ပါးလွှာသော လေထုထဲတွင် ရရှိလာခဲ့သော သန္ဓေသား (1)
Vol. 34 Ch. 332
လားမူတစ်ယောက် ကိစ္စအားလုံးကို ပြောပြီးနောက်တွင် သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုတို့ ပြည့်နှက်လျက် ပြော၏။
“ဆရာသခင်တို့ .. နားထောင်ကြည့်ပါအုံး.. ကျုပ်တို့ရွာကလူတွေ ဘာများမှားခဲ့လို့လဲ”
“ရွာသားတွေက စကားများကြပြီး အတင်းအဖျင်းပြောရတာ ကြိုက်ကြတယ်ဆိုတာ ကျုပ်ဝန်ခံတယ်၊
ဒါပေမဲ့ ကျုပ်တို့ထဲက တစ်ယောက်ကမှ သူမကို မတရားမလုပ်ခဲ့ကြဘူးလေ
သူမက ရှင်းလော့အာရဲ့နောက်ကွယ်မှာ ကိုယ်ဝန်ရသွားပြီး အမှန်တရားကို ပြောဖို့ ငြင်းဆန်နေခဲ့တာ
ရွာတွေကို မပြောနဲ့..ခင်ဗျားတို့မြို့သူမြို့သားတွေတောင် ဒီလိုမိသားစုမျိုး ရှိနေရင် အနည်းအကျဉ်းလောက်တော့ ပြောမိကြမှာပဲလေ”
မိမိဘာသာ တစ်ယောက်တည်းကိုယ်ဝန်ရသွားသည့်ကိစ္စက ဤလောကကြီးတွင် ကြားဖူးနားဝမဟုတ်သည့် ကိစ္စမျိုးပင်ဖြစ်၏။
ကုကျစ်စုန့်က အနည်းငယ်မျက်မှောင်ကြုတ်ကာ မေးသည်။
“သေသွားတဲ့အမျိုးသားနဲ့ အမျိုးသမီးက သူမနဲ့ ဘယ်လိုပတ်သက်ခဲ့တာလဲ”
လားမူက ခေါင်းခါကာ ပြောသည်။
“ကျုပ်တို့အစတုန်းက တွေးခဲ့တာက သူမ.. သူမရဲ့ရည်းစားက သေသွားတဲ့ရွာသားတွေထဲမှာပဲ ရှိမယ်လို့ထင်နေတာ၊ ဒါပေမဲ့ အဲဒီသေဆုံးတဲ့လူတွေက သူမရဲ့ယောကျာ်းရှင်းလော့အာလိုပဲ တစ်နှစ်ပတ်လုံး အပြင်ထွက်အလုပ်လုပ်ကြတာ၊ ဒီတော့ အချိန်ကလဲ မကိုက်နေဘူး”
“အကြီးဆုံးသမီးအတွက်က ပိုတောင် မဖြစ်နိုင်သေးတယ် ရှင်းမိသားစုရဲ့ သမီးကြီးဖြစ်တဲ့ ရှင်းလော့အာရဲ့ သွေးချင်းအစ်မက ရိုးသားတဲ့လူတစ်ယောက်ပဲ
သူမက သိမ်သိမ်မွေ့မွေ့နဲ့ပဲ မိသားစုနဲ့ မောင်ဖြစ်သူကို ကူညီနေတာ.. သူမ ရှင်းမိသားစုကို ဘယ်လောက်တောင်ဂရုစိုက်တယ်ဆိုတာ လူတိုင်းမြင်နိုင်တယ်..
