အခန်း (၈၇-၈၈)
Vol. 8 Ch. 87-88
အပိုင်း ၈၇
ဒါက အကြံကောင်းတစ်ခုဟု ထျန်းယိုဖုကလည်း တွေးမိခဲ့သည်။
ချမ့်ရှုဖန်းရဲ့ အနေအထားအတွက် ဘာလုပ်ရမလဲ ဆိုတာကို သူက တကယ် မသိတော့ပါ။
မြေသြဇာ သယ်တာက သင့်တော်တဲ့ အလုပ် ဖြစ်သော်လည်း မကြာခင်ကတည်းက တပ်မဟာထဲတွင် မြေသြဇာသယ်ဖို့ လူတွေက မလိုခဲ့သေးပါ။ လောင်ကုန်းရဲ့ တာဝန် ပြီးသွားသည့်နောက် အဲ့နေရာမှာ ဝမ့်ယုံရွှင်းနှင့် ဝမ့်ယောင်ကျုံးက ရှိကောင်း ရှိနိုင်သည်။
မကြာသေးခင်ကမှ အဲ့နေရာတွင် မကောင်းတဲ့ အရာများစွာ ရှိခဲ့ပြီး မြေသြဇာသယ်သည့် လူတွေက တန်းစီရတော့မည် ဖြစ်သည်။
ဒါပေမယ့် ငါတို့တွေက ရာထူးချခံထားရတဲ့ ဒီလူနှစ်ယောက်ကို တစ်ယောက်တည်း ထားခဲ့လို့တော့ မရဘူး။
ဝမ့်ရင်းပြောတာကတော့ ဝက်မွေးတာက အဆင်ပြေတယ်တဲ့။ အဲ့အလုပ်က လူတွေနဲ့ မပတ်သက်ဘဲ လုပ်လို့ရတယ်။ ပြီးတော့ အကျိုးဆက်တွေကို စိတ်ပူနေစရာ မလိုဘဲနဲ့ နင့်ရဲ့ ရည်မှန်းချက်တွေကို ဆက်လုပ်လို့ ရတယ်။
ဒါက အဆင်ပြေတယ်။
သေချာတာကတော့ ထျန်းယိုဖုသည် ဝမ့်ရင်း မွေးထားသော ပြည့်ဖြိုးသည့် ဝက်များကို မြင်ပြီးနောက် သူ့ရဲ့ အတွေးတွေထဲမှာ ပိုပြီး ဆုံးဖြတ်ချက် ချထားမိခဲ့သည်။
ဝက်တွေ မွေးဖို့ လိုအပ်တယ်။ ဒီနှစ်ရဲ့ ဝက်မွေးမယ့် တာဝန်အပြင် သူတို့ရဲ့ တပ်မဟာကလည်း ကိုယ့်ဘာသာ ထပ်ပြီး မွေးထားတဲ့ ဝက်တစ်ကောင် ရှိသေးတယ်။ အဲ့တော့ သူတို့က သိုးတစ်ကောင်ကိုလည်း ထပ်ပြီး မွေးလို့ရတယ်။
ထျန်းယိုဖုသည် ကန့်သန့်ထားသော ပစ္စည်းအနေဖြင့် စုစုပေါင်း ဝက်ခြောက်ကောင်နှင့် သိုးသုံးကောင်ကို မွေးဖို့အတွက် ဆုံးဖြတ်ခဲ့သည်။
ကောက်ရိတ်သိမ်းချိန် ရောက်သည့်အခါ ဝက်တွေက သူမှတ်ချက်ကို ပြည့်မှီပါက ကောက်ရိတ်ချိန် မတိုင်ခင်ကတည်းက ဝက်များကို တစ်ခါတည်း ခွဲဝေပေးလို့ ရနိုင်ပြီး ကောက်ရိတ်ဖို့ကိုလည်း ချောချောမွေ့မွေ့ လုပ်နိုင်မည် ဖြစ်သည်။
သိုးတွေကတော့ သူတို့တွေကို ကောင်းကောင်း မွေးထားရင် သူတို့က တရုတ် နှစ်သစ်ကူး အချိန်ကျရင် သိုးသားတွေကို ဝေပေးလို့ ရတယ်။
ထျန်းယိုဖုမှာ အတော်လေး ကောင်းသည့် အကြံတစ်ခု ရှိနေပြီး အစည်းဝေးပွဲမှာ ပြောခဲ့သည်။
သူက ပြောလိုက်တာနှင့် တစ်ပြိုင်နက် နှစ်ပေါင်းများစွာ ဝက်တွေကို ဝေခွဲယူခဲ့ရသော မိသားစုများက မကျေမနပ် ဖြစ်လာကြသည်။ အစပိုင်းတွင် သူတို့ထံ ဝက်များကို လွှဲပြောင်းပေးပြီး ထိုဝက်များကို မွေးပြီးနောက်မှာ ဝက်သားအချို့ကို ရနိုင်မည် ဖြစ်သည်။ တကယ်လို့ သူတို့က စုပေါင်းပြီး ဝက်များကို မွေးပါက သူတို့ရဲ့ အမြတ်များကို ဆုံးရှုံးရမည် မဟုတ်ပါလား။
သို့သော် အခြားသူများ၏ ထောက်ခံသော အသံများ ပေါ်ထွက်လာသည့်အခါ သူတို့ရဲ့ အမြင်တွေက ချက်ချင်း ပျောက်သွားခဲ့သည်။
“ငါ့အထင်တော့ အဲ့ဒါက အဆင်ပြေပါတယ်။ ငါတို့ရဲ့ တပ်မဟာက အဲ့လိုနည်းနဲ့ ဝက်တွေကို ဟိုးအရင်ကတည်းက မွေးလာခဲ့တာလေ။”
“ဟုတ်တယ်။ ဘေးနားက တပ်မဟာထဲမှာ ရှိတဲ့ လူတွေက ဝက်တွေကို စုပြီး မွေးကြတာကို ငါ မှတ်မိသေးတယ်။ ပြီးတော့ သူတို့တွေ မွေးထားတဲ့ ဝက်တွေက တော်တော်လေး ကောင်းကြတယ်။”
“အဓိကအချက်ကတော့ အဲ့လိုနည်းနဲ့ လုပ်ဖို့ပဲလေ။ အဲ့ဒါမှလည်း လူတိုင်းအတွက် မျှမျှတတ ရှိမှာ။”
ထိုနေ့တွေမှာ “တရားမျှတမှု”ဟူသော စကားလုံးထက် ဘယ်အရာကမှ ပိုပြီး အရေးမကြီးပါ။
ထျန်းယိုဖုက ဝက်ခြောက်ကောင်ကို စုပေါင်းပြီး မွေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပြီး လူတိုင်းက ကျန်တစ်ကောင်အတွက် မဲခွဲခဲ့ကြသည်။
အချို့လူတွေကတော့ မကျေနပ်ကြပါ။ “ဒါက ဘယ်လိုလုပ် ထီထိုးသလို ဖြစ်သွားရတာလဲ။ အရင်ကဆို ဒီလိုပဲ အမြဲတမ်း သတ်မှတ်ကြတာ မဟုတ်ဘူးလား။”
ထျန်းယိုဖုကလည်း သူ့ရဲ့ ပုံစံကို ခပ်တင်းတင်း လုပ်လိုက်သည်။ “အရင်တုန်းက တပ်မဟာမှာ မုဆိုးမ မိသားစု အချို့ကိုပဲ ကြည့်ပေးခဲ့ကြတာ။ ဒါပေမယ့် ဒီနှစ် ငါတို့က အတူတူစုပြီး မွေးကြမှာဆိုတော့ မွေးဖို့ ခေါင်းခံရမယ့် လူတွေက နည်းသွားလိမ့်မယ်။ အဲ့တော့ ဒါက လူတိုင်းအတွက်လည်း မျှတသွားမှာပဲလေ။”
ထျန်းယိုဖုရဲ့ စိတ်ထဲတွင် ဒီအကြံက မနှစ်ကတည်းက ရှိနေခဲ့သည်။ သူသည် ဝမ့်ရင်းနှင့် ဝမ့်ယုံရွှင်းတို့ မိသားစုကြားက ကိစ္စများကို ဝင်ပါပြီးကတည်းက သူ့ကိုယ်သူ ပြန်ပြီး သုံးသပ်မိခဲ့သည်။
