← Chapters

ကိုယ်ဝန်ဆောင် သရဲအမျိုးသမီး(1)

Vol. 34 Ch. 336

ကိုယ်ဝန်ဆောင် သရဲအမျိုးသမီး(1)

Vol. 34 Ch. 336

ပြောနေကြသည့် ‘တစ္ဆေသန္ဓေသားဆိုသည်က ယင်နှင့် ယန်ကြားက အလွန်ဆန်းကြယ်သည့် ဖြစ်တည်မှုတစ်ခုပါပင်။

သူတို့သွေးချင်းမိဘများက မြေပေါ်မှသက်ရှိလူသားနှင့် မြေအောက်လောကမှ သရဲတို့၏ ပေါင်းစပ်မှုဖြစ်ကာ ယင်နှင့်ယန်ပေါင်းစပ်မှုမှ မွေးဖွားလာသည့် သရဲကဲ့သို့ဖြစ်တည်မှုမျိုးပင်ဖြစ်သည်။

ယေဘုယျဆိုရသော် ‘တစ္ဆေသန္ဓေသား၏ အမေက မြေအေက်လောကမှ သရဲတစ်ကောင်ဖြစ်ရမည်။ ထိုတစ္ဆေသန္ဓေသားက မွေးဖွားပြီးနောက် ကိုယ်ထည်မရှိသည့် ဝိညာဉ်အခြေအနေတွင် ဖြစ်ရမည်ဖြစ်၏။

လူသားနှင့် သရဲပေါင်းစပ်မှုမှ မွေးလာသည့် ဝိညာဉ်ထည်က ကြီးပြင်းနိုင်သည်မှာ အံ့ဩစရာတစ်ခုဖြစ်မညာပင်။

ပြီးနောက် အဖေဖြစ်သူ သရဲဖြစ်နေသော ‘တစ္ဆေသန္ဓေသား” အများစုမှာလည်း ဝိညာဉ်အခြေအနေဖြင့် မွေးဖွားလာတတ်ကြသည်ပင်။

အဖေဖြစ်သူက သာမန်သရဲတစ်ကောင်မဟုတ်ဘဲ မြေအောက်လောကမှ တစ္ဆေဘုရင် သို့မဟုတ် နတ်တစ္ဆေဖြစ်နေလျှင်တော့ __

ဆိုလိုသည်မှာ မြေအောက်လောက၏ ငရဲထပ်အခွဲများကို တာဝန်ယူရသည့် အဓိကအရာရှိများ ဖြစ်လျှင် ဖြစ်နိုင်ပေလိမ့်မည်။

သူတို့မှာ သရဲများဖြစ်ကြသော်ငြား မသေမျိုးအဖြစ် ယူဆနိုင်၏။

မြေအောက်လောက အဓိကအရာရှိများက သူတို့၏အဆင့်ကြောင့် လူသားအမျိုးသမီးနှင့် ပေါင်းစပ်ပြီးလျှင် ‘တစ္ဆေသန္ဓေသား’က လူသားကိုယ်ထည်ဖြင့် မွေးဖွားလာနိုင်သည်။

သူတွင် လူသားကိုယ်ထည်ရှိသော်လည်း ထိုကလေးတွင် မူလသရဲဘဝကြောင့် များစွာသော ဘေးဒုက္ခများ ယှဉ်တွဲကပ်လျက်ရှိ၏။

ဥပမာအနေဖြင့် နေရောင်ခြည်ကို ကြောက်ရွံ့မနှစ်မြို့ခြင်း၊ ယင်စွမ်းအင် ပြင်းထန်ခြင်း၊ သရဲအခြောက်ခံရလွယ်ခြင်း၊ ထူးဆန်းသောကံကြမ္မာ၊ စသည်တို့ဖြစ်၏။

‘တစ္ဆေသန္ဓေသား’မွေးဖွားလာမှုက ယင်နှင့်ယန်ကို ဆန့်ကျင်နေပြီး ကောင်းကင်အလိုတော်က သည်းခံနိုင်မည်မဟုတ်ပေ။

ထို့အတွက်ကြောင့် ‘တစ္ဆေသန္ဓေသား’ မွေးဖွားရန် အခြားသော အဓိကအကျဆုံးနှင့် အလိုအများဆုံး

