← Chapters

အခန်း (၈၅-၈၆)

Vol. 8 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 8 Ch. 85-86

အပိုင်း ၈၅

သူမက ဝမ့်ယုံရွှင်းရဲ့ စိတ်ကို ကောင်းကောင်း နားလည်သည်။

ဝမ့်ယုံရွှင်းက မွေးကတည်းက သူ့ရဲ့ ကိုယ်ပိုင် လှည့်ကွက်လေးတွေနဲ့ မွေးဖွားလာတာ သေချာသည်။ လူတိုင်းက ပြဿနာကို ဖြေရှင်းဖို့ ထျန်းယိုဖုအား သေချာပေါက် လွှတ်လိုက်မည်ကို တွေးမိသည့်အတွက် ထွက်ပြေးသွားခဲ့သည်။ တကယ်လို့ ထျန်းယိုဖုက ပြဿနာကို ဖြေရှင်းဖို့ ရောက်လာပါက သေချာပေါက် သူက ပိုက်ဆံ ပေးရပြီး မြေဩဇာ သယ်ရမည် ဖြစ်သည်။ အဲ့ဒါက အဆင်မပြေသော်လည်း ကိစ္စ အကြီးကြီးတော့ မဟုတ်ပါ။

သို့သော် သူသာ လူလုံး ထွက်ပြခဲ့ပါက လူတိုင်းက သူ့ကိုလည်း ရိုက်ကောင်း ရိုက်ကြလိမ့်မည်။

ကျေးလက်ဒေသမှာ သူခိုးဖမ်းတဲ့ လုပ်ငန်းစဥ်သည် သူ့ကို ဘာမှ မလုပ်ခင် ငြိမ်သွားအောင် ရိုက်ကြသည်။

ဝမ့်ယုံရွှင်းက အရိုက် မခံချင်ခဲ့ပါ။ သူက သူ့ရဲ့သားကို ချစ်သော်လည်း သူ့သားအတွက် အရိုက်ခံပေးချင်စိတ်တော့ မရှိပါ။

သူ့ရဲ့ အသွေး အသားက အရမ်း တန်ဖိုးရှိသည်။ သူက လယ်ထဲမှာ အလုပ်လုပ်သည့်အခါ ပေါင်းပင်များတောင် မဖြတ်နိုင်သည့်အတွက် ဒီလို အရိုက်ခံရတာကို သူက ဘယ်လိုလုပ် တောင့်ခံနိုင်ပါ့မလဲ။

ဝမ့်ယုံရွှင်းက ဒီအချိန်ကို တောင်ပေါ်တက်ပြီး ရှောင်နေကာ ကိစ္စတွေ ပြီးသွားမှ တောင်အောက်ကို ပြန်ပြီး ဆင်းလာဖို့ ဆုံးဖြတ်ခဲ့သည်။

အချိန်ကျသည့်အခါ သူက ငိုပြပြီး ဒူးထောက်ကာ ပိုက်ဆံကို ပေးလိုက်ပါက အရာအားလုံးက အဆင်ပြေသွားလိမ့်မည် ဖြစ်သည်။

သူက အကောင်းဆုံးကို မျှော်လင့်ထားသော်လည်း နောက်ထပ် နှစ်ခုကိုတော့ သူက မျှော်လင့်ထားခဲ့ပါ။ ပထမတစ်ခုမှာ တစ်ယောက်ယောက်က အရမ်း ဒေါသထွက်ပြီး တော်လှန်ရေး အဖွဲ့ကို သွားကာ တပ်မဟာထဲက ပြဿနာများကို အကြီအကဲများထံ သွားပြီး သတင်းပို့မည်ကို ဖြစ်သည်။ ထျန်းယိုဖုက ထိုကိစ္စကို ဂရုလည်း မစိုက်ချင်တော့သလို ဂရုလည်း မစိုက်နိုင်တော့ပါ။

ဒုတိယတစ်ခုက သူ ဒီလောက်ထိ ကံဆိုးလိမ့်မယ်ဟု မထင်ထားခဲ့ပါ။ တောင်ပေါ်ကို တက်ပြီးနောက် ဘာမှမရှိတဲ့ နေရာကို နင်းမိပြီး တောင်အောက်ကို ကျသွားခဲ့သည်။

ထျန်းယိုဖုကသာ လူတွေကို တောင်ပေါ်တက်ပြီး သွားရှာဖို့အတွက် အမိန့် မပေးခဲ့ရင် သူက တောင်ပေါ်မှာ အခုချိန်ထိ သတိ လစ်နေမည် ဖြစ်သည်။ မနက်ပိုင်းနှင့် ညနေပိုင်းတွင် အပူချိန်က အရမ်းနည်းသည်။ သူသာ ဒီထက် ကြာကြာ လှဲနေမိပါက မှောင်လာတဲ့အခါ သူက တကယ်ကို တစ်ခုခု ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။

ဒါက ကောင်းတာလား ဆိုတာလား ဆိုတာ ပြောဖို့တောင် ခက်ခဲနေခဲ့သည်။

ဝမ့်ရင်းက ဝမ့်ယုံရွှင်း နိုးလာတာကို ကြည့်နေခဲ့သည်။

ဝမ့်ယုံရွှင်းက နိုးလာချိန်မှာ အတော်လေး နာကျင်နေခဲ့သည်။ သူ့ခြေထောက်က ကျောက်တုံးတွေနှင့် တိုက်မိထားခဲ့သည်။ ဒါက သူ့ရဲ့ အရိုးနှင့် အရွတ်များကို မထိခိုက်သော်လည်း အတော်လေး နာကျင်နေခဲ့သည်။

ဒါက နာလွန်းလို့ ငိုမလို ဖြစ်နေခဲ့သည်။

ဝမ့်ရင်းက ဘေးမှာ ရပ်လိုက်ပြီး လူတိုင်းက ဝန့်ယုံရွှင်းဆီမှ အကြွေးများ လာရောက် တောင်းယူမည်ကို ပျော်ပျော်ကြီး စောင့်ကြည့်နေခဲ့သည်။

ဒေါသထွက်နေသော အဖွဲ့သားတွေက ချက်ချင်း ဝမ့်ယုံရွှင်းရဲ့ အနားကို ဝိုင်းအုံလာကြသည်။ ထိုလူတွေက ဝမ့်ယုံရွှင်း နာနေလား၊ မနာဘူးလား ဆိုတာကို ဂရု မစိုက်ကြပါ။ သူတို့က သူ့ကိုဆွဲပြီး ပိုက်ဆံကိုသာ တောင်းချင်ကြသည်။

“ရှင့်သားက ကျွန်မဆီကနေ ကြက်မ တစ်ကောင် ခိုးသွားတာ။ အဲ့အတွက် ကျွန်မကို သုံးယွမ်ပေး။”

“မင်း သား ငါ့ဆီကနေ ခိုးသွားတာကလည်း ကြက်ဖကြီး တစ်ကောင်ပဲ။ သုံးယွမ်ကတော့ အရမ်း နည်းလွန်းတယ်။ အဲ့ကောင်က အနည်းဆုံး လေးယွမ်လောက် ပေးသင့်တာ။”

“အခုချက်ချင်း ငါတို့ကို ပိုက်ဆံပေး။”

ဝမ့်ယုံရွှင်းက အတော်လေး နာကျင်ကာ ချွေးစီးများ ထွက်လာခဲ့သည်။ သူက အခုလေးတင် နိုးလာပြီး သူ့သားက အဖမ်းခံရကာ သူ့မိန်းမက ဆေးခန်း ရောက်နေတာကိုလည်း မသိခဲ့ပါ။ ထျန်းယိုဖုက အတော်လေး ကံဆိုးပြီး သူ့ကို လာကြည့်ဖို့ တစ်ယောက်ယောက်က ခေါ်လာတယ်ဟု တွေးနေခဲ့သည်။

သူအလုပ်ချင်ဆုံး အရာက ကိစ္စတွေကို အမြန်ဆုံး သဘောတူလိုက်ပြီး တစ်ယောက်ယောက်က သူ့ကို ဆေးကူပေးဖို့သာ ဖြစ်သည်။

“ငါ့ကို အဲ့ဒါပေး။ ငါတို့တွေ အားလုံးက တစ်ရွာတည်း သားတွေချည်းပဲ။ ငါ မင်းကို သေချာပေါက် အပြစ်တင်မှာ မဟုတ်ဘူး။ ဒါက ငါ့အမှားတွေပဲ။ ဒါ ငါ့သားကို ကောင်းကောင်း မသင်ပေးခဲ့လို့ပါ။”

အဲ့စကားကို အရင်ကသာ ပြောခဲ့ရင် လူတိုင်းက အဲ့အကြောင်းကို ပိုတွေးမိပြီး ဝမ့်ယုံရွှင်းက ပါဝင်နေမည်ဟု ခံစားမိခဲ့ကြသည်။

ဒါပေမယ့် အခုတော့…..

