← Chapters

ဝိဥာဥ်သုံးခု၊ စိတ်ဝိဥာဥ် ခုနှစ်ခု(1)

Vol. 34 Ch. 340

ဝိဥာဥ်သုံးခု၊ စိတ်ဝိဥာဥ် ခုနှစ်ခု(1)

Vol. 34 Ch. 340

ပုံမှန်ကလေးများနှင့် မတူသည်မှာကား သရဲန္ဓေသားက ကြီးထွားနှုန်း မြန်ဆန်ခြင်းပင်။

ခန္ဓာနှင့် ဝိညာဉ်ကြီးထွားနှုန်းကို ကိုက်ညီစေရန် သရဲ‌သန္ဓေသားက မျိုးအောင်ဥထဲ ဝင်ပြီးသည့်အခိုက်အတန့်တွင် ရှင်းမိသားစုဇနီးသည်၏ ရှင်သန်နိုင်စွမ်းနှင့် သွေးတို့ကို စတင်၍ ကတိုက်ကရိုက်

စုပ်ယူတော့သည်။

အလျင်အမြန်ကြီးထွားလာ‌သော အသားလုံးက ရှင်းမိသားစု၏ချွေးမ၏ ကိုယ်ထဲမှ အစားခံလိုက်ရသော အသွေးအသားများပင် ဖြစ်ပေ၏။

သည်းမခံနိုင်လောက်စရာ ဗိုက်နာမှုများကြောင့် သူမ နေ့တိုင်း နာကျင်နေရ၏။ သို့သော် သူမ၏ ဗိုက်ထဲတွင် စွဲကပ်နေသည့်သရဲလေးရှိနေကြောင်းကို သူမ မသိသေးချေ။

ဆိုရလျှင် သူမ အဆုံးမစီရင်ခဲ့လျှင်ပင် သူမ၏ဗိုက်ထဲက သရဲလေး အပြည့်အဝရင့်သန်လာသည့် နှစ်လသုံးလအတွင်း သူမ သေဆုံးသွားရလိမ့်မည်ဖြစ်သည်။

ထိုအချိန်တွင် သူမ၏တစ်ကိုယ်လုံးမှ ရှင်သန်နိုင်စွမ်းနှင့် သွေးများမှာ ပြောင်စင်သွားပြီး အကာခွံကြီးသာ ကျန်ရှိလိမ့်မည်ပင်။

ကုကျစ်စုန့် ထိုအကြောင်းများကို ပြောပြီးနောက် သူမ၏အနားမှ တိတ်ဆိတ်နေသော ရွာသားများကို တစ်ချက်ကြည့်လိုက်သည်။

“ဒီတော့ သေသွားတဲ့လူတွေက အပြစ်ကင်းစင်တယ်လို့ ရှင်တို့ထင်နေကြတုန်းပါလား”

သေဆုံးသွားသည့် ရွာသားတိုင်းက ရှင်းမိသားစုချွေးမကို အနိုင်ကျင့်ခဲ့ပုံမပေါ်သော်လည်း သူမကို သေလမ်းတွန်းပို့ခဲ့သည့် ကြံရာပါများပင်ဖြစ်ကြ၏။

သူတို့ အကြွေးတောင်းခဲ့သည့်က ဆိုးရွားသောအရာခဲ့မဟုတ်သော်လည်း ဝမ်လင်းကို အသက်ရှင်လျက် မြုပ်နှံရန် နည်းလမ်းကို အသုံးပြုခဲ့သည်ကဆော့ ဆိုးရွားသော နည်းလမ်းတစ်ခုပင်ဖြစ်ပေ၏။

ပို၍ပင် မတရားသော အရာမှာကား သူတို့က ကိုယ့်တိုင်၏ အပြစ်ကိုပင် ရင်မဆိုင်ရဲကြဘဲ သူတို့၏ ဇနီးသည်များကို ရေထဲဆွဲချလိုခြင်းပင်။

ရှင်းမိသားစု၏ ချွေးမအမြင်တွင်မူ သူတို့အားလုံးက လူသတ်သမားများသာ ဖြစ်ကြ၏!

