင်းကို နေရာမှာ အတင်း ထိုင်ခိုင်းလိုက်ပြီး သူကတော့ ဝမ့်ရင်းကို မျက်နှာမူထားခဲ့သည်။

သူတို့နှစ်ယောက် မြို့ကို ရောက်သည့်အခါ အရင်ဆုံး ရှုရွှမ်းက ဆရာချမ်တုန့်ကို တွေ့ဖို့ ဝမ့်ရင်းကို ခေါ်သွားခဲ့သည်။

ဒီတစ်ခေါက်မှာတော့ သူတို့က ချမ်တုန့်ရဲ့ အိမ်ကို မသွားခဲ့ကြဘဲ မြို့ထဲက နိုင်ငံပိုင် စားသောက်ဆိုင်ကို သွားခဲ့ကြသည်။

ဝမ့်ရင်းက စားသောက်ဆိုင်ထဲသို့ ဝင်လာသည့်အခါ သူမက ထပ်ပြီး လမ်းမလျှောက်နိုင်တော့ပါ။ မြို့က နိုင်ငံပိုင် စားသောက်ဆိုင်က…..

အကြီးကြီးပဲ။

ဒီဆိုင်က မြို့သုံးမြို့စာလောက်ရှိတဲ့ နိုင်ငံပိုင် စားသောက်ဆိုင်လို အကြီးကြီးပင်။

အရှေ့ဘက်မှာ ပိုက်ဆံကောက်နေသည့် လူနှစ်ယောက် ရှိပြီး ဘေးမှာ အချောင်ခိုကာ စကားများနေသော စားပွဲထိုး အနည်းငယ် ရှိနေခဲ့သည်။

ရှုရွှမ်းက ထိုနေရာကို ရင်းနှီးနေပြီး သူ့ရဲ့ ဆရာကို စကားပါးပေးဖို့ လူတစ်ယောက်ကို ပြောခဲ့သည်။ ခနကြာပြီးနောက် ချမ်တုန့်သည် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

“အို့၊ ဒီနှစ်ဆောင်းတွင်းကို မင်းက တပ်မဟာထဲမှာပဲ အချိန်ဖြုန်းနေတာ မဟုတ်ဘူးလား။ မင်း အစောကြီး ထွက်လာတာပဲ။”

ချမ်တုန့်ရဲ့ အမြင်၌ အကြာကြီးနေမှ ရှားရှားပါးပါး မြင်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့တွေ့သည့်အခါ သူက ဝမ့်ရင်းကို ဖရုံစေ့ လက်တစ်ဆုတ်စာ ပေးခဲ့ခြင်း ဖြစ်သည်။

ဝမ့်ရင်းမှာ ဘေးနားမှာ ပျော်ပျော်ကြီး ဖရုံစေ့ကို ခွာနေခဲ့သည်။ ထိုအချိန်မှာ ရှုရွှမ်းက သူ့ဆရာနှင့် စကားပြောနေခဲ့သည်။ သူက ဝမ့်ရင်းရဲ့ အနောက်မှာ မပြောသော်လည်း သူ့အသံက တော်တော်လေး တိုးသည်။

ကံကောင်းစွာဖြင့် ဝမ့်ရင်းက အကြားအာရုံ ကောင်းမွန်ပြီး ဘာအကြောင်းအရာကိုမှ လွတ်မသွားခဲ့ပါ။

ချမ်တုန့် - “ဒါက အရင်တုန်းက ပမာဏနဲ့ တူတူပဲ။ အဲ့ဒါကို စောစော ပြင်ထားလိုက်။ ပြီးရင် နောက် ရက်နည်းနည်းလောက် ကြာရင် အဲ့ဒါကို ငါ့ဆီ ပို့ပေးလိုက်။”

ရှုရွှမ်း - “ဆရာ ငါးရော လိုချင်လား။”

ချမ်တုန့် - “ မင်းမှာ ငါးရှိတာလား။ မင်း အရင်တစ်ခေါက်က ယူလာတဲ့ ငါးတွေလောက် ကြီးလို့လား။ အရင်ဆုံး ငါ့အတွက် သုံးကောင် ပြင်လာခဲ့။ ပြီးမှ ထပ်ပြီး ကြိုးစားကြည့်ဖို့ မင်းတို့ တံခါးကို လာခေါက်လိုက်မယ်။”

ရှုရွှမ်း - “ နွေရာသီမှာ အများကြီး ရောင်းရမယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ငါးတွေ ပေါ်လာမယ့် အချိန်ကိုတော့ ထားထားရဦးမယ်။ နွေရာသီနဲ့ ဆောင်းတွင်းမှာဆို ကျွန်တော်တို့ ငါးတွေ လုံလုံလောက်လောက် ရမှာပါ။”

ချမ်တုန့် - “ကောင်းပြီလေ။ ငါ လျှိုသုကို နောက်မှပဲ စာရင်းတွေ ပို့ခိုင်းလိုက်မယ်။”

