← Chapters

အခန်း (၈၉-၉၀)

Vol. 8 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 8 Ch. 89-90

အပိုင်း ၈၉

ရှုရွှမ်းသူဌေးရဲ့ မျိုးရိုးနာမည်က ဝမ်ဖြစ်ပြီး သူ့နာမည်က ဝမ်ကောတုန် ဖြစ်သည်။ ဝမ်ကောတုန်က မငယ်ဘဲ အသက် ငါးဆယ် အရွယ်နီးပါးနှင့် တူသည်။ နှစ်အနည်းငယ် ကြာပြီးနောက် သူ့ရဲ့ အကြီးဆုံးသားကို ကောင်စီမြို့ရှိ နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ စီစဥ်ပေးထားသည့်အခါ သူက အနားယူပြီး အိမ်ပြန်ကာ အေးအေးဆေးဆေးရှိတဲ့ ဘဝမျိုးမှာ နေထိုင်နိုင်မည် ဖြစ်သည်။

ဒါ့ကြောင့် ဝမ်ကောတုန်သည် “ပြဿနာ နည်းတာက ပြဿနာ များတာထက် ပိုဆိုးတယ်” ဟူသော သဘောတရားကို အမြဲတမ်း လက်ကိုင်ထားခဲ့သည်။ အထူးသဖြင့် ဆိုင်ထဲမှာ ရှုရွှမ်း ပေါ်လာပြီးနောက် သူက တစ်ခါတစ်လေမှသာ လာတော့သည်။

ရှုရွှမ်းက မီးဖိုချောင်ထဲရှိ ကိစ္စများကို အစီစဥ်တကျ စီမံပြီး အတော်လေးလည်း အင်အား ချွေတာသည်။ ဝမ်ကောတုန်သည် သူ၏ အထက်လူကြီးများက စစ်ဆေးဖို့ ဒါမှမဟုတ် အစည်းအဝေးလုပ်ဖို့ အချိန်မှသာ ဆိုင်ကို လာသည်။

ရှုရွှမ်းရဲ့ မျက်ဝန်းတွေက ဝမ်ကောတုန်နှင့် ရှဲ့ယွဲ့ကျင်းတို့ အကြားကို တဝေ့ဝေ့ ကြည့်လိုက်သည်။ ဆောင်းကုန်ပြီးနောက် ရှဲ့ယွဲ့ကျင်းနှင့် ဝမ်ကောတုန်တို့ ဆက်ဆံရေးက အတော်လေး တိုးတက်လာသည်မှာ သိသာသည်။ အခုလေးတင် သူဝင်လာသည့်အခါ ရှဲ့ယွဲ့ကျင်းပြောတဲ့ စကားတစ်ခုခုက ဝမ်ကောတုန်ကို ပြုံးသွားအောင် လုပ်နိုင်ခဲ့သည်။

သေချာတာကတော့ ထိုအပြုံးက ရှုရွှမ်း ရောက်လာသည့် အခိုက်အတန်းမှာတင်ပဲ ပျောက်သွားခဲ့သည်။

ဝမ်ကောတုန်ရဲ့ မျက်နှာမှာ အမှန်တိုင်း မြင်နေခဲ့ရသည်။ “ငါ ဒီကိစ္စကို မင်းလက်ထဲမှာ အပ်ထားခဲ့လိုက်တော့မယ်၊ ရှုရွှမ်း။ ငါတို့က စီးပွားရေးနဲ့ သက်ဆိုင်တဲ့ စနစ်တွေကို တည်ဆောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြတဲ့ လူတွေပဲလေ။ မင်းကိုယ်တိုင် စိတ်ဝင်စားတဲ့ အရာတွေကို အမြဲတမ်း ဖုံးကွယ်မထားနဲ့။ လူတွေက အရမ်းကြီး တစ်ကိုယ်ကောင်း ဆန်လို့တော့ မရနိုင်ဘူးလေကွာ။”

ဒါက ရှုရွှမ်းက ရှဲ့ယွဲ့ကျင်းကို မသင်ပေးသော ဟင်းပွဲများကို ဆိုလိုခြင်း ဖြစ်သည်။ သေချာတာကတော့ ဝမ်ကောတုန်၏ အလေးပေးမှုသည် ရှဲ့ယွဲ့ကျင်းအပေါ် လုံးဝ အလေးသာသွားခဲ့ပြီး သူက ရှဲ့ယွဲ့ကျင်းကို ဆိုင်ရဲ့ အဓိကလူအဖြစ် လေ့ကျင့်ပေးဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ရှုရွှမ်းက ရှဲ့ယွဲ့ကျင်းကို သေသေချာချာ ကြည့်လိုက်ပြီး အဲ့အကြည့်တွေက ရှဲ့ယွဲ့ကျင်းကို အတော်လေး စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ရှဲ့ယွဲ့ကျင်း - “အကိုရှုက ကျွန်တော့်ကို ဘာလို့ အဲ့လိုမျိုး ကြည့်နေတာလဲ။”

ရှုရွှမ်းက ခေါင်းကို ခါလိုက်သည်။ “ဒါက မင်းရဲ့ အရည်အချင်း အပေါ်မှာပဲ မူတည်တယ်။”

နှစ်လကျော်လောက် သူတို့က ဝမ်ကောတုန်ကို ရေထဲသို့ နှစ်ခဲ့ရုံသာမက သူတို့က သူ့ကိုလည်း မူးနောက်သွားစေခဲ့သည်။

ရှဲ့ယွဲ့ကျင်းက ပုံမှန်မဟုတ်ဘဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ဝမ်ကောတုန်ရဲ့ အနားမှ အနည်းငယ် ခွာလိုက်သည်။

သို့သော် ရှုရွှမ်းကတော့ အဲ့နေရာမှာ မရပ်ခဲ့ပါ။ “ခေါင်းဆောင်၊ ခဗျားက ကျွန်တော့်ကို ဂျူနီယာ စားဖိုမှူး နေရာအတွက် ရှဲ့ယွဲ့ကျင်းကို ထားစေချင်တယ် ဆိုပေမယ့် ကျွန်တော့ အဲ့ဒါကို မလုပ်နိုင်ဘူး။ ပထမဆုံးအနေနဲ့ အငယ်တန်း စားဖိုမှူးတွေက သတ်မှတ်ဖို့အတွက် လိုအပ်တယ်။ ကျွန်တော် အလုပ်အတွက် စာရင်း သွားသွင်းပြီးတော့ သတ်မှတ်ထားတဲ့ အရာတွေ အားလုံးကို ဖြေခဲ့ရတယ်။ ကျွန်တော် အဲ့ဒါတွေ အားလုံးကို အောင်ပြီးတော့မှ အလုပ် ရခဲ့တာ။ ဒုတိယအနေနဲ့က မီးဖိုချောင်ထဲမှာ တာဝန်ခံ စားဖိုမှူး နှစ်ယောက်ထားဖို့ ဘာအကြောင်းပြချက်မှ မရှိတာ။ ပထမ စားဖိုမှူးက ပထမ စားဖိုမှူးပဲ။ ဒုတိယက ဒုတိယပဲ။ ရှဲ့ယွဲ့ကျင်းက အောင်လက်မှတ်ကို ရပြီးပြီ။ ကျွန်တော် ခဗျားကို မေးချင်တာက နောက်ပိုင်းကျရင် သူက တာဝန်ခံလား ဒါမှမဟုတ် ကျွန်တော်က တာဝန်ခံလား။ ဆိုင်ထဲက အဓိက ကိစ္စတွေက ဘယ်သူက လုပ်ပြီး ဘယ်သူက တာဝန်ခံမှာလဲ။ အခု ရှဲ့ယွဲ့ကျင်းက သူ တာဝန်ခံနိုင်တယ်ဆိုပြီး ခံစားရရင် ကျွန်တော်က ပြောင်းရွှေ့ဖို့ လျှောက်ထားလိုက်မယ်။ ပြီးရင် ဆိုင်ရဲ့ အဓိက တာဝန်ခံနေရာကို သူ့ဆီ လွှဲပေးလိုက်မယ်။”