သူက စစ်သားတစ်ယောက်ဖြစ်ပြီး မုဆိုးမများနှင့် အာဇာနည်များရဲ့ မိဘမဲ့ ကလေးများကို အများကြီး ဂရုစိုက်ပေးခဲ့သည်။
သို့သော် တပ်မဟာက တပ်မတော်ကြီး တစ်ခုတော့ လုံးဝ မဟုတ်ပါ။ ထို့အပြင် အကျိုးအမြတ် အများကြီး ပေးခဲ့ပါက လူတွေက ပိုပြီး လောဘတက်လာကြမှာ သေချာသည်။
ဝမ့်ယုံရွှင်းလို ဆွေမျိုးဆီကနေ ပြန်ပြီး ဂုတ်သွေးစုတ်ပြီး တွယ်ကပ်နေတဲ့ ကောင်မျိုး။ အချို့လူတွေက သူတို့ကို အကြာကြီး ပြုစုပျိုးထောင်ခဲ့ရတော့ အကျိုးအမြတ်တွေကို သူတို့ကပဲ ရသင့်တယ်လို့ တွေးကြသည်။ ပြီးတော့ သူတို့က အဖွဲ့ထဲမှာရှိတဲ့ အခြား သူတွေကိုတောင် အထင်သေးကြသည်။
ထျန်းယိုဖုက ဒါကို မေ့ပစ်ဖို့ တွေးခဲ့သည်။ သူတို့တွေ ဒါကို ဟိုးအရင်ကတည်းက မဲနှိုက်ခဲ့သင့်တာ။ ဘယ်သူရတယ်၊ ဘယ်သူက မရဘူးဆိုတာတွေ အကုန်လုံးက ကံတရားအပေါ်မှာပဲ မူတည်တာ။
မဲနှိုက်မည့် ကိစ္စကို သဘောတူပြီးနောက် ထျန်းယိုဖုက ရိုးရိုးသားသားနှင့် စာရေးမကို မှတ်စုများ ချက်ချင်း ပြင်ဆင်ပြီး စုထားဖို့ ပြောခဲ့သည်။ ထိုအချိန်မှာ သူကတော့ ဝက်တွေ စုမွေးဖို့ လူရွေးမည့် ကိစ္စကို ပြောနေခဲ့သည်။
အစပိုင်းမှာတော့ လူတိုင်းက အတော်လေး တက်ကြွနေခဲ့သည်။
ဝက်မွေးတာက ခက်ခဲတဲ့ အလုပ်တော့ မဟုတ်ပါ။ ဝက်မွေးပြီးရင် မင်းက လယ်ထဲမှာ အလုပ်လုပ်ဖို့ မလိုတော့ဘူး။ ပြီးတော့ နှစ်ကုန်ပိုင်းကျရင် မင်းက ဝေပေးတဲ့ အသားတွေကို အပို ထပ်ရဦးမှာ သေချာတယ်။
ဒါက မကောင်းဘူးလား။
မိန်းမအုပ်စု တစ်စု သူတို့သည် ဝက်များကို မွေးချင်ကြသည့်အတွက် ဒေါသတကြီး ရန်ဖြစ်နေခဲ့ကြသည်။
ထိုနေရာတွင် အခက်ထန်ဆုံး သူကတော့ ထျန်းအာကျုးရဲ့ မိန်းမ ဖြစ်သည်။
သူမသည် ကောင်းတဲ့အရာတွေက သူမရဲ့ နှာခေါင်းနားက ယူသွားခြင်း ခံရမှာကို ကြောက်တဲ့သူမျိုး ဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှိသမျှ ကောင်းတဲ့ အရာရာတိုင်းက သူမကပဲ ယူရဖို့ကို ဆန္ဒရှိတဲ့သူမျိုး ဖြစ်သည်။
သူမက ပြေးလာပြီး သူမကိုယ်သူမ အကြံပြုခဲ့သည်။ “ကျွန်မက အဲ့ဒါကို လုပ်နိုင်တယ်။ ကျွန်မက ဝက်မွေးတဲ့ နေရာမှာ အရမ်း ကျွမ်းကျင်တယ်။ အဖွဲ့အတွက် ဝပြီး ဖြူဖွေးနေတဲ့ ဝက်မျိုး မွေးပေးမယ်လို့ ကျွန်မ ကတိပေးပါတယ်။”
ဒါက အဆင်ပြေလား၊ မပြေဘူးလား ဆိုတာကို ထျန်းယိုဖုက မပြောခဲ့ပါ။ ထိုအစား သူက ပြောခဲ့သည်။ “ဝက်တွေက ပျက်စီးသွားရင် ဘယ်လိုလုပ်ရမလဲ။”
ထျန်းအာကျူးရဲ့ မိန်းမက အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြီး လက်ကိုချကာ ပြောခဲ့သည်။ “ကျွန်မက အဲ့ဒါကို ဆိုးရွားသွားအောင် လုပ်မှာ မဟုတ်ဘူး။”
အဲ့ဒါက မကောင်းတော့လည်း မကောင်းလို့ပေါ့။ ဒါက စုမွေးရမယ့် ဝက်လေ။ မင်းအပိုင်မှ မဟုတ်တာ။ အဲ့ဒါကို မင်းက သူမကို အလျော်ပေးဖို့ ပေးလို့ ရသေးလို့လား။
ထျန်းယိုဖုက သူမကို အေးတိအေးစက် ကြည့်လိုက်သည်။ သူက ထျန်းအာကျူးရဲ့ မိန်းမကို အမြဲတမ်း အထင်သေးနေခဲ့သည်။ သူမက မိသားစုပိုင် လယ်ကွင်းထဲက သူမရဲ့ အလုပ်မှာ ပေါ့ပျက်ပျက်နှင့် ဖြစ်သည်။ အဲ့ဒါကို သူမက အစိုးရအတွက် အလုပ်ကြိုးစားဖို့ကို ဘယ်လိုလုပ် မျှော်လင့်လို့ ရနိုင်ပါ့မလဲ။
မဖြစ်နိုင်တာ။ ဒီမိန်းမက ပျင်းပဲ ပျင်းနေပြီး အချောင်ခိုနေတာ။
ဒီအချိန်မှာ သူတို့ရဲ့ လက်တွေကို မြှောက်တဲ့ လူအများစုက အပျင်းတစ်ချင်လို့ ဆိုတာကို ပြောလို့တောင် ရတယ်။
သို့သော် ထိုအချိန်မှာ ဝမ့်ရင်းက ချမ့်ကျွီဟွာကို စကားအနည်းငယ် ပြောခဲ့သည်။
ချမ့်ကျွီဟွာက အံကိုကြိတ်ပြီး သူမရဲ့လက်ကို မြှောက်ကာ အကျယ်ကြီး ပြောခဲ့သည်။ “ကျွန်မ အဲ့ဝက်ကို မွေးပါ့မယ်။ အဖွဲဲ့ထဲက အဲ့ဝက်ကို ဆိုးဆိုးရွားရွား မဖြစ်စေရပါဘူးလို့ ကျွန်မ ကတိပေးပါတယ်။ တကယ်လို့သာ အဲ့လို ဖြစ်သွားခဲ့ရင် အဲ့အတွက် ကျွန်မဘာသာ ပြန်ပေးပါ့မယ်။”
ခဲတစ်လုံးက ဂယက်များစွာ ထနိုင်စေသည်။
ချမ့်ကျွီဟွာသည် သူမရဲ့ ယောက်ျားနှင့် ရန်ဖြစ်ပြီး သူမရဲ့ ပစ္စည်းများကို ယူကာ သမီးသုံးယောက်နှင့် အိမ်ပေါ်က ဆင်းလာတာကို လူတိုင်းက သိနေခဲ့သည်။
တကယ်လို့ ဝမ့်ယောင်ကျုံးရဲ့ ကြက်ခိုးသည့် ကိစ္စကသာ မဖြစ်သွားခဲ့ရင် လူတိုင်းက ချမ့်ကျွီဟွာရဲ့ ကွာရှင်းတဲ့ အကြောင်းကိုသာ ပြောနေကြမည် ဖြစ်သည်။
