ကိုယ်ဝန်ဆောင် သရဲအမျိုးသမီး(3)
Vol. 34 Ch. 338
ထိုလူက ပြင်းထန်သည့် ဒဏ်ရာများဖြင့် ဆိုးရွားစွာ သေခဲ့ရခြင်းပင်။ သူ့နှလုံးသားထဲမှ နာကျည်းမှုများကြောင့် သူက အငြိုးကြီးသရဲဖြစ်လာပြီး မြေအောက်လောက၏ ခြေရာခံမှုမှ လွတ်မြောက်ခဲ့သည်။
သူက ထွက်ပြေးနေတုန်းပင်ဖြစ်ပြီး အဖမ်းမခံရသေးသကဲ့သို့မြေအောက်လောကသို့လည်း အပို့မခံရသေးပါချေ။
ပို၍ကိုးရိုးကားရားနိုင်သောအရာမှာကား ဝမ်လင်း သေဆုံးသွားပြီးနောက်တွင် သူက သရဲဖြစ်လာပြီး ရှင်းလော့အာ၏ ဇနီးဖြင့်ပင် တစ္ဆေလက်ထပ်ပွဲရှိခဲ့ခြင်းပင်။
ကုကျစ်စုန့်က ပြောသည်။
“ကျွန်မ အခန်းကိုဝင်လာတုန်းက ရှင်းလော့အာကို ကြည့်လိုက်တော့ သူ့ကံကြမ္မာက မိစ္ဆာစွမ်းအားနဲ့ သွေးတွေပြည့်နေတာကို မြင်လိုက်ရတယ်၊ ဆိုလိုတာက သူ တစ်ယောက်ယောက်ကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးတော့ သတ်ခဲ့ဖူးတာပဲ”
“သူ့ကို ပြန်စစ်ဆေးဖို့အတွက် ကျွန်မတွက်ချက်ကြည့်ပြီးတဲ့နောက်မှာ စိတ်ဝင်စားစရာတစ်ခုတွေ့လိုက်ရတယ်..
သူ ကူးစက်ခံထားရတဲ့ မိစ္ဆာစွမ်းအားတွေက ဝမ်လင်းဆီကပဲ၊ ရှင်တို့ပြောတဲ့ ပိုက်ဆံတွေနဲ့ ထွက်ပြေးသွားတဲ့သူဆိုတာပေါ့.. ဒါပေမဲ့ သူသေသွားတာကြာပြီ”
လွန်ခဲ့သောနှစ်နှစ်က လုပ်သားခေါင်းဆောင် ဝမ်လင်းက လောင်းကစားအကြွေးများ တင်ခဲ့ပြီး ပြန်ပေးဖို့ရာအတွက် မတတ်နိုင်ဖြစ်ခဲ့ရသည်။
ကတ်ထဲတွင် အလုပ်မှ ငွေများစွာရှိနေသည်ကို မြင်သည့်နောက် နောက်ဆုံးတွင် ကောက်ကျစ်သောအကြံတစ်ခု ထုတ်လိုက်ပြီး ငွေများနှင့်ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
မပြေးခင်တွင် သူ့အကောင့်ကို ရပ်တန့်ထားခြင်းမှကာကွယ်ရန်အတွက် ပိုက်ဆံများအားလုံးကို တမင် ထုတ်ယူပြီး လူအနည်းငယ်သာရှိသည့် မြို့ပြကြီး၏ဘေးဘက်အစပ် တခြားရွာများအနီးတွင် အိမ်တစ်လုံး ငှားလိုက်သည်။
သူ အချိန်အတော်ကြာအောင် ဝရမ်းပြေးတိမ်းရှောင်နေခဲ့ပြီးနောက် သူ့လက်ထဲမှ ယွမ်လေးသိန်းကို ၁၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ရွှေထည်လက်ဝတ်လက်စားများကိုဝယ်ယူကာ နိုင်ငံခြားကို ပြေးရန် ကြံစည်ခဲ့သည်။
သို့သော်လည်း ထွက်မပြေးမီ တစ်နေ့တွင် အသောက်လွန်သွားခဲ့သောကြောင့် ဝမ်လင်းတစ်ယောကာ သူ့၏ သောက်ဖော်သောက်ဖက်များထံတွင် မပြောသင့်သည်များကို ထုတ်ပြောမိသွားခဲ့၏။