“ဘာ၊ မင်းက တစ်ရွာတည်းသားပေါ့။ အဲ့ဒါဆို ဘယ်လိုလုပ် ကြက်တွေကို ခိုးရဲရတာလဲ။”

“မင်းမှာ အရှက်မရှိဘူးလား။ မင်းသားက ပညာကောင်းကောင်း မတက်ရင်တော့ ဒါက မင်းရဲ့အမှား ဖြစ်မှာပဲ။”

“မင်းက လိမ်လိမ်၊ မလိမ်လိမ် အခုချက်ချင်း ငါ့ရဲ့ သုံးယွမ်ကိုပေး။”

ဝမ့်ယုံရွှင်းက တုန်လှုပ်သွားခဲ့သည်။ သူက နာကျင်နေပြီး ဆုံးရှုံးရမည့် အနေအထား တစ်ခုမှာ ဖြစ်နေခဲ့သည်။

ဝမ့်ယုံရွှင်းက သူ့ရဲ့အနောက်မှာ ရှိနေသော ဝမ့်ရင်းကို မျက်စိကျသွားခဲ့ပြီး ပြဿနာကို ထပ်ရှာဖို့ ချက်ချင်းပဲ ဆုံးဖြတ်ခဲ့သည်။

“စန်းယာ၊ စန်းယာ။ ဦးလေးကို ကူညီပါဦး။ အရင်တုန်းက သမီး ဦးလေးကို မုန်းနေတာ ဦးလေးသိပါတယ်။ ဒါပေမယ့် ဦးလေးအတွက် စကား နည်းနည်းလောက် ပြောပေးပါဦး။ ဦးလေးတို့ မိသားစုက ပိုက်ဆံမရှိတော့ဘူး။ အဲ့ဒါကြောင့် ဦးလေးတို့အတွက် အရင်ဆုံး ကူညီပြီး ပေးပေးပါနော်။”

သူ့ရဲ့စကား မဆုံးခင်မှာပဲ ဝမ့်ရင်းက ပြန်ပြောခဲ့သည်။ “ဦးလေးပြောတာ လွဲနေပြီ။ တကယ်လို့ ဝမ်းကွဲမောင်လေး ဝမ့်ယောင်ကျုံးက အမှားတစ်ခုခု လုပ်မိရင် ဒါ ဦးလေးတို့က တာဝန်ယူကို ယူရမှာ။ သမီးတို့ မိသားစု နှစ်စုက ခွဲနေတာ ကြာလှပြီ။ ပြီးတော့ သမီး ဦးလေးတို့ မိသားစုရဲ့ ကိစ္စထဲကို ဝင်မပါချင်ဘူး။ အဲ့ဒါအပြင် သမီးရဲ့ဝမ်းကွဲကို တော်လှန်ရေး အဖွဲ့က ခေါ်သွားပြီ။ အဲ့တော့ သမီးနဲ့ သူ့ရဲ့ကြားမှာ ကိစ္စတွေကို ရှင်းအောင် လုပ်ထားမှဖြစ်မယ်။ သူက ကန့်သတ်ထားတဲ့ ပစ္စည်းကို သွားခိုးခဲ့တာ။ အဲ့ဒါက လူတိုင်းရဲ့ အာရုံစိုက်မှုတွေ မဟန့်တားနိုင်ဘူး။ သမီးတော့ ဒီအရှုပ်တွေထဲကို ဝင်မပါချင်ဘူး။”

ဝမ့်ရင်းရဲ့ စကားတွေက ပြတ်သားပြီး လှုပ်ရှားမှု တစ်ခုကို လုပ်ဖို့ အဆင်သင့် ဖြစ်နေသော လူအများက ချက်ချင်း တွေးနေတာကို ရပ်ခဲ့သည်။ ဝမ့်ရင်းမှာ ပိုက်ဆံ ရှိသော်လည်း သူမက သူ့အတွက် ပေးဖို့တော့ ဆန္ဒမရှိပါ။ ထို့ကြောင့် သူမက ဒီကိစ္စထဲကို ဝင်မပါခဲ့ပါ။ ထို့အပြင် ဝမ့်ရင်းရဲ့ တည်ငြိမ် တိကျမှုတွေက လူအများရဲ့ စိတ်ထဲတွင် ဖြစ်နေသော အတွေးများကို အခုလေးတင် မြင်သာစေခဲ့သည်။

သူမသာ တပ်မဟာထဲက အလွတ်တမ်း ဆရာဝန်အဖြစ်ကနေ အလုပ်ပြုတ်သွားရင် နောက်ပိုင်း သူတို့တွေ ဒုက္ခရောက်ရင် သူမဆီ ပြေးပြီး အကူအညီ တောင်းနိုင်မှာ မလို့လား။

အဲ့ဒါကြောင့် ဝမ့်ရင်းကို သဘောမကျသော ဒေါသကြီးသည့် မိန်းမကြီးကတောင် ဘာမှ ဝင်မပြောခဲ့ဘဲ လူတိုင်းက ပိုက်ဆံကို ဝမ့်ယုံရွှင်းဆီမှ တောင်းဖို့ကိုသာ သဘောတူခဲ့သည်။

ဝမ့်ယုံရွှင်းက သူ့သားကို တော်လှန်ရေး အဖွဲ့က ခေါ်သွားသည်ဟူသော စကားကို ကြားရသည့်အခါ သူက တုန်လှုပ်သွားခဲ့သည်။

ဘာလို့ တော်လှန်ရေး အဖွဲ့တွေကပါ ပါလာရတာလဲ။

ဒါက ကြက်ခိုးတဲ့ ကိစ္စသပ်သပ်ပဲမလား။ ဒါက တော်လှန်ရေး အဖွဲ့နဲ့ ဘာဆိုင်လို့လဲ။

ဝမ့်ယုံရွှင်းက အတွေးတွေ အဆက်စပ်မိခင်မှာဘဲ ထျန်းယိုဖုက သူ့ကို ခေါ်သွားခဲ့သည်။

ထျန်းယိုဖုက ဝမ့်ယုံရွှင်းနှင့် ကျန်းကို ဆယ်မိနစ်နီးပါး တိုက်ခိုက်ပြီး နောက်ဆုံးမှာတော့ သူ့စိတ်ထဲက စိတ်ညစ်စရာများကို ဖွင့်ချလိုက်သည်။

ဝမ့်ယုံရွှင်းက ဝေဖန်သံတွေကြောင့် အရမ်း စိတ်ရှုပ်သွားကာ မေးခဲ့သည်။ “တပ်မှူး၊ ကျွန်တော် ကိုယ့်အပြစ်ကိုယ် ဝန်ခံပါတယ်။ ဒါပေမယ့် ခဗျားက ကျွန်တော့်ရဲ့ ကလေးကို ဘယ်လိုလုပ် တော်လှန်ရေး အဖွဲ့ဆီကို ပို့ရက်ရတာလဲ။ အဲ့ဒါက ကျွန်တော်တို့ မိသားစုရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာပဲမလား။”

သူ့ဘေးနားရှိ လူတွေက သူ့ကို ရယ်လိုက်ကြသည်။ “သူက ဘာလို့ တော်လှန်ရေး အဖွဲ့ဆီ ဒီကိစ္စကို မပို့နိုင်ရမှာလဲ။ သူက ကြက်တွေ၊ ခွေးတွေကို တစ်ခါတည်း ဆယ်ကောင်တောင် ခိုးသွားတာ။ အဲ့ဒါကို သူက ဘာလို့ လမ်းတွေထဲမှာ လှည့်မပြောရမှာလဲ။”

ဝမ့်ယုံရွှင်းက ခေါင်းခါပြခဲ့သည်။ ဒီကိစ္စက ပြဿနာ မဖြစ်သင့်ဘူး။

ထျန်းယိုဖုက ရောက်လာပြီး မိသားစု တစ်ခုလုံးကို အပြစ်မပေးရင် သူတို့က အဆင်ပြေတယ်မလား။ ပြီးရင် သူ့ကို မြေသြဇာတွေ သယ်ခိုင်းလိုက်လို့ ရတယ်။

