← Chapters

အခန်း (၉၃-၉၄)

Vol. 8 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 8 Ch. 93-94

အပိုင်း ၉၃

ဆရာဝန်ဝူ ပြောတာကို ကြားပြီးနောက် ဝမ့်ရင်းက သူ့ကို ရှက်နေတာကို သူမက ခံစားမိခဲ့သော်လည်း သူမသည် မူလပိုင်ရှင်၏ အမေနှင့် ဝမ့်ယုံရွှင်းရဲ့ ကိစ္စ ရှင်းဖြေရှင်းရမည် ဖြစ်သည့်အတွက် သူမက မေးခဲ့သည်။ “အဲ့လူ နှစ်ယောက်က ဘယ်တပ်မဟာမှာ နေလဲဆိုတာ ရှာပေးလို့ရော ရနိုင်မလား။ တစ်ခြား ဘာကိုမှ ဆိုလိုချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ထဲက တစ်ယောက်က ကျွန်မရဲ့ အမေ မလို့ပါ။ အဲ့ချိန်တုန်းက ကျွန်မလာတာ နည်းနည်း နောက်ကျသွားတယ်။ အဲ့ဒါကြောင့် ကျွန်မအမေက မဆုံးခင်မှာ ဘာစကားတွေ ပြောခဲ့လဲဆိုတာ မေးလို့ရမယ့် လူကို ရှာချင်လို့ပါ။”

ဆရာဝန်ဝူသည် ဝမ့်ရင်းမှာ ဒီလိုအတိတ်မျိုး ရှိခဲ့တာကို မသိခဲ့သည့်အတွက် ချက်ချင်းပဲ စာနာသွားခဲ့သည်။ “ငါတို့တွေ အဲ့ဒါကိုတော့ ရှာလို့ရပါတယ်။ ဒါပေမယ့် ငါတို့က မင်းကို အခြား လူနာရဲ့ အချက်အလက်တွေကိုတော့ ပေးလို့ မရဘူး။ သူတို့က အနှောက်ယှက်ခံရဖို့ ဆန္ဒရော ရှိရဲ့လားဆိုတာကို ငါတို့ကလည်း ဆုံးဖြတ်ရဦးမှာ။”

ဝမ့်ရင်းရဲ့ မျက်ဝန်းတွေက တောက်ပသွားခဲ့သည်။ “မပူပါနဲ့။ ကျွန်မက အသေးစိတ် အချက်အလက်တွေကိုလည်း မလိုချင်ပါဘူး။ အဲ့အချိန်တုန်းက ကျွန်မတို့ တပ်မဟာက ပို့လိုက်တဲ့ အဖွဲ့ကလည်း ဘေးဘီမှာပဲ နေခဲ့သင့်တာလေ။ တူညီတဲ့ တပ်မဟာ တစ်ခုထဲက လူဆိုရင်ကတော့ ကျွန်မတို့ တပ််မဟာထဲကလူပဲ ဖြစ်မှာ။ ကျွန်မက ပိုပြီး သိချင်မိရုံပါ။”

ဆရာဝန်ဝူက အင်တင်တင်နှင့် သဘောမတူခင်မှာဘဲ ထိုအကြောင်းကို ထပ်ခါထပ်ခါ တွေးခဲ့သည်။ “ ငါ ဆေးရုံ မှတ်တမ်းတွေကို ပြန်ကြည့်ပေးမယ်။ တကယ်လို့ မှတ်တမ်းတွေထဲမှာ အဲ့ဒါက မင်းရဲ့ အဖွဲ့ထဲကဆိုရင် ငါမင်းကို ပြောပြမယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ဘာမေးခွန်းမှ ထပ်မမေးတာ ပိုကောင်းလိမ့်မယ်။ ငါတို့မှာလည်း စည်းမျဥ်း၊ စည်းကမ်းတွေက ရှိသေးတယ်။”

ဝမ့်ရင်းက မြန်မြန်ပဲ သူ့ကို ကျေးဇူးတင်ခဲ့သည်။ ဆေးရုံမှာ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်မှာ စိတ်ကျေနပ်စရာ အံ့ဩမှုတစ်ခု ဖြစ်သည်။ ဆေးရုံမှာသာ ပြဿနာတစ်ခုခု ရှိမနေခဲ့ရင် ထျန်းယိုဖုကလည်း သူနှင့် တပ်မဟာ တစ်ခုထဲက သူဆိုတာတောင် မသိနိုင်ခဲ့ပါက သူသည် ဆရာဝန်ဝူနှင့် ပတ်သက်ဖို့အတွက် ဆေးရုံကို ဘယ်တော့မှ လာလိမ့်မည် မဟုတ်ပါ။

သိပ်မကြာခင်မှာပဲ ဆရာဝန်ဝူက ပြန်လာခဲ့သည်။ သူ့ကြည့်ရတာ အဆင်ပြေသည့်ပုံ မပေါ်နေခဲ့ပါ။ သူက ဝမ့်ရင်းကို ကြည့်ပြီး သက်ပြင်းချခဲ့သည်။ “ဘယ်လို တိုက်ဆိုင်မှုမျိုးပါလိမ့်ကွာ။ တပ်မဟာ စာရင်းထဲမှာ တပ်မဟာက နှစ်ခါတောင် အပြောင်းခံထားရတာကိုပဲ ပြထားတယ်။”

ဝမ့်ရင်း - ? ??

ဆရာဝန်ဝူကို ကြည့်ရတာ စိုးရိမ်နေခဲ့သည်။ “ပထမ တစ်ယောက်က ကိုယ်ဝန်သည်မိန်းမ။ သူက ကောင်စီမြို့ကလာတာ။ ပြီးတော့ အဲ့လူနာတွေ အားလုံးက ဒဏ်ရာရထားပြီး သူတို့ရဲ့ မိသားစုတွေက သူ့ကို မမြင်ချင်ကြဘူး။ အဲ့တော့ သူတို့က ရပ်ကွက်ထဲကို ပြောင်းလိုက်ကြတာကို ငါတို့ တွေးခဲ့ရတာ။ ဒါက သူ့ရဲ့ဟာ မဖြစ်နိုင်ဘူး။ ဒုတိယတစ်ယောက်က ကလေးလေး။ သူကလည်း တောင်ပြိုတုန်းက နစ်နာခဲ့တဲ့ သူပဲ။ သူ့ကို ခေါ်လာတဲ့ အချိန်မှာ သူက ဆုံးသွားပြီ။ နောက်ပိုင်း သူ့မိသားစုက သူ့ကို တစ်ခြား ရပ်ကွက်ထဲ ခေါ်သွားကြတယ်။ နောက်တစ်ယောက်ကတော့ မင်းရဲ့ တပ်မဟာထဲကပဲ။”

ဝမ့်ရင်း - “အဲဲဒါက ဘယ်သူလဲ။”

ဆရာဝန်ဝူမှ နာမည်ကို ပြန်ပြောခဲ့သည်။ “သူက ထျန်းကုံးရှန့်”

ဝမ့်ရင်း - ......

ထျန်းကုံးရှန့်ကို အဖွဲ့က လူတိုင်းက ခွေးအိုကြီးလို့ပဲ ခေါ်ကြတာ။

......