အထူးသဖြင့် ဇနီးရွေးခြင်းကို မဲနှိုက်ရန် ပထမဆုံး ဦးဆောင်ပြောခဲ့သည့် “ကွမ်ကျိ၏အဖေ”ပင်။

သို့သော် သူက ကိုယ့်မိသားစုကို ပြန်ရွေးမိသွားသောအချိန်တွင် ကြင်နာကရုဏာထားသကဲ့သို့ ဟန်ဆောင်၍ တခြားသူများကို မီးတွင်းထဲသို့ တွန်းချခဲ့လေသည်။

ရှင်းမိသားစုချွေးမက သူ့ကို မုန်းတီး၏။

သူမ၏ အမုန်းတရားမှာ နက်ရှိုင်းလွန်းသောကြောင့် သူမ ပြန်လည်မွေးမဖွားနိုင်ခဲ့လျှင်ပင် သူမကို အန္တရာယ်ဖြစ်စေခဲ့သော ထိုသူများကို အတူတကွ ငရဲသို့ ပို့ပစ်ပေလိမ့်မည်!

လားမူတစ်ယောက် ပါးစပ်ဟလိုက်သည့်တိုင် မည်သည့်စကားကိုမျှ မပြောနိုင်ခဲ့ပေ။

ထိုခဏတွင် စကားလုံးများနှင့် တောင်းပန်မှုများက အားပျော့လွန်းပြီး သေလွန်သူ ခံစားခဲ့ရသော နာကျင်မှုအတွက် နှစ်သိမ့်ဖို့ရာ မတတ်နိုင်စွမ်းနိုင်ပါချေ။

သူ အနည်းငယ်စိတ်ဓာတ်ကျနေပုံရပြီး ခါးသက်စွာ ပြုံးလိုက်သည်။

“ကျုပ်တို့.. ရှင်းမိသားစုချွေးမအပေါ် မတရားခဲ့ဘူး.. အဲဒီအချိန်က သူမ ဣန္ဒြေမဲ့တယ်လို့ ကျုပ်လည်း ပြောခဲ့ဖူးတယ်

သူမ ကျုပ်တို့ကို ခွင့်လွှတ်ဖို့ ဘယ်လိုတောင်းပန်ရမလဲဆိုတာတောင် ကျုပ်..ကျုပ် မသိတော့ပါဘူး”

သို့သော် လူက သေသွားပြီဖြစ်သောကြောင့် တောင်းပန်၍လည်း အကျိုးမရှိတော့ကြောင်း လူတိုင်းသိထားကြပေ၏။

ကုကျစ်စုန့်တို့ကဲ့သို့ အပြင်လူများ မရောက်လာခဲ့လျှင် ရှင်းမိသားစု၏ချွေးမက ထိုသို့သော ဝမ်းနည်းဖွယ်အဖြစ်ကို ကြုံတွေ့ခဲ့ရကြောင်းကို သူတို့သိလိမ့်မည် မဟုတ်ပေ။

အပြစ်ကင်းပုံရသော နစ်နာသူများကလည်း တကယ်တမ်းတွင် မည်သည့် အရာများကို လုပ်ခဲ့ခြင်းဖြစ်ကြောင်းကို သူတို့ အဘယ်သောအခါမှ သိနိုင်မည်မဟုတ်။

တခြားဘေးလူများ၏မျက်နှာများကလည်း အလွန်ပူလောင်နေခဲ့ကြပြီး သူတို့၏အမြင်တွင် ရိုးသားပုံရသော ရှင်းလော့အာက ထိုသို့အရာများကို မည်သို့လုပ်ခဲ့သည်ကို အံ့သြမိနေခဲ်ကြသည်။

ထိုအချိန်တွင် တစ်ယောက်က တီးတိုးပြောလာခဲ့သည်။

“ငါ နည်းနည်းသိချင်နေတာ.. ရှင်းလော့အာက ဒီလောက်ရက်စက်ခဲ့တာတောင် သူ့မိန်းမက ဘာလို့ သူ့ကိုမသတ်တာလဲ”

ကုကျစ်စုန့်က ပြန်ဖြေလိုက်သည်။

“သူ့ကို သတ်ဖို့မတွေးခဲ့ဘူးလို့ ဘယ်သူပြောလဲ.. သူက ဒီမှာရှိတာ အတော်ကြာနေပြီ၊ တစ်ယောက်ယောက်က သူ့ကို ဘေးရန်ကနေ ကာကွယ်ပေးထားလို့သာ လွတ်နေတာပဲ”

“ဘေးရန်ကနေ ကာကွယ်တယ်?”