သူမရဲ့ တစ်ဖက်ဆွေမျိုးတွေကတော့ ဒီအပြုအမူနဲ့ပတ်သက်လို့ အတော်လေးမကျနပ်ကြဘူး”
လားမူပြောစကားအရ သေသွားသည့်သူများအားလုံးက အပြစ်ကင်းကြသူများပင်။
ဖြစ်စဉ်တစ်ခုလုံးတွင် ချွေးမ၏ အမုန်းကြီးမုန်းခံရမည့် မစ္စရှင်းက အသက်ရှင်နေသေးပြီး ကောင်းကောင်းနေထိုင်နေခဲ့သည်။
ရွာထဲမှလူများ မကျေမနပ်ဖြစ်နေကြသည်မှာ အံ့ဩစရာမရှိတော့ပေ။
ကုကျစ်စုန့်က တစ်ခဏမျှတွေးတောကာ မေးသည်။
“ကျွန်မတို့ ရှင်းမိသားစုကို တစ်ချက်လောက်သွားကြည့်လို့ရမလား”
လားမူက အသာခေါင်းခါပြ၍ ပြောလာသည်။
“မရမှာကို စိုးမိတယ်.. မစ္စရှင်းက ခေါင်းမာတဲ့လူပဲ.. ကျုပ်တို့ သူမရဲ့အိမ်ကို အခြေအနေကြည့်ဖို့ သွားတုန်းက ကျုပ်တို့ကို ကန်ထုတ်လိုက်တယ်
သူမပြောတာကတော့ သူမရဲ့ ချွေးမက ဖောက်ပြန်ခဲ့ပြီး တခြားသူနဲ့ ဗိုက်ကြီးခဲ့တာတဲ့.. အဲဒီတော့ သူမက ရှင်းမိသားစုက မဟုတ်တော့ဘူးလို့ပြောခဲ့တယ်
ကျုပ်တို့ကို ထပ်လာမကြည့်တော့ဖို့လည်း ပြောတယ် ကျုပ်တို့သွားခဲ့ရင်တောင် မပူးပေါင်းပေးနိုင်လောက်ဘူး”
“ဒီကိစ္စမှာ အရင်ဆုံး မိစ္ဆာနှစ်ကောင်ကို ဖမ်းကြရအောင်.. ကျွန်မတို့ အကြောင်းရင်းကို ရှင်းပစ်လိုက်သရွေ့ အားလုံးက ရှင်းလင်းသွားမှာပဲလေ”
ကုကျစ်စုန့်က တည်ငြိမ်သော လေသံဖြင့် ပြောလာခဲ့သည်။
လက်ရှိအခြေအနေအရ ရွာသားများကျူးလွန်ခဲ့သည့်အပြစ်မှာ အတင်းအဖျင်းပြောခြင်းကြောင့် ဝဋ်လည်ခြင်းသာဖြစ်သည်။
သူတို့ ဆက်တိုက်ပြောနေခဲ့သော “ဖောက်ပြန်သည်”ဆိုသည့်စကားနှင့် “မသင့်လျော်”ဟူသည့်စကားများက ရှင်းမိသားစုချွေးမ၏ စိတ်ပိုင်းဆိုင်ရာခုခံသည့်မျဉ်းကို ချိုးဖြတ်သွားခဲ့သည့် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်နေခဲ့သည်။
ရှင်းမိသားစု၏ချွေးမအတွက်မူ ရွာထဲကလူအားလုံးက သေဖို့ထိုက်တန်နေခဲ့သည်။
သို့သော် မည်သို့ပင်ဖြစ်စေ အမုန်းတရားကြောင့် မျက်ကန်းဖြစ်သွားပြီး သူ့မ၏နှလုံးသားထဲတွင် သတ်ဖြတ်ခြင်းသာ ကျန်တော့သည့် ဤမိစ္ဆာကို ထိန်းချုပ်ရမည်ပင်။
မဟုတ်ပါက သူမက ရွာထဲကလူတိုင်းကို သတ်ပစ်ကာ လောကထဲသို့ ဘေးဒုက္ခများယူဆောင်လာပေလိမ့်မည်။
ကုကျစ်စုန့်ပေါ်လာပြီးနောက် ရွာထဲမှ ရှင်းမိသားစု၏ ချွေးမသေဆုံးရသည့် အကြောင်းရင်းတစ်ခုလုံးကို အမှတ်မထင်တွေ့ရှိလာကြသည်။
သိပြီးသား အချက်အလက်များအရ ရွာထဲတွင် သေဆုံးသွားကြသောရွာသားများမှာ ကိုယ်ဝန်ဆောင်သရဲနှင့် ပြန်ရှင်သန်လာသော ကလေးသရဲတို့မှ သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဆင်ခြင်ကောက်ချက်ချနိုင်သည်။
