← Chapters

လေထုထဲတွင် ဖြစ်တည်လာသော သန္ဓေသား (4)

Vol. 34 Ch. 335

လေထုထဲတွင် ဖြစ်တည်လာသော သန္ဓေသား (4)

Vol. 34 Ch. 335

အိမ်ထဲတွင်ရှိနေသည့် “အကြီးအကဲ”က ထရပ်ကာ ပြတင်းပေါက်ဆီသို့ ကြမ်းတမ်းစွာ ဟောင်တော့၏။ အိမ်ပြင်ဘက်မှ အဆက်မပြတ်ဟိန်းသံက

ပို၍ပင်နာကျည်းမှုများလာခဲ့သည်။

“’အကြီးအကဲ’ ငါ ပြန်လာပြီဆိုတာ မင်းသိတယ်၊ ဟုတ်တယ်မလား”

“အမေ၊ အဖေ.. သားကို ဘာလို့ တံခါးဖွင့်မပေးကြတာလဲ..”

လူငယ်တစ်ယောက်၏ အသံမှသည် တိုးမြင့်လာသော အသံစူးစူးအဖြစ် ပြောင်းသွားကာ အဆုံးတွင်မူ ရုတ်တရက် မြင့်တက်သွားပြီး ထုံထိုင်းသွားစေသည်။

အိမ်ပြင်မှ အာခေါင်ခြစ်အော်သံထွက်လာသည့် တစ်ခဏတွင် အိမ်ထဲတွင် ချိတ်ဆွဲထားသည့် မီးအိမ်လေးလေးမှာ ပေါက်ကွဲထွက်သွားခဲ့သည်။

ကျယ်လောင်သည့် အသံကြီးနဲ့အတူ အခန်းတစ်ခုလုံးကလည်း မှောင်မိုက်သွားခဲ့သည်။ လူများ၏နှလုံးသားမှာလည်း တောင်ကြားအောက်ခြေသို့ ချက်ချင်းနစ်မြုပ်သွားကြ၏။

လူသားမျက်လုံးတို့အတွက် အမှောင်ထဲမှ အလင်းရောင်ကို ကျင့်သားရရန် အချိန်တစ်ခုစာမျှ ကြာသည်။

သို့သော် ထိုလူတို့ကို သတ်‌ချင်နေသည့်အရာမှာတော့ သူတို့ကို ကျင့်သားရအောင် အခွင့်အရေးတစ်ခုတစ်လေပင် မပေးပါချေ။

မှောင်မိုက်သည့်ပတ်ဝန်းကျင်တွင် နံရံကို ကုပ်တက်လာသည့်အသံက လူတို့၏အရေပြားများကို ထုံကျင်သွားစေကာ မမြင်ရသည့်အတွက် ဖြစ်လာသည့်ကြောက်ရွံ့မှုကိုလည်း မြှင့်တင်လိုက်သည်။

ထိုအခိုက်တွင် မီတာတစ်ဝက်ထက် နည်းသော အရာတစ်ခုက အမှောင်ထဲမှ ရုတ်တရက် ခုန်ထွက်လာကာ အိပ်ရာပေါ်တွင် တင်ထားသည့် စက္ကူလူသားကို ခုန်အုပ်လိုက်သည်။

သူ့လက်သည်းချွန်များနှင့် သွားများမှာ စက္ကူလူသား၏ဗိုက်ကို အကြမ်းပတမ်း ထိုးခွဲလိုက်သည်။

သို့သော် မျှော်လင့်ထားသည့် ချိုချိုပူပူ သွေးက ပန်းထွက်မလာခဲ့ဘဲ သူဆွဲဖြဲလိုက်သည့် “လူသား”ခန္ဓာကိုယ်မှာ ချက်ချင်း ပုပ်သိုးသွားသောကြောင့် သူက နောက်ပြန်ဆုတ်လိုက်သည်။

မိစ္ဆာကောင်က တစ်ခဏမျှ ရပ်တန့်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ကောင်းကင်မှကျလာသည့် ညှီစို့စို့ကြက်ဖသွေးတစ်ဇလုံက မိစ္ဆာကောင်ကို တိတိကျကျပင် ဖုံးလွှမ်းသွားလေသည်။

အပနှင်အရှိန်အဝါရှိသည့် ကြက်ဖသွေးက ထိုမိစ္ဆာခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် မိစ္ဆာကောင်က အော်ဟစ်လာပြီး မီးအဟုန်ဖြင့် လောင်ကျွမ်းခံနေရသည့်အလား အရိုင်းဆန်စွာ လှိမ့်တော့သည်။