မကြာသေးခင်ကမှ ဖြစ်သွားသည့် ကြက်ခိုးတဲ့ ကိစ္စကြောင့် ဝမ့်ယုံရွှင်းတို့ မိသားစုသည် အဖွဲ့ထဲတွင် အရေးမပါတဲ့ မိသားစုဟု သတ်မှတ်ခံလာရသည်။ ဝမ့်ယောင်ကျုံး၏ အရင်က ဟိတ်ဟန်များသည်လည်း လုံးဝကို ပျောက်သွားခဲ့ရပြီး လူတိုင်းက သူ့အပေါ်ကို အထင်သေးစွာ ကြည့်လာကြသည်။

တကယ်တမ်းမှာတော့ ဝမ့်ယောင်ကျုံး၏ လက်ရှိ အခြေအနေမှာ သူ့ကိုမြင်သမျှ လူတိုင်းက တံတွေးဖြင့် ထွေးချင်လောက်သည့် အနေအထားမျိုး ဖြစ်သည်။

သူခိုးတစ်ယောက်ရဲ့ အမည်းစက်မျိုးက သူ့မျက်နှာပေါ်တွင် ပေါ်လွင်နေခဲ့ပြီး သူ့ရဲ့ ဂုဏ်သတင်းကလည်း ဘေးနားက တပ်မဟာများထံ မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့သည်။

ကြက်တွေကို တစ်ပြိုင်နက်ထဲ အများကြီး ခိုးသွားသည့် ဝမ့်ယောင်ကျုံးလို လူမျိုးနှင့် ယှဥ်ကြည့်ကြပါက အခြားတပ်မဟာမှ လူများသည် သူတို့ရဲ့ ကိုယ်ပိုင် တပ်မဟာထဲမှ ဒုတိယတန်းစား လူများကို ပိုပြီး အမြင်ကြည်ခဲ့ကြသည်။

သူတို့က လူကောင်းတွေ မဟုတ်သော်လည်း အနည်းဆုံးတော့ သူတို့က ဝမ့်ယောင်ကျုံးလို ရက်စက်ပြီး အထိန်းအကွပ် မမဲ့ကြပါ။

ထျန်းယိုဖုသည် ဝမ့်ယုံရွှင်းနှင့် ဝမ့်ယောင်ကျုံးကို မြေသြဇာ သယ်ဖို့အတွက် ပို့လိုက်သည်။ လောင်ကုန်းကလည်း မြေသြဇာ သယ်ရမည့် အချိန် မပြီးသေးသည့်အတွက် သူတို့သုံးယောက်က အတူတူ အလုပ် လုပ်ခဲ့ကြသည်။

သို့သော် မြေသြဇာ သယ်ရတာက တိရိစ္ဆာန် မစင်များ သယ်ရတာနှင့်တော့ မတူပါ။ လောင်ကုန်းက အလုပ်ကို လေးလေးနက်နက် သိပ်မလုပ်သည့် အလုပ်သမားမျိုး ဖြစ်သည်။ ထို့ကြောင့် သူက အမြဲတမ်း သစ်သီးခြံထဲတွင် မြေသြဇာများ သွားတူးလေ့ ရှိသည်။ သစ်သီးခြံထဲတွင် အပင်တွေ အများကြီးတော့ မရှိပါ။ ထို့ကြောင့် ဒီအလုပ်ကို လုပ်ရတာက သိပ်ပြီး မပင်ပန်းပါ။ လောင်ကုန်းက လူတွေနှင့် စကားပြောလို့လည်းရပြီး ဘယ်သူကမှ သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေကြပါ။

ဝမ့်မိသားစုမှ အဖေနှင့်သားတို့ ရောက်လာချိန်မှာ ဘဝတွေကတော့ သိပ်ပြီး အဆင်မပြေပါ။ ထျန်းယိုဖုသည် ဒီနှစ် မစင်တွေ သယ်ရမည့် အလုပ် အားလုံးကို သူတို့ထံ လွှဲပေးလိုက်သည်။

လီချွမ်းကျင်သည် သူ့သားအတွက် စိတ်မကောင်းဖြစ်ကာ မစင်တွေ ဖယ်ဖို့အတွက် သူ့သားအား ကူညီပေးရန် တောင်းဆိုခဲ့သည်။

ဝမ့်ယောင်ကျုံးရဲ့ ကြက်ခိုးမှုသည် သူ့ရဲ့ မိဘတွေကြောင့် ဖြစ်တယ်ဟု ထျန်းယိုဖုက အမြဲတမ်း တွေးနေခဲ့သည်။ ထို့ကြောင့် သူက သူတို့အပေါ်မှာ အထင်သေးနေခဲ့သည်။

ဒီကိစ္စတွေ ပြီးသွားတာတောင် မင်းက သူ့ကို ကာကွယ်ပေးနေတုန်းဆိုရင်တော့ သူက မကြာခင် ဒုက္ခရောက်လိမ့်မယ်။

ဒေါသထွက်လာသည့်အခါ ထျန်းယိုဖုသည် ဘာကိုမှ ဂရုမစိုက်တော့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဖွဲ့ထဲတွင် မြေသြဇာ သွားသယ်ရမယ့်သူက သူတို့နှစ်ယောက်သာ ရှိသည်။ အဲ့တော့ သူတို့ မိသားစု သုံးယောက်ထဲက အဲ့ဒါတွေကို ဘယ်သူ သယ်မလဲဆိုတာ ကိုယ့်ဘာသာပဲ ဆုံးဖြတ်ကြတော့။

လီချွမ်းကျင်သည် သူ့သားရဲ့ တာဝန်ကို မြန်မြန်ပဲ လက်လွှဲယူလိုက်ပြီး ဝမ့်ယောင်ကျုံး နေရာမှာ အစားဝင်ခဲ့သည်။

ဒါက ထွန်ယက်စိုက်ပျိုးသည့် နွေဦးရာသီဖြစ်ပြီး ဆောင်းတွင်းတစ်တွင်းလုံး တပ်မဟာထဲတွင် စုထားရသည့် မစင်တွေကို တူးရတော့မည် ဖြစ်သည်။ အချိန်တွေက တဖြည်းဖြည်း ကုန်လွန်သွားရင်း မတ်လကိုတောင် ရောက်သွားခဲ့သည်။

မတ်လထဲမှာ အားလပ်ချိန်အချို့ ရှိသည့်အတွက် လီချွမ်းကျင်သည် ဝမ့်လင်းလင်းကို သွားကြည့်ဖို့အတွက် သူမကိုယ်သူမ မြန်မြန် အဆင်သင့်ပြင်လိုက်သည်။

လီချွမ်းကျင်က သူမရဲ့ အကောင်းဆုံး အဝတ်တွေကို ဝတ်ပြီး သူမရဲ့ အင်္ကျီလက်ကို နမ်းလိုက်သည်။ ဒီရက်တွေမှာ သူမက မစင်တွေ သယ်ထားခဲ့ရပြီး အနံ့က အတော်လေး ပြင်းလွန်းသည့်အတွက် အခုဆိုရင် အဖွဲ့ထဲက လူတွေကတောင် သူမကို ရှောင်ကြသည်။

“အဖေကြီး၊ ကျွန်မမှာ အနံ့တွေ ရသေးလား ဆိုတာကို ရှင် တစ်ချက်လောက် ကြည့်ပေးလို့ ရမလား။”

ဝမ့်ယုံရွှင်းက ဘာမှ မပြောခဲ့ပါ။ သူက အတော်လေး ထုံထိုင်းနေပြီ ဖြစ်သည့်အတွက် ဘာအနံ့မှ မခံနိုင်တော့ချေ။

သူက ဘာမှမတုံ့ပြန်သည်ကို မြင်သည့်အခါ လီချွမ်းကျင်က သူနှင့် ဘာပြဿနာမှ မဖြစ်ဘဲ အဲ့အစား အခြားတစ်ခုကို ပြောဖို့အတွက် စကားစလိုက်သည်။

“ကံကောင်းလို့ပေါ့။ ကျွန်မတို့တွေ အရင်ကဆို လင်းလင်းဆီ မသွားခဲ့ကြဘူး။ တကယ်လို့ ကျွန်မတို့ သွားခဲ့ရင်တောင် သူမက ကျွန်မတို့ကို ဆယ်ကြိမ်မှာ ကိုးကြိမ်လောက်က ကန်ထုတ်မှာ။ အခုကတော့ အချိန်ကျပြီ။ သူက မိသားစုကနေ ခွဲထွက်သွားပြီဆိုတော့ သူ့မိဘတွေရဲ့ ထောက်ပံ့ပေးတာတွေ မပါဘဲနဲ့ သူ ဘာမှ လုပ်လို့မရဘူး။”