ဘာလို့ ဒီကိစ္စကို တော်လှန်ရေး အဖွဲ့ဆီ ပို့လိုက်ရတာလဲ။

သို့သော် ဘေးနားက ကြည့်နေသူတွေကတော့ အဲ့လို မထင်ကြပါ။ ထို့ကြောင့် သူတို့ အားလုံးက ဝမ့်ယောင်ကျုံးကို မုန်းနေကြသည်။

ကြက်နှင့် ခွေးများကို ခိုးတာအပြင် လူတိုင်း အမုန်းဆုံး အရာက အခြား တပ်မဟာထဲမှ ဒုတိယတန်းစား လူများကတော့ သူတို့ရဲ့ ကိုယ်ပိုင် တပ်မဟာထဲကနေ တစ်ကောင်တောင် မခိုးကြဘဲ တစ်ခါတည်း ဆယ်ကောင်ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်ပါ။

သူခိုးတစ်ယောက်က ထိုသတိထားရမည့် အကြံကို သိနေရင်တောင် ယုန်တစ်ကောင်က ကြွင်းကြီး ရှိနေတာ သိရက်နဲ့ အဲ့နားမှာ မြက်သွားစားမည် မဟုတ်ပါ။

ဒါပေမယ့် ဝမ့်ယောင်ကျုံးကရော။

သူတို့ရဲ့ ကိုယ်ပိုင် တပ်မဟာထဲကနေလည်း ခိုးတယ်။ တစ်ခါတည်းနဲ့ အများကြီးလည်း ခိုးသေးတယ်။

အိမ်နီးချင်းများရဲ့ နှစ်ပေါင်းများစွာ အပြန်အလှန် ဆက်ဆံမှုနှင့် တပ်မဟာ တစ်ခုလုံး ခင်မင်နေမှုက သူ့အတွက် ပြစ်မှု ကျူးလွန်ဖို့ ပိုပြီး လွယ်ကူစေခဲ့သည်။

ဒီနေရာမှာ စိတ်အနှောက်ယှက် ဖြစ်စရာ အကောင်းဆုံး လင်မယားကတော့ ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့ ဖြစ်သည်။

သူတို့ရဲ့သားက အယုတ်တမာကောင်။ အဲ့ဒါကို သူတို့က သူ့မိဘတွေအနေနဲ့ မတားကြဘူး။ အဲ့အကြောင်းကို ပါးစပ်ပိတ်ပြီး သူလုပ်ချင်တာ လုပ်ခိုင်းထားကြတာ။

အထူးသဖြင့် ကြက်ပျောက်သွားတဲ့ မိသားစုတွေထဲမှာ သူတို့ကြက်တွေ မပျောက်ခင်မှာ လီချွမ်းကျင်က သူတို့ရဲ့ အိမ်ကို အချိန်တိုင်း လာလည်ခဲ့တာကိုလည်း တွေးမိခဲ့ကြတယ်။

သူတို့က သူတို့မိသားစုနဲ့ အတူတူ အလုပ် လုပ်ကြတာ။

အမေက စုံစမ်းတဲ့ တာဝန်ကိုယူတယ်။ သားက ဟင်းချက်မယ့် တာဝန်ကို ယူတယ်။ အဖေက စားမယ့် တာဝန်ကို ယူတယ်။

တကယ်လို့ အဖြစ်မရှိတဲ့သူတွေ။

ဝမ့်ယုံရွှင်းက အခြေအနေတွေ မကောင်းဘူးဆိုတာ သိလိုက်ရပြီး ငိုယိုကာ တောင်းပန်ခဲ့သည်။ “ငါ့ရဲ့ ရွာသူ၊ ရွာသား ရောင်းရင်းတွေရာ ငါ့မှာ မင်းတို့ကို အလျော်ပေးဖို့ တကယ်ကို ပိုက်ဆံ အများကြီး မရှိတာပါ။ အရင်က မိသားစုတွေ ကွဲတော့ ငါတို့ မိသားစုမှာ ဘယ်လောက် စုမိလဲဆိုတာ မင်းတို့ အားလုံးလည်း သိပါတယ်။ တကယ်လို့ ငါက ဗိုက်မဆာဘူးဆိုရင် ငါ့ရဲ့ အသိစိတ်တွေက ပျောက်သွားပါ့မလားကွာ။”

သူ့ဘေးနားရှိ လူတွေက အံကိုကြိတ်ပြီး ပြောခဲ့ကြသည်။ “မင်းက ဗိုက်ဆာတယ်ဆိုရင် ဘာလို့ ဒီလိုမျိုး လုပ်လဲ။ အရင်ကရော ဘယ်သူက ဗိုက်မဆာလို့လဲ။ ဆောင်းတွင်းမှာတောင် လူတွေက သူတို့ စိတ်ရဲ့ ရောင့်ရဲမှုတွေကို ပြန်ပြီး မစားချင်ကြဘူး။ လူတိုင်းမှာ ငါးဆယ် ရာခိုင်နှုန်းက ပြည့်နေပြီးသား။ အို့၊ မင်းက ဗိုက်ဆာရင် ကြက်တွေကို ခိုးလို့ရတယ်ပေါ့။ အဲ့လိုဆို မင်းက ဒီထက်ပိုပြီး ဗိုက်ဆာလာရင် အိမ်ကို မီးရှို့ပစ်မှာလား။”

ဝမ့်ယုံရွှင်းက လုံးဝ စိတ်ညစ်သွားခဲ့သည်။ သူ့မှာ ပိုက်ဆံအချို့ ရှိသေးသော်လည်း သူက အဲ့ဒါကို ဘယ်မှာ ထုတ်လို့ ရနိုင်မှာလဲ။

ပထမဆုံး သူက အဲ့ဒါကို ထုတ်လိုက်ပါက သူက ဝမ့်ရင်းနှင့် ခွဲထွက်တုန်းက အရှက်ရမှုကို ဘယ်လိုမှ မရှင်းပြနိုင်တော့ပါ။ ထို့အပြင် သူ့ရဲ့ သားက တော်လှန်ရေး အဖွဲ့ဆီ ပို့ခံလိုက်ရသည်ကို သိနေခဲ့ပြီး သူ့သားကို ကယ်ဖို့အတွက် ပိုက်ဆံ ချန်ထားရမည် ဖြစ်သည်။ သူက ဒဏ်ရာရနေဆဲ ဆိုတာကို မဆိုထားနှင့် သူ့ကို ကုသဖို့ကလည်း ပိုက်ဆံ ကုန်ဦးမည် ဖြစ်သည်။

ဝမ့်ယုံရွှင်းက သူ့စိတ်သူ ပြင်လိုက်ပြီး သူက ဒီပိုက်ဆံကို သူတို့အား ပေးမည် မဟုတ်ပါ။

ဒီလူတွေကို ဝမ့်ရင်းကို သွားရှာရင်ရှာ ဒါမှမဟုတ် ဒီမှာပဲ စောင့်နေကြလိမ့်မည် ဖြစ်သည်။

သူ့သား ထွက်လာတဲ့အထိ စောင့်နေကြ။

ဒါက ကြက်တစ်ကောင်ပဲကို။ အဲ့ဒါနဲ့ သူ့သားကို ဒီလောက် ကျားတွေ၊ ဝံပုလွေတွေ အများကြီး ရှိတဲ့နေရာကို ပို့ဖို့က လိုအပ်လို့လား။

သူတို့က တပ်မဟာထဲ တစ်ခုထဲက နောက်လိုက် ရွာသားတွေပဲကို။ ဒီလိုမျိုး ဆက်ဆံဖို့က လိုလို့လား။

အရေးကြီးတဲ့ အချိန်မှ ထျန်းယိုဖုက စကား ပြောခဲ့သည်။

ဝမ့်ယုံရွှင်းမှာ စုထား ဆောင်းထားတဲ့ငွေ မရှိဘူးဆိုတာ ထျန်းယိုဖုက ဘယ်တုန်းကမှ မယုံခဲ့ပါ။ သူက အရမ်း ကောက်ကျစ်သည်။ သူ အရင်က ဝမ့်ရင်းကို အနိုင်ကျင့်တုန်းက သူ့အတွက် လွတ်လမ်း တစ်လမ်းကို ထားထားဖို့ သူက မမေ့ခဲ့ပါ။ သူက လီချွမ်းကျင်ကို မကောင်းတဲ့ သူတစ်ယောက်အဖြစ် နေခိုင်းခဲ့ပြီး သူကတော့ သူရဲကောင်း တစ်ယောက်လို ပြုမူခဲ့သည်။