ပို၍ ရက်စက်ကြမ်းကြုတ်သည်မှာ ရှီဟိုင်ဟုန် ရှာဖွေတွေ့ရှိခဲ့သည့် အခြေအနေအရ ရွာထဲမှ ကျိန်စာသင့်အတားအဆီးထဲတွင် ပိတ်မိနေသည့် ဒေသခံဝိညာဉ်များမှာ သေဆုံးပြီးသားရွာသားများ၏ ဝိညာဉ်အပိုင်းအစများပင်ဖြစ်နေခဲ့သည်။
ထိုအခြေအနေမှတဆင့် ရှင်းမိသားစု၏ချွေးမက လူများကို သတ်ရုံတင်မဟုတ်ဘဲ သေဆုံးပြီး ခန္ဓာကိုယ်ကို စွန့်ခွာခဲ့သည့် ထိုရွာသားများ၏ ဝိညာဉ်တို့ကိုလည်း သူမ၏ ဒေါသကို ပြေစေဖို့အတွက်လည်း ဆုတ်ဖြဲခဲ့သည်ကို တွေ့မြင်နိုင်သည်။
ကွယ်လွန်သွားပြီဖြစ်သည့် ခေါင်းကိုင်အဘွား၏အဖြစ်သည်လည်း ပါဝင်၏။
သူမ ဝိညာဉ်အများစုမှာ မိစ္ဆာ၏ဆုတ်ဖြဲခြင်းခံထားရသည်။
ကျန်ခဲ့သည့် ဝိညာဉ်နှင့် စိတ်ဝိညာဉ်အနည်းငယ်လောက်က ရုပ်သွင်တစ်ခုအဖြစ် ပေါ်မလာနိုင်တော့ချေ။
အနားသတ်များကိုသာ မြင်ရသည့် အရိပ်တစ်ခုသာရှိပြီး အိမ်ထဲမှ နတ်ဆရာမရုပ်တုထဲတွင် ပူးကပ်နေခဲ့ကာ တုန်ရီနေလေ၏။
*တင်ဆက်သူလျိုက ယှဉ်ပြိုင်သူများအားလုံးဆီမှ အချက်အလက်များကို ပေါင်းစပ်ပြီးနောက်တွင် လက်ထဲတွင် မိုက်ကိုကိုင်ကာ တိုက်ရိုက်ထုတ်လွှင့်နေသည့်ကင်မရာဘက်သို့ လှည့် ပြောလိုက်သည်။
“ချစ်ခင်လေးစားရပါသော ပရိသတ်တို့ မင်္ဂလာပါ .. လေ့လာတွေ့ရှိချက်များအရ ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက်မှာ ဝါးထော်ရွာက ထူးဆန်းတဲ့အရာတွေနဲ့ သူတို့နောက်ကွယ်က ကွယ်ဝှက်နေတဲ့ ဇာတ်လမ်းတွေက ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာခဲ့ပါပြီ”
“နက်ရှိုင်းတဲ့တောင်ပေါ်ရွာ၊ ရွာဝင်ဝမှာ ဆွဲကြိုးချသေဆုံးသွားတဲ့ အလောင်း၊ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတဲ့ရွာသားတွေ..
အရာအားလုံးက မဖောက်ပြန်ခဲ့ပါဘဲ ထူးဆန်းစွာ ကိုယ်ဝန်ရသွားခဲ့ပြီး သူမရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ နောက်ဆုံး သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ခွဲခြားလို့မရနိုင်အောင်ကို ဆက်စပ်နေပါတယ်”
“ဒီဖြစ်စဉ်မှာ ယှဉ်ပြိုင်သူအားလုံးက ဝါးထော်ရွာထဲက ထူးဆန်းတဲ့အရာတွေကို ရှာဖွေဖို့ ပေးထားတဲ့တာဝန်ကို ပြီးဆုံးသွားပါပြီ
ဒီညမှာတော့ ဝိညာဉ်ရေးရာအစီအစဉ်အဖွဲ့ရဲ့ ဝန်ထမ်းတွေနဲ့ ယှဉ်ပြိုင်သူတွေ အားလုံးက ရွာထဲမှာ တစ်ည နေမှာပဲဖြစ်ပါတယ်”
“ပိတ်သိမ်းချိန်ကတော့ မနက်ဖြန်မနက်ဖြစ်ပါလိမ့်မယ်..