ဝမ့်လင်းလင်းကို သွားတွေ့ဖို့အတွက် အခုထိ သူမ စောင့်နေရတဲ့ အကြောင်းကတော့ အရင်တစ်ခေါက် လီချွမ်းကျင်တို့ အနားရှိ တပ်မဟာကို သွားတုန်းက ဝမ့်လင်းလင်းက ရွာထဲကို မဝင်ခင်မှာတင် မိသားစု ခွဲဖို့အတွက် ပြဿနာတစ်ခု လုပ်ခဲ့ကြောင်းကို သူမ ကြားသိခဲ့ရသည်။

ဝမ့်လင်းလင်းသည် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ ခွဲဖို့အတွက် သူမယောက်ျားရဲ့ မိသားစုနှင့် ရန်အကြီးအကျယ် ဖြစ်ခဲ့သည်။ ကျောက်မိသားစု၏ မိန်းမကြီးက အကျိုးအကြောင်း မဆီလျော်ဘဲ သူတို့ နှစ်ဖက်လုံးက ရန်စဖြစ်ခဲ့ကြသည်။

လီချွမ်းကျင်က ထိုနေရာ ရောက်သည့်အခါ ပိုင်ဆိုင်မှုတွေ ခွဲဝေမယ့် ဝမ့်လင်းလင်းရဲ့ ကိစ္စက သေသေချာချာ မဆုံးဖြတ်ရသေးပါ။ လီချွမ်းကျင်သည် တစ်ခနလောက် တုံ့ဆိုင်းသွားခဲ့ပြီး ဒါဟာ ရိုးရိုးလေး တွေးရမည့် အနေအထား မဟုတ်ဘူးဟု သူမ ခံစားခဲ့ရသည်။ သူမက ဝမ့်ယုံရွှင်းကို အကူအညီ သွားတောင်းမည် ဖြစ်သည့်အတွက် အိမ်ကို ပြန်သွားခဲ့သည်။

ဝမ့်ယုံရွှင်းက အကြံတစ်ခုနှင့် ရောက်လာခဲ့သည်။ သူက ပြောလိုက်သည်။ “လင်းလင်း၊ ပိုင်ဆိုင်မှုတွေ ခွဲမယ့်ကိစ္စကို မဖြေရှင်းရသေးဘူးမလား။ ငါတို့တွေ သူ့ဆီ အစောတလျင် သွားလိုက်ရင် သူဘာမှ မပြောခင် သူ့ယောက္ခမက ငါတို့ကို ပြန်ပြီး သယ်လာလိမ့်မယ်။ အဲ့တော့ ဒီကိစ္စကို သူ ဖြေရှင်းတဲ့အထိ စောင့်လိုက်တာ ပိုကောင်တယ်။ အဲ့ကျရင် သူက ကလေး နှစ်ယောက်နဲ့ပဲ ဖြစ်သွားလိမ့်မယ်။ မင်းက သူ့ကို လက်သွားကမ်းပေးလိုက်ရင် သူက သူ့ရဲ့ မိသားစုကို ပိုပြီး တွေးပေးမှာ မဟုတ်တော့ဘူးမလား။”

ဝမ့်ယုံရွှင်းသည် ဝမ့်ရင်းနှင့် ခွဲခွာပြီးနောက်မှ သူမိသားစု၏ ဂုဏ်ပုဒ်အရ ဘယ်လောက်ထိ အကျိုးအမြတ်များလဲ ဆိုတာကို သိခဲ့ရသည်။

ဝက်မွေးမယ့် အကြောင်းကို မပြောကြရအောင်။ ဒီကိစ္စကို ဥပမာ အနေနဲ့ပဲ သတ်မှတ်လိုက်ကြ။ တကယ်လို့ ဝမ့်ရင်းသာ ရပ်တည်ပေးပြီး စကား နည်းနည်းလောက် ပြောခဲ့ရင် ဝမ့်ယောင်ကျုံးရဲ့ ကြက်ခိုးတဲ့ ကိစ္စက ဒီလောက်ထိ ကိစ္စကြီးတစ်ခု ဖြစ်လာမှာ မဟုတ်လောက်ပေ။ သူကို တော်လှန်ရေး အဖွဲ့က ခေါ်သွားခဲ့ရင်တောင် ဝမ့်ရင်းရဲ့ အနေအထားနဲ့ သူ့အတွက် အကျိုးအမြတ်တွေ ယူလာပေးနိုင်မှာပဲ။ သူက ဒီလှောင်တာတွေကို မခံရတာတို့ မစင်တွေ မသယ်ရတော့တာတို့ ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။

နောက်ဆုံး စစ်ဆေးမှုမှာတော့ ဒါဟာ သူက ဝမ့်ရင်းနှင့် ကွဲထွက်နေသည့်အတွက် အခြားသူတွေက သူ့ကို အနိုင်ကျင့်နိုင်ကြခြင်း ဖြစ်သည်။

ဝမ့်ရင်းကို ပြန်ပြီး အနိုင်ရဖို့က မဖြစ်နိုင်ဘူးဟု ဝမ့်ယုံရွှင်းက ခံစားမိခဲ့ပြီး သူ့က ကယ်နိုင်မည့် တစ်ယောက်တည်းသော သူကတော့ ဝမ့်လင်းလင်းသာ ဖြစ်သည်။

ဝမ့်လင်းလင်းသည် တပ်သားတစ်ယောက်၏ ဇနီးဖြစ်သည်။ သူမရဲ့ သားမက်က ဒုတိယ အိမ်ထောင် ဖြစ်သော်လည်း သူသည် တပ်မဟာထဲတွင် ခေါင်းဆောင်လေး တစ်ယောက်လည်း ဖြစ်သည်။

အခုဆိုရင် ဝမ့်ယုံရွှင်းက စပြီး နောင်တ ရလာခဲ့သည်။ ကိုယ်က ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်းဟာ အရမ်း အရေးပါကြောင်းကို သူသိခဲ့ပါက သူသည် ကျောက်ကျွင်းနှင့် ဝမ့်လင်းလင်းတိူ့ လက်ထပ်ပွဲကို အဆင်ပြေအောင် အစပျိုးခဲ့မည် ဖြစ်သည်။ အဲ့ဒါက ဝမ့်လင်းလင်းကို အနိုင်ရစေလိမ့်မည်။

အရင်နှစ်တွေတုန်းက ဝမ့်ယုံရွှင်းသည် ဝမ့်လင်းလင်းနှင့် အနေမနီးသော်လည်း သူက ဝမ့်လင်းလင်းအပေါ် အတော်လေး နားလည် သဘောပေါက်ခဲ့သည်။

ဒီကောင်မလေးက ခေါင်းမသုံးဘူး။

သူ့အမေလိုပဲ။

ဝမ့်ယုံရွှင်းက အမြဲတမ်း ဒီလို ကျပ်မပြည့်သည့် လူတွေနဲ့ ပတ်သက်နေခဲ့ရသည်။

သူက လီချွမ်းကျင်ကို ဝမ့်လင်းလင်းတို့ မိသားစု ကိစ္စတွင် ကြားဝင်ပါဖို့ ခွင့်မပြာထားပါ။ အကြောင်းပြချက် တစ်ခုကတော့ သူ့မိသားစုသည် သေးကြီး သူ့ကိုလည်း ဝင်ပါခံလိမ့်မည် မဟုတ်ပါ။ ဝမ့်လင်းလင်းရဲ့ ယောက္ခမက သားတွေ အများကြီး မွေးထားခဲ့ပြီး သူအရိုက်ခံရမှာကို စိုးရိမ်နေခဲ့သည်။ နောက်အကြောင်းပြချက် တစ်ခုကတော့ ဒီမိသားစုရဲ့ ကိစ္စတွင် ဝမ့်လင်းလင်းက ဘာအကျိုးမှ မရမှာကို ဝမ့်ယုံရွှင်း သိနေခဲ့သည်။

