အခန်း (၇၁-၇၃)
Vol. 6 Ch. 71-73
အခန်း (၇၁)။
"ကျေးဇူးရှင်၊ ကျွန်မ ရေတွက်ကြည့်လိုက်တော့ ရွှေဘီစကွက်ပေါင်း လေးဆယ်၊ ရွှေဒင်္ဂါး တစ်ဆယ့်နှစ်ပြား၊ ငွေဒင်္ဂါး လေးထောင်သုံးရာ့ငါးဆယ်၊ ပိုးထည်နဲ့ဖဲပြားလိပ် လေးဆယ် ရှိတယ်။ ဒါက စုတ်တံ၊ မှင်၊ စက္ကူ၊ မင်သွေးကျောက်၊ စာအုပ်တွေ၊ လေး၊ ဓား၊ မြင်းတွေ မပါဝင်သေးဘူး။"
မုကလေးသည် အိမ်ထဲမှ အမြန်ထွက်လာပြီး စာရင်း၏ရလာဒ်များကို ဟုန်ယွိအား သတင်းပို့သည်။
အခု ဟုန်ယွိသည် တည်ငြိမ်သွားပြီး၊ မိသားစုတစ်ခုအတွက် အရေးကြီးဆုံးက သူတို့၏ ငွေကြေးများကို ဂရုစိုက်ဖို့ပင်။ အကယ်၍, ငွေကြေးကို ဂရုမစိုက်ဘူးဆိုရင်, ဒီမိသားစုတွေ က အနှေးနှင့်အမြန် ပျက်စီးသွာပါလိမ့်မည်။
ဟုန်ယွိ၏လက်ရှိငွေကြေး တစ်ဝက်ကို ကြင်ယာတော်ယွမ်မှ ပေးအပ်ခဲ့ပြီး ကျန်တစ်ဝက် မှာ, နှစ်တူ အထက်တန်းပညာရှင် အနည်းငယ်မှ ပေးအပ်သည့် ဂုဏ်ပြုလက်ဆောင်များ ဖြစ်ကာ၊ ငွေဒင်္ဂါးသုံးထောင်ကျော် ရှိပါသည်။ သူထွက်ခွာချိန်မှာ, မြို့စားစံအိမ်ကနေ ပေးအပ်ခဲ့သည့် ငွေဒင်္ဂါးတစ်ထောင် ကျောက်ဟန်ထံမှ သူ ယူလာခဲ့ပါသည်။
ကျောက်ဟန်ကို ဂရုတစိုက် ရှင်းထုတ်ပြီးနောက် ငွေအားလုံးသည် သဘာဝအတိုင်း ဟုန်ယွိ၏ ပိုင်ဆိုင်မူများ ဖြစ်လာခဲ့ပါသည်။
တွက်ချက်ထားသည့် ချမ်းသာကြွယ်ဝစာရင်းမှုကို ကြားတော့ ဟုန်ယွိက တွက်ချက်ကြည့် ပြီး ခေါင်းညိတ်ပြလိုက်သည် "ထိုက်ယန်, မြို့ကိုသွားတဲ့အခါ ပိုးထည်နဲ့ ဖဲသားအနည်းငယ် ဝယ်ယူပြီး၊ ဝတ်ဆင်ဖို့ အဝတ်အစား အနည်းငယ် စီမံလိုက်ပါ။ ဒီမှာ တစ်လ နှစ်လလောက် နေကြရအောင်။ အရင်ဆုံး, ငါတို့က ငါတို့ရဲ့စွမ်းအင်နဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ သက်လုံကောင်းဖို့ ပြန်လည်ထူထောင်ရန် လိုအပ်နေတယ်။ ဒုတိယအနေနဲ့ မြေနဲ့ အိမ်ဝယ် ဖို့ အခွင့်အလမ်း ရှာရမယ်။ မိသားစုကို အရင်တည်ဆောက်ရမယ်။"
“မှန်ပါတယ်။ ကျေးဇူးရှင်မှာ ငွေဒင်္ဂါး ထောင်ဂဏန်းလောက် ရှိပေမယ့်, အလဿ ထွက်ခံလို့မရဘူး။ ကျွန်တော်တို့က အစီအစဉ် သေချာဆွဲဖို့ လိုအပ်ပါတယ်။ ဝင်ငွေ နည်းနည်းရှိဖို့လည်း လိုအပ်တယ်။ ဒါ့အပြင်, ကျွန်တော်တို့ ကျေးဇူးရှင်က အထက်တန်း ပညာရှင်တစ်ဦး ဖြစ်တယ်။ ငါတို့သုံးယောက်က ကျေးဇူးရှင်ကို တာဝန်ထမ်းဆောင်ပေးရုံ လောက်နဲ့ မလုံလောက်ဘူး။ ကျွန်တော်က ပတ်ဝန်းကျင်ရွာတွေမှာ ကိုယ့်ကိုယ်ကို အစေခံ အဖြစ် ရောင်းချချင်တဲ့လူ ရှိမရှိ မေးမြန်းဖို့ ဘာကြောင့် အစီအစဉ်မချနိုင်ရမှာလဲ။” ရှန်ထိုက်ယန်လည်း အစီအစဉ်တစ်ခု စတင်ပြောပြသည်။”
“အဲဒါ မလိုအပ်ပါဘူး။ ငါ့နောက်ကို လိုက်မယ့်လူတွေဟာ ယုံကြည်ထိုက်သူ ဖြစ်ရမယ်။ နောက်ထပ် ကျောက်ဟန်တွေ ပေါ်မလာစေချင်တော့ဘူး။" ဟုန်ယွိက ခေါင်းခါလိုက် သည်။
သူသည် အထက်တန်း ပညာရှင်တစ်ဦး၏ အဆင့်တန်းကို ပိုင်ဆိုင်ထားပြီး၊ အခွန် ကင်းလွတ်ခွင့်နှင့် လဲလှယ်ရန်အတွက် သူ့ထံရောင်းချမည့်သူများ သေချာပေါက် ရှိလာပါ လိမ့်မည်။ သို့သော် ဟုန်ယွိသည် ရှုပ်ယှက်ခတ်နေသူများဖြင့် ဝိုင်းရံထားရန် မလိုလားပေ။
သူသည် မိသားစု ညွှန်းတမ်းများစွာကို ဖတ်ရူဖူးပြီး၊ အစပိုင်းတွင် ယုံကြည်စိတ်ချရသော သူများဖြင့် သူ့ကိုယ်သူ ဝန်းရံရမည်ကို သဘာဝကျကျ သူ နားလည်ထားပါသည်။
ရှန်ထိုက်ယန် သူ့သာ ရှန်ထိုက်ဇူနှင့် မုကလေးတို့က ကျောက်ဟန်ကို ဖမ်းပြီး သတ်ပစ်ပြီး နောက် နိုင်ငံသားပြုခွင့် စာရွက်စာတမ်းတွေ ပြီးဆုံးသွားသည့်အခါ, ဟုန်ယွိသည် လုံးဝကို အေးချမ်းသွားပါသည်။ သူတို့သည် ယုံကြည်စိတ်ချရသည့် မိသားစုဝင်တွေ ဖြစ်သွားပါပြီ။
၎င်းသည် နောင်တွင် ကျောက်မိသားစုနှင့် သူ၏ဖခင် ဟုန်ရွှန်ကျိကို တိုက်ခိုက်ရန် ဟုန်ယွိအတွက် အရင်းမြစ်များလည်း ဖြစ်ပါသည်။ အခုချိန်မှာ, သူတို့သည် အရမ်းကို အားနည်းနေသေးသော်လည်း လှိမ့်နေသော နှင်းဘောလုံးကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ပိုသန်မာလာမည်မှာ သေချာပါသည်။
"ဒါပေမယ့် ဝင်ငွေက အနာဂတ်မှာ ပြဿနာဖြစ်လိမ့်မယ်။ လုပ်ငန်းတစ်ခုကို ဘယ်လို လုပ်ရမှန်း ငါ မသိဘူး။ အခု ငါ့မှာ ငွေထောင်ဂဏန်းပဲ ရှိတယ်။ ဒါက တစ်နှစ်ခွဲလောက် သုံးလို့ရနေသေးပေမယ့် အနာဂတ်မှာ ငါ ငွေရှာရလိမ့်မယ်။"
သူ့မိသားစုကို ထူထောင်ပြီးနောက် ဟုန်ယွိသည် ဂရုတစိုက် တွေးတောလာသည်။ တကယ်ကို ပြဿနာတွေ အများကြီးရှိနေခဲ့ပါသည်။ မိသားစုဝင် လေးယောက်၊ မြင်းအတွက် စားစရာနှင့် သောက်စရာ။ ငွေကြေးတွေက နေ့တိုင်း ရေလို စီးထွက်နေပါ သည်။ ယင်းက ပြဿနာကြီးတစ်ခု ဖြစ်နေခဲ့သည်။
“ငွေကြေးနဲ့ပတ်သက်ရင်, ငါ အချိန်တိုအတွင်းမှာ ကောင်းမွန်တဲ့အဖြေကို တွေးလို့မရနိုင် ဘူး။ ငါ ဖြည်းဖြည်းချင်း တွေးရုံပဲ တတ်နိုင်တယ်။ ငါ တခြားအရာတွေ မလုပ်ခင်မှာ အရင် ဆုံး ငါ့ခွန်အားကို အရင်တိုးမြှင့်သင့်တယ်။ ငါ ဒီကျောက်စိမ်းမြို့တော် ဘုန်းကြီးကျောင်းထဲ မှာ နေမယ်။ မဒမ်ကျောက်က ငါ့ကို သတ်ဖို့ လုပ်ကြံသတ်ဖြတ်သူတွေကို စေလွှတ်ချင် ရင်တောင် ဖန်ရှင်းတာအိုဂိုဏ်းက တာအိုဘုန်းကြီးတွေကို သတိထားရလိမ့်မယ်။ ငါဒီမှာ လ အနည်းငယ်ကြာ နေပြီး ငါ့ရဲ့ခွန်အားကို အဆင့်ဖြတ်ကျော်ရမယ်။ တကယ်လို့, ငါသာ, သွေးပုံစံသံမဏိအပ်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ခဲ့ရင်, ကျောက်ဟန်လို ကျွမ်းကျင်သူမျိုးတွေကို ကြောက်နေစရာ မလိုတော့ဘူး။”
ဟုန်ယွိ တိတ်တဆိတ် စိတ်ထဲမှာ ဆုံးဖြတ်ချက်ချကာ မုကလေးဘက်သို့ လှည့်ပြီး ပြောသည် "မုကလေး၊ ငါ့မှာ သန့်စင်တဲ့ သံမဏိဓားရှည်တစ်လက် ရှိသေးတယ်။ အဲဒီဓား က နန်းတော်ရဲ့ ဆုလာဘ်တစ်ခုပဲ။ ငါးမန်းသတ်ဓားလောက် မကောင်းပေမယ့် ထက်ရှနေ တုန်းပဲ။ မင်းကိုယ်မင်း ကာကွယ်ဖို့ ယူထားလိုက်ပါ။ ဒါပေမယ့်, အပြင်ကို ယူမသွားမိစေဖို့ မှတ်ထားပါ။ မဟုတ်ရင် စုံစမ်းရ လွယ်ကူသွားလိမ့်မယ်။ ဒါ့ပြင် မင်းတို့သုံးယောက်က ပိုက်ဆံနည်းနည်း အသုံးပြုရမယ်။ မင်းတစ်ယောက်စီမှာ မြင်းတစ်ကောင်စီ ရှိရမယ်။ တကယ်လို့, အရေးပေါ် အခြေအနေမျိုး ရှိလာခဲ့ရင်, ချက်ချင်း ထွက်သွားနိုင်မယ်။”
ချာရိုမြင်းများသည် ရွှေဒင်္ဂါးတစ်ထောင် တန်ဖိုးရှိသော်လည်း ၎င်းသည် ကျော်ကြားသော မြင်းများ ဖြစ်သည်။ ကမ္ဘာပေါ်ရှိအခြား သန်မာသော သာမန်မြင်းများကို ငွေဒင်္ဂါး ၂၀ ဖြင့် ဝယ်ယူနိုင်ပါသည်။
သူတို့လေးယောက်မှာ မြင်းတစ်ကောင်စီ ရှိထားပါက, အကယ်၍, အရေးပေါ်ကိစ္စ ဖြစ်ပေါ် လာလျှင်, ပိုအဆင်ပြေပါမည်။ ဟုန်ယွိ၏ အကြံအစည်သည် အလွန် တွေးတောစရာပင်။
"ဒီအဘိုးကြီးကလည်း မြင်းတွေ မွေးမြူတာ တော်တော်လေး ကျွမ်းကျင်ပါတယ်။ မြင်းတွေကိုလည်း ကောင်းကောင်းကြည့်တတ်တယ်။ ဒီကိစ္စကို အကောင်းဆုံး ပြီးမြောက် အောင် လုပ်နိုင်မယ်လို့ အာမခံနိုင်တယ်။"