သူက ဖောင်းထွက်နေသော မျက်လုံးအစုံဖြင့် ဝေ့ကြည့်ကာ လွတ်မြောက်ရန်အတွက် နံရံကို ကုပ်တက်တော့သည်။

ထိုစဥ် ကြည်လင်ပြတ်သားသည့် မန္တာန်တစ်ပုဒ်က အမျိုးသမီးတစ်ဦး၏ နှုတ်မှ ထွက်ပေါ်လာ၏။

‘ချီ’သံဖြင့် ကုကျစ်စုန့်၏ လက်ချောင်းထိပ်ဖျားကြားတွင် ညှပ်ထားသည့် အဝါရောင်အဆောင်စက္ကူက မီးတောက်တစ်ခုထွန်းတောက်လာပြီး နံရံပေါ်က သွေးရာများနှင့် ယင်းတို့ကိုဖြစ်စေခဲ့သော မိစ္ဆာကောင်ကို ဖော်ပြလိုက်သည်။

ထိုသည်မှာ မည်းပြာနေသော ခန္ဓာကိုယ်ရှိသည့် ကလေးပုံစံမိစ္ဆာဖြစ်ပြီး ချွန်ထွက်နေသော အစွယ်များနှင့် မျက်လုံးနီနီတို့ရှိကာ ဖုတ်ကောင်နှင့်ပင် တူနေသည်။

ထိုမိစ္ဆာက ထွက်ပြေးချင်နေသေးသည်ကို မြင်လိုက်ရလျှင် ကုကျစ်စုန့်က ဂါထာများကို ဆက်ရွတ်နေပြီး အဆောင်စက္ကူမီးများကို ကလေးပုံစံမိစ္ဆာဆီသို့ ကြိုပြီး ပစ်လွှတ်ရန် လက်မြှောက်လိုက်သည်။

ကလေးပုံစံမိစ္ဆာက အမြန်ပြေးတက်သွား၏။

အဆောင်စက္ကူမီးများကို ရှောင်တိမ်းနိုင်မည်ဟု သူ တွေးမိခဲ့ခြင်းပင်။

သို့သော် နောက်တစ်စက္ကန့်တွင် ယင်းက မှော်စွမ်းအင်ရှိသည့် အားကောင်းသော မိစ္ဆာဖိနှိပ်သံမှိုကြောင့် ဦးခေါင်းခွံကို ဖောက်ထွင်းသွားကာ သူ့တစ်ကိုယ်လုံး နံရံတွင် ချိတ်ခံထားလိုက်ရသည်။

တစ်ဖက်တွင် တခြားသူအချို့က တံခါးကို ချိုးဖြတ်ကာ မှော်လက်နက်တစ်ခုဆီကို ကိုင်ထားကြလျက် သစ်သားအိမ်တစ်ဝိုက် စောင့်ကြည့်လိုက်ကြသည်။

သူတို့က နောက်ထပ်မိစ္ဆာတစ်ကောင်ကို ဖမ်းတော့မည်ပင်။

သို့သော် သူတို့ထွက်လာသည့်အခိုက်တွင် မိစ္တာအမေမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

သစ်သားအိမ်ပတ်ပတ်လည်တွင် မည်သည့်အရာမျှမရှိနေခဲ့ပေ။

ရှီဟိုင်ဟုန်က လက်ထဲတွင် ဓားတိုတစ်ချောင်းကိုင်ထားပြီး ညနက်ထဲတွင် သတိရှိစွာ ကြည့်နေခဲ့သည်။ ပတ်ဘက်ပတ်လည်တွင် အန္တရာယ်များနေသည်ဟု သူမခံစားခဲ့ရသည်။ သို့သော် သူမမျက်လုံးထဲတွင် မိစ္ဆာကောင်ကို မမြင်ရပါချေ။

ထိုခဏတွင် တခြားလူသုံးယောက်က တစ်ယောက်‌ပြီးတစ်ယောက် အလန့်တကြားရေရွတ်သံများကို ပြောလိုက်ကြပြီး သူမ၏ နှလုံးသားက ခုန်ထွက်လာလုနီးပါးဖြစ်သွားခဲ့ရသည်။

