အခန်း (၉၁-၉၂)
Vol. 8 Ch. 91-92
အပိုင်း ၉၁
ဝမ့်ရင်းမှာ အကြံတစ်ခု ရှိနေခဲ့သည်။ အခုဆိုရင် ဟူကူးမြို့ကို အားကျနေကြပြီး တစ်ခါလောက် သွားရဖို့ကို ခက်ခက်ခဲခဲ ရုန်းကန်ကြရသည်။ နောက်ပိုင်းမှာ လူတိုင်းက တောမြို့လေး ဟူကူးကို အားကျလာမယ်လို့ ဘယ်သူကများ တွေးမိကြပါ့မလဲ။
ကျေးလက်နေ လူများတွင် နေဖို့ထိုင်ဖို့ မြေနေရာများ ရှိကြပြီး သေသေချာချာ ဆောက်ထားသော အချို့ ကျေးလက်ရှိ မြေနေရာများအတွက် ရွာသားများကိုလည်း နှစ်တိုင်း ပိုက်ဆံပေးလေ့ရှိသည်။
ဝမ့်ရင်း - “ကျွန်မတို့တွေ မြို့ကို ပြောင်းတဲ့အခါ ကျွန်မတို့ရဲ့ အိမ်ထောင်စုစာရင်းတွေကို မပြောင်းပစ်ဘဲနဲ့ ရွေ့ပြီး နေလို့ရလားဆိုတာကို နောက်မှပဲ မေးကြတာပေါ့။”
သူမသည် သူမရဲ့ ကိုယ်ပိုင် အိမ်ခန်းလေးနှင့် အိမ်ထောင်စု စာရင်းကို သိမ်းထားချင်ခဲ့သည်။ သို့မှသာ သူမ အသက်ကြီးလာတဲ့အခါ ရွာကို ပြန်လာပြီး အဲ့မှာပဲ နေလို့ရတော့မည် ဖြစ်သည်။
ရှုရွှမ်း - “ကောင်းပြီ။ ကိုယ် နောက်မှ မေးလိုက်မယ်။”
သူသည် ဟူကူးမြို့မှာ နေဖို့အတွက် ဘယ်တုန်းကမှ သဘောမကျခဲ့ဖူးပါ။ အထူးသဖြင့် တစ်ခါတစ်လေမှာ သူက တောင်ပေါ်ထွက် ပစ္စည်းများကို ကောင်စီမြို့သို့ ရောင်းချပြီး အချို့မြို့က လူတွေသည် သူလုပ်တာထက် စားဖို့သောက်ဖို့ နည်းနေကြောင်းကို တွေ့ရှိခဲ့ရသည်။
ဝမ့်ရင်းကလည်း သက်ပြင်းချခဲ့သည်။ “တကယ်တော့၊ အဲ့မှာ ဆေးကုသဖို့နဲ့ ကျောင်းတက်ဖို့အတွက် ပြဿနာသာ မရှိရင် အခုချိန် ကျွန်မတို့မှာ ရှိနေတာတွေနဲ့ ဘာမှ ကွဲပြားမှာ မဟုတ်ဘူး။”
အဲ့မှာဆို တောင်တွေ၊ ရေတွေ၊ ပိုလျှံနေတဲ့ စားစရာတွေနဲ့ လေကောင်းလေသန့်လည်း ရှိတယ်။
ရှုရွှမ်းက သူမရဲ့ခေါင်းကို ထိပြီး ပြောခဲ့သည်။ “အဲ့မှာက မင်းလို တွေးတဲ့သူဆိုလို့ နည်းနည်းပဲ ရှိတာ။ လူတိုင်းက မြို့ကိုပဲ ပြောင်းချင်ကြတာ။ ကိုယ်တို့ တပ်မဟာက အမျိုးသမီး ဒါရိုက်တာဟောင်း တစ်ယောက်လိုပဲ။ သူဆို သူ့ရဲ့အိမ်ကို ရောင်းပြီး ပြဿနာတွေ အများကြီးကို ကျော်ဖြတ်ပြီး သူ့သားအတွက် မြို့မှာ မိန်းမတစ်ယောက် သွားရှာပေးတာ။ အဲ့လို မြို့က မိန်းမနဲ့ လက်ထပ်ပေးဖို့က သူက လက်စွပ် တစ်ကွင်းနဲ့ ပစ္စည်း သုံးဆင်စာကိုသာမက ရွှေသုံးတုံးကိုလည်း ဝယ်ခဲ့ရသေးတာ။”
ဝမ့်ရင်းက မျက်လုံးပြူးသွားခဲ့သည်။ “ ရွှေ သုံးတုံးတောင်။”
ရှုရွှမ်းသည် အမျိုးသမီးကြီး မစ္စရှုပြောတာကို အများကြီး နားထောင်ခဲ့ဖူးသည်။ ထို့ကြောင့် သူက အဲ့စကားတွေထဲက အချို့ကို မှတ်မိနေခဲ့သည်။ “ဟုတ်တယ်။ အဲ့ဒါက တော်တော်လေး အားထုတ်ရတယ်။ သိပ်ပြီး အများကြီးတော့ မဟုတ်ပေမယ့် ပိုက်ဆံတော့ တော်တော်လေး ကုန်တယ်။”
ဝမ့်ရင်းက တုန်လှုပ်သွားခဲ့သည်။ အဲ့ခေတ်အခါတုန်းက ရွှေသုံးတုံး ဝယ်တဲ့သူတွေက တကယ်ကို အများကြီး သုံးဖြုန်းကြတယ်လို့ ပြောလို့ရသည်။
သူတို့နှစ်ယောက်က ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ရှဲ့ယွဲ့ကျင်းရဲ့ အကြောင်းကို ထပ်ပြီး ပြောခဲ့ကြသည်။
ရှုရွှမ်း - “ကိုယ်တို့ရဲ့ သတ်မှတ်ထားပုံအရဆို အိမ်ပေးမယ့်ပုံ မပေါ်ဘူး။ ရှဲ့ယွဲ့ကျင်းက အဲ့ဒါကို သူ့ဘာသာ အဖြေရှာရတော့မယ်လို့ ကိုယ်ထင်တယ်။”
နိုင်ငံပိုင် အဆင့်ရှိသော ဟိုတယ်ကို အဲ့လိုပဲ ခေါ်ကြသော်လည်း အဲ့ဒါက သပ်သပ်ကြီးတော့ မဟုတ်ပါ။ ဒါက ပြည့်စုံသော စံနှုန်းတစ်ခု ရှိသည်။ အခန်း နေရာချထားပုံကို ကျယ်ကျယ်ဝန်းဝန်းနှင့် အတူတကွ စီစဥ်ထားသည်။ ခွဲဝေပေးသည့်အခါမှ ဘယ်အခန်းက ဘယ်သူ့ကိုပေးမယ်နှင့် ဘယ်အခန်းက ဘယ်သူ့ကို မပေးဘူးဆိုတာ ဝမ်ကောတုန်က ဆုံးဖြတ်ရသည်။ ဝေစုကို မခွဲပေးပါက ဝမ်ကောတုန်သည် ရှဲ့ယွဲ့ကျင်း နေရာလျှောက်ထားဖို့ကို ကူညီနိုင်လိမ့်မည် မဟုတ်ပါ။
အထူးသဖြင့် ရှဲ့ယွဲ့ကျင်း၏ လက်ရှိ လုပ်သက်က မလုံလောက်သည့်အတွက် သူအခွင့်အရေး မရခင်မှာ နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်စောင့်ရဦးမည် ဖြစ်သည်။
ရှုရွှမ်း - “အဲဲဒါက သူ့ကောင်မလေးလေ။ သူက သဘောတူလားဆိုတာတော့ ကိုယ်လည်း မသိဘူး။”
ရှဲ့ယွဲ့ကျင်းသည် မြို့က ဓာတ်ဘူးစက်ရုံထဲတွင် သာမန် အလုပ်သမား တစ်ယောက်ကို ရှာနေသည်ကို ပြောပြခဲ့ပြီး အခုဆိုရင် သူမက တတိယအဆင့် အလုပ်သမား ဖြစ်နေကြောင်းကို ဆိုင်ထဲတွင် ထုတ်ပြောခဲ့သည်။