အကြောင်းရင်းတစ်ခုလည်း ရှိလေသည်။

လူသားနှင့်သရဲကြားတွင် လက်ထပ်စာချုပ်ရှိရမည်ဖြစ်သည်။ ပြီးနောက် နှစ်ဖက်လုံးကလည်း လက်ထပ်မှုတွင် စိတ်ဆန္ဒအလျောက် ပါဝင်ရမည်ဖြစ်၏။

တစ်ဖက်ဖက်ကသာ မသိလိုက်ဘဲ၊ သို့မဟုတ် ဆန္ဒမရှိဆိုပါက ထိုသို့သော တစ္ဆေလက်ထပ်ပွဲ သို့မဟုတ် အောက်လမ်းဂါထာမျိုးဖြင့် ‘တစ္ဆေသန္ဓေသား’ကို ကိုယ်ဝန်ရရန် မဖြစ်နိုင်ပါချေ။

အမျိုးမျိုးသော ကန့်သတ်ချက်များကြောင့် ‘တစ္ဆေသန္ဓေသား’ဖြစ်တည်မှုများမှာ အမြဲပင်အလွန်ရှားခဲ့သည်။

တောက်ဓမ္မဂိုဏ်းရှေးဟောင်းစာအုပ်များတွင် ထိုသို့မှတ်တမ်းယူထားသည့် ကိစ္စအနည်းငယ်မျှသာ ရှိ၏။

လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာက စိတ်ဝိညာဉ်များကို ဆက်သွယ်နိုင်ပြီး နတ်ဘုရားများကို ဆင့်ခေါ်နိုင်သော အရည်အချင်းရှိသည့် ရွာသူတစ်ယောက်ရှိခဲ့ဖူးသည်။

သူမ အသက်နှစ်ဆယ်ကျော်တွင် အမျိုးသားဖြစ်သူက ဆုံးပါးသွားသည်၊ သို့သော်လည်း သူမက အမျိုးသားဖြစ်သူနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့၏။

တစ်ယောက်က ပြန်လည်မဝင်စားချင်ခဲ့သကဲ့သို့ တခြားတစ်ယောက်ကလည်း အနာဂတ်တွင် အထီးမကျန်ချင်ပေ။

ထို့ကြောင့် လူတစ်ယောက်နှင့် သရဲတစ်ကောင်တို့က ယင်ယန်စုံတွဲဆက်ဖြစ်ရန် သဘောတူလိုက်ကြသည်။

ညတိုင်း ရွာသူအမျိုးသမီးက ကွယ်လွန်ပြီးသည့်ခင်ပွန်း၏ ဝိညာဉ်ကို အိမ်သို့ပြန်ခေါ်ပြီး အိပ်ရာတစ်ခုတည်းတွင် အိပ်ရန် သူမ၏စွမ်းရည်ကို အသုံးပြု၏။

လအနည်းငယ်ကြာသော် ထိုအမျိုးသမီးက ‘တစ္ဆေသန္ဓေသား’များအုပ်စုကို မွေးဖွားခဲ့သည်။ သူတို့ကို သူမ၏ သရဲခင်ပွန်းနှင့် ချစ်ခြင်းတို့ အသီးအပွင့်အဖြစ် မှတ်ယူနိုင်လေသည်။

‘တစ္ဆေသန္ဓေသား’များမှာ ဝိညာဉ်ထည်သာဖြစ်သောကြောင့် သူတို့တစ်နှစ်ပြီးတစ်နှစ် ကြီးပြင်းလာကြသည်။ နှစ်တိုင်းတွင် ထိုအမျိုးသမီးက ရွာထဲမှ လက်သမားဆရာကို ပုံမှန်ကလေးများ၏ကြီးထွားနှုန်းအတိုင်း သူမ၏ သရဲကလေးများအတွက် ကိုယ်ထည်တစ်ခုတည်ဆောက်ပေးရန် တောင်းဆိုသည်။