ဒီကောင်မစုတ်လေးကတော့ အရူးပဲ။ သူမမှာက ကလေးနှစ်ယောက်ပဲ ရှိတာ။ အဲ့ဒါကို သူမက ဘယ်လိုလုပ် သူ့ယောက္ခမနဲ့ ယောင်းမတွေထက် ပိုသာနိုင်မှာလဲ။

သို့သော် တစ်ချိန်တည်းမှာပဲ ဝမ့်လင်းလင်းရဲ့ ဆုတောင်းတွေက တဖြည်းဖြည်းချင်း ပြည့်လာပြီဟု ဝမ့်ယုံရွှင်းက ခံစားခဲ့ရသည်။

ဝမ့်လင်းလင်းက ဘယ်သူ့ကိုမှ လက်ညှိုး မထိုးနိုင်သော်လည်း သူမရဲ့ သားမက်ကတော့ သေချာပေါက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်မည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ဒါတွေက သူမ သားမက်ရဲ့ စကားတွေအတွက်သာ မဟုတ်ရင် မိသားစု ခွဲနေဖို့အတွက် ပြဿနာကြီးတစ်ခုကို ဝမ့်လင်းလင်းက ဘယ်လိုလုပ် ရှာရဲပါ့မလဲ။

ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူမရဲ့ သားမက်က ကိစ္စတွေ အဆင်ပြေပြေ ချောချောမွေ့မွေ့ မဖြစ်ခင် ဝမ့်လင်းလင်းက ပြဿနာကြီးတစ်ခု ရှာသည်အထိ သေချာပေါက် စောင့်လိမ့်မည်။ ထို့အပြင် နှစ်ဖက်လုံးက ခြေတစ်လှမ်း နောက်ဆုတ်ပြီး မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ ခွဲကြလိမ့်မည် ဖြစ်သည်။

သူတို့အားလုံးက ယောက်ျားတွေ ဖြစ်ည့်အတွက် ဝမ့်ယုံရွှင်းက အားမစိုက်ဘဲ အဖြေကို ရှာခဲ့သည်။

အခုဆိုရင် ဝမ့်လင်းလင်းက မိသားစုထဲက ခွဲထွက်သွားပြီကို သူ ကြားခဲ့ရပြီး သူ့ရဲ့ မိသားစုက ခြေတစ်လှမ်း တိုးရမည့် အချိန်ကျပြီဟု ဝမ့်ယုံရွှင်းက ခံစားမိခဲ့သည်။

ကျောက်မိသားစုက ခွဲလိုက်ပြီဆိုပေမယ့် အမျိုးသမီးကြီးကျောက်က ဒီကိစ္စကို ဒီအတိုင်း ထားလိုက်မယ့်သူမျိုးတော့ မဟုတ်ဘူး။ ဝမ့်လင်းလင်းရဲ့ လက်ထဲမှာက ပိုက်ဆံအချို့ ရှိသည်။ အဲ့တော့ အမျိုးသမီးကြီးကျောက်က သူမကို ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး။

အခုချိန်မှာ သူတို့မိသားစုက ခြေတစ်လှမ်း တိုးလိုက်ရင် ဝမ့်လင်းလင်း ဘယ်လောက်ပဲ တုံးတုံး ကိစ္စမရှိဘူး။ သူက ဒီအကျိုးမြတ်ကို လက်ခံလိမ့်မည်။

ဝမ့်ယုံရွှင်းက လီချွမ်းကျင်ကို ပြောလိုက်သည်။ “မင်း အဲ့ကို ရောက်သွားတဲ့ အခါကျရင် မိသားစု ကိစ္စတွေကို မပြောနဲ့။ သူ့ကို အလုပ် နည်းနည်း ကူပေးပြီးတော့ ကလေးနှစ်ယောက်ကို ပါလာအောင်ပဲ လုပ်ခဲ့။”

ဝမ့်လင်းလင်းက နည်းနည်းတော့ ခေါင်းမာတယ်။ သူက စကား ချိုချိုလေးတွေကိုပဲ ပြန်ပြီး တုံ့ပြန်လိမ့်မယ်။ ကြမ်းတမ်းနေရင်တော့ မရဘူး။ သူ့မောင်ရဲ့ ကိစ္စကို ဖြေရှင်းဖို့ အကူအညီ မတောင်းခင် ခနလောက်တော့ သူ့ကို ချော့တာက ပိုကောင်းလိမ့်မည်။

ဝမ့်ယုံရွှင်းက လက်မလျှော့ခဲ့ပါ။ အခုချိန်မှာ သူ့ရဲ့ မျှော်လင့်ချက်ကတော့ ဝမ့်ယောင်ကျုံးကို ကျောင်းပြန်ထားပြီး အထက်တန်းကျောင်း အောင်လက်မှတ်ကို ရယူရန် ဖြစ်သည်။ အဲ့နောက်မှာမှ သူသည် ဒီအမဲစက်ကို ဘယ်လို ဖျောက်ဖျက်မလဲ ဆိုတာကို စီစဥ်ပြီး ဝမ့်ယောင်ကျုံးကို အနာဂတ်ကောင်းတစ်ခု စီစဥ်ပေးလိမ့်မည် ဖြစ်သည်။

လီချွမ်းကျင်က သွားခါနီးမှာ အရာရာကို ပြင်ဆင်သွားခဲ့သည်။

ဝမ့်ယုံရွှင်းက ရုတ်တရက် မေးလိုက်သည်။ “ယောင်ကျုံးရော ဘယ်ရောက်နေလဲ။”

သူ့မှာ မစင်သယ်ရမည့်အလုပ် ရှိသည့်အတွက် ဝမ့်ယောင်ကျုံးက ကျောင်းသွားရမယ့် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရသည်။ သူက အလုပ်တောင် မလုပ်ဘဲ တစ်ချိန်လုံး အိမ်မှာပဲ နေနေခဲ့သည်။ သူက ပိုပိုပြီး သုန်မှုန်နေခဲ့ကာ အိမ်က လူတွေကိုလည်း အမြဲလိုလို လျစ်လျူရှုထားခဲ့သည်။

ဝမ့်ယုံရွှင်း - “ဒီနေ့ ဘာလို့ ယောင်ကျုံးကို မမြင်မိတာလဲ။”

လီချွမ်းကျင်သည် သူမရဲ့ သားအကြောင်းကို တွေးလိုက်သည့်အခါ စိတ်ပူသွားခဲ့သည်။ “သူ့ရဲ့ ခံစားချက်တွေကမှ မကောင်းသေးဘဲ။ အဲ့တော့ ကျွန်မက သူ့ကို နှစ်ယွမ် ပေးလိုက်ပြီး စိတ်အပန်းပြေအောင် သူငယ်ချင်းတွေကို သွားရှာပြီး အပြင်သွားဖို့ ပြောလိုက်တယ်။”

မိသားစုရဲ့ ငွေရေးကြေးရေး ကြပ်တည်းလာကတည်းက ဝမ့်ယုံရွှင်းသည် မိသားစုထဲတွင် ယွမ်နှစ်ဆယ်ကိုသာ သိမ်းထားခဲ့သော်လည်း ပိုက်ဆံကို လီချွမ်းကျင်ရဲ့ လက်ထဲမှာသာ ထားထားသည်။

လီချွမ်းကျင်သည် ခြိုးခြံချွေတာကာ နေခဲ့ပြီး မိသားစုကို ကောင်းကောင်းနေရအောင် စီမံပေးခဲ့သည်။