စက်ရုံ၏ အလုပ်အဆင့် သတ်မှတ်ချက်များကို အဆင့် တစ်ကနေ ရှစ်အထိ စီစဥ်ထားပြီး အဆင့်သုံး အလုပ်သမားသည် အတော်လေး ကောင်းသည်ဟု သတ်မှတ်ထားသည်။ သူ့ရဲ့ လစာက ရှဲ့ယွဲ့ကျင်းထက်လည်း များသည်။
ရှဲ့ယွဲ့ကျင်းက ထိုကဲ့သို့သော လက်တွဲဖော်ကို ရှာတွေ့ခဲ့ရပြီး မကြာသေးခင်ကမှ စက်ဘီးတစ်စီး ဝယ်ထားခဲ့ကာ သူ့ကိုယ်သူ အတော်လေး ဂုဏ်ယူနေခဲ့သည်။
ဝမ့်ရင်းက ရှုရွှမ်းကို ခနလောက် ငေးကြည့်လိုက်ကာ အဲ့ဒါကပဲ ရှုရွှမ်းကို တွေဝေသွားစေခဲ့သည်။ “မင်း ဘာလို့ ကိုယ့်ကို ကြည့်နေတာလဲ။”
ဝမ့်ရင်းက သူမကိုယ်သူမ ရှုရွှမ်းရဲ့ လက်ပေါ်သို့ လှဲချလိုက်သည်။ “ရှင် အရမ်း စိတ်မကြည်နေတာကို ကျွန်မ မြင်မိလို့ပါ။”
ရှုရွှမ်းက ဖော်ပြလို့မရနိုင်သော ခံစားချက် အချို့ဖြင့် သက်ပြင်းချလိုက်သည်။ “ဒါက ကိုယ့်အထင်ပေါ့နော်။ ရှဲ့ယွဲ့ကျင်းလို လူမျိုးတွေက နောက်ပိုင်းကျရင် ကောင်းတဲ့ ဘဝမျိုးကို ရကောင်း ရကြလိမ့်မယ်။”
သူပြောလိုက်တဲ့ စကားက အဓိပ္ပါယ် မရှိသော်လည်း ဝမ့်ရင်းက ထိုစကားကို ချက်ချင်းပဲ နားလည်သွားခဲ့သည်။
ရှုရွှမ်းက စကားများတဲ့သူမျိုး မဟုတ်သော်လည်း သူ့မှာ အာရုံငါးပါး မရှိတဲ့ သူမျိုးတော့ မဟုတ်ပါ။ ဝမ့်ရင်းက သူ့နှင့်အတူတူ ရှိလေလေ၊ သူမက ရှုရွှမ်းရဲ့ ကြိုးစားမှုကို ပိုပြီး ခံစားမိလေလေ ဖြစ်နေခဲ့သည်။
ဥပမာအနေဖြင့် သူသည် ပန်းကန်ထဲသို့ တစ်ခုခုကို ထည့်ရမယ်ဆိုပါက သူက အဲ့ထဲကို ထည့်ကို ထည့်လိမ့်မည်။ တကယ်လို့ ဟင်းပွဲက သေချာတဲ့ ပါဝင်ပစ္စည်းတွေ မရှိဘဲနဲ့ အရသာ မကောင်းဘူးဆိုရင် ရှုရွှမ်းက နည်းလမ်းကို ပြောင်းရင်ပြောင်း၊ ဒါမှမဟုတ် ပုံမှန်အတိုင်း ချက်လိမ့်မည် မဟုတ်ပါ။
သူက မှန်းဆချက်အချို့ကို လုပ်ခဲ့သော်လည်း သူလုပ်သမျှ အရာတွေ အားလုံးက အမှန်တကယ်သာ ဖြစ်ပြီး စိတ်ကူးယဥ်ဆန်သည့် အရာကို သူ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါ။
သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ စားဝတ်နေရေးအတွက် ရှာဖွေနေရတာက သူ့ရဲ့ တာဝန်ပဲဟု ခံစားနေခဲ့ရပြီး ဘာအကျိုးအမြတ်မှ မယူဘဲ အစိုးရအတွက် အလုပ်လုပ်ပေးနေရတာကလည်း သူ့ရဲ့ တာဝန်ပဲဟု ခံစားခဲ့ရသည်။
သို့သော် အခုဆိုရင် ရှဲ့ယွဲ့ကျင်းက သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး လုပ်နေတယ်ဆိုတာ သိသာသည်။ သို့သော် ရှဲ့ယွဲ့ကျင်းက သူ့ထက်ပိုပြီး မြို့နှင့် ပိုရင်းနှီးလာခဲ့သည်။
ရှုရွှမ်းက နှစ်တွေအကြာကြီး အလုပ် ကြိုးစားခဲ့ပြီး ပိုက်ဆံစုဖို့အတွက် သူ့ရဲ့ဘဝကို စွန့်စားခဲ့ရသည်။ သို့သော် ရှဲ့ယွဲ့ကျင်းကတော့ အဲ့ဒါကို ဆောင်းတွင်း တစ်တွင်းထဲမှာ လုပ်သွားခဲ့သည်။ ထို့အပြင် သူက တောင်ပေါ်ကို တက်ပြီး အလုပ်လုပ်စရာ မလိုဘဲ သူပင်ပန်းခဲ့သလိုလည်း ပင်ပန်းစရာ မလိုပါ။
သူ့ကို ပိုပြီး စိတ်မသက်မသာ ဖြစ်စေသည့် အရာမှာ ဝမ်ကောတုန်နှင့် ဆိုင်ထဲရှိ စားပွဲထိုးများက ရှဲ့ယွဲ့ကျင်းအပေါ်မှာ အတော်လေး ကောင်းနေခဲ့ကြခြင်း ဖြစ်သည်။
အထူးသဖြင့် စားပွဲထိုးများ ဖြစ်ကြသည်။ ရှုရွှမ်း ဆိုင်ထဲသို့ ဝင်လာသည့်အခါ သူက အရာရာကို စီစဥ်တကျ ကိုင်တွယ်ခဲ့ပြီး သူတို့ကို ပြဿနာတွေ အများကြီးမှ ကယ်တင်ခဲ့သည်။ သို့သော် ဒီလူတွေက ရှုရွှမ်းအပေါ်မှာ ကျေးဇူးတင်နေကြတာ သိသာနေခဲ့သည်။
သို့သော် အခုဆိုရင် သူတို့ အားလုံးက ရှဲ့ယွဲ့ကျင်းကို အတော်လေး သဘောကျနေခဲ့သည်။
ထိုပတ်ဝန်းကျင်မျိုးမှာ ရှုရွှမ်းက တကယ်ကို စိတ်ကြည်တော့မည် မဟုတ်ပါ။
ဝမ့်ရင်းက လုံးဝ သေချာနေခဲ့သည်။ “ရှင် မှန်တယ်။ ဒီပတ်ဝန်းကျင်ကြီးကိုက လွဲနေတာ။”
ရှဲ့ယွဲ့ကျင်းရဲ့ အပြုအမူတွေကို သေချာပေါက် လူတိုင်းကို ကျေနပ်စေမှာပဲ။ ရှင်က လူတွေကို ပိုက်ဆံပေးရင် သူတို့က ပျော်ကြမှာပဲ။ ဒါပေမယ့် ဒီလူတွေက ဦးနှောက်ကိုတော့ မသုံးကြဘူး။ ပြီးတော့ ရှဲ့ယွဲ့ကျင်းက သူတို့ကိုကျ ပိုက်ဆံပေးပြီး ဘာလို့ ရှုရွှမ်းကိုကျ မပေးလဲဆိုတာကို မတွေးမိကြပေ။
ရှဲ့ယွဲ့ကျင်းဆီကနေ အခွင့်အရေးယူတဲ့ ဘယ်သူမဆို သူ့ရဲ့ ကြံရာပါတွေ ဖြစ်သွားမှာ။
ရှဲ့ယွဲ့ကျင်းက ရှုရွှမ်းကို အကျိုးအမြတ် အချို့ကို ခွဲပေးချင်သော်လည်း သူ့ကို ဒီကိစ္စထဲ ပါလာအောင် ဘယ်လို လုပ်နိုင်မှာလဲ။
