← Chapters

ရူးသွပ်သွားစေရန် ဖိအားပေးခြင်း (3)

Vol. 34 Ch. 331

ရူးသွပ်သွားစေရန် ဖိအားပေးခြင်း (3)

Vol. 34 Ch. 331

နောက်ပိုင်းတွင်တော့ ရှင်းလော့အာမရှိတော့သည့်အတွက် ချွေးမနှင့် ယောက္ခမသာ အိမ်တွင်ကျန်ခဲ့ပြီး နေ့တိုင်း အရှုပ်အထွေးများနှင့် ရန်ပွဲများ ဖြစ်နေရသည်။

ကံကြမ္မာအလှည့်အပြောင်းမှာ လွန်ခဲ့သည့် ၂ နှစ်က တစ်ရက်တွင်ဖြစ်၏။

မစ္စရှင်းက ကြက်ဥကဲ့သို့သော ကိစ္စအသေးအဖွဲလေးဖြင့် သူမ၏ချွေးမနှင့် စကားများနေသည်။

ရှင်းမိသားစုမှ ချွေးမက အလွန်ဒေါသထွက်လာသဖြင့် မျက်နှာပင် နီလာပြီး စားတော့ဝါးတော့မတတ် သူမ ယောက္ခမကို စိုက်ကြည့်လာသည်။

ပွဲကြည့်နေသော အိမ်နီးချင်းများက မတုံ့ပြန်နိုင်ခင်တွင်ပင် သူမက စားပွဲပေါ်က ကြွေအိုးကိုဆွဲကာ ယောက္ခမဖြစ်သူ၏ နဖူးပေါ် ခွဲလိုက်သည်ကို တွေ့လိုက်ရသည်။

ယင်းက ရွာသားများကို လန့်သွားစေကာ လူခွဲရန် ချက်ချင်း ရှေ့တိုးလာကြသည်။

မစ္စရှင်းမှာ မြေပေါ်တွင် ထိုင်ချလိုက်ရသော်လည်း အဆင်ပြေနေသည်။ သူမက နဖူးအနည်းငယ်ရောင်နေခြင်းသာ ရှိပြီး အဖုဖြစ်နေသော်လည်း အရေပြားကတော့ နည်းနည်းလေးပင် မပွန်းပဲ့သွားချေ။

သို့သော်လည်း သူမက မထလာခဲ့ပေ။ မြေပေါ်တွင်သာ ထိုင်ကာ ကိုယ့်ပေါင်ကိုယ်ရိုက်၍ ငိုယိုအော်ဟစ်နေပြီး သူမ၏မိသားစုတွင် အာဏာရှင်မတစ်ဦး ရှိနေပါသည်ဟု ပြောလာတော့သည်။

ယောက္ခမဖြစ်သူ၏ စကားလုံးအနည်းငယ်အတွက်နှင့် သူမက သေသည်အထိ ရိုက်ပစ်ချင်နေသည်ဟူ၍။

ရှင်းမိသားစုချွေးမမှာ ဒေါသထွက်ရလွန်းသောကြောင့် ပြေးသွားရန်ဟန်ပြင်လိုက်သော်လည်း ရွာသားများ၏ ဆွဲခေါ်ခြင်းခံလိုက်ရသည်။

ထိုအချိန်တွင် အိမ်နီးချင်းများက တစ်ခုခုမှားနေကြောင်းကို သတိပြုမိလိုက်ကြသည်။

သူမစိတ်အခြေအနေက အလွန်ပြင်းထန်နေခဲ့သည်။ ယခင်က သူမ ထိုကဲ့သို့ မဖြစ်ဖူးပါချေ။

ထို့ကြောင့် ရွာသားများက ရှင်းမိသားစုချွေးမကို ဖျောင်းဖြလိုက်ကြပြီး သူမက ညစ်ပတ်သည့်အရာတစ်ခုခုနှင့် တိုက်မိခြင်းဖြစ်ရမည်ဟု တွေးမိခဲ့ကြသည်။

