← Chapters

ကိုယ်ဝန်ဆောင် သရဲအမျိုးသမီး(4)

Vol. 34 Ch. 339

ကိုယ်ဝန်ဆောင် သရဲအမျိုးသမီး(4)

Vol. 34 Ch. 339

ကွမ်ကျိ၏အဖေမှာ သူ့ဇနီးနှင့်ည လက်ထပ်ထားသည်က နှစ် ၂၀ နီးပါးပင် ကြာမြင့်ခဲ့ပြီးဖြစ်ကာ သူ့သားမှာလည်း အထက်တန်းပင်ရောက်နေပြီဖြစ်သည်။

သူက ကောလိပ်ကိုလည်း ဝင်ရောက်နိုင်ပြီး တောင်မြုံအပြင်ဘက်မှ လောကကြီးကို တွေ့မြင်နိုင်၏။

ဤအခြေအနေမတိုင်ခင်တွင် သူက လူအနည်းစုအတွင်း အယုံကြည်ရဆုံးသော အစ်ကိုကြီးဖြစ်ခဲ့သကဲ့သို့ ရှင်းလော့အာကိုလည်း ‌များများစားစား ကူညီ‌ခဲ့သေးသည်။

သူ့တွင် ပြောင်းလဲတတ်သည့်နှလုံးသားရှိသောကြောင့်ဖြစ်မည်ထင်သည်။ ကွမ်ကျိ၏အဖေက ရွာသားများရှေ့တွင် ဒူးထောက်ငိုယိုကာ သူ့ဇနီးက အသက် ၄၀ ၊ ၅၀ အရွယ်ဖြစ်၍ အိုနေပြီဖြစ်သောကျောင့် သူမကို ဝမ်လင်းဆီသို့ ပို့လိုက်လျှင် အဆင်မပြေကြောင်း ဆိုခဲ့သည်။ သူ၏ဇနီးကို မကျေနပ်လျှင် ဝမ်လင်းက သူတို့ကို နှိပ်စက်ညှင်းပန်းဦးမည်ဖြစ်ကြောင်း သူတို့ကို ကြိမ်ဖန်များစွာ ပြောကာ လွတ်မြောက်ခွင့်ပေးရန် တောင်းဆိုခဲ့လေ၏။

တခြားသူများကလည်း စောဒကတက်ကြသည်။ သူတို့၏မိသားစုတွင်လည်း ကလေးလူကြီးများအစုံရှိကာ သူတို့၏ဇနီးများသည်လည်း ကလေးတစ်ယောက်မွေးပြီးသားများဖြစ်ကြ၏။

အိမ်ရှင်မသာ မရှိလျှင် မိသားစုက ပြိုကွဲမည်ဖြစ်သည်။

အဆုံးတွင်မူ ကလေးမရှိသည့် တစ်ဦးတည်းသောသူမှာ ရှင်းလော့အာသာ ဖြစ်လေသည်။

ထို့ကြောင့် ရွာသားများက သူ့ကို တောင်းဆိုလာကြကာ သူ့၏ ဇနီးက ရူးသွားပြီဖြစ်ကြောင်း၊ သူမက သူ့အမေနှင့်လည်း မတည့်ကြောင်း၊ အိမ်တွင် နေ့တိုင်း ‌စကားများရန်ဖြစ်ကြပြီး မိသားစုကို အေးအေးချမ်းချမ်း မနေရအောင် လုပ်နေကြောင်း ပြောဆိုကြတော့သည်။

ဝမ်လင်းနှင့် ငြိစွန်းသွားသောကြောင့် ဇနီးသည် သေဆုံးသွားခဲ့ပါလျှင် သူတို့တစ်ယောက်ချင်းစီက ရှင်းလော့အာကို နစ်နာကြေးအဖြစ် ယွမ်သုံးသောင်းပေးမည်ဖြစ်ပြီး ပို၍ချောမောငယ်ရွယ်သော ဆွေမျိုးထဲမှ တူမလေးနှင့်လည်း မိတ်ဆက်ပေးမည်ဖြစ်သည်။