“မင်းနောက်မှာ သတိထား!- “

ရှီဟိုင်ဟုန်က ခေါင်းကိုလှည့်လိုက်ချိန်တွက် သူမအမူအရာက အလွန်အမင်းပြောင်းလဲသွားရသည်။

လိမ်ကောက်နေသော ခြေလက်များဖြင့် တူးခြစ်လောင်ကျွမ်းနေသည့် အလောင်းကောင်တစ်ခုက သူမနောက်ဘက် ခပ်မြင့်မြင့်တွင် ရှိနေသည်။ ၎င်း၏မျက်နှာမှာ သွေးကဲ့သို့ချင်းချင်းနီနေပြီး မျက်လုံးနက်နက်တစ်စုံက အလွန်ကိုကြောက်စရာကောင်း‌လှသည်။

ရှင်းမိသားစုချွေးမ၏ အလောင်းက သစ်သားအိမ်ခေါင်မိုးပေါ်တွင် လှဲနေခဲ့ခြင်းပင်!

ထို့ကြောင့် သူတို့ အပြင်ထွက်ဖမ်းချိန်တွင် ယင်းကို မမြင်ခဲ့ရခြင်းပင်။

ဟဲမီထူက သူ့၏ပခုံးပေါ်မှ ‘ဆီတစ္ဆေ’ကို တိုက်ရိုက်ပစ်လွှတ်လိုက်လျှင် သစ်သားရုပ်အသေးလေးက အသက်ဝင်လာပုံရကာ မိစ္ဆာကောင်၏ခြေထောက်များကို ကိုက်က်ရန် အမြန်ပြေးထွက်လာသည်။သို့သော် ၎င်း၏ ချုပ်ထားနိုင်မှု တစ်ခဏသာ ကြာခဲ့သည်။

ရှင်းမိသားစုချွေးမမှာ အလွန်ပင် အငြိုးပြင်းထန်လှ၏။

ထိုမိစ္ဆာက ‘ဆီတစ္ဆေ’ကို တိုက်ရိုက်ခါချလိုက်ကာ ဖုတ်ကောင်လက်များကို မြှောက်လိုက်ပြီး ရှီဟိုင်ဟုန်၏ကိုယ်ကို နှစ်ပိုင်းဖြဲတော့မည့်ဟန်ပြင်လိုက်သည်။

“.. ကောင်းကင်ဧကရာဇ်က သရဲတွေကို သုတ်သင်ဖို့ ငါ့ကို သင်ကြားပေးပြီး မှော်နည်းလမ်းတွေကို ပေးခဲ့တယ်.. နိမိတ်မကောင်းတဲ့အရာတွေကို စုဆောင်းဖို့ ကျောက်စိမ်းဧကရာဇ်ကို ‌ပင့်ဖိတ်ပါတယ်..

တောင်ကျောက်တုံးကို ကွဲအက်သည်အထိနင်းချေ၊ အဖုံးအကာကိုဝတ်စေ..”

*

အရေးကြီးသည့် အခိုက်အတန့်တွင် ဂါထာမန္တာန်တစ်ပုဒ်က မဝေးလှသောနေရာတစ်ခုမှ ထွက်ပေါ်လာသည်။

ထို့နောက် လေခွင်းနိုင်သည့် စွမ်းအားနှင့် သစ်သားဓားရှည်တစ်ချောင်းက အလွန်လျင်မြန်လှသည့်အမြန်နှုန်းဖြင့် မိစ္ဆာကောင်ဆီ ဦးတည်ပြေးဝင်လာသည်။

“..နတ်ဆရာသခင် သတ်ဖြတ်ပြီး စွမ်းအားကြီးမှုတို့ကိုလည်း မဖြုံ.. အရင်ဆုံးမိစ္ဆာတစ္ဆေတို့ကို သတ်ဖြတ်ပြီး ညအလင်းကို ခွင်းစေတယ်

နတ်ဘုရားက လက်နက်မချဘူးဆိုရင် ဘယ်သရဲတစ္ဆေကများ ဒါကို ရင်ဆိုင်ရဲမှာလဲ..

အမြန်နိုးထပြီး အမိန့်ကိုနာခံစေ!”