သူ့၏ သောက်ဖော်သောက်ဖက်များက ဝမ်လင်းတစ်ယောက် အကြွေးများရှောင်ပြေးကာ ပိုက်ဆံများနှင့်ထွက်ပြေးနေသည်ကို လက်သင့်မခံနိုင်ကြပေ။
ထို့ကြောင့် သူတို့က ရှင်းလော့အာတို့ထံသို့ ဤအကြောင်းပြောပြခဲ့ကြသည်။
ငွေကြေးများ လိမ်ယူခံလိုက်ရသော ရှင်းလော့အာနှင့် ညီအစ်ကိုများမှာ ထိုအကြောင်းကိုကြားသည်နှင့် အမြန်ပြေးသွားကာ ရက်အနည်းငယ်မျှ စောင့်ဆိုင်းနေခဲ့သည်။
တစ်ညတွင်တော့ သူတို့က ဝမ်လင်းတစ်ယောက် အပြင်ဘက်တွင် အကင်စားနေသည်ကို မိသွားခဲ့၏။
သူတို့တွင်တော့ ပိုက်ဆံမရှိဘဲ ရက်ပေါင်းများစွာ တလင်းပြင်တွင် အိပ်ခဲ့ရသော်လည်း ထိုသကောင့်သားမှာ အသားကင်များပင် စားသောက်နေသည်ကို မြင်လိုက်ရချိန်တွင်တော့ ရှင်းလော့အာနှင့် အပေါင်းအပါများအား အလွန်ပင် ဒေါသထွက်သွားစေခဲ့သည်။
သူတို့က ဝမ်လင်းကို အနီးအနားမှ ရွာ၏ ပြောင်းခင်းထဲသို့ ်ဆွဲခေါ်ကာ ရိုက်နှက်ကြတော့သည်။
ဝမ်လင်းမှာ သေလုဆဲဆဲဖြစ်နေခဲ့ပေပြီ။ သူ့၏မျက်နှာမှာ ညိုမည်းစွဲနေပြီး ဖောရောင်နေ၏၊
သို့သော် သူက ရဲကို ခေါ်ပြီး ထိုလူအုပ်စုကို ဖမ်းဆီး၍ ထောင်ထဲထည့်မည်ဟု အော်ဟစ်နေသေးသည်။
ထို့အပြင် ရွာသားများက သူ့ကိုအာရုံမစိုက်နေချိန်တွင် ဓားတစ်လက်ကိုထုတ်ကာ လူတစ်ယောက်၏ဗိုက်ကို ထိုးလိုက်ပြန်သည်။
စိတ်တိုနေပြီးသားလူများက ထိုသို့သော စိတ်ဆွမှုမျိုးကို သည်းမခံနိုင်ကြတော့ဘဲ သူ့ကို သတ်မိသွားသည်။
သူတို့ အကျိုးသင့်အကြောင်းသင့် ပြန်စဉ်းစားလာနိုင်သည့်အချိန်တွင် ဝမ်လင်းမှာ ဝင်သက်ထက် ထွက်သက်က များနေလေပြီ။
ရွာသားတစ်ဦးက အနည်းငယ်ကြောက်လာသည်။
“ရှုန်းတိတို့... ကြည့်ရတာ ကျုပ်တို့ သူ့ကို ရိုက်တာများသွားပြီထင်တယ်.. သူ့ကို သတ်တော့မသတ်မိပါဘူးနော်.. ဟုတ်တယ်မလား”
မည်သူက ခန့်မှန်းနိုင်လိမ့်မည်နည်း။
သို့သော်လည်း အဆုံးတွင်တော့ ရှင်းလော့အာနှင့် သူ့လူများက ရဲကိုမခေါ်သကဲ့သို့ ဝမ်လင်းကိုလည်း ဆေးရုံမပို့ခဲ့ပေ။
ဒေါသက သူတို့ကျိုးကြောင်းသင့်မှုများကို ဖုံးလွှမ်းသွားခဲ့ချေပြီ။
သူတို့က ကျူးလွန်ခဲ့ပြီးသွားပြီဟု တွေးတောလိုက်ကာ အမှန်တကယ်တမ်းတွင် ကယ်တင်နိုင်သေးသော၊ လုံးဝ အသက်ရှူမရပ်သေးသော၊ အသက်ရှင်နေသေးသော ဝမ်လင်းကို အမှိုက်ပုံတွင် မြှုပ်ခဲ့လိုက်ကြလေသည်။