ဒီလိုလူရဲ့ လက်ထဲမှာ ဘယ်လိုလုပ် ပိုက်ဆံ မရှိဘဲ နေမှာလဲ။ ဒါက မဖြစ်နိုင်ဘူး။

ထျန်းယိုဖု - “ဝမ့်ယုံရွှင်း၊ မင်း ဒီပိုက်ဆံကို အခု ပေးလို့လည်းရတယ်။ ဒါမှမဟုတ် အဲ့ဒါကို မင်းရဲ့ လုပ်ခထဲက လျှော့ပစ်လို့လည်း ရတယ်။ ဒါပေမယ့် မင်းရဲ့ လုပ်ခ အမှတ်ထဲက လျှော့မယ်ဆိုရင် အဖွဲ့က မင်းကို ဘောနက်စ် နှစ်ဆယ် ရာခိုင်နှုန်းပဲ တိုက်ရိုက် ပေးမှာ။”

ထျန်းယိုဖုက ဝမ့်ယုံရွှင်းရဲ့ အလုပ်ကို အထင်သေးသည်။ သူက လုပ်ခအမှတ် ရဖို့ လယ်ကွင်းထဲမှာ အလုပ် လုပ်ရင်တောင် ဒါက တကယ် မဟုတ်ဘူးလို့ သူက တွေးမိခဲ့သည်။ သူက နှစ်ဆယ် ရာခိုင်နှုန်း တိုးပြီး ရခဲ့ရင်တောင် ဒါက ဆုံးရှုံးမှု တစ်ခုပဲဟု ခံစားခဲ့ရသည်။

သို့သော်လည်း ဘာမှ လုပ်လို့ မရတော့ပါ။ သောင်းကျန်းမှုတွေ ဆက်ဖြစ်ပါက ဒေါသထွက်နေသော အဖွဲ့သားတွေက ဝမ့်ယုံရွှင်းကိုလည်း တော်လှန်ရေး အဖွဲ့ဆီ ပို့ကြလိမ့်မည် ဖြစ်သည်။

အခုဆိုရင် ဆုံးရှုံးရတာက သူ့လူတွေသာ ဖြစ်လိမ့်မည်။

ထျန်းယိုဖုက ဝမ့်ယုံရွှင်းကို ထပ်ပြီး ဂရုစိုက်ချင်စိတ် မရှိတော့ပါ။ ဝမ့်ယုံရွှင်းက တော်လှန်ရေး အဖွဲ့ဆီ တစ်ခါ သွားလိုက်တာနဲ့ သူက အဲ့ဒီ့ရဲ့ အကျိုးဆက်တွေကို မခံစားရဘဲ ပြန်ထွက်လာနိုင်မည် မဟုတ်ပါ။

သူ့ရဲ့ ဦးစားပေး ကိစ္စက ဝမ့်ယုံရွှင်းရဲ့ ကိစ္စကို ဖြေရှင်းပြီး ပိုက်ဆံများ ပြန်ပေးရန် ဖြစ်သည်။

နောက်မှ ဘာပဲဖြစ်ဖြစ် သူက စိတ်မဝင်စားတော့ပါ။

ထျန်းယိုဖုက ထိုစကားကို ပြောလိုက်သည့်အခါ ဝမ့်ယုံရွှင်းက စိတ်ပျက်သွားခဲ့သည်။

ထိုအကြောင်းကြောင့် သူက ထျန်းယိုဖုကို မုန်းတီးစွာဖြင့် ထပ်ပြီး ကြည့်တော့မည် မဟုတ်ပါ။

သူက ဘာလို့ ဒီလောက်တောင် ကံဆိုးပြီး တပ်မှူး ထျန်းယိုဖုနှင့် သဘောတူညီမှု ရယူရမှာလဲ ဆိုတာကို နားမလည်နိုင်တော့ပါ။

ဝမ့်ယုံရွှင်းက တုန်လှုပ်စွာဖြင့် သူ့ရဲ့ ဘောင်းဘီ အိတ်ကပ်ထဲမှ ကြီးမားသည့် အရာကို ထုတ်လိုက်ပြီး သူ့ဘေးနားရှိ လူတွေရဲ့ မျက်လုံးများက အရောင် တောက်သွားခဲ့သည်။ ဝမ့်ယုံရွှင်းက တောင်ပေါ်တက်သည့်အခါ သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုများကို သူနှင့်အတူ ယူသွားဖို့ ဘယ်တုန်းကမှ မမေ့ခဲ့ပါ။ ထို့အပြင် သူ့ရင်ဘက် အောင့်လာသည့်အခါ သူက အဲ့ဒါကို ထုတ်ကြည့်ခဲ့သည်။

သူက ပိုက်ဆံကို ထျန်းယိုဖုအား ပေးခဲ့သည်။ သူက အဲ့ဒါကို ယူပြီး ဗူးကိုဖွင့်ကာ ကြက်များ ဆုံးရှုံးခဲ့ရသော မိသားစုများကို ပေးခဲ့သည်။

ဘေးနားရှိ လူတွေက အချင်းချင်း အကြည့်တွေ ဖလှယ်နေခဲ့ပြီး သူတို့က ဘာပြောချင်လဲ ဆိုတာကို အချင်းချင်း နားလည်ကြသည်။

ဝမ့်ယုံရွှင်းမှာ စည်းလုံးစေသည့် ကတ်များ ရှိနေခဲ့ပြီး အဲ့ဒါက အနည်းဆုံး ခုနစ်ခု၊ ရှစ်ခုလောက်တော့ ရှိပုံရသည်။

ဒီလူက ဟန်ဆောင်တဲ့နေရာမှာ အတော်လေး ကျွမ်းကျင်သည်။ မိသားစုတွေ ခွဲတုန်းက သူသည် ဆယ်ယွမ်ကျော်ကို ယူထားခဲ့သည်။

ဝမ့်ရင်းကလည်း ဝမ့်ယုံရွှင်းကို စိမ်ပြေနပြေ ကြည့်နေခဲ့သည်။ ဝမ့်ယုံရွှင်းက အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ယုံကြည်ချက် ရှိလာကာ သူပဲ မှန်တဲ့ပုံစံ လုပ်လာခဲ့သည်။

ဝမ့်ရင်းကို သူ့က ဘယ်လိုနည်းနဲ့မှ ဘာတစ်ခုမှ မလုပ်ထားဘူးဟု ခံစားမိခဲ့သည်။ ထို့ကြောင့် ဒီပိုက်ဆံတွေက သူမရဲ့ဟာပါဟု ဘယ်သူက ပြောနိုင်မှာလဲ။ မိသားစုရဲ့ ကံတရားအချို့ကို ထိန်းထားတာက ဘာမှ မှားမနေခဲ့ပါ။

ဝမ့်ရင်းက လှောင်ရယ်ကာ အိမ်ပြန်သွားခဲ့သည်။

ရှုရွှမ်းကလည်း ဘာမှန်မသိ ညာမှန်းမသိ သူ့နောက်ကနေ လိုက်သွားခဲ့သည်။

ဘေးက ကြည့်နေသူများကလည်း ထွက်သွားကြပြီး ဝမ့်ယုံရွှင်းကို အပြင်မှာ တစ်ယောက်တည်း ထားခဲ့ကြသည်။ ဝမ့်ယုံရွှင်းရဲ့ ခြေထောက်က ဒဏ်ရာရနေခဲ့ပြီး မလှုပ်နိုင်ဘဲ အဲ့နေရာတွင်သာ လှဲနေခဲ့သည်။

သို့သော် ထိုအခိုက်အတန့်မှာ ဘယ်သူကမှ သူ့ကို အာရုံမစိုက်ချင်ခဲ့ကြပါ။ ထို့အပြင် သူ့ကို ဘယ်သူကမှလည်း ဆေးခန်းသို့ မခေါ်သွားခဲ့ကြပါ။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၈၆

ဝမ့်ရင်းက သူမရဲ့ အိမ်တံခါးကို ပိတ်လိုက်ပြီး ရှုရွှမ်းကလည်း သိချင်နေခဲ့သည်။ “အဲ့ပိုက်ဆံတွေ ဘယ်က ရလဲဆိုတာကို မင်း ဘာလို့ သူ့ကို မမေးချင်ရတာလဲ။”

ဝမ့်ရင်းက စိတ်မဝင်စားခဲ့ပါ။ “ဘာလုပ်ဖို့ သူ့ကို မေးနေမှာလဲ။ သူက ဒါကို ဝန်ခံမှာမှ မဟုတ်တာ။”

ဒါပေမယ့်….