တချို့က သူမယောက္ခမကို ကြည့်ရန် ပြန်သွားခဲ့ကြလေသည်။

လူများရောက်လာသည်ကို မြင်ပြီးနောက် ယောက္ခမဖြစ်သူက ချွေးမဖြစ်သူ၏စိတ်က ရောဂါတစ်ခုဖြစ်၍ ဆေးရုံသို့သွားရမည်ဟုသာ တွင်တွင်ပြောနေသည်။

ရှင်းလော့အာ ခရီးမှပြန်ရောက်လာသောအခါ သူ့အမေနှင့် ဇနီးသည်တို့ ရန်ဖြစ်ခဲ့ကြပြီး သူ့အမေက သူ့ဇနီးကို ရူးသွားအောင်လုပ်လိုက်သည်ဟု ကြားလိုက်ရသည်။

ထို့ကြောင့် ရှင်းမိသားစု၏ချွေးမမှာ စိတ်ကျန်းမာရေးမကောင်းသည့် မိသားစုနောက်ကြောင်းရှိခဲ့သည်ဟု ပေါ်ထွက်လာတော့သည်။

ထိုနှစ်က သူမ၏အမေ မြစ်ထဲသို့ကျသွားရခြင်းအကြောင်းမှာလည်း ပေါ်ထွက်လာခဲ့၏။

ထိုအမျိုးသမီးက မတော်တဆရေထဲသို့ကျသွားခဲ့ခြင်းမဟုတ်ဘဲ မြစ်ဘေးတွင် အဝတ်လျှော်နေရင်း ရုတ်တရက် ရူးသွပ်သွားခြင်းဖြစ်သည်။

သူမက မြစ်ကမ်းဘေးတွင် ကခုန်နေခဲ့ပြီး ကိုယ်တိုင် ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ပြောလာကြလေ၏။

သမီးဖြစ်သူ၏ကောင်းကျိုးအတွက် အဖေဖြစ်သူက သူမကို ပတ်ဝန်းကျင်အသစ်သို့ ခေါ်ဆောင်လာခဲ့သည်။

သူမတွင် မျိုးရိုးဗီဇရောဂါကဲ့သို့ စုမှတ်တမ်းမျိုးရှိသည့်တိုင် ဤနှစ်များအတွင်း စိတ်ထမဖောက်ခဲ့ဖူးချေ။

ထို့ကြောင့် သူမ၏အဖေက သူမကို စိတ်ဖောက်သွားမည်ဟု မထင်ထားခဲ့ဘဲ ပုံမှန်လူအတိုင်း ဆက်ဆံခဲ့၏။

သူမက ယောက္ခမဖြစ်သူ၏ ရန်ပွဲကြောင့် လှုံ့ဆော်ခံလိုက်ရမည်ဟု မည်သူတွေးမိပါအံ့နည်း။

သူမ၏ယောက္ခမကြောင့် ရူးသွပ်သွားခြင်းမဟုတ်ပါလော။

သို့သော် မစ္စရှင်းကတော့ ထိုသို့မတွေး။

သူမက ချွေးမဖြစ်သူကို စိတ်ရောဂါကို ဖုံးကွယ်ထားသည့်အတွက် အပြစ်တင်ကာ သူမက သူတို့မိသားစုကို လိမ်လည်ကာ အိမ်ထောင်ရေးတွင်လည်း လှည့်စားခဲ့သည်ဟု ပြော၏။

တချို့ရွာသားများကလည်း ထိုရောဂါမျိုးနှင့်ပတ်သက်၍ ဘက်လိုက်သည့်အချက်ရှိသောကြောင့် သဘာဝကျကျပင် သူတို့က မစ္စရှင်း၏ချွေးမဘက်တွင် မပါကြချေ။

အတိုချုပ်ဆိုရလျှင် ဤအဖြစ်အပျက်ကြောင့် ရှင်းမိသားစုထဲမှတိုက်ပွဲက ပို၍ပင် ထိန်းချုပ်မရနိုင်ဖြစ်လာတော့သည်။