ဒီလို လူသိရှင်ကြား ပြဿနာမျိုး ဖြစ်ထားတဲ့ သူက အခုချိန်မှာမှ ဝက်တွေကို မွေးချင်နေတာလား။
ထျန်းယိုဖုက ဘာမှ မပြောနိုင်ခင်မှာဘဲ ထျန်းအာကျူးရဲ့ မိန်းမက ပြောခဲ့သည်။
“ဒါက တော်တော် ရယ်ရတာပဲ။ ဝက်တွေသာ တစ်ခုခု ဖြစ်သွားရင် နင်က အဲ့အတွက် ပြန်ပေးရမှာ။ နင်က အဲ့ဒါကို ပေးနိုင်လို့လား။ လူတိုင်းက လေကြီးလေကျယ် ပြောလို့ရတယ်။ ဝက်တွေသာ တစ်ခုခု ဖြစ်သွားရင် ငါက အဲ့အတွက် ပေးနိုင်တယ်ဆိုပြီး ပြောလို့ ရတာပဲ မဟုတ်လား။”
ချမ့်ကျွီဟွာက အံကိုကြိတ်ပြီး ပြောခဲ့သည်။ “အခုချိန်မှာ ကျွန်မမှာ ပြစရာ ဘာလုပ်ခ ရမှတ်မှတောင် ရှိမနေပါဘူး။ အဲ့တော့ ကျွန်မကို ဝက်တစ်ကောင်အတွက် လုပ်ခအမှတ် တစ်မှတ်ပဲ ပေးပါ။ တကယ်လို့ တစ်ကောင် သေရင် ကျွန်မက အဲ့တစ်ကောင်အတွက် ပြန်ပြီး အလျော်ပေးပါ့မယ်။ ကျွန်မမှာ ပိုက်ဆံ မလောက်ရင်လည်း အဲ့အစား ကျွန်မရဲ့ လုပ်ခ အမှတ်တွေကို ပေးမယ်။”
ထိုစကားတွေက အတော်လေး ပြင်းထန်ပြီး ထျန်းအားကျူးရဲ့ မိန်းမက ချက်ချင်းပဲ ဆုံးရှုံးမှု တစ်ခုလိုတောင် ဖြစ်သွားခဲ့ရသည်။
မဟုတ်သေးပါဘူး။ မင်းက ဝက်မွေးဖို့ကို အရမ်း ကြိုးစားနေတာ၊ ဟုတ်တယ်မလား။
ဝက်မွေးတဲ့ လူတိုင်းက ပေါ့ပေါ့ပါးပါးနဲ့ အပျော်အနေနဲ့ပဲ လုပ်ချင်ကြတာ။ အဲ့ဒါကို မင်းက ဘာလို့ ဒီလောက်ထိ အသည်းအသန် ဖြစ်နေရတာလဲ။
ချမ့်ကျွီဟွာက ဝက်မွေးဖို့ကို သူမရဲ့ အဓိက အလုပ်အဖြစ် တကယ် သတ်မှတ်ထားတာကို လူအနည်းငယ်ကသာ သိခဲ့ကြသည်။
သူမက ထျန်းတကျူးနဲ့ ကွာရှင်းလိုက်ပြီ။ သူမရဲ့ သမီးသုံးယောက်က စားဖို့၊ သောက်ဖို့ကို စောင့်နေကြတာ။ သူမရဲ့ အငယ်ဆုံး သမီးလေးက လမစေ့ဘဲနဲ့ မွေးလာတော့ ကျန်းမာရေးက တော်တော် မကောင်းဘူး။ ပြီးတော့ သူမကိုယ်တိုင်ကလည်း အလုပ်ကြမ်းတွေ မလုပ်နိုင်ဘူး။
ဒီကိစ္စတွေအားလုံး ခြုံငုံလိုက်ရင် သူမမှာ ဝက်မွေးဖို့က လွဲလို့ ဘာမှ ရွေးခြယ်စရာ မရှိဘူး။
တစ်ခြားသူတွေက ဒါကို စမ်းလုပ်ကြည့်ပြီးမှ အလုပ်ကို ပြန်လုပ်မယ်လို့ တွေးကောင်း တွေးမိကြလိမ့်မည်။ ဒါပေမယ့် သူမကတော့ အဲ့လိုမဟုတ်ပါ။ သူမက အလုပ်လည်း မသွားနိုင်သလို လယ်အလုပ်လည်း မလုပ်နိုင်ပါ။ တပ်မဟာထဲက ဝက်တွေကို မွေးပေးတာကမှ သူမကို တည်ငြိမ်မှာ ဘဝမှာ ကောင်းကောင်း နေနိုင်လိမ့်မည် ဖြစ်သည်။
ချမ့်ကျွီဟွာက ဘာကြောင့်မှန်း မသိသော်လည်း သူမက သတ္တိရှိလာတယ်ဟု ရုတ်တရက် ခံစားခဲ့ရသည်။
ဝမ့်ရင်းက သူမကို ဆက်လုပ်ဖို့ ပြောခဲ့သည်။ အကြောင်းမှာ သူမက ဒါကို နောက်ဆုံးတော့ ပြောရမည် ဖြစ်ပြီး အဲ့ဒါကို ဘယ်သူကမှ သူမဆီကနေ ဆွဲယူသွားလို့ ရမည် မဟုတ်ပါ။
ဝက်မွေးရမယ့်အလုပ် အသေးစိတ်အတွက် ချမ့်ကျွီဟွာက စိတ်လှုပ်ရှားနေခဲ့သော်လည်း သူမက စမ်းကြည့်မယ်ဟု တွေးခဲ့သည်။ ဝမ့်ရင်းက သူမအား ဝက်တွေကို ကြည့်ဖို့ ကူညီပေးပြီး မကောင်းတဲ့ ရောဂါများမှ ကာကွယ်ပေးမည်ဟု ပြောခဲ့သည်။ သူမက ဝမ့်ရင်းကို ကျေးဇူးတင်ခဲ့ပြီး ဝက်တွေကို ကောင်းကောင်း မွေးဖို့အတွက် စိတ်ပိုင်းဖြတ်ခဲ့သည်။
အခြားသူတွေက အမှားလုပ်မိသည့်အခါ အိမ်ကိုပြန်ပြီး သူတို့ဘာသာ စားလို့ ရသည်။ သို့သော် သူမမှာ သွားစရာ ဘယ်နေရာမှ မရှိဘဲ သူမမှာ ဝက်မွေးဖို့ နည်းတစ်ခုသာ ရှိသည်။
ထျန်းအာကျူးရဲ့ မိန်းမ အားပျက်သွားတာကို မြင်လိုက်ရသည့်အတွက် ဘယ်သူကမှ ချမ့်ကျွီဟွာနှင့် မယှဥ်ပြိုင်နိုင်ကြတော့ပါ။ ဝက်မွေးမည့် တာဝန်ကို ချမ့်ကျွီဟွာအား ပေးဖို့အတွက် ထျန်းယိုဖုက ချက်ချင်းပဲ ဆုံးဖြတ်လိုက်သည်။
သူက ချမ့်ကျွီဟွာကို စိတ်တိုင်းကျနေခဲ့သည်။
ထို့ပြင် ဝက်မွေးတာက အခြားသူတွေအတွက် အလုပ်တစ်ခုသာ ဖြစ်ပြီး ချမ့်ကျွီဟွာအတွက်က သေချာပေါက် အသက်မွေးဝမ်းကျောင်း တစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။ သူတို့တွေကြားက စိတ်ဓာတ်က အတော်လေး ကွာခြားသည်။
ဝက်တွေကို ကျွေးဖို့အတွက် ကန်စွန်းဥခင်းလေး တစ်ခင်း စိုက်ဖို့ ကိစ္စကိုတော့ ထျန်းယိုဖုက မပြောခဲ့ပါ။
ဒါတွေအားလုံးက အသေးအဖွဲ့ ကိစ္စလေးများသာ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်နေပါစေ ထိုမြေကိုတော့ ချမ့်ကျွီဟွာအား ခွဲမပေးပါ။ ဒါက မြေကွက်လေး တစ်ကွက်သာ ဖြစ်သည်။ ဒါအတွက် ဆွေးနွေးဖို့လောက်တော့ မတန်ပါ။