ရှုရွှမ်းက ငတုံးတစ်ယောက် မဟုတ်ပါ။ ဒီဆောင်းတွင်း တစ်တွင်းလုံး ရှဲ့ယွဲ့ကျင်း ဘာတွေ လုပ်ခဲ့လဲ ဆိုတာကို သူ ခန့်မှန်းနိုင်သည်။

ဒီလူက အရမ်း အတင့်ရဲပြီး မကောင်းတဲ့ စိတ်ဓာတ်မျိုး ရှိသည်။ ဝမ်ကောတုန်ကို ရေထဲသို့ ဆွဲချပြီးနောက် ဒီလူ နှစ်ယောက်လုံးသည် သူက ခြောက်သွေ့သော သဲသောင်ပြင်ပေါ်မှာ ရပ်နေတာကို သေချာပေါက် မမြင်နိုင်ကြပါ။

သူတို့က သူ့ကို ရေထဲသို့ ဆွဲချရင် ဆွဲချ ဒါမှမဟုတ် မီးဖိုချောင်ထဲမှာ ရှဲ့ယွဲ့ကျင်းရဲ့ တည်ရှိမှုကို တဖြည်းဖြည်း နေခိုင်းရင်လည်း နေခိုင်းလိုက်ပါ။ ပိုပြီး လေးလေးနက်နက် တွေးရရင် သူ့စကားအရဆို မကောင်းတဲ့ အလုပ်တွေ အကုန်လုံးကို သူ့ဆီ ပုံချပြီး အမြဲတမ်း သူ့ကိုပဲ အပြစ်တင်ကြလိမ့်မည်။

ရှုရွှမ်းက သူများအတွက် ခေါင်းခံရဖို့ကလွဲပြီး ဘာနည်းလမ်းမှ မရှိတော့ဘူး။

ဒီနှစ်တွေမှာ ခေါင်းဆောင်တစ်ယောက် အနေဖြင့် ဝမ်ကောတုန်ရဲ့ ဒေါသတွေက ပိုဆိုးလာခဲ့သည်။ ရှုရွှမ်းရဲ့ ခေါင်းမာသော အကျင့်က ဒေါသထွက်စေခဲ့သည်။ သူက ဒေါသထွက်လာခဲ့ပြီး စားပွဲခုံကို ရိုက်ချလိုက်သည်။ “မင်းက ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ။ မင်းထွက်သွားချင်ရင် ထွက်သွားလိုက်။ ဒီစားသောက်ဆိုင်ရင် မင်း မရှိတော့တာနဲ့ ဆက်ပြီး ဖွင့်မရတော့ဘူးလို့ မင်းက တကယ် ထင်နေတာလား။”

သုက ရှုရွှမ်းအပေါ်မှာ အမြင်စောင်းနေခဲ့သည်။ သူက လုပ်နိုင်စွမ်း ရှိတဲ့သူမျိုး ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ဒေါသကြီးသည်။ အရင်ကဆို ရှုရွှမ်းက သူပြောတဲ့စကားများကို သဘောမကျပါက တိတ်တဆိတ်ပဲ ထွက်သွားမည် ဖြစ်သည်။ ဒါဟာ ရှုရွှမ်းက သူ့ကို သိပ်ပြီး ခေါင်းထဲမထည့်ဘူးဆိုတာ သိသာသည်။

အခုဆိုရင် အပြောကောင်းပြီး လူတွေနဲ့ ဆက်ဆံရေးကောင်းသည့် ရှဲ့ယွဲ့ကျင်းလို အလုပ်သမားမျိုးနှင့် နှိုင်းယှဥ်ကြည့်သည့်အခါ ရှုရွှမ်းရဲ့ အပြုအမူတွေက သူ့ကို ပိုပြီး ဒေါသ ထွက်စေခဲ့သည်။

မျှမျှတတဆိုရင် သူ့ရဲ့ တောင်းဆိုမှုက များနေလို့လား။ ဒါက ဂျူနီယာ အောင်လက်မှတ် တစ်ခုအတွက် လျှောက်ထားဖို့ပဲလေ။

လက်ရှိ သတ်မှတ်ချက်များတွင် အလုပ် သတ်မှတ်ချက်ရော လုပ်ကိုင်ခဲ့သည့် သက်တမ်းကိုရော အတူတူ ထည့်တွက်သည်။ စားဖိုမှူး လက်မှတ်တွင် အဆင့်ရှစ်ဆင့်လည်း ရှိသည်။ သို့သော် စက်ရုံမှာ အလုပ်လုပ်သော နည်းပညာပိုင်းဆိုင်ရာ အလုပ်သမားများ၏ အလုပ် သတ်မှတ်ချက်များနှင့်တော့ မတူပါ။ စားဖိုမှူးတွေအတွင် ဝင်ခွင့် လက်မှတ်က သုံးဆင့်၊ ပြီးရင် နောက်ထပ် နှစ်ဆင့်၊ အထူးအဆင့်က သုံးဆင့်၊ နောက်ထပ် အထူးအနေနဲ့က နှစ်ဆင့် ရှိသည်။ နည်းပညာရှင်တွေက အထူးအဆင့် တစ်ဆင့်နှင့် စီနီယာ နည်းပညာရှင်ဟူ၍ ရှိသည်။

ရှုရွှမ်းကိုယ်တိုင်ကလည်း အခုဆိုရင် သုံးဆင့်မြောက် အလုပ်သမား တစ်ယောက် ဖြစ်သည်။ နောက်နှစ်ဆိုရင် သူ့ရဲ့ အလုပ် သက်တမ်းက တိုးသွားပြီး သူက ဒုတိယအဆင့် စာမေးပွဲကို ဝင်ဖြေလို့ ရနိုင်ပြီ ဖြစ်သည်။

ထိုအချိန်မျိုးမှာ ဝမ်ကောတုန်က သူ့ကို ရှဲ့ယွဲ့ကျင်းအတွက် အလုပ်တစ်ခု တောင်းခိုင်းတာက တကယ် စိတ်ပျက်စရာ ဖြစ်သည်။ ပထမတန်း အလုပ်သမားများကသာ အလုပ် သတ်မှတ်ချက်ကို လုပ်ပေးဖို့အတွက် အဆင့်မှီပြီး ရှုရွှမ်းရဲ့ လက်ရှိ အဆင့်က မလုံလောက်သေးပါ။

ထို့အပြင် သူက အဲ့ဒါကို လုပ်နိုင်ရင်တောင် ရှုရွှမ်းရဲ့ လိုအပ်ချက်များအရ ရှဲ့ယွဲ့ကျင်းက အခြေခံ သတ်မှတ်ချက်များကိုတောင် ရနိုင်မည် မဟုတ်ပါ။

ရှုရွှမ်းရဲ့ မျက်နှာက ရှုံ့မဲ့နေတာကို ရှဲ့ယွဲ့ကျင်း မြင်သည့်အခါ သူက စိတ်ထဲတွင် မုန်းတီးပြီး ကြောက်နေခဲ့သည်။

ဝမ်ကောတုန်က ထိုအရာကို ပြောသည့်အခါ ရှဲ့ယွဲ့ကျင်းက သူ့ကို ဆွဲဆောင်ဖို့ မြန်မြန်လေး ဆွဲကာ အဆင်မပြေဘူးဟု ခံစားခဲ့ရသည်။ “အစ်ကိုရှု၊ အစ်ကိုရှု၊ ကျွန်တော့် အဆင့်က စံနှုန်း မမှီဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒေါသ မထွက်ပါနဲ့။ ကျွန်တော် ဒီနှစ် ထပ်ပြီး လေ့ကျင့်ပါ့မယ်။ အစ်ကို ကျွန်တော့်ကို လမ်းပြမှု အချို့ ပေးလို့ရပါတယ်။ ကျွန်တော် ခေါင်းဆောင်ရဲ့ မျှော်လင့်ထားမှုတွေနဲ့ သေချာပေါက် ကိုက်ညီအောင်နေပြီး အငယ်တန်းအဆင့် လက်မှတ်ကို ရဖို့ စာမေးပွဲကိုလည်း သေချာပေါက် အောင်စေရပါ့မယ်။”