ဝမ့်ရင်း - “ရှင့်ရဲ့ အခုပုံစံမျိုးပဲ ကျွန်မက ကြိုက်တာ။ ကျေးဇူးပြုပြီး မပြောင်းလဲလိုက်ပါနဲ့။”
ရှဲ့ယွဲ့ကျင်း အပါအဝင် ဒီကမ္ဘာပေါ်မှာ အဆင်ပြေတဲ့သူတွေ အများကြီး ရှိသည်။ ဒါပေမယ့် ရှုရွှမ်းရဲ့ ခေါင်းမာမှုတွေက ရှဲဲ့ယွဲ့ကျင်းရဲ့ အောင်မြင်မှုအတွက် ခက်ခဲအောင် လုပ်လိမ့်မည်ကို ဝမ့်ရင်းက ခံစားမိခဲ့သည်။
ရှဲ့ယွဲ့ကျင်းလို ဉာဏ်ကောင်းတဲ့ သူမျိုးက သူဘာအမှားမှ မလုပ်မိခင် အချိန်အထိ သာယာတဲ့ ဘဝတစ်ခုမှာ သေချာပေါက် နေထိုင်ရလိမ့်မည် ဖြစ်သည်။
သို့သော် ဝမ့်ရင်းက အဲ့လိုမျိုး ဉာဏ်ကောင်းတဲ့ လူတွေများစွာကို မြင်ဖူးခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူမက ရှုရွှမ်းလို လူနည်းနည်းကိုသာ မြင်ဖူးသည်။ အဲ့လိုလူတွေ အားလုံးက အင်အားကြီးလာပြီး ချမ်းသာမည် မဟုတ်ပါ။ သို့သော် သူတို့နှင့် သက်ဆိုင်ရာ နယ်ပယ်များတွင် အာဏာရှိတဲ့ ရာထူးတစ်ခုကို ရယူနိုင်ကြမည် ဖြစ်သည်။ သူတို့နှင့် အတူတူ ရှိသည့်အခါ သူက စိုးရိမ်ပူပန်းခြင်း မရှိသလို အရင်ကလိုလည်း စိတ်မသက်မသာ ဖြစ်ရမည် မဟုတ်ပါ။
ကိုယ်ရခဲ့သမျှ အရာရာတိုင်းက ကိုယ့်ရဲ့ မဆုတ်မနစ်နဲ့ အလုပ်ကို ကြိုးစားတာကြောင့် ဆိုတာကတော့ သေချာတယ်။ အဲ့တော့ စိတ်ထဲမှာ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း ဖြစ်နေတယ်လို့ ခံစားရသည်။
ဝမ့်ရင်းရဲ့ စကားတွေက ရှုရွမ်းရဲ့ မျက်ဝန်းတွေကို အနည်းငယ် အရောင် တောက်သွားစေသော်လည်း သူ့ရဲ့ အာရုံကတော့ ဝမ့်ရင်းရဲ့ ယုံကြည်မှုအပေါ်မှာ မဟုတ်ပါ။ သို့သော်….
ဝမ့်ရင်းက သူ့ကို သဘောကျတယ်ဆိုသည့် အကြောင်းကို သေသေချာချာ ပြောပြခြင်းမှာ ဒါက ပထမဆုံးအကြိမ်သာ ဖြစ်သည်။
ရှုရွှမ်းရဲ့ မျက်ဝန်းတွေက တောက်လောင်နေခဲ့သည်။ ဝမ့်ရင်းက ရှက်ရှက်နှင့် အနည်းငယ် ကပ်လာခဲ့ပြီး ရှုရွှမ်းရဲ့ မျက်နှာကို နမ်းရှိုက်လိုက်သည်။
ဒါဟာ မကြာသေးခင်ကမှ သူတို့နှစ်ယောက်ရဲ့ အနည်းငယ် စိတ်ဝင်စားမှုလေးသာ ဖြစ်သည်။ ရှုရွှမ်းသည် ဝမ့်ရင်းက ရှောင်ရှိထောင်ကို ထပ်ပြီး နမ်းလိုက်တာကို မြင်လိုက်ကတည်းက သူက ဒီတောင်းဆိုမှုကို နားမလည်နိုင်ဘဲ စတင်ပြီး တောင်းဆိုချင်နေခဲ့သည်။
ပထမဆုံးအနေဖြင့် ဒီလူက ဘာလို့ ဒီလောက်တောင် ဂျီကျရလဲဆိုတာကို ဝမ့်ရင်းက သိခဲ့ရပြီး သူတို့က အချိန်တိုင်း တစ်ယောက်ကို တစ်ယောက် စတင်ပြီး ချိုမြိန်စွာ နမ်းရှိုက်ခဲ့ကြသည်။ ကံကောင်းစွာဖြင့် သူတို့နှစ်ယောက်ကြားရှိ တံတိုင်းကြီးက မြင့်သည်။ အဲ့လိုမှ မဟုတ်ပါက သူတို့နှစ်ယောက်ကို တစ်ယောက်ယောက်သာ မြင်သွားပါက ကိစ္စတစ်ခုခု ဖြစ်သွားလိမ့်မည်။
နွေဦးရာသီ ရောက်ရှိနေပြီ ဖြစ်ပြီး ရှုရွှမ်းက စားသောက်ဆိုင်ကို ပြန်သွားပြီးနောက် သူက ခနလောက် အလုပ် ရှုပ်နေခဲ့သည်။ မြို့က လူများသည် သူ့ကို ကူညီပေးဖို့ ရောက်လာကြပြီး သူက ဝက်လက်စွပ်ပြုတ်ကို ချလိုက်တာနဲ့ ရောင်းကုန်သွားခဲ့သည်။ ရောင်းချမှုနှုန်းက ကျသွားသည့်အခါ တောင်ရဲ့ အနောက်ဘက်ရှိ အစိမ်းရောင် မြက်ခင်းတွေက တဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
နောက်ဆုံးမှာတော့ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က တောင်ပေါ်သို့ ထပ်တက်သွားခဲ့ကြသည်။
ငါးဖမ်းတာအပြင် ဝမ့်ရင်းက တောင်ပေါ်မှာ အသီအရွက်အရိုင်း များစွာကိုလည်း တွေ့ခဲ့သည်။
အဲမ်အသီးတွေ အပြည့်ဖြစ်နေသော မြင့်မားသည့် အဲမ်အပင်ကြီး ရှိသည်။ အဲ့နေရာမှာ ကျိုင်းပင်အချို့ ရှိနေပြီး အပွင့်များ ပွင့်ခါနီးဖြစ်ကာ အဲ့နေရာရှိ နွယ်ပင်များက မြေပေါ်သို့ ကျနေခဲ့သည်။
ရှုရွှမ်းက နားလည်လိုက်သည်။ “ဒီနေရာက နည်းနည်းလေး ဝေးနေတော့ ကိုယ်တို့တွေ လွဲသွားကြတာ ဖြစ်မယ်။”
တပ်မဟာထဲရှိ လူတွေကလည်း တောင်ပေါ်ကို တက်ဖို့အတွက် စိတ်အားထက်သန်နေသည်။ ဆောင်းကုန်ပြီးနောက် အချို့ မိသားစုများတွင် စားစရာ ကုန်နေပြီ ဖြစ်ပြီး နောက်ထပ် စားစရာ ဝေပေးဖို့ကလည်း အဝေးကြီး လိုသေးသည်။ ထိုအချိန်မှာပဲ သူတို့ဟာ ရှင်သန်ဖို့အတွက် တောင်တွေကို မှီခိုရတော့မည် ဖြစ်သည်။
တောင်ပေါ်က နေရာတိုင်းမှာ အဲမ်အစေ့တွေ ရှိနေတာ။ မနက်အစောပိုင်းတုန်းက အဲ့ဒါတွေ လာကောက်ဖို့ သူကလေးတွေကို ပြောလိုက်သည်။
မြေပြင်ပေါ်မှာ ကျန်ခဲ့တာဆိုလို့ ကောက်ရခက်တဲ့ အစေ့တွေပဲ ကျန်တော့တာ။