တကယ်လို့ ယှဉ်ပြိုင်သူတွေက တခြားသောရှာဖွေတွေ့ရှိရှိတွေရှိနေပြီး ဒီအကူအညီတောင်းတဲ့ကိစ္စမှာ တိုးတက်မှုအသစ်တွေရှိခဲ့မယ်ဆိုရင် အစီအစဉ်အဖွဲ့က တစ်ယောက်ပြီးတစ်ယောက် ပြန်လည်တင်ပြသွားမှာပါ.. အားလုံးပဲ စောင့်မျှော်လိုက်ကြရအောင်!”
တင်ဆက်သူလျို့ ပြောပြီးနောက် အစီအစဉ်အဖွဲ့၏တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကင်မရာကို ပိတ်လိုက်လေသည်။
ကြည့်ရှုသူများကတော့ အာရုံ ထွေပြားနေကြပြီး ဤအကူအညီတောင်းသည့်ကိစ္စက ‘ဆင်တစ်ကောင်လုံးဝင်ပြီး အမြီးတွင်တစ်’နေသကဲ့သို့ ခံစားနေရသည်။
ရွာထဲမှ မိစ္ဆာများကို မည်သို့ရင်ဆိုင်မည်နှင့် အထူးဆန်းဆုံးဖြစ်သည့် ကိုယ်ဝန်ဆောင်ကိစ္စအဖြစ်ကိုပင် မဖော်ပြရသေးချေ။
အတော်လေး လျော့တိလျော့ရဲနိုင်လှ၏။
ထိုအခိုက်တွင် ကျိုးကြောင်းစီလျော်သော ကြည့်ရှုသူများက ရှင်းပြရန်ထွက်လာကြသည်။
[အစီအစဉ်အဖွဲ့မှာလည်း ရွေးချယ်စရာမရှိတော့လို့ လိုက်ပြီးရိုက်ကူးဖို့ပဲ တတ်နိုင်တော့တာဖြစ်မယ်..
အကျပ်အတည်းက အတော်လေးကြီးနေပြီလေ.. သိပ္ပံနည်းကျဖြေရှင်းလို့မရနိုင်တဲ့တစ်ခုခု ဒါမှမဟုတ် တချို့သွေးသံရဲရဲနဲ့ ကြောက်စရာကောင်းတဲ့မြင်ကွင်းတွေကိုသာ ရိုက်ကူးမိခဲ့မယ်ဆိုရင် ခေတ်ရေစီးကြောင်း လူမှုအဖွဲ့အစည်းက လက်ခံနိုင်မှာမဟုတ်ဘူး
အဲဒီအချိန်ကျရင် အစီအစဉ်တစ်ခုလုံး စင်ပေါ်က အဖယ်ခံရမှာတောင် ဖြစ်နိုင်တယ်]
[ရွာထဲက အခြေအနေက အကုန်လုံး မဖော်ထုတ်ရသေးဘူး.. ယှဉ်ပြိုင်သူတွေက ပထမအဆင့်ကို ကောင်းကောင်းပြီးခဲ့တယ်၊ ဒါပေမဲ့ သူတို့ ထပ်ပေါင်းမေးခွန်းတွေကိုတော့ လုပ်နိုင်မှာမဟုတ်ဘူး]
[အစီအစဉ်ထဲက ပြောတဲ့စကားအရ နောက်ထပာ ဘာဖြစ်မယ်ဆိုတာကို ဆက်ပြီးရိုက်ကူးလို့မရဘူးတဲ့.. ရွာထဲမှာ ယှဉ်ပြိုင်သူတွေ တည်းခိုတယ်ဆိုတာက သရဲဖမ်းဖို့လား]
[အမှတ်တွေကလည်း မထွက်လာသေးဘူး၊ ပြီးတော့ တင်ဆက်သူလျိုပြောတဲ့အတိုင်းဆို မနက်ဖြန် သတင်းအသစ်တွေရှိအုံးမှာတဲ့.. ဒါကဆက်ပြီးရှာဖွေစရာတွေရှိသေးတယ်ဆိုတာကို အတည်ပြုပေးလိုက်တာပဲလေ!
ငါတော့ စိတ်လှုပ်ရှားနေတယ်၊ နည်းနည်းလည်း လန့်တယ်.. လူတိုင်း လုံခြုံရေးကို အာရုံစိတ်ထားရမယ်နော်!]