သို့သော်လည်း အဆုံးတွင်တော့ တစ္ဆေသန္ဓေသား’များမှာ သရဲဖြစ်နေသည်သာ။

ထိုအမျိုးသမီး၏ဂရုစိုက်မှုဖြင့်ပင် သူတို့က သက်ရှိကမ္ဘာတွင် အချိန်ကြာကြာနေလာပြီးနောက် တဖြည်းဖြည်း အားနည်းသည်ထက် အားနည်းလာကြရသည်။

သူမ၏ ကလေးသရဲများကို သက်ရှိကမ္ဘာကြီးထဲတွင် သက်ရှိလူတစ်ဦးကဲ့သို့ နေနိုင်စေရန်ဆိုသည့် အတ္တဆန်သည့် ချစ်ခြင်းဖြင့် လှည့်စားခံလိုက်ရသည့် အမျိုးသမီးမှာ နောက်ဆုံးတွင်တော့ ရွာထဲမှ အပြစ်မရှိသည့်ကလေးများကို စတင်တိုက်ခိုက်တော့သည်။

နှစ်များကြာလာချိန်တွင် သူမက ရွာမှကလေးတချို့ကို သတ်ခဲ့ပြီး ထိုကလေးများ၏အလောင်းကိုယူကာ သူမ၏ ‘တစ္ဆေသန္ဓေသား’များအတွက် ထိုအလောင်းများ ငှားရမ်းခဲ့သည်။

တဖြည်းဖြည်းနှင့် သူမ၏မကောင်းသောလုပ်ရပ်များကို တောက်ဓမ္မဂိုဏ်းက ရှာတွေ့သွားခဲ့၏။

တောက်ဆရာသခင်များက သူမကို ဖမ်းဆီးထိန်းသိမ်းပြီး သူမ၊ သရဲခင်ပွန်းနှင့် တစ္ဆေသန္ဓေသားများကို သုတ်သင်ခဲ့သည်။

ထိုအချိန်မှစကာ တစ္ဆေသန္ဓေသားများမှာ လောကကြီးထဲတွင် လက်မခံနိုင်သည့် မကောင်းသောဖြစ်တည်မှုအဖြစ်သို့ သတ်မှတ်ခံလိုက်ရတော့၏။

ရှီဟိုင်ဟုန်တစ်ယောက် ကုကျစ်စုန့်မှ ထိုမိစ္ဆာမှာ တစ္ဆေသန္ဓေသားဖြစ်ကြောင်း ပြောလာသည်ကို ကြားလိုက်ရချိန်တွင် အလွန်အမင်း ထိတ်လန့်သွားခဲ့၏။ကုကျစ်စုန့်သာ မမှားလျှင် ထိုမိစ္ဆာလေး၏ အဖေမှာ..

ရှီဟိုင်ဟုန်က မေးလာသည်။

“ရှင်းလော့အာရဲ့မိန်းမကို ကိုယ်ဝန်ရအောင် လုပ်တဲ့သူက ‘တစ္ဆေဘုရင်’ အဆင့် ဒါမှမဟုတ် အဲဒီထက်များ ပိုမြင့်နေမလား”

သို့မဟုတ်ပါလျှင် ထိုကလေးမိစ္ဆာလေးမှာ အဘယ်ကြောင့် ကိုယ်ထည်ခန္ဓာရှိနိုင်ပါမည်နည်း။

ကုကျစ်စုန့်က ရှင်းမိသားစုချွေးမ၏ ကိုယ်နှင့် ခေါင်းကို တစ်တန်းတည်းဖြစ်အောင် ပြန်ထားလိုက်ပြီး သေသေချာချာကြည့်လိုက်သည်။

အလောင်းမှာ လောင်ကျွမ်းခံထားရပြီး သေလွန်ပြီးသည့်အချိန်တွင်ပင် မိုးကြိုးအပစ်ခံခဲ့ရခြင်းကြောင့် အသွင်အပြင်ကို မမှတ်မိနိုင်တော့ပေ။

ထို့အပြင် မျက်နှာအစိတ်အပိုင်းများနှင့် အရေပြားများမှာလည်း ပျက်စီးနေခဲ့လေပြီ။

သို့သော် တချို့သော အရိုးများနှင့် ပုံစံများ၏ ယေဘုယျလမ်းကြောင်းမှ သူမ မသေခင် ကြုံခဲ့ရမှုများနှင့် အတွေ့အကြုံများကို ဆင်ခြင်နိုင်သေးသည်။