ဒါပေမယ့်လည်း ဒါက သူမသားလေ။

လီချွမ်းကျင်သည် သူမရဲ့သားကို ခံစားစေရဖို့ထက် အသေခံမည့်လူမျိုးသာ ဖြစ်သည်။

ဝမ့်ယုံရွှင်းက ပါးစပ်ပြင်လိုက်သော်လည်း အဆုံးမှာတော့ ဘာတစ်ခွန်းမှ မပြောခဲ့ပါ။

လီချွမ်းကျင်သည် သူ့ယောက်ျားရဲ့ မျက်နှာပေါ်က ထူးဆန်းတဲ့ အကြည့်ကို သတိမထားမိဘဲ အစောတလျင် ထွက်သွားခဲ့သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၉၄

ဝမ့်ရင်း ဆေးရုံကနေ ထွက်လာပြီးနောက် သူမက အဖွဲ့ထဲကို ပြန်ဖို့အတွက် လောမနေခဲ့ပါ။ သို့သော် နိုင်ငံပိုင် စားသောက်ဆိုင်ကိုသာ အရင်ဆုံး သွားခဲ့သည်။

ချမ့်တုန်က သူမကို မြင်သည့်အခါ ပျော်ရွှင်စွာဖြင့် ဖရုံစေ့များကို သူမအား ပေးခဲ့သည်။ “မိန်းကလေးရင်း၊ သမီးက မြို့ထဲလာတာ။ ဘာလုပ်မလို့လဲ။”

ဝမ့်ရင်းက ဖရုံစေ့ကို ယူလိုက်ပြီး သူမရဲ့ စက်ဘီးနောက်ခုံက ခြင်းတောင်းကို ညွှန်ပြခဲ့သည်။ “ရှုရွှမ်းက သမီးကို တစ်ခုခု ယူခဲ့ဖို့ ပြောလိုက်လို့ပါ။”

ချမ့်တုန်က စက်ဘီးဘေးက လမ်းကနေ လမ်းလျှောက်လာခဲ့ပြီး အဝတ်ဖြင့် အုပ်ထားသည့် ထိုအရာကို မကြည့်ခဲ့သည့်အခါ အောက်တွင် ဟင်းသီးဟင်းရွက်များကို တွေ့ခဲ့ရသည်။

“အိုး၊ မဆိုးဘူး။ မဆိုးဘူး။ ဒါတွေက သိုးထိန်းရဲ့ အိတ်ထဲက သစ်ကတိုတွေ မလား။”

ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ “အဲ့အောက်မှာ ပန်းချဥ်ပေါင်နဲ့ ဒုဓလီပန်းတွေ ရှိသေးတယ်။ ကျွန်မ ကျိုင်းပန်းတွေ ခူးဖို့ကို တွေးနေတာ။ ဒါပေမယ့် တောင်ပေါ်က ကျိုင်းပန်းတွေက မပွင့်ခင်မှာပဲ ခူးသွားပြီးကြပြီ။ ဒီမှာတော့ ပို့ဖို့ ကောင်းတာ ဘာမှ မကျန်တော့ဘူး။”

ချမ့်တုန်က တရုတ် သစ်ကတိုးတွေကို မြင်တဲ့အခါ စိတ်အားထက်သန်စွာ ပြောခဲ့သည်။ “ အဲ့ဒါတော့ ဟုတ်တယ်။ အခု ငါက အလုပ်အားနေတာ။ တရုတ် သစ်ကတိုးနဲ့ ကြက်ဥကြော်ကို ငါ မင်းအတွက် လုပ်ပေးမယ်။”

ဝမ့်ရင်းက သူမ စားချင်သည်ကို မထုတ်ပြခဲ့ဘဲ ပြုံးပြီးသာ ပြောခဲ့သည်။ “ဟုတ်ပြီ ဆရာ။ သမီးကို ငရုတ်ဆီလေးနဲ့ပါ လုပ်ပေးပါ။ ကြက်ဥရယ် သစ်ကတိုးရယ်ကို ပေါက်ဆီနဲ့ ယူမယ်။ ပြီးရင် အဲ့အပေါ်မှာ ငရုတ်ဆီလေး ထည့်ပေးပါနော်။”

ချမ့်တုန်က သွားရည်ကျနေသော သူမကို ကြည့်ပြီး ပြောခဲ့သည်။ “ဟုတ်ပါပြီ။”

ချမ့်တုန်သည် သစ်ကတိုးစည်း တစ်စည်းကို ယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။ တစ်ဖက်မှာ ဝမ့်ရင်းက အပြင်မှာ သေချာ ထိုင်လိုက်ပြီး ဖရုံစေ့များကို ပြတင်းပေါက် အနားမှာ စားနေခဲ့သည်။

ချမ့်တုန် လှောထားသော ဖရုံစေ့ရဲ့ အရသာက အရသာငါးမျိုးနှင့် ပြည့်စုံပြီး စားကောင်းသည်။ ထိုအစေ့များကို ဝါးလိုက်သည့်အခါ အတော်လေး မွှေးကြိုင်နေသည်။

ဝမ့်ရင်းက ဖရုံစေ့များကို ပျော်ပျော်ရွှင်ရွှင် စားနေခဲ့ပြီး မကြာခင်မှာပဲ စားပွဲထိုး တစ်ယောက်က ရောက်လာခဲ့သည်။

တစ်ဖက်လူက ဝမ့်ရင်းကို ထုံးစံအတိုင်း ပြောခဲ့သည်။ “မင်္ဂလာပါ၊ ရဲဘော်။ ကျွန်မက နာမည်က ယောင်ရွှင်းကျင်းပါ။”

ဝမ့်ရင်းက ပွင့်ပွင့်လင်းလင်းနှင့် သူမရဲ့ လက်ကို ဝှေ့ယမ်းပြခဲ့သည်။ “မင်္ဂလာပါ။ ကျွန်မက ဝမ့်ရင်းပါ။”

ယောင်ရွှင်းကျင်းက မျက်နှာလုံးလုံး၊ မျက်လုံး ဝိုင်းဝိုင်းလေး ဖြစ်သည်။ သူမက အနည်းငယ် ဝသော်လည်း သူမရဲ့ အလှက လက်ရှိ အနေအထားနှင့် ကိုက်ညီသည်။ ဒီလိုပုံစံ၊ အသွင်အပြင်မျိုးကို ကောင်းချီးပေးတယ်ဟု ခေါ်သည်။

သူမကို ကြည့်ရတာ ဝမ့်ရင်းထက် အသက် အများကြီး ကြီးပုံမရပါ။ သူမရဲ့ အသံသည် ကလေးဆန်ပြီး အပြစ်ကင်းသည်။

“ဒါက ဒီလိုပါ။ ရှင်က အလွတ်တမ်း ဆရာဝန်ဆိုတာကို ကျွန်မက ဆရာချမ့်တုန်ဆီက ကြားခဲ့ရတယ်။ အဲ့ဒါ ဟုတ်လားဟင်။ ရှင် ကျွန်မကို ဆေးဖက်ဝင် အပင်တွေ ရှာဖို့အတွက် ကူညီပေးလို့ရမလားဆိုတာ မေးချင်လို့ပါ။”

ဝမ့်ရင်းက နားမလည်ခဲ့ပါ။ “ကောင်စီမြို့က ဆေးရုံမှာ ဆေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေ မရှိဘူးလား။”

ယောင်ရွှင်းကျင်းက သက်ပြင်းချလိုက်သည်။ “ကောင်စီ ဆေးရုံမှာ ဒီလိုအရာမျိုးတွေ ရောက်လာဖို့ဆိုတာ အဲ့လောက်ကြီး ကံမကောင်းနေဘူး။ ကျွန်မက ကံစမ်းကြည့်ရုံပါ။”

ယောင်ရွှင်းကျင်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က မီးဖွားရင်း အလွန် သွေးသွန်တာကို ခံစားခဲ့ရပြီး သေမလို ဖြစ်သွားခဲ့သော အစ်မတစ်ယောက် ရှိသည်။ သူမရဲ့ အသက်ကို ကယ်ဖို့အတွက် လုပ်ခဲ့သော်လည်း သူမရဲ့ ခန္ဓာကိုယ်က အတော်လေး ထိခိုက်သွားခဲ့ရသည်။