အဘိုးကြီး ရှန်ထိုက်ယန်က ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ပွတ်သပ်လိုက်သည်။
အားလုံး ဆွေးနွေးပြီးနောက် ရှန်ထိုက်ယန်သည် သူ့အလုပ်အတွက် ထွက်သွားလေသည်။
“မုကလေး၊ ရှန်ထိုက်ဇူ၊ ကိုယ်ခံပညာ လေ့ကျင့်ကြရအောင်။ မင်းတို့ သင်ယူထားတဲ့ လက်သီးပညာရပ် အားလုံးကို ပြစမ်းပါ။” ဟုန်ယွိ လှည့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ၊" ရှန်ထိုက်ဇူက အသံတိုးပြီး အသံအောအောဖြင့် ပြန်ဖြေသည်။ ရုတ်တရက်၊ သူသည် သူ၏သံတုတ်ကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ပြီး နတ်ဆိုးမျောက်ဝံဖရိုဖရဲ နတ်ဘုရားတုတ်သိုင်းကို အသုံးပြုခဲ့သည်။
အစပိုင်းတွင် သံတုတ်သည် အပေါ်အောက် ပျံနေဆဲဖြစ်ပြီး၊ လေတိုးက တဝှီးဝှီးမြည်ရုံသာ ရှိပါသေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လေထုသည် ကြိမ်လုံး၏ အရိပ်များ ဖြင့် ပြည့်နှက်လာနေသည်။ ဟုန်ယွိသည် သံတုတ်နှင့် လေထုကြား ပွတ်တိုက်မှုမှ ပူလောင် သော သံအနံ့ကို ရှူရှိုက်နိုင်လုနီးပါးပင်။
ဘန်း..။
ထိုသံတုတ်ကြီးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး မြေပြင်တစ်ခုလုံး ခုန်တက်လာပုံရသည်။
ရှန်ထိုက်ဇူက သံတုတ်ကို ရုပ်သိမ်းပြီး မတ်တပ် ရပ်လိုက်ပါသည်။ သူသည် အနည်းငယ် အသက်ရှူထုတ်လိုက်ကာ သူ၏အသားအရေက ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားပြီး သူ၏ကြံ့ခိုင်သော ရုပ်ခန္ဓာကိုယ်ခွန်အားကို ပြသခဲ့ပါသည်။
ဟုန်ယွိက လမ်းလျှောက်လာပြီး တုတ်ကို သူ့လက်ထဲမှာ ကိုင်လိုက်သည်။ ကီလိုဂရမ် ၈၀ ရှိသော သစ်သားဖြူလေးကို အသုံးပြုနေရသကဲ့သို့ ၎င်းသည် ပုံမှန် မဟုတ်သော လေးလံမူကို သူ ခံစားခဲ့ရပါသည်။
ဤသံတုတ်ကို အသုံးပြုပြီး လူတွေကို ရိုက်နှက်ရန် မဆိုထားနှင့်, သူသည် နှစ်ကြိမ် ဝှေ့ယမ်းပြီး နှစ်ကြိမ်တိုင်တိုင် လှုပ်ရှားရန် ကြိုးစားပြီးနောက် ဟုန်ယွိသည် ခါးနာပြီး သူ့လက်တွေ ထုံကျင်သွားပါသည်။
"ကျေးဇူးရှင်၊ ဒီသံတုတ်က ၉၈ ကီလိုဂရမ် ရှိသေးတယ်။ အခုမှ ကျွန်တော်က ဝှေ့ယမ်းရုံသာ ဝှေ့ယမ်းနိုင်ပြီး ရေပက်မဝင်နိုင်တဲ့ အဆင့်ကို မရောက်ရှိသေးဘူး။ ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းတော်ကြီး ယန်ယွဲ့က ဒီနတ်ဆိုးမျောက်ဝံ ဖရိုဖရဲနတ်ဘုရားတုတ်သိုင်းက အမြင့်ဆုံး အဆင့်အထိ လေ့ကျင့်ထားတယ်လို့ ရွာကလူတွေထံကနေ ကြားသိရတယ်။ သူက နဂါး ချိတ်ပိတ်သံမဏိတိုင်ကို သံမဏိဘောလုံးသဖွယ် ရစ်ပတ်နိုင်တဲ့အထိ အသုံးပြုနိုင်တယ်။ လူဒါဇင်ပေါင်းများစွာက မှင်ရေကိုအသုံးပြုပြီး ပက်ဖျန်းပေမယ့် မင်ရေတစ်စက်မှ သူ့ခန္ဓာကိုယ်ကို စွန်းထင်းအောင် မလုပ်နိုင်ခဲ့ဘူး။ သူက ဗုဒ္ဓရဲ့သိမ်းပိုက်မူကို တကယ် ခံထားရသူပဲ။” (ဗုဒ္ဓက သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားဟန်ဖြင့် တင်စားပြောခြင်း ဖြစ်မည် ဟု ယူဆပါသည်)။
"နဂါးချိတ်ပိတ်သံမဏိတိုင်လုံးလား?" ဟုန်ယွိ အံ့ဩသွားသည်။
မိသားစုကြီးတွေ၊ ဘုရားကျောင်းတွေနှင့် တာအိုဘုရားကျောင်းတွေမှာ တူးထားသည့် ရေတွင်းများသည် ကြီးမာကျယ်ဝန်းပြီး နက်ရှိုင်းပါသည်။ အချို့သော ရှေးဟောင်းရေတွင်း များသည် စိမ့်စမ်းရေများနှင့် ချိတ်ဆက်ထားပြီး ၎င်းတို့တွင် ငါးများ၊ လိပ်များနှင့် အခြား တိရစ္ဆာန်များကို သိမ်းဆည်းထားသည်။ လူတွေက သူတို့ကို အဆိပ်သင့်မှာ ကြောက်ကြပါ သည်။ သို့သော် နှစ်ပေါင်းရာနှင့်ချီ၍ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးနောက် နတ်ဆိုးများ၊ ရေနဂါးများနှင့် ရေနတ်ဆိုးများ မွေးဖွားလာမည်ကို ကြောက်ရွံ့ခဲ့ကြသည်။ သူတို့သည် လူနှစ်ရပ်စာ သုံးရပ်စာလောက် မြင့်ပြီး၊ ခါးနှင့်ပေါင်လောက်ထူသည့် တိုင်တစ်လုံးဆောက်ဖို့ သံမဏိကို အသုံးပြုရပါသည်။ ၎င်းပေါ်တွင် ရေးထွင်း ထားသော အဆောင်များပါရှိပြီး၊ ၎င်းကို နဂါးများကို ဖိနှိပ်ရန်အတွက် ရေတွင်းဘေးတွင် ထားရှိကာ၊ စိတ်ငြိမ်းချမ်းမူကို ရှာဖွေကြပါသည်။
ဟုန်ယွိသည် မြို့စားဝူဝမ်စံအိမ်တွင် ထိုကဲ့သို့သော တိုင်တစ်ခုကို မြင်ဖူးသည်။ ၎င်းကို လူပေါင်းဒါဇင်နှင့်ချီပြီး ကြိုးတုတ်ကာ ဆွဲထုတ်ကြရသော်လည်း ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းတော်ကြီး ယန်ယွဲ့သည် အမှန်တကယ်ပင် ၎င်းသံတုတ်ကို မှင်တွေ မစွန်းထင်းအောင် ဝှေ့ယမ်းနိုင်ခဲ့သည်။ ဤအရာက မည်သည့်နတ်တန်ခိုး အမျိုးစား ဖြစ်သနည်း။
ဟုန်ယွိသည် တွေးတောရင်းဖြင့် ထိတ်လန့်သွားပါသည်။
"နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်မှာ ပုံစံသုံးမျိုး ရှိတယ်။ လာမယ့် ရက် အနည်း ငယ်အတွင်းမှာ ငါ မင်းကို အားလုံးကို သင်ပေးမယ်။ အဲဒါတွေကို ကျွမ်းကျင်ပြီးသွားရင် တော့ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်ကို သင်ပေးမှာပါ။ မင်း အားလုံးကို ကျွမ်းကျင်ပြီးရင်တော့ ဝိညာဉ်လိပ် အသက်ရှူနည်းပညာကို သင်ကြားပေးမယ်။ မင်းက ကြေးနီရောင်အရေပြား၊ မာကြောတဲ့အရိုးတွေနဲ့ သံမဏိသဖွယ်ကိုယ်တွင်းအင်္ဂါတွေကို ပိုင်ဆိုင်ရမယ်လို့ ငါ အာမခံပါတယ်။”
မင်းက မွေးရာပါ အစွမ်းထက်သူပဲ" ဟု ဟုန်ယွိက ရှန်ထိုက်ဇူကို အားပေးခဲ့သည်။
"ဘာ…. ကျေးဇူးရှင်၊ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်ကို ကျေးဇူးရှင် သိထားပါသလား။" မျှော်လင့်ထားသည့်အတိုင်းပင် ရှန်ထိုက်ဇူသည် ထိုစကားကို ကြားတော့ စိတ်လှုပ်ရှားသွားသည်။
သူသည် လက်ရှိတွင် သိုင်းစစ်သည်တော် နယ်ပယ်မှာ ရှိနေခဲ့ပြီ။ သူသည် ပါရမီပါသည့် အတွက် သိုင်းသခင်များနှင့် ယှဉ်ပြိုင်နိုင်သော်လည်း ကြီးမြတ်သော ပညာရပ်မျိုး မရှိခဲ့ပေ။ သူ့အတွက် ဒီထက်ပိုပြီး တိုးတက်ဖို့ ခက်ခဲပါသည်။။
ယခုမူ သူသည် အဆင့်မြင့် ပညာရပ်များကို သင်ယူနိုင်ပြီး၊ သူ၏ စွမ်းရည်များသည် အရှိန် အဟုန်ဖြင့် တိုးတက်လာနိုင်ပါသည်။
"ဝိညာဉ်လိပ်အသက်ရှူနည်းပညာလား။ ဒါက တိုင်ရှန်တာအိုဂိုဏ်းရဲ့ အသက်ရှုနည်းစနစ်တစ်ခု မဟုတ်လား။ ဒီပညာရပ်က ဆန်းကြယ် ကောင်ကင်ဘုံ ခန်းမရဲ့ မြွေပုံစံအသက်ရူထိန်းချုပ်ခြင်းပညာရပ်လို ကျော်ကြားတယ်။” မုကလေးသည် တစ်စုံတစ်ခုကို သတိရသွား ဟန်ဖြင့် ရုတ်တရက် မျက်မှောင် ကြုတ်လိုက်သည်။ ဟုန်ယွိ ပြောခဲ့သည့် ဝိညာဉ်လိပ်အသက်ရှုခြင်း နည်းစနစ်က သူမအား တစ်ခုခုကို သတိရစေခဲ့သည်မှာ ရှင်းနေပါသည်။ (ယခင်က ရှန်တန်ခန်းမအစား ဆန်းကြယ်ကောင်ကင်ဘုံခန်းမဟု ပြောင်းလဲ ပြန်ဆိုပါမည်)။
"မြွေပုံစံအသက်ရူထိန်းချုပ်ခြင်းပညာရပ်လား" ဟုန်ယွိသည် သိုင်းကျမ်းများနှင့် ရင်းနှီးသော်လည်း ဤအမည်ကို သူ ပထမဆုံး ကြားလိုက်ရခြင်းပင်။