ရှဲ့ယွဲ့ကျင်းသည် ရှုရွှမ်းဘက်က မဟုတ်သော်လည်း သူ့ရဲ့ အခြေအနေကို သူက တကယ် သိနေခဲ့သည်။

ရှုရွှမ်းသာမရှိရင် သူသည် ဆိုင်ထဲက ကိစ္စများကို ကိုင်တွယ်နိုင်မည် မဟုတ်ပါ။

သူသာ အဲ့ဒါကို မကိုင်တွယ်နိုင်ပါက အဲ့ဒါကို ကိုင်တွယ်နိုင်တဲ့ ဝန်ထမ်းကလည်း နည်းနည်းသာ ရှိသည်။ သူက နှစ်တိုင်း ဒီကိစ္စကို ဘယ်လိုလုပ်နိုင်မှာလဲ။

ရှုရွှမ်းရဲ့ မျက်နှာက အေးတိအေးစက်နိုင်ပြီး ခက်ထန်သည်။ သူက ဒီလူနှစ်ယောက်နှင့် စကားမများဖို့လည်း စိတ်ပိုင်းဖြတ်ထားပုံ ရသည်။ တကယ်လို့ ဝမ်ကောတုန်သာ နောက်တစ်ခွန်း ထပ်ပြောပါက ရှုရွှမ်းသည် ပြောင်းရွှေ့ဖို့ လျှောက်ထားတော့မည် ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်နေပါစေ၊ ရှန်လိ တပ်မဟာထဲရှိ စားသောက်ဆိုင်က အမြဲတမ်း သူ့ကို အရမ်း တန်ဖိုးထားသည်။ သူက အဲ့နေရာကို ပြောင်းပြီး တစ်နှစ်၊ နှစ်နှစ်လောက် အလုပ် လုပ်လို့ရသည်။ ဒုတိယအဆင့် လက်မှတ်ကို ရပြီးနောက် သူသည် ကောင်စီမြို့သို့ ပြောင်းရွှေ့လို့ ရတော့မည် ဖြစ်သည်။

ဝမ်ကောတုန်ရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့သည်။ ဒီဆောင်းတွင်းမှာ သူက ဆိုင်ရဲ့ အရံထားထားသော ပစ္စည်းများကို ရောင်းဖို့အတွက် ရှဲ့ယွဲ့ကျင်းနှင့် အဖွဲ့ ဖွဲ့ထားခဲ့သည်။ သူရှာလို့ရသော ပိုက်ဆံတွေက သူ့လက်ကို နွေးသွားစေသည်။

ရှုရွှမ်း အစောပိုင်းက အရံထားထားသော အသီးအရွက်ခြောက် တစ်ဝက်လောက်ကို ရောင်းတာက ယွမ်ငါးရာလောက် ရှာနိုင်မယ်ဟု ဘယ်သူကများ တွေးမိပါ့မလဲ။

ဝမ်ကောတုန်ရဲ့ စိတ်တွေက ဒေါသပုန် ထနေခဲ့သည်။ မြို့ထဲက ခေါင်းဆောင်ငယ်လေး တစ်ယောက် အနေဖြင့် သူသည် မည်သည့် အကျိုးအမြတ်မှ မရဘူးလို့ ပြောမယ်ဆိုရင် မှားသွားလိမ့်မည်။ ထို့အပြင် သူသည် နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်ရဲ့ တစ်ဦးတည်းသော တာဝန်ခံ ဖြစ်သည်။

သို့သော် အကောင်းဆုံးက ထိုအမြတ်တွေက အချို့ စားစရာ ကူပွန်များနှင့် အဓိက အစားအစာ မဟုတ်သော ကူပွန်များကို လဲလှယ်ဖို့သာ လုံလောက်သည်။ များသောအားဖြင့် ဆိုင်ကနေ အိမ်ကို စားဖို့ ယူသွားရတဲ့ အစားအစာမျိုးဖြစ်ပြီး အဲ့ထက်တော့ မပိုပါ။

ဒါမှမဟုတ် ဝမ်ကောတုန်က သူ့ရဲ့သားကို မြို့ထဲက နိုင်ငံပိုင် စားသောက်ဆိုင်ကို ပို့ဖို့အတွက် ကြိုးစားနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

မြို့မှာက လူဦးရေ နည်းပြီး နိုင်ငံပိုင် စားသောက်ဆိုင်ကလည်း သတ်မှတ်ထားသော လုပ်ငန်းများကိုသာ လုပ်ကိုင်သည်။ ထို့ကြောင့် သူက လက်ပြလိုက်တာနဲ့ ရှာတွေ့ဖို့ဆိုတာက အလွယ်လေးသာ ဖြစ်သည်။

ဒါဟာ ကောင်စီမြို့နှင့် ကွာခြားချက်သာ ဖြစ်သည်။ ထိုနေရာက စားသောက်ဆိုင်တွေက ပိုကြီးပြီး ရနိုင်တာတွေ ပိုများတာကလည်း သေချာသည်။

သို့သော် ဒီဆောင်းတွင်းမှာတော့ လူတစ်ယောက်က လုံလောက်တဲ့ သတ္တိမျိုး ရှိနေပါက ကမ္ဘာကြီးဟာ ဘယ်လောက် ကျယ်ကြောင်း သိနိုင်တာကို ရှဲ့ယွဲ့ကျင်းက သူ့အား ပြခဲ့သည်။

ရှဲ့ယွဲ့ကျင်းသည် ဆိုင်ထဲက ကုန်ခြောက်များကို ယူပြီး ပိုက်ဆံနှင့် သွားလဲဖို့ လူတစ်ယောက်ကို ခန့်ထားခဲ့သည်။ ထို့နောက် ရာသီဥတု ဆိုးရွားသည့်အတွက်ကြောင့်၊ ရေပိုက်ကြောင့်၊ လျှပ်စစ်တွေ ပြင်နေရလို့ စသည့် အကြောင်းများကြောင့် အချိန်တိုင်း ဆိုင်ကို ပိတ်ထားခဲ့သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ဆောင်းတွင်းမှာက အေးတယ်လေ။ ပြီးတော့ အကြီးအကဲတွေက စစ်ဆေးဖို့ မလာကြဘူး။ အဲ့တော့ ဒီမှာက ဖောက်သည်တွေ သိပ်မရှိဘူး။ သူတို့ လုပ်ရမှာက နှစ်သစ်ကူးရက်ဝန်းကျင်မှာ ဆိုင်တံခါးကို ဖွင့်ထားဖို့ပဲ။

လူတွေက အဲ့အကြောင်းကို ပြောတဲ့အခါ သူတို့က တရုတ် နှစ်သစ်ကူး ပွဲတော်အတွင်းမှာ ဝယ်ခဲ့ကြတာကိုပဲ မှတ်မိလိမ့်မည်။ ဒါပေမယ့် နိုင်ငံပိုင် စားသောက်ဆိုင်က ပြင်ဆင်နေလို့ ပိတ်ထားတယ် ဆိုတာကိုတော့ သူတို့က မှတ်မိကြမှာ မဟုတ်ဘူး။

ဆောင်းတွင်းရဲ့ တစ်ဝက်လောက်ကို ဆိုင်က ပိတ်ထားပြီး တစ်ဝက်လောက်ပဲ ဖွင့်တာကို သေချာအောင် လုပ်တာက ဆိုင်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဖုံးဖိဖို့ အလွယ်လေးပဲ။

စာရင်းတွေ အနေနဲ့ကတော့ အဲ့ဒါကို တစ်ဝက် ဝက်လိုက်ပြီး ဘာမှမရှိတဲ့ အချိန်အတွင်းမှာ အဲ့ဒါကို ဖြည့်လိုက်ရုံပဲ။