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် စကားပြောလို့ ပြီးသွားခဲ့ပြီး ရှုရွှမ်းက ဝမ့်ရင်းအတွက် ကြက်သားကြော်နှင့် ခေါက်ဆွဲ နောက်တစ်ပန်းကန်ကို မှာပေးခဲ့သည်။ “ဒါ ကိုယ့်ဆရာရဲ့ အထူး လက်ရာပဲ။ ကိုယ်က သူ့လောက်တော့ ကောင်းကောင်း မချက်နိုင်ဘူး။”

ချမ်တုန့်က ဂုဏ်ယူပြီး ပြောခဲ့သည်။ သူ့ရဲ့ ဒီဘဝမှာ ဘာဟင်းချက် စွမ်းရည်မှ မရှိပါ။ သူ့မှာ အရည်အချင်းရှိတဲ့ တပည့်တစ်ယောက် ရှိသော်လည်း သူက ထိုတပည့်ရဲ့ အနိုင်ယူခြင်းကို အမြဲတမ်း ခံခဲ့ရသည်။ သို့သော် သူ့ရဲ့ ထူးခြားတဲ့ အရည်းအချင်းနှင့် ချက်ပြုတ်ထားသော ဟင်းပွဲများက တစ်ပွဲ၊ နှစ်ပွဲသာ ရှိသည်။ သူက ထိုးဟင်းပွဲများကို မျက်စိမှိတ်ပြီး ချက်လို့ ရနိုင်အောင် အကြိမ်များစွာ ချက်ပြုတ်ခဲ့ရသည်။

ထိုကိစ္စအရ ရှုရွှမ်းက သူ့ထက် သာချင်ပါက နှစ်အနည်းငယ် ထပ်ပြီး အတွေ့အကြုံတွေ စုဆောင်းရဦးမည် ဖြစ်သည်။

ဝမ့်ရင်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့သည်။ “ ဟုတ်ပြီ၊ ဟုတ်ပြီ။”

ချမ်တုန့်က မီးဖိုချောင်ထဲ ပြန်ဝင်ပြီး မကြာခင်မှာပဲ စားပွဲထိုး တစ်ယောက်က ကြက်ကြော်နဲ့ ခေါက်ဆွဲ ပန်းကန်ကြီး နှစ်ပန်းကန်ကို ယူပြီး ထွက်လာခဲ့သည်။

ကြက်သားတုံးလေးများကို အချဥ်ရည် ပျစ်ပျစ်ထဲ နှစ်ကာ ခေါက်ဆွဲနှင့် ပတ်ပြီး ရွှေအိုရောင် သမ်းနေအောင် ကြော်ထားသော အာလူးများနှင့် ဟင်းအနှစ်များကို ငရုတ်သီးမှုန့် အနီရဲရဲလေးကို ဖြူးထားကာ စားချင်စဖွယ် ကောင်းနေခဲ့သည်။

ဝမ့်ရင်းက တံတွေး မြိုချပြီး တူဖြင့် စားစရာများကို ယူပြီး စားဖို့ကို မစောင့်နိုင်တော့ဘဲ စစားခဲ့သည်။

သူ့အရသာက လေးလေးပင်ပင်နဲ့ စပ်သည်။ ပြီးတော့ တစ်ကိုက် ကိုက်လိုက်တိုင်း ပိုပြီး စပ်လာသည်။ သူ့စပ်တဲ့အရသာက ချိုတဲ့ အရသာရဲ့ အစပဲ။ အနှစ်တွေက ပျစ်နေပြီး ခေါက်ဆွဲဖက်တွေမှာတောင် ကပ်နေသည်။ သူက အရမ်းလည်း မလေးသလို အရမ်းလည်း မပေါ့ဘူး။ အနေတော်လေးပင်။ ခေါက်ဆွဲက ဝါးလို့ကောင်းပြီး နူးအိနေတာပဲ။ ကြက်သား အတုံးလေးတွေနဲ့ဆို အဲ့ဒါက အစပ်ရဲ့ အရသာကို စွဲကျန်နေအောင် လုပ်နိုင်သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၈၄

ဝမ့်ရင်းက တစ်ထိုင်တည်း ကြက်သားကြော်နှင့် ခေါက်ဆွဲပန်းကန်ကို ပြီးအောင် စားခဲ့သည်။ သူမက ပန်းကန်ထဲရှိ အနှစ်များကို ကြည့်ကာ နောင်တရနေခဲ့ပြီး ပေါက်စီ တစ်လုံးကို ထပ်ပြီး မှာဖို့အတွက် တွေးနေခဲ့သည်။ သူမရဲ့ အတွေ့အကြုံအရ ပေါက်စီကို အနှစ်နှင့် တွဲစားပါက သေချာပေါက် အရသာရှိသည်။