ချမ့်ကျွီဟွာရဲ့ မျက်နှာက စိတ်လှုပ်ရှားပြီး နီရဲသွားခဲ့သည်။ သူမဟာ နောက်ဆုံးမှာတော့ ဝမ့်ရင်းပြောတဲ့ ကိုယ့်အတွက်ကိုယ် အသက်ရှင်ရတာရဲ့ အဓိပ္ပါယ်ကို သိသွားခဲ့သည်။
သူမအလုပ်ကို စတင်ရမှာက သူမကိုယ်တိုင်သာ ဖြစ်ပြီး ရလဒ်များ အားလုံးကိုလည်း သူမကိုယ်တိုင်သာ ထိန်းချုပ်ထားသည်။ ဒီနေရာမှာ မသိတာတွေ ရှိသော်လည်း စိတ်လုံခြုံတယ်ဆိုတာက သူမ ထျန်းတကျူးနှင့် အတူတူ ရှိနေစဥ်က ဘယ်တုန်းကမှ မခံစားဖူးသော အရာမျိုးသာ ဖြစ်သည်။
အဲ့အချိန်မှာ သူ့အစေ့အဆန်တွေကို အခြားသူတွေက ယူသွားမှာလား။ ပြီးတော့ သူမ အားထုတ်တာတွေကို သူများတွေက အခွင့်ကောင်း ယူသွားမှာလား ဆိုတာကို စိတ်ပူနေခဲ့ရသည်။ ပြီးတော့ သူမက တစ်ချိန်လုံး စိုးရိမ်နေခဲ့ရတာပင်။
အခု သူမ အဲ့အကြောင်းကို တွေးပုံအရ သူမရဲ့ ယောက်ျားကို မောင်းထုတ်လိုက်တာနဲ့ သူမရဲ့ စိုးရိမ်စရာတွေ အားလုံးကို သိပ်အကြာကြီး စိုးရိမ်ရတော့မှာ မဟုတ်ဘူး။
ဝက်မွေးရမယ့် ကိစ္စက ပြီးဆုံးသွားခဲ့ပြီး နောက်ထပ် တစ်ဆင့်ကတော့ ဝက်များကို တာဝန်ယူဖို့ မဲနှုက်ရန် ဖြစ်သည်။
စာရေးမက စက္ကူခေါက်များနှင့် ရောက်လာပြီး ထိုစာလိပ် ခြောက်လိပ်ထဲတွင် နံပါတ် အစဥ်လိုက်သာ ရေးသားထားခဲ့သည်။ နံပါတ်တစ်ကို နှိုက်မိတဲ့ ဘယ်သူမဆို အနိုင်ရသူ ဖြစ်လိမ့်မည်။
အဲ့လိုနှင့် အဖွဲ့က လူတွေက စတင်ပြီး မဲနှိုက်ဖို့ကို အတော်လေး စိတ်ဝင်စားလာခဲ့သည်။
ဝမ့်ရင်းရဲ့ နံပါတ်က အတော်လေး နောက်ကျနေခဲ့သည်။ ပထမ နံပါတ် ငါးခုက ယူသွားပြီးကြပြီ ဖြစ်ကာ နောက်ဆုံး တစ်ခုပဲ ကျန်တော့သည်။
ဝမ့်ရင်းက အသက်ကို သေချာရှူပြီး အတော်လေး ဆင်တူသည့် တစ်ခုကို ကောက်ယူလိုက်သည်။
သူမ အဲ့စာလိပ်ကို ဖွင့်လိုက်တော့ အဲ့ထဲမှာ ဗလာကြီး။
ဒါပေမယ့် အဲ့နေရာမှာ ဝူကွေ့ဟွာရဲ့ အော်သံကြီးက ထွက်လာခဲ့ပြီး သူမက နောက်ဆုံးတစ်ခုကို နှိုက်မိသွားတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်။
ဝမ့်ရင်းက မထူးမခြားနဲ့ဘဲ ပြုံးပြခဲ့ပြီး သူမရဲ့ စိတ်က အတော်လေး တည်ငြိမ်နေကာ သူမရဲ့ အရင်ဘဝက ဆုကဒ်ကို ဆွဲထုတ်မိသလို ဖြစ်နေခဲ့သည်။ ထိုအရာကို ယူပြီးနောက် ပြောခဲ့သည်။ “ရှင့်ရဲ့ ထောက်ခံပေးမှုအတွက် ကျေးဇူးပါ။”
အိုး၊ လူတွေက ဘယ်လိုလုပ် ဒီလောက်ထိ ကံကောင်းနိုင်မှာလဲ။
သူက ထိုအကြောင်းကို တွေးမိသည့်အခါ စာရေးက ရုတ်တရက် သူ့နဖူးသူ ရိုက်ပြီး ပြောခဲ့သည်။ “ငါ့ရဲ့ မှတ်ဉာဏ်တွေကိုလည်း ကြည့်လိုက်ကြပါဦး။ ငါတို့ တပ်မဟာထဲက တစ်ယောက်ကိုမှ မေ့သွားရတယ်လို့။ ငါ နောက်တစ်ခု ထပ်ရေးလိုက်မယ်။”
ဒီတစ်ကြိမ်မှာတော့ ဘာမှ အလဟဿ မဖြစ်တော့ပါ။ ဗလာဖြစ်နေသော လူတိုင်းရဲ့ စာလိပ်များကို ယူပြီး တစ်ကနေ ခုနစ်ထိ ပြန်ရေးကာ ရောလိုက်သည်။
ဒီတစ်ကြိမ်မှာတော့ ဝမ့်ရင်းက အသက်ကို ဝအောင်ရှူပြီး ပြန်ထုတ်ဖို့ အနောက်မှာ ရပ်လိုက်သည်။
“ငါနိုင်ပြီ။”
ဝမ့်ရင်းက သုံးပေလောက် မြင့်အောင် ခုန်လိုက်သည်။
သူမလက်ထဲတွင် စာလိပ်ပေါ်တွင် ခုနစ်ကို စာလုံးအကြီးကြီးဖြင့် ရေးထားခဲ့သည်။
ထျန်းယိုဖုက လက်ခုပ်တီးကာ ပြောခဲ့သည်။ “ဟုတ်ပြီ။ နောက်ရင် နည်းနည်းလောက် ဝက်လေးတွေ မွေးလာတဲ့ အချိန်အထိ စောင့်ကြမယ်။ ပြီးရင် ငါတို့တွေ နည်းနည်းလောက် သွားဝယ်ပြီး အကုန်လုံးကို နေရာချထားကြမယ်။”
အစည်းအဝေးပွဲက အောင်အောင်မြင်မြင် ပြီးသွားခဲ့သည်။
ဝမ့်ရင်းက စာလိပ်ကို ပျော်ရွှင်စွာ ကိုင်ထားပြီး ရှုရွှမ်းကို ပြဖို့အတွက် ပြန်သွားခဲ့သည်။ ဒါက ကောင်းတယ်ဟု ရှုရွှမ်းကလည်း တွေးခဲ့သည်။ ထို့နောက် ထီပေါက်တာက ကောင်းတဲ့ အရာတစ်ခု ဖြစ်သည်။
ဝက်မွေးရတာက သိပ်ပြီး အားထုတ်စရာ မလိုဘူး။ ပြီးတော့ နှစ်ကုန်လို့ရှိရင် သူတို့က ဝက်သားတွေလည်း ပိုရနိုင်တယ်။
ဝမ့်ရင်းက စိတ်ကျေနပ်သွားပြီးနောက် စပြီး အလုပ်ရှုပ်လာရတော့သည်။
ပထမဆုံး သူမလုပ်ရမယ့် အရာက ချမ့်ရှုဖန်းနှင့် တွေ့ဖို့အတွက် ချမ့်ကျွီဟွာကို ခေါ်သွားရန် ဖြစ်သည်။ ဒီကာလအတွင်းမှာ ချမ့်ရှုဖန်းက အမျိုးသမီးကြီးရှုနှင့် ရင်းနှီးပြီးသားဖြစ်ကာ သူတို့ နှစ်ယောက်လုံးက သုံးရက်တစ်ခါ ငါးရက်တစ်ခါလောက် ချည်ပန်းထိုးတာကို သင်ယူနေခဲ့ပြီး သူတို့ရဲ့ နေ့ရက်တွေက အရမ်း ပြည့်စုံနေခဲ့သည်။