ရှဲ့ယွဲ့ကျင်းက အဲ့လူကို ဘယ်နေရာကနေ တွေ့ခဲ့လဲ ဆိုတာကို ဘယ်သူကမှ မသိသော်လည်း တစ်ဖက်လူမှာက ရှားပါးသည့် စက်ရုံလက်မှတ် အချို့ အမှန်တကယ် ရှိနေခဲ့သည်။ ရှဲ့ယွဲ့ကျင်းက စက်ရုံ လက်မှတ်ကို ယူပြီး သူ့ကို စားစရာ လက်မှတ်များနှင့် ပြန်လဲပေးကာ မကြာခင်မှာပဲ ပျောက်နေသော အစားအစာ လက်မှတ်များရဲ့ နေရာလွတ်မှာ ဖြည့်လိုက်သည်။

အဲ့လိုနည်းဖြင့် မိုးနတ်မင်းကတောင် ဘာသက်သေမှ ရှာတွေ့တော့မည် မဟုတ်ပါ။ အကြောင်းမှာ စာရင်းနှင့် တကယ့် ပစ္စည်းများက လုံးဝကို ကိုက်ညီနေခဲ့သည်။

ဒီနှစ် ဆောင်းတွင်းရဲ့ အခြေအနေက အတော်လေး ရုတ်တရက်ဆန်တယ်ဟု ရှဲ့ယွဲ့ကျင်းကလည်း ပြောခဲ့သည်။ နောက်နှစ် ဆောင်းတွင်းမှာ သူတို့နှစ်ယောက်လုံးက အစားအစာ ကူပွန်များကို အထူးတလည် စုထားနိုင်မည် ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခြားရာသီဥတုတွေမှာ ဆိုင်ထဲရှိ အစားအစာ ကူပွန်အချို့ကို ယူပြီး တဖြည်းဖြည်း လဲကာ သေသေချာချာ သိမ်းထားလို့ ရနိုင်သည်။

ဒီလိုနည်းနဲ့ပဲ ဆောင်းတွင်းရောက်တဲ့အခါ သူတို့က ပိုက်ဆံအတွက်ပဲ သူတို့ရဲ့ ပစ္စည်းများကို ရောင်းပြီးနောက် သူတို့ရဲ့ စားစရာ ကူပွန်များကို ပြန်ဖြည့်ခဲ့ကြသည်။

ဝမ်ကောတုန်က ဘာမှမလုပ်နိုင်ဘဲ ခေါင်းငြိမ့်ခဲ့ရသည်။ သူရဲ့ အနေအထားက အတော်လေး ကောင်းတယ်ဟုတောင် ခံစားခဲ့ရသည်။ သူက ကောင်စီမြို့ကို အမြဲတမ်း အားကျနေသော်လည်း အခုဆိုရင် ကောင်စီမြို့ထဲက နိုင်ငံပိုင် စားသောက်ဆိုင်တွေကလည်း ဒါကို သေချာပေါက် လုပ်မှာ မဟုတ်ဘူးလို့ တွေးမိခဲ့သည်။

သူတို့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးနဲ့ဆို သူတို့တွေ နီးကပ်နေကြတာကို သိသွားကြရင် ပြဿနာကြီးတစ်ခု ဖြစ်သွားလိမ့်မည်။

သူတို့နှစ်ယောက်က ဒါကိုလုပ်ပြီးရင် သူတို့က အသံတိတ် သဘောတူညီမှု တစ်ခုဆီ မြန်မြန်ပဲ ရောက်သွားလိမ့်မည်ပင်။

ဝမ်ကောတုန်က ရှဲ့ယွဲ့ကျင်းကို ဟိုတယ်ထဲမှာ ထားကို ထားရမည် ဖြစ်ပြီး သူ့ကို မန်နေဂျာအဖြစ် ရာထူးတိုးနိုင်ရင်က အကောင်းဆုံး ဖြစ်သည်။ ထိုအချိန်တွင် ရှဲ့ယွဲ့ကျင်းက ဝမ်ကောတုန်ကို ကူညီပြီး အကျိုးအမြတ်တွေ ရယူမည် ဖြစ်သည်။ နှစ်ဦးနှစ်ဖက်လုံးက တစ်နှစ်တစ်ခါ ငွေများစွာ ရှာနိုင်မည်။

ဝမ်ကောတုန်က စိတ်မကျေမနပ် ဖြစ်ကာ သူသာ ရှုရွှမ်းကို ဖယ်ထုတ်နိုင်လိုက်ရင် သူနှင့် ရှဲ့ယွဲ့ကျင်းအတွက် ပိုပြီး လွယ်ကူသွားလိမ့်မယ် မဟုတ်ပါလားဟု တွေးနေခဲ့သည်။

သို့သော် ရှဲ့ယွဲ့ကျင်းကလည်း အရမ်းကြီး မကျေနပ်နေခဲ့ပါ။

သူက ရှုရွှမ်းကို ဆိုင်ထဲမှာ ဆက်ထားရဦးမည်ကို ကောင်းကောင်း သိနေခဲ့သည်။ ပထမဆုံး ရှုရွှမ်းက အဲ့မှာ ရှိနေမှသာ စီးပွားရေးက အဆင်ပြေလိမ့်မည် ဖြစ်သည်။ လွန်ခဲ့သော သုံးရာသီက အဆင်ပြေတဲ့ စီးပွားရေးကို အခြေခံထားပြီး သူတို့က ဆောင်းတွင်းမှာ အရံထားထားသော အသီးအရွက်များနှင့် ကုန်ပစ္စည်းများကို ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။

ဒုတိယအနေဖြင့် ဒါဟာ ကိစ္စကြီး တစ်ခုဆိုတာကို ရှဲ့ယွဲ့ကျင်းက သိနေခဲ့သည်။ ထို့အပြင် အဲ့ဒါက တစ်ခုခု လွဲသွားပါက သူက ဒုက္ခ အကြီးအကျယ် ရောက်လိမ့်မည် ဖြစ်သည်။ သူ့အနေအထားအရ ဒါကို တစ်နှစ်တစ်ကြိမ် လုပ်တာက သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။ တစ်ခေါက်စီတိုင်းတွင် သူတို့ နှစ်ယောက်က ယွမ်ကို ရာနဲ့ချီ ရလိမ့်မည် ဖြစ်သည်။ အဲ့ဒါက နှစ်နှစ်စာ လစာနီးပါး ရှိသည်။

သူတို့တွေသာ ဒီလိုမျိုး နှစ်တွေအကြာကြီး ဆက်ပြီး အလုပ်လုပ်နေရင် သူတို့ မိသားစုကလည်း စုမိဆောင်းမိ လာကြလိမ့်မည်။

ဝမ်ကောတုန်က အရွယ်ကောင်းတစ်ခု ရှိနေခဲ့သည်။ သို့သော် သူက ပိုက်ဆံစုဖို့ စီစဥ်ထားသည့်အတွက် ရှုရွှမ်း ထွက်သွားသည့်အခါ သူက ဒုတိယအဆင့် အလုပ်ကို ရဖို့အတွက် အဆက်အသွယ် ပေါင်းများကို သုံးလို့ရတော့မည် ဖြစ်သည်။

သူ့ကို မထင်မလွဲနဲ့။ ရှဲ့ယွဲ့ကျင်းက ဒုတိယအဆင့် အလုပ်သမားဖြစ်လာပြီး အဲ့က လစာရဖို့ကို မျှော်လင့်နေတာ မဟုတ်ဘူး ဆိုပေမယ့် သူက ဒုတိယအဆင့် အလုပ်သမား ဖြစ်လာတာနဲ့ ပိုက်ဆံရှာလို့ရမယ့် အခြား နည်းတွေကို သူ တွေးလို့ရသည်။