ဝမ့်ရင်းက စိတ်သက်သာရာရတဲ့ ပုံစံမျိုးဖြင့် ပြောခဲ့သည်။ “သူ့ရဲ့ ချမ်းသာမှုတွေကို သူ ပြသွားတာလေ။ ကြည့်ကြတာပေါ့။”

သေချာတာကတော့ ခနကြာပြီးနောက်မှာ တံခါးရဲ့ အပြင်ဘက်ကနေ ဝမ့်ယုံရွှင်းရဲ့ အော်သံကို ကြားခဲ့ရသည်။

ဝမ့်ယုံရွှင်း ကြည့်ရတာ သနားဖို့ ကောင်းနေပြီး တံခါးကနေ ဝမ့်ရင်းကို အော်ခေါ်နေကာ သူ့ကို ကုပေးဖို့ တောင်းပန်နေခဲ့သည်။

ဝမ့်ရင်းကတော့ မလှုပ်မယှက် နေနေဆဲ ဖြစ်သည်။

ဝမ့်ယုံရွှင်းက ဘာအရိုးမှ မကျိုးဘဲ အပေါ်ယံ ဒဏ်ရာများသာ ရခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာတွေက ပြင်းသော်လည်း တကယ်တော့ သိပ်ပြီးလည်း မပူရပါ။ သူမက သူတော်စင် တစ်ယောက် မဟုတ်ဘဲ ဝမ့်ယုံရွှင်းက မူလ ပိုင်ရှင်နှင့် သူမရဲ့ အမေအပေါ်မှာ အကြွေး ရှိနေဆဲ ဖြစ်သည်။

ဝမ့်ယုံရွှင်းက အချိန်အကြာကြီး တောင်းပန်နေခဲ့သော်လည်း သူက ဝမ့်ရင်း ထွက်မလာတာကို မြင်သည့်အခါ စတင် ဆဲဆိုတော့သည်။

ဝမ့်ရင်းကတော့ သူ့ကို လျစ်လျူရှုထားဆဲ ဖြစ်သည်။

ခနကြာပြီးနောက် ဝမ့်ယုံရွှင်းရဲ့ ခန္ဓာကိုယ်က အပူချိန်သည် လျှော့သွားသည်ကို ခံစားခဲ့ရသည်။

သူက လန့်သွားသော်လည်း မသေနိုင်ခဲ့ပါ။

ကံကောင်းစွာဖြင့် ထျန်းယိုဖုက သူ့ကို သတိရသွားခဲ့ပြီး ဝမ့်ယုံရွှင်းကို ဆေးခန်း ပို့ဖို့အတွက် လူအချို့ကို ခေါ်လာခဲ့သည်။

သို့သော် ဝမ့်ရင်း မျှော်လင့်ထားသလိုပဲ ကူညီပေးသော သူက ကျေနပ်မနေဘဲ သူ့ကို မပို့ပေးခင် ပိုက်ဆံပေးဖို့ ဝမ့်ယုံရွှင်းကို ပြောခဲ့သည်။

အဲ့နေရာမှာ အခြားတစ်ယောက်သာဆို ထျန်းယိုဖုက ဒီလိုအရာမျိုး ဖြစ်မှာကို ခွင့်ပြုမည် မဟုတ်ပါ။ သို့သော် အခုဟာက ဝမ့်ယုံရွှင်း ဖြစ်နေခဲ့သည်။

ထျန်းယိုဖု - “အဲ့ကိစ္စကို မင်းတို့ကောင်တွေ အချင်းချင်းပဲ ဆွေးနွေးလိုက်ကြ။”

လူငယ်နှစ်ယောက်က တစ်ယောက်ကို ငါးယွမ်ဆီ ပေးမှသာ ဝမ့်ယုံရွှင်ကို မြို့သို့ လိုက်ပို့မည်ဟု ပြောခဲ့သည်။

ဝမ့်ယုံရွှင်းက မကျေနပ်ဘဲ နောက်ဆုံး ခြောက်ယွမ် မဖြစ်ခင်အထိ နှစ်ဖက်လုံးကို စျေးစစ်နေခဲ့သည်။

အပြင်ဘက်က ဆူညံသားများကို ကြားလိုက်ရသည့်အခါ ဝမ့်ရင်းက စိတ်မကြည်တော့ပါ။

ထိုကိစ္စ ပြီးတဲ့နောက်မှာ ဝမ့်ယုံရွှင်းရဲ့ လက်ထဲတွင် ပိုက်ဆံကို အကြာကြီး သိမ်းထားလို့ ရနိုင်တော့မည် မဟုတ်ပါ။

ဝမ့်ယုံရွှင်းအား မြို့က ဆေးခန်းကို ပို့ပေးခဲ့သည်။ လီချွမ်းကျင်က တော်တော်လေး ဆိုးဆိုးရွားရွား ရိုက်ခံထားရပြီး အသားတွေက အကောင်းအတိုင်း ရှိနိုင်ဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့သည်။ သူတို့ လင်မယားက ထုံးစံအတိုင်း ဆေးခန်းမှာ တွေ့ခဲ့ကြသည်။

ဝမ့်ယောင်ကျုံးကတော့ သူ့ကို အဝေး ပို့ပြီးကတည်းက သူ့ရဲ့ ဘာသတင်းကိုမှ မရခဲ့ပါ။

ဝမ့်ရင်းက ပျော်စရာကောင်းတဲ့ ဘဝတစ်ခုမှာ နေထိုင်ခဲ့ရပြီး ဝမ့်ယုံရွှင်းတို့ မိသားစုရဲ့ ပြဿနာက အနှေးနဲ့ အမြန်ပဲ ဖြေရှင်းလို့ ပြီးတော့မှာကို သိနေခဲ့သည်။ ထို့ကြောင့် သူမက စိတ်မလောနေခဲ့ပါ။

သို့သော် ထျန်းယိုဖုက ကံမကောင်းခဲ့ပါ။ သူက ကိုယ့်ကိုကိုယ် ဝေဖန် သုံးသပ်ဖို့အတွက် တပ်မဟာဆီ သွားခဲ့ရပြီး သူပြန်လာပြီးနောက် ရက်များစွာတိုင်အောင် မျက်နှာက သုန်မှုန်နေခဲ့သည်။

ဝမ့်ယုံရွှင်းတို့ မိသားစု သုံးယောက်က ဆေးရုံတင်ရင်တင် ဒါမှမဟုတ် ဆေးကုသမှု ခံယူဖို့ ဆေးရုံကို သွားလို့သွားနှင့် သူတို့ရဲ့ ရလဒ်ကို မြင်ရဖို့က အချိန်အနည်းငယ် ကြာလိမ့်မည် ဖြစ်သည်။

ထိုအချိန်မှာပဲ နှင်းတွေက နောက်ဆုံးမှာ အရည်ပျော်သွားခဲ့ပြီး တပ်မဟာက နွေရာသီမှာ ထည်ထိုးဖို့ စတင် ပြုလုပ်ခဲ့ကြသည်။

ချမ့်ကျွီဟွာအတွက် ခွဲခွာရမည့် ရက်ကလည်း ရောက်လာခဲ့ပြီ ဖြစ်သည်။

မိသားစု ခွဲခွာရမည့်နေ့ကို ဝမ့်ရင်းက မသွားခဲ့ပါ။ ထိုကဲ့သို့သော ကိစ္စများကို မိသားစုထဲတွင် လျှို့ဝှက်ထားခဲ့သည်။ တစ်မိသားစုထဲက လူတွေက သွားပြီး အပျော်အနေဖြင့် ကြည့်ခဲ့ကြသည်။ သို့သော် အခြား မိသားစုမှ သူများအတွက်တော့ အဲ့ကို သွားဖို့က ဘာလိုအပ်ချက်မှ မရှိနေခဲ့ပါ။

ထျန်းယိုဖုက အဲ့နေရာကို သွားခဲ့သည်။ ထို့အပြင် ထျန်းတကျူးကလည်း သူ့ရဲ့ ဆွေမျိုးတစ်ယောက် ဖြစ်နေခဲ့သည်။