အခုဆိုရင် ဝမ့်ရင်းက နောက်ထပ် သတင်းကောင်း တစ်ခုကို ယူလာခဲ့ပြီ ဖြစ်ကာ ထိုသတင်းက ချမ့်ရှုဖန်းရဲ့ မျက်လုံးများကို ရဲသွားစေခဲ့သည်။
နှင်းတွေ စတင်ပြီး အရည်ပျော်လာကတည်းက နွေရာသီ ရောက်တော့မှာကို သူမ စိုးရိမ်နေခဲ့သည်။ ဒီလိုမျိုး ပို့ခံလိုက်ရတာက သူမအတွက် ဘဝကို ပျော်ရွှင်အောင် နေဖို့ နည်းလမ်းတစ်ခု မဟုတ်ကြောင်း သူမ သိနေခဲ့သည်။ အလုပ်ကြမ်းနှင့် ခွဲခြား ဆက်ဆံမှုတွေက သူမအတွက် များလွန်းသည်။
သို့သော် ဝမ့်ရင်းက သူမကို ထပ်ပြီး ကူညီလိုက်တာက သိသာနေခဲ့ပြီး သူမက ထပ်ပြီး အနှိမ်ခံရမှာ မဟုတ်တော့ဘူးဆိုသည့် မျှော်လင့်ချက်လေးကို ပေးခဲ့သည်။
ဝက်မွေးတာက လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်သော်လည်း သူမသာ သေသေချာချာ ထိန်းထားနိုင်ပါက အတော်လေး သက်သာမည် ဖြစ်သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၈၈
ချမ့်ကျွီဟွာက ချမ်ရှုဖန်း၏ အရှေ့မှာတော့ အနည်းငယ် ကိုးရိုးကားယား ဖြစ်နေပုံကို မြင်ရခဲသည်။ ဝမ့်ရင်းက ထိုအကြောင်းကို တွေးမိကာ ဒါက ချမ့်ကျွီဟွာသည် အခြားသူများနှင့် အမြဲတမ်း အတူတူရှိရသည့် အတွေ့အကြုံမျိုး မရှိခြင်းကြောင့် ဖြစ်တာ သေချာသည်ဟု တွေးမိလိုက်သည်။
သူမက ခေါင်းမာပြီး တပ်မဟာထဲက မိန်းမ အများစုနှင့်လည်း အရောတဝင် မနေပါ။ နောက်ပိုင်း သူမက ကွာရှင်းလိုက်ပြီး တပ်မဟာထဲမှာလည်း သူငယ်ချင်းဆိုပြီး မရှိပါ။ ထို့ကြောင့် သူမက ချမ့်ရှုဖန်းနှင့် အလုပ်တူတူ လုပ်သည့်အခါ ချမ့်ကျွီဟွာက သည်းခံနိုင်မယ်လို့ မထင်ပါ။ ထို့အပြင် သူမက လူတွေနှင့် ဘယ်လို စကားပြောရမလဲ ဆိုတာကို လုံးဝ မသိပါ။
သို့သော် ဒါက ခက်ခဲတဲ့ ပြဿနာတော့ မဟုတ်ပါ။ ချမ့်ရှုဖန်းမှာက အလွန် ဖော်ရွေသော စိတ်မျိုးရှိပြီး ချမ့်ကျွီဟွာနှင့် စတင် စကား ပြောဖို့ရန် သူမအတွက်တော့ အများကြီး အားမထုတ်ခဲ့ရပါ။
သူတို့နှစ်ယောက်လုံးက သနားဖို့ကောင်းကြသည်။ ချမ့်ကျွီဟွာမှာ သမီး သုံးယောက်ရှိပြီး ချမ့်ရှုဖန်းမှာတော့ သမီး တစ်ယောက် ရှိသည့်အတွက် သူတို့မှာ ရုတ်တရက် ပြောစရာ စကားတွေက ပိုပြီး တူနေခဲ့ကြသည်။
ဝမ့်ရင်းက သူတို့နှစ်ယောက်ကို ရင်းနှီးအောင် ထားထားပြီး ချမ့်ကျွီဟွာက ချမ့်ရှုဖန်းနှင့် အနီးဆုံး ပျက်စီးနေသည့် အိမ်တစ်လုံးကို ချက်ချင်း ရွေးလိုက်သည်။ သူတို့ နှစ်ယောက်က အရမ်းမဝေးသော အိမ်နီးချင်းများ ဖြစ်လာကြသည်။
ချမ့်ကျွီဟွာသည် အဖွဲ့က ရောက်လာပြီး ဝက်ခြံတစ်ခြံ လာဆောက်ပေးဖို့ကို စောင့်နေခဲ့သည်။ သို့မှာသာ သူမက ဝက်များကို မွေးနိုင်မည် ဖြစ်သည်။
ချမ့်ရှုဖန်းက မြေပြင်များကို ရှင်းလင်းပြီး ကန်စွန်းဥများ စိုက်ဖို့အတွက် စတင် အလုပ်ရှုပ်နေခဲ့ရသည်။
ရုတ်တရက်ဆိုသလို ဘဝက ပုံမှန်အတိုင်း ဖြစ်သွားပြီး လူတွေက သက်ပြင်းချကာ ဆောင်းတွင်းကလည်း အတိတ်မှာ ဖြစ်ခဲ့သည့် အရာလိုမျိုး ဖြစ်သွားခဲ့ပုံရသည်။
ရက်အနည်းငယ် ကြာပြီးနောက် ရှုရွှမ်းက အိမ်ကို သန့်ရှင်းရေး လုပ်ပြီး အလုပ် ပြန်သွားရန် ပြင်ဆင်ခဲ့သည်။
ထိုအချိန်မှာပဲ ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့က ဆေးခန်းမှ ပြန်လာခဲ့ကြသည်။
ရက်အနည်းငယ် ကြာပြီး သက်သာလို့ ဆေးခန်းမှ ပြန်လာခဲ့ချိန်တွင် ဝမ့်ယုံရွှင်းရဲ့ စုငွေမှာ ထပ်ပြီး ကုန်သွားခဲ့သည်။ လီချွမ်းကျင်နှင့် သူ့ရဲ့ ဒဏ်ရာများက ကုသဖို့ လိုအပ်နေသေးပြီး သူဘယ်လောက် သုံးမည်ကို လုံးဝ မပြောခဲ့ပါ။
သူကတော့ ယွမ်၄၀ ကျော်လောက် စုထားခဲ့ရတာ။ ဒါပေမယ့် အချိန်တိုတိုလေးနဲ့ ယွမ် ၂၀က ကုန်သွားပြီ။
ဝမ့်ယုံရွှင်းရဲ့ အခြေနေက အနည်းငယ် သက်သာလာသည့်အခါ သူက ဆေးခန်းမှ ပြန်ချင်ပြီး သက်သာအောင် အိမ်ကိုပဲ သွားချင်တယ်ဟု ချက်ချင်း ပြောလိုက်သည်။
အခုချိန် သူ့လက်ထဲမှာ ယွမ်နှစ်ဆယ်သာ ကျန်တော့သည်။
ထို့အပြင် သူက ဝမ့်ယောင်ကျုံးရဲ့ လက်ရှိ အခြေနေကိုလည်း မသိခဲ့ရပါ။
ဝမ့်ယုံရွှင်းနှင့် သူ့မိန်းမတို့က အိမ်ကို ကျက်သရေမရှိ ပြန်လာခဲ့ကြသည်။ တပ်မဟာထဲက လူတွေက သူတို့ကို တွေ့သည့်အခါ အားလုံးက သူတို့ကို ကဲ့ရဲ့ခဲ့ကြသည်။ သူတို့အားလုံးက ဒီမိသားစုနှင့် တပ်မဟာ တစ်ခုထဲတွင် ရှိနေကတာက တကယ် ကံဆိုးတယ်ဟု ခံစားခဲ့ရသည်။
ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင် ပြန်လာသည့်အခါ ပထမဆုံး လုပ်ချင်ကြသည့် အရာကတော့ ဆေးကုထားသော သူတို့ရဲ့ ခြေထောက်နှင့် ခန္ဓာကိုယ်ကနေ ဆွဲကာ ဝမ့်ယောင်ကျုံး အကြောင်းကို မေးဖို့ရန် ဖြစ်သည်။
ကျောင်းတွေက ဖွင့်တော့မည် ဖြစ်ပြီး ဝမ့်ယောင်ကျုံးကလည်း မကြာခင် ကျောင်းသွားရတော့မည် ဖြစ်သည်။ ထို့ကြောင့် သေချာတာက ဒီကိစ္စကို မြန်မြန်လေး ဖြေရှင်းရမည် ဖြစ်သည်။
သို့သော် ဝမ့်ယုံရွှင်းနှင့် သူ့မိန်းမက နှစ်ခါပြန် ထွက်ပြေးခဲ့ကြပြီး တိကျတဲ့ အဖြေတစ်ခုလည်း မရရှိခဲ့ပါ။
ဝမ့်ယောင်ကျုံး အဖမ်းခံရတာ သေချာသော်လည်း ဝမ့်ယောင်ကျုံးရဲ့ ကိစ္စက ထပ်ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်းကို တော်လှန်ရေး အဖွဲ့က ပြောခဲ့သည်။ ဝမ့်ယုံရွှင်းက ပိုက်ဆံ ပေးပြီးကြောင်းကို သူက ဘယ်လိုပဲ ရှင်းပြနေပါစေ ကိစ္စမရှိဘဲ တပ်မဟာထဲရှိ လူတိုင်းက သူ့ကို ခွင့်လွှတ်ခဲ့ကြသည်။ တော်လှန်ရေး အဖွဲ့က စကား နှစ်ခွန်းသာ ပြောခဲ့သည်။ သူ့ကို မလွှတ်ပေးဘူး။
ဝမ့်ယုံရွှင်းက အရမ်း စိုးရိမ်နေခဲ့ပြီး ရူးမလို ဖြစ်နေခဲ့သည်။ သူ့သားက အဖမ်းခံခဲ့ရသည်။ သူသာ ကျောင်းမသွားနိုင်ပါက အနာဂတ်မှာ သူက ဘယ်လိုလုပ် မြို့ကိုသွားပြီး အလုပ် လုပ်နိုင်ပါ့မလဲ။
သူက စီးကရက်ကို ဖွာလိုက်ပြီး ကောင်းတဲ့ အရာတွေကို ပြောခဲ့သည်။ ရက်တွေ အကြာကြီး တွန်းအားပေးပြီး နောက်ဆုံးမှာတော့ သူက ဝမ့်ယောင်ကျုံးရဲ့ အကြောင်းကို သိခဲ့ရသည်။
မင်းက အပြစ်တင်ခံရမှာ။ ပြီးတော့ ကိုယ့်ကိုကိုယ် ဝေဖန်တဲ့စာကိုလည်း ရေးရမယ်။
ပိုပြီး အရေးကြီးတာက ဝမ့်ယောင်ကျုံး ကိုယ်တိုင်က ကန့်သန့်ထားသည့် အရာများကို လုပ်ခဲ့သည့်အတွက် သူ့အား အထက်တန်းကျောင်း သွားဖို့အတွက် ပြောထားသော စာကို ပြန်ရုတ်သိမ်းဖို့ ပြောခဲ့သည်။
တစ်နည်း ပြောရရင် ဝမ့်ယောင်ကျုံးက နှစ်ဝက်မှာမှ အထက်တန်းကျောင်း ဒီပလိုမာကို ရသွားခဲ့ပါက အပြစ်တင်ခံရသော အချိန်မှာ ရုန်းကန်ရတော့မည် ဖြစ်သည်။
ဒီပလိုမာ ရဖို့ကို မဆိုထားနှင့် စာရွက် တစ်ရွက်ကတောင် စာဖိုင်တစ်ခု လုပ်လို့ရသည်။
မင်း အဲ့အချိန်တုန်းက သိသင့်တာ။ လူတိုင်းက မိသားစု နောက်ကြောင်းကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်လို့ သေချာ အာရုံစိုက်ခဲ့ကြတာ။ ဝမ့်ယောင်ကျုံးရဲ့ စာဖိုင်ကြောင့် သူ့ရဲ့ ဘဝမှာ ဘယ် အပြင်က အသက်မွေးဝမ်းကျောင်း အလုပ်မှာ ဘယ်တော့မှ အလုပ် ခန့်ခံရမှာ မဟုတ်တော့ဘူး။
အဖွဲ့ထဲမှာ ယာယီအလုပ်မျိုး ရှိနေရင်တောင် သူ့ရဲ့ မိသားစုကို ရွေးကြမှာ မဟုတ်တော့ဘူး။
စစ်ဆေးနေတဲ့ ရလဒ် ထွက်လာသည့်အခါ လီချွမ်းကျင်နှင့် ဝမ့်ယုံရွှင်းတို့က တုန်လှုပ်သွားခဲ့ကြသည်။
ဒီလို ကြက်အနည်းငယ် ခိုးမိတဲ့ အမှုက သူတို့သားရဲ့ အနာဂတ်ကို ဖျက်စီးပစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ကြပါ။
ဒါက ကြက်နည်းနည်းလေးပဲလေ။
လီချွမ်းကျင်က ဒူးထောက်ကာ ငိုချလိုက်ပြီး သူမက တော်လှန်ရေး အဖွဲ့က လူတွေကို ခယနေတာတောင် အသုံးမဝင်ခဲ့ပါ။
အဲ့နေရာမှာ ဝမ့်ယောင်ကျုံးက ငယ်ပြီး ဒါက သူ့ရဲ့ ပထမဆုံး အပြစ်သာ မဟုတ်ခဲ့ဘူးဆိုရင် ဒီကိစ္စကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူးဟု တစ်ဖက်လူက ပြောခဲ့သည်။
အနည်းဆုံးတော့ သူတို့ကို လမ်းမပေါ်မှာ လိုက်ပြောကြမည် ဖြစ်သည်။
သို့သော် ဝမ့်ယုံရွှင်းသည် သူ့သား လမ်းပေါ်မှာ အပြောခံရမှာကို သူ့သားရဲ့ စာဖိုင်မှာ အမဲစက် တစ်ခုခု ရှိပြီး အထက်တန်းကျောင်း ဒီပလိုမာ ဆုံးရှုံးရမှာထက် ပိုကြောက်နေခဲ့သည်။
ဝမ့်ယုံရွှင်းက ချက်ချင်းလက်ငင်း ဆယ်နှစ်လောက် ကြီးသွားပုံရပြီး လီချွမ်းကျင်ကလည်း မထူးမခြားနားပါ။
ကြက်တစ်ကောင်က သူတို့မိသားစုရဲ့ အခြေနေကို ဘာလို့ ဒီလိုမျိုး အဆုံးသတ်စေခဲ့ရလဲ ဆိုသည့်အကြောင်းကို တကယ် နားမလည်နိုင်ခဲ့ပါ။
တော်လှန်ရေး အဖွဲ့က လူတွေက ဝမ့်ယောင်ကျုံးကို လွှတ်ပေးခဲ့ကြသည်။ ရက်များစွာ ထိန်းသိမ်းခံထားရသော ဝမ့်ယောင်ကျုံးက သူ့လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့ပြီး အရင်ဆုံး ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်ကို ဝေ့ယမ်းပြခဲ့သည်။