"မုကလေး, မင်း အရင်က ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှာ ကိုယ်ခံပညာ သင်ယူဖူးလား။ ငါ့ကို ရှင်းပြနိုင်မလား။”
မုကလေးက စဉ်းစားနေသည် "ကျွန်မ မှတ်မိသလောက်ဆို, အဖြူရောင် သစ်သားအိမ်တွေ အများကြီးရှိတဲ့ ရဲတိုက်တစ်ခုမှာ ကျွန်မ ကိုယ်ခံပညာကို လေ့ကျင့်နေခဲ့တာ။ တစ်ယောက်ယောက်က ကျွန်မကို စောင့်ကြည့်နေပြီး အပြင်ကို မထွက်ခိုင်းဘူး။ အဲဒါ ဘယ်မှာ ရှိတယ်ဆိုတာ မဆိုထားနဲ့၊ ကျွန်မကို တခြားသူတွေနဲ့ စကားမပြောဖို့ တားမြစ်ခဲ့ တယ်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က, သိုင်းသမားအချို့က ရုတ်တရက် ဝင်လာပြီး ကျွန်မကို ခေါ်ထုတ်ခဲ့သည်။ တယောက်ယောက်က ကျွန်မကို သတ်ချင်နေတယ်လို့ သူတို့က ပြောခဲ့တယ်။ နောက်ပိုင်း ဒီကိုလာရာလမ်းတစ်လျှောက်လုံး လိုက်ဖမ်းကြတယ်။ ကျွန်မ ကိုယ်ခံပညာ သင်ယူခဲ့တဲ့နေရာက ဆန်းကြယ်ကောင်ကင်ဘုံခန်းမဆိုတာ အခုမှပဲ သိရတယ်။”
"မင်းရဲ့နောက်ခံက ပဟေဠိတစ်ခုပဲ။ စိတ်မပူပါနဲ့၊ မင်း ဖြည်းဖြည်းချင်း သိလာလိမ့်မယ်။" ဟုန်ယွိ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
"ဒါပေမယ့်၊ ကျွန်တော် ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှာ ရှိတုန်းက တခြားသူတွေထံမှ ခိုးနားထောင်ပြီး အကြောင်းအရာတွေ အများကြီးကို လေ့လာခဲ့ပါတယ်။ ဆန်းကြယ် ကောင်ကင်ဘုံခန်းမမှာ မြွေပုံစံအသက်ရူထိန်းချုပ်ခြင်းပညာရပ်လို့ခေါ်တဲ့ ကိုယ်ခံပညာ တစ်ခုရှိပါတယ်။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဝိညာဉ်လိပ်အသက်ရှူခြင်း ပညာရပ်ကတော့ နာမည်ကြီးတယ်။ ဒီပညာရပ်က မဟာနတ်ဆိုး အင်မော်တယ်ရှစ်ပါးထဲက တစ်ပါးဖြစ်တဲ့ ခန်းမသခင် ကောင်းကင်မြွေဘုရင်ဇနီး ဖန်တီးခဲ့တဲ့ နက်နဲသိမ်မွေ့တဲ့ ပညာရပ်တစ်ခု ဖြစ်ပုံရတယ်။ ဒီပပညာရပ်ကို လူပေါင်းများစွာ သင်ယူချင်ကြပေမယ့် အနည်းငယ်လောက် ပဲ သင်ယူနိုင်ကြတယ်။”
"ဒါဆို မင်းရော သင်ယူပြီးပြီလား" ဟုန်ယွိက မေးသည်။
"ကျွန်မ မသင်ရပါဘူး။ ကျွန်မက ကိုယ်ခံပညာနှစ်ခုပဲ သိတယ်။ တစ်ခုက ကောင်းကင်ဘုံ ရစ်ပတ်ခြင်းလက်ဝါးနဲ့၊ နောက်တစ်ခုကတော့ လိပ်ပြာအက လက်သီးပဲ။" မုကလေးက ခေါင်းခါသည်။
"အင်း၊ လေ့ကျင့်ရအောင်" ဟုန်ယွိသည် နောက်ထပ် မေးခွန်းများ မမေးတော့ပါ။ သူသည် သိုင်းကိုယ်နေဟန်တစ်ခုယူပြီး ပြင်းပြင်းထန်ထန် စတင်လေ့ကျင့်လိုက်ပါသည်။
အခန်း (၇၂)။
တနေကုန်၊ ဟုန်ယွိသည် ထိုက်ဇူးနှင့် မုကလေးတို့နှင့် ကိုယ်ခံပညာ ဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် သူသည် "နတ်ဆိုးမျောက်ဝံ ဖရိုဖရဲနတ်ဘုရားတုတ်"သိုင်းနှင့် "ကောင်းကင်ဘုံ ရစ်ပတ်ခြင်းလက်ဝါး" "လိပ်ပြာအကလက်သီး" ကို နားလည်နိုင်ခဲ့သည်။
"နတ်ဆိုးမျောက်ဝံ ဖရိုဖရဲနတ်ဘုရားတုတ်အကြောင်းကို မပြောနဲ့ဦး။ ဒီပညာရပ်က ရန်သူကို လုံးလုံး ဖျက်ဆီးပစ်တဲ့ နည်းပညာတစ်ခုပဲ။ အခြားတစ်ဖက်တွင် ဆန်းကြယ် ကောင်ကင်ဘုံခန်းမ၏ ကောင်းကင်ဘုံရစ်ပတ်ခြင်း လက်ဝါးက ကြွက်သားတွေကို လေ့ကျင့်ဖို့အတွက် ထိပ်တန်းပညာရပ်တစ်ခု ဖြစ်တယ်။ ဒီပညာရပ်က နွားသိုးနတ်ဆိုး ခွန်အားလက်သီးပညာရပ်နဲ့ အဆင့်တူတူပဲ။ ဒါ့အပြင်, တစ်မျိုးက မာကျောပြီး နောက်တစ်မျိုးက ပျော့ပြောင်းပါတယ်။ ဒါက ယင်နဲ့ယန်တို့ရဲ့ သဘာဝပေါင်းစပ်မှု တစ်ခု ဖြစ်တယ်။”
တစ်နေ့တာ ကိုယ်ခံပညာ လေ့ကျင့်ပြီးနောက် ကောင်းကင်ကြီးက မှောင်မိုက်သွားသည်။ စားသောက်, ရေချိုးပြီးနောက်၊ ဟုန်ယွိသည် အိပ်ယာပေါ်တွင် ထိုင်ကာ နေ့ခင်းဘက် မြင်တွေ့ခဲ့သော ကိုယ်ခံပညာများကို ပြန်လည်အမှတ်ရလိုက်ပါသည်။
ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ ကောင်းကင်ဘုံရစ်ပတ်ခြင်း လက်ဝါးသည် အမြင် ရူထောင့်များစွာတွင် နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်နှင့် ဆင်တူသော်လည်း စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမူနည်းလမ်းက လုံးဝ ကွဲပြားပါသည်။
နွားသိုးနတ်ဆိုးခွန်အားလက်သီး ပညာရပ်ကို လေ့ကျင့်သောအခါ၊ လူတစ်ယောက်၏ စိတ်သည် ငြိမ်သက်နေရမည်။ ထိုနောက်, မီးလျှံကဲ့သို့ ပေါက်ကွဲထွက်ပြီး၊ တွန့်လိမ်နေ သော သံမဏိကြိုးကို သံမဏိချောင်းသဖွယ် ပုံသွင်းသကဲ့သို့၊ မာကျောသောလေးကို ဆွဲနေ သကဲ့သို့ လူတစ်ယောက်၏ စိတ်သည် တင်းမာနေရပါမည်။
သို့သော်, ကောင်းကင်ဘုံရစ်ပတ်ခြင်း လက်ဝါးကို လေ့ကျင့်သည့်အခါမှာတော့ လူတစ်ယောက်၏ စိတ်သည် စေ့စေ့စပ်စပ်ဖြစ်ရန်လိုပြီး၊ လောနေစရာ မလိုပေ။ ယင်းက လူတစ်ယောက်သည် ချည်လုံးကို ရစ်ပတ်ခြင်း သို့မဟုတ် ပိုးသားကို ဆွဲထုတ်နေသလိုမျိုးပင်။ တိမ်ထဲတွင် လွင့်မျောနေသကဲ့သို့ လူတစ်ယောက်၏ စိတ်သည် တင်းမာမူနှင့် စိုးရိမ်ပူပန်မူတို့မှ ကင်းလွတ်ပြီး အနှိုင်းမဲ့ စိတ်အေးလက်အေး ဖြစ်နေလိမ့်မည်။
ဟုန်ယွိသည် ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် ထရပ်လိုက်ပါသည်။ သူသည် နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်ကို လေ့ကျင့်ပြီး နောက် သူ၏သွေးများက ပွက်ပွက်ဆူလာပြီး သူရဲကောင်းဆန်သော စိတ်ဓာတ်များ ရှိနေသည်။ ထို့နောက် ကောင်းကင်ဘုံရစ်ပတ်ခြင်း လက်ဝါးသို့ ပြောင်းလဲလိုက်ပါသည်။
ဤပြောင်းလဲမှုနှင့်အတူ၊ နှစ်ကြိမ်လေ့ကျင့်ပြီးနောက်၊ သူ၏စိတ်ဝိညာဉ်သည် ဒဏ်ရာ ရသွားသကဲ့သို့ ရုတ်တရက် မူးဝေသွားကာ အလွန်တရာ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
"အိုး မဟုတ်ဘူး၊ လှုပ်ရှားမှုတွေက ဆင်တူပေမယ့် စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမူ နည်းလမ်းတွေမှာ လုံးဝ ကွဲပြားနေတယ်။ နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်ကို လေ့ကျင့်တဲ့အခါ၊ နှလုံးသားက မီးနှင့်တူပေမယ့် ကောင်းကင်ဘုံရစ်ပတ်ခြင်း လက်ဝါးကို လေ့ကျင့်တဲ့အခါ နှလုံးသားက လွင့်မျောနေတဲ့ တိမ်တိုက်တစ်ခုလိုပဲ။ ဒီစိတ်ခံစားမှု နှစ်ခုကြားက ကူးပြောင်းမှုဟာ ပျော်ရွှင်မှုကနေ ဒေါသထွက်လာခြင်းနဲ့တူပြီး၊ လူတစ်ယောက်ရဲ့ စိတ်ကို ထိခိုက်စေနိုင်တယ်။ ဒီလက်သီးပညာရပ်နှစ်ခုကို အတူတူ တွဲလေ့ကျင့်လို့ မရဘူး။”
ဟုန်ယွိသည် နောက်ဆုံးတွင် ထိုအတွေးအမြင်ကို နားလည်သွားပါသည်။ ထို့ကြောင့် သူသည် ကုတင်ပေါ်ပြန်ထိုင်ကာ အတိတ်အမိတ္တဘသုတ္တန်ထဲမှ ဗုဒ္ဓ၏ မူလရုပ်ဆင်း သဏ္ဍာန်ကို တိတ်တဆိတ် မြင်ယောင်လိုက်ပါသည်။ ခဏအကြာတွင် သူ၏ ပျက်စီးသွား သော စိတ်ဝိညာဉ်သည် သက်သာသွားကာ ချက်ချင်းပင် အားအင်အပြည့် ခံစားလိုက်ရ သည်။
“အယ်… ဘာတွေဖြစ်နေတာလဲ?”