ရှုရွှမ်းက သူ့အရှေ့တွင် လဲကျနေသော အဲမ်အပင်ကို ကြည့်ပြီး ပြောလိုက်သည်။ “အဲဲဒါတွေ အကုန်လုံး ကောက်သွားရအောင်။”
အဲ့လိုမှမဟုတ်ဘဲ တစ်ယောက်ယောက် ရောက်လာရင် သူတို့က အပင်ကို ရှာတွေ့သွားတာက ကိစ္စမရှိပေမယ့် အနားက ငါးကန်ကို တွေ့သွားရင်တော့ ဒါက ပြဿနာတစ်ခု ဖြစ်သွားလိမ့်မယ်။
ဒါဟာ အကြံကောင်းတစ်ခုလို့ ဝမ့်ရင်းကလည်း တွေးလိုက်သည်။ ထို့ကြောင့် သူတို့သည် အပင်က အဲမ်အသီးများကို ခူးပြီး ခြင်းတောင်း နှစ်တောင်းထဲသို့ ကောက်ထည့်လိုက်သည်။
ရှုရွှမ်းက ခြင်းတောင်းတစ်တောင်းကို အိမ်မှာ ထားခဲ့ပြီး တစ်တောင်းကိုတော့ ကောင်စီမြို့က ချမ်တုန့်ဆီ ပို့ပေးလိုက်ကာ ငါးနည်းနည်းကို ထည့်ပေးလိုက်သေးသည်။
ရှုရွှမ်းက ကျန်သေးသော အဲမ်သီးများကို အမျိုးမျိုး စတင် လုပ်စားခဲ့သည်။
ပထမ တစ်မျိုးကတော့ အဲမ်စေ့နှင့် ထမင်းဖြစ်သည်။ အိမ်မှာ စားစရာ မပြတ်သဖြင့် ရှုရွှမ်းက အခြားသူတွေလိုမျိုး ပြောင်းဆန်ကို မသုံးခဲ့ပါ။ သို့သော် ပြောင်းဆန်ကို ဂျုံမှုန့်အဖြူနှင့် ရောပြီး အဲ့ဒါကို မပေါင်းခင် ဂျုံမှုန့်ထဲမှာ အဲမ်စေ့ကို မြှုပ်ထားသည်။ ပေါင်းလိုက်သော အဲမ်စေ့သည် လက်ဆတ်တဲ့ အနံ့ရှိပြီး ကြက်သွန်ချဥ်တစ်ဇွန်း၊ ငရုတ်ဆီအချို့နှင့် စားတဲ့အခါမှာ ထမင်းရဲ့ အရသာလိုပဲ စားကောင်းသည်။
ဒုတိယအနေနဲ့ အဲ့ဒါကို စားလို့ရတဲ့ နောက်တစ်နည်းလည်း ကိုယ်လေ့လာထားတယ်။ အဲမ်အစေ့တွေရယ်၊ အချဥ်တည်ထားတဲ့ အသီးအရွက်တွေရယ်၊ နုတ်နုတ်ဆင်းထားတဲ့ မုန်လာဥဖြူရယ်ကို ပေါင်မုန့်နဲ့ ထည့်ပြီး စားတာမျိုးတွေ၊ အဲမ်စေ့ကို ကြက်ဥနဲ့ ကြော်စားတာမျိုး။ ပြီးတော့ ပန်ကိတ်လုပ်ဖို့ အဲမ်အစေ့ကို သုံးတာမျိုးတွေ။
ဝမ့်ရင်းက ပိုစားလေလေ၊ သူ့ရဲ့ အရသာက ပိုချိုပြီး စားလို့ကောင်းတဲ့ပုံပေါ်လေလေပင်။ သူမက အဲမ်စေ့ထမင်းကို ချမ့်ရှုဖန်းနှင့် ချမ့်ကျွီဟွာဆီ ပို့ပေးခဲ့ပြီး အဲ့ဒါက ချမ့်ယုရဲ့ မျက်ဝန်းတွေကို ပျော်စရာအပြည့် ဖြစ်သွားစေခဲ့သည်။
“အရသာ ရှိလိုက်တာ။”
သူမက အရင် မြို့ဟောင်းမှာတုန်းကပဲ အဲမ်စေ့ ထမင်းကို စားဖူးသော်လည်း အဲ့တုန်းကဟာက ဆားတွေနှင့်သာ ရောထားပြီး အခု သူမရဲ့ အရှေ့မှာ ရှိနေတဲ့ဟာလောက် အစေ့တွေ မများပါ။
ကြက်သွန်ဖြူရဲ့ အနံ့က အဲမ်စေ့ရဲ့အနံကို လုံးဝ ဖုံးမသွားခဲ့ပါ။ ဂျုံမှုန့်ရဲ့ အရသာနှင့် အဲမ်စေ့ရဲ့ အရသာက အံ့သြဖို့ကောင်းအောင်ကို အစပ်အဟပ် တည့်ပြီး တော်တော် စားကောင်းသည်။ သူတို့ရဲ့ အရသာက ပါးစပ်ထဲတွင် မွှေးကြိုင်ပြီး နူးညံ့နေသည်။
တယာနှင့် အာ့ရာတို့ ကြည့်ရတာ အတော်လေး ကျေနပ်နေခဲ့ပြီး ကလေးမလေး နှစ်ယောက်ရဲ့ ပါးပြင်လေးကလည်း အနည်းငယ် ဖောင်းနေခဲ့ကာ ချစ်ဖို့ကောင်းနေခဲ့သည်။
ဝမ့်ရင်းသည် အားရာရဲ့ မျက်နှာပေါ်က မုန့်များကို သုတ်ပေးလိုက်ပြီး အားရာက သူမကို ကျေးဇူးတင်ခဲ့သည်။
ဝမ့်ရင်းက အတော်လေး အံ့ဩသွားခဲ့ကာ သူမရဲ့ မျက်နှာလေးကို မထိန်းနိုင်ဘဲ ပွတ်နေခဲ့သည်။
ချမ့်ကျွီဟွာကလည်း အတော်လေး ပျော်နေခဲ့သည်။ “ဆရာမချမ့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အလုပ်ရှုပ်နေချိန် သူတို့ကို ဂရုစိုက်ပေးသလို ချမ့်ယုကလည်း အငယ်လေးနှစ်ယောက်ကို ထိန်းဖို့အတွက် ကျွန်မကို ကူညီပေးခဲ့တာ။ ဆရာမချမ့်ကလည်း အများကြီး ကူညီပေးခဲ့ပါတယ်။”
ချမ့်ကျွီဟွာ ပြောင်းနေပြီးတဲ့နောက်ပိုင်း နာမည်ပျက်ရှိတဲ့ လူတွေသည် တကယ်တမ်းမှာ လူတိုင်းက ပြောနေကြသလိုမျိုး ဆိုးသွမ်းတဲ့ လူတွေတော့ မဟုတ်တာကို တွေ့ရှိခဲ့ရသည်။
ချမ့်ရှုဖန်းသည် သူမက အော်ပရာ အဆိုတော် တစ်ယောက် ဖြစ်သော်လည်း သူမနှင့် ပတ်သက်ပြီး ဂုဏ်သတင်းမွှေးကာ အရမ်း ကျက်သရေ ရှိခဲ့ကြောင်းကို ပြောပြခဲ့သည်။
ချမ့်ရှုဖန်းသည် အခွင့်အရေးရတိုင်း ကျောက်စိမ်းကဗျာ သင်ပေးနေတာကို ချမ့်ကျွီဟွာသည် တစ်ခါက မြင်ခဲ့ဖူးပြီး သူမက အတော်လေး အားကျနေခဲ့ရသည်။ သူမသည် စာအနည်းငယ် လေ့လာဖူးသော စာပေကျောင်းသူ တစ်ယောက် ဖြစ်ပြီး သူမရဲ့ သမီး သုံးယောက်ကိုတောင် တယာ၊ အာ့ရာနှင့် ရှောင်းယာဟူပြီး အစဥ်လိုက် နာမည် ပေးထားခဲ့သည်။ သူမသည် ပညာတတ်များကို နှစ်လိုသည့် စိတ်မျိုးဖြင့် မွေးဖွားခံခဲ့ရသည်။