“သစ္စာရှိမှု”နှင့် သူတို့၏ “ညီအစ်ကိုဆက်ဆံရေးကလည်း ညီအစ်ကိုလိုပါပဲ”တို့ကို လိုက်နာစောင့်ထိန်းသည့်အပြင် အိမ်မှ အဆုံးနိုင်သောစကားများခြင်းတို့အပေါ် စိတ်မရှည်ခြင်းတို့က တိုးများလာခဲ့သောကြောင့် ရှင်းလော့အာက နောက်ဆုံးတွင် သဘောတူလိုက်လေသည်။

သူမ ဝမ်လင်း၏ သင်ပြပေးမှုကို လိုက်နာပြီး သူ့၏ဇနီးသည်ကို ရက်အနည်းငယ်ကြာအောင် ချိုသာသည့်စကားများကို ပြောခဲ့သည်။

“သေဆုံးပြီးရင်တောင် ကိုယ်တို့တွေ မြေအောက်လောကမှာ စုံတွဲတွေအဖြစ်ဆက်ရှိနေပြီး ဘယ်တော့မှမခွဲကြရအောင်”

စသည်ဖြင့် အခြေအနေကို တစ်စွန်းတစ်စမျှပင် မသိခဲ့ပါသည့် သူ့ဇနီးကို ချော့မော့ဖြောင်းဖြကာ ကတိတောင်းခံခဲ့သည်။

သူ့မိန်းမ၏ကတိနှင့် ဝမ်လင်း၏ကြားဝင်မှုကြောင့် ရှင်းလော့အာနှင့် သူ့၏ဇနီးသည်မှာ တစ္ဆေလက်ထပ်စာချုပ်ဖြင့် ဆက်နွယ်မိသွားတော့သည်။

ဤသည်ကသာ ပုံမှန်အတိုင်း တိုးတက်နေခဲ့ပါလျှင်၊ သူတို့ခံစားချက်များကလည်း မပြောင်းလဲဘဲ နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်း လမ်းခွဲခြင်းမရှိခဲ့ပါလျှင် လူအိုစုံတွဲအဖြစ် ရိုးမြေကျစုံမက်နိုင်လိမ့်မည်ဖြစ်ပေ၏။

ငရဲသို့သွားပြီးနောက်တွင်ပင် သူတို့က မြေအောက်လောကတွင် အကြင်စုံတွဲဖက်များအဖြစ် မှတ်မိနေဦးမည်ဖြစ်၏။

သို့သော် ရှင်းလော့အာ၏ သဘောတူညီမှုလိုက်နှင့် သတ္တိကြောင်မှုတို့ကြောင့် သူက သူ့၏ဇနီးနှင့် ချုပ်ဆိုထားသည့် ဒုတိယလက်ထပ်စာချုပ်ကို ဝမ်လင်းဆီသို့ “ရောင်းစား”လိုက်လေတော့ သည်။

တစ္ဆေလက်ထပ်စာချုပ်ဖြင့် ဝမ်လင်းက ရှင်းလော့အာ ဇနီး၏ အိပ်မက်များကို အလွယ်တကူဝင်ရောက်နိုင်လေသည်။

လေ့ကျင့်မှုက အောင်မြင်သွားသည့်နောက်တွင် ဝမ်လင်းက ရှင်းလော့အာနှင့် အခြားသူများကို မနှောင့်ယှက်တော့ချေ။

ထိုညတွင် ရှင်းလော့အာက အိပ်ရာပေါ်တွင် လှဲနေစဉ် သူ့၏ဇနီးသည်က အိပ်မက်မက်ကာ ဆူညံသံများ ပြုလုပ်နေသည်ကို ကြားခဲ့ရသည်။

နောက်တစ်နေ့တွင် သူမက မနေ့ညက အိပ်မက်တစ်ခုမက်ခဲ့ပုံပေါ်ကာ သူမ၏ ခန္ဓာကိုယ်ကလည်း လေးလံနေသည်ဟု ပြောပြခဲ့၏။