ဟုန်ယွိသည် ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခါ လိုက်ပြီး အလွန်တရာ လွတ်လပ်ပေါ့ပါးမူကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး အသက်ဝင်နေပြီး အစိတ်အပိုင်းတိုင်းက အော်ဟစ် ခုန်ပေါက်နေသည်။
"ဒါက ယင်နဲ့ယန် ယှဉ်တွဲနေတဲ့ ဖြစ်စဉ်ပဲ"
သိုင်းကျမ်းမှတ်တမ်းများအရ လေ့ကျင့်ပြီးနောက် ထိုသို့သော ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာပါက, ဆိုလိုသည်မှာ ၎င်းသည် ယင်နှင့်ယန်တို့ အချင်းချင်း အမှန်တကယ် အားဖြည့်ပေးခြင်း၊ ရေနှင့်မီး ပေါင်းစပ်ခြင်းနှင့်, ခန္ဓာကိုယ်၏ စည်းလုံးညီညွတ်မှုတို့ ဖြစ်ပေါ်စေခြင်း ဖြစ်ပါသည်။ ဤသည်မှာ လူတစ်ယောက် အထွတ်အထိပ်အခြေအနေအထိ ကျင့်ကြံနိုင်မှသာ ဖြစ်ပေါ် လာမည့် အခြေအနေတစ်ခု ဖြစ်ပါသည်။
ဤအခြေအနေရှိ လေ့ကျင့်မှုသည် ပုံမှန်အခြေအနေတွင် လေ့ကျင့်မှုထက် ဆယ်ဆ သို့မဟုတ် အဆနှစ်ဆယ်နှင့် ညီမျှပါသည်။
ဟုန်ယွိသည် ဟာကူဇိယွဲ့၏ "အင်မော်တယ်ဝတ်ရည်ဝိုင်" ကို ဆိတ်ငြိမ်ချိုင့်ဝှမ်းတွင် ရက်အနည်းငယ်ကြာ သောက်ပြီးနောက်၊ သူ လေ့ကျင့်ချိန်တိုင်းတွင် ထိုသို့သော ဖြစ်စဉ်မျိုး ကြုံဖူးပါသည်။
အင်မော်တယ်ဝတ်ရည်ဝိုင်ကို မသောက်သုံးတော့ဘဲ လေ့ကျင့်ကတည်းက သူသည် ထိုအခြေအနေမျိုးကို မရရှိတော့ပေ။
လူတစ်ယောက်၏ သိုင်းပညာသည် ရှန်တန်သိုင်းသခင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်သည် တစ်သားတည်းဖြစ်နေမှသာ ခန္ဓာကိုယ်၏ ယင်နှင့်ယန်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး အကောင်းဆုံးအခြေအနေသို့ ပြောင်းလဲသွား နိုင်မည်ဟုလည်း ဟာကူဇိယွဲ့က ပြောပြခဲ့ဖူးပါသည်။ သို့မှသာ ၎င်းတို့၏ ကိုယ်ခံပညာ သည် အရှိန်အဟုန်ဖြင့် တိုးတက်လာစေမည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာမည် ဖြစ်သည်။
သူ့ကိုယ်တိုင်အနေဖြင့်မူ, စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က သဟဇာတ မဖြစ်သေးပါဘူး။ သူ ကိုယ်ခံပညာ လေ့ကျင့်ချိန်တိုင်း၊ သူ့ခန္ဓာကိုယ်အတွင်းရှိ ယင်နှင့်ယန်တို့ကို သဟဇာတ ဖြစ်အောင် အင်မော်တယ်ဝတ်ရည်ဝိုင်ကို အသုံးပြုရမည် ဖြစ်သည်။
"ကြည့်ရတာ, ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကိုယ်ခံပညာနဲ့ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ ကိုယ်ခံပညာတွေက တစ်ခုက ယန်အမျိုးစားဖြစ်ပြီး၊ အခြားတစ်ခုက ယင်အမျိုးစားတွေ ဖြစ်နေပုံပဲ။ ဒီပညာရပ်တွေကို လေ့ကျင့်တဲ့အခါ လူတစ်ယောက်ရဲ့ စိတ်ဓာတ်က လုံးဝကို ကွဲပြားနေတယ်။ ဒီပညာရပ်တွေကို တစ်ပြိုင်တည်း လေ့ကျင့်ရင် စိတ်ဝိဉာဉ်ကို ပျက်စီးစေ နိုင်တယ်။ ဒါပေမယ့် ဒီကိုယ်ခံပညာနှစ်ခုက ခန္ဓာကိုယ်ရဲ့ ယင်နဲ့ယန်ကို သဟဇာတ ဖြစ်စေတယ်။ ငါ့မှာ စိတ်ဝိညာဉ်ကို ပြုပြင်ပေးနိုင်တဲ့ အမိတ္တဘသုတ္တန် ရှိတယ်၊ ဒါကြောင့် ဒီသိုင်းပညာနှစ်ခုကို အတူတူ လေ့ကျင့်လို့ရတယ်။ ဒီအချိန်မှစပြီး ငါ အချိန်တိုင်း အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနိုင်ပြီး အကျိုးသက်ရောက်မှုက အင်မော်တယ် ဝတ်ရည်ဝိုင် သောက်သုံးခြင်းနဲ့ အတူတူ ဖြစ်လာလိမ့်မယ်။ တကယ်လို, ဒီအတိုင်းသာ ရှေ့ဆက်သွားနိုင်ရင်, ငါ့ရဲ့ခန္ဓာကိုယ်က သဘာဝအတိုင်း တိုးတက်လာမှာ ဖြစ်ပြီး၊ ထိုက်ဇူရဲ့ ခန္ဓာကိုယ်ထက်တောင် ပိုကောင်းသွားနိုင်တယ်။”
ဟုန်ယွိသည် နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်နှင့် ကောင်းကင်ဘုံရစ်ပတ်ခြင်း လက်ဝါးသည် လုံးဝကွဲပြားသည့် ကိုယ်ခံပညာနှစ်ခု ဖြစ်ကြောင်း နောက်ဆုံးတွင် နားလည် သွားပါသည်။ ၎င်းပညာရပ်များသည် အစွန်းရောက်လွန်းသည်။ ၎င်းပညာရပ်များကို အပြင်းအထန် လေ့ကျင့်သူများသည် ခဏတာ ပျော်ရွှင်ကြရပြီး၊ နောက်ပိုင်း တည်ငြိမ် သွားကာ သူတို့၏ စိတ်ဝိညာဉ်များသည် ပင်ပန်းနွမ်းနယ်နေမည်မှာ သေချာပါသည်။
သို့သော် အမိတ္တဘသုတ္တန်သည် အစွန်းရောက်သော ထိုလက်သီးပညာရပ်နှစ်ခုကို ပေါင်းစပ်ပေးသည့် ဘီးတစ်ခု၏ပုဆိန်နှင့် တူသည်။
အစွန်းနှစ်ဖက်ဖြစ်သည့် ကိုယ်ခံပညာနှစ်ခုကို ခိုင်ခံ့စွာ ချိတ်ဆက်ထားခြင်းဖြင့် ခန္ဓာကိုယ် နှင့် စိတ်ကို သဟဇာတဖြစ်စေပြီး စိတ်ဝိညာဉ်ကို ငြိမ်းချမ်းစေမည် ဖြစ်သည်။ မြင့်မြတ် သော စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ခြင်း နည်းပညာဖြစ်သော "အမိတ္တဘသုတ္တန်" မှာသာ လျှင် ထိုအရာကို ရရှိနိုင်ပါသည်။
ဟုန်ယွိသည် အတိတ်၏ အမိတ္တဘသုတ္တန်၏ တန်ခိုးကို တစ်ဖန် ခံစားခဲ့ရပြန်သည်။
"ငါ အမိတ္တဘသုတ္တန်ကို ရှန်ထိုက်ယန်, ရှန်ထိုက်ဇူနဲ့ မုကလေးတို့ကို သင်ပေးသင့်လား။ တကယ်လို့, သူတို့သာ သင်ယူနိုင်မယ်ဆိုရင်, သူတို့ ကိုယ်ခံပညာကို လေ့ကျင့်တဲ့အခါ တဝက်ကြိုးစားရုံနဲ့ ရလာဒ်က နှစ်ဆ ဖြစ်လာလိမ့်မယ်။ ဒါက ငါ့အင်အားကို လျင်မြန်စွာ တိုးစေနိုင်တယ်။”
ဟုန်ယွိသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါကာ "ကောင်းကင်ရတနာကို တခြားသူတွေကို အလွယ်တကူ မပေးနိုင်ဘူး၊ ဒါမှမဟုတ်ရင် ဘေးဒုက္ခတွေ ကျရောက်စေ လိမ့်မယ်။ အမိတ္တဘသုတ္တန်ဟာ အထွတ်အထိပ် ကျမ်းဂန်တစ်ခုပဲ။ တကယ်လို့, သတင်း နည်းနည်းလေး ပေါက်ကြားသွားခဲ့ရင် အဆုံးမဲ့ သေစေလောက်တဲ့ ကပ်ဘေးတွေ ချက်ချင်း ဖြစ်ပေါ်လာလိမ့်မယ်။"
ကောင်းကင်ရတနာကို အခြားသူများအား အလွယ်တကူ မပေးဆောင်နိုင်ပေ။ မဟုတ်ပါ က, မမျှော်လင့်ထားသော ဘေးဥပါဒ်များကို ဆောင်ကြဉ်းလာလိမ့်မည်။ သမိုင်းစာအုပ်များ တွင် ဤအရာနှင့်ပတ်သက်၍ မရေမတွက်နိုင်သော ဥပမာများ ရှိခဲ့ပါသည်။ အဆုံးတွင် ဟုန်ယွိသည် သူ့စိတ်ထဲတွင် ထိုအတွေးကို ဖျောက်ပစ်လိုက်သည်။
၎င်းကို ဖုံးကွယ်ထားသည်ဟု မဆိုသာသော်လည်း, အကယ်၍, အမိတ္တဘသုတ္တန်၏ သတင်းသည် ကံမကောင်း၍ ပေါက်ကြားပါက အဆုံးမဲ့ ဘေးဒုက္ခများ ကျရောက်လာပါ လိမ့်မည်။
သူ့မှာ လုံလောက်သည့် ခွန်အားမရှိခင်မှာ အမိတ္တဘသုတ္တန်၏ လျှို့ဝှက်ချက်ကို မည်သူ့ကို မှ ရှာဖွေတွေ့ရှိခွင့် မပြုနိုင်ပါဘူး။
"ငါ ကိုယ်ခံပညာကို ဖြည်းဖြည်းချင်း လေ့ကျင့်ရမယ်။ အလျင်စလို အလောတကြီး လုပ်လို့ မရဘူး။ ညဘက်မှာ စိတ်ဝိညာဉ်ကို ကျင့်ကြံတာက ပိုကောင်းတယ်။"
ဟုန်ယွိသည် သူ၏စိတ်နှလုံးထဲတွင် ရှာဖွေတွေ့ရှိမှုကို ဖိနှိပ်ကာ မျက်လုံးများကို မှိတ်ပြီး "စေတီတော်ပုံရိပ်ဖော်ခြင်းနည်းလမ်း"ကို လုပ်ဆောင်ခဲ့သည်။ ထို့နောက် သူသည် သူ့စိတ်ဝိညာဉ်ဖြင့် တံခါးထိပ်မှ ခုန်ဆင်းလိုက်ပါသည်။
သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားသောအခါ၊ လန်းဆန်း သော ခံစားမှုတစ်ခုက သူ့ထံ ရောက်ရှိလာပါသည်။ အေးမြသော လေညင်းသည် နေရာ တိုင်းသို့ တိုးဝင်လာသည်။ ဟုန်ယွိသည် အနှိုင်းမဲ့ လွတ်လပ်သလို ခံစားလိုက်ရ၏။ ထိုနေ့ တွင် နွေဦးမိုးခြိမ်းသံကို သူခံစားခဲ့ရပြီးကတည်းက ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်က အားကောင်းသထက် အားကောင်းလာသည်ဟု ခံစားလိုက်ရပါသည်။ သူသည် အဆင့် ဖြတ်ကျော်သလို ခံစားရ၏။