ထို့နောက် ရွာသားများက ပြောင်းခင်းထဲတွင် စိတ်ငြိမ်စေရန် တစ်ညတာထိုင်နေခဲ့ပြီး သွေးစွန်းနေသည့်အရွက်များကိုလည်း ဖယ်ထုတ်ခဲ့၏။
တချို့သော ဆွေးနွေးမှုများအပြီးတွင် သူတို့က ဤကိစ္စကို သူတို့ဘာသာ ဖုံးကွယ်ထားပြီး မည်သူ့ကိုမျှမပြောရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့က ဝမ်လင်း၏အလောင်းကို ရှာပြီး သူ့မှတ်ပုံတင်နှင့် အခန်းကတ်တို့ကို ရှာကာ သူ့ကို ဟိုတယ်မှထွက်ရန်ကူပေးနေသော သူငယ်ချင်းများအဖြစ် ဟန်ဆောင်၍ ငှားထားသော အိမ်မှ ငွေနှင့် လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့ကြသည်။
ထိုနေရာက အနောက်မြောက်ဘက်မှ ခေါင်သီသောမြို့ဖြစ်သည့်အတွက် လုံခြုံရေးအစောင့်အရှောက်များအားလုံးကလည်း ဟန်ပြသက်သက်သာဖြစ်နေသည်။ရှင်းလော့အာနှင့် သူ့၏အပေါင်းအပါများထံတွင် ဝမ်လင်း၏မှတ်ပုံတင်ရှိနေသည်ကို တွေ့လိုက်ရလျှင် အိမ်ငှားအတွက် တာဝန်ရှိသူကလည်း မည်သည်ကိုမျှ သံသယမဝင်ဘဲ သူတို့ကို အခန်းငွေပြန်အမ်းလိုက်သည်။
ထိုလူများက ပိုက်ဆံကို ခွဲဝေလိုက်ကာ သူတို့ ရွာသို့ ပြန်ရောက်လျှင် တစ်ဖက်လူ ထွက်ပြေးသွားသည်ကို မတားလိုက်နိုင်ကြောင်းပြောရန် သဘောတူလိုက်ကြသည်။
လက်ထဲမှ ပိုက်ဆံကိုတော့ အချိန်တစ်ခဏအတွင်း သွားမထိသင့်သေးချေ။
၂ နှစ် ၃ နှစ်မျှ ကြာပြီးသည့်နောက်တွင် လူတိုင်းက သူတို့၏ လမ်းကြောင်းအသီးသီးအတိုင်း သွားကြမည်ဖြစ်ပြီး ရွာထဲမှ ထွက်ခွာခဲ့ချိန်တွင် သူတို့၏ ဝေစု ပိုက်ဆံကို ထုတ်သုံးနိုင်မည်ဖြစ်သည်။
သူတို့ ရွာကို ထိုကဲ့သို့ ပြန်လာခဲ့ကြသည်။
ရွာသားများကလည်း မည်သည်ကိုမျှ သံသယဝင်ခဲ့ခြင်း မရှိခဲ့ပါချေ။
တစ်နှစ်ကုန်လွန်သွားသည့်နောက်တွင် ရှင်းလော့အာနှင့် အဖော်များက ဤအဖြစ်ကို မေ့သလောက်ပင်ဖြစ်သွားခဲ့လေပြီ။
သို့ရာတွင် တစ်ညနေတွင်တော့ ရှင်းလော့အာတစ်ယောက် အိပ်မက်ထဲတွင် ရုတ်တရက် တစ္ဆေတစ်ကောင်ထံမှ ဖိထားခြင်းခံခဲ့ရသည်။
သူမျက်လုံးဖွင့်လိုက်ချိန်တွင် တွန့်လိမ်နေသောအရိပ်တစ်ခုက သူ့နှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုအရိပ်၏နှာခေါင်းနှင့် မျက်လုံးတွင် ရွှံ့နှင့် လောက်များ တက်နေခဲ့ပြီး ရှင်းလော့အာကို သေလုနီးပါး ကြောက်လန့်သွားစေခဲ့သည်။
“ရှင်းလော့အာ.. ငါ မင်းကို.. အတော်ကြာအောင်.. လိုက်ရှာနေခဲ့တာ..”