ဝမ့်ရင်းက ကိစ္စ တစ်ခုလုံးကို မသိခဲ့ပါ။ အခုမှ မီးတွင်းထဲက ထွက်ခါစ ချမ့်ကျွီဟွာကလည်း သူမရဲ့ မျက်နှာတွင် တစ်ခါမှ မမြင်ဖူးသော စိတ်သက်သာရာရသည့် ပုံစံမျိုးဖြင့် ရောက်လာမည်ကို သူမကသာ သိနေခဲ့သည်။

“ဝမ့်ရင်း။ ယူသွားလိုက်ပါ။ ဒီပိုက်ဆံက ဆေးဖိုးနဲ့ အကြံပေးတဲ့အတွက်ပါ။”

ချမ့်ကျွီဟွာက ဝမ့်ရင်းကို လေးလေးစားစား ပေးခဲ့သည်။

ဝမ့်ရင်းကလည်း မငြင်းခဲ့ပါ။ သို့သော် ထိုအရာကို လက်ခံပြီးနောက် သူမက ချမ့်ကျွီဟွာကို အလဲအလှယ်အနေဖြင့် ခုနစ်ယွမ်ကို ပေးခဲ့သည်။

“ကျွန်မတို့သုံးတဲ့ ဆေးတွေက အရမ်း စျေးပေါပါတယ်။ အဲ့ဒါကြောင့် ဒီလောက် အများကြီး မလိုပါဘူး။”

ချမ့်ကျွီဟွာက နှစ်ခါပြန် ငြင်းခဲ့သည်။ သို့သော် ဝမ့်ရင်းကလည်း ငြင်းနေဆဲဖြစ်ကာ နောက်ဆုံးမှာတော့ သူမက ပိုက်ဆံကို ပြန်ယူခဲ့သည်။

ဝမ့်ရင်း - “အခုဆို အဲ့မိသားစုခွဲတာက ပြီးသွားပြီ။ ရှင်က ဘယ်မှာ နေမှာလဲ။”

ချမ့်ကျွီဟွာက ခနလောက် တွေးပြီးနောက် ပြောခဲ့သည်။ “ငါ တွေးနေတာ တစ်ယောက်ယောက်စီကနေ ကျယ်တဲ့ အိမ်တစ်လုံးလောက် ငှားနိုင်မလားလို့။ ဒါမှမဟုတ်လည်း ကျေးလက်ကို ပို့ခံရတဲ့ လူတွေနေတဲ့ စုတ်ပြတ်နေတဲ့ အိမ်မှာပဲ နေရမလားဆိုတာ။”

ချမ့်ကျွီဟွာသည် သူမက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ သိနေခဲ့သည်။ ထို့ကြောင့် အစကတည်းက သူမသည် စုတ်ပြတ်နေသည့် အိမ်ဟောင်းမှာသာ နေချင်ခဲ့သည်။ သို့သော် သူမရဲ့ သမီးသုံးယောက်က ဘာအန္တရာယ် ကြုံလာမလဲဆိုတာ မမြင်နိုင်သည့်အတွက် အကူအညီရဖို့ စဥ်းစားနေခြင်း ဖြစ်သည်။

ချမ့်ကျွီဟွာသည် သူမက တပ်မဟာထဲတွင် ပထမဆုံး ကွာရှင်းသည့် လူတစ်ယောက် ဖြစ်ကြောင်းကို သိနေခဲ့ပြီး အခုဆိုရင် သူမက မုဆိုးမ တစ်ယောက်နှင့် ဘာမှ မကွာခြားပါ။

မုဆိုးမတွေက အတင်းတုပ်ဖို့ဟု လူအများက ပြောကြသည်။

သူမက နောက်ထပ်တစ်ယောက် မရှာချင်တော့ပါ။ သို့သော် သူမရဲ့ သမီးသုံးယောက်နှင့် ဘဝက မလွယ်ကူပါ။

အခြားသူတွေနဲ့ တစ်မိုးအောက်ထဲမှာ အတူတူ နေရတာက အမြဲတမ်းတော့ အဆင်မပြေပါ။ သို့သော် သူတို့နှင့် တစ်မိုးအောက်ထဲ အတူတူ မနေပါက တစ်ယောက်တည်း ရှိနေချိန်မှာ ဒုက္ခရောက်မှာကို စိုးရိမ်ရလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက သူမ တုန်လှုပ်သွားတာကို မြင်ခဲ့ရပြီး အချိန်ကျလာပြီဟုလည်း ခံစားခဲ့ရသည်။

ဝမ့်ရင်းက သူမရဲ့ ဝက်များကို ကြည့်ဖို့အတွက် ချမ့်ကျွီဟွာကို ခေါ်သွားခဲ့သည်။

ချမ့်ကျွီဟွာက နားမလည်ခဲ့ပါ။ ထို့ကြောင့် ဝမ့်ရင်းက သူမအား အမှန်တရားကို ပြောခဲ့သည်။ “ကျွန်မရဲ့ ဦးလေး မိသားစုက ဝက်တွေကို ပိန်လှီနေအောင် မွေးခဲ့ကြတာ။ ပြီးတော့ ဒီဝက်က လနည်းနည်းလေး အတွင်းမှာပဲ အလေးချိန်တွေ တိုးလာတာ။”

ချမ့်ကျွီဟွာက အရမ်း အံ့ဩသွားခဲ့သည်။ ဒီဝက်က ဘယ်လိုလုပ် ပိန်နိုင်မှာလဲ။

ဝမ့်ရင်း - “အရင်က ကျွန်မတို့ အဖွဲ့ ဝက်မွေးတဲ့ တာဝန်ကို ခွဲပြီး လုပ်ကြတဲ့ ကိစ္စကို အဖွဲ့မှူးဆီ အဆိုပြုဖို့ တွေးနေတာ။ ဒါက အကြံကောင်းလို့ ကျွန်မတော့ မထင်ပါဘူး။ အရင်ဆုံး ဝက်တွေကို ခွဲမွေးဖို့က အခြေအနေ မရှိဘူး။ ပြီးတော့ နောက်ဆုံး ဝက်မွေးတဲ့ သူတွေကပဲ ဝလာရော။ ဝက်ကနေရတဲ့ အဆီပိုတွေကို အဖွဲ့ကပဲ ပိုင်တာလေ၊ ဟုတ်တယ်မလား။ ဒီလိုနည်းနဲ့ပဲ ကျွန်မတို့တွေက တစ်နှစ်ကို ဝက်သားတွေ ပိုပိုပြီး ဝေပေးလို့ ရတာလေ။ အဲ့ဒါက နည်းမယ်ဆိုရင်တောင် ဒါက အကြံကောင်း တစ်ခုပါပဲ။”

ချမ့်ကျွီဟွာက ဝမ့်ရင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

ဝမ့်ရင်းက ပြုံးပြီး ပြောခဲ့သည်။ “ဝက်တွေကို မွေးတဲ့နေရာမှာ လှည့်ကွက်လေး နည်းနည်း ရှိကို ရှိရမယ်။ ကျွန်မ ဖတ်ဖူးတဲ့ စာအုပ်ထဲမှာဆို ဝက်တွေကို မြက်ကျွေးတာက ကြီးထွားဖို့ကို နှေးစေတယ်တဲ့။ သူတို့ကို ဝက်သစ်ချသီးတွေ၊ ကန်စွန်းဥတွေ ကျွေးတာကလည်း အလုပ်ဖြစ်လိမ့်မယ်တဲ့။ ကျွန်မတို့ တပ်မဟာမှာ ကန်စွန်းဥနည်းနည်း စိုက်ကြတယ်လေ။ ပြီးတော့ အာလူးတွေ သီးတဲ့အခါကျရင် ကျွန်မတို့က ကြာဆံ လုပ်စားလို့ ရတယ်။ ကျန်တဲ့ ကန်စွန်းဥတွေကို ဝက်တွေလည်း ကျွေးလို့ရတယ်။”

ဝမ့်ရင်းရဲ့ စကားတွေက ဖြစ်တန်ချေရှိသည်။ အခုချိန်မှာ ဝက်မွေးတာက နောက်ပိုင်းလောက် ကောင်းတော့မည် မဟုတ်ပါ။ အဓိက အကြောင်းမှာ လူတွေက အစာ၊ ရေဆာ ပြတ်လပ်လာသည့်အတွက် ဝက်တွေကို အဆာကျွေးဖို့က မဖြစ်နိုင်ပါ။

ဒါပေမယ့်လည်း ဒါက ကန်စွန်းဥခင်း သေးသေးလေးပါပဲ။ သူမ ခန့်မှန်းမိတာ အဖွဲ့ကလည်း အဲ့လိုလုပ်ဖို့ ဆန္ဒရှိမှာပင်။