ခြံထဲမှာ အချိန်အတော်ကြာ လှည့်လည်ပြီးနောက်၊ ဟုန်ယွိသည် သူ့အခွံဆီကို ပြန်လာခဲ့ သော်လည်း အပြင်ကို ထပ်မထွက်ခဲ့ပါဘူး။ ဤနေရာသည် ဖန်ရှင်းတာအိုဂိုဏ်း၏ အခြေခံ အုတ်မြစ်ဖြစ်သော ကျောက်စိမ်းမြို့တော်ဘုရားကျောင်း ဖြစ်ပါသည်။ လျှို့ဝှက်သခင်တွေ မည်မျှ ရှိသည်ကို မည်သူ သိနိုင်မည်နည်း။ သူ၏စိတ်ဝိညာဉ်သည် ထွက်သွားပါက၊ သူသည် နတ်ဆိုး သို့မဟုတ် တစ္ဆေသရဲအဖြစ် တာအိုဝါဒီများ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ပါသည်။
တစ်လခွဲဆက်တိုက်၊ ဟုန်ယွိသည် သူ့အခန်းထဲမှ မထွက်လုနီးပါး ဖြစ်နေခဲ့သည်။ သူသည် ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ပြီး၊ ခြံဝင်းထဲတွင် သူ၏ စိတ်ဝိညာဉ်ကို ကျင့်ကြံနေခဲ့သည်။ မုကလေးသည် သူ၏နေ့စဉ်ဘဝကို ဂရုစိုက်ပြီး သူ့ကို စောင့်ဆိုင်းနေခဲ့သည်။ သူ့အတွက် အစားသောက် အဝတ်အစားတွေကို အဆင်သင့် ပြင်ဆင်ထားပါသည်။ သူသည် သက်သောင့်သက်သာစွာဖြင့် နေထိုင်ခဲ့ရပါသည်။
မုကလေးသည် ငယ်ရွယ်သော်လည်း၊ သူမသည် ကျင်းဟူလောကတွင် နှစ်နှစ်ကြာ လှည့်လည်နေထိုင်ခဲ့သဖူးည်။ သူမသည် အလွန်ဉာဏ်ကောင်းပြီး အရာရာတိုင်းမှာ အလွန်ကျွမ်းကျင်သည်။
ဟုတ်ပါသည်။ ဤနေရာတွင် နေရခြင်းက အလုပ်တွေ ဝန်မပိသလို၊ နေစဉ်နေ့တိုင်း အစားအသောက်ကလည်း ကျင်းဟူလောကမှာ လမ်းလျှောက်နေရခြင်းထက် ပိုကောင်းပါ သည်။ ဟုန်ယွိက သူတို့ကို အပြင်ထွက်ပြီး သူတို့ကိုယ်တိုင်အတွက် အားဖြည့်ဆေးတွေ ဝယ်ခိုင်းပါသေးသည်။ လဝက်လောက် အနားယူပြီးသည့် နောက်မှာတော့ မုကလေး၏ မျက်နှာသည် ပိုပိုပြီး တောက်ပလာပြီး ပိုပိုပြီး လှပလာခဲ့ပါသည်။
သူမသည် ဟုန်ယွိနှင့် နေ့တိုင်း ကိုယ်ခံပညာ လေ့ကျင့်ခဲ့ပြီး ဟုန်ယွိနှင့်ပင် လက်ရည်စမ်း သည်။
လက်ရည်စမ်းနေစဉ်အတွင်းမှာ၊ ဟုန်ယွိသည် ထိတ်လန့်စရာကောင်းသော အချက်ကို တွေ့ရှိခဲ့ရသည်။ မုကလေး၏ ကိုယ်ခံပညာသည် ဟုန်ရွှေ့ကျောင်းထက် မြင့်မားပြီး သူမ၏ အခြေခံ အုတ်မြစ်သည် အလွန်ခိုင်မာသည်။ သူတို့လက်ရည်စမ်းတိုင်း ဟုန်ယွိသည် မုကလေးကြောင့် မြေပေါ်လဲကျသည့်အထိ ရိုက်နှက်ခံရလိမ့်မည်။
သို့သော် ညစဉ်ညတိုင်းတွင် နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်ကို လေ့ကျင့်ပြီး နောက်၊ ဟုန်ယွိသည် ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးကို လေ့ကျင့်ခဲ့ပြီး၊ ထို့နောက် အမိတ္တဘသုတ္တန်ကို ကျင့်ကြံခဲ့သည်။ သူလေ့ကျင့်သည့် အချိန်တိုင်း၊ ယင်နှင့်ယန်ကြား အကောင်းဆုံးမျှတမူအခြေအနေထဲ ဝင်ရောက်သွားခဲ့သည်။
လဝက်ကြာသည်အထိ, သူသည် သိုင်းစစ်သည်တော်နယ်ပယ်သို့ ဖြတ်ကျော်ရန် အလျင် စလို မရှိခဲ့ပေ။ သူသည် ယင်းအစား သူ့ကြွက်သားတွေကို ဆက်လက် လေ့ကျင့်ပြီး ခိုင်မာသည့် အခြေခံအုတ်မြစ်ကို တည်ဆောက်နေခဲ့ပါသည်။
တစ်လခွဲ ကြာသွားခဲ့ပြီ။ သူသည် သိုင်းစစ်သည်တော်အဆင့်သို့ မဖြတ်သွားသော်လည်း သူ့ခန္ဓာကိုယ်သည် အကန့်အသတ်မရှိသော စွမ်းအင်များဖြင့် ပြည့်နေသည်ဟု ခံစားမိ သည်။ သံတိုင်ပေါ်ရှိ သံလှံတံကို ကိုင်ဆောင်ရန် ကြိုးစားသောအခါ၊ ကိုင်စွဲနိုင်ခဲ့သည်။ လွန်ခဲ့သည့်လဝက်က ခါးနာခြင်းမျိုးနှင့် လုံးဝ မတူတော့ပေ။
သူ့ကြွက်သားတွေ၏ ကြံ့ခိုင်မှုက ၃၀ ရာခိုင်နှုန်းအပြည့်အဝထိ တိုးတက်လာခဲ့သည်။
ဟုန်ယွိသည် သူ့အရင်က သူ့ကိုယ်သူနှစ်ယောက်ကိုပင် တွန်းလှန် တိုက်ခိုက်နိုင်သည်ဟု ခံစားခဲ့ရသည်။
ယင်းက သူ့ခန္ဓာကိုယ်က အရမ်းကို တိုးတက်လာသောကြောင့် ဖြစ်သည်ကို သူ သိပါသည်။ သူ့ကြွက်သားတွေက အရင်ကထက် ပိုသန်မာလာပြီး သူ့အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ ထူထောင်ထားပါသည်။ သူ မပျော့ညံ့တော့ပါဘူး။
အရင်တုန်းကဆို, ဟုန်ယွိသည် ငယ်ငယ်လေးကတည်းက ကိုယ်ခံပညာကို မလေ့ကျင့်ခဲ့ ဘဲ ခန္ဓာကိုယ်က အားနည်းခဲ့ပါသည်။ လေ့ကျင့်ပြီးနောက် အများကြီး တိုးတက်ခဲ့သော် လည်း သူ့အခြေခံအုတ်မြစ်က မခိုင်မာသေးဘဲ အနည်းငယ် အားနည်းနေခဲ့ပါသည်။ အခု က လုံးဝကို ကွဲပြားသွားပါပြီ။ သူသည် ငယ်စဉ်ကတည်းက ကြံ့ခိုင်သန်စွမ်းပြီး လေ့ကျင့်မှု ကောင်းများ ခံယူထားသူတစ်ဦးနှင့် တူနေပါပြီ။
ထိုနေ့တွင် လေသည် သာယာပြီး နေရောင်က တောက်ပနေပါသည်။
မုကလေးသည် သစ်အယ်သီးမြင်းကိုစီးပြီး ဟုန်ယွိသည် လျှပ်စီးဖမ်းမြင်းကို စီးခဲ့သည်။ သူတို့နှစ်ဦးသည် တရားဝင်လမ်းပေါ်မှာ ဒုန်းဆိုင်းမောင်းကာ သဲကန္တာရသစ်တော လမ်းဆီ သို့ ရောက်လာကြသည်။ မုကလေး၏ မျက်နှာသည် နီမြန်းနေပြီး သူမ၏ ဆံပင်များက လေထဲတွင် တလူးလူး လွင့်ထုတ်နေသည်။ သူမ အရမ်းပျော်ရွှင်နေ၏။
သူ့ကိုမြင်တော့ ဟုန်ယွိက ချိုင့်ဝှမ်းထဲက မြေခွေးလေးကို တွေးပြီး အရမ်းနွေးထွေးသွား ပါသည်။
ဤရက်များတွင် အဘိုးကြီး ရှန်ထိုက်ယန်သည် မြို့မှ ပြန်လာခဲ့သည်။ သူသည် ကြံ့ခိုင် သန်မာပြီး သွယ်လျသော မြင်းသုံးကောင်ကို ဝယ်ယူရန် ငွေဒင်္ဂါး ၅ဝ ကို အသုံးပြုခဲ့သည်။
ဤမြင်းများသည် မြောက်ပိုင်း တော်ဝင်ချန် မြင်းမျိုးစပ်များ ဖြစ်သည်။ ၎င်းတို့သည် တာဝေးပြေးခြင်း၊ လေးလံသော ဝန်များကို သယ်ဆောင်ရာတွင် ကောင်းမွန်ပြီး ကိုယ်ခံ စွမ်းအားကလည်း ကောင်းမွန်ပါသည်။ လေ့ကျင့်မှုအပြီးတွင် ၎င်းတို့ကို စစ်မြင်းများအဖြစ် အသုံးပြုနိုင်သည်။ မြောက်ဘက်ရှိ လယ်သမားများသည် လယ်ထွန်ရာတွင် ၎င်းတို့ကို အသုံးပြုကြသည်။ မြင်းတစ်ကောင်သည် လူဆယ်ယောက်နှင့် ညီမျှသည်။
၎င်းတို့သည် လျှပ်စီးဖမ်းမြင်းထက် နိမ့်ကျသော်လည်း လက်ရွေးစင်မြင်းများ ဖြစ်နေဆဲပါ။
"ကျေးဇူးရှင်၊ ကျွန်မ အရမ်းပျော်တယ်။" မုကလေးသည် ဂျင် ၄၀ ရှိ တူမူလေးကို သူမ နောက်ကျောတွင် လွယ်ထားပါသည်။ သူမသည် ပျော်ရွှင်စွာ စီးနင်းနေရင်း လေးကို ရုတ်တရက် ဆွဲဆုတ်လိုက်ပြီး မြှားကို တပ်လိုက်ပါသည်။ သူမသည် မြှားသုံးစင်းကို ဆက်တိုက်ပစ်ခဲ့ပြီး မြှားအားလုံးသည် ခြေလှမ်းတစ်ရာအကွာ သစ်ပင်တစ်ပင်ကို ထိမှန် သွားခဲ့သည်။ မြှားများသည် “ ” ပုံစံ သေသေသပ်သပ် စိုက်ဝင်သွားပါသည်။
"ကောင်းလိုက်တဲ့ ပစ်ချက်၊ ငါ့ကို ကျေးဇူးရှင်လို့ မခေါ်နဲ့တော့။ အဲဒါက အဆင်မပြေဘူး။ ငါ့ကို အစ်ကိုယွိလို့ပဲ ခေါ်ပါ။” ဟုန်ယွိလည်း လေးကိုပြန်ဆွဲထုတ်ပြီး မြှားသုံးစင်းကို သစ်ပင် အောက်မှာ “ ” စာလုံးပုံစံဖြင့် ဆက်တိုက် ပစ်ခတ်လိုက်ပါသည်။
"ကောင်းပြီ အစ်ကိုယွိ၊ ကျွန်မရဲ့ လိပ်ပြာဖောက်တဲ့ပန်းပစ်ချက်ကို ကြည့်လိုက်ပါဦး။" မုကလေးက ရယ်မောလိုက်ပြီး၊ သူမခြေထောက်တွေကို ညှစ်ထားရင်း မြင်းကျောပေါ်မှာ ဘယ်ညာ လှုပ်ယမ်းနေ၏။ သူမက အပေါ်သို့ ခုန်တက်ပြီး လေးကို ပြန်ဆွဲထုတ်လိုက် ပါသည်။ သူမသည် ကခုန်နေသော လိပ်ပြာတစ်ကောင်ကဲ့သို့ မြှားများကို အဆက်မပြတ် ပစ်လွှတ်လိုက်သည်။
ဟုန်ယွိ ဆွံ့အသွားသည်။ ဤစိတ်ကူးယဉ်ဆန်ဆန် လေးပစ်နည်းစနစ်သည် အလွန် မြင့်မားသောလေးပစ်ခြင်းပညာရပ်နှင့် မြင်းစီးကျွမ်းကျင်မှု လိုအပ်ကြောင်း သူ သိသည်။ ၎င်းပညာရပ်သည် ရန်သူ၏မြှားတွေကို ရှောင်တိမ်းပြီး တစ်ချိန်တည်းမှာ ပြန်ပစ်ခတ်နိုင်အောင် လူက မြင်းမှာ ချိတ်ဆွဲထားရပါသည်။