မကြာခင် ကဗျာများကို ဘယ်လို အလွတ် ရွတ်ရမလဲ ဆိုတာကို သင်ပေးရမယ့် လူနှစ်ယောက် ချမ့်ရှုဖန်းမှာ ရှိလာတော့မည် ဖြစ်သည်။ အကြီးဆုံး သမီးရော၊ ဒုတိယ သမီးရောက အတော်လေး လေးနက်ကြသည်။ အကြီးဆုံး သမီးက အငယ်ဆုံး သမီးလေးကို သူမရဲ့ လက်ထဲမှာ ချီထားပြီးတောင် အတူတူ နားထောင်ကြသည်။ ကလေးတွေကလည်း အလျင်အမြန်ပဲ အချင်းချင်း ရင်းနှီးလာကြသည်။
ချမ့်ကျွီဟွာသည် လက်ရှိ နေ့ရက်တွေကိုသာ ဘဝလို့ ခေါ်လို့ရတယ်ဟု ခံစားခဲ့ရသည်။
သားရော၊ ယောက်ျားရော မရှိတဲ့ ဘဝမျိုးက တကယ်တမ်းမှာ ပိုကောင်းသည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၉၂
သူမသည် သူမရဲ့ သမီးသုံးယောက်ကို အစားကောင်းများ ကျွေးနိုင်ပြီး ချမ့်ယုက တစ်ခါတစ်လေ ယုန်တစ်ကောင် ဒါမှမဟုတ် လယ်ကြွက်များကို ဖမ်းတတ်သည်။
ချမ့်ရှုဖန်းက ထိုကိစ္စများကို မကိုင်တွယ်နိုင်သော်လည်း ချမ့်ကျွီဟွာမှာက ဘာပြဿနာမှ မရှိပါ။
သူမက အစားအစာကို မြန်မြန် ပြင်လိုက်ပြီး မိသားစု နှစ်စုလုံး အတူတူ စားဖို့အတွက် ချက်ပြုတ်ခဲ့သည်။
သူမတို့က မီတာတစ်ရာလောက် ဝေးတဲ့ အိမ်နီးချင်တွေ ဖြစ်ပေမယ့် တကယ်တမ်း သူမတို့တွေဆီ ထုတ်လုပ်ရေး အဖွဲ့က သူမရဲ့ ဆွေမျိုးတွေလောက်တောင် မကြာမကြာ လာလည်လေ့ မရှိဘူး။
ချမ့်ကျွီဟွာသည် သူမက နာမည်ပျက်ရှိတဲ့ လူတွေနှင့် ပတ်သက်နေတယ်ဟု လူတွေ ပြောကြမှာကို မကြောက်ပါ။ သူမတွက် သမီး သုံးယောက်ရှိပြီး သူမကို ဘယ်လိုလုပ် ထောင်ချလို့ ရမှာလဲ။
ထျန်းယိုဖုက ဒီလိုကိစ္စမျိုးကို လုပ်လိမ့်မည် မဟုတ်ပါ။ တပ်မဟာကလည်း အဲ့လိုမျိုး လုပ်ရဲမည် မဟုတ်ပါ။
လွန်ခဲ့သော နှစ်နှစ်တုန်းက အခြားမြို့ရှိ လူတစ်ယောက်က ကလေးတွေ အများကြီး ရှိသည့် မုဆိုးမ တစ်ယောက်က အပြစ်တင်ခံရပြီး သူမကို အဆုံးစီရင်ခဲ့ကြသည်။ ဒီကိစ္စက မကောင်းတဲ့ သက်ရောက်မှုတစ်ခု ဖြစ်ခဲ့ပြီး ဘေးနားရှိ တပ်မဟာတွေက အဲ့လို အလားတူ ကိစ္စမျိုးကို မလုပ်ရဲကြတော့ပါ။
ပြီးတော့ သူတို့တွေ ဝက်စမွေးပြီးတဲ့နောက်ပိုင်း ဒီကို လူလာနည်းသည်။ ဝက်မွေးတာက အရမ်း ညစ်ပတ်သလို အနံ့အသက်လည်း တော်တော်လေး မကောင်းပေ။
ဝမ့်ရင်းမှ “ရှင်တို့ ဟိုနေရာမှာ ဝက်ခြံ ဆောက်ပြီးပြီပဲ။ ရှင့်ကို အခုထိ ဝက်လေးတွေ ပြန်မပို့သေးဘူးလား။”
ချွမ့်ကျွီဟွာမှ ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဝက်တွေက ပို့ပေးပြီးပါပြီ။ သူတို့ ခြောက်ကောင်လုံးမှာ တစ်ကောင်ချင်းစီက ကျန်းမာပြီး သန်လည်း သန်တယ်။”
ဝမ့်ရင်း တစ်ချက် ကြည့်လိုက်သည့်အခါ ချမ့်ကျွီဟွာက သူမရဲ့ အကြံအရ ဘေးနားမှာ ရေကြောင်းတစ်ခု ဖောက်ထားတာကို တွေ့ခဲ့ရသည်။
ဝက်ခြံထဲရှိ ဝက်စာကျင်းကို ရေကြောင်းအား ဖောက်ပြီး တိုက်ရိုက် ဆက်ထားကာ ရေဖြတ်မယ့် တံခါးကိုလည်း အပြင်ဘက်က ရေစီးကြောင်းကို တားဖို့အတွက် ထားထားသည်။ ရေလှောင်ကန် အသေးလေးရဲ့ အလယ်တွင် ရေကန်ငယ်လေးတစ်ခု ရှိသည်။
ဝမ့်ရင်းသည် ရေကန်ထဲသို့ လက်တစ်ဆုတ်စာ ဝိဉာဥ်စမ်းရေလေးကို တိတ်တဆိတ် ထည့်လိုက်သည်။
ချမ့်ကျွီဟွာတို့ မိသားစုကလည်း အဲ့မှာပဲ ရေသောက်ကြသည်။ အဲ့နေရာတွင် အမိုးတစ်ခု ရှိနေပြီး သစ်သားပြားတစ်ပြားဖြင့် ကာထားသည့်အတွက် ညစ်ပတ်လိမ့်မည် မဟုတ်ပါ။
ရေစီးတာကို မြင်ပြီးတဲ့နောက် ဝမ့်ရင်းက စိတ်သက်သာရာ ရသွားခဲ့သည်။
နောက်ပိုင်းတွင် သူမက တစ်ခေါက်သာ လာဖို့ လိုတော့သည်။ သူမအထင်တော့ ဒါက ပြဿနာကြီးတစ်ခုတော့ မဟုတ်လောက်ပေ။
ထိုအချိန်မှာပဲ သိုးများကို လာပို့သည့်အတွက် ဝမ့်ရင်းက အချိန်ကျပြီဟု ခံစားလိုက်ရသည်။
သူမက ချမ့်ယုအား တောင်ပေါ်သို့ ခေါ်သွားခဲ့သည်။
ချမ့်ယုက အသက် အရမ်း မကြီးသေးပါ။ သူမက ရုတ်တရက် မြို့ကနေ တောင်ပေါ်သို့ ပို့ခံလိုက်ရသည်။ သူမက ဆောင်းတွင်း တစ်တွင်းလုံး နှင်းတောထဲမှာ ပိတ်မိနေခဲ့ပြီး ဆော့ကစားချင်သည့် သူမရဲ့ ဆန္ဒကိုလည်း အကြာကြီး အောင့်အီးထားနိုင်တော့မည် မဟုတ်ပါ။
ဝမ့်ရင်းက သူမကို တောင်ပေါ်သို့ ခေါ်သွားခဲ့သည်။ ထိုကောင်မလေးက စွန်တစ်ခုနှင့် တူပြီး တစ်ချိန်လုံး ဟိုဟိုဒီဒီ ခုန်လွှားကာ ဆူညံနေခဲ့သည်။
“အစ်မရင်း၊ ကြည့်ပါဦး။ ဒီမှာ သိုးထိန်းရဲ့ ပိုက်ဆံအိတ်။”
“သမီး ယုန်လေးတစ်ကောင်ကို တွေ့လိုက်တယ်။”
“အိုး၊ ဒါက အစ်မတို့ပြောနေတဲ့ ဝတ်ရည်စုတ်ရတဲ့ ပန်းလို့ခေါ်တာ ဟုတ်တယ်မလား။”
…..