သူက လက်မှုပညာမှာတော့ မတော်ဘူး ဆိုပေမယ့် သူ့မှာက ဦးနှောက်ရှိသည်။

ချက်ပြုတ်နိုင်တဲ့ တစ်ယောက်ယောက်ကို ရှာလိုက်။ ပိုက်ဆံရှာလို့ရတဲ့ နည်းလမ်းတွေမှ အများကြီးပဲ။ အဲ့လိုဆို သူကလည်း အရမ်းကြီး ရဲတင်းနေမှာ မဟုတ်တော့ဘူး။ သူက မသိသာတဲ့ ကိစ္စတွေကိုလည်း လုပ်နိုင်တယ်။ အဲ့ကနေလည်း ပိုက်ဆံရှာလို့ရတယ်။

ထိုအကြောင်းကို တွေးကြည့်ပါက ရှဲ့ယွဲ့ကျင်းသည် ရှုရွှမ်းကို သနားစဖွယ် ကြည့်လိုက်သည်။ သူ အရင်က ရှုရွှမ်းကို သူနှင့်အတူ ဆွဲခေါ်သွားချင်သော်လည်း ရှုရွှမ်းက လက်ဦးမှု ယူဖို့ကို ငြင်းခဲ့သည်။

ထိုအကြောင်းကို ထပ်ပြီး တွေးကြည့်ပါက ရှဲ့ယွဲ့ကျင်းက နားလည်နေခဲ့သည်။ ထို့အပြင် ရှုရွှမ်းက အရည်အချင်း ရှိသော်လည်း သူ့မှာက ဘာမှ မရှိပါ။ သူက ရှုရွှမ်းကို တောင်းပန်ရင်တောင် ရှုရွှမ်းက သူ့ကို ဝေမျှပေးဖို့ ဆန္ဒရှိလိမ့်မည် မဟုတ်ပါ။

ဘာမှ မကွာဘူး။ ဘာမှ မထူးခြားဘူး။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၉၀

ရှဲ့ယွဲ့ကျင်းက ပျော်နေခဲ့သလို တစ်ချိန်တည်းမှာပဲ လန့်နေခဲ့သည်။ သူပျော်နေသည်မှာ ရှုရွှမ်း ထွက်သွားပြီးနောက် အတူတူနေမယ့် လူတစ်ယောက်ကို ရှာဖွေနိုင်ဆဲဟု တွေးနေခဲ့သော်လည်း ဒါက လူ့သဘာဝ ဖြစ်သည့်အတွက်လည်း လန့်နေခဲ့သည်။

သူသည် အရင်ကတည်းက ကြောက်တတ်သည့် လူစားဖို့ မဟုတ်ဘဲ ပိုက်ဆံအတွက် စွန့်စားလိုချင်ရုံသာ ဖြစ်သည်။

ဒီလူနှစ်ယောက်က နှစ်ကိုယ်ကြား ဘာတွေ လုပ်နေလဲဆိုတာ ရှုရွှမ်းက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။ ရှဲ့ယွဲ့ကျင်းကတောင် ဒီကိစ္စကို ရှုရွှမ်းအား ဖုံးကွယ်နိုင်မယ်လို့ မထင်ထားခဲ့ပါ။

သို့သော် ရှုရွှမ်းက သိသွားခဲ့ရင်တောင် သူလုပ်နိုင်တာ ဘာမှရှိမှာ မဟုတ်ဘူးဟု လောင်းကြေးထပ်ထားခဲ့သည်။

လွန်ခဲ့တဲ့ ဆောင်းတွင်းတုန်းက သူတို့သည် ကိစ္စတိုင်းကို ကိုင်တွယ်ထားသည့်အတွက် သူတို့ကို ဆန့်ကျင့်ဖို့အတွက် ဘယ်သူကမှ သက်သေ ရှာမတွေ့ခဲ့ကြပါ။

ရှုရွှမ်းက အဲ့ဒါကို ပြောလိုက်ပါက မြို့ထဲရှိ လူတွေက ဆိုင်ပိတ်ထားတယ် ဆိုတာကို သက်သေပြနိုင်သည်။ သို့သော် သူတို့က ဆိုင်ဖွင့်တဲ့အခါ ပိတ်တဲ့အခါ ဘယ်သူများ နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်ရဲ့ တံခါးဝကို စောင့်ကြည့်နေလို့လဲ။

ရှဲ့ယွဲ့ကျင်းက အရမ်း သတိရှိသည်။ သူသည် တစ်နေကုန် ဆိုင်ကို မပိတ်ထားခဲ့ပါ။ တစ်ခါတစ်လေ သူက နေ့တစ်ဝက် ပိတ်ထားပြီး တစ်ခါတစ်လေ နေ့တစ်ဝက် ဖွင့်ထားခဲ့သည်။

ဒီအရှုပ်ရဲ့ ရလဒ်အနေနဲ့ ဒီဆိုင်က အဲ့နေ့တုန်းက ဖွင့်တယ်ဆိုပြီး မိသားစုတစ်ခုက ပြောခဲ့သည်။ အခြားမိသားစုကတော့ အဲ့နေ့က ဒီဆိုင် ပိတ်တယ်လို့ ပြောကြသည်။

ဆိုင်မှာ ရောင်းကုန်သွားသည့်အတွက် ပိတ်တာပါဟု ရှဲ့ယွဲ့ကျင်းက ပြောလို့ရသည်။

ရှဲ့ယွဲ့ကျင်းသည် ပစ္စည်းများ ဝယ်ဖို့အတွက် ကောင်စီမြို့ကို နှစ်ခါပြန် သွားချင်ခဲ့သည်။ အကြောင်းမှာ ဆိုင်တွင် တစ်ခုခုက ကုန်သွားခြင်းကြောင့် ဖြစ်သည်။

ဒီပေါင်းစပ်ထားတဲ့ ပစ္စည်းအစုံတွေက အဆင်ပြေတယ်ဟု ပြောလို့ရသည်။

နောက်နှစ် ဆောင်းတွင်းရောက်မှ ရှုရွှန်းသည် ဒီကိစ္စကို သိကောင်း သိသွားနိုင်သော်လည်း သူက ထိုကိစ္စကို ဖြေရှင်းဖို့အတွက် နည်းလမ်း ရှာနေဆဲ ဖြစ်သည်။

သူသည် ဆိုင်ထဲက ပစ္စည်းများအတွက် လူအများနှင့် သဘောတူထားရမည် ဖြစ်သည်။ ပစ္စည်းတွေကို တစ်ခါတည်း အကုန်လုံး မယူသွားရပေ။ ဒါပေမယ့် အဲ့ဒါတွေကို အခေါက်ရေတွေ အများကြီး ခွဲလို့တော့ ရသည်။ အဲ့လိုမှမဟုတ်ဘဲ သူ့လုပ်ရပ်တွေကို ဖမ်းမိသွားရင် သူက ဆင်ခြေတွေ ပေးဖို့ နည်းလမ်းတစ်ခု ရှာရတော့မည် ဖြစ်သည်။

ဥပမာအနေနဲ့ ဆိုင်ထဲမှာ နှင်းတွေ ဝင်လာလို့ သူတို့က စိုစွတ်တဲ့ ဒဏ်ကို ရှောင်ဖို့အတွက် ပစ္စည်းတွေကို တစ်ခြားသူရဲ့အိမ်မှာ ယာယီ ရွှေ့ထားတယ်။ ဒါမှမဟုတ် ဆိုင်ထဲက ပစ္စည်းတွေက ထုံးစံအတိုင်း ပစ္စည်း ပြတ်သွားလို့။

ရှဲ့ယွဲ့ကျင်းသည် တစ်ရက်မှာတော့ စာရင်းဇယား အတုများကို အထူး လုပ်လိမ့်မည် ဖြစ်သည်။ ထို့နောက် သူက မတူညီတဲ့ စာရင်းဇယား အတုများကို မတူညီတဲ့ အခြေအနေတွေအတွက် ပြင်ဆင်ထားလိမ့်မည် ဖြစ်သည်။