"ဒါက လိပ်ပြာအကလက်သီးရဲ့ပညာရပ်ထဲ လေးပစ်နည်းပဲ။ အချိန်ရရင် ကျွန်မ သင်ပေး မယ်။" မုကလေးက ရယ်မောပြန်သည်။
"ကောင်းပြီ၊ နောက်ကျနေပြီ၊ ပြန်ကြရအောင်။" ဟုန်ယွိသည် ကောင်းကင်ကို မော့ကြည့် လိုက်သည်။
"ကောင်းပြီ"
သူတို့နှစ်ယောက်သည် မြင်းဇက်ကြိုးကိုဆွဲကာ သူတို့လာရာလမ်းကို ပြန်ပြေးကြသည်။
"ငါ့လေ့ကျင့်နေမူကို ဘယ်သူက နှောင့်ယှက်ရဲတာလဲ။ အခုနက အဲဒီမိန်းကလေးက လိပ်ပြာအကလက်သီးကို အသုံးပြုခဲ့တာ မဟုတ်လား။ အဲဒါက ငါတို့ ဆန်းကြယ် ကောင်ကင်ဘုံခန်းမရဲ့ လျှို့ဝှက်နည်းပညာတစ်ခု မဟုတ်ဘူးလား။ အဲဒါက အပြင်လူလက် ထဲ ဘယ်တော့မှ မကျဘူးဆိုတော့ ဒီကောင်မလေးဆီမှာ ဘာလို့ ပေါ်လာရတာလဲ။ ဖြစ်နိုင်တာက။ ဖြစ်နိုင်တာက။ သူမက ဒိုဂျိုသခင်ရှာဖွေနေတဲ့ လူတစ်ယောက်ပဲလား။ ဒိုဂျိုသခင်က ငါ့ကို အကြောင်းကိစ္စနှစ်ရပ်ကြောင့် တော်ဝင်ချန်ကို စေလွှတ်ခဲ့တယ်။ ပထမ တစ်ခုက မျောက်ဝံဖြူဘုရင်နဲ့ ညှို့ငင်မြေခွေးဘုရင်တို့ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ပဲ။ ဒုတိယတစ်ခုကတော့ တော်ဝင်နည်းပြဆရာမ ယုဝမ်ကို ရှာဖွေဖို့ ဖြစ်တယ်။ ဒီမိန်းကလေးက အတော်ကို တူနေတယ်။ သူမ ဘယ်မှာနေလဲဆိုတာ ငါ ရှာရမယ်။ ငါ ဒီည သူမကို ပုံတူဆွဲသွားရမယ်။”
ဟုန်ယွိနှင့် မုကလေးတို့ ပြေးထွက်သွားစဉ် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး တစ်ဦးသည် တောင်ထိပ်လမ်းကြားရှိ တောအုပ်ထဲမှ ရုတ်တရက် ထွက်လာခဲ့ပါသည်။ သူမ၏ ဆံပင်နှစ်ဖက်စလုံးကို ဖြည်ချလိုက်ပြီး သူမနဖူးတစ်ဝိုက်တွင် ရောင်စုံဖဲကြိုး တစ်ချောင်းကို ချည်နှောင်ထားသည်။
ထိုအမျိုးသမီး၏ ဝတ်စားဆင်ယင်မှုက တော်ဝင်ချန် အဝတ်အစားများနှင့် လုံးဝ မတူပါ ဘူး။ ယင်းအစား ၎င်းသည် ယွန်မင်ဘုရင့် နိုင်ငံတော်၏ အမျိုးသမီးများ ဝတ်ဆင်လေ့ရှိ သည့် အဝတ်စားများ ဖြစ်သည်။
သူမကိုယ်သူမ ရေရွတ်ရင်း, ခြေထောက်တွေကို လှုပ်ရှားပြီး အဝေးမှ မြင်းနောက်ကို လိုက်ပါသွားခဲ့သည်။
ညမိုးချုပ်သောအခါတွင် သူမသည် ကျောက်စိမ်းနဂါးတောင်ခြေရင်းသို့ ရောက်ရှိလာခဲ့ပြီး၊ ဟုန်ယွိနှင့် မုကလေးတို့သည် ခြံဝင်းထဲသို့ ဝင်သွားသည်ကို သူမ တွေ့လိုက်ရသည်။
"ကျောက်စိမ်းမြို့တော်ဘုရားကျောင်းလား။ ဖန်ရှင်းတာအိုဂိုဏ်းရဲ့ နယ်မြေလား။ အဲဒီမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေတယ်။ တစ်ခုခုလုပ်ချင်ရင် မြန်မြန်လုပ်ရလိမ့်မယ်။”
အမှောင်ထုကို အခွင့်ကောင်းယူပြီး အမျိုးသမီးသည် ခြံဝင်းဘက်သို့ ဝင်ကာ အချိန်အတော် ကြာအောင် စောင့်နေခဲ့သည်။ ရုတ်တရက် သူမသည် ယမ်းမှုန့်များပါသော အဆောင်တစ်ခု ကို ထုတ်ယူလိုက်သည်။
အဆောင်က သိပ်သည်းသော မီးလျှံများဖြင့် လွှမ်းခြုံထားပါသည်။
သူမသည် အဆောင်ကို ထုတ်ယူစဉ် ဥတစ်လုံးအရွယ် ရွှေငွေရောင် ဆေးပြားကိုလည်း ထုတ်ယူခဲ့သည်။
သူမသည် ဆေးပြားကို အဆောင်ဖြင့် ထုပ်ပိုးပြီး မြေပေါ်သို့ ပစ်ချလိုက်သည်။
"ဘုန်း.."
အဆောင်လည်း ချက်ချင်း ပေါက်ကွဲသွားသည်။ အသံက အရမ်းကို တိုးသော်လည်း အလင်းရောင်က ပြင်းထန်ပါသည်။ သန့်စင်သော မီးလျှံသည် ဆေးလုံးကို ရေနွေးငွေ့ အဖြစ်သို့ လောင်ကျွမ်းသွားစေခဲ့သည်။
ရွှေငွေရောင် တိမ်တိုက်အငွေ့များ မြင့်တက်လာခဲ့ပါသည်။ အမျိုးသမီးသည် သူမ၏ စိတ်ဝိညာဉ်က သူမခန္ဓာကိုယ်မှ ထွက်ခွာပြီး ဆေးပြားထဲသို့ ဝင်ရောက်သွားသည့်အတိုင်း မလှုပ်မယှက် ထိုင်နေခဲ့ပါသည်။
ချက်ချင်းပင်၊ ရွှေငွေဆေးပြားသည် ငွေရောင်သံချပ်ကာဝတ် အမျိုးသမီး စစ်သည်တော် အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပါသည်။ သူမသည် ပေသုံးဆယ် အရပ်ရှည်ပြီး နတ်ဘုရားမတစ်ပါးလို ဖြစ်နေသည်။ သူမ၏မျက်နှာက ယခင်သူမနှင့် လုံးဝတူ၏။ သူမသည် ပြင်းပြင်းထန်ထန် တစ်ချက် ခုန်လိုက်ပါသည်၊ ပေအတော်မြင့်အောင် ခုန်ပြီး နံရံပေါ်မှ ခုန်ဆင်းကာ ခြံဝင်းထဲသို့ ဝင်လိုက်ပါသည်။
"ဘန်း.." ခြံတစ်ခုလုံး တုန်လှုပ်သွားသည်။
ဤဧရာမ ငွေရောင်သံချပ်ကာဝတ် စစ်သည်တော်သည် အငွေ့တစ်ခု မဟုတ်ဘဲ ငွေစင်စစ် ဖြင့် ပြုလုပ်ထားပုံရသည်။ ဤအရာသည် ထင်ယောင်ထင်မှား ပုံရိပ်တစ်ခု မဟုတ်ခဲ့ပါဘူး။ ၎င်းသည် အစစ်အမှန် ဖြစ်နေခဲ့ပါသည်။
သူမ ခြံဝင်းထဲသို့ ခုန်ဆင်းလိုက်သည့်အခိုက်တွင် အရပ်မြင့်မားသည့် ငွေသံချပ်ကာဝတ် စစ်သည်တော်က သူမလက်ကို ဆန့်တန်းကာ တံခါးကို လက်သီးဖြင့် ရိုက်သည်။
ထူထဲသော သစ်သားတံခါးသည် တစ်ချက်ထိုးလိုက်ရုံဖြင့် သူမလက်ထဲတွင် စာရွက် တစ်ရွက်လို ပေါက်သွားခဲ့ပြီ။
တံခါးကို ထိုးဖောက်ဝင်ပြီးနောက်၊ ငွေရောင်သံချပ်ကာ စစ်သည်တော်ကြီးသည် သူမ လက်ကို ဆန့်တန်းကာ ငှက်ဥကို ဖမ်းဆုပ်သကဲ့သသို့ အတွင်းလူများကို ဖမ်းဆုပ်လိုဟန် ဖြင့် အခန်းထဲသို့ ရောက်ရှိသွားသည်။
အခန်း (၇၃)။
ရူး.....။
ဟုန်ယွိသည် ကုတင်ပေါ်တွင် ထိုင်ကာ သူ့လက်နှစ်ချောင်းကို ချည်ဆွဲနေသလို လှုပ်ရှားနေပါသည်။ သူသည် ဘယ်ညာ တွန်းထုတ်လိုက်၊ အပေါ်အောက် လွင့်မျောလိုက် ဖြင့် လှုပ်ရှားနေသည်။ သူသည် ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးကို လေ့ကျင့်နေခြင်း ဖြစ်ပါသည်။
ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးကို လေ့ကျင့်ပြီးသောအခါတွင် သူသည် ရှည်လျားစွာ အသက်ရှုထုတ်ပြီး မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်သည်။ သူ့မျက်လုံးများသည် တောက်ပစွာ လင်းလက်နေပြီး သူ၏ ထက်မြက်သော စွမ်းအင်နှင့် ကြံ့ခိုင်သော ရုပ်ခန္ဓာကိုယ်ကို ပြသနေပါသည်။
မတ်တပ်ရပ်ပြီး ဟုန်ယွိသည် နံရံတွင် ချိတ်ထားသည့် လေးကို ကောက်ကိုင်လိုက်သည်။ သူသည် မတ်တပ်ရပ်ပြီး လပြည့်ဝန်းအနေထားအထိ လေးကို ရုတ်တရက် ဆွဲထုတ်လိုက် ၏။
ထို့နောက် သူသည် ကိုယ်ဟန်အနေအထား ပြောင်းကာ လေးကို ထပ်မံဆွဲထုတ်လိုက် သည်။ အသက်ငါးဆယ်ရှိုက်အချိန်အတွင်းမှာ သူသည် လေးကို ငါးကြိမ်အထိ ဆွဲခဲ့သည်။
ဤလေးသည် ဂျင် ၁၂၀ ရှိသည့် သစ်သားဖြူလေးဖြစ်ပြီး၊ နန်းတော်မှ ကြင်ယာတော်ယွမ်က သူ့ကို အပ်နှင်းခဲ့သည်။
"ငါ ငါ့အရေပြားတွေကို နွားတစ်ကောင်ရဲ့သားရေလို မာကြောအောင် မလေ့ကျင့်ရသေး တာ သေချာပေမယ့်၊ ငါ ဂျင် ၁၂၀ ရှိတဲ့ သစ်သားဖြူလေးကို ဆွဲနိုင်တုန်းပဲ။ ဒါက သိုင်းစစ်သည်တော် နယ်ပယ်ပဲ။ ကြည့်ရတာ, အမိတ္တဘသုတ္တန်နဲ့အတူ ကောင်းကင်ဘုံ ရစ်ပတ်ခြင်းလက်ဝါးနဲ့ နွားသိုးနတ်ဆိုး ခွန်အားလက်သီးပညာရပ်ကို အတူတကွ လေ့ကျင့် လိုက်ခြင်းက ကောင်းကင်နဲ့ မြေကြီးကို သိမ်းပိုက်ဖို့ တကယ် အခွင့်အရေးရသွားခဲ့ပုံပဲ။”
ဟုန်ယွိသည် သူ့ခန္ဓာကိုယ်အတွင်း ပြင်းထန်သော စွမ်းအင်ကို ခံစားလိုက်ရပြီး လွန်ခဲ့သည့် တစ်လခွဲခန့်က သူ၏လေ့ကျင့်မှု ရလာဒ်များကို တွေးတောနေခဲ့ပါသည်။
သိုင်းကျောင်းသားတစ်ဦးသည် ဂျင် ၄၀ လေးဖြင့် အဆက်မပြတ် ပစ်ခတ်နိုင်သည်။ သိုင်းတပည့်တစ်ဦးသည် ဂျင် ၆၀ လေးဖြင့် အဆက်မပြတ် ပစ်ခတ်နိုင်ပြီး သိုင်းစစ်သည် တော်တစ်ဦးသည် ဂျင် ၁၂၀ လေးဖြင့် ဆက်တိုက် ပစ်ခတ်နိုင်ပါသည်။
ဤသည်မှာ တော်ဝင်ချန် မင်းဆက်မှ လေ့ကျင့်ထားသော စစ်သည်ထောင်ပေါင်းများစွာ အတွက် သာမန်လူတစ်ဦး၏ စံနှုန်းဖြစ်သည်။