ချမ့်သည် သူ့တပည့်နှင့် ဖရုံစေ့ခွာနေသော သူ့တပည့်ရဲ့ ဇနီးထံကို လာကာ မာနဖြင့် မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

ဝမ့်ရင်းက ချမ်တုန့်ကို လက်မ ထောင်ပြခဲ့သည်။ “အရသာရှိလိုက်တာ။ အနှစ်က အရသာရှိတယ်။ ကြက်သားကလည်း သေချာ ချက်ထားတာ။ ပြီးတော့ အာလူးတွေက အနေတော်ပဲ ချက်ထားတာ။”

ချမ်တုန့်သည် ဝမ့်ရင်းကြောင့် အရမ်း ဝမ်းသာပြီး တွေဝေသွားခဲ့သည်။ “နောက်တစ်ခါ မင်းလာတဲ့အခါကျရင် ငါ အဲ့ဒါကို မင်းအတွက် လုပ်ပေးမယ်။ ငါ့နာမည်ကို ပြောပြီး အဲ့ဒါကို ပေးရမယ့် ဘေလ်ပေါ်မှာ တင်ထားခဲ့လိုက်။”

ဝမ့်ရင်းက ကြက်ကြော် ခေါက်ဆွဲရဲ့ အရသာကို သဘောကျနေပြီး သဘောတူစွာ ခေါင်းငြိမ့်ပြခဲ့သည်။

သူမက သေချာပေါက် ဒုတိယတစ်ခေါက် လာလည်လိမ့်မည် ဖြစ်သည်။

ချမ်တုန့် - “ဒါနဲ့ မင်းတို့တွေ မြို့ကို ဘာလာလုပ်လဲ ဆိုတာကို အခုထိ မမေးရသေးဘူး။”

သူ့ရဲ့ တပည့်တွေက စိတ်ပါရင်တောင် မလာနိုင်ကြပါ။ ထို့အပြင် သူတို့က တပ်မဟာကနေ မြို့ကို လာသည့်အခါတိုင်း မိတ်ဆက်စာ တစ်စောင်ကို ရယူရမည် ဖြစ်သည်။ ထို့ကြောင့် ချမ်တုန့်က အရေးကြီး ကိစ္စများ ရှိသည့်အခါ သူ့ဘာသာ ရှုရွှမ်းကို သွားရှာရင်ရှာ ဒါမှမဟုတ် သူ့တူတွေထဲက တစ်ယောက်ကို သွားခိုင်းဖို့အတွက် စီစဥ်ရသည်။

ရှုရွှမ်းသည် ဒီတစ်ကြိမ် လာရောက်တာက ဝမ့်ရင်းသည် တပ်မဟာအတွက် ဆေးဝယ်ချင်လို့ပါဆိုသည့် အဓိက အကြောင်းပြချက်ကို ရှင်းပြခဲ့သည်။ ချမ်တုန့်က လက်ခုပ်တီးပြီး ပြောခဲ့သည်။ “ဒါက တိုက်ဆိုင်တာပဲမလား။ မင်းတို့ ခနစောင့်။”

ချမ်တုန့်က ရှုရွှမ်းအား အထုပ် တစ်ထုပ်ကို သိုသိုသိပ်သိပ် ပေးခဲ့သည်။ “မြို့က ဆေးရုံမှာရှိတဲ့ ဆရာဝန်ချန်းကို ဒါလေးပို့ပေးဖို့ ငါ့ကို ကူညီပေးပါကွာ။ ပြီးတော့ ဒါက သူလိုချင်တဲ့ဟာပဲလို့ ပြောလိုက်ပါဦး။”

ရှုရွှမ်းကို ထိုအထုပ်ကို ဖွင့်ပြီး ဖတ်ဖို့အတွက် ဟန်ပြင်လိုက်သော်လည်း ချမ်တုန့်က ရယ်ပြီး ပြောခဲ့သည်။ “မင်း အဲ့ဒါကို ဖတ်လည်း အလကားပဲ။ အဲ့ဒါက လူငယ်တစ်ယောက်အတွက် အလကားပဲ။”

ရှုရွှမ်းနှင့် ဝမ့်ရင်း - ......

ချမ်တုန့်က သတိလည်း ပေးခဲ့သည်။ “မင်း အဲ့ကို ရောက်တဲ့အခါကျရင် ငါ့အတွက် အဲ့ဒါကို ပေးဖို့ ဘေးနားမှာ ဘယ်သူမှ မရှိတဲ့ နေရာ တစ်ခုကို ရှာဖို့အတွက် မမေ့နဲ့။”

သူ့ရဲ့ ဖြောင့်မတ်သော တပည့်က တစ်ခုခုကို ထပ်ပြီး တည့်တိုးကြီး လုပ်မှာကို တကယ် ကြောက်နေခဲ့သည်။ ဒါက သူ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးသလို မဖြစ်ဘူးမလား။