“ဘာကိုတစ္ဆေဘုရင်ရမှာလဲ.. သူက အပြစ်မရှိတဲ့မိန်းကလေးတွေကို အနိုင်ကျင့်ဖို့ စွမ်းရည်ကို မှီခိုနေတဲ့ တဏှာရူးသရဲတစ်ကောင်ပဲ”

ကုကျစ်စုန့်၏မျက်လုံးများက အေးစက်၍ နက်မှောင်သထက် နက်မှောင်လာသည်။

သူမက ရှီဟိုင်ဟုန်၏ ခန့်မှန်းချက်ကို သရော်လိုက်ပြီး မော့ကြည့်ကာ ပြောလိုက်သည်။

“ဒီသရဲန္ဓေသားက အသွေးအသားထုထည်ပုံစံနဲ့ မွေးလာပုံရတယ်.. ဒါပေမဲ့ ဒါက တမင်လုပ်ယူထားတာပဲ.. ကိုယ်ထည်က အမေဖြစ်သူရဲ့ အဆီအနှစ်၊ သွေး၊ အရိုးနဲ့ အသားတွေကို စုပ်ယူပြီး အချိန်ခဏအတွင်း ပုံပေါ်လာတာ

ဒီအမျိုးသမီးရဲ့ကလေးလို့ ပြောရမှာထက် ကပ်ပါးအဖုလုံးလို့ ပြောတာက ပိုပြီးမှန်လိမ့်မယ်”

သူမက အဝတ်စတစ်ခုကို ယူလိုက်ပြီး ရှင်းမိသားစုချွေးမပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။

“သွားရအောင်.. မစ္စရှင်းနဲ့ သူမ(သရဲမ)ရဲ့ ယောကျာ်း ရှင်းလော့အာကို သွားတွေ့ရအောင်”

*

လားမူ၏မိသားစုမှာ တုန်ရီနေပြီး အိမ်ထဲတွင်သာ ပုန်းအောင်းနေခဲ့ကြသည်။

သူတို့အနေဖြင့် မတိုင်ခင်က အရာကြီးကြောင့် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး ပြတင်းပေါက်အပြင်ဘက်မှအရာများ ပြန်ရောက်လာမည်ကို ကြောက်နေခဲ့ကြသည်။

သူတို့အနေဖြင့် တစ်စုံတစ်ခု တိုက်မိသွားသည့်အသံကျယ်ကြီးနှင့် ရွာနောက်ဘက်မှ အမျိုးသမီးတစ်ဦး၏ အော်သံစူးစူးကိုလည်း တိုးဖျဖျ ကြားလိုက်ရသည်။

သို့သော် သူတို့ မစပ်စုရဲသလို အပြင်ကို ကြည့်ရန် ပြတင်းပေါက်ကိုလည်း မဖွင့်ရဲကြပါချေ။

ထိုနေရာမှ ဆူညံသံများက တိတ်ကျသွားချိန်တွင် တစ်ရွာလုံး တိတ်ဆိတ်သွားကြပြန်သည်။

အလွန်အပင်ပန်း နွမ်းနယ်နေသော လားမူနှင့် သူ့ဇနီးသည်တို့ အနည်းငယ် စိတ်သက်သာရာရသွားချိန်တွင် အပြင်တံခါးမှ ခေါက်သံထွက်ပေါ်လာသည်။

*ဘန်း ဘန်း*

စောင်ပုံထဲတွင် ကွေးနေသော ကလေးမလေးက တုန်ယင်သွားခဲ့ကာ ကြောက်လန့်တကြားငိုတော့သည်။

“ဦးလေးလားမူ ကျွန်မတို့က ‘ဝိညာဉ်ရေးရာ’အစီအစဉ်အဖွဲ့က ယှဉ်ပြိုင်သူတွေပါ”

လာရောက်လည်ပတ်သူက အပြင်ဘက်မှ တောက်ကျန့်များဖြစ်ကြောင်း ကြားလိုက်ရလျှင် လားမူ၏တင်းကျပ်နေသော နှလုံးသားက အနည်းငယ်ပြေလျော့သွားခဲ့သည်။