ရှဲ့ယွဲ့ကျင်း စကားပြောပြီးနောက် သူသည် ဝမ်ကောတုန်နှင့် သူကိုယ်တိုင်ရဲ့ အကြားမှာ ကိစ္စများကို အဆင်ပြေအောင် ကြိုးစားနေဆဲ ဆိုတာကို ရှုရွှမ်းက တွေ့ခဲ့ရပြီး သူက ထိုကိစ္စကို ခန့်မှန်းရမည့်ပုံ ပေါ်နေသည်။

ရှဲ့ယွဲ့ကျင်းသည် ရှုရွှမ်းကလွဲလို့ ဆိုင်ထဲက ကိစ္စတိုင်းကို ဂရုစိုက်သည်။

ဆိုင်ထဲက စားပွဲထိုးများကတောင် သူတို့ကို ရှဲ့ယွဲ့ကျင်းက ဘယ်လို စီမံနေလဲ ဆိုတာကို မသိခဲ့ကြပါ။

အခု အဲ့အကြောင်းကို သူတွေးလိုက်တော့ ထုံးစံအတိုင်း လုပ်အားခတွေ ရှင်းပေးဖို့ဆိုတဲ့ အကြောင်းပြချက်ထပ်ပိုပြီး ဘာမှ ရှာမတွေ့ဘူး။ ဒါပေမယ့် မိသားစုထဲမှာ ကူညီပြီး လေ့လာချင်တဲ့ ဆွေမျိုးတစ်ယောက်တော့ ရှိတယ်။ သူတို့က အဆင့်နိမ့်တဲ့ သူတွေပဲလေ။

စားပွဲထိုးက ဘာတွေဖြစ်နေလဲ ဆိုတာကို သတိမထားမိသော်လည်း ရှဲ့ယွဲ့ကျင်းက သူ့ကို သေချာပေါက် ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သည်။

ဒါက အတော်လေး ပျင်းဖို့ကောင်းတာကို ရှုရွှမ်းက သိခဲ့ရသည်။

သူသည် ဆိုင်ထဲက ကိစ္စအများစုကို လုပ်ရပြီး အရာရာကို အစီစဥ်အတိုင်း စီမံရသည်။ သို့သော် စားပွဲထိုးများသည် ရှဲ့ယွဲ့ကျင်းက ပိုသာတယ်ဟု တွေးမိကောင်း တွေးမိကြလိမ့်မည်။

ထို့အပြင် ရှုရွှမ်းက စည်းကမ်းကြပ်ပြီး အရာရာကို စည်းမျဥ်းများအတိုင်း လုပ်သည်။ ထို့ကြောင့် လူတိုင်းနှင့် အမြတ်များကို ဝေမျှသော ရှဲ့ယွဲ့ကျင်းကို စားပွဲထိုးများက သူ့ထက် ပိုသဘောကျကြသည်။

ရှုရွှမ်းသည် သူက ရှဲ့ယွဲ့ကျင်းရဲ့ စွမ်းရည်ကို ချီးကျူးတဲ့အခါ တကယ်တော့ သူက စနေခြင်း မဟုတ်ဘူးဟု တွေးမိခဲ့သည်။ အကြောင်းမှာ ရှဲ့ယွဲ့ကျင်းက တကယ် လုပ်နိုင်စွမ်းရှိတဲ့သူမျိုး ဖြစ်သည်။

သူက သူ့ကို နှစ်တွေအကြာကြီး ဖိနှိပ်ထားခဲ့တာ။ ဒါပေမယ့် ဆောင်းတွင်း တစ်တွင်းထဲနဲ့ ဒါကို လုပ်ပြနိုင်သွားတာ။

ဝမ်ကောတုန်မှ စားပွဲထိုးများအား အားလုံးကို သေသေချာချာ သပ်သပ်ရပ်ရပ်နဲ့ အပြင်မှာရော အထဲမှာရော လုပ်ထားခိုင်းသည်။

ရှဲ့ယွဲ့ကျင်းက ဝမ်ကောတုန်ကို ဆွဲဆောင်ခဲ့သည်။ သူ့ရဲ့ ပုံစံက မပျော်မရွှင် ဖြစ်နေသော်လည်း သူက အခြေအနေရဲ့ ပြင်းထန်မှုများကို နားလည်နေခဲ့သည်။

ဘာတွေပဲ ဖြစ်နေပါစေ ရှုရွှမ်းမရှိဘဲနှင့် ဒီဆိုင်က ဘာမှ မလုပ်နိုင်ပါ။

နှစ်သစ်ကူး ပြီးတဲ့နောက်မှာ ရှုရွှမ်း ပြန်လာမှာလားဟု လူတွေက မေးနေခဲ့ကြသည်။ ဆိုင်ထဲက ဝက်ခြေထောက်၊ ဝက်လက် ဟင်း၏ အရသာသည် အရင်နှင့် မတူတော့ပါ။ ထို့အပြင် ဖက်ထုပ်နှင့် ပေါက်စီတွေရဲ့ အရသာကလည်း ပိုလို့တောင် ဆိုးရွားနေခဲ့သည်။

သူတို့ဆိုင်ကို ဆောင်းတွင်းမှာ နေ့တစ်ဝက်သာ မပိတ်ထားဘူးဆိုရင် ဒီနှစ် ဆောင်းတွင်းရဲ့ ရောင်းအားသည် အရင်နှစ်တွေကထက် ပိုဆိုးမှာကို ဝမ်ကောတုန်က သိနေခဲ့သည်။

အခုချိန်မှာ သူတို့တွေ ရှုရွှမ်းကို လက်လွှတ်လို့ မရသေးဘူး။

ဝမ်ကောတုန်က သူ့ရဲ့အတွေးတွေကို စုလိုက်ပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ သဘောထားကြီးပြီး တည်ငြိမ်တဲ့ လေသံမျိုးဖြင့် ထပ်ပြီး ပြောလိုက်သည်။

“ ရှောင်ရွှမ်း၊ မင်းက ငယ်သေးတယ်။ မင်းက တစ်ချို့ ကိစ္စတွေကို လုပ်နိုင်မှာ မဟုတ်လောက်ဘူး။ ငါ အဲ့ဒါကို နားလည်ပါတယ်။ အခုတော့ ဂျူနီယာ လက်မှတ်အကြောင်း မပြောဘဲ နေကြတာပေါ့။ မင်းမှာက အရည်အချင်းကောင်းတွေ ရှိတယ်။ အဲ့တော့ ယွဲ့ကျင်းက မင်းဆီက သင်နေချင်တာ။ အခု မင်းလည်း ပြန်လာပြီဆိုတော့ ဆိုင်ထဲက ကိစ္စတွေကို မင်းလက်ထဲ သေချာပေါက် လွှဲလိုက်တော့မယ်။”

ဝမ်ကောတုန်က ဝမ်းနည်းသွားခဲ့သည်။ သူက ဆောင်းတွင်း တစ်တွင်းထဲနဲ့ ယွမ်ငါးရာ ရှာနိုင်ခဲ့သည်။ သူကသာ အဲ့လိုမျိုး အနည်းငယ် ထပ်လုပ်နိုင်ပါက သူသည် သူ့ရဲ့သားအား မြို့ကို ချက်ချင်း ပို့နိုင်လိမ့်မည် ဖြစ်သည်။

သို့သော် ရှဲ့ယွဲ့ကျင်းပြောတာက မှန်နေသည်။ နွေရာသီကတည်းက ဆိုင်ထဲတွင် ပစ္စည်း အများကြီး မဖြည့်ခဲ့ပါ။ ဝယ်ထားသော ဟင်းသီးဟင်းရွက် အားလုံးက လက်ဆတ်သည်။ သူတို့သာ ဒီထက်ပိုပြီး လုပ်ခဲ့ပါက အနည်းငယ် ရိပ်မိကြလိမ့်မည် ဖြစ်သည်။

ဆောင်းတွင်းတိုင်းမှာ တစ်ခါသာ ရောက်လာမည် ဖြစ်သည့်အတွက် အန္တရာယ်လည်း အတော်လေး နည်းသည်။