ဝမ့်ရင်းသည် ချမ့်ယုရဲ့ မျက်နှာက ပျော်ရွှင်နေတာကို ကြည့်ရင်း သူမဘာသာ တွေးမိလိုက်သည်။ 'ဆက်ပြီးတော့ပဲ ပျော်ပျော်နေပါ၊ မကြာခင် မင်းမှာ စိုးရိမ်စရာလေးတွေ ရှိလာလိမ့်မယ်။'
ချမ့်ယုသည် တစ်ခနလောက် အရူးလို ပြေးလွှားနေခဲ့ပြီး ဝမ့်ရင်းက သူမကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။ ချမ့်ယုက အရူးတစ်ယောက်လို ပြေးနေတာကို သူမက မြင်သော်လည်း သူမက တော်နေဆဲ ဆိုတာကို တွေ့ခဲ့ရသည်။ သူမက သွက်လက်သော မျောက်ကလေး တစ်ကောင်လို သစ်ပင်များကြားမှာ လျှောက်သွားနေခဲ့သည်။
ဝမ့်ရင်းလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ ဒါဟာ ချမ့်ယုသင်ထားသော ကွန်ဖူးသည် အလှပြသက်သက် မဟုတ်တာကို ပြသနေခဲ့သည်။ သူမက သူ့ကိုယ်သူ ကာကွယ်ပြီး လွတ်မြောက်နိုင်နေဆဲ ဖြစ်သည်။
ဝမ့်ယုသည် သူမ သွားခဲ့ဖူးသော နေရာများကို ချမ့်ယုအား ခေါ်သွားခဲ့ပြီး သူမ စိုက်ပျိုးချင်သော ဆေးပင်များကိုလည်း ပြသခဲ့သည်။
“ဒါက ဆေးပုလဲပင်ပဲ။ ဒီဆေးပုလဲပင်တွေက သုံးနှစ် ကျော်သွားရင် ခူးဖို့အတွက် အသင့်တော်ဆုံးပဲ။ ဆေးဖက်ဝင် အပင်တွေက သုံးနှစ်မပြည့်သေးရင် ခူးလို့ မကောင်းဘူး။ အဲ့အပင်တွေ ခူးတဲ့အခါဆိုလည်း ဂရုစိုက်ရတယ်။ သူတို့ကို အမြစ်ကနေ ဆွဲနှုတ်ပြီး ပင်စည်ကနေ ဆေးပေးရတယ်။ ပြီးမှ အရိပ်ထဲမှာ ခြောက်သွားအောင် လှမ်းထားရတယ်။”
ဝမ့်ရင်းသည် ချမ့်ယုရဲ့ တုံ့ပြန်မှုကို ကြည့်ရင်း ပြောပြနေခဲ့သည်။ ချမ့်ယုသည် သူမ ငယ်စဥ်ကတည်းက အော်ပရာ အဖွဲ့ထဲမှ ဇာတ်ညွှန်းများကို မှတ်သားခဲ့ရသည်။ သူမက အရမ်းကြီး ပညာမတတ်သော်လည်း အတတ်မြန်သည်။ ခနကြာပြီးနောက် သူမက ဝမ့်ရင်းအား အမှားနည်းနည်းနှင့် ထပ်ခါထပ်ခါ အဲ့အကြောင်းကို ပြန်ပြောပြခဲ့သည်။
ဝမ့်ရင်းသည် ရတနာတစ်ခု ရှာတွေ့သလို ခံစားခဲ့ရပြီး ချမ့်ယုကလည်း တကယ့်ကို အလားအလာ ရှိသည်။
သူမက ချမ့်ယုကို အနည်းငယ် ပြောပြပြီးနောက် သူမက အနည်းငယ် တူးဖို့ ကြိုးစားခဲ့ပြီး သာသာလေး ယူသွားသော်လည်း ထိုနေရာကို လာခဲသည်။ အဲ့နေရာမှာ အပင်အချို့ စိုက်ထားပြီး ဝိဉာဥ်စမ်းရေ အချို့ကို တိတ်တဆိတ် ထည့်ထားခဲ့သည်။
ဝမ့်ရင်းက ချမ့်ယုကို ပြောခဲ့သည်။ “အရင်ဆုံး ဒီအပင်တွေ တစ်ပင်၊ နှစ်ပင်လောက်ကို ရွှေ့လိုက်။ အဲ့ဒါဆို သူတို့ကို နင်က အမျိုးအစား ခွဲလို့ရတယ်။ နင်က အဲ့ဒါတွေ အားလုံးကို ခွဲနိုင်သွားရင် အဲ့ဒါတွေ ဘယ်လို စိုက်ရမလဲ ဆိုတာကို ငါသင်ပေးမယ်။ ငါတို့တွေက ချက်ချင်းကြီး မြေနေရာ အကျယ်ကြီးမှာ စိုက်ဖို့တော့ မလိုဘူး။ ဒီတစ်ခေါက်က ငါတို့တွေ တစ်နှစ်ခံပင်နဲ့ နှစ်နှစ်ခံပင်တွေကို အဓိက ရွှေ့စိုက်ပေးရမယ်။ ငါတို့တွေမှာ မြေနေရာ သေးသေးလေး နှစ်နေရာပဲ လိုတာ။”
ဆေးဘက်ဝင် အပင်တွေ အများစုကသာ သုံးနှစ် စိုက်ဖို့လိုသည်။ တစ်နည်းအားဖြင့် ဝမ့်ရင်းသည် အပင်သစ်များ စစိုက်ဖို့ မစီစဥ်ထားသော်လည်း ဒီနှစ်မှာ အပင်များ စစိုက်ပြီး အတွေ့အကြုံယူကာ နောက်နှစ်အတွက် ထွက်နှုန်း ငြိမ်အောင် လုပ်ဖို့ စီစဥ်ထားခဲ့သည်။ ဒီလို သုံးနှစ်ခံ အပင်များကို အစေ့မှလည်း စိုက်ပျိုးလို့ ရနိုင်သည်။ ထို့အပြင် ဒီအပင်များကို တစ်နှစ်ပြီး တစ်နှစ် ဆက်စိုက်လို့ ရနိုင်သည်။
ချမ့်ယုက သေသေချာချာ နားထောင်ခဲ့သည်။ ဝမ့်ရင်းက ဆေးဖက်ဝင် စိုက်ခင်းကို ရေကန်နှင့် မဝေးသည့် နေရာတွင် ထားထားသည်။ အဲ့ဒါက ခြောက်သွေ့သော ရာသီဥတုမျိုးမှာ ချမ့်ယုအတွက် ရေသွင်းဖို့ အဆင်ပြေစေလိမ့်မည်။
ဝမ့်ရင်းက ချမ့်ယုအား ရေကန်နားသို့ ခေါ်သွားခဲ့ပြီး အဲ့ရောက်သည့်အခါ ချမ့်ယုက မှင်သက်သွားခဲ့သည်။
“အစ်မရေ၊ အစ်မရေ။ အဲ့မှာ ငါးတွေ အများကြီးပဲ။”
ဝမ့်ရင်း - “ဟုတ်တယ်လေ။ မင်းရဲ့ အစ်မရင်းက ဒီလျှို့ဝှက်နေရာ အကြောင်းကို ပြောခဲ့သားပဲ။”
ချမ့်ယုက မှင်သက်သွားခဲ့သည်။ “အစ်မရင်း၊ အစ်မက အဲ့အကြောင်းကို သိပြီးသားပဲ။”
ဝမ့်ရင်းက ခေါင်းငြိမ့်ပြီး ငါးကန်ကို လက်ညှိုးထိုးပြကာ ချမ့်ယုကို ပြောခဲ့သည်။ “အစ်မလည်း ဒီနေရာကို အမှတ်မထင် တွေ့ခဲ့တာ။ ပြီးတော့ ဒီနားက ဘယ်သူကမှ အဲ့အကြောင်းကို မသိကြဘူး။ အဲ့နေရာကို မြေအောက်ရေနဲ့ သွယ်သင့်တယ်။ အဲ့ဒါမှ ဒီနေရာမှာ ငါးတွေအများကြီး ဖြစ်လာမှာ။ ဒါပေမယ့် ဒီငါးတွေက အဖွဲ့ထဲမှာရှိတဲ့ လူတွေ အကုန်လုံးကို ဝေပေးဖို့က မလုံလောက်တာ သေချာတာကို မင်းသိသင့်တယ်။ ပြီးတော့ အဲ့အကြောင်းသာ သိကုန်ကြရင် ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်။”