ရှုရွှမ်းက ဝမ့်ရင်းကို ခေါ်ပြီး ထွက်သွားခဲ့ကာ အထုပ်ကို သူနှင့်အတူ ယူလာသော အဝတ်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။

သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက် လျှောက်လာခဲ့ပြီး သူတို့ရဲ့ အနောက်မှာရှိတဲ့ ချမ်တုန့်ရဲ့ ရယ်သံကိုတောင် ကြားနိုင်ခဲ့သည်။

ဝမ့်ရင်းက စကားနည်းနည်း ပြောခဲ့သည်။ “ရှင် ရှင့်ဆရာကို ဘာပြောလိုက်တာလဲ။ ရှင်က ဘာမှာလိုက်တာလဲ။”

ရှုရွမ်း - “တကယ်တော့ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အရမ်း အလုပ်တွေများတော့ ဘာမှသိပ်ပြီး မရောင်းဖြစ်ခဲ့ဘူး။ ကိုယ်က ကိုယ့်ဆရာရဲ့ အနောက်ကိုပဲ လိုက်နေတာ။ ကိုယ့်ဆရာ တပ်သားတွေရဲ့ မိသားစုတွေ၊ အလုပ်သမား မိသားစုတွေ အများကြီးနဲ့ သိတယ်လေ။ ပြီးတော့ အကောင်းကြိုက်တဲ့ သူတွေရောပဲ။ အဲ့လူတွေက တောင်ပေါ်က ပစ္စည်းအချို့ကို စမ်းကြည့်ချင်လို့ သေချာပေါက် လိုချင်ကြတာ။ အဲ့တော့ ကိုယ်က တောင်ပေါ်က ပစ္စည်းတွေကို ရအောင်လုပ်ဖို့ တာဝန်ယူထားရပြီးတော့ ကိုယ့်ဆရာက အဲ့ဒါတွေကို ကူပြီး ရောင်းတယ်။”

ဝမ့်ရင်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့သည်။ “အဲဲဒါ ကျွန်မက အများကြီး ရှာပေးတယ်လို့ ဆိုလိုတာလား။”

ရှုရွှမ်းက ပိုက်ဆံမက်သော သူမရဲ့ မျက်နှာကို ပြုံးပြီး ကြည့်ကာ ပြောခဲ့သည်။ “အများကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်လစာထက်တော့ များတယ်။”

သူက ရှင်းပြခဲ့သည်။ “တကယ်တော့ မြို့က အထိန်းအချုပ်တွေက ပိုပြီးကြပ်တယ်။ အထူးသဖြင့် လူတွေအများကြီးက တန်းလျားပုံစံ အဆောက်အဦမျိုးနဲ့ နေကြတော့ တစ်ယောက်ယောက်က တစ်ခုခု ကောင်းတာစားရင် အိမ်နီးနားချင်းတွေက သိကြရော။ အဲ့တော့ အမြဲတမ်း သူတို့က တောင်ပေါ်က ပစ္စည်းတွေကို ပို့ပေးပြီး တစ်ခါတစ်လေမှ အသားကို စားကြတာ။ ဒါပေမယ့် သူတို့က ပိုပြီးတော့ မပို့ရဲကြဘူး။ အထူးသဖြင့် အစေ့အဆန်တွေပေါ့။ နေ့တိုင်း မိသားစုတစ်စုက အစေ့အဆန်တွေ စားကြရင် သူတို့က ပစ်မှတ်ထားခံရရော။”

“ ဥပမာအနေနဲ့ကွာ အခု နွေရာသီက ရောက်လာပြီ။ မိုးရွားပြီးတဲ့အခါ တောင်ပေါ်ကနေ ကိုယ်တို့ ရနိုင်တာတွေက မှိုနဲ့ တစ်ခြား အသီးရိုင်းတွေရှိတယ်။ ကိုယ်တို့က အဲ့ပစ္စည်းတွေ ပို့ပေးတဲ့အခါ ကိုယ်တို့က ကျေးလက်က သူတို့ရဲ့ အမျိုးတွေပါဆိုပြီး ပြောလို့ရတယ်။ အဲ့လိုနည်းနဲ့ ကိုယ်တို့တွေက ဘာသံသယမှ မရှိဘဲနဲ့ ရှားပါးတဲ့ စားစရာတွေ စားလို့ရတယ်။”

ဒါဟာ မကောင်းတဲ့ အရာတစ်ခုလို့ ရှုရွှမ်းက မထင်ခဲ့ပါ။ သူ့မှာ ဘာမှ လုပ်စရာ မရှိချိန်တွင် မနက် စောစောထပြီး နောက်ကျမှ အိပ်ရာဝင်ကာ တောင်ပေါ်ထွက် ပစ္စည်းများကို သွားယူလေ့ရှိသည်။ သူက အမြဲတမ်း ဒါကို တိတ်တဆိတ် လုပ်လေ့ရှိပြီး အဖွဲ့ထဲက ဘယ်သူကမှ ဒါကို မသိကြပါ။ အမျိုးသမီးကြီး မစ္စရှုကတောင် မသိပါ။