သူက အစီအစဉ်အဖွဲ့မှ ယှဉ်ပြိုင်သူဖြစ်ကြောင်း ထပ်ကာထပ်ကာ အတည်ပြုပြီးမှသာ တံခါးကိုဖွင့်လိုက်သည်။

ကုကျစ်စုန့်က ပျောက်ဆုံးနေသော ရှင်းမိသားစုချွေးမနှင့် အရှင်လတ်လတ် ခွဲမွေးလိုက်သော ကလေးတို့ကို ရှာတွေ့ခဲ့ပြီးဖြစ်ကြောင်း ပြောလာချိန်တွင် လားမူတစ်ယောက် အပျော်လွန်သွားရပြီး မေးလိုက်သည်။

“ဆရာသခင်ကု၊ မင်း.. မင်း အဲဒီမိစ္ဆာတွေကို ဖမ်းပြီးပြီလို့ပြောတာလား.. ကောင်းလိုက်တာ.. ကျုပ်တို့ရွာက ကျိန်စာကိုရော ပယ်ဖျက်နိုင်ပြီလား”

ကုကျစ်စုန်က ပြောလာသည်။

“အလောင်းက ဒီအတိုင်းပဲ ဖိနှိပ်ထားရုံပဲရှိသေးတယ်.. အဲဒီအမျိုးသမီးရဲ့ သရဲကိုယ်က ရွာထဲမှာ ရှိနေသေးတယ်.. ဒီတော့ ကျိန်စာကလဲ ဒီအတိုင်း ဆက်ရှိနေအုံးမှာပဲ.. ဒါပေမဲ့ စွမ်းအားကတော့ အဲဒီလောက်မပြင်းတော့ဘူး”

“ရှင်တို့ ကျိန်စာကို လုံးဝဖျက်ချင်ရင် သရဲရဲ့ နာကျည်းမှုကို ငြိမ်းအေးစေပြီး သူမရဲ့ဘဝမှာ ခံစားခဲ့ရတဲ့ မမျှတမှုတွေကို ပြန်ပြီးပြင်ဆင်ပေးမှရမယ်”

ဤအခိုက်တွင် တစ်ရွာလုံး၏ နောင်ရေးနှင့် လုံခြုံရေးအတွက် ကုကျစ်စုန့်က ရှင်းမိသားစုချွေးမဖြစ်သူမှာ မမျှတစွာ သေဆုံးခဲ့ရကြောင်းကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြောလိုက်သည်။

လားမူက တံခါးဘောင်ကို ရိုက်ချ၍ ပြောလိုက်သည်။

“ကျုပ် အခုပဲ ရှင်းမိသားစုဆီကို ခေါ်သွားပေးမယ်”

“အဲဒီမိသားစုက ဘာတွေများ မကောင်းတာတွေ လုပ်ခဲ့တာလဲ.. ရှင်းမိသားစုချွေးမက ကျုပ်တို့ကို ဒီလောက်မုန်းနေရအောင် ကျုပ်တို့ရွာက လူတွေ ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ခဲ့လို့လဲဆိုတာ ကျုပ်လည်း သိချင်နေခဲ့တာ”

ထို့နောက် သူက တစ်အိမ်ဝင် တစ်အိမ်ထွက်ဖြင့် ရွာခံကေဒါအနည်းငယ်ကို စုစည်းလိုက်သည်။

ရွာပြင်ဘက်မှ လူဖြစ်သည့် ဆရာသခင်များက ရှင်းမိသားစုချွေးမ၏ အလောင်းများကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်းကို သိရချိန်တွင် ရွာသားများလည်း ပျော်ရွှင်သွားကြသည်။

လားမူက ရှင်းမိသားစုအိမ်ကို သွားမည်ဖြစ်ကြောင်း ကြား‌သည့်အခိုက်တွင်လည်း ရွာသားများမှာ အမှန်တရားကို ကြားနိုင်ရန်အတွက် သူ့၏နောက်မှလိုက်ရန် ဆူပူတောင်းဆိုကြတော့သည်။

ဤသို့ဖြင့် မကြာမီပင် လူအုပ်စုတစ်ခုက ရှင်းမိသားစုတံခါးဝတွင် ရောက်ရှိနေကြလေပြီ။

All Chapters