ဇနီးသည်၏ နားမလည်နိုင်သည့်အမူအရာကို ကြည့်ကာ ရှင်းလော့အာတစ်ယောက် ကြောက်ရွံ့တုန်လှုပ်ကာ ရှက်ရွံ့သွားခဲ့သည်။ နှစ်ရက်ကြာပြီးနောက်တွင်တော့ သူက ပိုက်ဆံရှာရန် အလုပ်ထွက်လုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် အိမ်နှင့်ရွာမှထွက်ခွာခဲ့လေသည်။

ထိုအချိန်အတွင်း သူက ဇနီးသည်အကြောင်းကို စုံစမ်းနေခဲ့သည်။

ဇနီးသည်က ပုံမှန်ဘဝတွင်နေထိုင်နေပြီး မကောင်းသည့် အရာတစ်ခုမျှ ဖြစ်မလာသည်ကို သိလျှင် သူ စိတ်သက်သာရာရသွားခဲ့သည်။

ဝမ်လင်းက သူ့ကို ခြောက်လှန့်လိုက်ရုံသာဖြစ်သည်ဟုပင် ခံစားလိုက်ရသည်။ သို့မဟုတ် သူ့မိန်းမက သရဲတစ်ကောင်နှင့် လက်ထပ်သွားလျှင်ပင် ကြီးကြီးမားမားသက်ရောက်မည်မဟုတ်နိုင်ဟု တွေးခဲ့သည်။

ထို့ကြောင့် ရှင်းလော့အာ အိမ်သို့ပြန်လာခဲ့လေသည်။

သို့သော် အိမ်သို့ပြန်လာပြီးနောက် သူ့ထင်ယောင်ထင်မှားဖြစ်နေခြင်းလားတော့မသိ၊ ဇနီးသည်ထံမှ အေးစက်ပြီး မဖော်ပြနိုင်သည့် ညှီနံ့တစ်ခုရနေကြောင်း သူ အမြဲတစေခံစားနေရသည်။

ဇနီးသည်က သရဲတစ်ကောင်နှင့် အချစ်ဆက်ဆံရေးတစ်ခုရှိနေကြောင်း ပြန်တွေးမိသည့်အချိန်တွင်တော့ သူက တိတ်တဆိတ် သည်းခံခဲ့သည်။

သို့သော် စိတ်ထဲတွင် သူမကို မနှစ်သက်တော့ဘဲ ဇနီးသည်က မဖြူစင်တော့ဟု တွေးမိခဲ်သည်။နေ့တိုင်း သူ အိပ်ရာပေါ်လှဲလိုက်ချိန်တွင် ဇနီးသည်နှင့် ရင်းနှီးသောအထိအတွေ့လုပ်ရန် ဆန္ဒမရှိတော့ဘဲ အိပ်မောကျအောင်သာ အိပ်လိုက်သည်။

သို့သော် မကြာမီ ရှင်းလော့အာက ညဘက်တွင် ကောင်းကောင်းအိပ်နိုင်ခြက်း မရှိကြောင်း သတိပြုမိပြီး ကြောက်ရွံ့လာခဲ့သည်။

သူ့အနေဖြင့် ဝမ်လင်း၏ ဆိုးညစ်ညစ်အပြုံးကို အမြဲတစေ အိပ်မက်မက်နေပြီး သူနိုးလာသည့်အချိန်တိုင်းတွင် ဇနီးသည်က ရှက်ရွံ့တတ်နေသည်။

ထို့နောက်တွင်တော့ ဝမ်လင်းက ဘက်အချိန်များတွင် သူ့၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်နေကြောင်းကို သူ သတိပြုမိလာခဲ့လေ၏။

လောကကြီးမှာ ဘယ်လိုအရာမျိုးကို သူ လုပ်ချင်နေတာလဲ!