လွန်ခဲ့သော နှစ်နှစ်က ဝင်ငွေသည် မနှစ်က ဝင်ငွေလောက် မများသော်လည်း ရှုရွှမ်းရော ချမ်တုန့်ရော နှစ်ယောက်လုံးက သဘောတူခဲ့ပြီး ဒီလို ထူးခြားတဲ့ အချိန်မျိုးက သူတို့အတွက် သတိထားတာက မကောင်းတဲ့ အရာမျိုးတော့ မဟုတ်ပါ။

ထို့အပြင် သူတို့ နှစ်ယောက်လုံးမှာ အစိုးရအလုပ် ရှိသည့်အတွက် သူတို့က အရမ်းကြီး ထင်ပေါ်နေလို့ မရပါ။

ထို့ကြောင့် ဒီနှစ်မတိုင်ခင် အရင်နှစ်ကတည်းက ချမ်တုန့်မှာ မကြာခဏ အဆက်အသွယ် လုပ်သော ကုမ္ပဏီ သုံး၊ လေး၊ ငါးခုလောက် ရှိသည်။ သူတို့က ဆွေမျိုးများ၊ မိတ်ဆွေဟောင်းများဟု ချမ်တုန့်က အခြားသူများကို ပြောထားခဲ့သည်။ သူတို့က ပိုက်ဆံများ လက်ဝယ် ကိုင်ဆောင်တာမျိုး၊ ဒါမှမဟုတ် ပစ္စည်းတွေနဲ့ လက်ပူးလက်ကြပ် မမိသ၍ သူတို့က ပစ္စည်းတွေယူပြီး တွေမျိုးနှင့် သူငယ်ချင်းများထံ အလည်လာလို့ ပစ္စည်းများ ယူလာတာပါဟု ပြောလို့ရသည်။

အဲ့တော့ သက်သေရှာဖို့ ဘာနည်းလမ်းမှ မရှိတော့ဘူး။

ရှုရွှမ်း - “နောက်ရက်ကျရင် ကိုယ် မင်းကို တောင်ပေါ် ခေါ်သွားမယ်။ တော်ပေါ်မှာ ပစ္စည်းကောင်းတွေ အများကြီးပဲ ရှိတယ်။”

နွေရာသီရောက်ရင် တောင်တွေက စိမ်းစိုနေပြီး လူတွေရဲ့ အကျိုးအတွက် ပေးဆပ်ကြသည်။

ဝမ့်ရင်းက နွေရာသီမှာ ထွက်တဲ့ မှိုများနှင့် အသီးအရွက်များကို တွေးနေခဲ့ရင်း လောဘတက်လာခဲ့သည်။

ကံကောင်းစွာနဲ့ နွေရာသီက ရောက်တော့မည်ပင်။

သူတို့နှစ်ယောက်က မြို့က ဆေးရုံသို့ ရောက်ခဲ့ကြသည်။ ရှုရွှမ်းက မျက်မှောင်ကို ကြုတ်လိုက်ပြီး ချန်းလို့ခေါ်သော ဆရာဝန်ကို ရှာကာ ချမ်တုန့်က သူ့ကို အပ်လိုက်သော ပစ္စည်းများကို ပေးခဲ့သည်။

ဆရာဝန်ချန်းက ပျော်နေခဲ့သည်။ သူက ဒါကို သူ့အတွက် မတောင်းခဲ့ဘဲ သူ့ဆွေမျိုး အတွက်သာ တောင်းခဲ့သည်။

အမလေး၊ အသက်လတ်ပိုင်းပဲ။

သူ့ရဲ့အရှေ့မှာ ရှိနေတဲ့ လူငယ်တစ်ယောက်ကို ကြည့်နေရင်း ဆရာဝန်ချန်းက အားကျရုံမှတပါး ဘာမှ မလုပ်နိုင်ပါ။

'သူ ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ ကိုယ်လုံးက တောင့်တယ်။ ကြည့်လို့လည်း ကောင်းတယ်။'

အဖွဲ့က လိုအပ်သော ဆေးများကို ဝယ်ယူဖို့ ရှုရွှမ်းက ဝမ့်ရင်းနှင့် လိုက်သွားခဲ့သည်။ ထို့နောက် သူတို့က သားဖွားမီယပ် ဌာနကို မတွေ့ခင်မှာဘဲ ဟိုဟိုဒီဒီ မေးခဲ့သည်။

ရှုရွှမ်းက စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ “ဒါကို ဘယ်လိုလုပ် သားဖွားမီးယပ် ဌာနမှာ ရောင်းမှာလဲ။”