ရည်ရွယ်ချက်ရှိသည့်အလား မစ္စရှင်းက သူမချွေးမ၏အပြစ်များကို ခဏခဏရှာကာ သူမကို စိတ်အခြေအနေကို ပို၍မတည်မငြိမ်ဖြစ်လာစေပြီး အချိန်တိုင်း ရွာသားများရှေ့တွင် သူ့မချွေးမကို ရူးသွပ်အောင် လုပ်နေခဲ့သည်။

ယခင်က ရွာသားများနှင့် ရှင်းလော့အာကိုယ်တိုင်က အစပိုင်းတွင် သူမကို အားနာစိတ်မကောင်းစိတ်များရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပြဿနာများကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာကြ၏။

နှစ်အနည်းငယ်အတွင်းတွင် မူလက လှပပြီး ထူးချွန်သော ချွေးမလေးမှာ အချိန်တိုင်း စိတ်တိုလွယ်တတ်သော စိတ်ဝေဒနာရှင်တစ်ဦးဖြစ်လာသည်။

ရှင်းလော့အာက အမျိုးသမီးနှစ်ယောက်ကြားတွက် ညပ်နေကာ အိမ်ပြန်ချင်စိတ်လည်း နည်းသည်ထက်နည်းသွားခဲ့၏။

ဤနှစ် ပထမတစ်ဝက်လောက်တွင် ရှင်းမိသားစု၌ အခြားရန်ပွဲကြီးတစ်ခုရှိခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ ယင်းက ကိစ္စသေးလေးမဟုတ်တော့ချေ။

ရှင်းလော့အာ အပြင်တွင် အလုပ်လုပ်နေစဉ်တွင် ရှင်းမိသားစုချွေးမက အခြားယောကျာ်းတစ်ယောက်နှင့် အတူနေကာ ကိုယ်ဝန်ပါရလာခဲ့ခြင်းပင်!

မစ္စရှင်းက ခြံထဲတွင် ထိုင်ငိုနေပြီး သူတို့ ရှင်းမိသားစု၏ မျက်နှာက ဆုံးရှုံးသွားရကြောင်း ပြောနေခဲ့၏။

ချွေးမဖြစ်သူက ထိုသို့သော ရှက်စရာကိစ္စမျိုးလုပ်ခဲ့ပြီး သူမ၏သားကို အရှက်ရစရာလူအဖြစ် ချောက်ချလိုခဲ့သည်ဟုလည်း ပြောသည်။ရှင်းလော့အာ ဤတစ်ကြိမ်ပြန်လာချိန်၌ မိသားစုလိုက် ထမင်းစားနေကြရင်း ချွေးမဖြစ်သူက ရုတ်တရက် ပျို့တက်လာကာ ဗိုက်ကိုအုပ်၍ ဘေစင်တွင် အဆက်မပြတ်အန်လေတော့သည်။

ယင်းက မစ္စရှင်း၏ အာရုံနှင့် သံသယကို ဖမ်းစားသွားခဲ့၏။

လက်ထပ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မစ္စရှင်းက သူမချွေးမကို ဥမဥနိုင်သည့်ကြက်မဖြစ်နေခြင်းကြောင့် ဆူပူခဲ့သည်။

သို့သော် တကယ်တမ်းတွင်မူ သူမက သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့ကို ခွဲထားလိုသောကြောင့် သူမ၏သားကို အလုပ်ထွက်လုပ်စေလိုခြင်းပင်။

မစ္စရှင်းက သူမတွင် ပြဿနာရှိနေသည်ဟု ‌မတွေးဘဲ ချွေးမဖြစ်သူက သူမ၏ မျှော်လင့်ထားမှုများနှင့်အညီ မနေနိုင်သောကြောင့် အပြစ်တင်သည်။

ပြီးခဲ့သည့်နှစ်လတွင် ချွေးမဖြစ်သူက ဓမ္မတာမလာခဲ့ဘဲ သူမဗိုက်ကလည်း ယခင်ကထက် ဖောင်းလာသည်။