ချမ့်ယုက နားလည်စွာ ခေါင်းငြိမ့်ပြခဲ့သည်။ “သမီး အဲ့ဒါကို ဘယ်သူ့ကိုမှ မပြောပါဘူး။”
ဝမ့်ရင်းက သူမကို ထိုလျှို့ဝှက် နေရာအကြောင်းကို အကုန်လုံး ပြောပြခဲ့သည်။ ထို့ကြောင့် သူမက ဝမ့်ရင်းကို လွှတ်မထားနိုင်ပါ။
ဝမ့်ရင်း - “အရမ်းကြီးလည်း စိတ်မရှုပ်ပါနဲ့။ တကယ်လို့ တစ်ယောက်ယောက်ကများ ဒီငါးကန်ကို တွေ့သွားတော့လည်း တွေ့ပေါ့။ အစ်မက မင်းကို ပြောပြရုံပါ။ တကယ်လို့ မင်းကို တွေ့သွားခဲ့ကြရင် မြန်မြန် ထွက်ပြေးပြီး ဘယ်သူကမှ မင်းကို ပစ်မှတ် မထားစေနဲ့။”
ငါးကန်က ထိုနေရာမှာပဲ တစ်သက်လုံး ရှိနေမည်ကို ဝမ့်ရင်းသည် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။
တစ်ယောက်ယောက်က မထင်ထားဘဲ အဲ့နေရာကို တွေ့ခဲ့ပါက ဒါက ပုံမှန်သာ ဖြစ်လိမ့်မည်။ ထို့အပြင် ရေကန်ပေါ်မှာ သူမရဲ့ နာမည်ကို မရေးထားသည့်အတွက် ဒါဟာ သူမရဲ့ ကိုယ်ပိုင် ပစ္စည်း မဟုတ်ပါ။
“တကယ်လို့ မင်းက ငါးစားချင်တယ်ဆိုရင် ဒီမှာ ကိုယ့်ဘာသာ လာဖမ်းချည်။ လူတိုင်း အလုပ်သွားတဲ့ မနက်ပိုင်းမှာ သွားဖမ်းတာ ဒါမှမဟုတ် တောင်ပေါ်ကို လူသိပ်မတက်တဲ့ ညနေအပိုင်း အချိန်က အကောင်းဆုံးပဲ။ ဖမ်းပြီးလို့ အိမ်ပြန်ရင်လည်း ဂရုစိုက်ဦး။ ငါးကြေးခွံတွေကို ကောင်းကောင်း တိုက်ဖို့ကျု မမေ့နဲ့နော်။”
ဝမ့်ရင်းတို့ မိသားစုကလည်း ငါးစားသည့်အခါ အလားတူ လုပ်ကြပြီး အခြားသူတွေက တစ်ခုခု သတိထားမိကြမှာကို ကြောက်နေခဲ့သည်။ ရှုရွှမ်းက ငါးများကို မချက်ခင်မှာ ငါးကြေးခွံကို သေသေချာချာ စုထားပြီး အားတဲ့အခါ တောင်ပေါ်မှာ သွားမြှုပ်လိုက်သည်။
နောက်ဆုံးမှာတော့ ချမ့်ယုသည် တရုတ် နှစ်သစ်ကူးအတွင်းမှာ ဝမ့်ရင်းက ဘာကြောင့် ငါးကြော်များကို သူမထံ ပို့ပေးခဲ့လဲ ဆိုတာကို နားလည်သွားခဲ့သည်။ ထိုငါးကြော်များသည် အလွန် အရသာရှိပြီး ထိုအငွေ့အသက်ကို သူမက ရက်ပေါင်းများစွာ စိတ်ကူးယဥ်ခဲ့ရသည်။
အရာရာကို ချမ့်ယုအား ရှင်းပြပြီးနောက် ဝမ့်ရင်းက သူမအား တောင်အောက်ကို ခေါ်သွားခဲ့သည်။ မနက်ဖြန်ကစပြီး ချမ့်ယုက သိုးကျောင်းရတော့မည် ဖြစ်သည်။ သိုးကျောင်းနေချိန်အတွင်း သူမသည် အရင်ဆုံး မကြာသေးခင်က ဝမ့်ရင်း လိုအပ်သည့် ရိုးရိုး ဆေးဖက်ဝင် အပင်များကို ခူးပေးရမည် ဖြစ်သည်။ ထို့နောက် အပင်နည်းနည်းကို ပြောင်းစိုက်ဖို့ ကြိုးစားခဲ့သည်။ ဝမ့်ရင်းကလည်း ရေကန်ထဲသို့ ဝိဉာဥ်စမ်းရေ အချို့ကို ထည့်ခဲ့ပြီး အပင်များကို ပြောင်းစိုက်ပြီးနောက် ရေလောင်းဖို့ မမေ့ရန် ချမ့်ယုအား ပြောခဲ့သည်။
အဲ့လိုနဲ့ပဲ ဝမ့်ရင်းက ပိုပြီး အဆင်ပြေလာခဲ့သည်။ နေ့ပိုင်းမှာ သူမက လူနာတွေကို ကြည့်ပေးပြီး ဆေးကုပေးရမည် ဖြစ်သည်။ ထို့နောက် သူမသည် နှစ်ရက် သုံးရက်တိုင်း တောင်ပေါ်သို့ တက်ကာ ဆေးဖက်ဝင် စိုက်ခင်းကို သွားကြည့်သည်။
တစ်ဖက်တွင်လည်း ချမ့်ယုက သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် သူ့ကိုယ်သူ စိတ်အားထက်သန်စွာ မြှုပ်နှံထားခဲ့သည်။
မနက်တိုင်း တောင်ပေါ်မှာ သိုးထိန်းတယ်၊ ဆေးပင်တွေ လိုက်ခူးတယ်၊ ငါးဖမ်းတယ်၊ သူမရဲ့ အသံကို လေ့ကျင့်တယ်။
ချမ့်ရှုဖန်းသည် ထိုငါးတွေက ချမ့်ယု ဖမ်းလာလို့လား ဒါမှမဟုတ် ရာသီဥတုကပဲ ပူလာလို့လားဆိုတာ မသိခဲ့ဘဲ သူမရဲ့ ပါးတွေက ရဲနေရမည့်အစား မကြာခင်မှာပဲ ဖြူဖျော့လာခဲ့သည်။
ချမ့်ရှုဖန်း - “အခုဆိုရင် ကျွန်မက နေ့တိုင်း ပိုပြီး လှုပ်ရှားနိုင်တယ်၊ ကောင်းကောင်းလည်း စားနိုင်တယ်။ ပြီးတော့ အရင်ကထက် ပိုပြီး သက်သာလာတယ်လို့ ခံစားရတယ်။”
သူမသည် ကျေးလက်ဒေသကို မပြောင်းခင် လွန်ခဲ့သော နှစ်နှစ်တုန်းက အတော်လေး ခက်ခဲသည့် ဘဝမျိုးမှာ နေခဲ့ရသည်။ ထိုအချိန်တုန်းက သူမသည် ပီကင်း အော်ပရာ ပြဇာတ်ရုံမှာ အလုပ် လုပ်နေသော်လည်း ပိုက်ဆံ အများကြီး မရလို တစ်ခါတစ်လေ အငတ်နေရသည်။
တစ်ဖက်က ကြည့်လျှင် ဒီကို ရောက်လာပြီးနောက် သူမသည် ဆောင်းတွင်းမှာ စားစရာ သိပ်မလောက်သော်လည်း သူမသည် ညသန်းခေါင်ကြီးတော့ ဆာလောင်ပြီး ထမလာခဲ့ရပါ။ အခုဆိုရင် ချမ့်ယုက သူမအတွက် နေ့တိုင်း တောင်ပေါ်မှာ စားစရာ သွားရှာပေးကာ သူမရဲ့ ဘဝသည် မြို့မှာတုန်းကထက် ပိုကောင်းတယ်ဟု ခံစားခဲ့ရသည်။
ဝမ့်ရင်းသည် သူမ ကောင်းကောင်း နေတာကို မြင်လိုက်ရသည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။