ဝမ့်ရင်းကတော့ မအံ့ဩပါ။ လူတွေရဲ့ အမြင်မှာတော့ ယောက်ျားနှင့် မိန်းမကြားက ကိစ္စများကို စိတ်ကူသင့်သောသူမှာ အမျိုးသမီးများသာ ဖြစ်ပုံရသည်။ တကယ်လို့ ထိုကိစ္စကို ယောက်ျားက စိတ်ပူခဲ့ပါက သူတို့မှာ စိတ်ရောဂါ တစ်ခုခုများ ရှိနေလားဆိုပြီး လူတွေက မေးကြလိမ့်မည် ဖြစ်သည်။

ရှုရွှမ်းသည် သားဖွားမီးယပ် ဌာနထဲသို့ ဝင်ဖို့မှာ ခက်ခဲနေသည့်အတွက် ဝမ့်ရင်းက သူမဘာသာ ဝင်သွားခဲ့ကာ ခနကြာပြီးနောက် သူမရဲ့ လက်ထဲတွင် လက်ဖဝါးအရွယ်ရှိသော စက္ကူထုပ်လေးကို ယူပြီး ပြန်လာခဲ့သည်။

ရှုရွှမ်းက အရမ်း ထူးဆန်းစွာ ကြည့်နေခဲ့သည်။ “ဒါက အရမ်း အရမ်းကို မသေးဘူးလား။”

ထိုစက္ကူထုပ်လေးက အပိုင်း ၂၀ ဒါမှမဟုတ် ၃၀ သာ ရှိသည့်အတွက် မလုံလောက်ပါ။

ဒါက ဘာအတွက် လုံလောက်ရမှာလဲ။ ဒါက တစ်လစာတောင် မလောက်ဘူး။

ဝမ့်ရင်း - …..

“မနည်းပါဘူး။”

သူမသည် ကွန်ဒုံးကို လိုချင်တယ်ဟု ပြောသံကို ဆရာဝန်က ကြားသည့်အခါ မှင်သက်သွားခဲ့သည်။ သူက အကြာကြီး ရှာပြီးနောက် အံဆွဲထဲမှ ကွန်ဒုံးများကို ပေးလိုက်သည်။ ဒါက ပြန်လျှော်ပြီး သုံးလို့ရတယ်ဟု သူမကို ဆရာဝန်က ပြောခဲ့သည်။

ဝမ့်ရင်းရဲ့ နားများက နီရဲသွားခဲ့သည်။ သေစမ်း၊ ထပ်ပြီး မသုံးခင် ဒါကို လျှော်ရမယ်တဲ့။ ဒါမျိုးကို ထပ်ခါထပ်ခါ လုပ်ဖို့ဆိုတာက စိတ်ပျက်ဖို့ မကောင်းနေဘူးလား။

ရွေးချယ်စရာ မရှိတော့သည့်အတွက် ဝမ့်ရင်းက ရှုရွှမ်းကို ဆေးရုံပေါက်ကနေ ဆွဲခေါ်သွားပြီး တိတ်တဆိတ် ပြောခဲ့သည်။

ဒါကို ထပ်သုံးတာက မကောင်းဘူးလို့ ရှုရွှမ်းက ခံစားရသော်လည်း…..

ရှုရွှမ်း - “ကိုယ် ပြန်သွားပြီး ကိုယ့်ရဲ့ စီနီယာ အစ်ကိုဆီကို စာတစ်စောင် ရေးလိုက်မယ်။”

ဝမ့်ရင်း - ? ???

“သူက မြို့လက်အောက်ခံ နေရာမှာ နေတာ။ အဲ့တော့ ဒီလိုအရာတွေကို သူ့ဆီကနေ အလွယ်တကူ ယူလို့ရလိမ့်မယ်။”

ကျေးလက်ဒေသလေးတွေက လူတစ်ချို့ကသာ ကွန်ဒုံးရဲ့ အကြောင်း သိတာကို ဆရာဝန်အား ဝမ့်ရင်းက ပြောခဲ့သည်။ ထို့ကြောင့် သူတို့က ဆေးခန်းမှာ အများကြီး မသိမ်းထားကြပါ။

ရှုရွှမ်းက စကားပြောလို့ ပြီးသွားသည့်နောက် ဝမ့်ရင်းက သူ့ကို သာသာလေး ထိုးလိုက်သည်။ ဝမ့်ရင်းက သူ့လက်ကြားထဲမှာ စက္ကူအိတ်ကို ထိုးထည့်လိုက်ပြီး ထွက်သွားခဲ့သည်။

ရှုရွှမ်းက ရွေးချယ်စရာမရှိဘဲ သူ့နောက်ကနေ လိုက်သွားခဲ့သည်။

သူတို့ နှစ်ယောက်က အရှေ့မှာ ရှိနေတဲ့ ဘက်စ်ကားပေါ်ကို တက်ခဲ့ကြသည်။

သူတို့က မြို့ကို ရောက်တဲ့အထိ ရှုရွှမ်းက သူ စိတ်ထဲရှိတဲ့အတိုင်း ဝမ့်ရင်းရဲ့ လက်ကို ကိုင်ထားခဲ့သည်။

သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အပြုံး ချိုချိုလေးတွေက ရှိနေခဲ့သော်လည်း နိုင်ငံပိုင် စားသောက်ဆိုင်ရဲ့ တံခါးများက ပိတ်ထားဆဲ ဆိုတာကို တွေ့လိုက်ရသည့်အခါ သူတို့ရဲ့ အပြုံးတွေက ပျောက်သွားခဲ့သည်။

နေ့လည်ကို ရောက်ပြီ ဖြစ်သော်လည်း နိုင်ငံပိုင် စားသောက်ဆိုင်က အခုထိ မဖွင့်သေးပါ။

ရှုရွှမ်းက အဲ့ဒါကို ကြည့်ဖို့ စိတ်ကူးမရှိတော့ဘဲ ဝမ့်ရင်းရဲ့ လက်ကိုဆွဲကာ အဖွဲ့ထဲသို့ ပြန်လာခဲ့သည်။

ဝမ့်ရင်းက သူ့နောက်ကနေ လိုက်လာပြီး မေးခဲ့သည်။ “ဒါက အဆင်ပြေရဲ့လား။”

ရှုရွှမ်း - “ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က နားနေတုန်းပဲလေ။”

ဝမ့်ရင်းက ထိုအကြောင်းကို တွေးပြီး ဆုံးဖြတ်ခဲ့သည်။ ဟုတ်တယ်။ ဆိုင်ကို ပိတ်သာထားလိုက်။ အဲ့ဒါက လုံးဝကို ဒေဝါလီ ခံရလိမ့်မယ်။ ပြီးတော့ ရှုရွှမ်း အလုပ်ပြန်ဝင်ရင် အဲ့မှာ သူက ဘာမှ လုပ်စရာ ရှိတော့မှာ မဟုတ်ဘူး။

သူတို့နှစ်ယောက်က တပ်မဟာကို ပြန်ခဲ့သည်။

သူတို့လည်း တပ်မဟာနားကို ရောက်တော့ ဆူညံသံ တစ်သံကို ကြားလိုက်ရသည်။

“ငါတို့တွေ ဝမ့်ယုံရွှင်းကို တွေ့ပြီ။ ငါတို့တွေ တွေ့ပြီ။”

“ဘုရား၊ ဘုရား။ ဒီကောင်က တောင်ပေါ်ကနေ မတော်တဆ ပြုတ်ကျလာတာ။ သူက တောင်ရဲ့ အစွန်းနားလေးမှာ သတိလစ်နေတာကို ဘာလို့ ငါတို့က ရှာမတွေ့နိုင်ရတာလဲ။”

“သူ့ကို သယ်လာပြီးပြီလား။”

“သူ့ကို သယ်တော့ သယ်လာပြီးပြီ။ ဒါပေမယ့် သူ့ခြေထောက်က တစ်ခုခု ဖြစ်နေပုံရတယ်။ ငါ့အထင်တော့ သူ့ကို မြို့ကို ပို့ရမှာ။”

ဝမ့်ရင်းက တွေဝေသွားခဲ့သည်။ “ဘာဖြစ်လို့လဲ။ ကျွန်မဦးလေး တောင်ပေါ်က ပြုတ်ကျလို့လား။”

အစတုန်းက အဲ့နေရာမှာ ပတ်အော်နေသော အမျိုးသမီးကြီးက ဝမ့်ရင်းကို မြင်တဲ့အခါ ပျော်သွားခဲ့သည်။ “ သူ့ကို သွားပို့ဖို့ မလိုတော့ဘူး။ ဝမ့်ရင်းပြန်လာပြီ။”

ပထမဆုံးအနေဖြင့် ဝမ့်ရင်းက သူမက ပစ်မှတ်ကြီး တစ်ခုလို ခံစားခဲ့ရသည်။ သူမကို မြင်သမျှ လူတိုင်းက စိတ်သက်သာရာရပြီး သက်ပြင်းချကာ သူမအိမ်ကို ပြေးလာခဲ့ကြသည်။

“မြန်မြန်လာပြီး တစ်ချက်လောက် ကြည့်ပေးပါဦး။ နင့်ဦးလေးက ပြဿနာ တက်မှာဆိုးပြီး တောင်ပေါ်မှာ ပုန်းနေတာလေ။ သူက ခြေချော်ပြီး တောင်စောင်းပေါ်ကို ပြုတ်ကျသွားတာ။ အခုထိ မနိုးသေးဘူး။”