မြို့ထဲရှိ လူတွေက ဆောင်းတွင်းမှာ စားသောက်ဆိုင်တွေက အမြဲတမ်း ပိတ်ထားတာကို နေသားကျလာသည့်အခါ သူတို့က မကြာခဏတောင် ပိတ်ဖို့ မလိုတော့ပါ။ စီးပွားရေးက ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေ မကောင်းပါ။ ထို့ကြောင့် သူတို့က တစ်နေ့ နည်းနည်းစီ လုပ်ထားတာက ဆိုင်ထဲရှိ အရာအများစုကို သိမ်းထားဖို့အတွက် လုံလောက်သည်။

ဝမ်ကောတုန်ရဲ့ စကားများကို ကြားပြီးနောက် ရှုရွှမ်းသည် ဘာမှ မတုံ့ပြန်ခဲ့ပါ။

ဝမ်ကောတုန်က ယဥ်ကျေးသည့် စကားအချို့ကို ပြောပြီးနောက် ထွက်သွားဖို့ ပြင်ဆင်ခဲ့သည်။

မထွက်သွားခင်မှာ သူ့ကို ရှုရွှမ်းက တားခဲ့သည်။

“တစ်ခုခု ကျန်သေးလို့လား။”

ရှုရွှမ်းက တွေဝေနေခြင်း မရှိဘဲ စာရွက်နှင့် ဘောပင်ကို ထုတ်လိုက်သည်။ “မနှစ်က ဆောင်းတွင်းမတိုင်ခင် ငါရေးခဲ့တဲ့ လက်လွှဲစာကို ငါပြန်ရေးပေးမယ်။ ခဗျားနဲ့ ရှဲ့ယွဲ့ကျင်းက အဲ့ပေါ်မှာ လက်မှတ်ထိုးပေး။”

သူတို့နှစ်ယောက်က ပစ္စည်းကောင်းတွေကို ဘာလုပ်ထားလဲဆိုတာ သိနေသည့်အတွက် အခုဆိုရင် ရှုရွှမ်းက အဲ့ကိစ္စထဲ မပါဝင်ဖို့ကိုသာ တွေးနေခဲ့သည်။

ဒီလိုနည်းနဲ့ပဲ အမှန်တရား ပေါ်ထွက်လာချိန်တွင် သူက အဲ့ပြဿနာကနေ ရှောင်နိုင်မည် ဖြစ်သည်။

ဝမ်ကောတုန်သည် ထိုစာရွက်အပေါ်မှာ လက်မှတ် မထိုးချင်သော်လည်း သူသာ လက်မှတ် မထိုးပေးပါက ရှုရွှမ်းက သူ့လုပ်ငန်းကို လက်လွှဲယူဖို့ လုံးဝ ငြင်းလိမ့်မည်ကို သိနေခဲ့သည်။

သူသည် ရှုရွှမ်း မထွက်သွားခင်က လုပ်ခဲ့သော တူညီသည့် ကိစ္စကို ထပ်လုပ်နိုင်မည် ဖြစ်သည်။

ရှုရွှမ်းက လက်မှတ်ထိုးထားသော အရာကို သေသေချာချာ ခေါက်လိုက်ပြီး အဝေးမှာ ထားလိုက်သည်။ သူသည် ဝမ်ကောတုန်နှင့် ရှဲ့ယွဲ့ကျင်းကို ဆန့်ကျင်ပြီး ဘာတစ်ခုမှ မလုပ်နိုင်ပါ။ သို့သော် ဒီလူနှစ်ယောက်ကို လက်ပူးလက်ကြပ် မမိတာကိုသာ မယုံနိုင် ဖြစ်နေခဲ့သည်။

တကယ်တော့ သူ့ကို “လက်ပူးလက်ကြပ်” ဆိုသည့် စကားကို သင်ပေးလိုက်သူမှာ ဝမ့်ရင်း ဖြစ်သည်။ ဝမ့်ယောင်ကျုံးလို သူခိုးမျိုးကို လူတွေက မကြာခင်မှာ လက်ပူးလက်ကြပ် မိကြလိမ့်မည်ဟု ဝမ့်ရင်းက ပြောခဲ့သည်။

မျှော်လင့်ထားသလိုပဲ ဝမ့်ယောင်ကျုံးက ကံဆိုးသွားခဲ့သည်။

အခုဆိုရင် ရှုရွှမ်းက ဒီလူတွေ လက်ပူးလက်ကြပ် မိသွားတာကို ကြည့်ဖို့ စောင့်နေခဲ့သည်။

ရှုရွှမ်းက အလုပ်ကို ပြန်လာခဲ့ပြီး အတိတ်က ဘယ်တုန်းကမှ မရှိခဲ့ပုံရသည်။ ရှဲ့ယွဲ့ကျင်းက ရှုရွှမ်းနှင့် ယှဥ်ပြိုင်လိုသည့် ရည်ရွယ်ချက် မရှိဘဲ သူ့ရဲ့ နေရာမှန်ကို ပြန်လာခဲ့သည်။

အိမ်ကိုပြန်ရောက်သည့်အခါ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ရှုရွှမ်းက ဝမ့်ရင်းကို ပြောခဲ့သည်။

ဝမ့်ရင်းကလည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

မဟုတ်သေးပါဘူး။ ဒီလူတွေရဲ့ သတ္တိကို ရွှေချထားတာလား။

လူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုအရာမျိုးကို လုပ်နိုင်ရတာလဲ။

ဝမ့်ရင်း - “အဲ့ မျက်လုံးမှေးမှေးနဲ့ ရှဲ့ယွဲ့ကျင်းက ပိုက်ဆံမရှိလို့လား။ သူ့လစာက သိပ်ပြီးတော့လည်း မဆိုးတာ သေချာပါတယ်။”

မြို့ငယ်လေးက လူတွေရဲ့ လုပ်အားခသည် မြို့ကြီးပြကြီးက လူတွေရဲ့ လုပ်အားခထက် နည်းတာ ပုံမှန်ပဲ ဖြစ်သော်လည်း မြို့ငယ်လေးရှိ လူတွေကလည်း သိပ်အများကြီး မသုံးကြပါ။

ဒီမှာ တောင်တွေက နီးနီးလေး။ သူတို့တွေ တောင်ပေါ်မှာပဲ နေစရာတစ်ခု လုပ်လို့ရတယ်။ ဘဝက လတိုင်း စားသောက်ဖို့အတွက်ပဲ ပိုက်ဆံတွေကို သုံးနေရတဲ့ မြို့မှာ နေနေတဲ့ သူတွေရဲ့ ဘဝထက်တော့ ပိုကောင်းပါတယ်။

ရှုရွှမ်းလိုဆိုရင်တော့ သူရဲ့ လစာကို သူ့အစ်ကိုဆီ မပို့ဘဲ အားလုံးကို စုထားခဲ့မယ်ဆိုရင်တော့ အံ့သြဖို့ ကောင်းလိမ့်မည် မဟုတ်ပါ။

ရှဲ့ယွဲ့ကျင်းသည် နိုင်ငံပိုင် စားသောက်ဆိုင်တွင် နှစ်တွေအကြာကြီး အလုပ်လုပ်ခဲ့ပြီး သူ့ရဲ့ ရာထူးကတော့ မတိုးသေးပါ။ သို့သော် သူ့ရဲ့ လုပ်သက်က တိုးလာပြီး သူ့ရဲ့ လစာကလည်း ယွမ်နှစ်ဆယ်ကျော်ပြီ ဖြစ်သည်။

အဲ့ပိုက်ဆံက သုံးဖို့ ဘာလို့ မလောက်ရမှာလဲ။

ရှုရွှမ်း - “ရှဲ့ယွဲ့ကျင်းက ဟုန်ကျိ တပ်မဟာက မဟုတ်သလို ရှန်လိ တပ်မဟာကလည်း မဟုတ်ဘူး။ သူတို့ တပ်မဟာက ငါတို့ရဲ့ ရေစုန်ဘက်မှာ ရှိတာ။”