ရွာသားများနှင့် ပါဝင်သူများက တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပြီး သူတို့မျက်နှာများ ရုတ်ခြည်း ပြောင်းလဲသွားကြသည်။

“ကုတောက်ကျန့်၊ ခင်ဗျားပြောနေတဲ့ ဘေးရန်အကာအကွယ်က ... ရှင်းမိသားစုအကြီးဆုံးချွေးမတော့ မဖြစ်နိုင်ပါဘူးနော်?”

“သူမပဲ.. မဟုတ်ရင် သူမ မသေသေးတာတောင် သူမရဲ့အမေကိုယ်တိုင်က သူမကို မြေအောက်ခန်းထဲမှာ ဘာလို့ ဖွက်ထားမှာလဲ”

ကုကျစ်စုန့်က မြေပေါ်တွင်လဲနေသော မစ္စရှင်းကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ဆိုရိုးတစ်ခုရှိတယ်၊ ကျားတစ်ကောင်တောင် သူ့တို့ရဲ့သားပေါက်ကို ပြန်မစားဘူးတဲ့.. မစ္စရှင်းက ရက်စက်လွန်းတယ်

သူမရဲ့သားကို ဘေးရန်ကနေ ကာကွယ်ဖို့ သမီးဖြစ်သူကို သုံးခဲ့ရုံနဲ့ မလုံလောက်သေးဘူး.. သမီးဖြစ်သူက သူ့ကို နှစ်ကြိမ်တောင် ကာကွယ်ပေးခဲ့ရတယ်”ရှင်းမိသားစုမှ အကြီးဆုံးသမီးကို အပေါ်သို့ သယ်လာပြီးနောက် သူမ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်တစ်ခုနှင့် စိတ်ဝိညာဉ်နှစ်ခုသာ ကျန်တော့ပြီး သူမ၏မျက်နှာတွင်လညား ဘေးရန်နှစ်ခုကို ပြသနေသည်။

ဤသည်မှာ တစ်စုံတစ်ယောက်က သူမ၏ သွေးချင်းဆွေမျိုးကို အသက်ဘေးမှ နှစ်ကြိမ်ကာကွယ်ရန် ဤအကြီးဆုံးသမီး၏ဝိညာဉ်ကို မှော်ပညာဖြင့် သုံးခဲ့ကြောင်း ပြသနေခဲ့သည်။

နတ်ဆရာ ခေါင်းကိုင်အဘွားအိုက မစ္စရှင်းနဲ့ ဆက်ဆံရေးတစ်ခုရှိမည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့်သာ သူမက မစ္စရှင်းကို ထိုသို့သောယုတ်မာသည့်အရာကို ကူညီခဲ့‌ခြင်းဖြစ်၏။

ကံမကောင်းစွာဖြင့် ရှင်းမိသားစုချွေး၏အာဃာတမှာ နက်ရှိုင်းလွန်းသည့်အတွက် သူမ(ချွေးမ)က အလှည့်စားခံလိုက်ရကြောင်းကို လျှင်မြန်စွာ သိသွားခဲ့လေ၏။

သူမက ထိုမကောင်းသည့်အရာကို ကူညီခဲ့သူကို အရင်သွားရှာကာ သတ်လိမ့်မည်ဟု ခေါင်းကိုင်အဘွားက မမျှော်လင့်ထားခဲ့မိချေ။