သူမက ဓမ္မတာနှင့်ပတ်သက်၍ တစ်ခုခုမှားနေသည်ဟုသာ ပြောကာ ဆေးရုံ‌ကိုတော့ မသွားခဲ့ပေ။

ကိုယ်ဝန်ဆောင်ခြင်းက အခြေခံအားဖြင့် ပထမသုံးလတွင် မထင်ရှားသကဲ့သို့ သူမ၏သားကလည်း အလုပ်ထွက်လုပ်နေသည်ဖြစ်သောကြောင့် ကလေးရရန်မှာ မဖြစ်နိုင်၊ပါချေ။

ထို့အတွက် မစ္စရှင်းက ထိုအကြောင်းနှင့်ပတ်သက်၍ အများကြီးမတွေးခဲ့ပေ။

သူမက ချွေးမဖြစ်သူ ငုံ့ကိုင်းပြီး အန်နေသည်ကို တွေ့မြင်ရသည့်အသည်မှသာ သူမ၏ဗိုက်ကလည်း အနည်းငယ်ဖောင်းလာသည်လားဟု တွေးမိလာရသည်။

ထိုတစ်နေ့တည်းတွင်ပင် သူမက ချွေးမဖြစ်ကို ဆရာဝန်ဆီသို့ ခေါ်သွားပြီးပြသလိုခဲ့သည်။

ချွေးမဖြစ်သူက မသွားချင်ကြောင်းပြောလာချိန်တွင် ယောက္ခမဖြစ်သူကက သူမကို လှို့ဝှက်ထားသည့်ကိစ္စများရှိနေသည်လား သံသယရှိလာခဲ့သောကြောင့် အိမ်တွင် ကိစ္စကိုချဲ့ကား၍ ပြသနာရှာလာသည်။

အဆုံးတွင် ဆရာဝန်ကို ပြကြည့်ခဲ့ပြီး ချွေးမဖြစ်သူထံတွင် အမှန်တကယ်ကိုယ်ဝန်ရှိနေကြောင်းကို သိလိုက်ရလေ၏။

ရှင်းမိသားစုချွေးမက ကိုယ်ဝန်နှစ်လရှိနေပြီဖြစ်၏။

သို့သော် ရှင်းလော့အာ အိမ်မှ အဝေးရောက်နေသည့်မှာ သုံးလကျော်နေပြီဖြစ်ပြီး ကြားထဲတွင် အိမ်ကို တစ်ခါမျှပင် ပြန်ရောက်မလာခဲ့ချေ။

ဤသည်က မစ္စရှင်းကို စိတ်တိုဒေါသထွက်သွားစေခဲ့ကာ အိမ်တွင် ထိုင်ငိုလျက် ချွေးမဖြစ်သူမှ ဖောက်ပြန်လှည့်ဖျားနေကြောင်း စွပ်စွဲပြောဆိုနေတော့သည်။

“မင်း သူမကို လက်ထပ်မယ်လို့လုပ်ကတည်းက တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမက အကျင့်စာရိတကောင်းတွေမရှိဘဲ ပြဿနာတစ်ခုဖြစ်လာလိမ့်မယ်လို့ ငါ ပြောခဲ့သားပဲ

မင်းက နားမထောင်ခဲ့ဘူး! အခုတော့ ငါတို့ရှင်းမိသားစု မျက်နှာပျက်ရပြီလေ!”

ရှင်းမိသားစုချွေးမကတော့ မမျှတမှုအတွက် ငိုကြွေးနေခဲ့၏။

သူမက သူမယောကျာ်းကို အရှက်ရစေမည့်ကိစ္စမျိုး မည်သည်ကိုမျှ မလုပ်ခဲ့ကြောင်းပြောကာ ကိုယ်ဝန်မရနိုင်ဟု ပြောနေခဲ့သည်။

သူမသာ ကိုယ်ဝန်ရှိခဲ့လျှင်ပင် ယင်းက သူမအမျိုးသား၏ကလေးသာ ဖြစ်လိမ့်မည်။

ထိုအကြောင်းပြချက်ကြောင့် မိသားစုက ထပ်မံစစ်ဆေးရန် မြို့ကြီးက ဆေးရုံကို သွားခဲ့သည်။