ဒီမှာ ကန်စွန်းဥတွေက အများကြီးပဲ။ အဲ့ဒါတွေ ဝက်ကို တိုက်ရိုက်ကျွေးရတာ မကြိုက်ဘူးဆိုရင် ဒါကလည်း မကောင်းတဲ့ အကျင့်မျိုးတော့ မဟုတ်ပါဘူး။

နှစ်ကုန်ပိုင်းမှာ ကျွန်မက ရှင့်ကို ကြာဆံတွေ ပေးမယ်။ အဲ့လိုဆိုရင်ရော ဘာလို့ မရရမှာလဲ။

ချမ့်ကျွီဟွာက ဝမ့်ရင်းရဲ့လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားကာ ပြောလိုက်သည်။ “အဖွဲ့က ဆန္ဒရှိနေသ၍ ငါက ဝက်တွေကို ပြည့်ပြည့်ဖြိုးဖြိုး၊ သန်သန်မာမာဖြစ်အောင် သေချာပေါက် မွေးပေးမှာ။”

သူမရဲ့ ကျန်းမာရေးက အားနည်းနေပြီး အိပ်ရာထဲမှ မထနိုင်သေးပါ။

ဝက်မွေးတာက ပင်ပန်းတဲ့ အလုပ်မျိုး မဟုတ်ပါ။ သို့သော် အဲ့အလုပ်က အချိန် ပေးရသည်။ သူမသည် ဒါက မှန်ကန်ပြီး သူမက ဝက်တွေကို အစာကျွေးရင်း သူမရဲ့ သမီး သုံးယောက်ကိုလည်း တစ်ချိန်တည်းမှာ ဂရုစိုက်နိုင်တယ်ဟု တွေးမိခဲ့သည်။ သူမက အလုပ် ပင်ပန်းမှာကို မကြောက်ပါ။

သူမက သဘောတူတာကို မြင်ပြီးနောက် ဝမ့်ရင်းက ထျန်းယိုဖုကို သွားရှာဖို့ ချမ့်ကျွီဟွာကို ခေါ်သွားခဲ့သည်။

ထျန်းယိုဖုက တပ်ခွဲမှူးကို ပျော်စရာ အပြည့် ဖြစ်နေသော မျက်နှာဖြင့် စကားပြောနေသည်။

ဝမ့်ရင်းက သူမရဲ့ မျက်ခုံးကိုပင့်ပြီး သတင်းကောင်းက ဘာလဲဟု မေးခဲ့သည်။

ထျန်းယိုဖုက ပျော်ရွှင်စွာ ပြောလိုက်သည်။ “ ဒီနှစ် ငါတို့ရဲ့ အဖွဲ့က ဝက်နှစ်ကောင် ပိုပြီး ပေးခံရတော့မယ်။ ပြီးတော့ နောက်ထပ် သိုးနှစ်ကောင်လည်း ရဦးမယ်။”

ဝမ့်ရင်းနှင့် ချမ့်ကျွီဟွာက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သူတို့ နှစ်ယောက်လုံးရဲ့ မျက်လုံးထဲမှာ အပျော်တွေ ပြည့်နေခဲ့သည်။

ဘယ်လိုပဲ ဖြစ်နေပါစေ ချမ့်ကျွီဟွာက သူမဘာသာ ဝက်မွေးရနိုင်ချေက တိုးတက်လာခဲ့သည့်အတွက် သူမက ပျော်နေခဲ့သည်။

ပြီးတော့ ဝမ့်ရင်း တွေးနေတာက…… သိုးသား၊ သိုးသားဖက်ထုပ်၊ သိုးသားပေါက်စီ၊ သိုးသားဟော့ပေါ့၊ သိုးသားနံရိုးပင်။

ထျန်းယိုဖုက အဖွဲ့သားများအား သိုးများကို လွတ်လပ်စွာ မွေးဖို့အတွက် ခွဲဝေပေးရန် ဆန္ဒမရှိခဲ့ပါ။ သို့သော် သိုးထိန်းထားက အရမ်း လွယ်ကူနေပြီး လုပ်ခရမှတ် များသွားမှာ နည်းသွားမှာမျိုးက မသင့်တော်ကြောင်းကို စိုးရိမ်နေခဲ့သည်။ တကယ်လို့ လုပ်ခရမှတ်က အရမ်း မြင့်နေပါက လူက သိုးများကို လာဆွဲဖို့ အပြေးလာကြလိမ့်မည် ဖြစ်ပြီး လုပ်ခရမှတ်က အရမ်း နည်းနေရင် ဘယ်သူကမှ ဒါကို လုပ်ဖို့ ဆန္ဒရှိလိမ့်မည် မဟုတ်ပါ။

ထို့အပြင် သိုးမွေးတာက မပင်ပန်းသော်လည်း အချိန်တော့ ပေးရသည်။

ဝမ့်ရင်းက အရင်ဆုံး သူမရဲ့ ဝက်တွေက ဘယ်လောက် ကြီးလာကြောင်းကို ပြောပြီးနောက် ဝက်များကို စုပြီး မွေးဖို့အတွက် အကြံကို ပေးလိုက်သည်။ ထျန်းယိုဖုကလည်း ဒါက အကြံကောင်း တစ်ခုဟု တွေးမိလိုက်သည်။

ဝက်မွေးခြင်း၊ ကန်စွန်းဥစိုက်ခြင်းနှင့် ဝက်များကို ကန်စွန်းရိုးများ၊ ကန်စွန်းဥ အကျန်များကို ကျွေးခြင်းနှင့် တပ်မဟာရဲ့ မြေကွက်များကို ဖြစ်ထွန်လာအောင် ဝက်ချေးများ သုံးခြင်း….

ဒါက ဘယ်လိုပဲကြည့်ကြည့် အကြံကောင်း တစ်ခုပါပဲ။

ဝမ့်ရင်းက မှတ်ချက်တွေလည်း အများကြီး မပေးသလို ကြားဝင်ပြောခြင်းလည်း မလုပ်ခဲ့ဘဲ ထျန်းယိုဖုမှာက သူ့ဘာသာ ပြတ်သားတဲ့ အဖြေတစ်ခုကို ချထားပြီးသား ဖြစ်သည်။

“ဒါဆို ဝက်တွေမွေးတဲ့ ကိစ္စကို လူသိရှင်ကြား ပြောပြီး ချမ့်ကျွီဟွာက ဝက်မွေးဖို့ တာဝန်ခံ ဖြစ်သင့်လားဆိုတာ သဘောတူလား သိရဖို့ လူတိုင်းကို လက်မြှောက်ပြီး မဲခွဲ ဆုံးဖြတ်ကြတာပေါ့။ ဘာပြဿနာမှ မရှိဘူးဆိုရင် ငါတို့တပ်မဟာရဲ့ တောင်ဘေးက အိမ်အိုကြီးထဲမှာ အခန်းတစ်ခန်း ချမ့်ကျွီဟွာကို ပေးလိုက်မယ်။ ဝက်ခြံကို ဟိုနားမှာ ဆောက်မယ်ဆိုရင်လည်း အဲ့ဒါက ရေတံခွန်နဲ့ နီးသွားတော့ ရေသောက်ဖို့၊ သုံးဖို့အတွက် လွယ်ကူသွားတာပေါ့။”

ထျန်းယိုဖု - “ပြီးတော့ ဒီအစည်းအဝေးမှာပဲ သိုးတွေကို ဘယ်သူက မွေးမလဲဆိုတာ ရှာဖို့က အဆင်အပြေဆုံးပဲ။”

တစ်ဖက်မှာလည်း ချမ့်ကျွီဟွာက ပြောခဲ့သည်။ “ကျွန်မက သိုးတွေကို မွေးဖို့လည်း စီမံပေးနိုင်ပါတယ်။”

ဝမ့်ရင်းက ဘာတစ်ခွန်းမှ မပြောခဲ့သော်လည်း ထျန်းယိုဖုက မယုံကြည်သော မကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ “ဂန္ဓမာ၊ မင်းမှာ ကြီးလေးတဲ့ တာဝန်တစ်ခု ရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မင်းကိုယ်မင်း အပင်ပန်းခံလို့တော့ မရသေးဘူး။ မင်းအတွက် ဝက်နည်းနည်းနဲ့ အလုပ်ရှုပ်တာကတောင် လုံလောက်နေပါပြီ။ ပြီးတော့ သိုးတွေပါ ထပ်ပါလာရင် မင်းက ဒါကို လုပ်နိုင်ပါ့မလား။”