ယခုမူ ဟုန်ယွိသည် သိုင်းစစ်သည်တော်နယ်ပယ်သို့ မရောက်သေးသော်လည်း၊ သူသည် ဂျင် ၁၂၀ ရှိ သစ်သားဖြူလေးကို လုံးလုံးဆွဲပြီး အဆက်မပြတ် ပစ်နိုင်ခဲ့သည်။
ယင်းအတွက် ရှင်းလင်းချက်တစ်ခုသာ ရှိသေးသည်၊ ၎င်းမှာ ရှန်ထိုက်ဇူကဲ့သို့ပင် သူ၏ ရုပ်ခန္ဓာကိုယ်သည် ထူးထူးခြားခြား ဖြစ်နေခဲ့၍ ဖြစ်ပါသည်။
သူ့အသားအရေပြားက မမာကြောသလို တိုက်ခိုက်မှုတွေကို ခုခံနိုင်စွမ်းလည်း မသန်မာ သေးသည့်အပြင်၊ ဟုန်ယွိ၏ လက်ရှိခွန်အားသည် သိုင်းစစ်သည်တော်အဆင့် စံနှုန်းမှာ လုံးဝ ရှိနေပါပြီ။
"တကယ်လို့, ငါသာ ငါ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရေပြားကို ကောင်းကောင်း လေ့ကျင့်ပေး နိုင်ခဲ့ရင်၊ ငါ့ရဲ့ခွန်အားတွေ သိသိသာသာ တိုးလာမှာဖြစ်ပြီး၊ သိုင်းစစ်သည်တော် တစ်ယောက်အနေနဲ့ သိုင်းသခင်တစ်ယောက်ကို တိုက်ခိုက်နိုင်လိမ့်မယ်။ ဒါက ကြံ့ခိုင်တဲ့ ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ခြင်းရဲ့ အကျိုးကျေးဇူးပဲ။”
"မကြာသေးမီက ငါရဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုကလည်း အများကြီး တိုးတက်လာခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မနက်ဖြန်ဟာ နောက်ထပ် ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်လာလိမ့်မယ်။ နေ့ခင်းဘက် နေပူပြင်းတဲ့ နေရောင်အောက်မှာ လွတ်လွတ် လပ်လပ် သွားလာလို့ ရနိုင်မလားဆိုတာ ငါ စောင့်ကြည့်ရဦးမယ်။"
သူ၏ကိုယ်ခံပညာ လေ့ကျင့်မှုကို ပြန်လည်သုံးသပ်ပြီးနောက်၊ ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ပြုစုပျိုးထောင်မှုအပေါ် ပြန်လည် သုံးသပ်ခဲ့သည်။ အကယ်၍, မနက်ဖြန် နေသာသည့် နေ့တစ်နေ့ ဖြစ်ခဲ့ပါက, သူသည် နေမွန်းတည့်စဉ် ပြင်းထန်စွာ တောက်ပနေသည့် အချိန်မှာ နောက်ဆုံး အတားအဆီးကို ဖြတ်ကျော်ပြီး နေ့လမ်းလျှောက်ခြင်း နယ်ပယ်ကို လုံးဝ ရောက်ရှိသွားစေရန် သူ့အခွံထဲမှ နောက်တစ်ကြိမ် ထွက်ခွာမည်ဟု ဆုံးဖြတ် လိုက်ပါသည်။ တစ်ရှိန်ထိုး ဖြတ်ကျော်ပြီးနောက်, သူ၏ယင်စိတ်ဝိညာဉ်သည် အရာဝတ္ထု များကို ထိန်းချုပ်ခြင်းနယ်ပယ်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်, ဟုန်ယွိသည် ဘေးအိမ်မှ လက်သီးထိုးနှက်သံများကို ကြားလိုက်ရပါသည်။ ရှန်ထိုက်ဇူသည် နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်ကို လေ့ကျင့်နေကြောင်း သူ သိသည်။
ဤရက်များတွင် ရှန်ထိုက်ဇူ၊ ဤသံမဏိမျှော်စင်နှင့်တူသော လူသန်ကြီးသည် နေ့ရောညပါ လေ့ကျင့်နေခဲ့သည်။ သူ၏အတွေးတွေက ရိုးရှင်းပြီး၊ ရိုးသားကာ၊ သူ၏ ကိုယ်ခံပညာသည် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့ပါသည်။ သူသည် သိုင်းသခင်အဆင့်သို့ ဝင်ရောက်ရန် နီးကပ်နေပြီ ဖြစ်သည်။
အကယ်၍, သူသာ သူ့ကို ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ်ကို သင်ကြား ပေးလျှင်, ရှန်ထိုက်ဇူ၏ ကြွက်သားများနှင့် အရိုးများသည် တစ်နှစ်ခွဲအတွင်း ကြီးကျယ် ခမ်းနားသည့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီး သိုင်းသခင်တစ်ဦး ဖြစ်လာမည်ကို ဟုန်ယွိ သံသယမရှိခဲ့ပါဘူး။ သူ၏အရည်အချင်းနှင့် နတ်ဆိုးမျောက်ဝံ ဖရိုဖရဲနတ်ဘုရား တုတ်သိုင်း၏ ရက်စက်မှုနှင့်အတူ၊ သူသည် ရှန်တန်သိုင်းသခင် နယ်ပယ်ကျွမ်းကျင်သူများ နှင့် နှိုင်းယှဉ်နိုင်ပါသည်။
နောက်ခန်းထဲတွင် မုကလေး၏ ရှည်လျားသော အသက်ရှူသံကို သူ ကြားလိုက်ရ၏။
“မုကလေးက ရှန်ထိုက်ဇူလောက် အရည်အချင်း မရှိပေမယ့်, သူမက ငယ်ငယ်ကတည်းက လေ့ကျင့်မှု ကောင်းကောင်း ရရှိခဲ့တယ်။ ဒါက တကယ်ကို အထောက်အကူ ဖြစ်ခဲ့ပါတယ်။ သူမက တာအိုပညာရပ်တွေကို မသိခဲ့တာ နှမျောစရာပဲ။ ဒါပေမယ့်, တကယ်လို့, သူမသာ သူမရဲ့ကိုယ်ခံပညာကို အာရုံစိုက်ပါက၊ သူမစိတ်က ဖြူစင်လာမှာ ဖြစ်ပြီး၊ တိုးတက်မှုက လည်း နှစ်ဆလေ့ကျင့်မှုထက် ပိုမိုမြန်ဆန်လာလိမ့်မယ်။”
ဟုန်ယွိက ခေါင်းညိတ်ပြီး သူ့အဝတ်အစားတွေကို ချွတ်ပြီး၊ အိပ်ရာဝင်ဖို့ ပြင်ဆင်လိုက်ပါ သည်။
ဤအခိုက်အတန့်လေးမှာ, ဘန်း..။ ကျယ်လောင်သော အသံကြောင့် ကုတင်ကိုပါ လှုပ်ခါ သွားသည်။ ကောင်းကင်ယံမှ ဥက္ကာခဲတစ်ခု မြေပြင်ပေါ်ကို ပြုတ်ကျသွားသည့် အတိုင်းပင်။
ရုတ်တရတ် တုန်လှုပ်သွားသောကြောင့် ဟုန်ယွိ၏ နှလုံးခုန်သံက မြင့်တက်သွားခဲ့သည်။ သူသည် သူ့လက်ကို ရွှေ့လျားလိုက်ပြီး အိပ်ယာခေါင်းရင်းမှ ငါးမန်းသတ်ဓားကို လှမ်းကိုင် လိုက်၏။ သူက အပြင်ထွက်ပြီး ဘာတွေဖြစ်နေလဲဆိုသည်ကို ကြည့်ချင်မိသည်။
သူသည် ဓားကိုင်ပြီး တံခါးကို ဖွင့်ခါနီးတွင်, ဘန်း..။ သစ်သားတံခါးက သစ်ရွက်ကဲ့သို့ လွင့်ပျံသွားခဲ့သည်။ ငွေရောင်အလင်းများဖြင့် တောက်ပနေသော ရေဆေးကန်အရွယ် လက်ကြီးတစ်ခုက အထဲသို့ ဆုပ်ကိုင်လာခဲ့ပါသည်။
ဟုန်ယွိသည် သူ့မျက်နှာတွင် ခဲပြဒါး၏ ပြင်းထန်သော အနံ့ကိုပင် ရရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထောင့်မှ တံခါးအပြင်ဘက်တွင် အင်မော်တယ် စစ်သူကြီး တစ်ဦး ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။ သူမသည် အမြင့်ပေ ၃၀ ရှိပြီး၊ သူမ၏ ခန္ဓာကိုယ်ကို ငွေရောင်အလင်းများဖြင့် ဖုံးအုပ်ထားသည်။ သူမကို ငွေဖြင့်ပြုလုပ် ထားပုံရ သည်။ သူမသည် ဝင်လာပြီးနောက် တစ်စုံတစ်ခုကို လှမ်းကိုင်နေပါသည်။
"ဒါက ဘာလဲ…"
"တာအိုပညာရပ်။ သူမကိုယ်သူမ ထင်ရှားပြသနိုင်ရန် တစ်ခုခုကို အသုံးပြုထားခြင်း။”
တခဏချင်းမှာပင် ဟုန်ယွိ အံ့ဩသွားပြန်သည်။ သူ နားလည်သွားပါပြီ။
အကယ်၍, သာမာန်လူတစ်ယောက်ဆိုရင်, သူသည် သူ့စိတ်ထဲမှာ ကြောက်လန့်ပြီး အားနည်းသွားကာ၊ စွမ်းအားမဲ့သလို ခံစားလာရလိမ့်မည်။ သို့သော် ဟုန်ယွိသည် တာအို ပညာရပ်များကို လေ့လာခဲ့ဖူးပြီး၊ တာအိုကျမ်းစာများနှင့် ရင်းနှီးသူတစ်ဦးလည်း ဖြစ်သည်။
ထို့အပြင် လွန်ခဲ့သည့် ရက်အနည်းငယ်က မဒမ်ကျောက်က သူ့ကို အန္တရာယ်ပြုရန် လူများ စေလွှတ်ခြင်းကို တားဆီးခဲ့ရသည်။ ပုံမှန်အားဖြင့်၊ သူသည် မမျှော်လင့်ထားသော အခြေအနေများကို တုံ့ပြန်နိုင်စွမ်း ရှိလာခဲ့သည်။
"ဒါက ခဲပြဒါး ဂျိဒန်ချီပဲ။ အဲဒါက စိတ်ဝိညာဉ်ကို မောင်းနှင်ပေးနိုင်ပြီး ရုပ်လုံးပေါ်လာစေနိုင် တယ်။ အဲဒါက ပုံရိပ်ယောင် မဟုတ်ဘူး။"
ဤအရာသည် ထင်ယောင်ထင်မှား ပုံရိပ်ယောင် မဟုတ်ဘဲ တကယ့်အစစ်အမှန် တစ်ယောက် ဖြစ်နေပါသည်။ ၎င်းသည် ရုပ်ခန္ဓာကိုယ်ကိုပင် ဒုက္ခပေးနိုင်စွမ်း ရှိပါသည်။
ချက်ချင်းပင် လက်ကြီးက သူ့မျက်နှာကို လှမ်းကိုင်လိုက်သည်။ ဟုန်ယွိက ဟိန်းဟောက်ပြီး နောက်ပြန် ဆုတ်သွားပါသည်။ သူက ငါးမန်းသတ်ဓားကို ဓားအိမ်မှ ချွတ်ပြီး လက်ကြီးကို လှီးဖြတ်လိုက်သည်။
သို့သော် လက်ငါးချောင်းက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ဓားကို လှမ်းဆွဲလိုက်သည်။ ဟုန်ယွိက ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း ဓားက ရွှံ့ညွှန်ထဲမှာ ညှပ်နေပုံရ၏။ ဓားသည် ပိတ်မိနေပြီး သူ ဆွဲမထုတ်နိုင်ခဲ့ပါ။
"ဟိုက်..."