မိသားစုက အကူအညီ ရဖို့အတွက် လူတွေ အများကြီးကို မေးခဲ့ပြီး နောက်ဆုံးမှာတော့ ဂုဏ်သတင်း ကျော်ကြားသည့် တရုတ် ဆေးဆရာကြီး တစ်ယောက်က ကြည့်ပေးခဲ့သည်။

တရုတ် ဆေးဆရာကြီးက လူနာကို ဆက်တိုက် တိုက်ဖို့ တိတိကျကျနှင့် ဆေးညွှန်းများစွာကို ရေးပေးခဲ့သည်။

ဆေးညွှန်းထဲတွင် ရှာရခက်သော ပစ္စည်းများစွာ ရှိနေခဲ့ပြီး ကောင်စီ ဆေးရုံက အဲ့ဆေးတွေ အကုန်လုံးကို မပေးနိုင်ခဲ့ပါ။ ထို့ကြောင့် ဒီအချိန်မှာ တစ်မိသားစုလုံးက စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေခဲ့သည်။

ဒီနေ့မှာတော့ သူမသည် ဝမ့်ရင်းက ချမ့်တုန်ဆီ တစ်ခုခု လာပို့တာကို မြင်လိုက်သည့်အတွက် ယောင်ရွှင်းကျင်းက ထိုအကြောင်းကို ဝမ့်ရင်းအား ပြောပြဖို့ ကြိုးစားခဲ့သည်။

ယောင်ရွှင်းကျင်းက သူ့ရဲ့အသံကို နှိမ့်ပြီး ပြောခဲ့သည်။ “ရှင်က တောင်တွေနားမှာ နေတာကို ကျွန်မ သိပါတယ်။ ပြီးတော့ တောင်ပေါ်မှာ ဆေးပင်တွေ အများကြီး ရှိတယ်။ တကယ်လို့ ရှင်သာ ဒီဆေးပင်တွေ အကုန်လုံးကို ပြင်ပေးနိုင်ရင် ဆေးဖိုးကတော့ ညှိလို့ရပါတယ်။”

ဟိုတယ်ထဲက လူအများစုသည် ချမ့်တုန်၏ လှည့်ကွက်များကို ကောင်ကောင်း သတိထားမိကြသည်။

သို့သော် အဲ့ဒါကို ဘယ်သူကမှ အကျယ်ကြီး မပြောခဲ့ပါ။ ထို့အပြင် မှောင်ခို စျေးကွက်ကနေ ဘယ်သူကများ တစ်ခုခု မဝယ်ဖူးလို့လဲ။ အဲ့ဒါက မြို့ထဲမှာ ဘယ်လိုလဲနဲ့ စားစရာ၊ သောက်စရာတွေက မကုန်သေးဘူးဆိုတာမျိုး ဖြစ်တဲ့အတွက် နည်းလမ်းအချို့ကိုတော့ တွေးရလိမ့်မည်။

သူတို့ထဲက အများစုကလည်း ချမ့်တုန်နှင့် ပစ္စည်းများ လဲခဲ့ကြသည်။ ဥပမာအနေဖြင့် ဝမ့်ရင်းပို့လိုက်သည့် ဟင်းသီးဟင်းရွက် ခြင်းတောင်းကို တစ်ယောက်ယောက်က ယူပြီး ဆရာချမ့်ကို ရှာဖို့အတွက် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။ သူတို့က ဒီနေ့ အလုပ် မပြီးခင်မှာ အဲ့ဒါရဲ့ တစ်ဝက်လောက်ကို ယူလို့ ရလိမ့်မယ်ဟု ခန့်မှန်းထားခဲ့ကြသည်။

ဝမ့်ရင်းက ချက်ချင်း သဘောမတူဘဲ မေးခဲ့သည်။ “ပါဝင်တဲ့ဟာတွေက ဘယ်မှာလဲ။ အဲ့ဒါတွေကို အရင်ဆုံး ကျွန်မ ကြည့်ပါရစေ။”

တကယ်လို့ အချို့ ဆေးဖက်ဝင် အပင်တွေက ပြည်တွင်းမှာ ထုတ်တာမျိုး မဟုတ်ဘူးဆိုရင် လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး။

သူမက အခွင့်အရေး ပေးတာကို မြင်သည့်အခါ ယောင်ရွှင်းကျင်းက သူမရဲ့ အိတ်ကပ်ထဲက မှတ်စုကို မြန်မြန် ထုတ်လိုက်ပြီး ဝမ့်ရင်းထံ ပေးလိုက်သည်။

ဝမ့်ရင်း -“ ဂျင်ဆင်းရိုင်းရယ်၊ လျှော်ပင်ရယ်၊ codonopsis pilosula…”

ဒါတွေက ရှာဖို့ခက်တယ်။ အထူးသဖြင့် ဂျင်ဆင်းရိုင်းပဲ။ ဒါကလည်း သူမ လိုချင်နေတဲ့ ဂျင်ဆင်းမျိုးပဲ။

ဝမ့်ရင်းက တစ်ခနလောက် တုံ့ဆိုင်းသွားခဲ့သည်။ “အခု ရှင်က ဘယ်ဟာ လိုနေတာလဲ။”

ယောင်ရွှင်းကျင်း - “ကျွန်မတို့မှာ ဂျင်ဆင်းရိုင်းနဲ့ codonopsis pilosula လိုနေတုန်းပဲ။”

ဝမ့်ရင်းက ချက်ချင်းပဲ သဘောတူခဲ့သည်။ “ကျွန်မက လျှော်ပင်ကိုတော့ ရှာပေးနိုင်တယ်။ ဒါပေမယ့် ဂျင်းဆင်းရိုင်းကို ရှာဖို့ကတော့ ကံနဲ့လည်း ဆိုင်တယ်။ အထူးသဖြင့် ရှင်က ဂျင်ဆင်းရိုင်းတွေ အများကြီး လိုနေတဲ့ အချိန်မျိုးမှာပေါ့။”

ယောင်ရွှင်းကျင်းက အဲ့ဒါကို သိနေသည့်အတွက် ချက်ချင်းပဲ သဘောတူခဲ့သည်။ “ဂျင်ဆင်းတွေရဲ့ အရည်အသွေးပေါ် မူတည်ပြီးတော့ ကျွန်မက ရှင့်ကို အခကြေးငွေ ပေးပါ့မယ်။”

ဆေးရုံတွင် ဂျင်ဆင်းရိုင်းကို ယူဖို့က စည်းမျဥ်းများ ရှိနေခဲ့သော်လည်း အဆင့်အလိုက် ခွဲထားခဲ့သည်။ ယောင်ရွှင်းကျင်းက အဲ့ဒါတွေရဲ့ သက်တမ်းကို စပြီး ပြောပြခဲ့သည်။ “အဲဲဒါက အနည်းဆုံး ၂၅ နှစ် ရှိရမယ်။ အဲ့အတွက် ကျွန်မက ရှင့်ကို ယွမ်သုံးရာ ပေးမယ်။ တကယ်လို့ အဲ့ထက် သက်တမ်းကြာရင် ကျွန်မက ယွမ်သုံးဆယ် ထပ်ပေးမယ်။”

စျေးနှုန်းကို ကမ်းလှမ်းပြီးနောက်မှာ ဝမ့်ရင်းက အရမ်းကို ဆန္ဒရှိနေခဲ့သည်။

မင်းကို ဆေးရုံခေါ်သွားရင်တောင် စျေးနှုန်းက အဲ့လောက်မများဘူး။ ဝယ်မယ့်သူ ကိုယ့်ဘာသာ ရှာရရင်လည်း အများကြီး အားစိုက်ရပြီး ဒီလောက် စျေးမြင့်တဲ့သူမျိုး ရနိုင်ဖို့ဆိုတာက မသေချာဘူး။