ချမ့်ကျွီဟွာက အသေအချာကို ပြောခဲ့သည်။ “ကျွန်မ အဲ့ဒါကို လုပ်နိုင်ပါတယ်။”

သိုးမွေးရတဲ့ အလုပ်က ခက်ခဲသည့် အလုပ်မျိုး မဟုတ်ပါ။ အိမ်က တယာကတောင် သူမကို ကူညီပေးနိုင်သည့်အတွက် သူမက သိုးတွေကို မွေးလို့ရသည်။

ဝမ့်ရင်းကလည်း ပြောလိုက်သည်။ သူမက ချမ့်ကျွီဟွာ သိုးတွေကိုမွေးဖို့ တာဝန်ခံ ဖြစ်မှာကို မဆန့်ကျင်သော်လည်း သူမက နောက်ထပ် အကြံတစ်ခုကို ပေးခဲ့သည်။

“ကျွန်မတို့တွေ ဒီလူနှစ်ယောက်ကို တပ်မဟာကနေ လွှတ်ထားပေးတယ် မဟုတ်လား။ ဒီအချိန်အတောအတွင်းမှာ သူတို့က တော်တော်လေး ကောင်းကောင်း နေနေကြတာကို ကျွန်မ မြင်ပြီးပြီ။ ဒါက ကိစ္စတစ်ခုလို့ပဲ ကျွန်မ တွေးမိတယ်။ နေ့ဘက်မှာဆို ပို့ထားတဲ့ ကောင်မလေးကို သိုးတွေ ကြည့်ခိုင်းလိုက်လေ။ သူတို့ကို အစားကျွေးပြီးမှ ကျွီဟွာကို ဆက်ကြည့်ခိုင်းပေါ့။ ပြီးတော့ တပ်မဟာမှူး၊ အဲ့လိုပို့ခံထားရတဲ့ လူတွေက မြေသြဇာတွေ သယ်ရမယ်လို့ တပ်မှူး မပြောခဲ့ဘူးလား။ သူတို့ကို အချင်းချင်း အနီးကပ်ထားလိုက်ရင် ကျွန်မတို့က သူတို့ နှစ်ယောက်ကို ကျွီဟွာရဲ့ လက်ထောက်တွေလို ဆက်ဆံလို့ ရတယ်လေ။”

ဝမ့်ရင်းက ဒီကိစ္စကို ဟိုးအရင်ကတည်းက တွေးနေခဲ့သည်။

ပထမဆုံး ချမ့်ကျွီဟွာက ဝက်မွေးမည့် ကိစ္စကို တစ်ယောက်တည်း မလုပ်နိုင်သည့်အတွက် သူမသည် အစကတည်းက ချမ်ယုနှင့် ချမ့်ရှုဖန်းကို ထိုကိစ္စထဲ ဝင်ပါဖို့ စီစဥ်ထားခဲ့သည်။

ချမ့်ယုက ထိုအကြောင်းကို ပြောလိမ့်မည် မဟုတ်သော်လည်း ချမ့်ရှုဖန်း အတွက်ကတော့ နွေဦးပိုင်းကုန်ရင် အရမ်း မပူသော်လည်း ဒါက သူမအတွက်တော့ အရမ်းကောင်းတဲ့ အရာတစ်ခု မဟုတ်ပါ။ သူမသည် စကတည်းက တပ်မဟာထဲက လူတွေနှင့် အဝေးမှာ နေခဲ့ပြီး သူမသည် မြေသြဇာများ စသယ်တာနဲ့ သူမဟာ လူတိုင်းရဲ့ အမြင်တွေထဲသို့ သိသိသာသာ ရောက်သွားလိမ့်မည် ဖြစ်သည်။

မြေသြဇာသယ်ရတဲ့ အလုပ်က အမြဲလိုလို ယောက်ျားသားများကိုသာ ခန့်ထားသည်။ သူတို့က ဘယ်လောက်ပဲ သန်မာနေပါစေ ကိစ္စ မရှိပါ။ ပိုပြီး အရေးကြီးတာက ဒါဟာ အလွန် နှိမ်သော လုပ်ရပ်မျိုး ဖြစ်သည်။

အထူးသဖြင့် တပ်မဟာထဲတွင် အမျိုးသားနှင့် အမျိုးသမီး တစ်ဖက်တစ်ချက်စီရှိသော အများသုံး အိမ်သာများ ရှိကတည်းက ချမ့်ရှုဖန်းကို အမျိုးသား အိမ်သာဘက်ရှိ မစင်များကို သွားယူဖို့ ပြောတာက သူမအပေါ် အတော်လေး နှိမ်လွန်းတယ်ဆိုတာ သံသယ မရှိနိုင်ပါ။ ထို့အပြင် ဝမ့်ရင်းက တပ်မဟာထဲမှာ အိမ်ထောင် မကျသေးသော ပညာတတ် လူဟောင်းများကို တွေ့ဖူးခဲ့ပြီး အဲ့လူတွေက အမြဲတမ်း ပါးစပ်စည်း မရှိကြပါ။

တကယ်လို့ သူတို့ကသာ ချမ့်ရှုဖန်းက မစင်တွေ သယ်နေတာကို မြင်သွားရင် ညစ်ညမ်းတဲ့ စကားတွေ ပြောကြမှာ သေချာတယ်။

ချမ့်ရှုဖန်းက ခက်ခဲတဲ့ အလုပ်ကို လုပ်နိုင်သော်လည်း သူမက အခြားသူတွေ ငြိုငြင်တာကိုတော့ ခံနိုင်မည် မဟုတ်ပါ။

ဝမ့်ရင်းက ဒီအခွင့်အရေးကို ယူပြီး ချမ့်ရှုဖန်းက ဝက်မွေးတဲ့ အလုပ်ကို စလုပ်ဖို့ စီစဥ်တာက အသင့်တော်ဆုံးဟု ခံစားမိခဲ့သည်။

ထျန်းယိုဖုကို စိတ်ပါလာအောင် လုပ်ဖို့ကလည်း အရမ်း လွယ်ကူသည်။ ချမ့်ရှုဖန်းက ပြစ်ချက်ရှိသော လူတစ်ယောက် ဖြစ်သည်။ သူမသာ အဖွဲ့သားများနှင့် အတူတူ နေပါက သူမဟာ မကောင်းတဲ့သူတစ်ယောက် ဖြစ်ဖို့ လွယ်ကူသွားလိမ့်မည်။ ထို့ကြောင့် သူမအတွက် ဝေးဝေးနေတာက ပိုကောင်းလိမ့်မည် ဖြစ်သည်။

ဝက်ရဲ့ မစင်တွေကို သယ်တဲ့ အလုပ်က သတ်မှတ်ပြီးသား ဖြစ်သည်။ ထို့အပြင် သူမက ချမ့်ကျွီဟွာကို ကန်စွန်းဥတွေ စိုက်ဖို့နှင့် ဝက်တွေကို အစာကျွေးဖို့အတွက်လည်း ကူညီရဦးမည် ဖြစ်သည်။ ထိုနေရာမှာ အလုပ်တွေ အများကြီး ရှိပြီး အကုန်လုံးက လွယ်ကူနေပုံ မရပါ။ ဒါက အလုပ်သမား ပြန်လည် ဖွဲ့စည်းဖို့ ရည်ရွယ်ချက် ဖြစ်တာ သိသာသည်။

ပြီးတော့ အဲ့မှာ ချမ့်ယုလည်း ရှိတယ်။ ချမ့်ယုက တောင်ပေါ်ကို တစ်နေ့ သုံးခါလောက် သွားရင် သူမက ပစ်မှားထားခံရမှာ သေချာတယ်။ ဒါပေမယ့် သူမက သိုးထိန်းတာဆိုရင်တော့ ဒါက နားလည်ပေးလို့ ရတယ်။ ပြီးတော့ သိုးတွေကလည်း စိတ်ကြိုက် မြက်တွေ စားလို့ရတယ်။ သူတို့က တောင်ပေါ် တက်ချင်ရင်လည်း တက်လို့ရတယ်။

ဝမ့်ရင်းသည် သူမရဲ့ စီစဥ်မှုက အတော်လေး အဆင်ပြေသည်ဟု ခံစားခဲ့ရသည်။ ပန်းတိုင်ကို ရနိုင်ရုံသာမက ဘာအခက်အခဲမှလည်း မရှိပါ။

All Chapters