ကုကျစ်စုန့် လားမူကို ထပ်ပြောသည်။

“အခုချက်ချင်း ရှင်းမိသားစုရဲ့ အုတ်ဂူကိုတူးဖို့ တစ်ယောက်ယောက် ရှာပေးပါ.. အထဲမှာ လူသေပိတ်စနဲ့ပတ်ထားတဲ့ စက္ကူလူသားတစ်ခုရှိလိမ့်မယ်

အဲဒီစက္ကူလူသားရဲ့ မျက်လုံးတွေက ရှင်းမိသားစု အကြီးဆုံးသမီးရဲ့ သွေးနဲ့ ခြယ်ထားတာ၊ ဒါပေမဲ့ စက္ကူလူသားရဲ့ရင်ဘတ်ပေါ်မှာ ရေးထားတဲ့မွေးနေ့ကတော့ မစ္စရှင်းကိုယ်တိုင်ရဲ့မွေးနေ့ပဲ”

သူမ ပြောပြီးသည်နှင့် ရွာသားများက တူရွင်းများကို ယူကာ အကြီးဆုံးသမီးရှင်း၏အုတ်ဂူအတုကို တူးဆွတော့သည်။

အထဲမှ စက္ကူလူသားမှာ အမှန်တကယ်ပင် ကုကျစ်စုန့်ပြောပြခဲ့သည်နှင့် တူညီနေခဲ့သည်။

အလောင်းတုတွင် လူအိုများ၏ လူသေပိတ်စကို ပတ်ထားပြီး ရင်ဘတ်တွင်လည်း မစ္စရှင်း၏မွေးနေ့ရှိနေသည်။

ညနက်နက်တွင် ရွာသားများက တူရွင်းများကို ကိုင်ထားကြကာ ဓာတ်မီးများထွန်းပြီး တောင်နောက်မြေအပုံမှ အုတ်ဂူမြေကို တူးတော့သည်။

မှုန်မှိုင်းသော လရောင်အောင်တွင် ရှင်းမိသားစုအကြီးဆုံးသမီး၏အုတ်ဂူကို တူးပြီးနောက် ရွာသားများက သူတို့နှလုံးသားမှကြောက်ရွံ့မှုကို လျစ်လျူရှုကာ အခေါင်းအတုကို သယ်လာခဲ့သည်။

အခေါင်းကိုဖွင့်ပြီးနောက်တွင် အထဲတွင် လှဲနေသော သွေးနီရောင်မျက်လုံးနှင့် ထူးဆန်းသည့်စက္ကူလူသားကို မြင်လိုက်ရလေ၏။

ရွာသားများက ထိတ်လန့်ရပ်တန့်သွားကြကာ ရှင်းမိသားစု၏အိမ်ပေါက်ဝသို့ အခေါင်းကို အမြန်ပို့လိုက်တော့သည်။

ထိုအချိန်တွင် ရာချီသည့်လူများက ရှင်းမိသားစုခြံဝင်းကို ဝန်းရံနေကာ ရှင်းမိသားစုခြံပေါက်ဝမှသည် လမ်းထိတိုင်အောင် ရှိနေခဲ၏။

ဖြစ်ရပ်၏အမှန်တရားကို ကြားပြီး ရွာသားများက ရှော့ရနေကြကာ တချို့ကတော့ သူတို့၏ဆွေမျိုးများကို ပြောပြရန်အတွက် အိမ်အမြန်ပြန်ကြတော့သည်။

ရွာ၏တစ်ဝက်လောက်က ထိုနေရာတွင် ရှိနေကြကာ ဓာတ်မီးများနှင့်အတူ ရှင်းမိသားစုအိမ်ရှေ့ကို ဝန်းရံနေသောကြောင့် မီးများထိန်ထိန်ညီးလျက် ရှိနေသည်။

တချို့သော ဒေါသကြီးသည့် ရွာသားများက ဟင်းရွက်ပုပ်များကို ယူကာ ရှင်းမိသားစု ခြံထဲတွင် ထိုင်နေသည့် မစ္စရှင်းကို ပစ်ပေါက်ကြတော့သည်။

ပစ်ပေါက်နေစဉ်တွင် တစ်ယောက်က လှမ်းဆဲသည်။

“စိတ်ပုပ်တဲ့ဘွားတော်ကြီး၊ ခင်ဗျားက ယုတ်မာတဲ့ဝံပုလွေပေါက်လိုကောင်ကို မွေးထားတာပဲ.. ခင်ဗျားက သမီးကိုသတ်ပြီး ခင်ဗျားသားကတော့ ကိုယ့်မိန်းမကို အဆိပ်ခတ်ခဲ့တယ်.. ခုတော့ တစ်ရွာလုံးက ကမောက်ကမတွေဖြစ်ကုန်ပြီ!”