သူက ဒီလို ပြစ်မှုမျိုးကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးသလို ဒီလောက် နာကျင်မှုမျိုးကို ဘယ်တုန်းကမှလည်း မတောင့်ခံခဲ့ဖူးပါ။ ထို့အပြင် ပိုဆိုးတာက သူက ဒီလောက်ထိလည်း မကြောက်ခဲ့ရဖူးပါ။
ဝမ့်ယောင်ကျုံးက လက်သီးကို ဆုတ်ထားကာ ငိုချလိုက်သည်။ “ခဗျားတို့က ကျွန်တော့်ရဲ့ မိဘတွေရော ဟုတ်သေးရဲ့လား။ ခဗျားတို့တွေ ဘာလို့ ကျွန်တော့်ကို လာမကယ်ခဲ့ကြတာလဲ။ ကျွန်တော့်မှာကတော့ ရက်တွေ အများကြီး စောင့်ခဲ့ရတာ။”
ဝမ့်ယောင်ကျုံးက သူ့စိတ်ထဲက အကြောက်တရားကို ဘယ်လိုမှ ဖုံးဖိမရခဲ့ပါ။ သူ့မိဘတွေက သူ့ကို စွန့်ပစ်သွားကြမှာကို တကယ်ပဲ ကြောက်နေခဲ့သည်။
မင်းပိုပြီး ကြောက်လေလေ၊ ပိုပြီး ခက်ခဲလာရလေ ဖြစ်လိမ့်မယ်။
ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့ နှစ်ယောက်လုံးကို နှစ်ခါလောက် ရိုက်ခဲ့သည်။ လီချွမ်းကျင်က ငိုနေခဲ့ပြီး ဝမ့်ယောင်ကျုံးက အော်လိုက်သည်။ ဝမ့်ယုံရွှင်းက ရင်တွေကွဲကာ ငိုနေခဲ့ရသည်။
သူက စိတ်ကျေနပ်ခဲပြီး သူ့ရဲ့သား အပေါ်မှာ မျှော်လင့်ချက်ကြီး ထားထားသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။
အခုဆိုရင် သူ့သားရဲ့ အနာဂတ်က ဖျက်စီးခံခဲ့ရပြီး တပ်မဟာ တစ်ခုလုံးက သူတို့ မိသားစုကို ကြွက်တစ်ကောင်လို ဆက်ဆံကြတော့မည် ဖြစ်သည်။
ရှေ့ဆက်ပြီး လျှောက်လမ်းဖို့ ခက်ခဲသည့် လမ်းတစ်ခုသာ ကျန်တော့ပြီး သူတို့ တစ်မိသားစုလုံးက မိုးအဆုံး၊ မြေအဆုံး ပြဿနာများကို ရင်ဆိုင်ပြီး အခြားသူများလို ခက်ခဲသည့် ဘဝမျိုးမှာ နေထိုင်ရတော့မည် ဖြစ်သည်။
ဝမ့်ယောင်ကျုံးကို ဝမ့်ယုံရွှင်းက အိမ်ပြန်ခေါ်သွားခဲ့သည်။
ဝမ့်ယောက်ကျုံးသည် အချုပ်ကျနေသော ရက်များအတွင်း အတော်လေး ကြောက်လန့်နေခဲ့သည်ကို သူတို့က အနည်းငယ် သိနေခဲ့ကြသည်။ အိမ်ကို ပြန်လာပြီးနောက် ဝမ့်ယောင်ကျုံးက သူ့အခန်းထဲမှာ ကုသမှု ခံယူနေခဲ့ပြီး အိမ်အပြင်ကိုတောင် မထွက်ခဲ့ပါ။
ထိုအချိန်မှာပဲ ထျန်းယိုဖုက သတင်းဆိုးများကို ယူဆောင်လာခဲ့သည်။
နွေရာသီ ရောက်တဲ့အခါ သစ်သီးခြံများကို ကြည့်ရှုပေးဖို့ လိုအပ်ပြီး ဝမ့်ယုံရွှင်းနှင့် ဝမ့်ယောက်ကျုံးတို့က အဲ့ကိုသွားပြီး မြေသြဇာများ သွားသယ်ရမည် ဖြစ်သည်။
ထျန်းယိုဖု - “ကြက်ခိုးတဲ့ ကိစ္စက ပြီးသွားပြီလို့ မင်းမထင်ဘူးလား။ ဟုတ်တယ်မလား။”
တော်လှန်ရေး အဖွဲ့က သူတို့ မိသားစုကို တပ်မဟာရဲ့ မကောင်းတဲ့ လူတွေအဖြစ် သတ်မှတ်ပြီး ထိုကဲ့သို့ စာရင်းထုတ်ခဲ့သည်။ ထို့ကြောင့် သူတို့က ညစ်ပတ်ပြီး ခက်ခဲသော အလုပ်များကိုသာ လုပ်လို့ရတော့မည် ဖြစ်သည်။
မြေသြဇာများ သယ်ရတဲ့ အလုပ်က အနည်းဆုံး ဆောင်းလေရူးများ မတိုက်ခင် အပြီး လုပ်ရမည် ဖြစ်သည်။
ဝမ့်ယုံရွှင်းက သေချင်သော်လည်း ဘဝက ဒီလောက် ဆိုးရွားနိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပါ။
ဝမ့်ယောင်ကျုံးအနေနဲ့ ကျောင်းနားပြီးနောက် သူက ရည်ရွယ်ရာ လုပ်လို့ရတဲ့ အခွင့်အရေးကို ဆုံးရှုံးသွားရပြီး မြေသြဇာသယ်ရမည့် အလုပ်ကို မရှောင်နိုင်ခဲ့ပါ။
ဝမ့်ယုံရွှင်းတို့ မိသားစုတွင် ယွမ်နှစ်ဆယ်သာ ကျန်တော့သည်။ ဒီပိုက်ဆံ ပမာဏက အခြား မိသားစုများနှင့် မထူးမခြားနားသာ ဖြစ်သည်။ ဒီစုထားတဲ့ငွေက ပိုပြီး ကောင်းကောင်းနေရတဲ့ အချို့ မိသားစုတွေလောက် မများပါ။
နှစ်ရက်လောက် မြေသြဇာများကို သယ်ပြီး နောက်ဆုံးမှာတော့ ဝမ့်ယုံရွှင်းက အဲ့ဒါကို ထပ်ပြီး မခံနိုင်တော့ပါ။
“အမေ၊ မနက်ဖြန်ကျရင် လင်းလင်းကို ရှာပြီး ကျွန်တော်တို့ မိသားစုရဲ့ အခြေအနေကို ပြောပြီး အကူအညီ တောင်းခဲ့ပေးပါ။ အမေ့ရဲ့ သားမက်ကို ကျွန်တော်တို့ရဲ့ တော်လှန်ရေး အဖွဲ့ဆီ ပြောဖို့ အကူအညီ တောင်းရင်ကတော့ အကောင်းဆုံးပါပဲ။ နောက်ပြီး ကျွန်တော်တို့က တပ်မဟာကို မှီခိုနေရသူတွေပဲလေ။ အမေ ကျွန်တော်တို့ကို နည်းနည်းလောက် သနား ညှာတာပေးလို့ ရနိုင်မလား။”
ဝမ့်ယုံရွှင်းက ထိုအကြောင်းကို တွေးမိပြီး ဝမ့်လင်းလင်းရဲ့ နည်းလမ်းတွေကို သုံးဖို့ ဆုံးဖြတ်ခဲ့သည်။
မဖြစ်နိုင်ပါဘူး။ ဝမ့်ရင်းနဲ့ သူမရဲ့ ယောက်ျားကို မှီခိုလို့ မရဘူး။ ပြီးတော့ ဝမ့်ပင်းပင်းကလည်း ဘာမှ ပြောလို့ မရဘူး။ ဘာလို့လဲဆိုတော့ သူမက ကလေးမရနိုင်ဘူးလေ။
အများကြီး တွေးပြီးတော့ သူတို့တွေ အိမ်မှာ မှီခိုလို့ရတဲ့ တစ်ယောက်တည်းသော သူက တပ်သားရဲ့မိန်းမဖြစ်တဲ့ ဝမ့်လင်းလင်းပဲ။