သူတို့မည်သို့ပင် စစ်ဆေးပါ‌စေ၊ သူမတွင် ကိုယ်ဝန်ကိုးပတ်ရှိနေပြီဖြစ်ပြီး သူမ၏ ဗိုက်ထဲတွင် ကလေးတစ်ယောက်ရှိနေလေပြီ။

ယခုအချိန်တွင်တော့ ရှင်းမိသားစု၏ချွေးမတွင် ငြင်းစရာနည်းမရှိတော့ပါချေ။

သူမသာ သူ့ကို မဖောက်ပြန်ခဲ့လျှင် သူမ ထိုကလေးက လေဥပေါက်သကဲ့သို့ မွေးနိုင်ပါမည်လော။

ယခင်က ရှင်းမိသားစုချွေးမကို သနားစိတ်ဝင်နေခဲ့ကြသော ရွာသားများကလည်း သူမက ရိုးသားမှုမရှိဘဲ ဖောက်ပြန်ခဲ့ခြင်းဖြစ်မည်ဟု စတင်တွေးတောလာသည်။

သူမ၏ ယောက္ခမကို ဆန့်ကျင်ပြောဆိုသည့် အပြုအမူများက သူမ၏မရိုးဖြောင့်မှုအတွက် သက်သေဖြစ်လာသည်။

အတိုချုပ်ပြောရလျှင် ရှင်းမိသားစု၏ချွေးမက မည်မျှပင်ရှင်းချက်ထုတ်နေပါစေ၊ သူမ၏ဗိုက်က ပူဖောင်းကဲ့သို့ဖြစ်နေခဲ့ကာ တစ်ရက်ထက်တစ်ရက် ကြီးလာပြီး သူမ၏စိတ်ကလည်း ပို၍သာ မကြည်မလင်ဖြစ်လာသည်။

သူမ၏ယောက္ခမက နေ့တိုင်းဆူဆဲပြီး သူမယောကျာ်းကလည်း သူမကို ပစ်ပယ်ထားသည်။

သူမ အပြင်သို့ထွက်တိုင်းလည်း ရွာသားများက သူမ၏ ဗိုက်ကိုသာ အာရုံစိုက်နေသည့်အပြင် သူမကို စွပ်စွဲလှောင်ပြောင်မှုများ ပြုလုပာခဲ့ကြကြောင့် ရှင်းမိသားစု၏ချွေးမမှာ အမြန်ပင် ကိုယ်အလေးချိန်များကျဆင်းလာသည်။

ယောက္ခမဖြစ်သူက ရွာ၏ အကြားအမြင်ရသော နတ်ဆရာမအဘွားအိုဆီသွားပြီး ကိုယ်ဝန်ပျက်ကျစေသည့်ဆေး တောင်းခဲ့သည်ကိုလည်း ကြားခဲ့ရသည်။

ရှင်းမိသားစု၏ချွေးမက နှစ်ကြိမ်တိတိပင် ထိုဆေးကို သောက်ခဲ့သည်။ သို့သော် ထိုမိစ္ဆာအနှောင့်အယှက်လေးမှာ စွဲမြဲစွာခိုင်တွယ်နေကာ ပျက်မကျသွားခဲ့ချေ။

သူမ ဒုတိယအကြိမ် ဆေးသောက်ချိန်တွင် တစ်ညလုံး သွေးများဆင်းကာ နာကျင်မှုဖြင့် အော်ဟစ်နေရသည်။ သူမ၏အသံကြောင့် အိမ်နီးချင်းများပင် ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။

သို့သည့်တိုင်အောင် ကလေးမှာ ပျက်ကျမသွားခဲ့။

ဤအတိုင်း လအနည်းငယ်မျှဖြစ်နေကာ ပြီးခဲ့သည့်နှစ်ပတ်အလိုကမှ ရှင်းမိသားစုချွေးမက ကြိုးတစ်ချောင်းယူလာပြီး ရွာအဝင်ဝတွင် ကြိုးဆွဲချခဲ့ခြင်းဖြစ်သည်။

All Chapters