ထိုသူမှာ ရှင်လျက်နှင့်မြေမြှုပ်ခံခဲ့ရသော ဝမ်လင်းပင်ဖြစ်ချေ၏!
သူက အငြိုးကြီးတစ္ဆေဖြစ်သွားပြီး သူတို့၏ဘဝထဲသို့ ပြန်ရောက်လာခဲ့သည်။
ထိုအဖြစ်တွင် ပါဝင်ခဲ့ကြသည့် ရွာသားများမှာ တစ်ယောက်ပြီးတစ်ယောက် သူတို့အသက်ကို ခြွေရန် ရောက်လာသည့် ဝမ်လင်းကို အိပ်မက်မက်ခဲ့ကြသည်။
ဝမ်လင်းက ဆိုးရွားစွာသေဆုံးခဲ့ရပြီး မြေကြီးထဲတွင် နစ်သတ်ခံခဲ့ရသည်။ သေလွန်ပြီးသည့်နောက်တွင် အင်းဆက်ပိုးမွှားများနှင့် တီကောင်များ၏ အစားခံရပြီး ငြိမ်းချမ်းစွာ အနားယူနိုင်ခဲ့ခြင်းမရှိပေ။
သူက သူတို့ကို အသက်နှင့်ပြန်ပေးဆပ်စေလိုခဲ့သည်။
ရွာသားများမှာ ရဲကိုလည်းမခေါ်နိုင်ကြသကဲ့သို့ သူတို့မိသားစုများကိုလည်း မပြောရဲခဲ့ကြချေ။
လူအနည်းငယ်က တိုင်ပင်လိုက်ကြပြီးနောက် သူတို့က ဝမ်လင်းကို သနားငဲ့ညှာရန် တောင်းပန်ခဲ့ကြသည်။
“အစ်ကိုကြီးဝမ်လင်း ကျုပ်တို့ညီအစ်ကိုတွေက အစတုန်းက စိတ်လိုက်မာန်ပါလုပ်မိသွားတယ်ဆိုတာ ဝန်ခံပါတယ်.. ကျုပ်တို့အရမ်းစိတ်တိုသွားလို့ ပြစ်မှုရဲ့အတိုင်းအဆကို ဂရုမစိုက်မိလိုက်တာပါ
ဒါပေမဲ့ ခင်ဗျားကြောင့် ကျုပ်တို့လဲ တစ်နှစ်လုံး တစ်ပြားမှမရခဲ့ကြဘူးလေ.. တကယ်လို့ ကျုပ်တို့ရဲ့ပိုက်ဆံတွေသာ ပြန်မရရင် ကျုပ်တို့မိသားစုတွေ ငတ်ကုန်ကြမှာပေါ့!”
“သေပြီးသားသူတွေက ပြန်ရှင်မလာနိုင်ဘူး.. ကျေးဇူးပြုပြီး သနားသောအားဖြင့် ကျုပ်တို့ကို ချမ်းသာပေးပါ..