‘နတ်ဆိုးသုတ်သင်ဂါထာ’၏ နောက်ဆုံးစာလုံး ထွက်လာသည့်အခိုက်တွင် မိစ္ဆာကိုဖြတ်တောက်မည့်စွမ်းအားနှင့် သစ်သားဓားများက တစ်ချိန်တည်းတွင်ပင် ကျဆင်းလာခဲ့သည်။

ရပ်တန့်မရနိုင်သော အရှိန်ဖြင့် ဓားက ရှင်းမိသားစုချွေးမ ဖုတ်ကောင်၏ လည်ပင်းကို ဟက်တက်ခွဲကာ ကွဲအက်သံတစ်ခုဖြင့် ဖုတ်ကောင်၏ခေါင်းကို ဖြတ်တောက်လိုက်သည်။

ဖုတ်ကောင်၏ခေါင်းမှာ မြေပေါ်တွင် လှိမ့်ကျသွားပြီး သစ်သားဓားက တုန်ခါကာ မြေပေါ်စိုက်သွားသည်။

ခေါင်းတခြားကိုယ်တခြားဖြစ်နေသည့် ဖုတ်ကောင်က အီနားရှားသဘောကြောင့် နှစ်လှမ်းမျှ ရှေ့သို့ယိုင်လာကာ နောက်ဆုံးတွင် ကွဲနေသည့်နေရာမှ အနံ့ဆိုးသွေးရည်များက ဆက်တိုက်ဆိုသလိုစီးကျလာခဲ့ကာ မြေပေါ်လဲကျသွားသည်။

ရှီဟိုင်ဟုန်၏နှလုံးသားမှာ ကဆုန်ပေါက်နေပြီး ရှော့ရနေဆဲပင်ဖြစ်သည်။ သူမက မြေပေါ်မှ ‌တူးခြစ်နေသောအလောင်းကို တစ်ချက်ကြည့်ကာ သစ်သားအိမ်တံခါးတွင် ရှိနေသော ကုကျစ်စုန့်ကို ကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ်”

“ရှင်က ကျွန်မရဲ့အသက်ကို ကယ်ခဲ့တာပဲ”

ကုကျစ်စုန့်က အသာခေါင်းငြိမ့်သည်။

“အလောင်းတွေကို အတူရွှေ့လိုက်.. ဖုတ်ကောင်အငွေ့အသက်တွေကြောင့် လျှပ်တိုက်မသွားအောင် သေချာဂရုစိုက်ကြအုံး”

ရှီဟိုင်ဟုန်က ခေါင်းငြိမ့်သည်။ သူမက ဟဲမီထူဆီ လျှောက်သွားကာ စိတ်ရင်းဖြင့် ပြောလိုက်၏။

“ခုနတုန်းက ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ရှင် ကျွန်မကို သိပ်ပြီးသဘောမတွေ့ဘူးလို့ အမြဲတမ်းထင်နေခဲ့တာ.. ကျွန်မ အမြင်ကျဉ်းခဲ့တာပဲ”

ဟဲမီထူက သူမကို တစ်ချက်ကြည့်သည်။ ထို့နောက် မိစ္ဆာ၏အကန်ခံရပြီးနောကာ သူ့ပခုံးပေါ်သိာ့ မကျေမနပ်နှင့် တွားတက်နေသော ‘ဆီတစ္ဆေ’ကို ကောက်လိုက်ပြီး နှာတစ်ချက်မှုတ်လိုက်သည်။

“မင်းပြောတာ အမှန်ပဲ.. ငါက တောက်ဓမ္မဂိုဏ်းက လူတွေအားလုံးကို မုန်းတယ်”

ရှီဟိုင်ဟုန် : “.......”

အလောင်းအသေးနှင့်အကြီးနှစ်ခုကို ဘေးချင်းကပ်ထားပြီးနောက် ကုကျစ်စုန့်၏အမူအရာက မှုန်မှိုင်းလာသည်။

“ရှင်တို့ ဘယ်လိုထင်လဲ”

ရှီဟိုင်ဟုန်က ရှင်းမိသားစုချွေးမ၏ မီးကျွမ်းနေသောအလောင်းကို ကြည့်ကာ သူမအရေပြားများပင် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။

၎င်းတို့ကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် သူမ မနေနိုင်စွာ မျက်မှောင်ကြုတ်မိပြီး အံ့အားတကြီး ပြောလိုက်၏။

“အဲဒါက ထွက်ပြေးချင်နေသေးတယ်!? ဒီသရဲမက အတော်လေးခေါင်းမာတာပဲ...”