“ကောင်းပြီ။ တတ်နိုင်သလောက် အမြန်ဆုံး ရအောင် ရှာပေးမယ်။”

ဝမ့်ရင်းသည် မမျှော်လင့်ဘဲ ဒီလောက်ထိ များတဲ့ ပိုက်ဆံတွေ ရကို ရရမည်ဆိုပြီး စိတ်ကို ပြင်ဆင်ထားခဲ့သည်။

အဆိုးဆုံးကတော့ တောင်ပေါ်ထိ တက်ဖို့ကို သူမတို့က နှစ််ရက်၊ သုံးရက်လောက် လမ်းလျှောက်ရမှာပင်။

ယွမ်သုံးရာဆိုတာက ရှုရွှမ်းရဲ့ တစ်နှစ်စာ ဝင်ငွေလောက်ရှိတာ သေချာသည်။

ယောင်ရွှင်းကျင်းက သူမရဲ့အိမ်လိပ်စာကို ထားကာ ထွက်သွားခဲ့သည်။ ဝမ့်ရင်းက ထိုစက္ကူစကို သူမရဲ့ အိတ််ကပ်ထဲသို့ ထည့်လိုက်သည်။

ထိုအချိန်မှာပဲ ချမ့်တုန်က ကြက်ဥနှင့် သစ်ကတိုး ကြော်ထားတာကို ပြင်ဆင်ထားသည်။ သူက ဝမ့်ရင်းကို တစ်ဝက် ထည့်ပေးလိုက်ပြီး ပေါက်စီ နှစ်လုံးကိုလည်း ပေးခဲ့သည်။

ပေါက်စီကို အလယ်က ခွဲထားခဲ့ပြီး နူးညံ့သော သစ်ကတိုးနှင့် အဝါရောင် ကြက်ဥတွေရဲ့ တွဲစပ်မှုက မွှေးကြိုင်ပြီး ထူးခြားသည့် အရသာ ရှိသည်။

ဝမ့်ရင်းက ပေါက်စီတစ်လုံးကို စားလိုက်ပြီး နောက်တစ်ခုကို ငရုတ်သီးများနှင့် လုပ်လိုက်ကာ သူ့အရသာက ပြောင်းသွားခဲ့သည်။

သူမက ပေါက်စီနှစ်လုံးနှင့် ကြက်ဥကြော်ကို ပြောင်နေအောင် စားသွားခဲ့သည်။

ချမ့်တုန်က လက်တစ်ဆုတ်စာ လက်မှတ်များကို ဝမ့်ရင်းရဲ့ လက်ထဲသို့ ထိုးပေးခဲ့ပြီး ပြောလိုက်သည်။ “ ဒီမှာ ဒီလက်မှတ်တွေ ယူသွားပြီးတော့ ဘာတွေရောင်းနေလဲ သွားကြည့်ချေ”

ရှုရွှမ်းနှင့် ချမ့်တုန်ကြားရှိ ပိုက်ဆံကို ရေတွက်ရတာက ကိစ္စတစ်ခု ဖြစ်သည်။ တစ်ခါတစ်လေ ချမ့်တုန်က ဆိုင်ထဲတွင် ပစ္စည်းများ ရောင်းသည့်အခါ သူက လူတွေဆီက ပိုက်ဆံမယူဘဲ ထိုအစား များစွာသော လက်ခံစာများကို လဲယူခဲ့သည်။..

သူသည် သူ့မှာရှိတဲ့ ဘေလ်များထဲမှ သုံးဖို့ကို ကန့်သတ်ထားခဲ့သည့်အတွက် သူက အဲ့ဒါတွေထဲက အများစုကို ရှုရွှမ်းအား ပေးခဲ့သည်။

ဝမ့်ရင်းက မငြင်းခဲ့ပါ။ သူမက အဲ့ဒါကို ယူပြီး ကြည့်လိုက်သည်။ အဲ့ထဲတွင် အဝတ်ကူပွန်၊ အစေ့အဆန်ကူပွန်နှင့် ဆီကူပွန်သာမက ဆပ်ပြာကူပွန်လည်း ရှိသေးသည်။

ဝမ့်ရင်းက အရမ်း အံ့ဩသွားခဲ့သည်။ အခုဆိုရင် နွေရာသီ ရောက်လာခဲ့ပြီး အိမ်ကလူတွေကို ဝေခွဲလုပ်ဖို့ ဘာဖိအားကိုမှ သူမ မခံစားရတော့ပါ။ သူမအတွက် အဆင်မပြေသည့် တစ်ခုတည်းသောအရာက အဝတ်လျှော်တဲ့အခါ ဆပ်ပြာ ဒါမှမဟုတ် အယ်ကာလီကို သုံးရမည် ဖြစ်သည်။

သူမကို အဲ့ဒါတွေကို တကယ် မသုံးခဲ့ပါ။ သူမက အဝတ်လျှော်ဖို့ မြစ်ကမ်းဘေးသို့ သွားရမည် ဖြစ်ပြီး သူမ ပြန်ရောက်လာသည့် အချိန်တိုင်း အဝတ်တွေက မပြောင်ဘူးဟု ခံစားခဲ့ရသည်။

သူမ ဆပ်ပြာတွေ ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို တွေးနေတာပင်။ အဲ့ဒါမှ အလုပ် မဖြစ်ရင် အဲ့ဒါတွေကို သူမဘာသာပဲ လုပ်ရတော့မည်။ ကံကောင်းလို့ပေါ့ အခုဆိုရင် သူမမှာ ဆပ်ပြာလက်မှတ်တွေ ရှိသွားပြီဆိုတော့ နောက်ဆုံး အလကား ရနိုင်ပြီ။

ဝမ့်ရင်းက သမဝါယစျေးသို့ သွားကာ ကာကီဆပ်ပြာကို လက်မှတ်နဲ့ ဝယ်ယူခဲ့သည်။ အဲ့ဒါက ဆီပေါင်တစ်ဝက်နှင့် သကြား တစ်ပေါင်စာ ရှိသည်။

သူမက ဝယ်လာသမျှ ပစ္စည်းများ အားလုံးကို စက်ဘီးရဲ့ အနောက်မှာ ထိုးထည့်လိုက်ပြီး အဖွဲ့ထဲသို့ ပြန်လာခဲ့တော့သည်။

သူမက တပ်မဟာထဲသို့ ရောက်သည့်အခါ ထုံးစံအတိုင်း နိုင်ငံပိုင် စားသောက်ဆိုင်သို့ အရင်ဆုံး သွားခဲ့သည်။

အခုချိန်တွင် နိုင်ငံပိုင် စားသောက်ဆိုင်က စားပွဲထိုးများသည် ဝမ့်ရင်းကို မြင်တဲ့အခါ သိပ်ပြီး မကြည်ကြပါ။

သို့သော် ဝမ့်ရင်းကတော့ ဂရုမစိုက်ခဲ့ပါ။

အဲ့အစား ဆိုင်ထဲတွင် ထိုင်နေသော မိန်းကလေးငယ် တစ်ယောက်က ရှိနေခဲ့ကာ သူမက ဖရုံစေ့များကို ခွာပြီး အခွံများကို ကြမ်းပြင်ပေါ်သို့ ပစ်ချနေခဲ့သည်။

သို့သော် စားပွဲထိုးတွေက အတော်လေး ဖော်ရွေသလိုနှင့် မမြင်ချင်ယောင် ဆောင်ခဲ့ကြသည်။

“အစ်မရင်း၊ ရေဆာနေလား။”

ဝမ့်ရင်းက မော့ကြည့်လိုက်သည်။ ဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါလား။ တစ်ဖက်လူက သူမကို အစ်မရင်းဟု ခေါ်ခဲ့သည်။