ကျုပ်တို့... ခင်ဗျားအတွက် စက္ကူမီးရှို့ပြီး အမွှေးတိုင်တွေထွန်းပေးပါ့မယ်၊ ခင်ဗျားရဲ့ဆန္ဒတွေကိုလဲ ဖြည့်ဆည်းပေးပါ့မယ်”
“ကျုပ်တို့ကို သတ်ချင်တယ်ဆိုရင်တော့ ခင်ဗျားနဲ့ရှင်းဖို့ တာအိုဆရာသခင်တစ်ပါးပါးကိုပဲ ပင့်ဖိတ်ရတော့မှာပဲ”
ဝမ်လင်းကိုယ်တိုင်က အစွမ်းကြီးလှသည့်အငြိုးများနှင့် သရဲကြီးတစ်ကောင် မဟုတ်သည့်အတွက် သူက ရှင်းလော့အာနှင့် အခြားသူများကို သတ်လိုသော်လည်း မသတ်နိုင်ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင်တော့ သူက ရှင်းလော့အာနှင့် အခြားသူများကို တောင်းဆိုလိုက်လေ၏။
သူက သူ့အတွက် ကလေးမွေးပေးရန် ဇနီးတစ်ယောက်ကို လိုချင်နေခြင်းဖြစ်၏။
သူသေဆုံးချိန်က ၂၈ နှစ်သာ ရှိသေးသည်ဟု ဝမ်လင်းက ပြော၏။
ဇနီးနှင့် သားသမီးများမရှိဘဲ အချည်းနှီးစွာ နေခဲ့ရ၏။ သူက ၎င်းကို လက်မခံနိုင်ခြင်းပင်။
ရွာသားများက အချင်းချင်းကြည့်လိုက်ကြပြီး ထိုတောင်းဆိုချက်ကို သဘောတူခဲ့ကြသည်။
သူတို့က သူ့အတွက် စက္ကူလူသားလုပ်ပေးရန် ငွေကြေးများသုံးရန် တွန့်ဆုတ်ခဲ့ကြရုံသာ ရှိသည်။
ရလဒ်အနေဖြင့် ဝမ်လင်းမှာ မကျေနပ်ဘဲ ဒေါသပါ ထွက်သွားခဲ့သည်။
သူက အစစ်အမှန် “ဇနီး”တစ်ယောက်ကိုသာ လိုချင်ခြင်းဖြစ်၏၊
စက္ကူရုပ်ကိုမဟုတ်!
ရှင်းလော့အာနှင့် အခြားသူများတွင် ရွေးချယ်စရာမရှိခဲ့ဘဲ ဝယ်သူစိတ်ကြိုက်လုပ်ငန်းတွင် ရှိမည့် တချို့သောမိန်းမများကို ရှာရုံသာတတ်နိုင်ခဲ့သည်။
သို့သော် ဤနေရာက ဝေးလံချောင်ကျလွန်းပြီး ကျေးလက်ဓလေ့များမှာ ရိုးရှင်းလွန်းရကား လူကုန်ကူးသူဟူ၍ မရှိသလောက်ပင်။
ထို့ကြောင့် သူတို့ သင့်လျော်သည့်သူကို ရှာမတွေ့ခဲ့ချေ။
အဆုံးတွင်တော့ ဝမ်လင်းက သူတို့အိပ်မက်ထဲတွင် လူများကို သေသည်အထိ လည်ပင်းညှစ်ကာ အန္တရာယ်ရှိသည့် ရည်ရွယ်ချက်ဖြင့် ပြောလာသည်။
“မင်းတို့ တကယ်ပဲ တစ်ယောက်ယောက်ကို မရှာနိုင်ခဲ့ရင် မင်းတို့ရဲ့မိန်းမကိုပဲ ပေးလိုက်တော့”
ဤရက်ပိုင်းတွင် ထိုလူများမှာ ပြိုကွဲလုနီးပါး ဒုက္ခခံခဲ့ရပြီး သူတို့လည်ပင်းတွင်ပင် အညိုမည်းကွက်များ ရှိနေကြပေပြီ။
သူတို့က ဝမ်လင်းကို အဝေးသို့ပို့ချင်လှပြီဖြစ်သည်။ အချိန်ကြာမြင့်စွာတိတ်ဆိတ်နေကြပြီးနောက်တွင်တော့ လူများက ဤရူးကြောင်ကြောင်တောင်းဆိုချက်ကို လက်ခံလိုက်ကြတော့၏။အဆုံးတွင်တော့ သူတို့တွင် အသက်တစ်ချောင်းတည်းသာရှိပြီး ဇနီးများကိုတော့ဖြင့် ထပ်ယူလို့ရနိုင်လေသည်။
ရွာသားများက မဲနှိုက်ရန် ဆုံးဖြတ်လိုက်သည်။ မဲကျသူက ကိုယ်ပိုင်ဇနီးကို ဝမ်လင်းအား “ဇနီး”အဖြစ် ပေးရမည်ဖြစ်သည်။
ရလဒ်အနေဖြင့် မဲကျသွားသူမှာ ကွမ်ကျိ၏အဖေ ဖြစ်နေခဲ့သည်။