ရှင်းလော့အာတစ်ယောက် ကြောက်ရွံ့သည်ထက် ကြောက်ရွံ့လာကာ ဇနီးသည်၏ ဗိုက်ကလည်း စူထွက်လာသည်။ နေ့စဥ်နေ့တိုင်းပင် ယခင်နေ့များကထက် ပို၍ စူထွက်လာခဲ့၏။

သူ အိမ်ပြန်ရောက်ပြီး ၁၂ ရက်မြောက်နေ့တွင် ဇနီးသည်က ပျို့အန်နေပြီး သူ့၏ အမေအိုကြီးထဲမှ အခြေအနေကို စစ်ဆေးရန် အဆွဲခေါ်ခံလိုက်ရကြောင်းကို သူ မြင်လိုက်ရသည်။

ထို့နောက် သူ့၏ဇနီးတွင် ကိုယ်ဝန်နှစ်လရှိပြီ ဖြစ်ကြောင်း ပေါ်ထွက်လာခဲ့၏။

ဇနီးသည်၏ ငိုယိုသံများနှင့် သူ့ အမေ၏ ဆူပူမှုအောက်တွင် ရှင်းလော့အာ၏တစ်ကိုယ်လုံးက ချွေးအေးများဖြင့် ဖုံးလာသည်။

တခြားသူများမသိသော်လည်း၊ ထို နှစ်လမျှရှိသေးသည့် ကလေးမှာ သရဲဝမ်လင်း၏ သားသာဖြစ်ကြောင်း သူ့၏စိတ်ထဲတွင် သိနေခဲ့သည်။

သို့သော် သရဲတစ်ကောင်က လူသားတစ်ယောက်နှင့် ကလေးရနိုင်ပါ၏လော။

သူ့မိန်းမ၏ ဗိုက်ထဲမှ မည်သည့်အရာက လောကကြီးထဲတွင် မွေးဖွားလာမည်နည်း။

ရှင်းလော့အာက ကြောက်ရွံ့ပြီး သတ္တိကြောင်တတ်သည်။

သူက သူ့ဇနီး မတရားခံရကာ အစော်ကားခံရသည်ကို ဤအတိုင်း ကြည့်‌နေခဲ့၏။ သူက အမှန်တရားကိုပင် မပြောပြခဲ့ပါချေ။

ရွာသားများ မသိသည်မှာ ရှင်းမိသားစု၏ချွေးမက ပိတ်ထားသည့်တံခါးများ၏နောက်ကွယ်တွင် ကိုယ်ဝန်ဖျက်ချဆေးများကိုသာ သောက်ခဲ့ရရုံတင်မဟုတ်ဘဲ မစ္စရှင်းက သူမ၏ ချွေးမကို လှဲချကာ ဗိုက်ကို တုတ်ဖြင့်ပင် ရိုက်သည့်အကြောင်းများကိုပင်!

ရှင်းလော့အာကလည်း ဇနှးသည်၏ ဗိုက်ထဲမှ ထိုအကောင်ကို ပျက်ကျသွားစေရန် တိတ်တဆိတ်မျှော်လင့်ခဲ့သေး၏။

ကလေးကို ဖျက်မချနိုင်လေလေ၊ သူ ပို၍ ကြောက်လာလေလေဖြစ်ပြီး သူ့မိန်းမ၏ ဗိုက်ထဲမှ မကောင်းဆိုးဝါးမွေးဖွားလာနိုင်ကြောင်းကို သဘောပေါက်လေလေပင်။

အဆုံးတွင်တော့ သူ့၏ဇနီးက ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခံရမှုများနှင့် တစ်ရွာလုံး၏ စော်ကားကျိန်ဆဲမှုများကြောင့် အမုန်းတရားများဖြင့် ရွာရှေ့တွင် ကြိုးဆွဲချစီရင်ခဲ့လေသည်။

သူမ သေဆုံးသည့်အချိန် မတိုင်ခင် တစ်ခဏအထိ သူမကဲ့သို့ အိမ်မှာနေသည့် မိန်းမတစ်ယောက်က လေထဲမှ မည်ကဲ့သို့ ကိုယ်ဝန်ရမည်နည်းဟူ၍ နားမလည်နိုင် ဖြစ်ခဲ့ရ၏။

သူမကို မယုံကြည်ခဲ့သည့် သူမ၏ယောက်ျားနှင့် တစ်ဖက်မှဆွေမျိုးများကိုလည်း သူမ မုန်းတီးသည်။