ရာသီဥတု ပူလာတဲ့အခါ ချမ့်ရှုဖန်းအား တော်လှန်ရေးအဖွဲ့က စစ်ဆေးဖို့အတွက် နှစ်ခါ ခေါ်ခဲ့သည်။ အစည်းအဝေး အတွင်းမှာ အနီးနားရှိ တပ်မဟာမှ လူအများကလည်း တက်ရောက်ဖို့ လိုအပ်သည်။
အချို့သော မိန်းမတွေက ရုပ်ရှင်တစ်ကား ကြည့်နေသလိုကို ကြည့်ပြီး ဝေဖန်နေကြသည်။ သူတို့ရဲ့ ကလေးတွေကိုပါ ဆွဲခေါ်လာကြီး ဖရုံစေ့ ခွာစားကာ အဲ့နေရာမှာ ထိုင်ဖို့အတွက် ခေါက်ထိုင်ခုံလေးလည်း ယူလာကြသည်။ ပွဲတစ်ပွဲ ခိုးနားထောင်ရသလို ဖြစ်နေခဲ့သည်။
ချမ့်ရှုဖန်းသည် သူမရဲ့ ကိုယ်တိုင် အပြစ် ဝန်ခံချက်ကို ထပ်ခါ ထပ်ခါ ဖတ်ဖို့အတွက် ဖိအားပေးခံခဲ့ရသည်။ သူမကို အမှတ်အသား တစ်ခုနှင့် လမ်းတွေထဲမှာ လှည့်လည်ခြင်းမျိုး မရှိခဲ့ပါ။ အကြောင်းမှာ သူမသည် အပြုအမူကောင်း တစ်ခုနှင့် သူမရဲ့ အမှားတွေကို ဝန်ခံခဲ့သည်။ ထို့ကြောင့် အခြားသူတွေက သူမကို ခက်ခဲအောင် မလုပ်ခဲ့ကြပါ။
ဝမ့်ရင်းသည် ထိုရက်တွေမှာ ချမ့်ရှုဖန်းက စိတ်ဓာတ်ကျနေမှာကို စိုးရိမ်နေခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် ချမ့်ရှုဖန်းသည် သူမရဲ့ လက်ရှိဘဝလေးကိုပဲ ရောင့်ရဲသည်။ သူမကို စောင့်ရှောက်ပေးမည့် ချမ့်ယု ရှိသလို တစ်ခါတစ်လေတွင် သူမနှင့် ချည်ပန်းထိုးသည့် လက်ရာကို လာရောက် ဖလှယ်ပေးသည့် အမျိုးသမီးကြီး မစ္စရှုလည်း ရှိသည်။ ထို့အပြင် သူမနှင့်အတူ အလုပ်လုပ်နိုင်သည့် သူငယ်ချင်းလို ချမ့်ကျွီဟွာလည်း ရှိသည်။ သူမသည် စိတ်ညစ်စရာ အခိုက်အတန့်များကို မြန်မြန်ပဲ ကျော်ဖြတ်နိုင်ခဲ့ပြီး သူမရဲ့ ခံစားရတာတွေထဲမှ ပျော်စရာကို တွေ့ရှိခဲ့သည်။
မတ်လ အလယ်လောက်တွင် ဝမ့်ရင်သည် အချိန်ကျပြီလို့ ခံစားရသည့်အတွက် သူမက ပြောင်းရွှေ့ စိုက်ပျိုးထားသော ဆေးဖက်ဝင် အပင်များကို ဆေးရုံရဲ့ ဆေးအရောင်း ဌာနသို့ ယူသွားခဲ့သည်။ တစ်ဖက်လူသည် ဆေးရဲ့ အရည်အသွေးကို လုံးဝ မေးခွန်းမထုတ်ခဲ့ပါ။ ထို့အပြင် ဒီတစ်ခေါက် လာပို့တဲ့ ဆေးတွေက အရင်တစ်ခေါက် လာပို့တဲ့ ဆေးတွေထက် ပိုပြီး သာလွန်တာ သိသာကြောင်း ချီးကျူးခဲ့သည်။
ဝမ့်ရင်းသည် သူမရဲ့ ဆေးပင်စိုက်မယ့် အစီအစဥ်က အောင်မြင်တော့မှာကို သိနေသည့်အတွက် ချက်ချင်းပဲ စိတ်သက်သာရာ ရသွားခဲ့သည်။
အခုဆိုရင် သူမရဲ့ အလုပ်က အတည်တကျ ဖြစ်သွားခဲ့ကာ ဝမ့်ရင်းက အခြားအကြောင်းကို တွေးရမည့် အချိန်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
သူမက ဆရာဝမ်ဝူအား ဘယ်သူက ဆေးတွေကို လက်ခံတာလဲဟု မေးခဲ့သည်။ “ဆရာဝူ၊ ကျွန်မ မေးစရာလေး ရှိလို့ပါ။ လွန်ခဲ့တဲ့ သုံးနှစ်က ပေကျင်း တပ်မဟာရဲ့ ရိက္ခာပို့တဲ့အဖွဲ့ တောင်ပြိုပြီး ပိသွားတာရှိတယ်။ အဲ့ကိစ္စကို မှတ်မိသေးလား။”
ဆရာဝန်ဝူက ဆေးတွေကို ချိန်နေရင်း ပြန်ဖြေခဲ့သည်။ “ငါ ဘယ်လိုလုပ် မမှတ်မိဘဲ နေပါ့မလဲ။ ငါတို့ရဲ့ မြို့မှာက မတော်တဆ ကိစ္စကြီးတွေက များများစားစားမှ မရှိတာ။ အဲ့ကိစ္စတစ်ခုရယ် နောက်တစ်ခုက တပ်မဟာ တစ်ခုနဲ့ နောက်တစ်ခုတို့က ရေကိစ္စနဲ့ ရန်ဖြစ်ပြီး ပြဿနာကြီး တက်ကြတာလေ။ အဲ့ချိန်တုန်းက လူတွေအများကြီးကို ဒီပဲ လာပို့ခဲ့ကြတာ။ ဒဏ်ရာတွေ ကုသပေးဖို့ ငါ့ကိုတောင် ပြောင်းလိုက်ကြတာ။”
ဝမ့်ရင်းရဲ့ ရင်တွေ နာလာခဲ့သည်။ “အဲ့ချိန်က လူဘယ်လောက်တောင် သေခဲ့ရလဲဆိုတာရော ရှင်မှတ်မိသေးလား။”
ဆရာဝန်ဝူက ထိုအကြောင်းကို တွေးပြီး ပြောခဲ့သည်။ “တောင်ပြိုတုန်းကတော့ လူနှစ်ယောက်ပဲ ဆုံးသွားတာ။ ပြီးတော့ ရေကြောင့်နဲ့ ရန်ဖြစ်တုန်းက ဒဏ်ရာတွေ အပြင်းအထန်ရတဲ့ လူက သုံးယောက်တောင်။ သူတို့ကိုတော့ မကယ်နိုင်ခဲ့ဘူး။”
ဝမ့်ရင်းက မြန်မြန် မေးလိုက်သည်။ “တောင်ပြိုတုန်းက အဲ့လူနှစ်ယောက်ကို ကုပေးဖို့ တာဝန်ကျတဲ့ ဆရာဝန်ကို ရှာဖို့ ကျွန်မကို ကူညီပေးလို့ ရနိုင်မလား။”
ဆရာဝန်ဝူသည် သူမက ဘာလို့ အတိတ်ကို ပြန်မေးဖို့ စိတ်အားထက်သန်နေရတာလဲ ဆိုတာကို တွေးမိသွားခဲ့သော်လည်း ဆက်ဖြေပေးခဲ့သည်။ “ငါတော့ မထင်ဘူး။ အဲ့ချိန်တုန်းက ဆေးရုံမှာလည်း ရှုပ်ယှက်ခက်နေတာ။ အဲ့ချိန်မှာ တစ်ယောက်ချင်း ကုပေးတဲ့ ဆရာဝန်တွေ တစ်ယောက်မှ မရှိဘူး။ အဲ့တော့ သူတို့ကို တစ်ယောက်ကပဲ တာဝန်ယူသွားတာ။ မင်းကို ပြောပြတဲ့ နှစ်ယောက်ကို စီစဥ်ပေးခဲ့တဲ့ ဆရာဝန်က မတူဘူး။ အဲ့မှာလည်း အရှုပ်တစ်ခု ရှိနေတော့ ဘယ်သူကများ အဲ့ဒါကို မှတ်မိနိုင်မှာလဲ။”