ဝမ့်ရင်းက စိတ်ဝင်စားလာခဲ့သည်။ “ဒါဆို သူက ဘာလို့ သူ့ရဲ့ ကိုယ်ပိုင် တပ်မဟာထဲမှာပဲ အလုပ် မရှာရတာလဲ။”

လွန်ခဲ့သော နှစ်အနည်းငယ်က တပ်မဟာထဲတွင် အထက်တန်း အောင်ထားသော လူငယ်များအတွင် အလုပ်ရှာဖို့က ခက်ခဲမနေသင့်ပါ။

ရှုရွှမ်းက ဝမ့်ရင်းကို ထူးဆန်းစွာ ကြည့်လိုက်သည်။ “အဲ့ တပ်မဟာအကြောင်းကို မင်း မကြားမိဘူးလား။”

ဝမ့်ရင်းက အော်ရယ်လိုက်သည်။ သူမက ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူမက မူလပိုင်ရှင်မှ မဟုတ်တာ။

ရှုရွှမ်းက ရှင်းပြခဲ့သည်။ “အဲ့ တပ်မဟာက အရမ်း ဆင်းရဲတယ်။ ကျန်ခဲ့တဲ့ နှစ်တုန်းက ပျက်စီးမှုကြီးက လုံးဝ အဆင်မပြေသေးဘူး။ ပြီးတော့ သူတို့က တစ်ချိန်လုံး ကယ်ဆယ်ရေးက ပေးထားတဲ့ ရိက္ခာတွေကိုပဲ စားနေခဲ့ကြတာ။ ကယ်ဆယ်ရေး ရိက္ခာက ဝေပေးထားတာ ကြာလှပြီ။ ပြီးတော့ လူတွေက ပိုပြီး ပျင်းရိလာကြတယ်။ သူတို့က နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပျင်းရိနေတဲ့ တပ်မဟာပဲ။”

ပျင်းတဲ့ ကိစ္စ တစ်ခုပဲတော့ မဟုတ်ဘူး။ အဲ့က လူတွေက ကလေးလည်း ချစ်ကြတယ်။ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ ကလေး တစ်ယောက်ပဲ ရှိတယ်။ အဲ့ထဲက အများစုက ယောက်ျားလေးတွေ။ အခုချိန်မှာ အခြား မြို့တွေက လူတွေဆို သူတို့ရဲ့ သမီးတွေကို အဲ့ကလူတွေနဲ့ လက်မထပ်ပေးချင်ကြဘူး။ သူတို့က ဆင်းရဲရုံတင်မကဘူး။ သူတို့က မိသားစု ခွဲပြီးတော့လည်း မနေနိုင်ကြဘူး။

ရှုရွှမ်း - “ရှဲ့ယွဲ့ကျင်းမှာ မောင်နှမ ရှစ်ယောက် ရှိတယ်။”

ဝမ့်ရင်း - “…. ရှစ်ယောက်လား။ တကယ်ကို မိသားစု တောင့်လိုက်တာ။”

ဒီမွေးလမ်းကြောင်းက သံနဲ့များ လုပ်ထားတာလား။ အဲ့လိုသာဆိုရင် တစ်ထိုင်တည်းနဲ့ ကလေး ရှစ်ယောက်ကို မွေးလို့ရတယ်။

ထို့ကြောင့် ရှဲ့ယွဲ့ကျင်းက ဘာလို့ သူ့ရဲ့ ကိုယ်ပိုင် တပ်မဟာဆီ မပြန်လဲဆိုတာ ရှုရွှမ်းက နားလည်ပေးနိုင်သည်။ သူသာ ပြန်သွားခဲ့ရင် သူသည် သူ့ရဲ့ မောင်နှမများထံမှ အကျိုးမြတ်များ ရှာနေလိမ့်မည် ဖြစ်သည်။ အဲ့လိုသာဆိုရင် သူက ဘယ်လို အလုပ်မျိုးကို လုပ်နိုင်ပါ့မလဲ။ သူ့ရဲ့ မိသားစုကြောင့် သူလည်း လုံးပါး ပါးသွားလိမ့်မည် ဖြစ်သည်။

ရှုရွှမ်း - “ရှဲ့ယွဲ့ကျင်းက မြို့ထဲမှာ အခြေချ နေချင်တာ။ မကြာခင်တုန်းက အိမ်တွေ နေရာ ချထားပေးတုန်းက သူက ဝမ်ကောတုန်ကို သွားမေးနေတာ မြင်ခဲ့တယ်။ ပြီးတော့ သူက မိန်းမငယ်လေး တစ်ယောက်နဲ့လည်း ချိန်းတွေ့နေတာ။”

ဝမ့်ရင်းက လက်ခုပ်တီးလိုက်သည်။ “အဲဲဒါတော့ ဟုတ်တယ်။ ရှင်က အလုပ်လုပ်တာ ကြာလှနေပြီ။ ရှင်က ဘာလို့ အခန်းကိစ္စကို မပြောသေးတာလဲ။”

အခုချိန်မှာ လူတိုင်းက အစိုးရအတွက် အလုပ် လုပ်နေတာ ဖြစ်သည့်အတွက် သူတို့ကို အခန်း ပေးဖို့ တောင်းဆိုတာက ပုံမှန်ပဲ မဟုတ်ပါလား။

ရှုရွှမ်းက အကူအညီ မဲ့နေခဲ့သည်။ “ကိုယ်တို့ တပ်မဟာက ကိုယ့်ကို နေစရာ မြေကွက်တစ်ခု ပေးထားတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အိမ်ထောင်စုစာရင်း စာချုပ်ကိုတော့ လုံးဝ မပြောင်းရသေးဘူး။”

ဝမ့်ရင်းက နားမလည်တာကို မြင်သည့်အခါ ရှုရွှမ်းက သူမအား ရှင်းပြခဲ့သည်။

အကြောင်းကတော့ သူသည် သူ့ရဲ့ အိမ်ထောင်စုစာရင်းကို မပြောင်းဖို့အတွက်သာ ရွေးချယ်ခဲ့သည်။ ပုံမှန်အတိုင်းဆို သူက မြို့မှာ အလုပ်လုပ်ရင် သူ့ရဲ့ အလုပ်နေရာမှာပဲ သူ့ရဲ့ အိမ်ထောင်စုစာရင်းကို ပြောင်းသင့်သည်။ သို့သော် အိမ်မှာ သက်ကြီးရွယ်အို တစ်ယောက် ရှိနေတယ်ဟု တွေးလိုက်သည့်အခါ ဒါက မလိုအပ်ဘူးဟု ခံစားမိခဲ့သည်။ ထို့ကြောင့် သူက မပြောင်းခဲ့ပါ။ ပုံမှန်အတိုင်းဆို သူ့ရဲ့ အိမ်ထောင်စုစာရင်းက တပ်မဟာထဲတွင် ကျန်ခဲ့ရင် သူက မြေနေရာတစ်ခု ရလိမ့်မည် ဖြစ်သည်။

လူတွေက နှစ်နေရာလုံးကိုတော့ မရနိုင်ပါ။ သူတို့က နေရာတစ်ခု ရပြီးတာနှင့် အိမ်တွေ ခွဲဖို့ဆိုတာက သေချာပေါက် မဖြစ်နိုင်တော့ပါ။

ရှုရွှမ်း - “နောက်ပိုင်း ကိုယ်တို့တွေ မြို့ကို ပြောင်းသွားကြရင် ကိုယ်တွေတွေ ပြောင်းလို့ ရမှာလားဆိုတာ စိုးရိမ်မိတယ်။”

အဲ့လိုမှမဟုတ်ဘဲ မြို့မှာ သူ့ကို အိမ်တစ်လုံး မပေးပါက သူ့မှာ နေစရာ ရှိတော့မည် မဟုတ်ပါ။

All Chapters