ဟုန်ယွိက ဟစ်ကြွေးပြန်၏။ သူသည် ဓားရိုးကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ ဝှေ့ယမ်းပြန်သည်။ သူက ဓားကို လက်ကြီးထဲမှ ဆွဲထုတ်ရန် နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်ကို အသုံးပြုခဲ့ပါသည်။
"မင်းက ဒီလောက်အကြီးကြီး ပြောင်းလဲထားမှတော့ ပြဒါးဂျိဒန်ချီက အားနည်းသွားလိမ့် မယ်။ ငါ မင်းကို ဖြိုခွဲပစ်မယ်။"
ဟုန်ယွိသည် ရှောင်ထွက် သွားပြန်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဓားကို သူ့လက်ချောင်းဖြင့် ပွတ်ဆွဲလိုက်သည်။ ရွှပ်...။ သူ့လက်ချောင်းက ပြတ်ရှသွားပြီး ဓားပေါ် မှာ လတ်ဆတ်သော သွေးတွေ စီးကျလာပါသည်။
လူတစ်ယောက်၏ ပူနွေးသော သွေးများ ပန်းထွက်လာသည်နှင့် ၎င်းသည် အေးစက်မသွားခင် နတ်ဆိုးဝိညာဉ်ကို ချိုးဖျက်နိုင်သော ယင်ချီလှိုင်းလုံးကြီး က သဘာဝအတိုင်း ပါရှိနေ ပါလိမ့်မည်။ ပြင်းထန်သော ချီနှင့်သွေးကို ပိုင်ဆိုင်သူများသည် အရေပြားအလွှာအတွင်းမှာ ဖုံးအုပ်ထားသော်လည်း စိတ်ဝိညာဉ်များကို ခြိမ်းခြောက်ရန် ယင်ချီကို ထုတ်လွှတ်နိုင်ပါ သေးသည်။
ဟုန်ယွိသည် အလွန်ပြင်းထန်သော သွေးနှင့်ချီကို ပိုင်ဆိုင်ထားပြီး ယင်ချီကို အရေပြားမှ တဆင့် ထိုးဖောက်နိုင်သော ဟုန်ရွှန်ကျိကို မှီရန် အလှမ်းဝေးကွာသော်လည်း, သူ့ယင်ချီ သည် တောက်လောင်နေသည့် နေရောင်ကဲ့သို့ ရှိနေပါသေးသည်။ ထို့အပြင်၊ သူသည် သူ့အရေပြားကို လှီးဖြတ်ပြီး ဓားပေါ်၌ သူ၏သွေးများကို လိမ်းကျံလိုက်သောအခါ၊ ၎င်းသည် စိတ်ဝိညာဉ်များကို သတ်ဖြတ်ရာတွင် ဓား၏အစွမ်းကို အထောက်အကူ ဖြစ်စေ ပါလိမ့်မည်။
သူ၏ချီနှင့်သွေးက ယင်ချီ ဖြစ်သွားပြီ။ ၎င်းသည် အရေပြားမှတဆင့် စိတ်ဝိညာဉ်များကို ခြိမ်းခြောက်နိုင်သည့်အဆင့်သို့ မရောက်သေးပါ။ ထို့ကြောင့် သူသည် သူ၏အရေပြားကို လှီးဖြတ်ပြီး သူ၏ ချီနှင့်သွေးများကို ထုတ်လွှတ်ရုံသာ တတ်နိုင်ခဲ့ပါသည်။
မျှော်လင့်ထားသလိုပါပဲ။
ဓားပေါ်မှ သွေးများ စွန်းထင်းလာသည်နှင့်အမျှ ဟုန်ယွိသည် ကြိမ်ဖန်များစွာ ခုတ်ပိုင်း လိုက်ပါသည်။ ခုတ်ချက်တစ်ခုစီက သူ့ကို ဖမ်းဆီးရန် ကြိုးစားနေသည့် လက်ကြီးကို ထိသွားပါသည်။ ၎င်းသည် စေးကပ်သထက်ကပ်နေသည့် ခံစားမူမျိုးကို မခံစားရတော့ပါ ဘူး။
ဆက်တိုက် အနည်းငယ်ကြာ ခုတ်ပိုင်းပြီးနောက်၊ ဧရာမလက်ကြီးသည် အမှန်တကယ်ပင် အနည်းငယ် ဖွာလန်ကျဲလာပြီး ၎င်းသည် ခိုင်မာသောပုံစံ အဖြစ်ဖြင့် မသိပ်သည်းနိုင်တော့ ပေ။
ထို့အပြင်, ဟုန်ယွိက သူ့ဓားကို ဆွဲခုတ်လိုက်တိုင်း ဓားပေါ်မှာ ငွေရောင်အမှုန့်အလွှာတစ်ခု ကျန်ရှိနေခဲ့ပါည်။ ၎င်းသည် ခဲပြဒါးချီ၏ အမှုန့်နှင့်တူသည်။
"ခဲပြဒါးချီနဲ့ ယင်စိတ်ဝိညာဉ် ကိုယ်ထင်ပြမူက ကြာရှည်မခံနိုင်ဘူး။ တန်ခိုးကြီးသော တစ္ဆေအင်မော်တယ်တွေတောင် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန် အချိန်အတိုင်းအတာ တစ်ခုအထိပဲ ထိန်းသိမ်းထားနိုင်တယ်။ ဒါ့အပြင်၊ သူမက အကြီးကြီး ပြောင်းလဲထားတယ်။ သိသာထင်ရှားစွာ၊ ဒီပုံရိပ်ကြီးက သိပ်သည်းလို့မရသလို ကျုံ့လို့လည်းမရနိုင်ဘူး။ ဒါက စွမ်းအား မလုံလောက်ဘူး။”
ယင်စိတ်ဝိညာဉ်၏ ကိုယ်ထင်ပြမှုသည် ၎င်း၏ အရွယ်အစားပေါ်တွင် မမူတည်ပါ။ ပုံစံပိုကြီးလေ၊ စွမ်းအားက အားနည်းလေ ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအား လုံလုံ လောက်လောက်ရှိမှ သာလျှင် တကယ့်လူတစ်ယောက်၏ အရွယ်အစားကို စုစည်းနိုင်ပြီး သူ့စွမ်းအားကို အာရုံစူးစိုက်ကာ၊ သူ့စွမ်းအားကို အသုံးချနိုင်ပါလိမ့်မည်။
"ဘယ်သူလဲ"
ထိုအချိန်မှာ အိမ်ထဲက လူတွေလည်း နိုးလာကြပါသည်။ ရှန်ထိုက်ယန်၊ ရှန်ထိုက်ဇူနှင့် မုကလေးတို့သည် ခုန်ထွက်လာသည်။
"အယ်?"
အိမ်အပြင်ဘက်ရှိ ငွေရောင်စစ်သည်တော်ကြီးသည် အံ့အားသင့်စွာ အော်လိုက်ပါသည်။
ဟုန်ယွိ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ငွေရောင်ကိုယ်ထည် စစ်သည်တော် ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျုံ့သွားသည်။ နောက်ဆုံးမှာတော့ ပေ ၃၀ အမြင့်ကနေ ရှန်ထိုက်ဇူ အရွယ်အစားအထိ ကျုံ့သွားပါသည်။ သူမ၏ခန္ဓာကိုယ် တစ်ဝိုက်ရှိ ငွေရောင် အလင်းတန်းများသည် ပိုမိုသိပ်သည်းလာပြီး၊ ၎င်းနှင့်ပတ်သက်သည့် ခံစားချက်က ပို၍ပို၍ ပြင်းထန်လာပါသည်။
ကျုံ့သွားပြီးနောက် ငွေရောင်စစ်သည်တော်သည် အိမ်ထဲသို့ ပြေးဝင်ကာ ဟုန်ယွိကို လက်သီးဖြင့် ထိုးသည်။
လက်သီးချက် မရောက်လာမီတွင် ဟုန်ယွိသည် သူ့ရှေ့မှ လေပြင်းတစ်ချက် တိုက်ခတ် သွားသည်ကို ခံစားလိုက်ရပြီး အသက်ရှူရ ခက်လာသည်။
ဤကျုံ့သွားသော ငွေရောင်အမျိုးသမီး စစ်သည်တော်၏ လက်သီးနည်းစနစ် စွမ်းအား သည် ကျောက်ဟန်ထက် အမှန်တကယ် အားကောင်းနေပါသည်။ သူမသည် ရှန်တန် သိုင်းသခင်နယ်ပယ်သို့ ဝင်ရောက်ခဲ့သော ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သကဲ့သို့ပင်။