“သူက မလုပ်ပေးချင်ရင် အမေ့ရဲ့ သားမက်က တပ်မဟာထဲမှာ နောက်ပိုင်းကျရင် အလားအလာ ရှိတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ သေချာပေါက် သူ့ယောက္ခထီးရဲ့ မိသားစုနဲ့ ပတ်သက်ပြီး အရှက်ရစရာ အဖြစ်အပျက် တစ်ခုခုကိုလည်း ကြားချင်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား။”
ဝမ့်လင်းလင်းရဲ့ အပြုအမူတွေက အဆင်မပြေတာကို ဝမ့်ယုံရွှင်းက သိသော်လည်း သူက ဒီကိစ္စကို ဖြေရှင်းဖို့ ဝမ့်လင်းလင်းကို ဖိအား ပေးချင်နေဆဲ ဖြစ်သည်။
ထို့အပြင် သူက ဝမ့်လင်းလင်းကို ၁၈နှစ် ပြည့်တဲ့အထိ ပျိုးထောင်ပေးခဲ့သည့်အတွက် သူမက ဒီမိသားစုကို ထောက်ပံ့မှုအချို့ ပေးသင့်တယ် မဟုတ်ပါလား။
လီချွမ်းကျင်က အမြန်ပဲ သဘောတူခဲ့သည်။ အခုဆိုရင် အခြေနေတွေက အခုလိုမျိုး ဖြစ်လာခဲ့ပြီး ဒီလိုလုပ်ဖို့က လွဲလို့ ဘာနည်းမှ မရှိတော့ပါ။
ဆောင်းတွင်းကလည်း ကုန်သွားပြီ။ နှင်းတွေကလည်း အရည်ပျော်ပြီး စတင်ကာ စီးဆင်းလာခဲ့သည်။ အခုဆိုရင် ရှုရွှမ်းက ခွင့်ပြီးသွားလို့ အလုပ်ကို ပြန်ဝင်ရတော့မည် အချိန်ပဲ ဖြစ်သည်။
ဝမ့်ရင်းသည် သူတို့ နောက်ဆုံးတစ်ခေါက် သွားတုန်းက နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်က ပိတ်ထားတာကို ပြန်သတိရသွားခဲ့သည်။ မျက်လုံး ကျဥ်းကျဥ်းနှင့် ရှဲ့ယွဲ့ကျင်းက သူ့ရဲ့ မကောင်းတာ တစ်ခုခုကို ထိန်းထားသလိုပဲ သူက အနည်းငယ် စိတ်ရှုပ်သွားခဲ့ရသည်။
ဒီလူက ဆိုင်ကို ပိတ်ပစ်ရလောက်တဲ့အထိ တကယ် သတ္တိရှိနေတာပဲ။
ရှုရွှမ်းက စိတ်ပိုင်းဆိုင်ရာကို လုံလုံလောက်လောက် ပြင်ဆင်သွားခဲ့ပြီး အဓိကကတော့ ဝမ့်ရင်းကို စိတ်သက်သာရာ ရသွားအောင် ကြိုးစားခဲ့သည်။ “ကိုယ်တို့တွေ ဒါကို အရင်ထဲက သဘောတူပြီးပြီပဲ။ ကိုယ်က ခွင့်ယူဖို့ ပြောခဲ့တာပဲလေ။ အဲ့တော့ ဟိုတယ်က ကိစ္စတွေက ကိုယ့်တာဝန် မဟုတ်ဘူးလေ။ ဒါက ကိုယ့်အမှားလည်း မဟုတ်ဘူး။”
ဝမ့်ရင်းက ထိုအကြောင်းကို သေသေချာချာ တွေးလိုက်သည့်အခါ ဒါက တကယ်လည်း မှန်နေတာကို သိခဲ့ရသည်။
ရှုရွှမ်းက ခွင့်ယူထားတာကို အဖွဲ့ထဲရှိ လူတိုင်းက သိနေခဲ့ပြီး သူ မထွက်သွားခင် ကတည်းက စာရွက်စာတမ်းများကို ရေးထားသည့်အတွက် ပြဿနာမရှိပါ။
“ဂရုတော့စိုက်ဦး”
တိုက်ရိုက် တိုက်ခိုက်တာတွေကို ရှောင်ဖို့က လွယ်တယ်ဆိုပေမယ့် အမှောင်ထဲကနေ ရောက်လာတဲ့ မြှားကို ကာကွယ်ဖို့ဆိုတာကတော့ ခက်ခဲသည်။ ရှဲ့ယွဲ့ကျင်းက ဒီဆောင်းတွင်းမှာ ဘာတွေ လုပ်ခဲ့လဲဆိုတာ ဘယ်သူကမှ မသိကြပါ။
ရှုရွှမ်း - “မပူပါနဲ့။”
သူက အရူးတော့ မဟုတ်ပါဘူး။ ရှဲ့ယွဲ့ကျင်းက သူ့လက်အောက်မှာ ရိုးရိုးသားသားနဲ့ နှစ်တွေ အကြာကြီး အလုပ်လုပ်ခဲ့တာ။ ဒါပေမယ့် သူက ဘာအခွင့်အရေးမှ မရသေးတာ ဒါမှမဟုတ် သူ့ကို ဆန့်ကျင်ဖို့ ဘာသက်သေမှ မရသေးတာ ဖြစ်မှာပါ။
ဒီတစ်ချိန်ကတော့ ဘာမျှောင်လင့်ချက်မှ ရှိမှာ မဟုတ်တော့ဘူး။
ရှုရွှမ်းက စားသောက်ဆိုင်ကို ရောက်တဲ့အခါ နိုင်ငံပိုင် စားသောက်ဆိုင်က သန့်ရှင်းပြီး စည်စည်ကားကား ရှိနေတာကို တွေ့ခဲ့ရသည်။
ဆိုင်ထဲရှိ ထိုင်ခုံနှင့် စားပွဲခုံများက သန့်ရှင်းပြီး စားစရာများ၊ ဖက်ထုပ်များက မီးဖိုချောင်နှင့် ပြတင်းပေါက်များပေါ်မှာ နေရာ ချထားသည်။ ဆိုင်ထဲက စားပွဲထိုးများကတောင် အရင်က ပုံစံမျိုးနှင့် ကောင်တာကို မှီထားကြသည်။
ရှုရွှမ်းက ငြိမ်သက်နေဆဲ ဖြစ်သည်။ တံခါးကို ဝင်သွားပြီးနောက် ရှဲ့ယွဲ့ကျင်းနှင့် ဆိုင်ကို လာခဲသော ခေါင်းဆောင်က ရှိနေတာကို တွေ့ခဲ့ရသည်။
ရှဲ့ယွဲ့ကျင်းက ပုံမှန်အတိုင်း နှုတ်ဆက်ခဲ့သည်။ “အကိုရှုက ဒီမှာလား။”
ခေါင်းဆောင်ရဲ့ ပါးစပ်က ရှုံ့မဲ့နေခဲ့ပြီး သူ့အပြုအမူက မကြိုဆိုတာ သိသာနေခဲ့သည်။
“ရှုရွှမ်းက ဒီမှာပဲ။ ကောင်းလိုက်တာ။ ပြောစရာ ရှိတာလေး ပြောရအောင်။ မင်းသာ ဒီမှာ ရှိနေရင် ငါ့ကို အကြံလေး ဘာလေး ပေးလို့ရတယ်။”
“ငါ့အထင် ယွဲ့ကျင်းရဲ့ ဟင်းချက်စကေးက တော်တော်လေး ကောင်းတယ်။ ဒီဆောင်းမှာ သူက ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ သူ့အတွက် ဂျူနီယာ စားဖိုမှူးနေရာကို ပေးဖို့ ငါတွေးနေတာ။ အဲ့ဒါကို လုပ်ဖို့ ယွဲ့ကျင်းကို စစ်ဆေးခံဖို့ ပြောလိုက်ပါဦး။ သူသာ အောင်သွားရင် အဆင်ပြေသွားပြီ။”