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီးနောက် ဝါးထော်ရွာအဖြစ်အပျက်နှင့်သက်ဆိုင်သည့် စကားလုံးများက ရှာဖွေမှုအများဆုံးစာရင်း၏ ထိပ်ဆုံးနေရာသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။
အစီအစဉ်အဖွဲ့၏ အဖွဲ့ဝင်သုံးဦးက ကားမတော်တဆမှုတွင် ဒဏ်ရာရပြီး ရွာထဲမှအဘွားအိုကလည့် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ပြသထားသည့်အတိုင်း အမှန်တကယ် သေဆုံးသွားကြောင်း အတည်ပြုပြီးနောက်တွင် များစွာသော ဘုရားမဲ့ဝါဒီသမားများနှင့် ရုပ်ဝတ္ထုကိုးကွယ်သူများက သံသယဖြစ်လာကြသည်။
တစ်ချိန်တည်းတွင်ပင် ဖြတ်သွားဖြတ်လာများနှင့် အင်တာနက်ပေါ်မှ အကြီးဆုံးရုပ်လွန်ပညာရပ်ဆိုင်ရာအဖွဲ့အစည်းက ဝါထော်ရွာမှ ကိုယ်ဝန်ဆောင်သရဲအကြောင်း ဆွေးနွေးနေကြပြီး အဖြစ်အပျက်၏ အမှန်တရားကို ခန့်မှန်းနေကြသည်။
ထိုညနေတွင် နေလုံးကြီး ဝင်သွားခဲ့ပြီး ကောင်းကင်မှ အလင်းရောင်က စတင်မှိန်ဖျော့လာသည်။ ဝါးထော်ရွာကြီးတွင်လည်း မည်သူမျှမရှိတော့။
ရွာနေရာအနှံ့အပြားမှ ဆိုင်များက စောစောစီးစီး ပိတ်သိမ်းကြပြီး လမ်းပေါ်တွင်လည်း မည်သူမျှ မရှိတော့ပါချေ။
ချထားသော ပြတင်းပေါက်ကန့်လန့်ကာများနောက်မှ မီးမှိန်မှိန်လေးသာ မရှိခဲ့ပါလျှင် ဝါးထော်ရွာမှာ သေဆုံးခြောက်ကပ်နေသောရွာအဖြစ် ရှိနေပေလိမ့်မည်။
ရွာထဲမှ အိမ်အသုံးအဆောင်တိုင်းသည်ပင်လျှင် ထိုနေ့လည်ပိုင်း၌ အဝါရောင်အဆောင်စာရွက်များ ကပ်ထားကြ၏။
ရွာပြင်ပလူများက သူတို့ကို ပြောခဲ့ပေသည်။
ညနေခြောက်နာရီမှ စတင်၍ မိသားစုဝင်များအားလုံး အခန်းတစ်ခန်းတွင် စုဝေးရမည်ဟူ၏။
ထိုစာရွက်အပိုင်းအစများက ထိုအခန်း၏ တံခါးအတွင်းဘက်တွင် ကပ်ထားသရွေ့ သူတို့လုံခြုံရေးကို အာမခံနိုင်သည်။
ထိုကာလတွင် သူတို့အနေဖြင့် မည်သည့်အသံကိုပင်ကြားရသည်ဖြစ်စေ၊ အိမ်ပြင်သို့ ခြေတစ်လှမ်းမျှ မထွက်ရပေ။ မဟုတ်လျှင် သူတို့နောက်ဆက်တွဲများကို ခံစားရပေမည်။အပြင်လူများက အလွန့်အမင်းပင် အလေးအနက်ထား၍ ပြောနေသည်ကို ကြားထဲ့ပြီး အကြားအမြင်ရသည့်နတ်တရာမအဘွားအိုသည်လည်း မိစ္ဆာစိတ်ဝိညာဉ်များ၏ အသတ်ခံလိုက်ရသည်ကို မြင်ထားရသောကြောင့် သူတို့အားလုံးမှာ မျက်မြင်အရာများနှင့်ပင် ကြောက်လန့်နေပြီးဖြစ်ရာ မနာခံသည့်သူမရှိပါချေ။