ဒါကြောင့် ဝမ့်ရင်းက တစ်လမ်းလုံး ဖရဲစေ့ စားခဲ့ရသည်။

ဝမ့်ယောင်ကျုံး ကြက်ခိုးနေတာ မိလာတာပေါ့။ အာ့။

လီချွမ်းကျင်နဲ့ ဝမ့်ယောင်ကျုံးတို့က အရိုက် ခံလိုက်ရတာပေါ့။ ဟဟ။

တော်လှန်ရေး အဖွဲ့က ရောက်လာပြီး ဝမ့်ယောင်ကျုံးကို ခေါ်သွားတာလေ။ အာဟ။

ဝမ့်ယုံရွှင်းကတော့ တောင်ပေါ်ကနေ ပြုတ်ကျတာတဲ့၊ ဘုရား၊ ဘုရား။

ဝမ့်ရင်းက ဒီနေ့မှာ မြို့ပေါ်သို့ သွားခဲ့ရတာကို တကယ် နောင်တရသွားခဲ့သည်။

ဒီလို ပျော်စရာမျိုးကို ကြည့်ဖို့အတွက် သူမက ဒီနေရာမှာ ရှိနေသင့်တာ။

ဒါပေမယ့် အခုလည်း သိပ်ပြီး မနောက်ကျသေးပါဘူး။ ဝမ့်ရင်း မှီသေးတာ သိသာသည်။

သူမက အိမ်ကို မြန်မြန်ပြန်ပြီး ဆေးသေတ္တာကို သူမရဲ့ ကျောပေါ်ကနေ သယ်လာခဲ့သည်။

ဒါဟာ သူမက ကြင်နာတတ်လို့ မဟုတ်ဘဲ သူမ ဦးလေးကို ကယ်ပြီး သူ့ရဲ့ မကောင်းမှုတွေကို အကြင်နာတရားဖြင့် ပြန်ပေးဆပ်ခိုင်းဖို့သာ ဖြစ်သည်။ ဝမ့်ရင်းမှာ အဲ့လို ခံစားချက်မျိုး ရှိမနေခဲ့ပါ။

သို့သော် အခုချိန်မှာ ဝမ့်ယုံရွှင်းသာ သတိရလာခဲ့ရင် ပျော်စရာတွေ ဖြစ်လာတော့မည် ဖြစ်သည်။

သူက မူးနေခဲ့သည့်အတွက် လူတွေက သူ့ဆီကနေ ကြက်ဖိုး ပြန်တောင်းဖို့တောင် ခက်ခဲနေခဲ့သည်။ ထို့အပြင် အဲ့မှာ မိသားစု တစ်စုက ရှိနေခဲ့ပြီး အချို့ကို ဖမ်းမိခဲ့ပြီး အချို့က ဒဏ်ရာရနေခဲ့သည်။ သူ့ကို ပိုက်ဆံအတွက် မေးဖို့က မသင့်တော်ပုံရသည်။

ဝမ့်ရင်းမှ ပြောခဲ့သည်။ ဒါက ဘာများ မသင့်တော်တာ ရှိလို့လဲ။

သူမက ဒါကို သူမဦးလေးက သတ္တိရှိရှိ ရင်ဆိုင်လာအောင် လုပ်မည် ဖြစ်သည်။

သေချာတာကတော့ ထျန်းယိုဖုက ဝမ့်ရင်း ပြန်လာတာကို မြင်သည့်အခါ စိတ်သက်သာရာ ရသွားပြီး အသက် ရှူနိုင်တော့သည်။

ဝမ့်ရင်းသည် အဖွဲ့ထဲက လူအများ၏ မျှော်လင့်ချက် အကြည့်အောက်တွင် ဝမ့်ယုံရွှင်းကို မြန်မြန်ပဲ ဆေးထိုးပေးလိုက်ပြီး ချက်ချင်း နိုးလာအောင် လုပ်ပေးခဲ့သည်။

လူတိုင်းက ဝမ့်ရင်းရဲ့ ဆေးပညာ ကျွမ်းကျင်မှုကို အံ့ဩနေစဥ် သူတို့ အားလုံးက ဝမ့်ယုံရွှင်းကို စိတ်ပျက်တဲ့ အကြည့်မျိုးနှင့် ကြည့်နေခဲ့သည်။

'ဒီလူက တကယ်ကို ကြင်နာတဲ့စိတ်မျိုး မရှိတာပဲ။ သူ့မိန်းမနဲ့ သားက ရိုက်ခံနေရပေမယ့် သူကတော့ တောင်ပေါ်ကို ကိုယ့်ဘာသာ ပြေးတက်သွားတယ်။'

'မင်းမှာသာ သတ္တိရှိရင် တစ်သက်လုံး တောင်ပေါ်မှာပဲနေပြီး ဘယ်တော့မှ ပြန်ဆင်းမလာနဲ့။'

'ဆင်းလာတဲ့ အခါကျရင် ဒီကိစ္စကို ရင်ဆိုင်ရဦးမှာပဲ။'

ဝမ့်ရင်းက သူမရဲ့ တာဝန် ပြီးသွားပြီးနောက် ဘေးနားတွင် ရပ်ကာ အနားယူခဲ့သည်။

All Chapters