မစ္စရှင်းက အရပ်ပုပြီး ပိန်ပါးသော်ငြား သူမကလည်း ဒေါသကြီးသူဖြစ်၏။

သူမက ဘေးမှကြက်ခြံဆီသို့ ဝင်သွားပြီး ကြက်များ ကြောက်ရွံစွာ ပြေးလွှားပျံနေသော ခြံထဲမှ ကြက်ချီးပေနေသောကြက်ဥနွေးများကို ကောက်ယူကာ ခြံပေါက်ဝတွင် အော်နေသည့် ရွာသားများကို ခုန်၍ပစ်လိုက်သည်။

“နင်တို့လည်း မကောင်းတဲ့ကောင်တစ်သိုက်ပဲလေ.. အခုတော့ လူကောင်းဟန်ဆောင်နေပြီပေါ့

အစတုန်းကတော့ နင်တို့တွေလည်း အညွန့်တလူလူတက်ပြီး အများဆုံး ဆဲခဲ့တာပဲ!”

မစ္စရှင်းကလည်း ခါးထောက်၍ ဒေသိယစကားနှင့် ပြန်ဆဲသည်။

လူတစ်ယောက်က အသက်ရှူ၍ပင်မဝဖြစ်သွားခဲ့သည်။ သို့သော် ရာနှင့်ချီသည့် လူများကတော့ မဟုတ်ပါချေ။

“နင်တို့ရဲ့မျက်နှာတွေပေါ်က အဝတ်စကို ဖယ်ရဲလား.. နင်တို့ရဲ့မျက်ခွက်တွေပေါ်က အနာပုပ်တွေကို ကြည့်လိုက်စမ်းပါ.. နင်တို့ ဒါနဲ့ပဲတန်တယ် ငါ့သားကိုဆဲချင်တယ်ပေါ့? နောက်နေ့ နင်တို့အားလုံး ‘စွန်းထင်း’နေစေရမယ်”

ဝါးထော်ရွာတွင် ‘စွန်းထင်း’ဟူသည့်စကားက အလွန်စက်ဆုပ်ဖွယ်ကျိန်ဆဲမှုဖြစ်၏။

တစ်ဖက်မိသားစုက ကံဆိုးမှုများကြုံတွေ့ရပြီး ဆွေမျိုးများအားလုံး သေရမည်ဟု အဓိပ္ပာယ်သက်ရောက်သည်။

မျက်နှာကို ကြက်ဥနှစ်များနှင့် အပစ်ခံခဲ့ရသည့်ရွာသားများမှာ အလွန်ပင် ဒေါသထွက်ကာ စိတ်အနှောင့်အယှက်ဖြစ်လာကြသည်။

သူတို့က ရန်ဖြစ်ရန်အတွက် ခြံထဲသို့ ပြေးဝင်သွားရန် လုပ်ခဲ့သော်လည်း တခြားရွာသားများက သူတို့ကိုအမြန်တားဆီးကာ အပြင်ဘက်မှ စက္ကူအခေါင်းကို သယ်လာသည့်ရွာသားများအတွက် လမ်းဖယ်ပေးလိုက်ကြသည်။

ယခုတွက်တော့ ဘေးပတ်လည်မှ ရာဂဏန်းရှိသည့် ရွာသားများမှာ ခေါင်းတလားထဲမှ ထူးဆန်းသည့်မြင်ကွင်းကို မြင်လိုက်ရပြီး တံတွေးမျိုချကာ ‘ဆိုးရွားလိုက်တာ’ဟုသာ ပြောနိုင်ခဲ့ကြတော့သည်။

*

All Chapters