မည်သည့်အရာကိုမသိဘဲ သူမကို အရှက်မရှိဟု ခေါ်နေကြသည့် ရွာသားများကိုလည်း သူမ မုန်းသည်။

သူမ အမုန်းဆုံးက ဖျက်ချမရနိုင်သည့် မကောင်းဆိုးရွားကိုဖြစ်၏။

သူမ ကြိုးဆွဲချပြီး အငြိုးကြီးသရဲဖြစ်ကာ အရာအားလုံးနားလည်လာသည့်အခါတွင် သူမ၏လက်ရှိဆိုးရွားသော အခြေအနေနှင့် အဆုံးသတ်မှာ သူမ၏ ခင်ပွန်းသည်ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။

သူမ၏ နှလုံးသားထဲက အမုန်းတရားများက ဆယ်ဆမက တိုးပွားလာသည်။

ရှင်းမိသားစု၊ ဝါးထော်ရွာနှင့် ဝမ်လင်းတို့ကို ပြန်ပေးဆပ်ရန် မည်သည့်တန်ကြေးကိုမဆို ပေးဆပ်ရန် ဆန္ဒရှိသည်။

ရွာသားများက ကူကျစ်စုန့်၏စကားကို နားထောင်၍ အံ့အားတကြီးစိုက်ကြည့်နေမိကြသည်။

ကုကျစ်စုန့်က ရှင်းမိသားစု၏ချွေးမတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းမှန်များကို ဖော်ပြလာသည်။

သူမ နှာခေါင်းရှုံ့၍ ထပ်ပြောလိုက်၏။

“အဲဒါက လူနဲ့သရဲကြားက ရိုးရိုးရှင်းရှင်း ပေါင်းစပ်မှုတစ်ခုဆိုရင် သရဲသန္ဓေသားမွေးဖွားလာရင်တောင် သူ့မှာ ကိုယ်ထည်ရှိမှာမဟုတ်ဘူး..

ဒါပေမဲ့ ငတုံးရှင်းလော့အာက ဝမ်လင်းဆီကို သူ့မိန်းမကိုရောင်းပြီး သူတို့ရဲ့လက်ထပ်စာချုပ်ကိုပါ အပေါင်ထားလိုက်တယ်လေ.. တစ်ဖက်က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထိန်းချုပ်နိုင်တယ်ဆိုတာကို လုံးဝမသိဘူး”

ရှင်းမိသားစု၏ချွေးမ လွယ်ထားရသော သရဲသန္ဓေသားမှာ တမူထူးခြားသည်။

တစ်ချိန်ထဲ၌ သူ့တွင် အဖေနှစ်ယောက်ရှိနေသည်။

ဝိညာဉ်ကို သရဲအဖေက ပြုလုပ်ထားသော်လည်း ခန္ဓာကိုယ်ကတော့ ရှင်းလော့အာ၏ မျိုးရိုးဗီဇဖြင့် ပြုလုပ်ထားသည်။

သရဲသန္ဓေသားက ဝိညာဉ်ကိုယ်ထည်ကို ပုံပေါ်နေသည်မှာ နှစ်လအကြာကပင် ဖြစ်၏။

သို့သော် ဝမ်လင်းက ရှင်းလော့အာ၏ခန္ဓာကိုယ်ကို ငှား၍ ရှင်းမိသားစုချွေးမနှင့် ပေါင်းဖက်ပြီးသည့်အချိန်တွင် ရှင်းမိသားစုချွေးမ၏ ဗိုက်ထဲတွင် မျိုးအောင်ဥတစ်ခု ဖြစ်ပေါ်လာသည်။

ဝိညာဉ်သာရှိသော သရဲသန္ဓေသားက မျိုးအောင်ဥထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ ထို့နောက်တွင် ကိုယ်ထည်တစ်ခုရသွားကာ ပုံမှန်ကလေးအတိုင်း ခန္ဓာကိုယ်ရှိလာခဲ့လေ၏။

All Chapters