လီရင်းက ဖရုံစေ့များကို အကြာကြီး စားပြီးနောက် တကယ်လည်း အနည်းငယ် ရေဆာလာခဲ့သည်။ သို့သော် သူမက ရေမသောက်ချင်ခဲ့ပါ။ ထိုအစား သူမက စားပွဲထိုးကို အော်ခေါ်ခဲ့သည်။ “ကျွန်မအတွက် ကျောက်ဖရုံသီးကို အသားလုံးတွေနဲ့ ချက်တဲ့ ဟင်းချိုတစ်ခွက် လုပ်ပေးဖို့ ရှင်တို့ရဲ့ စားဖိုမှူးကို ပြောလိုက်။ ကျွန်မ တကယ် ရေဆာနေပြီ။”

မနှစ်က ဆောင်းတွင်းမှာ ရှဲ့ယွဲ့ကျင်းက လီရင်းကို အရမ်း ဂရုစိုက်ခဲ့သည်။ နောက်ဆုံးတော့ သူ့မှာ နောက်ထပ် ပိုက်ဆံအချို့ ရှိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ဝမ့်ရင်းအား နေ့တိုင်းနီးပါး ဆိုင်ကိုလာဖို့တောင် ရှဲ့ယွဲ့ကျင်းက ပြောခဲ့သည်။

စားပွဲထိုးက အလုပ်မှာ မရှိသည့်အတွက် ရှဲ့ယွဲ့ကျင်းက လီရင်းအတွက် အသားပေါက်စီကြီးများနှင့် ဖက်ထုပ်များကို ချက်ပေးခဲ့သည်။ ထို့အပြင် စားပြီးရင် ယူသွားဖို့အတွက် ဝက်ခြေထောက်ကိုတောင် သူမဖို့ လုပ်ပေးခဲ့သေးသည်။

ထို့ကြောင့် ဒီနှစ်ဆောင်းတွင်းမှာ ဝမ့်ယုံရွှင်းတို့ မိသားစုက ဝိတ်တက်လာတော့မည် မဟုတ်ပါ။ လီမိသားစုထဲတွင် ဝမ့်ပင်းပင်းကလွဲလို့ လူတိုင်းက ဝိတ်တက်လာခဲ့ကြသည်။

အမျိုးသမီးကြီး မစ္စလီက ခွက်ထိုးခွက်လန် ရယ်လိုက်ပြီး သူမရဲ့ မျက်လုံးများကတောင် မပွင့်နိုင်တော့ပါ။ သူမရဲ့သမီး လီရင်းက စားဖိုမှူးကောင်း တစ်ယောက်ကို ခန့်ထားပြီး အခုကနေစပြီး သူတို့က ဆီကိုသောက်၊ အသားကို စားပြီးတော့ ကောင်းမွန်တဲ့ ဘဝ တစ်ခုကို ရတော့မည် ဖြစ်သည်။

လီရင်းကလည်း မကြာခန ဒီကို ရောက်လာသည့်အတွက် သူမက နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်နှင့် တဖြည်းဖြည်း ပိုပြီး ရင်းနှီးလာခဲ့ပြီး သူမရဲ့ ကိုယ်ပိုင် ပစ္စည်းလိုကို နေထိုင်လာခဲ့သည်။

အဲ့ဒါကြောင့် ဒီနေ့ သူမ ဒီကို ထပ်ပြီး လာခဲ့တာ။ ပြီးတော့ ဒီကို ရောက်ပြီးရင် ကျွန်မက သူဌေးမလိုပဲ နေပြီး နေရာကောင်း တစ်နေရာကို ရွေးထိုင်ပြီး ဖရုံစေ့တွေ စားနေတာ။

လီရင်း - “အဲ့ထဲကို ကျောက်ဖရုံသီး နည်းနည်းနဲ့ အသားလုံးများများ ထည့်ပေး။”

ဒီရာသီဟာ ကျောက်ဖရုံသီးရာသီ မဟုတ်သည့်အတွက် ဝါးရခက်သည်။ လီရင်းကလည်း အတော်လေး ချေးများသည်။ သူမရဲ့ ယောက်ျားက မီးဖိုချောင်ထဲတွင် ပြောခွင့်ဆိုခွင့် ရှိတဲ့သူဟု သူမက တွေးထားသည့်အတွက် သူမအတွက် တောင်းဆိုမှုတွေ အများကြီး မလုပ်ခဲ့ရပါ။

စားပွဲထိုးက အနောက်ကိုလှည့်ပြီး နှုတ်ခမ်းကိုသပ်ကာ ကျေနပ်နေပုံ မရတာကိုတော့ သူမ သတိမထားမိပါ။

စားပွဲထိုးသည် ရှဲ့ယွဲ့ကျင်းက ရှုရွှမ်းထက် ပိုပြီး ပြောရဆိုရ လွယ်ကာ သက်ညှာပေးတယ်ဟု ခံစားခဲ့ရသော်လည်း သူတို့နှစ်ယောက်ကို အတူတူ ထားတဲ့အခါ လီရင်းက သိပ်ပြီး အဆင်မပြေပါ။

ဝမ့်ရင်း ရောက်လာသည့် အချိန်တိုင်း သူမက သပ်သပ်ရပ်ရပ် စားသောက်နေခဲ့သည်။ ရှုရွှမ်းက သူတို့ကို ခက်ခဲစေသည့် ဘယ်အရာမှ မလုပ်ခဲ့ပါ။ သူမက ပုံမှန်အတိုင်းပဲ ပေးရမှာကို ပေးခဲ့သည်။ သူတို့သာ အဲ့လိုတွေ ထပ်လုပ်ရင် သူမက ပိုက်ဆံ တစ်ဝက်လောက်တော့ ပေးရလိမ့်မယ်။ သူမက အားလုံးကို ခက်ခဲရအောင် မလုပ်ခဲ့ပါ။ တစ်ချိန်လုံး သူတို့ကို ဝမ့်ရင်းက motherwort နှင့် နွယ်ချိုကဲ့သို့ တန်ဖိုးကြီးသော ဆေးဖက်ဝင် အပင်များကို အိမ်ယူသွားပြီး လက်ဖက်ရည် လုပ်သောက်လို့ရအောင် ပေးခဲ့သည်။ ဒါက အမျိုးသမီးများအတွက် အကျိုးများစွာ ရှိတယ်ဟု ပြောလို့ရနိုင်သည်။

သို့သော် လီရင်းကတော့ အကြိမ်နည်းနည်းသာ လာပြီး အချိန်တိုင်းကို လုံးဝ စိတ်အနှောက်ယှက် ပေးခဲ့သည်။

နောက်ဆုံးတစ်ခေါက် သူမက နှမ်းစေ့ပါသော ပေါက်စီကို အသားနှင့် စားချင်တယ်ဟု ပြောပြီး အခုအခါမှာတော့ သူမက ကျောက်ဖရုံသီးနှင့် အသားလုံး ဟင်းချိုကို မှာခဲ့ပြန်သည်။ သူမက အချိန်တိုင်း ခက်ထန်စွာ ပြုမူနေခဲ့ပြီး လူတိုင်းက သူမရဲ့ အောက်ကသူတွေလို ပြုမူခဲ့သည်။

စားပွဲထိုးမက ဒေါသထွက်နေခဲ့သည်။ သူမက ရှဲ့ယွဲ့ကျင်းဆီက အကျိုးမြတ်တွေ ရရင်တောင် ရှဲ့ယွဲ့ကျင်း ကောင်မလေးရဲ့ ဖိနှိပ်မှုအောက်မှာ နေဖို့အတွက်တော့ စိတ်ကူးမရှိခဲ့ပါ။

သူတို့တွေက အခုထိ လက်မထပ်ရသေးတာတောင် နိုင်ငံပိုင် ဟိုတယ်ကို သူတို့ရဲ့ အပိုင်လို့ ထင်နေခဲ့ကြသည်။

All Chapters