လမ်းလျှောက်သရဲတစ်ကောင်အနေနှင့် အလောင်းထဲတွင် ဝိညာဉ်မရှိတော့ကြောင်း သူမ မြင်၏။

ရှင်းမိသားစုချွေးမ သူမ၏ ကိုယ်ကို ထိန်းချုပ်နိုင်နေရသည့်အကြောင်းရင်းမှာ သူမ၏ဝိညာဉ်က အလောင်းထဲ ရှိနေသောကြောင့်ဟု ဖြစ်ရပေမည်။

သို့သော် ယခု‌လေးတင် သူမ၏အလောင်းက နှစ်ပိုင်းကွဲသွားပြီဖြစ်ကာ ဝိညာဉ်ကလည်း ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်၏။

ဤအခြေအနေအောက်တွင်ပင် ယင်းက ဒဏ်ရာရထားသည့် ဝိညာဉ်ကို အမြန်ထွက်ပြေးရန် တွန်းအားပေးနိုင်နေသည်ဖြစ်၍ အလွန်ဇွဲကောင်းနေကြောင်း ဆိုနိုင်ပေ၏။

ဒေစီကတော့ တခြားတစ်ဖက်မှ ထူးဆန်းကာ ကြောက်မက်ဖွယ်အသွင်အပြင်ရှိပြီး ခေါင်းတွင် သံမှိုနက်နက်အစိုက်ခံထားရသည့် ကလေးအလောင်းကို ကြည့်နေခဲ့သည်။

တစ်ခဏမျှကြာပြီးနောက် သူမက ကုကျစ်စုန့်ကို မော့ကြည့်လိုက်သည်။

“စုန့်စုန့်.. ဒီကလေးက ရှင်နေသေးလား? ဒါမှမဟုတ် သေပြီလား?”

တခြားသုံးယောက် : “???”

ဤမိစ္ဆာအရာများနှင့်ပတ်သက်၍ ဒေစီ၏အာရုံခံနှုန်းမှာ အလွန်ပင် ထက်ရှလှ၏။ သူမက ကလေးပုံစံသရဲကြားမှ ကွာခြားချက်ကို ချက်ချင်းရှာတွေ့သွားသည်။

သူ့ခေါင်းတွင် ခပ်နက်နက်စိုက်ဝင်နေကာ ယာယီဖိနှိပ်ထားပြီး မျက်လုံးပိတ်ထားစေသည့် သံမှိုရှိနေချိန်တွင်ပင်လျှင် ကလေးသရဲကဒမျက်နှာပေါ်တွင် မသိသာသောအပြောင်းအလဲလေးများရှိနေသည်ကို မြင်နိုင်လေသည်။

ကုကျစ်စုန့်သာ သံမှိုကို ဖယ်လိုက်ပါက ချက်ချင်း မျက်လုံးထဖွင့်၍ လူများကို ခုန်အုပ်ကာကိုက်လိမ့်မည်ပင်!ဤသည်က ရိုးရှင်းသည့် အလောင်းတောင့်ခြင်းဖြစ်ရပ် သို့မဟုတ် ဝိညာဉ်နှင့်ခန္ဓာ တွဲလျက်ရှိနေသော ရှင်းမိသားစုချွေးမ၏ ပြန်ရှင်သန်ခြင်းတို့နှင့် ကွဲပြားသည်။

ကြည့်ရသည်မှာ ဤမိစ္ဆာလေးက ကိုယ်ထည်တစ်ခုဖြင့် မွေးဖွားလာပြီး ဝိညာဉ်ပါ ပေါင်းစပ်လာပုံရသည်။

ကုကျစ်စုန့်က အေးစက်စွာ ပြောသည်။

“ဒါ တစ္ဆေသန္ဓေသားပဲ”

“တစ္ဆေသန္ဓေသား? အဲဒါ ဘာများလဲ”

ဒေစီက မသိနားမလည်စွာ ကြည့်လိုက်သည်။

ဘေးနားတွင်ရပ်နေသည့် ရှီဟိုင်ဟုန်မှာ ထိုနာမည်ကို အလွန် ရင်းနှီးနေသည်ဟု ခံစားလိုက်ရကာ မယုံနိုင်စွာဖြင့် ပြောမိသည်။

“မဖြစ်သင့်ဘူးလေ.. တစ္ဆေသန္ဓေသားမှာက ပုံစံတော့ရှိပေမဲ့ ကိုယ်ထည်မှမရှိတာ.. ပြီးတော့ ကျွန်မတို့ရှေ့က တစ်ကောင်က ရှင်းရှင်းလင်းလင်းကို...”

All Chapters